Unicode
"အကို ကျွန်တော့်စိတ်ထဲ တစ်ခုခုကို ထင့်နေသလိုပဲ..."
ဧည့်ခန်းထဲကို coffee ခွက်လေးကိုင်ကာ ဝင်လာတဲ့ အကိုရှီးချန်က မုန့်ယောင် စကားကြောင့် လွတ်နေတဲ့လက်တစ်ဖက်နဲ့ နဖူးလေးကို အသာလာစမ်းရင်း.....
"မှန်းးး အကို့ယောင်လေး နေမကောင်းဘူးလား...? ကိုယ်တော့ မပူပါဘူး...
မနက်ကတည်းကယောင်လေး မျက်နှာမကောင်းတာ အကို သတိထားမိတယ်...
ဘာဖြစ်ချင်လဲ ဘာလုပ်ချင်လဲ အကို့ကို ပြောပြလေ ယောင်လေးရဲ့... ဒါမှ အကို သိမှာပေါ့..."စကားပြောနေရင်း coffee ခွက်ကို စားပွဲပေါ်တင်ကာ ယောင်လေး ဘေးနားက ဆိုဖာပေါ်သို့ ဝင်ထိုင်လိုက်သည်။
ရှီးချန်ရဲ့စကားကို ယောင်လေးက ဝေခွဲမရသော မျက်လုံးလေးများနှင့်ကြည့်ရင်း အလိုမကျဟန် စူပုပ်ပုပ်မျက်နှာထားလေးဖြင့်သာ တုံ့ပြန်၏။
"မသိဘူး ဒီတိုင်း စိတ်ထဲ တစ်မျိုးကြီးပဲ..."
ယောင်လေး မနက်ကတည်းကမျက်နှာမကောင်းတာကို ရှီးချန် သတိထားမိပါသည်။
ခါတိုင်းဆို အပြုံးချိုချိုလေးတွေနှင့် စကားများတတ်တဲ့ သာလိကာလေးက ဒီနေ့မှ မှိုင်တွေတွေလေးဖြစ်နေလို့ ရှီးချန် ကိုယ်တိုင်လည်း စိတ်ပူနေရသည်။
"ယောင်လေး အတွေးများနေလို့ဖြစ်မှာပါ..."
"ဟုတ်မှာပါလေ...
ဒါနဲ့ အကို သိလား...?
ဒီနေ့လေ ဟိုအတွဲရဲ့ 1 month anni တဲ့..."ယောင်လေးရဲဲ့ 'ဟိုအတွဲ' ဆိုတာနဲ့ ဘယ်သူတွေကို ရည်ညွှန်းမှန်း ရှီးချန် တန်းသဘောပေါက်လိုက်သည်။
"အင်း... အကို ယောင်လေးရဲ့ဆုတောင်းပေးထားတဲ့ ment တွေကို မြင်ပြီးပြီ..."
"ယောင်လေး စိတ်ထင်လို့ပဲလားမသိဘူး သူတို့က တစ်ခုခု ထူးဆန်းနေသလိုပဲ..."
"ဘယ်လိုထူးဆန်းတာပါလိမ့်...?"
မှိုင်တွေတွေနဲ့ သူ့ကိုယ်သူ ဘာကိုအလိုမကျဖြစ်နေမှန်း မသိတာထက်စာရင် စကားပြန်ပြောလာဖို့အတွက် ဟိုအတွဲအကြောင်းကို ရှီးချန် စကားထောက်ပေးလိုက်သည်။
KAMU SEDANG MEMBACA
အမုန်းအားဥပေက္ခာပြု၍ [အမုန်းအားဥပေက္ခာပြု၍] {Complete}
Fiksi PenggemarZhanyi ❤💚 Fanfiction 💛 ( Myanmar 🇲🇲 ) This story is my 1st story.📌 So, you can criticize on this writing.✌🏻 Although it is a *Zhanyi Fanfiction*, everything, including the characters in this story, is my own idea. 🤍✨ Photo credits to Pinter...