Heaven or Hell(COMPLETED)

By nabi_yeon

621K 60.4K 7.3K

Yizhan โš  More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
28
29(Final)

27

14.4K 1.8K 402
By nabi_yeon

Zawgyi

ျငိမ္သက္ေနေသာကန္ေရျပင္ေပၚ လံုးဝန္ေနေသာလမင္းျကီး၏အရိပ္ကျဖာက်ေနသည္။
ေဆာင္းအကူးကာလျဖစ္ေသာေျကာင့္ နွင္းစက္မ်ားကလည္းတဖြဲဖြဲက်ေနသည္။
ျကာပန္းမ်ားဖူးပြင့္ေနေသာ ေရကန္အလယ္ကအနားယူေဆာင္တြင္ ဝမ္ရိေပၚကတစ္စံုတစ္ရာကိုအာရံုစူးစိုက္ကာလုပ္ေနသည္။
ေအးစက္ေနေသာပတ္ဝန္းက်င္နွင့္ဆန့္က်င္စြာ ဝမ္ရိေပၚ၏နဖူးထက္တြင္ေတာ့ ေခ်ြးစက္တစ္ခ်ို့ကတည္ရွိသည္။
စူးစိုက္ေနေသာမ်က္ဝန္းအစံုကလက္ထဲကခ်ည္ျကိုးေတြဆီမွာ။
အခ်ိန္အနည္းငယ္ထပ္ျပီးအားသြန္ခြန္စိုက္ထိုးျပီးခ်ိန္မွာေတာ့ ေလးရက္တိုင္တိုင္ ျကိုးျကိုးစားစားလုပ္ခဲ့ရသည့္ ခ်ည္ျကိုးအနီေရာင္ေတြက ဆြဲျကိုးတစ္ခုျဖစ္လာခဲ့ျပီ။
ရင္ဘတ္ထဲထည့္ထားေသာ ေက်ာက္စိမ္းျပားေသးေသးကို ဝမ္ရိေပၚထိုျကိုးအနီနွင့္ခ်ိတ္ဆြဲလိုက္သည္။
ထိုအခ်ိန္မွာပဲ ျကာကန္အနားသို့ေရာက္လာေသာ ကိုယ္ရံေတာ္ခ်န္းနွင့္ေရွာင္းက်န့္ကိုေတြ့ျပီး ဝမ္ရိေပၚ ထိုအနာသို့ေျပးသြားလိုက္သည္။

"သြားလို့ရျပီခ်န္း"

ကိုယ္ရံေတာ္ခ်န္းက အရိုအေသေပးကာထြက္သြားသည္။
ဝမ္ရိေပၚျပံုးျပီး ေရွာင္းက်န့္လက္ကိုဆုပ္ကိုင္ကာအနားယူေဆာင္သို့ေခၚလာလိုက္သည္။

"ဒီေလာက္ေအးေနတာကို အျပင္ထြက္လာခိုင္းမိလို့ ကိုယ္ေတာင္းပန္ပါတယ္"

ေရွာင္းက်န့္ကိုယ္ေပၚက နွင္းမ်ားကိုအသာခါေပးရင္းဝမ္ရိေပၚကဆိုသည္။

"ရပါတယ္
က်ြန္ေတာ္လည္း လမ္းေလ်ွာက္ထြက္ခ်င္ေနတာ"

ဝမ္ရိေပၚ ေရွာင္းက်န့္၏ေဖာင္းေနေသာေျခာက္လဗိုက္ေလးေပၚလက္တင္လိုက္သည္။
ထို့ေနာက္ ထံုးစံအတိုင္း သေဘာတက်ျပံုးရယ္ေနျပန္သည္။
အရင္က တစ္ခါတစ္ခါျမင္ေတြ့ရဖို့အေရးမလြယ္ကူလွသည့္ ဝမ္ရိေပၚ၏အျပံုးတို့က တစ္ရက္ထက္တစ္ရက္ေဖာေဖာသီသီကို ေပါလာသည္။
အထူးသျဖင့္ ေရွာင္းက်န့္ဗိုက္ေပၚလက္တင္ထားရသည့္အခ်ိန္မ်ိုးဆို ဝမ္ရိေပၚကမ်က္ရည္ေတြဝဲမတတ္ျပံုးရယ္ေနတတ္သည္။

ဗိုက္ေပၚကလက္ကိုျပန္ရုတ္ျပီး ဝမ္ရိေပၚ ေရွာင္းက်န့္၏လက္ေဖာင္းေဖာင္းေလးကိုဆုပ္ကိုင္လိုက္သည္။

"ကိုယ္ က်န့္ကိုေပးစရာရွိလို့"

ယခုေလးတင္ လုပ္ျပီးသည့္ ခ်ည္ဆြဲျကိုးကို ဝမ္ရိေပၚ ေရွာင္းက်န့္လက္ထဲထည့္လိုက္သည္။

"ဒါဘာလဲ ဆြဲျကိုးလား"

ေရွာင္းက်န့္က ဆြဲျကိုးကိုေသခ်ာကိုင္ျကည့္ကာေျပာလာသည္။
ဝမ္ရိေပၚ ရွက္ျပံုးျပံုးျပီးေခါင္းျငိမ့္လိုက္သည္။

"ကိုယ္ ဒါမ်ိုးကိုအခုမွလုပ္ဖူးတာမို့လို့နည္းနည္းေတာ့ထူးဆန္းေနလိမ့္မယ္
ဒါေပမယ့္ ဆြဲလို့ေတာ့ရပါတယ္"

ေရွာင္းက်န့္၏နွုတ္ခမ္းပါးေလးကမသိမသာေကာ့တက္သြားသည္။
ဝမ္ရိေပၚ ေရွာင္းက်န့္လက္ထဲမွဆြဲျကိုးကိုျပန္ယူျပီး ေက်ာ့ရွင္းေနေသာ လည္တိုင္ေပၚဆြဲေပးလိုက္သည္။

"ဒါကို မျငင္းပါနဲ့
ကိုယ္ ဘာပဲေပးေပး က်န့္မယူမွာသိတယ္
ဒါေပမယ့္ ဒါကိုေတာ့မျငင္းပါနဲ့
က်န့္ဆီမွာ ကိုယ္နဲ့သက္ဆိုင္တဲ့ပစၥည္းတစ္ခုခုေတာ့ရွိေစခ်င္တယ္
ကိုယ့္အတြက္ေရာ ျပီးေတာ့
ကေလးအတြက္ေရာ"

"..."

"ကေလးေလးေမြးလာရင္ ကေလးကိုလည္းဒါမ်ိုးေလးတစ္ခုလုပ္ေပးမယ္
က်န့္နဲ့ဆင္တူေပါ့"

ဝမ္ရိေပၚ ေရွာင္းက်န့္၏လည္တိုင္ကိုအသာကိုင္လိုက္သည္။

"ဒီျကိုးအနီေလးက က်န့္ကိုကိုယ္စားျပုတယ္
ျပီးေတာ့ ဒီေက်ာက္စိမ္းက ကိုယ့္ကို.."

"အင္း"

"က်န့္ လက္ခံေပးမယ္မလား"

"... "

"ဟင္"

"အင္း"

ေရွာင္းက်န့္ ေခါင္းျငိမ့္လိုက္ျပီးတစ္ဖက္သို့လွည့္သြားသည္။
ထို့ေနာက္ ရနံ့သင္းသင္းတို့ပ်ံ့လာရာ ေရကန္ထဲက ျကာပန္းမ်ားကိုေငးျကည့္သည္။
ေရျပင္ကိုျဖတ္၍တိုက္ခတ္လာသည့္ ေလနုေအးေအးေျကာင့္ ခႏၶာကတစ္ခ်က္တုန္တက္သြားေပမယ့္ ခ်က္ခ်င္းပဲဝမ္ရိေပၚ၏ေထြးေပြ့ျခင္းကိုခံလိုက္ရသည္။
ေရွာင္းက်န့္ မည္သူမ်ွမျကားနိုင္ေသာ သက္ျပင္းတစ္ခ်က္သာခ်လိုက္သည္။

"ကိုယ့္ကိုအရမ္းမမုန္းပါနဲ့ေနာ္"

"..."

"ဆိုင္မလားေတာ့မသိေပမယ့္ က်န့္ကကိုယ့္ကိုအရမ္းမုန္းေနေတာ့ ကေလးေလးကပါကိုယ့္ကိုမုန္းလိမ့္မယ္လို့ေတြးမိလာလို့
ကေလးကပါ ကိုယ့္ကိုမုန္းေနရင္ေတာ့ ကိုယ္တကယ္ခံနိုင္ရည္ရွိမယ္မထင္ဘူး"

"ဝမ္ အေတြးေတြလြန္ေနတာပဲ"

"အဲ့လိုမ်ားလား
ဘယ္လိုပဲျဖစ္ျဖစ္ က်န့္ကကိုယ့္ကိုမမုန္းရင္ေတာ့ပိုေကာင္းတာေပါ့"

"က်ြန္ေတာ္...က်ြန္ေတာ္.. "

"က်န့္မွာ နွလံုးသားတစ္ခုေလာက္အပိုပါရင္ေကာင္းမွာပဲ
ေသးေသးေလးပဲျဖစ္ျဖစ္ေလ
ကိုယ့္အတြက္ တစ္ေနရာစာေလာက္ေလးေပါ့"

"...."

"ကိုယ္ ေတာင္းဆိုတာေတြမ်ားေနျပီဆိုတာသိပါတယ္
ဒါေပမယ့္ က်န့္ဆီက တစ္ခါေလာက္ေတာ့ ခ်စ္တယ္လို့အေျပာခံဖူးခ်င္တယ္
စိတ္ထဲက မပါရင္ေတာင္မွေလ
အခုမဟုတ္ရင္ေတာင္ ကိုယ့္ဆီကထြက္မသြားခင္ေလး"

ေရွာင္းက်န့္ ဝမ္ရိေပၚဖက္သို့မ်က္နွာလွည့္လာသည္။
ဗိုက္အေနအထားေျကာင့္ ဝမ္ရိေပၚေနာက္သို့အနည္းငယ္ဆုတ္ေပးလိုက္ရသည္။
သို့ေပမယ့္ လက္ကေတာ့ ေရွာင္းက်န့္ခါးကိုလွမ္းကိုင္ထားေသးသည္။

"က်ြန္ေတာ္..."

ေရွာင္းက်န့္ ေခါင္းငံု့ျပီးေအာက္နွုတ္ခမ္းကိုဖိကိုက္လိုက္သည္။
ေခါင္းကိုျပန္ေမာ့ျကည့္လိုက္ေတာ့ အေရာင္လဲ့ေနေသာ ဝမ္ရိေပၚ၏မ်က္ဝန္းတစ္စံုနဲ့ဆံုသည္။
ေရွာင္းက်န့္ သက္ျပင္းခ်လိုက္သည္။

"က်ြန္ေတာ္ ရိေပၚကိုပိုခ်စ္တယ္"

ဝမ္ရိေပၚ နာက်င္စြာျပံုးလိုက္သည္။

"အခုမေျပာလဲ ရပါတယ္"

"က်ြန္ေတာ္ အိပ္ခ်င္ေနျပီ"

"အင္းအင္း
အေဆာင္ကိုျပန္ျကမယ္"

ဝမ္ရိေပၚ ေရွာင္းက်န့္ပခံုးကိုဖက္လိုက္ျပီး အေဆာင္သို့ျပန္လာခဲ့ေတာ့သည္။

............................................

မေသာက္စဖူး အလြန္အက်ြံအရက္ေသာက္မိျခင္းေျကာင့္ ေအာ့အန္ေနတာေတာ္ရံုျဖင့္မရပ္နိုင္။
မေသာက္လို့လဲမျဖစ္ေတာ့။
ခံစားရသမ်ွကိုဖြင့္ဟဖို့ ဒီနည္းကလြဲမရွိ။
အစ္ကိုျကီးဆိုသူကေတာ့ ရိေပၚကိုမသက္မသာျကည့္ရင္း ေက်ာကုန္းကိုအသာထုေပးေနသည္။

"ဘာပဲျဖစ္ျဖစ္ မင္းဒီလိုေသာက္လိုက္တာေကာင္းတယ္
နည္းနည္းေတာ့ ရင္ထဲရွင္းသြားတယ္မလား"

ရိေပၚက ေခါင္းျငိမ့္သည္။
သူဘယ္ေလာက္ပဲသေဘာထားျကီးေပးနိုင္နိုင္ တျခားတစ္ေယာက္၏ကေလးကိုလြယ္ထားသည့္ေရွာင္းက်န့္ကိုျမင္တိုင္း မေဖာ္ျပနိုင္ေလာက္ေအာင္ဆို့နစ္ျပီးနာက်င္သည္။
ေရွာင္းက်န့္က သူ့ဆီမွာမရွိဘဲထိုသူနွင့္အတူရွိေန၍ပိုျပီးနာက်င္ရသည္။

ယခုလို အေျကာင္းသိလူတစ္ေယာက္ကလာနွစ္သိမ့္ေပးေနေတာ့ အနည္းငယ္ေတာ့စိတ္သက္သာရာရသည္။

"ေက်းဇူးပါ အစ္ကိုျကီး
က်ြန္ေတာ္နဲ့အတူ အေဖာ္လုပ္ျပီးေသာက္ေပးလို့"

"ရပါတယ္ကြာ"

ထိုလူက သက္ျပင္းခ်သည္။
အတူေပါင္းျဖစ္လာတာ မနည္းျကာျပီျဖစ္၍ သူလည္းဒီေကာင္ေလးအေပၚသံေယာဇဥ္ရွိသည္။

ညီမငယ္ကို ေသေစခဲ့သည့္အက်ဥ္းသားဟုသိိခဲ့ရစဥ္က သူဒီေကာင္ေလးကိုသတ္ရန္အထိရည္ရြယ္ခဲ့သည္။
သို့ေပမယ့္ မင္းျကီးကိုလည္းအနည္းငယ္မယံုသကၤာျဖစ္မိ၍ ေဒါသကိုေနာက္ထားကာထိုေကာင္ေလးေနာက္ကို တိတ္တဆိတ္လိုက္စံုစမ္းကာမွ ထိုေကာင္ေလးေျကာင့္မဟုတ္မွန္းသိသြားရသည္။
မင္းျကီးနွင့္တူလြန္းသည့္ရုပ္ရည္ေျကာင့္လည္း အအံ့ဩျကီးအံ့ဩခဲ့ရသည္။
အမုန္းတရားေတြနဲ့စခ်ဥ္းကပ္ခဲ့ေပမယ့္ အေျကာင္းအရင္းအမွန္ကိုသိသြားရေသာအခါ ထိုေကာင္ေလးကမိတ္ေဆြေကာင္းတစ္ေယာက္ျဖစ္လာသည္။
အစက ညီမေလးအမွုမွန္ေပၚေပါက္ေစေရးအတြက္ အသံုးခ်ယံု သက္သက္သာရည္ရြယ္ခဲ့ေသာ္လည္း မထင္မွတ္ဘဲရင္းနွီးသြားသည္။

"မင္း သူ့ကိုလက္ခံနိုင္ေသးလား"

ထိုလူ၏အေမးေျကာင့္ ရိေပၚကေခါင္းကိုအဆက္မျပတ္ျငိမ့္သည္။

"က်ြန္ေတာ္ ေကာကိုဘယ္အေျခအေနမ်ိုးမွာပဲျဖစ္ျဖစ္လက္ခံနိုင္တယ္
ဒါေပမယ့္... ဒါေပမယ့္... "

"သူက တျခားတစ္ေယာက္ရဲ့အပိုင္ျဖစ္သြားမွာကိုေတာ့ မင္းလက္မခံနိုင္ဘူးမလား"

ရိေပၚက ထပ္ျပီးေခါင္းျငိမ့္သည္။

"ေကာက က်ြန္ေတာ့္ဆီကိုျပန္လာခြင့္ရမယ္ေျပာေပမယ့္ ကေလးကက်န္ခဲ့ေတာ့....
သူ့ဗိုက္နဲ့လြယ္ေမြးထားတဲ့ကေလးကို စိတ္ျဖတ္ျပီးထားခဲ့နိုင္ဖို့ဆိုတာက.... "

"မင္း စိတ္ပူေနတာကိုငါနားလည္တယ္
ငါလည္းထပ္ျပီးစံုစမ္းထားတယ္
မင္းေျပာသလိုမ်ိုး မင္းဆီကေဆးဝယ္သြားတဲ့နန္းတြင္းကလူကိုသာ သက္ေသျပခိုင္းနိုင္ရင္ရျပီမလား
အဲ့လူကိုသာသက္ေသလုပ္ခိုင္းနိုင္ရင္ မင္းျကီးလည္းထပ္ျငင္းလို့မရေတာ့ဘူး
မင္းကလည္း မင္းရဲ့အိမ္သူကို ဒီအေနအထားနဲ့လက္ခံနိုင္တယ္ဆိုေတာ့ အဲ့လူကိုသာေစာေစာရွာေတြ့ရင္ မီးမဖြားခင္မွာ မင္းသူ့ကိုျပန္ရနိုင္တယ္"

ရိေပၚ၏မ်က္လံုးမ်ားက အေရာင္ေတာက္သြားသည္။

"ဒါေပမယ့္ ျဖစ္နိုင္ပါ့မလားဗ်ာ
နန္းတြင္းကလူကိုရွာေတြ့ဖို့ဆိုတာက
ျပီးေတာ့ ဘုရင့္လက္နဲ့ကိုယ္တိုင္ခိုင္းထားတဲ့လူကို သက္ေသလုပ္ခိုင္းဖို့က"

"ငါ့မွာ နန္းတြင္းအသိေတြအမ်ားျကီးရွိတယ္
ျပီးေတာ့ အဲ့လိုကိစၥေတြကိုသူ့လက္နဲ့ကိုယ္တိုင္ေတာ့ခိုင္းမွာမဟုတ္ဘူး
သူ့ေခြးကပဲလုပ္တာေနမယ္
လြယ္ေတာ့မလြယ္ေပမယ့္မျဖစ္နိုင္တာေတာ့မဟုတ္ဘူး
နည္းနည္းေတာ့အားစိုက္ရမွာေပါ့"

"က်ြန္ေတာ္ ခဏခဏေမးဖူးေပမယ့္ အစ္ကိုျကီးကဘာလုပ္တာလဲဟင္
နန္းတြင္းကိုေတာ္ေတာ္နွံ့စပ္တဲ့ပံုပဲ"

ထိုလူက ခပ္ဟဟသာရယ္သည္။

"နန္းတြင္းရဲ့တစ္ေနရာမွာအလုပ္လုပ္ဖူးလို့ပါ"

*ေစာင့္ျကည့္ေနလိုက္ ဝမ္ရိေပၚ
ဘာအျပစ္မွမရွိတဲ့ငါ့ညီမကိုသတ္ခဲ့တဲ့မင္းကို မိုးနတ္မင္းက ဘယ္လိုဒဏ္ခတ္မယ္ဆိုတာ...*

.................................................

ညီလာခံကျပန္လာေတာ့ ဝမ္ရိေပၚ မိမိအေဆာင္သို့ခဏဝင္ျပီး အမိန့္လြွာတစ္ေစာင္ကိုေရးသည္။

"ေရွာင္းက်န့္အေဆာင္က အေစာင့္အင္အားကိုထပ္ျဖည့္လိုက္ ခ်န္း
ဝမ္ဟုတ္ကို ရာထူးကျဖုတ္ခ်ထားေတာ့ မယ္ေတာ္ျကီးအမ်က္ေခ်ာင္းထျပီး ဘာေတြထလုပ္မလဲမသိနိုင္ဘူး"

"အမိန့္ေတာ္အတိုင္းပါ မင္းျကီး"

"အခုခ်ိန္မွာ သူနဲ့လည္းထတိုက္ခိုက္လို့မျဖစ္ေသးဘူး
သူ့အင္အားကလည္း နည္းတာမွမဟုတ္တာ"

"ဒါနဲ့ ဝမ္ဟုတ္ေနရာကိုေပးခ်င္တဲ့လူမ်ားရွိလို့ပါလား"

"မရွိဘူး
ျဖစ္နိုင္ရင္ ဘယ္မိဖုရားမွနန္းေတာ္ထဲမွာမထားခ်င္ေတာ့ဘူး
အကုန္လံုး ငါ့ကေလးကိုလာဒုကၡေပးျကလိမ့္မယ္
စစ္နိုင္လို့ရလာတဲ့မိဖုရားေတြကိုလည္း လြတ္ေျမာက္ခ်င္တဲ့လူရွိရင္အကုန္လြတ္ေျမာက္ခြင့္ေပးမယ္
ကိုယ္လုပ္ေတာ္ေတြေရာပဲ"

"ဟုတ္ကဲ့ပါ မင္းျကီး"

"ငါ့ေနရာကိုဆက္ခံမယ့္သူက ေရွာင္းက်န့္ရဲ့ကေလးပဲျဖစ္ရမယ္
ေယာက်္ားေလးျဖစ္ျဖစ္ မိန္းကေလးျဖစ္ျဖစ္"

"မင္းျကီး မင္းျကီး"

အေဆာင္ထဲကို ေရးျကီးသုတ္ျပာေရာက္ခ်လာေသာ ခ်ိုးရင္ေျကာင့္ ဝမ္ရိေပၚမတ္တပ္ထရပ္လ်က္သား။

"က်န့္ ဘာျဖစ္လို့လဲ"

"ဟို သခင္ေလးမျဖစ္ဘူး
သခင္ေလးရဲ့ အစားအေသာက္ေတြကိုျမည္းစမ္းေပးရတဲ့တစ္ေယာက္အဆိပ္မိလို့"

"ဘာ..."

ရာဇအိေျႏၵကိုပင္မေထာက္နိုင္ေတာ့ဘဲ ဝမ္ရိေပၚေျပးလြွားကာ ေရွာင္းက်န့္အေဆာင္သို့ခ်က္ခ်င္းေရာက္ခ်လာသည္။

"က်န့္... က်န့္..."

အေဆာင္ေရွ့ မ်က္နွာငယ္ေလးျဖင့္ရပ္ေစာင့္ေနေသာ ေရွာင္းက်န့္ကိုေတြ့ေတာ့ ဝမ္ရိေပၚ စိုးရိမ္တျကီးေျပးဖက္လိုက္သည္။
ပူပူေလးျဖစ္ေနေသာဗိုက္ေျကာင့္ အရမ္းအားမပါသြားေစရန္လည္းသတိထားရသည္။

"က်န့္ ဘာမွမျဖစ္ဘူးမလား"

ေရွာင္းက်န့္ ငိုမဲ့မဲ့မ်က္နွာေလးျဖင့္ေခါင္းျငိမ့္သည္။
ထိုမ်က္နွာကိုျမင္ကာမွ ဝမ္ရိေပၚ၏စိတ္ပူနွုန္းကခ်က္ခ်င္းပဲငယ္ထိပ္ကိုေဆာင့္တက္သြားရေတာ့သည္။

"ဝမ္ က်ြန္ေတာ့္ေျကာင့္ က်ြန္ေတာ့္ေျကာင့္ သူက ... က်ြန္ေတာ္စားမယ့္ဟာကိုစားျပီး..."

ေရွာင္းက်န့္ ဝမ္ရိေပၚကိုကေလးေတြတိုင္သလိုဗလံုးဗေထြးတိုင္ေျပာကာ ငိုခ်ေတာ့သည္။
ဝမ္ရိေပၚမွာ စိတ္ပူေနေသာ္လည္း လက္ညွိုးေလးတစ္ထိုးထိုးနွင့္တိုင္ေျပာေနေသာခ်စ္စဖြယ္ေရွာင္းက်န့္ေျကာင့္ စိတ္ပူေနသည့္ျကားမွျပံုးမိေတာ့သည္။
က်လာေသာ မ်က္ရည္မ်ားကိုလက္ျဖင့္သုတ္လိုက္ ငိုလိုက္လုပ္ေနေသာ ေရွာင္းက်န့္ကို ဝမ္ရိေပၚအသာေလးဖက္ကာ ေက်ာျပင္ကိုပုတ္ေပးလိုက္သည္။

"ဘာမွမျဖစ္ပါဘူး က်န့္ရဲ့
တိတ္ တိတ္
အခုသူ့ကို ကိုယ္နဲ့သြားျကည့္ျကမယ္
ဘာမွမျဖစ္ဘူးေနာ္
က်န့္က အခုတေလာဝမ္းနည္းလြယ္ေနတာပဲ"

ဝမ္ရိေပၚ ေရွာင္းက်န့္ကိုဖက္လ်က္ပင္ အဆိပ္မိသြားေသာေကာင္မေလးကိုစမ္းသပ္ေနေသာ သမားေတာ္ဆီသို့ေရာက္လာသည္။

"ဘယ္လိုေနလဲ"

"အသက္အႏၱရာယ္ေတာ့မရွိပါဘူး အရွင္မင္းျကီး
ေဆးက သေႏၶသားပ်က္က်ေဆးအမ်ိုးအစားထဲက တစ္မ်ိုးမ်ိုးျဖစ္ပံုရပါတယ္
ေကာင္မေလး မျကာခင္သတိရလာပါလိမ့္မယ္
အပ်ိုေလးဆိုေတာ့ ဘာမွေတာ့ျကီးျကီးမားမားမထိခိုက္သြားပါဘူး"

ဝမ္ရိေပၚ ဟက္ခနဲတစ္ခ်က္ရယ္ျပီးထိုေနရာမွထြက္လာခဲ့သည္။
ေရွာင္းက်န့္ကိုအေဆာင္သို့ျပန္ပို့ျပီး သူကေတာ့ အစားအေသာက္ခ်က္ျပုတ္ေဆာင္သို့သြားသည္။

"အားလံုးနားေထာင္"

"...."
"... "

"ေတာ္ေတာ္ေလးကိုသတၱိရွိျပီး ေဆးခတ္ရဲတယ္ဆိုေတာ့ သတၱိနဲ့ထိုက္တန္တဲ့အျပစ္ဒဏ္ေပးရမွာေပါ့"

ထိုအခ်ိန္ ကိုယ္ရံေတာ္ခ်န္းက အနားသို့ေရာက္လာသည္။

"မင္းျကီး
စစ္ေဆးေရးရံုးက လူျကီးမင္းေရာက္ေနပါျပီ"

သူ့ကိုအရိုအေသေပးလာေသာလူျကီးကိုျကည့္ျပီး ဝမ္ရိေပၚေခါင္းတျငိမ့္ျငိမ့္လုပ္သည္။
ခက္ထန္ေနေသာ ထိုလူ့ရုပ္နဲ့တင္အညွာအတာမရွိစစ္ေမးတတ္ေျကာင္းသိသာသည္။
ဒီတစ္ေခါက္ အသစ္ခန့္လိုက္တာလူေရြးမွန္သြားသည္ျဖစ္မည္။

"ေဆးခတ္တဲ့လူက အေကာင္ပဲျဖစ္ျဖစ္ ေကာင္မပဲျဖစ္ျဖစ္ အရွင္လတ္လတ္မီးမွာကင္လိုက္
မကင္ခင္ ပြက္ပြက္ဆူေနတဲ့ေရေႏြးအိုးထဲထည့္ျပဳတ္လိုက္"

...................................................

တစ္ေန့တျခား ဝမ္ရိေပၚ၏သည္းသည္းလွုပ္မွုကပိုဆိုးလာသည္။
ေရွာင္းက်န့္၏ခ်စ္ဖို့ေကာင္းမွုကလည္းတစ္ေန့တျခားပိုလို့သာတိုးလာသည္။
မ်က္ခြံေလးေတြ ပါးေလးေတြေဖာင္းအစ္လာတဲ့ေရွာင္းက်န့္ကို ဝမ္ရိေပၚ အူထဲအသည္းထဲအလိပ္လိပ္တက္လာေအာင္ကို အသည္းယားသည္။
ထစ္ခနဲရွိေဒါသထြက္တတ္ေသာအက်င့္တို့က ဝမ္ရိေပၚနွင့္ နင္လားငါလားျဖစ္လာသည္။
ဝမ္ရိေပၚကေတာ့ ဗိုက္ထဲကကေလးေလးက သူနွင့္တူ၍ျဖစ္မည္ဆိုျပီး ေပ်ာ္မဆံုးနိုင္ျဖစ္ေနသည္။
ခြဲခြာရမည့္ရက္ကိုေမ့ထားျပီး ဝမ္ရိေပၚက လက္ရွိကိုအသာယာဆံုးျဖစ္ေအာင္ဖန္တီးသည္။
ထမင္းကိုကိုယ္တိုင္ခြံ့သည္။ေရခ်ိုးျခင္း မ်က္နွာသစ္ျခင္းကအစ သူ့လက္နွင့္သာျပီးေစသည္။
ညေနေစာင္းလ်ွင္ အေမျဖစ္သူရွိရာ ေတာင္ဘက္နန္းေဆာင္တြင္ေရွာင္းက်န့္နွင့္အတူ လမ္းေလ်ွာက္ေပးသည္။

ဗိုက္က ပိုထြက္လာသည္နွင့္အမ်ွ ေရွာင္းက်န့္ ရိေပၚနွင့္မ်က္နွာခ်င္းဆိုင္ေတြ့ရန္သတၱိမရွိေတာ့။
ေမြးျပီးမွ ေက်နပ္သည္ေတာင္းပန္မည္ဟုေတြးျပီး စိတ္တမမနွင့္ပင္ နားလည္ေပးရန္ေတာင္းဆိုထားရသည္။

တစ္လျပီးတစ္လကုန္ဆံုးရင္း ဖြားခါနီးအခ်ိန္ကိုေရာက္လာသည္။
ေရွာင္းက်န့္အနားတြင္ အခ်ိန္ျပည့္ရွိေနသည့္ ဝမ္ရိေပၚက တာဝန္ကိုလည္းမလစ္ဟင္းေစရ။
ဒီအခ်ိန္မွာ တစ္ေနရာမွတစ္ခုခုထျဖစ္လာမည္ကို သူေသမလိုေျကာက္သည္။
ထိုသို့ေျကာက္ေနသည့္အခ်ိန္မွာမွစိတ္တိုစရာေကာင္းလြန္းေသာသတင္းတစ္ခုကေရာက္လာသည္။

..............................................

ရိေပၚ အစ္ကိုျကီး ေျပာတာေတြကိုနားေထာင္ျပီး ေက်းဇူးတင္စကားတို့ကိုသာေျပာမိေတာ့သည္။

"မင္းအေပၚအထင္လြဲခဲ့မိတာေတြအတြက္ ငါလည္းစိတ္မေကာင္းလို့ပါ
ျပီးေတာ့ ငါ့ညီမကိုအဲ့လိုလုပ္ထားတဲ့လူဆီမွာ ဆက္ျပီးအမွုမထမ္းနိုင္ေတာ့လို့"

"ေက်းဇူးတင္စကားက လြဲလို့ဘာေျပာရမွန္းေတာင္ က်ြန္ေတာ္မသိေတာ့ပါဘူး"

"ဒါက ငါတို့ရဲ့ေနာက္ဆံုးေမ်ွာ္လင့္ခ်က္ပဲ
မင္း အေကာင္းဆံုးလုပ္နိုင္လိမ့္မယ္လို့ငါေမ်ွာ္လင့္တယ္"

"စိတ္ခ်ပါ အစ္ကိုျကီး
ဒီတစ္ခါ သူဘယ္လိုမွျငင္းလို့မလြတ္ေစရေတာ့ပါဘူး"

....................................................

Unicode

ငြိမ်သက်နေသောကန်ရေပြင်ပေါ် လုံးဝန်နေသောလမင်းကြီး၏အရိပ်ကဖြာကျနေသည်။
ဆောင်းအကူးကာလဖြစ်သောကြောင့် နှင်းစက်များကလည်းတဖွဲဖွဲကျနေသည်။
ကြာပန်းများဖူးပွင့်နေသော ရေကန်အလယ်ကအနားယူဆောင်တွင် ဝမ်ရိပေါ်ကတစ်စုံတစ်ရာကိုအာရုံစူးစိုက်ကာလုပ်နေသည်။
အေးစက်နေသောပတ်ဝန်းကျင်နှင့်ဆန့်ကျင်စွာ ဝမ်ရိပေါ်၏နဖူးထက်တွင်တော့ ချေွးစက်တစ်ချို့ကတည်ရှိသည်။
စူးစိုက်နေသောမျက်ဝန်းအစုံကလက်ထဲကချည်ကြိုးတွေဆီမှာ။
အချိန်အနည်းငယ်ထပ်ပြီးအားသွန်ခွန်စိုက်ထိုးပြီးချိန်မှာတော့ လေးရက်တိုင်တိုင် ကြိုးကြိုးစားစားလုပ်ခဲ့ရသည့် ချည်ကြိုးအနီရောင်တွေက ဆွဲကြိုးတစ်ခုဖြစ်လာခဲ့ပြီ။
ရင်ဘတ်ထဲထည့်ထားသော ကျောက်စိမ်းပြားသေးသေးကို ဝမ်ရိပေါ်ထိုကြိုးအနီနှင့်ချိတ်ဆွဲလိုက်သည်။
ထိုအချိန်မှာပဲ ကြာကန်အနားသို့ရောက်လာသော ကိုယ်ရံတော်ချန်းနှင့်ရှောင်းကျန့်ကိုတွေ့ပြီး ဝမ်ရိပေါ် ထိုအနာသို့ပြေးသွားလိုက်သည်။

"သွားလို့ရပြီချန်း"

ကိုယ်ရံတော်ချန်းက အရိုအသေပေးကာထွက်သွားသည်။
ဝမ်ရိပေါ်ပြုံးပြီး ရှောင်းကျန့်လက်ကိုဆုပ်ကိုင်ကာအနားယူဆောင်သို့ခေါ်လာလိုက်သည်။

"ဒီလောက်အေးနေတာကို အပြင်ထွက်လာခိုင်းမိလို့ ကိုယ်တောင်းပန်ပါတယ်"

ရှောင်းကျန့်ကိုယ်ပေါ်က နှင်းများကိုအသာခါပေးရင်းဝမ်ရိပေါ်ကဆိုသည်။

"ရပါတယ်
ကျွန်တော်လည်း လမ်းလျှောက်ထွက်ချင်နေတာ"

ဝမ်ရိပေါ် ရှောင်းကျန့်၏ဖောင်းနေသောခြောက်လဗိုက်လေးပေါ်လက်တင်လိုက်သည်။
ထို့နောက် ထုံးစံအတိုင်း သဘောတကျပြုံးရယ်နေပြန်သည်။
အရင်က တစ်ခါတစ်ခါမြင်တွေ့ရဖို့အရေးမလွယ်ကူလှသည့် ဝမ်ရိပေါ်၏အပြုံးတို့က တစ်ရက်ထက်တစ်ရက်ဖောဖောသီသီကို ပေါလာသည်။
အထူးသဖြင့် ရှောင်းကျန့်ဗိုက်ပေါ်လက်တင်ထားရသည့်အချိန်မျိုးဆို ဝမ်ရိပေါ်ကမျက်ရည်တွေဝဲမတတ်ပြုံးရယ်နေတတ်သည်။

ဗိုက်ပေါ်ကလက်ကိုပြန်ရုတ်ပြီး ဝမ်ရိပေါ် ရှောင်းကျန့်၏လက်ဖောင်းဖောင်းလေးကိုဆုပ်ကိုင်လိုက်သည်။

"ကိုယ် ကျန့်ကိုပေးစရာရှိလို့"

ယခုလေးတင် လုပ်ပြီးသည့် ချည်ဆွဲကြိုးကို ဝမ်ရိပေါ် ရှောင်းကျန့်လက်ထဲထည့်လိုက်သည်။

"ဒါဘာလဲ ဆွဲကြိုးလား"

ရှောင်းကျန့်က ဆွဲကြိုးကိုသေချာကိုင်ကြည့်ကာပြောလာသည်။
ဝမ်ရိပေါ် ရှက်ပြုံးပြုံးပြီးခေါင်းငြိမ့်လိုက်သည်။

"ကိုယ် ဒါမျိုးကိုအခုမှလုပ်ဖူးတာမို့လို့နည်းနည်းတော့ထူးဆန်းနေလိမ့်မယ်
ဒါပေမယ့် ဆွဲလို့တော့ရပါတယ်"

ရှောင်းကျန့်၏နှုတ်ခမ်းပါးလေးကမသိမသာကော့တက်သွားသည်။
ဝမ်ရိပေါ် ရှောင်းကျန့်လက်ထဲမှဆွဲကြိုးကိုပြန်ယူပြီး ကျော့ရှင်းနေသော လည်တိုင်ပေါ်ဆွဲပေးလိုက်သည်။

"ဒါကို မငြင်းပါနဲ့
ကိုယ် ဘာပဲပေးပေး ကျန့်မယူမှာသိတယ်
ဒါပေမယ့် ဒါကိုတော့မငြင်းပါနဲ့
ကျန့်ဆီမှာ ကိုယ်နဲ့သက်ဆိုင်တဲ့ပစ္စည်းတစ်ခုခုတော့ရှိစေချင်တယ်
ကိုယ့်အတွက်ရော ပြီးတော့
ကလေးအတွက်ရော"

"..."

"ကလေးလေးမွေးလာရင် ကလေးကိုလည်းဒါမျိုးလေးတစ်ခုလုပ်ပေးမယ်
ကျန့်နဲ့ဆင်တူပေါ့"

ဝမ်ရိပေါ် ရှောင်းကျန့်၏လည်တိုင်ကိုအသာကိုင်လိုက်သည်။

"ဒီကြိုးအနီလေးက ကျန့်ကိုကိုယ်စားပြုတယ်
ပြီးတော့ ဒီကျောက်စိမ်းက ကိုယ့်ကို.."

"အင်း"

"ကျန့် လက်ခံပေးမယ်မလား"

"... "

"ဟင်"

"အင်း"

ရှောင်းကျန့် ခေါင်းငြိမ့်လိုက်ပြီးတစ်ဖက်သို့လှည့်သွားသည်။
ထို့နောက် ရနံ့သင်းသင်းတို့ပျံ့လာရာ ရေကန်ထဲက ကြာပန်းများကိုငေးကြည့်သည်။
ရေပြင်ကိုဖြတ်၍တိုက်ခတ်လာသည့် လေနုအေးအေးကြောင့် ခန္ဓာကတစ်ချက်တုန်တက်သွားပေမယ့် ချက်ချင်းပဲဝမ်ရိပေါ်၏ထွေးပွေ့ခြင်းကိုခံလိုက်ရသည်။
ရှောင်းကျန့် မည်သူမျှမကြားနိုင်သော သက်ပြင်းတစ်ချက်သာချလိုက်သည်။

"ကိုယ့်ကိုအရမ်းမမုန်းပါနဲ့နော်"

"..."

"ဆိုင်မလားတော့မသိပေမယ့် ကျန့်ကကိုယ့်ကိုအရမ်းမုန်းနေတော့ ကလေးလေးကပါကိုယ့်ကိုမုန်းလိမ့်မယ်လို့တွေးမိလာလို့
ကလေးကပါ ကိုယ့်ကိုမုန်းနေရင်တော့ ကိုယ်တကယ်ခံနိုင်ရည်ရှိမယ်မထင်ဘူး"

"ဝမ် အတွေးတွေလွန်နေတာပဲ"

"အဲ့လိုများလား
ဘယ်လိုပဲဖြစ်ဖြစ် ကျန့်ကကိုယ့်ကိုမမုန်းရင်တော့ပိုကောင်းတာပေါ့"

"ကျွန်တော်...ကျွန်တော်.. "

"ကျန့်မှာ နှလုံးသားတစ်ခုလောက်အပိုပါရင်ကောင်းမှာပဲ
သေးသေးလေးပဲဖြစ်ဖြစ်လေ
ကိုယ့်အတွက် တစ်နေရာစာလောက်လေးပေါ့"

"...."

"ကိုယ် တောင်းဆိုတာတွေများနေပြီဆိုတာသိပါတယ်
ဒါပေမယ့် ကျန့်ဆီက တစ်ခါလောက်တော့ ချစ်တယ်လို့အပြောခံဖူးချင်တယ်
စိတ်ထဲက မပါရင်တောင်မှလေ
အခုမဟုတ်ရင်တောင် ကိုယ့်ဆီကထွက်မသွားခင်လေး"

ရှောင်းကျန့် ဝမ်ရိပေါ်ဖက်သို့မျက်နှာလှည့်လာသည်။
ဗိုက်အနေအထားကြောင့် ဝမ်ရိပေါ်နောက်သို့အနည်းငယ်ဆုတ်ပေးလိုက်ရသည်။
သို့ပေမယ့် လက်ကတော့ ရှောင်းကျန့်ခါးကိုလှမ်းကိုင်ထားသေးသည်။

"ကျွန်တော်..."

ရှောင်းကျန့် ခေါင်းငုံ့ပြီးအောက်နှုတ်ခမ်းကိုဖိကိုက်လိုက်သည်။
ခေါင်းကိုပြန်မော့ကြည့်လိုက်တော့ အရောင်လဲ့နေသော ဝမ်ရိပေါ်၏မျက်ဝန်းတစ်စုံနဲ့ဆုံသည်။
ရှောင်းကျန့် သက်ပြင်းချလိုက်သည်။

"ကျွန်တော် ရိပေါ်ကိုပိုချစ်တယ်"

ဝမ်ရိပေါ် နာကျင်စွာပြုံးလိုက်သည်။

"အခုမပြောလဲ ရပါတယ်"

"ကျွန်တော် အိပ်ချင်နေပြီ"

"အင်းအင်း
အဆောင်ကိုပြန်ကြမယ်"

ဝမ်ရိပေါ် ရှောင်းကျန့်ပခုံးကိုဖက်လိုက်ပြီး အဆောင်သို့ပြန်လာခဲ့တော့သည်။

............................................

မသောက်စဖူး အလွန်အကျွံအရက်သောက်မိခြင်းကြောင့် အော့အန်နေတာတော်ရုံဖြင့်မရပ်နိုင်။
မသောက်လို့လဲမဖြစ်တော့။
ခံစားရသမျှကိုဖွင့်ဟဖို့ ဒီနည်းကလွဲမရှိ။
အစ်ကိုကြီးဆိုသူကတော့ ရိပေါ်ကိုမသက်မသာကြည့်ရင်း ကျောကုန်းကိုအသာထုပေးနေသည်။

"ဘာပဲဖြစ်ဖြစ် မင်းဒီလိုသောက်လိုက်တာကောင်းတယ်
နည်းနည်းတော့ ရင်ထဲရှင်းသွားတယ်မလား"

ရိပေါ်က ခေါင်းငြိမ့်သည်။
သူဘယ်လောက်ပဲသဘောထားကြီးပေးနိုင်နိုင် တခြားတစ်ယောက်၏ကလေးကိုလွယ်ထားသည့်ရှောင်းကျန့်ကိုမြင်တိုင်း မဖော်ပြနိုင်လောက်အောင်ဆို့နစ်ပြီးနာကျင်သည်။
ရှောင်းကျန့်က သူ့ဆီမှာမရှိဘဲထိုသူနှင့်အတူရှိနေ၍ပိုပြီးနာကျင်ရသည်။

ယခုလို အကြောင်းသိလူတစ်ယောက်ကလာနှစ်သိမ့်ပေးနေတော့ အနည်းငယ်တော့စိတ်သက်သာရာရသည်။

"ကျေးဇူးပါ အစ်ကိုကြီး
ကျွန်တော်နဲ့အတူ အဖော်လုပ်ပြီးသောက်ပေးလို့"

"ရပါတယ်ကွာ"

ထိုလူက သက်ပြင်းချသည်။
အတူပေါင်းဖြစ်လာတာ မနည်းကြာပြီဖြစ်၍ သူလည်းဒီကောင်လေးအပေါ်သံယောဇဉ်ရှိသည်။

ညီမငယ်ကို သေစေခဲ့သည့်အကျဉ်းသားဟုသိိခဲ့ရစဉ်က သူဒီကောင်လေးကိုသတ်ရန်အထိရည်ရွယ်ခဲ့သည်။
သို့ပေမယ့် မင်းကြီးကိုလည်းအနည်းငယ်မယုံသင်္ကာဖြစ်မိ၍ ဒေါသကိုနောက်ထားကာထိုကောင်လေးနောက်ကို တိတ်တဆိတ်လိုက်စုံစမ်းကာမှ ထိုကောင်လေးကြောင့်မဟုတ်မှန်းသိသွားရသည်။
မင်းကြီးနှင့်တူလွန်းသည့်ရုပ်ရည်ကြောင့်လည်း အအံ့ဩကြီးအံ့ဩခဲ့ရသည်။
အမုန်းတရားတွေနဲ့စချဉ်းကပ်ခဲ့ပေမယ့် အကြောင်းအရင်းအမှန်ကိုသိသွားရသောအခါ ထိုကောင်လေးကမိတ်ဆွေကောင်းတစ်ယောက်ဖြစ်လာသည်။
အစက ညီမလေးအမှုမှန်ပေါ်ပေါက်စေရေးအတွက် အသုံးချယုံ သက်သက်သာရည်ရွယ်ခဲ့သော်လည်း မထင်မှတ်ဘဲရင်းနှီးသွားသည်။

"မင်း သူ့ကိုလက်ခံနိုင်သေးလား"

ထိုလူ၏အမေးကြောင့် ရိပေါ်ကခေါင်းကိုအဆက်မပြတ်ငြိမ့်သည်။

"ကျွန်တော် ကောကိုဘယ်အခြေအနေမျိုးမှာပဲဖြစ်ဖြစ်လက်ခံနိုင်တယ်
ဒါပေမယ့်... ဒါပေမယ့်... "

"သူက တခြားတစ်ယောက်ရဲ့အပိုင်ဖြစ်သွားမှာကိုတော့ မင်းလက်မခံနိုင်ဘူးမလား"

ရိပေါ်က ထပ်ပြီးခေါင်းငြိမ့်သည်။

"ကောက ကျွန်တော့်ဆီကိုပြန်လာခွင့်ရမယ်ပြောပေမယ့် ကလေးကကျန်ခဲ့တော့....
သူ့ဗိုက်နဲ့လွယ်မွေးထားတဲ့ကလေးကို စိတ်ဖြတ်ပြီးထားခဲ့နိုင်ဖို့ဆိုတာက.... "

"မင်း စိတ်ပူနေတာကိုငါနားလည်တယ်
ငါလည်းထပ်ပြီးစုံစမ်းထားတယ်
မင်းပြောသလိုမျိုး မင်းဆီကဆေးဝယ်သွားတဲ့နန်းတွင်းကလူကိုသာ သက်သေပြခိုင်းနိုင်ရင်ရပြီမလား
အဲ့လူကိုသာသက်သေလုပ်ခိုင်းနိုင်ရင် မင်းကြီးလည်းထပ်ငြင်းလို့မရတော့ဘူး
မင်းကလည်း မင်းရဲ့အိမ်သူကို ဒီအနေအထားနဲ့လက်ခံနိုင်တယ်ဆိုတော့ အဲ့လူကိုသာစောစောရှာတွေ့ရင် မီးမဖွားခင်မှာ မင်းသူ့ကိုပြန်ရနိုင်တယ်"

ရိပေါ်၏မျက်လုံးများက အရောင်တောက်သွားသည်။

"ဒါပေမယ့် ဖြစ်နိုင်ပါ့မလားဗျာ
နန်းတွင်းကလူကိုရှာတွေ့ဖို့ဆိုတာက
ပြီးတော့ ဘုရင့်လက်နဲ့ကိုယ်တိုင်ခိုင်းထားတဲ့လူကို သက်သေလုပ်ခိုင်းဖို့က"

"ငါ့မှာ နန်းတွင်းအသိတွေအများကြီးရှိတယ်
ပြီးတော့ အဲ့လိုကိစ္စတွေကိုသူ့လက်နဲ့ကိုယ်တိုင်တော့ခိုင်းမှာမဟုတ်ဘူး
သူ့ခွေးကပဲလုပ်တာနေမယ်
လွယ်တော့မလွယ်ပေမယ့်မဖြစ်နိုင်တာတော့မဟုတ်ဘူး
နည်းနည်းတော့အားစိုက်ရမှာပေါ့"

"ကျွန်တော် ခဏခဏမေးဖူးပေမယ့် အစ်ကိုကြီးကဘာလုပ်တာလဲဟင်
နန်းတွင်းကိုတော်တော်နှံ့စပ်တဲ့ပုံပဲ"

ထိုလူက ခပ်ဟဟသာရယ်သည်။

"နန်းတွင်းရဲ့တစ်နေရာမှာအလုပ်လုပ်ဖူးလို့ပါ"

*စောင့်ကြည့်နေလိုက် ဝမ်ရိပေါ်
ဘာအပြစ်မှမရှိတဲ့ငါ့ညီမကိုသတ်ခဲ့တဲ့မင်းကို မိုးနတ်မင်းက ဘယ်လိုဒဏ်ခတ်မယ်ဆိုတာ...*

.................................................

ညီလာခံကပြန်လာတော့ ဝမ်ရိပေါ် မိမိအဆောင်သို့ခဏဝင်ပြီး အမိန့်လွှာတစ်စောင်ကိုရေးသည်။

"ရှောင်းကျန့်အဆောင်က အစောင့်အင်အားကိုထပ်ဖြည့်လိုက် ချန်း
ဝမ်ဟုတ်ကို ရာထူးကဖြုတ်ချထားတော့ မယ်တော်ကြီးအမျက်ချောင်းထပြီး ဘာတွေထလုပ်မလဲမသိနိုင်ဘူး"

"အမိန့်တော်အတိုင်းပါ မင်းကြီး"

"အခုချိန်မှာ သူနဲ့လည်းထတိုက်ခိုက်လို့မဖြစ်သေးဘူး
သူ့အင်အားကလည်း နည်းတာမှမဟုတ်တာ"

"ဒါနဲ့ ဝမ်ဟုတ်နေရာကိုပေးချင်တဲ့လူများရှိလို့ပါလား"

"မရှိဘူး
ဖြစ်နိုင်ရင် ဘယ်မိဖုရားမှနန်းတော်ထဲမှာမထားချင်တော့ဘူး
အကုန်လုံး ငါ့ကလေးကိုလာဒုက္ခပေးကြလိမ့်မယ်
စစ်နိုင်လို့ရလာတဲ့မိဖုရားတွေကိုလည်း လွတ်မြောက်ချင်တဲ့လူရှိရင်အကုန်လွတ်မြောက်ခွင့်ပေးမယ်
ကိုယ်လုပ်တော်တွေရောပဲ"

"ဟုတ်ကဲ့ပါ မင်းကြီး"

"ငါ့နေရာကိုဆက်ခံမယ့်သူက ရှောင်းကျန့်ရဲ့ကလေးပဲဖြစ်ရမယ်
ယောကျ်ားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ်"

"မင်းကြီး မင်းကြီး"

အဆောင်ထဲကို ရေးကြီးသုတ်ပြာရောက်ချလာသော ချိုးရင်ကြောင့် ဝမ်ရိပေါ်မတ်တပ်ထရပ်လျက်သား။

"ကျန့် ဘာဖြစ်လို့လဲ"

"ဟို သခင်လေးမဖြစ်ဘူး
သခင်လေးရဲ့ အစားအသောက်တွေကိုမြည်းစမ်းပေးရတဲ့တစ်ယောက်အဆိပ်မိလို့"

"ဘာ..."

ရာဇအိနြေ္ဒကိုပင်မထောက်နိုင်တော့ဘဲ ဝမ်ရိပေါ်ပြေးလွှားကာ ရှောင်းကျန့်အဆောင်သို့ချက်ချင်းရောက်ချလာသည်။

"ကျန့်... ကျန့်..."

အဆောင်ရှေ့ မျက်နှာငယ်လေးဖြင့်ရပ်စောင့်နေသော ရှောင်းကျန့်ကိုတွေ့တော့ ဝမ်ရိပေါ် စိုးရိမ်တကြီးပြေးဖက်လိုက်သည်။
ပူပူလေးဖြစ်နေသောဗိုက်ကြောင့် အရမ်းအားမပါသွားစေရန်လည်းသတိထားရသည်။

"ကျန့် ဘာမှမဖြစ်ဘူးမလား"

ရှောင်းကျန့် ငိုမဲ့မဲ့မျက်နှာလေးဖြင့်ခေါင်းငြိမ့်သည်။
ထိုမျက်နှာကိုမြင်ကာမှ ဝမ်ရိပေါ်၏စိတ်ပူနှုန်းကချက်ချင်းပဲငယ်ထိပ်ကိုဆောင့်တက်သွားရတော့သည်။

"ဝမ် ကျွန်တော့်ကြောင့် ကျွန်တော့်ကြောင့် သူက ... ကျွန်တော်စားမယ့်ဟာကိုစားပြီး..."

ရှောင်းကျန့် ဝမ်ရိပေါ်ကိုကလေးတွေတိုင်သလိုဗလုံးဗထွေးတိုင်ပြောကာ ငိုချတော့သည်။
ဝမ်ရိပေါ်မှာ စိတ်ပူနေသော်လည်း လက်ညှိုးလေးတစ်ထိုးထိုးနှင့်တိုင်ပြောနေသောချစ်စဖွယ်ရှောင်းကျန့်ကြောင့် စိတ်ပူနေသည့်ကြားမှပြုံးမိတော့သည်။
ကျလာသော မျက်ရည်များကိုလက်ဖြင့်သုတ်လိုက် ငိုလိုက်လုပ်နေသော ရှောင်းကျန့်ကို ဝမ်ရိပေါ်အသာလေးဖက်ကာ ကျောပြင်ကိုပုတ်ပေးလိုက်သည်။

"ဘာမှမဖြစ်ပါဘူး ကျန့်ရဲ့
တိတ် တိတ်
အခုသူ့ကို ကိုယ်နဲ့သွားကြည့်ကြမယ်
ဘာမှမဖြစ်ဘူးနော်
ကျန့်က အခုတလောဝမ်းနည်းလွယ်နေတာပဲ"

ဝမ်ရိပေါ် ရှောင်းကျန့်ကိုဖက်လျက်ပင် အဆိပ်မိသွားသောကောင်မလေးကိုစမ်းသပ်နေသော သမားတော်ဆီသို့ရောက်လာသည်။

"ဘယ်လိုနေလဲ"

"အသက်အန္တရာယ်တော့မရှိပါဘူး အရှင်မင်းကြီး
ဆေးက သနေ္ဓသားပျက်ကျဆေးအမျိုးအစားထဲက တစ်မျိုးမျိုးဖြစ်ပုံရပါတယ်
ကောင်မလေး မကြာခင်သတိရလာပါလိမ့်မယ်
အပျိုလေးဆိုတော့ ဘာမှတော့ကြီးကြီးမားမားမထိခိုက်သွားပါဘူး"

ဝမ်ရိပေါ် ဟက်ခနဲတစ်ချက်ရယ်ပြီးထိုနေရာမှထွက်လာခဲ့သည်။
ရှောင်းကျန့်ကိုအဆောင်သို့ပြန်ပို့ပြီး သူကတော့ အစားအသောက်ချက်ပြုတ်ဆောင်သို့သွားသည်။

"အားလုံးနားထောင်"

"...."
"... "

"တော်တော်လေးကိုသတ္တိရှိပြီး ဆေးခတ်ရဲတယ်ဆိုတော့ သတ္တိနဲ့ထိုက်တန်တဲ့အပြစ်ဒဏ်ပေးရမှာပေါ့"

ထိုအချိန် ကိုယ်ရံတော်ချန်းက အနားသို့ရောက်လာသည်။

"မင်းကြီး
စစ်ဆေးရေးရုံးက လူကြီးမင်းရောက်နေပါပြီ"

သူ့ကိုအရိုအသေပေးလာသောလူကြီးကိုကြည့်ပြီး ဝမ်ရိပေါ်ခေါင်းတငြိမ့်ငြိမ့်လုပ်သည်။
ခက်ထန်နေသော ထိုလူ့ရုပ်နဲ့တင်အညှာအတာမရှိစစ်မေးတတ်ကြောင်းသိသာသည်။
ဒီတစ်ခေါက် အသစ်ခန့်လိုက်တာလူရွေးမှန်သွားသည်ဖြစ်မည်။

"ဆေးခတ်တဲ့လူက အကောင်ပဲဖြစ်ဖြစ် ကောင်မပဲဖြစ်ဖြစ် အရှင်လတ်လတ်မီးမှာကင်လိုက်
မကင်ခင် ပွက်ပွက်ဆူနေတဲ့ရေနွေးအိုးထဲထည့်ပြုတ်လိုက်"

...................................................

တစ်နေ့တခြား ဝမ်ရိပေါ်၏သည်းသည်းလှုပ်မှုကပိုဆိုးလာသည်။
ရှောင်းကျန့်၏ချစ်ဖို့ကောင်းမှုကလည်းတစ်နေ့တခြားပိုလို့သာတိုးလာသည်။
မျက်ခွံလေးတွေ ပါးလေးတွေဖောင်းအစ်လာတဲ့ရှောင်းကျန့်ကို ဝမ်ရိပေါ် အူထဲအသည်းထဲအလိပ်လိပ်တက်လာအောင်ကို အသည်းယားသည်။
ထစ်ခနဲရှိဒေါသထွက်တတ်သောအကျင့်တို့က ဝမ်ရိပေါ်နှင့် နင်လားငါလားဖြစ်လာသည်။
ဝမ်ရိပေါ်ကတော့ ဗိုက်ထဲကကလေးလေးက သူနှင့်တူ၍ဖြစ်မည်ဆိုပြီး ပျော်မဆုံးနိုင်ဖြစ်နေသည်။
ခွဲခွာရမည့်ရက်ကိုမေ့ထားပြီး ဝမ်ရိပေါ်က လက်ရှိကိုအသာယာဆုံးဖြစ်အောင်ဖန်တီးသည်။
ထမင်းကိုကိုယ်တိုင်ခွံ့သည်။ရေချိုးခြင်း မျက်နှာသစ်ခြင်းကအစ သူ့လက်နှင့်သာပြီးစေသည်။
ညနေစောင်းလျှင် အမေဖြစ်သူရှိရာ တောင်ဘက်နန်းဆောင်တွင်ရှောင်းကျန့်နှင့်အတူ လမ်းလျှောက်ပေးသည်။

ဗိုက်က ပိုထွက်လာသည်နှင့်အမျှ ရှောင်းကျန့် ရိပေါ်နှင့်မျက်နှာချင်းဆိုင်တွေ့ရန်သတ္တိမရှိတော့။
မွေးပြီးမှ ကျေနပ်သည်တောင်းပန်မည်ဟုတွေးပြီး စိတ်တမမနှင့်ပင် နားလည်ပေးရန်တောင်းဆိုထားရသည်။

တစ်လပြီးတစ်လကုန်ဆုံးရင်း ဖွားခါနီးအချိန်ကိုရောက်လာသည်။
ရှောင်းကျန့်အနားတွင် အချိန်ပြည့်ရှိနေသည့် ဝမ်ရိပေါ်က တာဝန်ကိုလည်းမလစ်ဟင်းစေရ။
ဒီအချိန်မှာ တစ်နေရာမှတစ်ခုခုထဖြစ်လာမည်ကို သူသေမလိုကြောက်သည်။
ထိုသို့ကြောက်နေသည့်အချိန်မှာမှစိတ်တိုစရာကောင်းလွန်းသောသတင်းတစ်ခုကရောက်လာသည်။

..............................................

ရိပေါ် အစ်ကိုကြီး ပြောတာတွေကိုနားထောင်ပြီး ကျေးဇူးတင်စကားတို့ကိုသာပြောမိတော့သည်။

"မင်းအပေါ်အထင်လွဲခဲ့မိတာတွေအတွက် ငါလည်းစိတ်မကောင်းလို့ပါ
ပြီးတော့ ငါ့ညီမကိုအဲ့လိုလုပ်ထားတဲ့လူဆီမှာ ဆက်ပြီးအမှုမထမ်းနိုင်တော့လို့"

"ကျေးဇူးတင်စကားက လွဲလို့ဘာပြောရမှန်းတောင် ကျွန်တော်မသိတော့ပါဘူး"

"ဒါက ငါတို့ရဲ့နောက်ဆုံးမျှော်လင့်ချက်ပဲ
မင်း အကောင်းဆုံးလုပ်နိုင်လိမ့်မယ်လို့ငါမျှော်လင့်တယ်"

"စိတ်ချပါ အစ်ကိုကြီး
ဒီတစ်ခါ သူဘယ်လိုမှငြင်းလို့မလွတ်စေရတော့ပါဘူး"

....................................................

Continue Reading

You'll Also Like

69K 1.9K 29
Izuku Midoriya, neglected and bullied due to his lack of a quirk, endured abuse from his family and friends, especially his twin sister Izumi and Kat...
480K 10.9K 60
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
1.1M 41K 85
As a Jedi padawan, gaining a Master is like a dream come true. It's one step closer to reaching knighthood, and then to reaching Master. But that dr...