Ep - 17

1.6K 146 15
                                    

Unicode

"ဒီနေ့ကတော့ ကျွန်တော့်အတွက် ခံစားချက်မျိုးစုံဖြစ်စေပြီး ဘယ်တော့မှ မေ့မရနိုင်တဲ့ နေ့တစ်နေ့ပါပဲဗျာ..." ✍🏻

ရေးလက်စ,စာလေးကို လက်စ,သတ်ကာ အနက်ရောင်စာအုပ်လေးကို အသာပိတ်ရင်း XZ သက်ပြင်းချမိ၏။

ဒီစာအုပ်လေးက XZ ငယ်ငယ်လေးကတည်းကရင်ဖွင့်နေကြ နေရာလေး တစ်ခု...။ "ဒိုင်ယာရီ စာအုပ်" ဟု အမည်တွင်သော အနက်ရောင်စာအုပ်လေးထဲမှာ XZ ရဲ့ငယ်ဘဝကနေ ယခုအချိန်ထိ ခံစားခဲ့ရသမျှခံစားချက်လေးတွေအားလုံး ပုန်းအောင်းနေလေသည်။

တည်ငြိမ်သူပီပီ ၊ ဖုံးကွယ်တတ်သူပီပီ XZ ဆိုတာ လူတစ်ယောက်ကို ကိုယ့်ခံစားချက်တွေ တော်ရုံနဲ့ ထုတ်မပြတတ်သည့် လူတစ်ယောက်...။ ရင့်ကျက်လာတာလား ဆိုတော့လည်း မဟုတ်ပြန်...။
တစ်ယောက်တည်း ခံစားလာရတာတွေများလာတော့ နေသားကျသွားတာဖြစ်ဟန်တူသည်။ ခြွင်းချက်ကတော့ ဒီဒိုင်ယာရီစာအုပ်လေးပေါ့...။ ဒီစာအုပ်လေးက XZ ရဲ့ တစ်ခုတည်းသော ရဲရဲတင်းတင်း ရင်ဖွင့်ရာနေရာလေးတစ်ခုပါလေ...။

Date လေးကို လှလှပပတပ်လိုက်ပြီး သူ ရေးထားတဲ့ ဒီနေ့လေးဟာ အမှတ်တရတွေနဲ့ လှပခဲ့သလို အတွေးတွေကြောင့်လည်း မွန်းကြပ်ခဲ့ရသည်။

(**Baby မင်းလေးရဲ့ စိတ်ထဲမှာရော ကိုယ်က ဘယ်နေရာမှာရှိနေမလဲ...**)

Ring Ring Ring 📱

Ph မြည်သံလေးကြောင့် အတွေးစတို့ကို ရုတ်သိမ်းကာ XZ Ph ကိုင်လိုက်သည်။

"Hello Michel..."

"Hey! Xiao Zhan ငါ China ကို လာမလို့ကွ! အဲ့တာ လှမ်းပြောတာ..."

"အလုပ်ကိစ္စနဲ့လား...?"

"Omm အလုပ်ကိစ္စကတော့ 43% လောက်ပေါ့ကွာ... 57% ကတော့ အပန်းဖြေရင်း အလည်လာရင်းပေါ့..."

"ငါလာကြိုမယ်လေ... မင်း ဘယ်နေ့လာမှာလဲ...?"

"Ok Bro မင်း လာကြိုမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ကွာ  နောက်တစ်ပတ်လောက် လာဖြစ်မယ်ကွ... အဲ့နားနီးမှ Ph တစ်ခါ ဆက်လိုက်မယ်..."

"Aa မင်းတစ်ယောက်တည်းလား...?"

"ဟဲဟဲ..... ငါ့ကလေးရောပါတယ်ကွ  အဓိကကတော့သူလေးနဲ့ အပန်းဖြေရင်း ကျောင်းလည်း တစ်ခေါက် ပြန်ကြည့်ရင်းပေါ့ကွာ..."

အမုန်းအားဥပေက္ခာပြု၍ [အမုန်းအားဥပေက္ခာပြု၍] {Complete}Kde žijí příběhy. Začni objevovat