❣ ခ်စ္မိသြားလို႔ ❣( ချစ်မိသွာ...

By chanchanoz

129K 8.1K 188

သဝန်တိုတာ ချစ်လို့ ❤ သဝန္တိုတာ ချစ်လို့ ❤ More

ဇာတ်ကောင်မိတ်ဆက်
Part - 1 ( Uni + ZG)
Part - 2 (Uni + ZG)
Part - 3 ( Uni + ZG )
Part - 4 ( Uni + ZG)
Part - 5 ( Uni + ZG)
Part - 6 ( Uni + ZG )
Part -7 (Uni + ZG)
Part - 8 ( Uni + ZG)
Part - 9 ( Uni + ZG)
Second Fic
Part - 10 ( Uni + ZG )
Part - 11 (Uni + ZG)
Part - 12 (Uni + ZG)
Part - 13 (Uni + ZG)
Part - 15 ( Uni + ZG )
Part -16 (Uni + ZG)
Part -17 (Uni +ZG)🔞🔞
Part - 18 ( Uni + ZG)
Part - 19 ( Uni + ZG)
Part - 20 ( Uni + ZG) 🔞🔞 End

Part - 14 ( Uni + ZG)

4.1K 327 2
By chanchanoz

Uni

" ကိုကိုရေ ကိုကို့ကြီးရေ....."

 သူသူ မနက် နိုးကတည်းက ကိုကို့ကိုမတွေ့
 မီးဖိုခန်းထဲလည်းမတွေ့ ၍ အလုပ်ခန်းဆီသို့
 ရောက်လာခဲ့သည်.....

အခန်းတံခါးဖြည်းဖြည်းလေး ဖွင့်ပြီးကြည့်တော့
ကိုကို ဖုန်းပြောနေသည်ကိုတွေ့ရသည်
ပြတင်းပေါက်မှာရပ်၍ စကားပြောနေသောကိုကို
ဖုန်းပြောရင်း ဘာတွေသဘောကျ လဲမသိ
ရယ်နေသည်....

ကိုကို့ကိုကြည့်ရင်း သဘောကျနေတုန်း
ကြားလိုက်ရတဲ့ နာမ်မည်က

 " ok မာယာ! " တဲ့ 

" အရမ်း သာယာနေတယ်ပေါ့ " ဟူသောအမေးနဲ့
အတူ သူသူ့လက်ထဲပါသွားသော ဟိန်းလေးရဲ့ဖုန်း

စက္ကန့်ပိုင်းအတွင်း ကြမ်းပြင်ပေါ်သို့
ပြန့်ကြဲသွားသော ဖုန်းအစိတ်အပိုင်းများ

မြန်လွန်းသော ဖြစ်ရပ်​ကြောင် ့
ကြောင်အစွာ ကြည့်နေသောဟိန်းလေး
ယခုအချိန်မှ သတိပြန်ဝင်လာသည်....

" သူ...သူသူ! မင်း....မင်း ဘာလုပ်လိုက်တာလဲ"

အံ့သြ၍ အထစ်ထစ်အငေါ့ငေါ့ဖြင့်
မေးမိလေသည်....

" ရိုက်ခွဲလိုက်တာလေ ဘာလို့လဲ
ခင်များ က စိတ်ဆိုးတာလား "

အဲ့ ဖုန်းထဲမှာပါသွားတဲ့အရာတွေက
အရမ်း အရေးကြီးလွန်းတယ်
ဒေတာ အချက်အလက်တချို့နဲ့
အရေးကြီး ဖုန်းနံပါတ်တွေ ဒါတွေသာ
ပြန်မရရင် ကုမ္ပဏီ ဒေဝါလီ ခံရသည်အထိ
ဖြစ်သွားနိုင်သည် ။

" အေး!  ဆိုးတယ် မင်းတော်တော်တရားလွန်လာပြီ
ငါ့ အပေါ်ကို မင်းဆိုးတယ်  ငါမငြိုငြင်ခဲ့ဘူး
အဲ့လို မငြိုငြင်ခဲ့တာ ငါအရမ်းမှားသွားပြီ ပဲ
သိသွားပြီ မင်းက ကြာလေ ပိုဆိုးလာလေပဲ "

" အော်... ခင်များက ကျွန်တော်ဆိုးတယ်လို့မြင်တယ်
​ပေါ့ အခုလိုလုပ်လို့ ကျွန်တော်က အရမ်းဆိုးတယ်ပေါ့ဟုတ်လား ဦးဟိန်းသူရကို "

" ဟုတ်တယ် မင်းအရမ်းဆိုးတယ်
မဟုတ်သေးဘူး မင်းက ဆိုးတယ်ဆိုတာထက်
အသိဉာဏ်မရှိတော့တာ "

ကျလုဆဲဆဲ မျက်ရည်တို့ကို ထိန်းကာ...

" မဟုတ်မှ ခင်များကျုပ်ကိုစိတ်ဆိုးသွားတာ
ခများဖုန်းကွဲသွားလို့မဟုတ်ပဲ ခများရဲ့
အချစ်ဦးနဲ့ ဖုန်းပြောပြီး ကြည်နူးနေတာကို
ကျုပ် နှောင့်ယှက်မိလို့လား? ? "

" မင်း...မင်း ငါ့သိက္ခာကို မစော်ကားနဲ့"

မာထန်နေသောလေသံ
သူဒေါသထွက်နေတာက အမှန်ပင်ကြောက်
စရာကောင်းသည် သို့သော် .....
သူ့ဒေါသထွက်တာထက် သူထားခဲ့မှာကို
ကျွန်တော် ပိုကြောက်မိသည်

" ကျွန်တော် စော်ကားနေတာမဟုတ်ဘူး
 ခင်များကသာ ကတိကို ဖောက်ဖျက်တာ "

" အေး ဟုတ်တယ် ငါဝန်ခံတယ်
ငါကတိဖောက်ဖျက်တယ် မင်းသိလား
သူက ဘယ်လောက်တောင်
အရေးကြီးတဲ့သူလဲဆိုတာ "

" ခင်များအတွက် သူက ကျွန်တော့်ထက်
ပို အရေးကြီး လား ? ? "

ဟင့်အင်း ကလေးငယ်
မင်းထက် ဘယ်အရာမှ အရေးမကြီးဘူး
သို့သော် ပါးစပ်က ထွက်သွားသည်က....

" အင်း ကိုယ့်အတွက်တင်မကဘူး
ကုမ္ပဏီ အတွက်လည်း အရေးကြီးတယ် "

နာကျင်သည် အရင်က ခုန်ပေါက်နေတတ်သော
ဒီရင်ဘက်က အခုတော့ အပ်ပေါင်းများစွာ
ထိုးနေသကဲ့သို့ နာကျင်လွန်းသည်....

အရင်က လေပြည်တွေသာ တိုက်ခတ်သော
ဒီရင်ထဲက အခုတော့ မုန်တိုင်းကြီး တိုက်ခတ်နေပြီ..

အချိန် ခဏမျှ တိတ်ဆိတ်သွားပြီး.....

" ကျွန်တော်တောင်းပန်ပါတယ်
 ခင်မျ ားအပေါ် အရမ်းဆိုးခဲ့မိလို့
 ပြီးတော့ ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စဝင်ပါမိလို့

 ကျွန်တော်နဲ့ စာချုပ်အရသာ သက်ဆိုင်ပြီး
 တစ်ယောက်နဲ့တစ်ယောက် မချစ်ပဲ ပေါင်းသင်း
 နေထိုင်နေရတယ်ဆိုတဲ့ အချက်ကိုမေ့သွားပြီး

 အခုလို အရာရာ လိုက်ချုပ်ချယ်နေမိလို့
 ကျွန်တော်တောင်းပန်ပါတယ် "

 * မချစ်ပဲ လက်ထပ်ခဲ့ကြတယ် *
ဒီစကားကိုကြားတိုင်း အမြဲ နာကျင်နေရတယ်
လုပ်ရပ်တွေနဲ့ အမြဲသက်သေပြတယ်
သူကတော့ မသိသေးဘူးတဲ့လား.........

လုပ်ဆောင်ခဲ့သူ ကိုယ်ပဲ ညံ့တာလား
မင်းကပဲ ကိုယ့်အချစ်တွေကို မမြင်နိုင်တာလား
ကလေးရယ်...................

" မင်းပြောလို့ ပြီးပြီလား
မင်းထင်ရာလျှောက်ပြောပြီး
ငါ့ဂုဏ်သိက္ခာကို စော်ကားလို့ဝပြီလား  "

ဒေါသ သံမပါတော့သော်လည်း
ထွက်သွားသောအသံက မာနေသေးသည်။

" အော်...ဟုတ်သားပဲ
ခင်များရဲ့ သိက္ခာကို စော်ကားမိလို့လည်း
တောင်းပန်ပါတယ် ဦးဟိန်းသူရကို "

 ဒီလူကို သေစေနိုင်လောက်တဲ့
 စကားတွေဝအောင်ဆိုသွားပြီး
ကျောခိုင်းကာ လှည့်ထွက်သွားသောကောင်လေး

 နေ့လယ် မိုးအောင် နဲ့ လာမယ်လို့ မာယာ​ပြောတာ
 ကြောင့် ကုမ္ပဏီ ကိုထွက်လာခဲ့သည်.......

////////////////////////////////////////////

ည 9 နာရီတောင်ရှိလေပြီ...........

ပုံမှန် 6 နာရီဆို ပြန်ရောက်နေတတ်သော
ထိုလူ ပြန်ရောက်မလာသေး၍ ဒီလူသား
ရင်မောနေရသည် ။

9:30 P.M ကားဝင်လာလေပြီ

မကြာခင် " ကျွီ "ဟူသောတံခါးဖွင့်သံနှင့်အတူ
ကုတင်ဘေး ဖြည့်ညှင်းစွာလျှောက်လာသော
ထိုလူသား  ကုတင်အောင် ဒူးထောက်ထိုင်ကာ

ကုတင်ပေါ် မျက်လုံးအစုံမှတ်ထားသော
ကောင်လေးရဲ့ နှဖူးကို ညင်သာစွာ နမ်းရှိုက်ကာ

" ချစ်လွန်းလို့ ဆေးခပ်ပြီး ယူခဲ့တာကို
သိလား ကလေးငယ်.....  မင်းအရမ်းဆိုးလွန်းတယ်
စကားလုံးတွေနဲ့ ဒီလူကို ခဏ ခဏ သတ်တယ်

ကိုယ်ညံ့လွန်းတယ် ပူတူးရယ်
ကိုယ့်အချစ်တွေကို မင်းမြင်အောင် သက်သေ
မပြနိုင်ခဲ့ဘူး ကိုယ်အရမ်း ညံ့လွန်းတယ်
အရမ်းချစ်တယ်   ပူတူးလေး.......... "

* အရမ်းချစ်တယ် * တဲ့လား ကိုယ်တိုင် မသိလိုက်ခင် ပြုံးမိသွားသောနှုတ်ခမ်းအစုံ လှပလွန်းမှာ အသေအချ ာပင်...

မျက်လုံး ဖွင့်ကြည့်တော့ ထိုလူသားမရှိတော့
ရေချိုးခန်းထဲလည်းမရှိ အခန်းပြင် ထွက်သွားသည်
ထင်သည်........

12 P.M

ကုတင်ထက်တွင် လူးလှမ့်နေသော
ကောင်ငယ်လေးတစ်ယောက်
ဆိုဖာပေါ်တွင် ငြိမ်သက်နေသော
ကောင်လေးတစ်ယောက် ..

ချစ်ရသူနှင့် မခွဲခွာဖူးသော
ထိုလူနှစ်ယောက်သည်
ထိုညတွင် အိပ်စက်နိုင်မည်ဟု
သင်ထင်ပါသလား..........

" စွဲလန်းခြင်း "
လူတစ်ယောက်ကို ချစ်မိသည်နှင့်
ထိုလူ၏ ပြုမူသမျှ အရာရာအပေါ်
" စွဲလန်းမှု " ကို ဖြစ်ပေါ်စေသည် ။

--------------
ZawGyi


 ရောက်လာခဲ့သည်.....

ရယ်နေသည်....


 " ok မာယာ! " တဲ့ 





မေးမိလေသည်....


ဖြစ်သွားနိုင်သည် ။



အသိဥာဏ်မရှိတော့တာ "




မာထန်နေသောလေသံ


သူက ဘယ်လောက်တောင်

ပို အရေးကြီး လား ? ? "

ဟင့်အင်း ကလေးငယ်









ကလေးရယ်...................



" အော်...ဟုတ်သားပဲ



////////////////////////////////////////////

ည 9 နာရီတောင်ရှိလေပြီ...........

ရင်မောနေရသည် ။

9:30 P.M ကားဝင်လာလေပြီ






ထင်သည်........

12 P.M

ကောင်ငယ်လေးတစ်ယောက်
ကောင်လေးတစ်ယောက် ..

ထိုလူနှစ်ယောက်သည်
သင်ထင်ပါသလား..........

" စွဲလန်းခြင်း "

----------------------
နောက် နှစ်ပိုင်းဆို ပြီးပြီနော် 😁

❣ ချစ်သော ဦး ❣
Up ထားပါတယ်လို့စ်

Continue Reading

You'll Also Like

377K 17.3K 65
Love is a thing that if you'll find, never can see it but you will meet this nearly or by chance.
22.1M 657K 52
"Curiosity killed the kitty Miss Adams." My body stiffened. Slowly I turned around just to see Mr. Parker standing in front of me with hands in his...
770 59 6
Jungkook, the victim of high school bullying, abducted his tormentor, Taehyung. Seeking revenge, Jungkook planned to make Taehyung pay for the pain...
278K 27.6K 27
"Daddy အတွက်ဒုတိယ ရတနာ လေးကိုယူလာပေးတာ ကျေးဇူးတင်တယ်နော် Angel " Lucas ''Daddy ကို အချစ်ဆုံး'' ...