Unicode
တစ်လ...,
တစ်လဆိုတဲ့အချိန်.....။YB ရယ် ကိုကိုရယ် လက်ထပ်ပြီးခဲ့တာ ဒီနေ့ဆို တစ်လတိတိပြည့်သွားခဲ့ပြီ...။
ကိုကိုကပဲ သည်းခံလွန်းတာလား YB ကပဲ အရင်ကတည်းကအေးအေးဆေးဆေးနေတတ်လို့လားတော့မသိ
သူတို့ရဲ့ဆက်ဆံရေးကတော့ အရင်အတိုင်းပဲ ကိုကို့ဘက်က သဲသဲလှုပ်ဖြစ်ပြီး YB ဘက်ကတော့ ထူးထူးခြားခြားပြောင်းလဲသွားခြင်းမျိုးမရှိ...။သူ့အပေါ် အမြဲတမ်း အေးစက်စက်သာ ဆက်ဆံခဲ့တဲ့ ကျွန်တော့်ကို ကိုကိုက တစ်ချက်မငြိုငြင်ခဲ့ဖူးဘူး...။
ကျွန်တော် သူ့အပေါ် ဘယ်လောက်ပဲဆိုးနေပါစေ ကိုကိုက အပြုံးနုနုလေးနဲ့ပဲ တုံ့ပြန်ခဲ့တာ...။
ကျွန်တော့်အပြုအမူတွေကို ကျင့်သားရနေသလို ဘာအပြစ်မှလည်း ပြောဆိုခြင်းအလျဥ်းမရှိခဲ့...။
ယောကျာ်းလေးနှစ်ယောက် လက်ထပ်တယ် ဆိုတာနဲ့ sex ကိစ္စသာပြေးမြင်တဲ့လူတွေလို ကိုကိုက YB ကို အသားမယူခဲ့ပါဘူး...။
ဒီလိုပြောလို့ ကိုကိုက ဥပုသ်စောင့်နေတဲ့ကျားကြီးတော့ မဟုတ်ဘူးရယ်.....။
ဒါပေမယ့် သူ့ရဲ့ဆန္ဒတစ်ခုတည်းကြောင့် ကျွန်တော် သူ့ဘေးကနေထွက်သွားမှာ ကိုကိုက သိပ်ကြောက်နေခဲ့တာ...။အိမ်ထောင်ရေးတစ်ခုမှာ 'Sex and Love' balance ညီနေရင်တောင် ကိုကို့ရဲ့အချစ်ကတော့ 'မြတ်နိုးခြင်း' ဆိုတဲ့ ခေါင်းစဥ်တပ်ပြီး ကျွန်တော်ဘက်ကသာ ခွင့်မပြုရင် မယူဘူးဆိုတဲ့ လူမျိုး.....။
ကိုကိုက သူ့လို ဘာမက်မောစရာမှမရှိတဲ့ ဂျစ်ကန်ကန်အေးစက်စက်ကောင်လေးတစ်ယောက်ကို လက်မလွှတ်ခဲ့ဘူး...။
ကျွန်တော့်အပေါ်ထားတဲ့ ကိုကို့ရဲ့မေတ္တာတွေ ၊ အချစ်တွေ ၊ ဂရုစိုက်မှုတွေဟာလည်း လျော့ပါးသွားခြင်းမရှိခဲ့ပါဘူး...။
'ကိုကိုက YB ကိုချစ်တယ်' ဆိုတဲ့ ခံစားချက်က ကြည်နူးမှုလှိုင်းလေးတွေကို ဖြစ်ပေါ်စေတယ်ဆိုရင် အဲ့ဒီလှိုင်းလေးတွေရဲ့အခြေခံရာ ပင်လယ်ပြင်ကြီးကတော့ 'ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်' လို့ ခံစားရစေတဲ့ ခံစားချက်တွေအပြည့်ပါပဲ.....။
ВЫ ЧИТАЕТЕ
အမုန်းအားဥပေက္ခာပြု၍ [အမုန်းအားဥပေက္ခာပြု၍] {Complete}
ФанфикZhanyi ❤💚 Fanfiction 💛 ( Myanmar 🇲🇲 ) This story is my 1st story.📌 So, you can criticize on this writing.✌🏻 Although it is a *Zhanyi Fanfiction*, everything, including the characters in this story, is my own idea. 🤍✨ Photo credits to Pinter...