Unicode
"မင်းက သရုပ်ဆောင်ကောင်းသားပဲ G..."
"ဦး...က G ကို အထင်သေးတာလား...?"
VIP အခန်းထဲတွင် Bar ပိုင်ရှင် XZ နှင့် G ဆိုသော ကောင်လေးတစ်ယောက် ထိုင်စကားပြောနေ၏။
G က XZ နှင့် မျက်နှာချင်းဆိုင်က ဆိုဖာမှာ ခြေချိတ်ထိုင်ပြီး လိုအပ်သည်ထက်ပိုဖြုတ်ထားသော အင်္ကျီကြယ်သီးများကြောင့် ရင်ဘက်သားဖွေးဖွေးလေးများကလည်း လစ်ဟာနေလျက်...။
XZ ကတော့ ထိုအခြင်းအရာတွေထက် သူ့ခေါင်းထဲမှာ အတွေးတွေသာပြည့်နှက်နေလေသည်။
XZ စုံစမ်းခဲ့တာကိုပဲ ကိုယ့်ကိုယ်ကို ကျေနပ်မိ၏။
ဒီလို ကိစ္စတွေကို ကြိုမြင်ခဲ့လို့.....။
"ဝမ်နင်" စုံစမ်းလာကတည်းက Happy new year night က လေးလေးရဲ့အကြောင်းတွေရော Wang Yibo ဆိုတဲ့ ကောင်လေးက ကိုယ့်အကြောင်းတွေကို လိုက်စုံစမ်းနေတယ်ဆိုကာကိုရော သိထားခဲ့၏။
ကောင်လေးက စိတ်ဝင်စားစရာတော့ ကောင်းသား.....။
အဲ့ကောင်လေး ကိုယ့်အကြောင်းတွေကို စုံစမ်းခိုင်းထားတဲ့ စုံထောက်လေးက ကိုယ့်လက်အောက်ကဆိုတာကိုရော ဘယ်သူသိမှာလဲ...?
ဟက်...! ကောင်လေးက သူ့ပါးပါး ကိုယ့်လေးလေးကို ဘယ်လိုရက်ရက်စက်စက်အသဲခွဲခဲ့လဲဆိုတာ လိုက်လေ့လာနေတာလား...?
အခုလည်း... ကိုယ့်ဝန်ထမ်းတွေရှေ့ ကိုယ့်အသိတွေရှေ့မှာ ကိုယ့်ကို Gay ဆိုပြီး အထင်ခံရအောင် အရှက်ရအောင်ဆိုပြီး ကောင်လေးတစ်ယောက်ရှာခိုင်းထားတာတဲ့လေ...။
ကိုယ့်လိုလူမျိုးအတွက် ဒါတွေက မထိရောက်စေဘူးဆိုတာ ကောင်လေးက မသိရှာဘူး။
ကိုယ့်ရဲ့အရှိန်အဝါ ကိုယ့်ရဲ့အာဏာတွေ ဘယ်လောက်ထိရှိကြောင်းတွေကိုလည်း ဒီကလေး ကြိုစုံစမ်းထားသင့်တယ်...။
ပြီးတော့ ကိုယ်က အဲ့လို ပုံမှန်မဟုတ်တဲ့ ဆက်ဆံရေးတွေကို စိတ်မဝင်စားဘူးဆိုတာကိုလည်း အဲ့ဒီကောင်လေး နားမလည်မှာမဟုတ်ဘူး။
ဒီကိစ္စအတွက် Gay ကောင်လေးရှာခိုင်းတာကိုလည်း အလျင်စလိုနဲ့ သူမသိရှာသေးတဲ့ ကိုယ့်လက်အောက်က စုံထောက်လေးကိုပဲ ရှာခိုင်းသတဲ့...။
YOU ARE READING
အမုန်းအားဥပေက္ခာပြု၍ [အမုန်းအားဥပေက္ခာပြု၍] {Complete}
FanfictionZhanyi ❤💚 Fanfiction 💛 ( Myanmar 🇲🇲 ) This story is my 1st story.📌 So, you can criticize on this writing.✌🏻 Although it is a *Zhanyi Fanfiction*, everything, including the characters in this story, is my own idea. 🤍✨ Photo credits to Pinter...