Ep - 31

1.7K 107 11
                                    

Unicode

ကိုကိုက ကျွန်တော့်ကို ချစ်တယ်တဲ့.....။

ကိုကိုက ကျွန်တော့်ကို အရမ်းချစ်တာတဲ့လေ.....။

တစ်ခဏတာအတွင်းမှာ ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားသလိုပဲ.....။

'အချစ်' ဆိုတဲ့ အဓိပ္ပါယ်ကို ကျွန်တော် သေချာ မဖွင့်ဆိုတတ်ပေမယ့် 'ဒီလို ခံစားချက်မျိုးပါလား' လို့တော့ နှလုံးခုန်သံကနေတစ်ဆင့် ခံစားစေမိခဲ့တယ်.....။

ကျွန်တော်လည်း ကိုကို့ကို အရမ်းချစ်တဲ့အကြောင်း ပြောပြချင်ပါသေးတယ်.....။

ဒါပေမယ့် ကိုကို သိလား...?

Yibo ဆိုတဲ့ ကျွန်တော်က ကိုကို့ကိုတော့ အတ္တမကြီးရက်ခဲ့ဘူး...။

အတ္တကြီးခြင်းရဲ့အကျိုးဆက်တွေ နဲ့ အမှားတွေကို ကျွန်တော် ခံစားခဲ့ရပြီးပါပြီ...။

ကိုကို ကျွန်တော့်ကို ပြန်ချစ်ပေးတာလေးကိုပဲ ကျေနပ်ရမှာမလား...?

ကိုကို့ကို 'ချစ်တယ်' လို့ မပြောရက်လောက်အောင်ထိ ကျွန်တော် မြတ်နိုးရပါတယ် ကိုကို.....။

ဖြစ်ခဲ့သမျှ အရာအားလုံးအတွက် ကျွန်တော်ကပဲ မှားခဲ့သူမို့ အပြစ်တွေအားလုံးကို ခံယူပါရစေ.....။

ဒီဘဝတော့ ဒီမျှနဲ့ပဲ ကျေနပ်ကြရအောင်.....။

နောင်ဘဝဆိုတာသာ တကယ်ရှိခဲ့ရင်.....

ကျွန်တော် ကိုကို့အပေါ် ဒီ့ထက် အများကြီး ပိုပြီး ချစ်ပေးပါ့မယ်...
မြတ်နိုးတန်ဖိုးထားပေးပါ့မယ်...။

ကျွန်တော်ကလည်း ဘာနာကျင်စရာအတိတ်တွေမှ မရှိတဲ့ သာမန်လူသားတစ်ယောက်အဖြစ်...
ကိုကိုကလည်း ဘာအနှောင်အဖွဲ့မှမရှိဘဲ လွတ်လပ်ပျော်ရွှင်တဲ့ လူသားတစ်ယောက်အဖြစ် ဆုံတွေ့ကြရအောင်.....။

ကိုကိုနဲ့ဖူးစာစုံဖို့ထိတော့ ကျွန်တော် ဆုမတောင်းပါဘူး...။

ကိုကို့ရဲ့နှလုံးသားလေးကတော့ လွတ်လွတ်လပ်လပ်တည်ရှိပါစေလေ.....။

အဲ့ဒီအချိန်ရောက်ရင် ကျွန်တော့်ဘက်ကနေပဲ ကိုကို့ကို စ,ပြီးချစ်ပေးပါ့မယ်...။

အမုန်းအားဥပေက္ခာပြု၍ [အမုန်းအားဥပေက္ခာပြု၍] {Complete}Where stories live. Discover now