[Zawgyi]
{ဘဲေပါင္ကင္}
သံုးရက္က်န္ေနေသးေသာ္လည္း ယန္ေရွာင္ထြက္ေျပးသြားခဲ့သည္။ အမွန္တကယ္ေတာ့ သူဘယ္ေနရာကိုမွမသြားနိုင္ပါေသာ္လည္း ထိုသူ႔ရဲ႕ဖုန္းေခၚဆိုမႈေၾကာင့္ သူ ေဆာက္တည္ရာမရေလာက္ေအာင္ ေၾကာက္ရံြ႕ေနခဲ့ၿပီျဖစ္သည္။ အိမ္မွာေန,ေနတာက ေသဖို႔ထိုင္ေစာင့္ေနသလိုပဲလို႔ သူခံစားေနရသည္။ သူသာထြက္သြား င္ လြတ္ခ်င္လြတ္နိုင္တယ္လို႔ေတြးကာ သူထြက္ေျပးခဲ့ျခင္းပင္ျဖစ္သည္။
ေက်ာင္းရႊယ္ေမ့ သူ႔ေနာက္လိုက္လာခ်ိန္မွာေတာ့ အျပင္မွာဘယ္သူမွရွိမေနေတာ့ပါေခ်။
ေက်ာင္းရႊယ္ေမ့မွာ ထိတ္လန္႔ေၾကာက္ရံြ႕သြားခဲ့ၿပီး ဒီလိုအခ်ိန္မ်ိဳးမွာ ယန္ေရွာင္ ဘယ္ကိုမ်ားသြားနိုင္မလဲဆိုတာ သူမ မစဥ္းစားနိုင္ေတာ့ေပ။
အမွန္ေတာ့ အခုလက္ရွိ ယန္ေရွာင့္အေျခအေနကိုသိတဲ့သူက နည္းနည္းသာရွိသည္။ ယန္ေရွာင္သည္ကား သူ႔အိမ္လိပ္စာကိုထုတ္ေျပာမိမွာေၾကာက္ေနေပသည္။ ေက်ာင္းရႊယ္ေမ့တစ္ေယာက္ အျပင္မွာပိုက္ဆံသြားေခ်းရင္ေတာင္မွ ဘာေၾကာင့္ဆိုတာအတိအက်မေျပာတာေၾကာင့္ အခု ယန္ေရွာင္ ဘယ္ကိုမ်ားသြားနိုင္မွာလဲ။
"ေရွာင္ေရွာင္..."
ေက်ာင္းရႊယ္ေမ့မွာ ျပင္းျပင္းထန္ထန္ငိုေႂကြးေနသည္ေၾကာင့္ ေလကို ပင္ပန္းႀကီးစြာရွဴ ရႈိက္ေနရေပ၏။ ဖိအားေတြအဆက္မျပတ္ခံစားေနရျခင္းနဲ႔ ရက္ေပါင္းမ်ားစြာၾကာေအာင္ အစာေကာင္းေကာင္းမစားခဲ့ျခင္းေတြေၾကာင့္ ေက်ာင္းရႊယ္ေမ့မွာ ဆက္လက္ေတာင့္မခံနိုင္ေတာ့ဘဲ ေမ့ေျမာသြားေလ၏။
သူထြက္လာၿပီးေတာ့မွ သူသြားလို႔ရတဲ့ေနရာသိပ္မရွိေၾကာင္း ယန္ေရွာင္သတိရသြားသည္။ ဒါေပမယ့္လည္း သူျပန္သြားတာနဲ႔ အဲ့ဒီ့လူေတြရဲ႕ဖုန္းေခၚဆိုမႈကို ျပန္သတိရေနမိမွာျဖစ္လို႔ သူျပန္မသြားခ်င္ေပ။ ပင္ပန္းႏြမ္းနယ္ေနေသာသူ႔ရဲ႕စိတ္အေျခအေနက ၿပိဳလဲလုနီးပါးပင္ျဖစ္ေနေခ်ၿပီ။
ယန္ေရွာင္သည္ စိတ္ၿငိမ္သြားေအာင္ ခက္ခက္ခဲခဲႀကိဳးစားလိုက္ၿပီး သူပုန္းေနနိုင္မယ့္ေနရာကိုစဥ္းစား၏။ ခဏၾကာေအာင္စဥ္းစားခဲ့တာေတာင္မွ သူတစ္ေနရာေလးကိုေတာင္မစဥ္းစားနိုင္ေခ်။ သူ႔ရဲ႕အရင္ကသူငယ္ခ်င္းေတြအားလံုးမွာ ေသာက္ေဖာ္ေသာက္ဖက္မ်ားသာျဖစ္ၿပီး သူ႔ကိုစိတ္ရင္းနွင့္ကူညီမည့္သူမရွိေပ။ သူငယ္ခ်င္းေတြလည္းမရွိ၊ အမ်ိဳးေတြကိုအိမ္ကိုလည္း သြားလို႔မရျပန္။ ယန္ေရွာင္သည္ အနီးနားတစ္ဝိုက္ကို ဦးတည္ရာမဲ့စြာသြားလာေနၿပီး ေနာက္ဆံုး၌မူ သာမန္အင္တာနက္ကေဖးဆိုင္ကေလးထဲကိုဝင္သြားကာ အဲ့မွာပဲထိုင္ေနခဲ့ေလ၏။
သူႀကံဳခဲ့ရတဲ့ကိစၥအေတြ႕အႀကံဳေတြေၾကာင့္ ယန္ေရွာင္မွာ ခပ္လြယ္လြယ္နွင့္ေၾကာက္ရံြ႕တတ္သူတစ္ေယာက္ျဖစ္လာခဲ့၏။ ေလခပ္ျပင္းျပင္းတိုက္တာမ်ိဳး ဒါမွမဟုတ္ ျမက္ပင္ေတြရဲ႕တရွဲရွဲျမည္သံမ်ိဳးကိုေတာင္ သူက အလြန္အမင္းေၾကာက္ရံြ႕ေနတတ္ေပ၏။ သူ႔စိတ္အေျခအေနက အလြန္အမင္းပင္ပန္းႏြမ္းနယ္ေနခဲ့ၿပီျဖစ္တာေၾကာင့္ ဒါကိုထပ္ၿပီးထမ္းမထားနိုင္ေတာ့ေပ။ ဖုန္းျမည္သံၾကားသည္နွင့္ သူက ေဘးပတ္ဝန္းက်င္ကို စိတ္လႈပ္ရွားစြာျဖင့္ၾကည့္တတ္သည္။ ေနာက္ဆံုးေတာ့ သူ တကယ္ကိုသည္းမခံနိုင္ေတာ့တာေၾကာင့္ နားၾကပ္တပ္ကာ သီခ်င္းကိုခပ္က်ယ္က်ယ္ေလးဖြင့္လိုက္သည္။ ေနာက္ဆံုး၌မူ ပရမ္းပတာအေျခအေနေတြရဲ႕ၾကားမွာပဲ သူသည္ မ်က္ဝန္းတို႔ကိုပိတ္လိုက္ကာ အိပ္ေပ်ာ္သြားေတာ့၏။
သူက အျပင္ကိုေျခတစ္လွမ္းေလးေတာင္မထြက္ဘဲ နွစ္ရက္လံုးထိုင္ေနခဲ့သည္။ သူသည္ ေထာင့္မွာထိုင္ကာ အသင့္စားေခါက္ဆဲြမ်ားကိုစားၿပီး ဓာတ္ဆားရည္ကိုေသာက္လ်က္ ျဖစ္သလိုေနကာ လူတစ္ေယာက္လုပ္သင့္သည့္ တစ္ခ်ိဳ႕ေသာကိစၥမ်ားကိုပင္ မလုပ္ေခ်။ သို႔ေသာ္လည္း ယန္ေရွာင္သည္ အေတာ္ေလးစိတ္သက္သာ ရာရေနေပ၏။ အဲ့ဒီ့လူေတြ သူ႔ကိုမရွာနိုင္သေ႐ြ႕ သူလံုၿခံဳေနမည္ျဖစ္သည္။
ဒီရက္ေတြအတြင္းမွာ သူသည္ အိမ္ကိုပင္ဖုန္းမေခၚေပ။ ေက်ာင္းရႊယ္ေမ့တစ္ေယာက္ ေသမလိုစိုးရိမ္ေနေသာ္လည္း သူသည္ကေတာ့ သူေဘးကင္းတဲ့အေၾကာင္း ေက်ာင္းရႊယ္ေမ့ဆီဖုန္းဆက္ေျပာဖို႔ပင္စိတ္မကူးပါေခ်။
ေက်ာင္းရႊယ္ေမ့ ေဆးရံုမွာနိုးလာခဲ့သည္။ ယန္က်န္းေကာ္သည္ေတာ့ သူမေဘးမွာ တိတ္ဆိတ္စြာထိုင္ေနခဲ့ေပ၏။
သူ႔ကိုျမင္လိုက္ခ်ိန္၌ ေက်ာင္းရႊယ္ေမ့ရဲ႕မ်က္လံုးေတြ နီရဲလာခဲ့သည္။ သူမက ယန္ေက်န္းေကာ္ရဲ႕အက်ႌကိုဆုပ္ကိုင္လိုက္၏။
"ေရွာင္ေရွာင္ေရာ? ရွင္ ေရွာင္ေရွာင့္ကိုျမင္လိုက္ေသးလား!"
ယန္က်န္းေကာ္က ေခါင္းခါသည္။
"ေရွာင္ေရွာင္က မင္းနဲ႔ပဲတစ္ခ်ိန္လံုးရွိေနတာေလ။ ငါက သူ႔ကို ဘယ္လိုလုပ္ေတြ႕မွာလဲ?"
ေက်ာင္းရႊယ္ေမ့မွာ ေနာက္တစ္ႀကိမ္ေမ့ေျမာလုနီးပါးျဖစ္သြားသည္။ အခုက ေနာက္တစ္ရက္မြန္းတည့္ခ်ိန္ကိုေရာက္ေနၿပီး နွစ္ရက္ပဲက်န္ေတာ့တာကို သူမသိလိုက္ေသာ္လည္း ေရွာင္ေရွာင္သည္ေတာ့ ေပ်ာက္ဆံုးေန၏။ နွလံုးသားကို ဓားနဲ႔ခဲြတယ္ဆိုတာ ဘယ္လိုခံစားရသလဲဆိုတာကို ေက်ာင္းရႊယ္ေမ့ ေနာက္ဆံုးေတာ့သိသြားေခ်ၿပီ။ သူမလက္က IVပိုက္ကိုျဖဳတ္မယ္လုပ္တဲ့အခ်ိန္မွာပဲ ယန္က်န္းေကာ္တားတာခံလိုက္ရသည္။
"မင္း ဘယ္သြားမလို႔လဲ? မင္း ေဆးသြင္းေနရတုန္းေလ။"
[T/N : IV - Intravenous(အေၾကာေဆး)]
ေက်ာင္းရႊယ္ေမ့က ယန္ေရွာင့္မ်က္နွာကိုရိုက္လိုက္သည္။
"ရွင္ ကြၽန္မကိုဂရုစိုက္ေပးဖို႔မလိုဘူး! ေရွာင္ေရွာင္က မရွိေတာ့ဘူး၊ ရွင္ကေတာ့ ဒီမွာထိုင္ေနၿပီး ကြၽန္မကို ဒီကိစၥအေၾကာင္းေျပာေနနိုင္ေသးတယ္ေပါ့ေလ? ရွင္ ကြၽန္မတို႔ကို ဂရုမစိုက္ေတာ့ဘူးလို႔ေျပာခဲ့တယ္မလား? ကြၽန္မ ရွင့္ကိုေျပာလိုက္မယ္၊ ေရွာင္ေရွာင္သာတစ္ခုခုျဖစ္လို႔ကေတာ့ ကြၽန္မ ရွင္တို႔ယန္မိသားစုကို အၿမဲတမ္းလိုက္ဒုကၡေပးေနမွာ!!"
ယန္က်န္းေကာ္က ေက်ာင္းရႊယ္ေမ့ရဲ႕အရိုက္ခံလိုက္ရေသာ္လည္း ဘာမွမေျပာေခ်။သူ႔ပံုစံက အရင္တုန္းကကဲ့သို႔ပင္ 'အရိုက္ခံရရင္ ျပန္မလုပ္နဲ႔၊ အေျပာခံရရင္ ျပန္ခံမေျပာနဲ႔'ဆိုတဲ့စိတ္အေျခအေနကို ျပန္ေရာက္သြားပံုရသည္။ သို႔ေသာ္လည္း တစ္စံုတစ္ရာေတာ့ ကဲြျပားေနဆဲပင္ျဖစ္၏။ သူက ေက်ာင္းရႊယ္ေမ့ရဲ႕လက္ကိုလႊတ္ေပးကာဆိုသည္။
"ရဲတိုင္ရေအာင္။ ဒီလုိလုပ္ေနတာက ေျဖရွင္းနည္းမဟုတ္ဘူး။"
သူရဲ႕စိတ္အာရံုစုစည္းၿပီး တည္ၿငိမ္ေနတဲ့ဟန္က သူေျပာေနတာက အမွန္လိုပင္။
ေက်ာင္းရႊယ္ေမ့က စီခနဲေအာ္ေတာ့သည္။
"ရက္စက္ပါတယ္ဆိုတဲ့က်ားေတာင္ သူ႔ရင္ေသြးသူျပန္မစားဘူး! ယန္က်န္းေကာ္၊ ရွင္ ေရွာင့္ေရွာင့္ကို ေသတြင္းထဲပို႔ေနတာလား!! ရွင္က ဒီလိုလူမ်ိဳးဆိုတာ ကြၽန္မ အရင္ကဘယ္လိုလုပ္မသိခဲ့ရတာလဲ!"
ေက်ာင္းရႊယ္ေမ့က သူ႔ကို လက္သီးဆုပ္ျဖင့္ထုရိုက္ေနေသာ္လည္း ယန္က်န္းေကာ္သည္ေတာ့ စကားတစ္ခြန္းပင္မေျပာေခ်။ ေက်ာင္းရႊယ္ေမ့ သူမရဲ႕ေဒါသေတြကိုေျဖေလ်ွာ႔လို႔ၿပီးတဲ့အခါမွသာ ယန္က်န္းေကာ္ကေျပာလာသည္။
"နွစ္ရက္က်န္ေနေသးတာပဲေလ။ ဒီရက္ေတြအတြင္း ငါ သြားလို႔ရသမ်ွေနရာတိုင္းကိုသြားၿပီး ေခ်းလို႔ရသေလာက္ေခ်းခဲ့တယ္။ မင္း အိမ္ကိုေရာင္းဖို႔လုပ္တယ္မဟုတ္ဘူးလား? ဘယ္သူမွ မဝယ္ခ်င္ၾကဘူးေလ၊ မင္းက အိမ္ကို အေလာတႀကီးနဲ႔ေရာင္းေနၿပီး ပိုက္ဆံလည္းအမ်ားႀကီးလိုခ်င္ေသးေတာ့ ဘယ္သူကမ်ား ဒီေလာက္ျမန္ျမန္ေငြေခ်နိုင္မွာလဲ? ေရွာင္ေရွာင္က အရမ္းေၾကာက္ေနလို႔ ဘာမွမစဥ္းစားနိုင္ေတာ့ဘဲ သူ႔ဘာသာပုန္းဖို႔ထြက္သြားေပမယ့္ သူဘယ္ေလာက္ၾကာၾကာပုန္းေနနိုင္မွာလဲ? ဒီလူေတြက တကယ္ပဲအၾကင္နာတရားကင္းမဲ့ရက္စက္ၿပီး ဥပေဒကိုဂရုမစိုက္တဲ့သူေတြ၊ သူတို႔ လာမရွာဘူးလို႔မ်ား မင္းထင္ေနတာလား? ေရွာင္ေရွာင္က သူ႔ရဲ႕က်န္ရွိေနတဲ့တစ္ဘဝလံုး ဒီအတိုင္းပဲရွင္သန္သြားရမွာကို မင္းျမင္ခ်င္လို႔လား?"
ေက်ာင္းရႊယ္ေမ့က သူ႔ရွင္းျပခ်က္ကိုနားမေထာင္ေပ။
"ကြၽန္မ ဂရုမစိုက္ဘူး၊ ကြၽန္မ ဂရုမစိုက္ဘူး! အခု ေရွာင္ေရွာင္ဘယ္မွာလဲဆိုတာေတာင္ ကြၽန္မ မသိဘူး၊ ရွင္ ရဲတိုင္လိုက္တာကို သူတို႔သိသြားရင္ ရွင္ ဘာလုပ္မွာလဲ? ရွင္ ေရွာင္ေရွာင့္ကိုေသေအာင္ဒုကၡေပးခ်င္ေနတာလား? ရွင္ ဘာလို႔ ပိုက္ဆံသြားမရွာတာလဲ!! ရွင္ ဘာလို႔ ရွင့္အေဖဆီက သြားမေတာင္းတာလဲ!!"
ယန္က်န္းေကာ္က ဘာမွမေျပာေသာ္လည္း ေက်ာင္းရႊယ္ေမ့သည္ေတာ့ ရန္ျဖစ္ျငင္းခုန္ေနရတာရဲ႕အဓိကအခ်က္ကိုေရာက္သြားသလိုခံစားလိုက္ရေခ်၏။ သူမၿမိဳသိပ္ခံစားေနရတာေတြကို ဖြင့္ခ်ပစ္ဖို႔ေနရာမရွိေပ။ သူမက သူမရဲ႕ေဒါသေတြအကုန္လံုးကို အဖိုးအိုယန္ကိုအဓိကထားၿပီး ယန္က်န္းေကာ္အေပၚပံုခ်ေျဖေလ်ွာ႔ပစ္၏။
ေက်ာင္းရႊယ္ေမ့က သူမဘာသာ အႀကိမ္ႀကိမ္ေျပာေနခဲ့ၿပီး ေနာက္ဆံုး၌ရပ္သြားသည္။ ယန္က်န္းေကာ္က တစ္ခ်ိန္လံုးမတုန္႔ျပန္တာကိုေတြ႕တဲ့အခါ သူမက သူ႔ပခံုးကိုတြန္းလိုက္သည္။
"ရွင္ ဘာလို႔ ဘာမွမေျပာတာလဲ?!"
ယန္က်န္းေကာ္က သူ႔အိတ္ထဲကေန ပဒ္တစ္ခုကိုထုတ္ကာ ေက်ာင္းရႊယ္ေမ့လက္ထဲထည့္ေပး၏။
"ဒါေတြက ဒီရက္ေတြအတြင္း ငါေခ်းခဲ့တဲ့ပိုက္ဆံေတြပဲ။ ငါ ေရာင္းလို႔ရနိုင္တာမွန္သမ်ွလည္း ေရာင္းလိုက္ၿပီးၿပီ။ စုစုေပါင္း ယြမ္300,000ရွိတယ္။ မင္းရဲမတိုင္ခ်င္မွေတာ့ ဒီပိုက္ဆံေတြကိုယူထားလိုက္ပါ။ သူတို႔ ကန္႔သတ္ရက္ကို နည္းနည္းေလာက္ထပ္တိုးေပးနိုင္မလားမသိဘူး။ ငါ ကြာရွင္းစာခ်ဳပ္ေရးၿပီးၿပီ၊ အိမ္မွာထားခဲ့တယ္။ မင္း လက္မွတ္ထိုးခ်င္တဲ့အခ်ိန္မွထိုးလိုက္ပါ။ ငါ အိမ္ကေန ဘာမွမလိုခ်င္ဘူး။ ေရွာင္ေရွာင္လည္း ေကာင္းေကာင္းမြန္မြန္ႀကီးျပင္းလာခဲ့ၿပီ။ သူက မၾကာခင္လက္ထပ္ရေတာ့မယ့္သူျဖစ္လာေတာ့မွာ။ မင္း သူ႔ကို ေနာက္ထပ္အလိုမလိုက္ေတာ့တာအေကာင္းဆံုးပဲ။ သူ႔ရဲ႕လက္ရွိအေျခအေနကို ငါတို႔အကုန္လံုးျဖစ္ေစခဲ့မိတာပဲ။ ငါသြားေတာ့မယ္၊ မင္းကိုယ္မင္း ဂရုစိုက္ပါ။"
ယန္က်န္းေကာ္က စကားအမ်ားႀကီးေျပာကာ ထရပ္လိုက္ၿပီး အျပင္ကိုထြက္သြားသည္။ ေက်ာင္းရႊယ္ေမ့သည္ေတာ့ အံ့့ငစြာျဖင့္ သည္အတိုင္းသာရွိေနလ်က္ သူ႔ေနာက္လိုက္ကာတားရန္ကိုပင္သတိမရေခ်။ ဒါ့အျပင္ အဖိုးအိုယန္ေျပာခဲ့တာေၾကာင့္ ေဒါသထြက္သြားလို႔သာ ကြာရွင္းဖို႔ေျပာခဲ့တာလို႔ သူမတစ္ခ်ိန္လံုးထင္ေနခဲ့တာျစ္သည္။ အခုမွ ယန္က်န္းေကာ္က အတည္ေျပာခဲ့မွန္း သူမသိသြားေတာ့သည္။
သူမရဲ႕လက္ဖဝါးထက္မွာ ေႏြးေထြးမႈတို႔က်န္ရွိေနဆဲျဖစ္ေသာ္လည္း ေက်ာင္းရႊယ္ေမ့မွာ ေနာက္ထပ္ငိုေႂကြးဖို႔မ်က္ရည္မရွိေတာ့ေပ။
ယန္ေရွာင္သည္ အင္တာနက္ကေဖးဆိုင္ထဲမွာ ဘာျပသနာမွမရွိဘဲ နွစ္ရက္ေက်ာ္ပုန္းေအာင္းေနနိုင္ခဲ့၏။ ပံုမွန္မဟုတ္တာ ဘာမွမရွိမွပဲ ေနာက္ဆံုးေတာ့ သူအနည္းငယ္စိတ္သက္သာရာသြားခဲ့သည္။ ဒီလိုပုန္းေနရတာကလည္း အရမ္းႀကီးေတာ့မဆိုးပါဘူးဆိုတဲ့ခံစားခ်က္က သူ႔စိတ္ထဲမွာတျဖည္းျဖည္းျမင့္တက္လာသည္။ အဲ့ဒီ့လူေတြက သူ႔အိမ္လိပ္စာကို ကံေကာင္းၿပီးသိသြားတာျဖစ္နိုင္သည္။ အခု သူပုန္းေနခဲ့ၿပီးၿပီ၊ သူတို႔ေတြ သူ႔ကိုမရွာနိုင္ေလာက္ေပ။
ေနာက္ဆံုးေန႔ရဲ႕ေန႔လယ္ခင္းမွာေတာ့ ယန္ေရွာင္က အင္တာနက္ကေဖးရဲ႕မီႏ်ဴ းကေန ဘဲေပါင္ကင္တစ္ပဲြ၊ ရွရွန္းရဲ႕စားစရာတစ္မ်ိဳးတို႔ကိုမွာလိုက္သည္။ အသင့္စားေခါက္ဆဲြေတြကိုပဲ ရက္အေတာ္ၾကာေအာင္စားခဲ့ၿပီးေနာက္မွာေတာ့ သူ အဲ့ဒါေတြရဲ႕အနံ႔နဲ႔တင္ အန္ခ်င္လာၿပီျဖစ္သည္။ ေနာက္ဆံုး စိတ္သက္သာရာရလာခ်ိန္မွသာ ေက်ာင္းရႊယ္ေမ့ကိုဆက္သြယ္သင့္တယ္ဆိုတာကို သူသတိရ၏။ အေရးအႀကီးဆံုးကေတာ့ သူအိမ္ကထြက္လာတုန္းက ပိုက္ဆံမ်ားမ်ားစားစားမယူခဲ့တာေၾကာင့္ အခု သူ႔လက္ထဲမွာ တစ္ျပားမွမရိွေတာ့ျခင္းပင္။
[T/N : ရွရွန္း (သို႔ ရွစီရင္စု)သည္ ဖူက်န္းေဒသတြင္ရွိကာ စားေကာင္းေသာက္ဖြယ္မ်ားေၾကာင့္ေက်ာ္ၾကားသည္။]
ေနာက္ဆံုး ယန္ေရွာင္ သူမကို ဖုန္းမေခၚခင္အခ်ိန္အထိ ေက်ာင္းရႊယ္ေမ့မွာ ရက္အေတာ္ၾကာေအာင္စိုးရိမ္ေနခဲ့ရသည္။ ယန္ေရွာင္တစ္ေယာက္ ဒီရက္ေတြအတြင္း အျပင္မွာဘယ္လိုေနခဲ့ရတယ္ဆိုတာကိုၾကားတဲ့အခါ သူမ အရမ္းပူပန္သြားတာေၾကာင့္ ငိုေလေတာ့၏။ သို႔ေသာ္လည္း ယန္ေရွာင္က သူမရဲ႕ငိုေႂကြးေနျခင္းကို အေတာ္ေလးစိတ္မရွည္ျဖစ္ေနဟန္ျဖင့္ ဟန္႔တားလာ၏။
"ငိုမေနနဲ႔ေတာ့၊ ကြၽန္ေတာ္ အခု အျပင္မထြက္ရဲဘူး။ အဲ့ေတာ့ ကြၽန္ေတာ့္ဆီ ပိုက္ဆံနည္းနည္းပို႔ေပးပါ။"
သူက ခဏၾကာေအာင္စဥ္းစားေနၿပီးမွထပ္ေျပာသည္။
"အေမကိုယ္တိုင္မလာနဲ႔။ ကြၽန္ေတာ့္ဆီပိုက္ဆံပို႔ေပးဖို႔ တစ္ေယာက္ေယာက္ကိုရွာလိုက္။ အေမ့ကို တစ္ျခားလူေတြေတြ႕သြားလို႔မျဖစ္ဘူးေနာ္။ ဟုတ္ၿပီလား?"
ေက်ာင္းရႊယ္ေမ့က ေခါင္းၿငိမ့္သည္။
"အင္း၊ အင္း။ အေမ အခုသြားလိုက္မယ္။"
ကံဆိုးခ်င္ေတာ့ ေက်ာင္းရႊယ္ေမ့ရဲ႕ပိုက္ဆံေတြမေရာက္ေသးခင္မွာပင္ ယန္ေရွာင္သည္ အင္တာနက္ကေဖးဆိုင္မွာ ထိုသူတို႔ဖမ္းတာကိုခံလိုက္ရေလ၏။
ထိုသူက သူ႔လက္ထဲမွာ မွာထားသည့္ဘူးကိုကိုင္ထားၿပီး သူ႔ေနာက္မွာေတာ့ ေကာင္းတဲ့ရည္႐ြယ္ခ်က္ရွိပံုမရေသာလူတစ္စုရွိေန၏။ သူက ယန္ေရွာင့္ကိုၾကည့္ကာ နႈတ္ခမ္းေထာင့္တို႔ကိုေကြးသည္။
"ေရွာင္က်ီ၊ မင္းက ငါ့ကိုလိုက္ရွာရေအာင္လုပ္တာပဲ။ မင္းမသြားခင္ ငါ မင္းကိုဘာေျပာခဲ့လဲဆိုတာကိုေရာ မွတ္မိေသးရဲ႕လား? အာ...မင္းမွတ္ဥာဏ္က သိပ္မေကာင္းဘူးထင္တယ္။ ဘဲေပါင္ကင္တဲ့။ မင္းက အခုထိေကာင္းေကာင္းေန,ေနရေသးတာပဲ၊ ဟုတ္တယ္မလား? မင္းသိရဒံလား၊ အစ္ကိုႀကီး အခုထိမစားရေသးဘူး။ အတူတူစားၾကမယ္ေလ!"
ယန္ေရွာင့္ရဲ႕မ်က္စိသူငယ္အိမ္က က်ံဳ႕သြားကာ သူက ေၾကာက္ရံြ႕စြာျဖင့္ေနာက္ကိုဆုတ္သည္။ သို႔ေသာ္လည္း သူေရွ႕မွာ လူေတြနဲ႔ပိတ္ထားတာခံလိုက္ရၿပီး သူ႔ေနာက္မွာေတာ့ နံရံရွိေနေလ၏။ သူ ဘယ္ကိုမွသြားလို႔မရေတာ့ေခ်။
သူက လူတစ္ခ်ိဳ႕ရဲ႕လက္ေမာင္းကေနေျမႇာက္ကိုင္တာကိုခံလိုက္ရၿပီး ေနာက္ဆံုးေတာ့ ယန္ေရွာင္သည္ သားသတ္ရံုကိူအပို႔ခံလိုက္ရသည့္ဝက္တစ္ေကာင္ပမာေအာ္ဟစ္ေလေတာ့၏။
"ကယ္ၾကပါ! ကယ္ၾကပါ! အေမေရ၊ ကြၽန္ေတာ့္ကို ျမန္ျမန္လာကယ္ပါ!"
အင္တာနက္ကေဖးဆိုင္ထဲမွာ လူအနည္းငယ္ရွိေနေသးေသာ္ျငား သူ႔ကိုကယ္ဖို႔ေဝးစြ ဒီလိုအေျခအေနကို ၾကည့္ပင္ရဲၾကေပ။
ယန္ေရွာင္က လူတိုင္းရဲ႕ေရွ႕မွာတင္ ထိုအတိုင္းဖမ္းေခၚသြားျခင္းခံလိုက္ရေလ၏။ ေက်ာင္းရႊယ္ေမ့ေရာက္သြားခ်ိန္မွာေတာ့ ေၾကာက္ရံြ႕ေနၾကတဲ့ပဲြၾကည့္ေနသူေတြသာ ရွိေနေတာ့သည္။
ယန္ေရွာင္တစ္ေယာက္ လူဆိုးတစ္စုရဲ႕ဖမ္းေခၚသြားျခင္းခံလိုက္ရၿပီဆိုသည္ကို ေက်ာင္းရႊယ္ေမ့ၾကားသည္၌ သူမ အရမ္းေၾကာက္ရံြ႕သြားၿပီး သတိေမ့လုနီးပါးျဖစ္သြားသည္။ လူတိုင္းရဲ႕သတိေပးမႈေတြေၾကာင့္ ေနာက္ဆံုးေတာ့ သူမသည္ ေရခဲတမ်ွေအးစက္ေနေသာလက္တို႔ျဖင့္ ရဲဌာနဆီဖုန္းဆက္လိုက္ေတာ့၏။ သို႔ေသာ္လည္း ပိုဆိုးတာေတြက မၾကာခင္ျဖစ္လာေတာ့ေပမည္။
ယန္ေရွာင္သည္ကား တစ္လမ္းလံုးဟက်ယ္ေလာင္စြာေအာ္ဟစ္ငိုေႂကြးလာေခ်၏။ ထိုလူက စိတ္တိုလာပံုရကာ ယန္ေရွာင့္ေခါင္းကို ျပင္းထန္စြာရိုက္ခ်လိုက္သည္ေၾကာင့္ ယန္ေရွာင္တစ္ေယာက္ နာက်င္မႈေၾကာင့္ သတိလစ္သြားေလ၏။
ေနာက္ေတာ့ သူ႔မ်က္နွာကို ေရနဲ႔အပက္ခံလိုက္ရတာေၾကာင့္ သူနိုးလာသည္။ သူက တိုင္တစ္လံုးမွာႀကိဳးတုပ္ခံထားရၿပီး သူ႔ေရွ႕မွာေတာ့ သူတစ္ခ်ိန္တုန္းက အစ္ကိုႀကီးဟုေခၚခဲ့သူရွိေန၏။
"နိုးၿပီလား?"
ထိုသူက စီးကရက္တစ္လိပ္ကို ပါးစပ္တြင္ခဲထား၏။ သူက စီးကရက္ကိုရႈိက္ကာ မီးခိုးေငြ႕တို႔ကို ယန္ေရွာင့္မ်က္နွာဆီမႈတ္ထုတ္သည္။
"နိုးေနရင္လည္း ေသခ်င္ေယာင္ေဆာင္ေနတာရပ္လိုက္ေတာ့။ ငါ့ကိုေျပာ၊ ဘယ္မွာလဲ ပိုက္ဆံက။"
ယန္ေရွာင္သည္ လြန္စြာမွေၾကာက္ရံြ႕ေနရကား တုန္ရီလို႔ေန၏။ သူသာလႈပ္ရွားလို႔ရလ်ွင္ သူ ထိုအမ်ိဳးးကို ဒူးေထာက္အရိုအေသေပးကာ ေတာင္းပန္ေနေလာက္ေခ်ၿပီ။
"အစ္ကိုႀကီး၊ အစ္ကိုႀကီး၊ ကြၽန္ေတာ္ေတာင္းပန္ပါတယ္၊ ကြၽန္ေတာ့္ကို လႊတ္ေပးပါ။ ကြၽန္ - ကြၽန္ေတာ့္အေမက ပိုက္ဆံရမယ့္နည္းလမ္းကို စဥ္းစားေနပါတယ္။ အေမ့ကိုေခၚလုိက္၊ သူ အစ္ကိုႀကီးကို ေသခ်ာေပါက္ပိုက္ဆံေပးမွာပါ!! ကြၽန္ေတာ္ေတာင္းပန္ပါတယ္၊ ကြၽန္ေတာ့္ကိုလႊတ္ေပးပါ။"
"မင္းကိုလႊတ္ေပးရမယ္? ဒါဆို ပိုက္ဆံေတြကေရာ? မင္းတို႔အိမ္က အခုထိေရာင္းမထြက္ေသးဘူး၊ မင္းအေမမွာ ငါ့ကိုေပးဖို႔ ပိုက္ဆံေရာရွိရဲ႕လား?"
ထိုသူက ဘယ္ကမွန္းမသိရေသာ ဓားတစ္ေခ်ာင္းကိုထုတ္လိုက္ကာ လက္ထဲမွာေဝွ႔ယမ္းကာကစားေန၏။ သူအာရံုမစိုက္မိလိုက္တာနဲ႔ အဲ့ဓားက သူ႔ကိုယ္ထဲကိုဝင္ေရာက္လာမွာကို အလြန္အမင္းစိုးရိမ္ေနလ်က္ ယန္ေရွာင္တစ္ေယာက္ သူ႔မ်က္လံုးတို႔ကို ဓားဆီမွမခြာေတာ့ေပ။
"ေရွာင္က်ီ၊ ငါမင္းကို အခ်ိန္ဆယ္ရက္ေပးခဲ့တယ္ေလ။ မင္း အဲ့ရက္ေတြတုန္းက ဘာေတြမ်ားလုပ္ေနတာလဲ ငါ့ကိုေျပာစမ္းပါဦး။ ဒါ့အျပင္ မင္းက ပုန္းေတာင္ပုန္းေနလိုက္ေသးတယ္။ ဘာလဲ? မင္းက ငါ့ကိုလြယ္လြယ္နဲ႔လွည့္စားလို႔ရမယ္လို႔ ထင္ေနတာလား?"
ထိုသူက အေခါင္းစဥ္ေျပာင္းလိုက္ၿပီး သူ႔ေလသံသည္လည္း လြန္စြာမွပင္ခက္ထန္လာ၏။ သူက လက္ထဲကဓားကို နွစ္ႀကိမ္ခန္႔ေဝွ႔ယမ္းလိုက္ကာ ယန္ေရွာင့္မ်က္နွာကို ဓားျဖင့္ဖိလိုက္သည္။
ယန္ေရွာင္က ခ်က္ခ်င္းပင္က်ယ္ေလာင္စြာေအာ္ေတာ့သည္။
"ကြၽန္ေတာ့္ကိုမသတ္ပါနဲ႔! ကြၽန္ေတာ့္ကို မသတ္ပါနဲ႔! ကြၽန္ေတာ္ မေသခ်င္ေသးဘူး။ ကြၽန္ေတာ္ ေတာင္းပန္ပါတယ္၊ ကြၽန္ေတာ့္ကိုမသတ္ပါနဲ႔!"
ထိုသူက ရယ္သည္။
"ငါက မင္းကို ဘာလို႔သတ္ရမွာလဲ? သတ္ဖို႔အတြက္ဆို ငါ မင္းကိုေသနတ္နဲ႔ပဲပစ္လိုက္မွာေပါ့။ အမ်ားဆံုးမွာ မင္းကိုယ္ကို ဓားနဲ႔နည္းနည္းခဲြစိတ္ၿပီး မင္းရဲ႕ေက်ာက္ကပ္ကိုေရာင္းဖို႔ပဲလုပ္မွာ။ ဒါဆို မင္းအေႂကြးျပန္ဆပ္နိုင္ၿပီေလ၊ ဒီေလာက္ပါပဲ။ စိတ္ေလ်ွာ႔ပါ၊ မင္းမေသပါဘူး။"
သူက ေျပာရင္းျဖင့္ ဓားဖ်ားကို ယန္ေရွာင့္ရင္ဘတ္ထဲသို႔ အနည္းငယ္ထိုးသြင္းလိုက္၏။
"အား!!!"
ျပင္းထန္လွေသာနာက်င္မႈက ယန္ေရွာင့္ကို ခ်က္ခ်င္းဆိုသလိုက်ယ္ေလာင္စြာေအာ္ဟစ္ငိုေႂကြးသြားေစခဲ့ေသာ္လည္း သူက ေနာက္ဆုတ္မည့္အရိပ္အေယာင္မျပေခ်။ သူက ဓားဖ်ားက ယန္ေရွာင့္ကိုထဲ ျဖည္းညင္းစြာဝင္သြားသည္ကို ၾကည့္ေနခဲ့ၿပီး ယန္ေရွာင္သည္ကေတာ့ နာက်င္လြန္းေသာေၾကာင့္ ေနရာမွာတင္ေသသြားေတာ့မလိုခံစားလိုက္ရသည္။
"ဒါ ဘာမွမဟုတ္ေသးဘူး။ ဒီေန႔သာ ပိုက္ဆံေတြေရာက္မလာခဲ့ရင္ မနက္ျဖန္က်ရင္ မင္း ပိုၿပီးနာက်င္ရလိမ့္မယ္။"
ယန္ေရွာင္ကား ဒါကိုထပ္မခံနိုင္ေတာ့ၿပီျဖစ္ကာ ဆီးတို႔ကိုမထိန္းထားနိုင္ေတာ့ေပ။
ထိုအမ်ိဳးသားက မ်က္ေမွာင္ကုတ္ကာ သူ႔ကိုၿခိမ္းေျခာက္လိုစိတ္ကုန္ခမ္းသြားေခ်၏။
"ဆိုးလိုက္တာ။ ဖုန္းက ဒီမွာ။ မင္း ဘာပဲလုပ္လုပ္ ဒီေန႔ ပိုက္ဆံျပန္ေပးရမယ္၊ မဟုတ္လို႔ကေတာ့..."
ယန္ေရွာင့္ရဲ႕နာက်င္ေနမႈက မၿပီးေပ်ာက္ေသးဘဲ သူ႔စိတ္သည္ေတာ့ ပိုက္ဆံ၊ ပိုက္ဆံ၊ ငါ ပိုက္ဆံဘယ္ကရနိုင္မလဲဆိုတဲ့အေတြးေတြနဲ႔သာျပည့္ေန၏။ ထို႔ေနာက္တြင္ေတာ့ သူ႔ေခါင္းထဲမွာတစ္ခ်က္ဘင္းလက္သြားသည္။
"ကြၽန္...ကြၽန္ေတာ္ ပိုက္ဆံရွိတဲ့ေနရာကိုသိတယ္..."
"အိုး?"
အဖိုးအိုယန္ရဲ႕ အိုမင္းရင့္ေရာ္ေနတဲ့မ်က္နွာနဲ႔ မၾကာေသးခင္တုန္းက သူေျပာခဲ့တဲ့စကားေတြကိုသတိရတဲ့အခါ ယန္ေရွာင္သည္ အံႀကိတ္၏။
"ကြၽန္ေတာ့္အဖိုးမွာ ပိုက္ဆံရွိတယ္! သူက ကြၽန္ေတာ့္ကိုအရမ္းခ်စ္တာ! သူ႔ဆီကသြားေတာင္း! သူ႔မွာ ေသခ်ာေပါက္ရွိတယ္!"
အမ်ိဳးသားက မ်က္လံုးကိုေမွးစင္းလိုက္၏။
"မင္းအဖိုး?"
"ဟုတ္တယ္၊ သူက ေခ်ာင္ယန္လမ္းမွာေနတယ္! သူ႔နာမည္က ယန္ခ်ဳံကြၽင္း!"
အမ်ိဳးသားက ေသြးမ်ားစြန္းေပေနေသာဓားျဖင့္ ယန္ေရွာင့္ရဲ႕ျဖဴ ေရာ္ေနသည့္မ်က္နွာကိုပုတ္သည္။
"နာက်င္မႈေလးနည္းနည္းေၾကာင့္နဲ႔ ကိုယ့္အဖိုးကိုေရာင္းစားတယ္။ မင္းက တကယ္တစ္ခုခုပဲ။ ဒါေပမယ့္ ငါအဲ့ဒါကိုဂရုမစိုက္ဘူး။ ငါသာ မင္းအဖိုးဆီကပိုက္ဆံမရခဲ့ရင္ မင္းဗိုက္အဖြင့္ခံရဖို႔သာေစာင့္ေနလိုက္။"
အလင္းတန္းတစ္ခ်က္က ယန္ေရွာင့္မ်က္လံုးေတြထဲျဖတ္ေျပးသြားသည္။ ဒီလူေတြက လူေကာင္းေတြမဟုတ္မွန္း သူသိေနခဲ့ေသာ္လည္း သူက အဖိုးအိုယန္ကိုေရာင္းစားပစ္ခဲ့၏။ ယန္ေရွာင္က မ်က္လံုးမိွတ္လိုက္ကာ အျပစ္မကင္းစိတ္တို႔ေၾကာင့္ သူ႔ကိုယ္သူ အဆက္မျပတ္ဆင္ေျခေပးေနခဲ့သည္။ သူတို႔က ပိုက္ဆံပဲလိုခ်င္တာ၊ ဒီေလာက္ပါပဲ၊ သူ႔အဖိုး ပိုက္ဆံရွာၿပီးသူတို႔ကိုေပးနိုင္ရင္ သူတို႔က သူ႔ကိုနာက်င္ေစမွာမဟုတ္ပါဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ သူ႔အဖိုးက သူတို႔(YX & YJG)ကိုလည္း လိုမွမလိုခ်င္ဘဲ။ သူ ဘာမွမမွားဘူး! သူ ဘာမွမွားဘူး! သူ အသက္ရွင္ခ်င္တယ္! သူ မေသခ်င္ေသးဘူး!
....
မွတ္ခ်က္ ။ ။ ယခုမွစ၍ ရွယ္ဆဲပလန္နွင့္ ရွယ္ယိုင္းပလန္ Packageမ်ားကို ေလေျပရူးထံ၌ ေစ်းနႈန္းခ်ိဳသာစြာျဖင့္ ေရာင္းခ်ေပးေနၿပီျဖစ္ပါသည္။ ဝယ္ယူအားေပးသူတိုင္းအား ခရမ္းသီးပုပ္၊ ၾကက္ဥပုပ္မ်ား အပိုေဆာင္းလက္ေဆာင္ထည့္ေပးသည္။
...
[Unicode]
{ဘဲပေါင်ကင်}
သုံးရက်ကျန်နေသေးသော်လည်း ယန်ရှောင်ထွက်ပြေးသွားခဲ့သည်။ အမှန်တကယ်တော့ သူဘယ်နေရာကိုမှမသွားနိုင်ပါသော်လည်း ထိုသူ့ရဲ့ဖုန်းခေါ်ဆိုမှုကြောင့် သူ ဆောက်တည်ရာမရလောက်အောင် ကြောက်ရွံ့နေခဲ့ပြီဖြစ်သည်။ အိမ်မှာနေ,နေတာက သေဖို့ထိုင်စောင့်နေသလိုပဲလို့ သူခံစားနေရသည်။ သူသာထွက်သွား င် လွတ်ချင်လွတ်နိုင်တယ်လို့တွေးကာ သူထွက်ပြေးခဲ့ခြင်းပင်ဖြစ်သည်။
ကျောင်းရွှယ်မေ့ သူ့နောက်လိုက်လာချိန်မှာတော့ အပြင်မှာဘယ်သူမှရှိမနေတော့ပါချေ။
ကျောင်းရွှယ်မေ့မှာ ထိတ်လန့်ကြောက်ရွံ့သွားခဲ့ပြီး ဒီလိုအချိန်မျိုးမှာ ယန်ရှောင် ဘယ်ကိုများသွားနိုင်မလဲဆိုတာ သူမ မစဉ်းစားနိုင်တော့ပေ။
အမှန်တော့ အခုလက်ရှိ ယန်ရှောင့်အခြေအနေကိုသိတဲ့သူက နည်းနည်းသာရှိသည်။ ယန်ရှောင်သည်ကား သူ့အိမ်လိပ်စာကိုထုတ်ပြောမိမှာကြောက်နေပေသည်။ ကျောင်းရွှယ်မေ့တစ်ယောက် အပြင်မှာပိုက်ဆံသွားချေးရင်တောင်မှ ဘာကြောင့်ဆိုတာအတိအကျမပြောတာကြောင့် အခု ယန်ရှောင် ဘယ်ကိုများသွားနိုင်မှာလဲ။
"ရှောင်ရှောင်..."
ကျောင်းရွှယ်မေ့မှာ ပြင်းပြင်းထန်ထန်ငိုကြွေးနေသည်ကြောင့် လေကို ပင်ပန်းကြီးစွာရှူ ရှိုက်နေရပေ၏။ ဖိအားတွေအဆက်မပြတ်ခံစားနေရခြင်းနဲ့ ရက်ပေါင်းများစွာကြာအောင် အစာကောင်းကောင်းမစားခဲ့ခြင်းတွေကြောင့် ကျောင်းရွှယ်မေ့မှာ ဆက်လက်တောင့်မခံနိုင်တော့ဘဲ မေ့မြောသွားလေ၏။
သူထွက်လာပြီးတော့မှ သူသွားလို့ရတဲ့နေရာသိပ်မရှိကြောင်း ယန်ရှောင်သတိရသွားသည်။ ဒါပေမယ့်လည်း သူပြန်သွားတာနဲ့ အဲ့ဒီ့လူတွေရဲ့ဖုန်းခေါ်ဆိုမှုကို ပြန်သတိရနေမိမှာဖြစ်လို့ သူပြန်မသွားချင်ပေ။ ပင်ပန်းနွမ်းနယ်နေသောသူ့ရဲ့စိတ်အခြေအနေက ပြိုလဲလုနီးပါးပင်ဖြစ်နေချေပြီ။
ယန်ရှောင်သည် စိတ်ငြိမ်သွားအောင် ခက်ခက်ခဲခဲကြိုးစားလိုက်ပြီး သူပုန်းနေနိုင်မယ့်နေရာကိုစဉ်းစား၏။ ခဏကြာအောင်စဉ်းစားခဲ့တာတောင်မှ သူတစ်နေရာလေးကိုတောင်မစဉ်းစားနိုင်ချေ။ သူ့ရဲ့အရင်ကသူငယ်ချင်းတွေအားလုံးမှာ သောက်ဖော်သောက်ဖက်များသာဖြစ်ပြီး သူ့ကိုစိတ်ရင်းနှင့်ကူညီမည့်သူမရှိပေ။ သူငယ်ချင်းတွေလည်းမရှိ၊ အမျိုးတွေကိုအိမ်ကိုလည်း သွားလို့မရပြန်။ ယန်ရှောင်သည် အနီးနားတစ်ဝိုက်ကို ဦးတည်ရာမဲ့စွာသွားလာနေပြီး နောက်ဆုံး၌မူ သာမန်အင်တာနက်ကဖေးဆိုင်ကလေးထဲကိုဝင်သွားကာ အဲ့မှာပဲထိုင်နေခဲ့လေ၏။
သူကြုံခဲ့ရတဲ့ကိစ္စအတွေ့အကြုံတွေကြောင့် ယန်ရှောင်မှာ ခပ်လွယ်လွယ်နှင့်ကြောက်ရွံ့တတ်သူတစ်ယောက်ဖြစ်လာခဲ့၏။ လေခပ်ပြင်းပြင်းတိုက်တာမျိုး ဒါမှမဟုတ် မြက်ပင်တွေရဲ့တရှဲရှဲမြည်သံမျိုးကိုတောင် သူက အလွန်အမင်းကြောက်ရွံ့နေတတ်ပေ၏။ သူ့စိတ်အခြေအနေက အလွန်အမင်းပင်ပန်းနွမ်းနယ်နေခဲ့ပြီဖြစ်တာကြောင့် ဒါကိုထပ်ပြီးထမ်းမထားနိုင်တော့ပေ။ ဖုန်းမြည်သံကြားသည်နှင့် သူက ဘေးပတ်ဝန်းကျင်ကို စိတ်လှုပ်ရှားစွာဖြင့်ကြည့်တတ်သည်။ နောက်ဆုံးတော့ သူ တကယ်ကိုသည်းမခံနိုင်တော့တာကြောင့် နားကြပ်တပ်ကာ သီချင်းကိုခပ်ကျယ်ကျယ်လေးဖွင့်လိုက်သည်။ နောက်ဆုံး၌မူ ပရမ်းပတာအခြေအနေတွေရဲ့ကြားမှာပဲ သူသည် မျက်ဝန်းတို့ကိုပိတ်လိုက်ကာ အိပ်ပျော်သွားတော့၏။
သူက အပြင်ကိုခြေတစ်လှမ်းလေးတောင်မထွက်ဘဲ နှစ်ရက်လုံးထိုင်နေခဲ့သည်။ သူသည် ထောင့်မှာထိုင်ကာ အသင့်စားခေါက်ဆွဲများကိုစားပြီး ဓာတ်ဆားရည်ကိုသောက်လျက် ဖြစ်သလိုနေကာ လူတစ်ယောက်လုပ်သင့်သည့် တစ်ချို့သောကိစ္စများကိုပင် မလုပ်ချေ။ သို့သော်လည်း ယန်ရှောင်သည် အတော်လေးစိတ်သက်သာ ရာရနေပေ၏။ အဲ့ဒီ့လူတွေ သူ့ကိုမရှာနိုင်သရွေ့ သူလုံခြုံနေမည်ဖြစ်သည်။
ဒီရက်တွေအတွင်းမှာ သူသည် အိမ်ကိုပင်ဖုန်းမခေါ်ပေ။ ကျောင်းရွှယ်မေ့တစ်ယောက် သေမလိုစိုးရိမ်နေသော်လည်း သူသည်ကတော့ သူဘေးကင်းတဲ့အကြောင်း ကျောင်းရွှယ်မေ့ဆီဖုန်းဆက်ပြောဖို့ပင်စိတ်မကူးပါချေ။
ကျောင်းရွှယ်မေ့ ဆေးရုံမှာနိုးလာခဲ့သည်။ ယန်ကျန်းကော်သည်တော့ သူမဘေးမှာ တိတ်ဆိတ်စွာထိုင်နေခဲ့ပေ၏။
သူ့ကိုမြင်လိုက်ချိန်၌ ကျောင်းရွှယ်မေ့ရဲ့မျက်လုံးတွေ နီရဲလာခဲ့သည်။ သူမက ယန်ကျေန်းကော်ရဲ့အင်္ကျီကိုဆုပ်ကိုင်လိုက်၏။
"ရှောင်ရှောင်ရော? ရှင် ရှောင်ရှောင့်ကိုမြင်လိုက်သေးလား!"
ယန်ကျန်းကော်က ခေါင်းခါသည်။
"ရှောင်ရှောင်က မင်းနဲ့ပဲတစ်ချိန်လုံးရှိနေတာလေ။ ငါက သူ့ကို ဘယ်လိုလုပ်တွေ့မှာလဲ?"
ကျောင်းရွှယ်မေ့မှာ နောက်တစ်ကြိမ်မေ့မြောလုနီးပါးဖြစ်သွားသည်။ အခုက နောက်တစ်ရက်မွန်းတည့်ချိန်ကိုရောက်နေပြီး နှစ်ရက်ပဲကျန်တော့တာကို သူမသိလိုက်သော်လည်း ရှောင်ရှောင်သည်တော့ ပျောက်ဆုံးနေ၏။ နှလုံးသားကို ဓားနဲ့ခွဲတယ်ဆိုတာ ဘယ်လိုခံစားရသလဲဆိုတာကို ကျောင်းရွှယ်မေ့ နောက်ဆုံးတော့သိသွားချေပြီ။ သူမလက်က IVပိုက်ကိုဖြုတ်မယ်လုပ်တဲ့အချိန်မှာပဲ ယန်ကျန်းကော်တားတာခံလိုက်ရသည်။
"မင်း ဘယ်သွားမလို့လဲ? မင်း ဆေးသွင်းနေရတုန်းလေ။"
[T/N : IV - Intravenous(အကြောဆေး)]
ကျောင်းရွှယ်မေ့က ယန်ရှောင့်မျက်နှာကိုရိုက်လိုက်သည်။
"ရှင် ကျွန်မကိုဂရုစိုက်ပေးဖို့မလိုဘူး! ရှောင်ရှောင်က မရှိတော့ဘူး၊ ရှင်ကတော့ ဒီမှာထိုင်နေပြီး ကျွန်မကို ဒီကိစ္စအကြောင်းပြောနေနိုင်သေးတယ်ပေါ့လေ? ရှင် ကျွန်မတို့ကို ဂရုမစိုက်တော့ဘူးလို့ပြောခဲ့တယ်မလား? ကျွန်မ ရှင့်ကိုပြောလိုက်မယ်၊ ရှောင်ရှောင်သာတစ်ခုခုဖြစ်လို့ကတော့ ကျွန်မ ရှင်တို့ယန်မိသားစုကို အမြဲတမ်းလိုက်ဒုက္ခပေးနေမှာ!!"
ယန်ကျန်းကော်က ကျောင်းရွှယ်မေ့ရဲ့အရိုက်ခံလိုက်ရသော်လည်း ဘာမှမပြောချေ။သူ့ပုံစံက အရင်တုန်းကကဲ့သို့ပင် 'အရိုက်ခံရရင် ပြန်မလုပ်နဲ့၊ အပြောခံရရင် ပြန်ခံမပြောနဲ့'ဆိုတဲ့စိတ်အခြေအနေကို ပြန်ရောက်သွားပုံရသည်။ သို့သော်လည်း တစ်စုံတစ်ရာတော့ ကွဲပြားနေဆဲပင်ဖြစ်၏။ သူက ကျောင်းရွှယ်မေ့ရဲ့လက်ကိုလွှတ်ပေးကာဆိုသည်။
"ရဲတိုင်ရအောင်။ ဒီလိုလုပ်နေတာက ဖြေရှင်းနည်းမဟုတ်ဘူး။"
သူရဲ့စိတ်အာရုံစုစည်းပြီး တည်ငြိမ်နေတဲ့ဟန်က သူပြောနေတာက အမှန်လိုပင်။
ကျောင်းရွှယ်မေ့က စီခနဲအော်တော့သည်။
"ရက်စက်ပါတယ်ဆိုတဲ့ကျားတောင် သူ့ရင်သွေးသူပြန်မစားဘူး! ယန်ကျန်းကော်၊ ရှင် ရှောင့်ရှောင့်ကို သေတွင်းထဲပို့နေတာလား!! ရှင်က ဒီလိုလူမျိုးဆိုတာ ကျွန်မ အရင်ကဘယ်လိုလုပ်မသိခဲ့ရတာလဲ!"
ကျောင်းရွှယ်မေ့က သူ့ကို လက်သီးဆုပ်ဖြင့်ထုရိုက်နေသော်လည်း ယန်ကျန်းကော်သည်တော့ စကားတစ်ခွန်းပင်မပြောချေ။ ကျောင်းရွှယ်မေ့ သူမရဲ့ဒေါသတွေကိုဖြေလျှော့လို့ပြီးတဲ့အခါမှသာ ယန်ကျန်းကော်ကပြောလာသည်။
"နှစ်ရက်ကျန်နေသေးတာပဲလေ။ ဒီရက်တွေအတွင်း ငါ သွားလို့ရသမျှနေရာတိုင်းကိုသွားပြီး ချေးလို့ရသလောက်ချေးခဲ့တယ်။ မင်း အိမ်ကိုရောင်းဖို့လုပ်တယ်မဟုတ်ဘူးလား? ဘယ်သူမှ မဝယ်ချင်ကြဘူးလေ၊ မင်းက အိမ်ကို အလောတကြီးနဲ့ရောင်းနေပြီး ပိုက်ဆံလည်းအများကြီးလိုချင်သေးတော့ ဘယ်သူကများ ဒီလောက်မြန်မြန်ငွေချေနိုင်မှာလဲ? ရှောင်ရှောင်က အရမ်းကြောက်နေလို့ ဘာမှမစဉ်းစားနိုင်တော့ဘဲ သူ့ဘာသာပုန်းဖို့ထွက်သွားပေမယ့် သူဘယ်လောက်ကြာကြာပုန်းနေနိုင်မှာလဲ? ဒီလူတွေက တကယ်ပဲအကြင်နာတရားကင်းမဲ့ရက်စက်ပြီး ဥပဒေကိုဂရုမစိုက်တဲ့သူတွေ၊ သူတို့ လာမရှာဘူးလို့များ မင်းထင်နေတာလား? ရှောင်ရှောင်က သူ့ရဲ့ကျန်ရှိနေတဲ့တစ်ဘဝလုံး ဒီအတိုင်းပဲရှင်သန်သွားရမှာကို မင်းမြင်ချင်လို့လား?"
ကျောင်းရွှယ်မေ့က သူ့ရှင်းပြချက်ကိုနားမထောင်ပေ။
"ကျွန်မ ဂရုမစိုက်ဘူး၊ ကျွန်မ ဂရုမစိုက်ဘူး! အခု ရှောင်ရှောင်ဘယ်မှာလဲဆိုတာတောင် ကျွန်မ မသိဘူး၊ ရှင် ရဲတိုင်လိုက်တာကို သူတို့သိသွားရင် ရှင် ဘာလုပ်မှာလဲ? ရှင် ရှောင်ရှောင့်ကိုသေအောင်ဒုက္ခပေးချင်နေတာလား? ရှင် ဘာလို့ ပိုက်ဆံသွားမရှာတာလဲ!! ရှင် ဘာလို့ ရှင့်အဖေဆီက သွားမတောင်းတာလဲ!!"
ယန်ကျန်းကော်က ဘာမှမပြောသော်လည်း ကျောင်းရွှယ်မေ့သည်တော့ ရန်ဖြစ်ငြင်းခုန်နေရတာရဲ့အဓိကအချက်ကိုရောက်သွားသလိုခံစားလိုက်ရချေ၏။ သူမမြိုသိပ်ခံစားနေရတာတွေကို ဖွင့်ချပစ်ဖို့နေရာမရှိပေ။ သူမက သူမရဲ့ဒေါသတွေအကုန်လုံးကို အဖိုးအိုယန်ကိုအဓိကထားပြီး ယန်ကျန်းကော်အပေါ်ပုံချဖြေလျှော့ပစ်၏။
ကျောင်းရွှယ်မေ့က သူမဘာသာ အကြိမ်ကြိမ်ပြောနေခဲ့ပြီး နောက်ဆုံး၌ရပ်သွားသည်။ ယန်ကျန်းကော်က တစ်ချိန်လုံးမတုန့်ပြန်တာကိုတွေ့တဲ့အခါ သူမက သူ့ပခုံးကိုတွန်းလိုက်သည်။
"ရှင် ဘာလို့ ဘာမှမပြောတာလဲ?!"
ယန်ကျန်းကော်က သူ့အိတ်ထဲကနေ ပဒ်တစ်ခုကိုထုတ်ကာ ကျောင်းရွှယ်မေ့လက်ထဲထည့်ပေး၏။
"ဒါတွေက ဒီရက်တွေအတွင်း ငါချေးခဲ့တဲ့ပိုက်ဆံတွေပဲ။ ငါ ရောင်းလို့ရနိုင်တာမှန်သမျှလည်း ရောင်းလိုက်ပြီးပြီ။ စုစုပေါင်း ယွမ်300,000ရှိတယ်။ မင်းရဲမတိုင်ချင်မှတော့ ဒီပိုက်ဆံတွေကိုယူထားလိုက်ပါ။ သူတို့ ကန့်သတ်ရက်ကို နည်းနည်းလောက်ထပ်တိုးပေးနိုင်မလားမသိဘူး။ ငါ ကွာရှင်းစာချုပ်ရေးပြီးပြီ၊ အိမ်မှာထားခဲ့တယ်။ မင်း လက်မှတ်ထိုးချင်တဲ့အချိန်မှထိုးလိုက်ပါ။ ငါ အိမ်ကနေ ဘာမှမလိုချင်ဘူး။ ရှောင်ရှောင်လည်း ကောင်းကောင်းမွန်မွန်ကြီးပြင်းလာခဲ့ပြီ။ သူက မကြာခင်လက်ထပ်ရတော့မယ့်သူဖြစ်လာတော့မှာ။ မင်း သူ့ကို နောက်ထပ်အလိုမလိုက်တော့တာအကောင်းဆုံးပဲ။ သူ့ရဲ့လက်ရှိအခြေအနေကို ငါတို့အကုန်လုံးဖြစ်စေခဲ့မိတာပဲ။ ငါသွားတော့မယ်၊ မင်းကိုယ်မင်း ဂရုစိုက်ပါ။"
ယန်ကျန်းကော်က စကားအများကြီးပြောကာ ထရပ်လိုက်ပြီး အပြင်ကိုထွက်သွားသည်။ ကျောင်းရွှယ်မေ့သည်တော့ အံ့ငစွာဖြင့် သည်အတိုင်းသာရှိနေလျက် သူ့နောက်လိုက်ကာတားရန်ကိုပင်သတိမရချေ။ ဒါ့အပြင် အဖိုးအိုယန်ပြောခဲ့တာကြောင့် ဒေါသထွက်သွားလို့သာ ကွာရှင်းဖို့ပြောခဲ့တာလို့ သူမတစ်ချိန်လုံးထင်နေခဲ့တာစ်ြသည်။ အခုမှ ယန်ကျန်းကော်က အတည်ပြောခဲ့မှန်း သူမသိသွားတော့သည်။
သူမရဲ့လက်ဖဝါးထက်မှာ နွေးထွေးမှုတို့ကျန်ရှိနေဆဲဖြစ်သော်လည်း ကျောင်းရွှယ်မေ့မှာ နောက်ထပ်ငိုကြွေးဖို့မျက်ရည်မရှိတော့ပေ။
ယန်ရှောင်သည် အင်တာနက်ကဖေးဆိုင်ထဲမှာ ဘာပြသနာမှမရှိဘဲ နှစ်ရက်ကျော်ပုန်းအောင်းနေနိုင်ခဲ့၏။ ပုံမှန်မဟုတ်တာ ဘာမှမရှိမှပဲ နောက်ဆုံးတော့ သူအနည်းငယ်စိတ်သက်သာရာသွားခဲ့သည်။ ဒီလိုပုန်းနေရတာကလည်း အရမ်းကြီးတော့မဆိုးပါဘူးဆိုတဲ့ခံစားချက်က သူ့စိတ်ထဲမှာတဖြည်းဖြည်းမြင့်တက်လာသည်။ အဲ့ဒီ့လူတွေက သူ့အိမ်လိပ်စာကို ကံကောင်းပြီးသိသွားတာဖြစ်နိုင်သည်။ အခု သူပုန်းနေခဲ့ပြီးပြီ၊ သူတို့တွေ သူ့ကိုမရှာနိုင်လောက်ပေ။
နောက်ဆုံးနေ့ရဲ့နေ့လယ်ခင်းမှာတော့ ယန်ရှောင်က အင်တာနက်ကဖေးရဲ့မီနျူးကနေ ဘဲပေါင်ကင်တစ်ပွဲ၊ ရှရှန်းရဲ့စားစရာတစ်မျိုးတို့ကိုမှာလိုက်သည်။ အသင့်စားခေါက်ဆွဲတွေကိုပဲ ရက်အတော်ကြာအောင်စားခဲ့ပြီးနောက်မှာတော့ သူ အဲ့ဒါတွေရဲ့အနံ့နဲ့တင် အန်ချင်လာပြီဖြစ်သည်။ နောက်ဆုံး စိတ်သက်သာရာရလာချိန်မှသာ ကျောင်းရွှယ်မေ့ကိုဆက်သွယ်သင့်တယ်ဆိုတာကို သူသတိရ၏။ အရေးအကြီးဆုံးကတော့ သူအိမ်ကထွက်လာတုန်းက ပိုက်ဆံများများစားစားမယူခဲ့တာကြောင့် အခု သူ့လက်ထဲမှာ တစ်ပြားမှမရှိတော့ခြင်းပင်။
[T/N : ရှရှန်း (သို့ ရှစီရင်စု)သည် ဖူကျန်းဒေသတွင်ရှိကာ စားကောင်းသောက်ဖွယ်များကြောင့်ကျော်ကြားသည်။]
နောက်ဆုံး ယန်ရှောင် သူမကို ဖုန်းမခေါ်ခင်အချိန်အထိ ကျောင်းရွှယ်မေ့မှာ ရက်အတော်ကြာအောင်စိုးရိမ်နေခဲ့ရသည်။ ယန်ရှောင်တစ်ယောက် ဒီရက်တွေအတွင်း အပြင်မှာဘယ်လိုနေခဲ့ရတယ်ဆိုတာကိုကြားတဲ့အခါ သူမ အရမ်းပူပန်သွားတာကြောင့် ငိုလေတော့၏။ သို့သော်လည်း ယန်ရှောင်က သူမရဲ့ငိုကြွေးနေခြင်းကို အတော်လေးစိတ်မရှည်ဖြစ်နေဟန်ဖြင့် ဟန့်တားလာ၏။
"ငိုမနေနဲ့တော့၊ ကျွန်တော် အခု အပြင်မထွက်ရဲဘူး။ အဲ့တော့ ကျွန်တော့်ဆီ ပိုက်ဆံနည်းနည်းပို့ပေးပါ။"
သူက ခဏကြာအောင်စဉ်းစားနေပြီးမှထပ်ပြောသည်။
"အမေကိုယ်တိုင်မလာနဲ့။ ကျွန်တော့်ဆီပိုက်ဆံပို့ပေးဖို့ တစ်ယောက်ယောက်ကိုရှာလိုက်။ အမေ့ကို တစ်ခြားလူတွေတွေ့သွားလို့မဖြစ်ဘူးနော်။ ဟုတ်ပြီလား?"
ကျောင်းရွှယ်မေ့က ခေါင်းငြိမ့်သည်။
"အင်း၊ အင်း။ အမေ အခုသွားလိုက်မယ်။"
ကံဆိုးချင်တော့ ကျောင်းရွှယ်မေ့ရဲ့ပိုက်ဆံတွေမရောက်သေးခင်မှာပင် ယန်ရှောင်သည် အင်တာနက်ကဖေးဆိုင်မှာ ထိုသူတို့ဖမ်းတာကိုခံလိုက်ရလေ၏။
ထိုသူက သူ့လက်ထဲမှာ မှာထားသည့်ဘူးကိုကိုင်ထားပြီး သူ့နောက်မှာတော့ ကောင်းတဲ့ရည်ရွယ်ချက်ရှိပုံမရသောလူတစ်စုရှိနေ၏။ သူက ယန်ရှောင့်ကိုကြည့်ကာ နှုတ်ခမ်းထောင့်တို့ကိုကွေးသည်။
"ရှောင်ကျီ၊ မင်းက ငါ့ကိုလိုက်ရှာရအောင်လုပ်တာပဲ။ မင်းမသွားခင် ငါ မင်းကိုဘာပြောခဲ့လဲဆိုတာကိုရော မှတ်မိသေးရဲ့လား? အာ...မင်းမှတ်ဥာဏ်က သိပ်မကောင်းဘူးထင်တယ်။ ဘဲပေါင်ကင်တဲ့။ မင်းက အခုထိကောင်းကောင်းနေ,နေရသေးတာပဲ၊ ဟုတ်တယ်မလား? မင်းသိရဒံလား၊ အစ်ကိုကြီး အခုထိမစားရသေးဘူး။ အတူတူစားကြမယ်လေ!"
ယန်ရှောင့်ရဲ့မျက်စိသူငယ်အိမ်က ကျုံ့သွားကာ သူက ကြောက်ရွံ့စွာဖြင့်နောက်ကိုဆုတ်သည်။ သို့သော်လည်း သူရှေ့မှာ လူတွေနဲ့ပိတ်ထားတာခံလိုက်ရပြီး သူ့နောက်မှာတော့ နံရံရှိနေလေ၏။ သူ ဘယ်ကိုမှသွားလို့မရတော့ချေ။
သူက လူတစ်ချို့ရဲ့လက်မောင်းကနေမြှောက်ကိုင်တာကိုခံလိုက်ရပြီး နောက်ဆုံးတော့ ယန်ရှောင်သည် သားသတ်ရုံကိူအပို့ခံလိုက်ရသည့်ဝက်တစ်ကောင်ပမာအော်ဟစ်လေတော့၏။
"ကယ်ကြပါ! ကယ်ကြပါ! အမေရေ၊ ကျွန်တော့်ကို မြန်မြန်လာကယ်ပါ!"
အင်တာနက်ကဖေးဆိုင်ထဲမှာ လူအနည်းငယ်ရှိနေသေးသော်ငြား သူ့ကိုကယ်ဖို့ဝေးစွ ဒီလိုအခြေအနေကို ကြည့်ပင်ရဲကြပေ။
ယန်ရှောင်က လူတိုင်းရဲ့ရှေ့မှာတင် ထိုအတိုင်းဖမ်းခေါ်သွားခြင်းခံလိုက်ရလေ၏။ ကျောင်းရွှယ်မေ့ရောက်သွားချိန်မှာတော့ ကြောက်ရွံ့နေကြတဲ့ပွဲကြည့်နေသူတွေသာ ရှိနေတော့သည်။
ယန်ရှောင်တစ်ယောက် လူဆိုးတစ်စုရဲ့ဖမ်းခေါ်သွားခြင်းခံလိုက်ရပြီဆိုသည်ကို ကျောင်းရွှယ်မေ့ကြားသည်၌ သူမ အရမ်းကြောက်ရွံ့သွားပြီး သတိမေ့လုနီးပါးဖြစ်သွားသည်။ လူတိုင်းရဲ့သတိပေးမှုတွေကြောင့် နောက်ဆုံးတော့ သူမသည် ရေခဲတမျှအေးစက်နေသောလက်တို့ဖြင့် ရဲဌာနဆီဖုန်းဆက်လိုက်တော့၏။ သို့သော်လည်း ပိုဆိုးတာတွေက မကြာခင်ဖြစ်လာတော့ပေမည်။
ယန်ရှောင်သည်ကား တစ်လမ်းလုံးဟကျယ်လောင်စွာအော်ဟစ်ငိုကြွေးလာချေ၏။ ထိုလူက စိတ်တိုလာပုံရကာ ယန်ရှောင့်ခေါင်းကို ပြင်းထန်စွာရိုက်ချလိုက်သည်ကြောင့် ယန်ရှောင်တစ်ယောက် နာကျင်မှုကြောင့် သတိလစ်သွားလေ၏။
နောက်တော့ သူ့မျက်နှာကို ရေနဲ့အပက်ခံလိုက်ရတာကြောင့် သူနိုးလာသည်။ သူက တိုင်တစ်လုံးမှာကြိုးတုပ်ခံထားရပြီး သူ့ရှေ့မှာတော့ သူတစ်ချိန်တုန်းက အစ်ကိုကြီးဟုခေါ်ခဲ့သူရှိနေ၏။
"နိုးပြီလား?"
ထိုသူက စီးကရက်တစ်လိပ်ကို ပါးစပ်တွင်ခဲထား၏။ သူက စီးကရက်ကိုရှိုက်ကာ မီးခိုးငွေ့တို့ကို ယန်ရှောင့်မျက်နှာဆီမှုတ်ထုတ်သည်။
"နိုးနေရင်လည်း သေချင်ယောင်ဆောင်နေတာရပ်လိုက်တော့။ ငါ့ကိုပြော၊ ဘယ်မှာလဲ ပိုက်ဆံက။"
ယန်ရှောင်သည် လွန်စွာမှကြောက်ရွံ့နေရကား တုန်ရီလို့နေ၏။ သူသာလှုပ်ရှားလို့ရလျှင် သူ ထိုအမျိုးးကို ဒူးထောက်အရိုအသေပေးကာ တောင်းပန်နေလောက်ချေပြီ။
"အစ်ကိုကြီး၊ အစ်ကိုကြီး၊ ကျွန်တော်တောင်းပန်ပါတယ်၊ ကျွန်တော့်ကို လွှတ်ပေးပါ။ ကျွန် - ကျွန်တော့်အမေက ပိုက်ဆံရမယ့်နည်းလမ်းကို စဉ်းစားနေပါတယ်။ အမေ့ကိုခေါ်လိုက်၊ သူ အစ်ကိုကြီးကို သေချာပေါက်ပိုက်ဆံပေးမှာပါ!! ကျွန်တော်တောင်းပန်ပါတယ်၊ ကျွန်တော့်ကိုလွှတ်ပေးပါ။"
"မင်းကိုလွှတ်ပေးရမယ်? ဒါဆို ပိုက်ဆံတွေကရော? မင်းတို့အိမ်က အခုထိရောင်းမထွက်သေးဘူး၊ မင်းအမေမှာ ငါ့ကိုပေးဖို့ ပိုက်ဆံရောရှိရဲ့လား?"
ထိုသူက ဘယ်ကမှန်းမသိရသော ဓားတစ်ချောင်းကိုထုတ်လိုက်ကာ လက်ထဲမှာဝှေ့ယမ်းကာကစားနေ၏။ သူအာရုံမစိုက်မိလိုက်တာနဲ့ အဲ့ဓားက သူ့ကိုယ်ထဲကိုဝင်ရောက်လာမှာကို အလွန်အမင်းစိုးရိမ်နေလျက် ယန်ရှောင်တစ်ယောက် သူ့မျက်လုံးတို့ကို ဓားဆီမှမခွာတော့ပေ။
"ရှောင်ကျီ၊ ငါမင်းကို အချိန်ဆယ်ရက်ပေးခဲ့တယ်လေ။ မင်း အဲ့ရက်တွေတုန်းက ဘာတွေများလုပ်နေတာလဲ ငါ့ကိုပြောစမ်းပါဦး။ ဒါ့အပြင် မင်းက ပုန်းတောင်ပုန်းနေလိုက်သေးတယ်။ ဘာလဲ? မင်းက ငါ့ကိုလွယ်လွယ်နဲ့လှည့်စားလို့ရမယ်လို့ ထင်နေတာလား?"
ထိုသူက အခေါင်းစဉ်ပြောင်းလိုက်ပြီး သူ့လေသံသည်လည်း လွန်စွာမှပင်ခက်ထန်လာ၏။ သူက လက်ထဲကဓားကို နှစ်ကြိမ်ခန့်ဝှေ့ယမ်းလိုက်ကာ ယန်ရှောင့်မျက်နှာကို ဓားဖြင့်ဖိလိုက်သည်။
ယန်ရှောင်က ချက်ချင်းပင်ကျယ်လောင်စွာအော်တော့သည်။
"ကျွန်တော့်ကိုမသတ်ပါနဲ့! ကျွန်တော့်ကို မသတ်ပါနဲ့! ကျွန်တော် မသေချင်သေးဘူး။ ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော့်ကိုမသတ်ပါနဲ့!"
ထိုသူက ရယ်သည်။
"ငါက မင်းကို ဘာလို့သတ်ရမှာလဲ? သတ်ဖို့အတွက်ဆို ငါ မင်းကိုသေနတ်နဲ့ပဲပစ်လိုက်မှာပေါ့။ အများဆုံးမှာ မင်းကိုယ်ကို ဓားနဲ့နည်းနည်းခွဲစိတ်ပြီး မင်းရဲ့ကျောက်ကပ်ကိုရောင်းဖို့ပဲလုပ်မှာ။ ဒါဆို မင်းအကြွေးပြန်ဆပ်နိုင်ပြီလေ၊ ဒီလောက်ပါပဲ။ စိတ်လျှော့ပါ၊ မင်းမသေပါဘူး။"
သူက ပြောရင်းဖြင့် ဓားဖျားကို ယန်ရှောင့်ရင်ဘတ်ထဲသို့ အနည်းငယ်ထိုးသွင်းလိုက်၏။
"အား!!!"
ပြင်းထန်လှသောနာကျင်မှုက ယန်ရှောင့်ကို ချက်ချင်းဆိုသလိုကျယ်လောင်စွာအော်ဟစ်ငိုကြွေးသွားစေခဲ့သော်လည်း သူက နောက်ဆုတ်မည့်အရိပ်အယောင်မပြချေ။ သူက ဓားဖျားက ယန်ရှောင့်ကိုထဲ ဖြည်းညင်းစွာဝင်သွားသည်ကို ကြည့်နေခဲ့ပြီး ယန်ရှောင်သည်ကတော့ နာကျင်လွန်းသောကြောင့် နေရာမှာတင်သေသွားတော့မလိုခံစားလိုက်ရသည်။
"ဒါ ဘာမှမဟုတ်သေးဘူး။ ဒီနေ့သာ ပိုက်ဆံတွေရောက်မလာခဲ့ရင် မနက်ဖြန်ကျရင် မင်း ပိုပြီးနာကျင်ရလိမ့်မယ်။"
ယန်ရှောင်ကား ဒါကိုထပ်မခံနိုင်တော့ပြီဖြစ်ကာ ဆီးတို့ကိုမထိန်းထားနိုင်တော့ပေ။
ထိုအမျိုးသားက မျက်မှောင်ကုတ်ကာ သူ့ကိုခြိမ်းခြောက်လိုစိတ်ကုန်ခမ်းသွားချေ၏။
"ဆိုးလိုက်တာ။ ဖုန်းက ဒီမှာ။ မင်း ဘာပဲလုပ်လုပ် ဒီနေ့ ပိုက်ဆံပြန်ပေးရမယ်၊ မဟုတ်လို့ကတော့..."
ယန်ရှောင့်ရဲ့နာကျင်နေမှုက မပြီးပျောက်သေးဘဲ သူ့စိတ်သည်တော့ ပိုက်ဆံ၊ ပိုက်ဆံ၊ ငါ ပိုက်ဆံဘယ်ကရနိုင်မလဲဆိုတဲ့အတွေးတွေနဲ့သာပြည့်နေ၏။ ထို့နောက်တွင်တော့ သူ့ခေါင်းထဲမှာတစ်ချက်ဘင်းလက်သွားသည်။
"ကျွန်...ကျွန်တော် ပိုက်ဆံရှိတဲ့နေရာကိုသိတယ်..."
"အိုး?"
အဖိုးအိုယန်ရဲ့ အိုမင်းရင့်ရော်နေတဲ့မျက်နှာနဲ့ မကြာသေးခင်တုန်းက သူပြောခဲ့တဲ့စကားတွေကိုသတိရတဲ့အခါ ယန်ရှောင်သည် အံကြိတ်၏။
"ကျွန်တော့်အဖိုးမှာ ပိုက်ဆံရှိတယ်! သူက ကျွန်တော့်ကိုအရမ်းချစ်တာ! သူ့ဆီကသွားတောင်း! သူ့မှာ သေချာပေါက်ရှိတယ်!"
အမျိုးသားက မျက်လုံးကိုမှေးစင်းလိုက်၏။
"မင်းအဖိုး?"
"ဟုတ်တယ်၊ သူက ချောင်ယန်လမ်းမှာနေတယ်! သူ့နာမည်က ယန်ချုံကျွင်း!"
အမျိုးသားက သွေးများစွန်းပေနေသောဓားဖြင့် ယန်ရှောင့်ရဲ့ဖြူ ရော်နေသည့်မျက်နှာကိုပုတ်သည်။
"နာကျင်မှုလေးနည်းနည်းကြောင့်နဲ့ ကိုယ့်အဖိုးကိုရောင်းစားတယ်။ မင်းက တကယ်တစ်ခုခုပဲ။ ဒါပေမယ့် ငါအဲ့ဒါကိုဂရုမစိုက်ဘူး။ ငါသာ မင်းအဖိုးဆီကပိုက်ဆံမရခဲ့ရင် မင်းဗိုက်အဖွင့်ခံရဖို့သာစောင့်နေလိုက်။"
အလင်းတန်းတစ်ချက်က ယန်ရှောင့်မျက်လုံးတွေထဲဖြတ်ပြေးသွားသည်။ ဒီလူတွေက လူကောင်းတွေမဟုတ်မှန်း သူသိနေခဲ့သော်လည်း သူက အဖိုးအိုယန်ကိုရောင်းစားပစ်ခဲ့၏။ ယန်ရှောင်က မျက်လုံးမှိတ်လိုက်ကာ အပြစ်မကင်းစိတ်တို့ကြောင့် သူ့ကိုယ်သူ အဆက်မပြတ်ဆင်ခြေပေးနေခဲ့သည်။ သူတို့က ပိုက်ဆံပဲလိုချင်တာ၊ ဒီလောက်ပါပဲ၊ သူ့အဖိုး ပိုက်ဆံရှာပြီးသူတို့ကိုပေးနိုင်ရင် သူတို့က သူ့ကိုနာကျင်စေမှာမဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူ့အဖိုးက သူတို့(YX & YJG)ကိုလည်း လိုမှမလိုချင်ဘဲ။ သူ ဘာမှမမှားဘူး! သူ ဘာမှမှားဘူး! သူ အသက်ရှင်ချင်တယ်! သူ မသေချင်သေးဘူး!
....
မှတ်ချက် ။ ။ ယခုမှစ၍ ရှယ်ဆဲပလန်နှင့် ရှယ်ယိုင်းပလန် Packageများကို လေပြေရူးထံ၌ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေပြီဖြစ်ပါသည်။ ဝယ်ယူအားပေးသူတိုင်းအား ခရမ်းသီးပုပ်၊ ကြက်ဥပုပ်များ အပိုဆောင်းလက်ဆောင်ထည့်ပေးသည်။
...