Ep - 1

8.2K 336 2
                                    

"ကျန့်ကျန့် ဘယ်သွားမလို့လဲ သား...?"

အိမ်အပေါ်ထပ်မှ ကားသော့အား လက်ဖြင့်လှည့်ကာ တစ်လှမ်းခြင်း ဆင်းလာသော တူတော်မောင်အား 'ရှောင်ကျန်းချန်' လှမ်းမေးလိုက်ခြင်းဖြစ်သည်။

"ကျွန်တော် Gym ဆိုင်တွေ သွားစစ်မလို့ လေးလေး"

ကျွန်တော့်ဘက်ကို တစ်ချက်ငဲ့ကြည့်ကာ ခပ်အေးအေးသာပြန်ဖြေလာ၏။

"အေး အေး... အဲ့ဒါဆို နေ့လည်ကျရင် လေးလေး *King* Bar ကို သွားစစ်ပေးမယ်...
ကောင်းကောင်းမောင်းသွားနော် ကျန့်ကျန့်"

"ဟုတ် လေးလေး
ဒါဆို ကျွန်တော် သွားတော့မယ်နော်"

ရှောင်ကျန်းချန် ခေါင်းကိုသာ အသာငြိမ့်ပြလိုက်ရသည်။

ဒီနေ့ 'Happy New Year Day' လို့တော့ ကျန်းချန် မပြောဖြစ်လိုက်ပါလေ...။

ကျန့်ကျန့် သူ့မွေးနေ့ကို မေ့နေပြီလား...?
မဟုတ်ဘူး မေ့ဖို့ကြိုးစားနေတာ...။
လူတိုင်း ပြောနေကြတဲ့ ဒီလိုနေ့မျိုးကို သူမသိပဲနေပါ့မလား...?

Happy New Year နေ့ကိုလဲ ပုံမှန်အတိုင်းအလုပ်ဆင်းပြီး အလုပ်သမားတွေကိုတော့ အလုပ်စောစောပြန်ဆင်းပေးတတ်သည်။
ဒီနေ့ကို သားကျန့်ကျန့်က အလုပ်တွေနဲ့ပဲ ဖြေဖျောက်နေတာ သူမသိပဲနေမလားလေ...။

ထိန်းချုပ်မရသော အတွေးစ,တို့က အတိတ်ဆီသို့သာ ဟိုတစ်စ ဒီတစ တစ်ဖန်ပြေးလွှားသွားရပြန်သည်။

~~~ Flash back ~~~

"ညီလေး သဘက်ခါ ဘာနေ့လဲ မှတ်မိလား?"

ဖုန်းထဲမှ အကိုကြီးရှောင်းဝူ၏ အသံကိုကြားလိုက်ရတာနှင့် ကျန်းချန်တစ်ယောက် ပျော်နေမိသည်။

"သိတယ်လေ..
သဘက်ခါ Happy New Year Day ပြီးတော့ ကျန့်ကျန့်လေး 6 နှစ်ပြည့် မွေးနေ့လေ ကိုကြီးရာ.. ကျွန်တော် မမေ့ပါဘူးဗျ"

ကိုကြီးရှောင်းဝူဆိုတာ ကျန့်ကျန့်လေးရဲ့ပါးပါး ကျွန့်တော့်ရဲ့တစ်ဦးတည်းသော အကိုကြီးပါ...။
ညီအကိုနှစ်ယောက်တည်းသာရှိတော့တာမို့ ကျန်းချန်အပေါ်မှာ အကိုလိုတစ်မျိုး အဖေလိုတစ်ဖုံ စောင့်ရှောက်ပေးလာသည့် သူ့ရဲ့တစ်ဦးတည်းသော အားကိုးရာပင်။

အမုန်းအားဥပေက္ခာပြု၍ [အမုန်းအားဥပေက္ခာပြု၍] {Complete}Onde histórias criam vida. Descubra agora