❣ ခ်စ္မိသြားလို႔ ❣( ချစ်မိသွာ...

By chanchanoz

132K 8.2K 189

သဝန်တိုတာ ချစ်လို့ ❤ သဝန္တိုတာ ချစ်လို့ ❤ More

ဇာတ်ကောင်မိတ်ဆက်
Part - 1 ( Uni + ZG)
Part - 2 (Uni + ZG)
Part - 3 ( Uni + ZG )
Part - 4 ( Uni + ZG)
Part - 5 ( Uni + ZG)
Part - 6 ( Uni + ZG )
Part -7 (Uni + ZG)
Part - 8 ( Uni + ZG)
Part - 9 ( Uni + ZG)
Second Fic
Part - 10 ( Uni + ZG )
Part - 11 (Uni + ZG)
Part - 12 (Uni + ZG)
Part - 14 ( Uni + ZG)
Part - 15 ( Uni + ZG )
Part -16 (Uni + ZG)
Part -17 (Uni +ZG)🔞🔞
Part - 18 ( Uni + ZG)
Part - 19 ( Uni + ZG)
Part - 20 ( Uni + ZG) 🔞🔞 End

Part - 13 (Uni + ZG)

4.3K 353 1
By chanchanoz

Uni

" ကိုကို့ "

ရင်ခွင်ထဲသို့ တိုးကာ ကပ်ချွဲနေသော
ကြောင်ပေါက်လေးကဲ့သို့ လူသားလေးက
နှုတ်ခမ်းလေးထော်ကာခေါ်တော့
ဒီက ယောကျ်ားက ထူးရအုံးမည်ပင်...

" ဗျာ "

" အဲ့ အမကြီးနဲ့ကိုကိုက ဘာတွေလဲ
ရည်းစားဟောင်းတွေလား "

မာယာနဲ့ ကို့အကြောင်းမေးလာသောကောင်လေး
ဘယ်အရာကိုမှမညာချင် အမှန်တိုင်းသာ
ပွင့်ပွင့်လင်းလင်း ပြောပြထားချင်သောကြောင့်...

" အဲ့လိုလဲမဟုတ်ဘူး
ကိုကို အထက်တန်းတုန်းက
သူ့ကိုကြိုက်ဖူးတာ ဒါပေမဲ့

ဖွင့်မပြောခဲ့ဘူး
အထက်တန်းပြီးတော့
သူက နိုင်ငံခြားမှာကျောင်းသွားတက်တာ
ဟိုတလောကမှ ပြန်လာပြီး ကိုကို့ ကုမ္ပဏီ မှာ
ရှယ်ယာ ဝင်ချင်တယ်ဆိုလို့ စီစဉ်ပေးနေတာ "

ငြိမ်ပြီးနားထောင်နေသော
ကောင်လေးထံမှ မေးလာသောစကားက

" ကိုကို သူ့ကို အရမ်းချစ်တာလား "

" ကိုကိုမသိဘူး
အဲ့တုန်းက စိတ်ကစားခဲ့တာနေမှာပါ " လို့ဖြေလိုက်တော့ ထပ်မေးလာတယ်

" ကိုကို သူ့ကို ချစ်နေသေးလား " တဲ့လေ

အော်....ကလေးရယ် သူ့ကိုသာ ချစ်နေသေးရင်
ဒီကလေးလေးကို မရမက ယူထားပါ့အုံးမလား
ကိုကို စိတ်ကစားခဲ့ရုံပါ.....

" ဟင့်အင်း " ဆိုတော့မှ ပြုံးသွားကာ
ရင်ခွင်ထဲ ထပ်တိုးဝင်လာသော ကလေးလေး

" ကိုကို သူနဲ့ မပတ်သတ်နဲ့တော့ "

" ဟင်! သူနဲ့က အလုပ် လုပ်နေတာလေကလေးရဲ့ "

" ကိုကိုပဲ ဘာလုပ်ပေးရ ပေးရဆို
သားအဲ့တာပဲ လိုချင်တာ ကိုကို
သူနဲ့မပတ်သတ်နဲ့ သားမကြိုက်ဘူး "

တဇွတ်ထိုးဆန်သောကလေး
ကလေး ပျော်ဖို့ရာ ကိုကို အကုန်လုပ်ပေးမှာ

သို့ပေမဲ့ သူနဲ့က မပတ်သတ်လို့မရဘူးကလေး
သူ့ Dad က ကုမ္ပဏီ ရဲ့ ရှယ်ယာ % အများဆုံးသူ...

တောင်းပန်ပါတယ် ကိုကို
ကလေးကို မုသားသုံးရတော့မယ်.....

" ဟုတ်ပါပြီဗျာ
ဒီက ပူတူတူးလေး သဘောပါ "

"ဟီး... ဒါမှ ကျွန်တော့်ယောကျ်ားဗျ မွမွ "

အစွယ်လေးတွေပေါ်သည်ထိပြုံးကာ
ပါးကို လာနမ်းသောကောက်ငယ်လေးကြောင့်
ဟိန်းလေးတို့ ရင်ခုန်ရပြန်သည်.......

ထုံးစံအတိုင်း ပုံပြင်ပြောချော့သိပ်ကာ

" Good Night ပူတူးလေး "
နှဖူးလေးကိုနမ်းကာ ပြောလိုက်တော့

" Good Night ကိုကို " ဆိုပြီး ပြန်ပြောတဲ့
ကောင်ငယ်လေး ချစ်လွန်းလို့ ရင်ခွင်ထဲဆွဲထည့်ကာ
အိပ်စက်ခြင်းဆီသို့..........

//////////////////////////////////////////

2 weeks later တနင်္ဂနွေနေ့.........

" ကိုကိုရေ ကိုကိုရေ
ထပါတော့ဆို လူဆိုးကြီးရေ "

မျက်လုံးပြူးပြဲကာ နာရီကြည့်လိုက်တော့
မနက် 7 နာရီ ပဲထိုးသေးသည်

" အာ အစောကြီး ပူတူးရယ် ...
ကိုကို အိပ်ချင်သေးတယ်ကွာ "

" မရဘူးကွာ ထ ထလို့
သားကို အပြင်လိုက်ပို့ "

အပြင် လိုက်ပို့ဟူသောစကားကြောင့်
မျက်လုံးပြူး သွားရသည်...

ညားတာပင် 2 လကျော်ပြီ
အခုလို အပြင်ပို့ခိုင်းတာ ဘာညာမရှိပေ

" ဘာလုပ်မလို့လဲ ကလေးရဲ့
ဘယ်သွားမလို့လဲ "

" သားဝယ်စရာရှိလို့ လိုက်ပို့ပါနော်
ကိုကို့ နော်နော်... နော်လို့ "

" ဟုတ်ပါပြီဗျ
ကိုကိုနည်းနည်းအိပ်အုံးမယ် ကွာနော် "

ဟင်း....အိပ်ပုတ်ကြီး
" 5min ပဲရမယ် သားရေချိုးပြီးရင်
ထရမယ်နော် ကြားလား "

" ဟုတ်......"

သဘက်ခါ ကိုကို့မွေးနေ့လေ
ကိုယ့်မွေးနေ့တောင် ကိုယ်သတိရရဲ့လားမသိ

ဘာဝယ်ပေးရင်ကောင်းမလဲ? ?????
စဉ်းစားရင်း Center ထဲ လှည့်ပတ်ကြည့်နေမိသည်

" ပူတူးလေး "

အနောက်မှ ကိုကို့ရဲ့ခေါ်သံကြောင့်
လူတောင် တုန်သွားရသည်...
သူမသိအောင် ဝယ်ရမည်မဟုတ်လား

" ဗျာ ကိုကို့ "

" ကိုကို သန့်စင်ခန်းသွားချင်လို့
ကလေး ကျန်ခဲ့လို့အဆင်ပြေလား "

အာ...ဟ ရာသီဥတုကကိုယ့်ဘက်မှာလေ
ရတာပေါ့ ယောကျ်ားရယ် ဟဲဟဲ....

" ဟုတ် ကိုကို့ ရပါတယ်
သားဒီမှာပဲစောင့်နေမယ်နော် "

" အဝေးကြီးမသွားနဲ့နော် ပူတူးလေး "

" ဟုတ်ကဲ့ " ဟု ခေါင်းညိမ့်ကာ
ရယ်ပြလိုက်ရင်း မျက်လုံးက ရှေ့က
နာရီဆိုင်ကို ရောက်သွားသည်....

" ဝါး! မိုက်လိုက်တာ "

" မင်္ဂလာပါရှင် ဘယ်ဟာလေးများ
အလိုရှိပါသလဲ ရှင်"

" ဒါလေးအမ "

" ဟုတ်ကဲ့ ဒါလေးက *** တံဆိပ်ပါရှင့်
ရေစိုခံတယ် ရေထဲ 20 hours ထားရင်တောင်
ရေမဝင်ပါဘူးရှင့် ဒါလေးက Couple ပဲလာပါတယ်
ဈေးနှုန်းလေးကတော့ ** သိန်းကျပ်တိတိပါရှင့် "

အရမ်းမိုက်တယ် ကိုကိုနဲ့ဆို အရမ်းလိုက်မှာ
ဒါလေးသာပတ်လိုက်ရင်..... အတွေးတို့နဲ့တင်
အရမ်းခန့်ညားလွန်းနေပြီပင်....

" ဟုတ်အမ ယူမယ်နော် "

" ဟုတ်ကဲ့ ဒီဘက်ကြွပါရှင့် "
--------

" ကလေး ဘာဝယ်မလဲ "

" ဝယ်ပြီးပြီ ကိုကို့ "

" အမ် !
ဘယ်တုန်းက ဝယ်လိုက်တာလဲ "

" ကိုကို ရှူးသွားပေါက်တုန်းက
ဟီး............. "

" ဘာဝယ် တာလဲ "

" မပြောပါဘူး  "

ဘယ်ပြောလို့ဖြစ်မလဲကိုကိုရာ
Suprise ကို မပြောဘူး သတ်ပစ်
ဟဲဟဲ....မသတ်ရဲတာသိလို့

" ဟွန်း! ညစ်ပတ်လေး "

////////////////////

အိမ်ရောက်တော့ အံစွဲ ဖွင့်ကာ
နာရီဘူးလေးကို ဖွက်ထားရသည်

ထမင်းစားပြီးကတည်းကပင်
အလုပ်ခန်းထဲတွင် အလုပ်လုပ်နေမိသည်မှာ
နာရီအနည်းငယ်ပင်ရှိလေပြီ ...

အကောင်ပေါက်လေးကတော့
ကုတင်ပေါ်မှာ ဂိမ်းဆော့ရင်းကျန်ခဲ့လေရဲ့

" ကိုကို.........."

ဟော လာပါပြီ ငချွဲလေး
ဘယ်လိုတွေချွဲအုံးမလဲ မသိ..

" ဗျား ဗျာ... "

အလုပ်ခုံတွင်ထိုင်နေသော
ကိုယ့်အပေါ်ကို ခွတက်လာသောကြောင့်
မျက်လုံးပင် ပြူ းသွားရလေသည်.....

" ဟင့် ! အိပ်ချင်လို့ "

" ကိုကို့ ပူတူတူးလေးက အိပ်ချင်နေပြီလား "

" အင်း " ဟု ဖြေပြီး
ဂျီတိုက်ကာ တွန့်နေသော ကိုယ်လုံးလေး

အကောင်ပေါက်ရေ
အန္တရာယ်ကို လက်ယက်ခေါ်နေတာလား
ဟိန်းလေး မနည်းပင်စိတ်ထိန်းထားရလေသည်....

" လာ အခန်းကို ပြန်ရအောင် "

" ဟင့်အင်းမပြန်ဘူး "

" အဲ့တာဆို ဘယ်လိုအိပ်မလဲ ကလေးလေးရဲ့ "

" ကိုကိုက သားကို
ချီပြီးလမ်းလျှောက်ချော့သိပ် "

" ကလေးလေးလားဟင်
ချွဲနေလိုက်တာများ ချစ်ဖို့တွေအရမ်းကောင်း "

" ကိုကို့ ကလေးလေးလေကွာ
မသိဘူးလား ပြော ပြော ပြော "

နှုတ်ခမ်းကိုထော်ကာ ဂျစ်တိုက်နေသော
ကောင်လေးအားအသည်းယားကာ
စိုက်ကြည့်နေမိသည်

" ကလေး "

" ဗျာ "

ကိုယ်စိုက်ကြည့်ပြီးခေါ်လိုက်တော့
ကိုယ့်မျက်နှာကို ကြည့်ကာ ထူးလာလေသည်

" ကိုကို ကလေးလေးကို နမ်းချင်တယ် "

" အင်း နမ်းလေ ကိုကို့ရဲ့ ရော့ "

နမ်းလေ ဟုပြောကာ ပါးဖောင်းပေးသော
ကောင်ငယ်လေးအား အချစ်ပိုရပြန်သည်

" ကိုကိုက အဲ့လိုပြောတာမဟုတ်ဘူး "

" ဟင်... ဘယ်လိုလဲ? ? "

ကြောင်အအ ကြည့်နေသော ကောင်ငယ်လေးအား
အသည်းယားလွန်း၍ နှုတ်ခမ်းကို နမ်းလိုက်မိသည်..

" ပြွတ်စ် ပြွတ်စ်.... "

အံ့သြ သွားသော ကောင်လေးမှာ
မျက်လုံး ပြူ းပြူးလေးဖြင့် ကြည့်နေသည်

အိစက်နေသော နှုတ်ခမ်းအထိအတွေ့လေးကြောင့်
မျက်လုံးမှိတ်ကာ စက္ကန့်တော်တော်ကြာနမ်းမိတော့

" အင့်...ဟင့်...
ကိုကို့.....အင့်....လွှတ်...အုံး "

လက်​သေး​သေး သွယ်သွယ် လေးတွေဖြင့်
ရင်ဘက်ကိုတွန်းကာ ရုန်းနေသော ကလေးကြောင့်
အသိစိတ်ကပ်ခါ ခွာပေးလိုက်သည် ။

" ပူ..ပူတူး "

စိတ်ဆိုးသွားတာများလားကွာ
နားတွေရဲကာ ခေါင်းငုံ့နေသောကောင်လေး
ရှက်သွားတာလား စိတ်ဆိုးသွားတာလား
မသိတော့ပေ ချော့ဖို့သာ အားယူနေရသည်..

" ပူတူးလေး "

ရှက်လိုက်တာ
ဘယ်လို မျက်နှာချင်းဆိုင်ရတော့မလဲ ဟင့်.......

" ဗျာ.... "

" စိတ်ဆိုးသွားတာလားဟင်
ခေါင်းမော့ပါအုံးကွာ ကိုကို တောင်းပန်ပါတယ် "

ဂါး....ဒီက ရှက်နေတာ လူဆိုးကြီးရဲ့
စိတ်ဆိုးစရာလား ဒီလောက်ကောင်းတာကို ဟိဟိ

" မ...မဆိုးပါဘူး "
ဟူး.....တော်ပါသေးရဲ့ အခုမှ အသက်ရှူရဲတော့တယ်

" ဒါဆို အိပ်တော့ မလား "

" ဟုတ် "

ကလေးပေါက်လေးကိုမချီကာ
အိပ်ခန်းထဲသို့ ပြန်လာခဲ့သည်။

ကိုကို လူဆိုးကြီးရဲ့ ရင်ခွင်ထဲခေါင်းအပ်ကာ
အိပ်ခန်းထဲသို့ ရောက်လာခဲ့တော့သည်
ရှက်လွန်းလို့ ခေါင်းပင်မဖော်ရဲ........

" ဟိုးရှေးရှေးတုန်းကတဲ့.. "

" ကိုကို့ "

ပုံပြင်ပြောခါနီး ရင်ခွင်ထဲက
အကောင်ပေါက်လေး ခေါ်သံကြောင့်
ငုံ့ကြည့်လိုက်တော့

" ထပ် နမ်းလို့ ရမလား "

" အမ် ! "

---------------------------

တန်းလန်းလေး😁
Double up နော်

❣ ချစ်သော ဦး ❣
လဲ up ထားတယ်နော် ဒီည ထပ် up အုံးမှာမို့
ဖတ်ကြပါအုံး 🙆

------------
ZawGyi

" ကိုကို့ "

ဒီက ယောက်ျားက ထူးရအုံးမည်ပင်...

" ဗျာ "

ရည်းစားဟောင်းတွေလား "


" အဲ့လိုလဲမဟုတ်ဘူး

ဖွင့်မပြောခဲ့ဘူး
အထက်တန်းပြီးတော့



" ကိုကိုမသိဘူး







တဇွတ်ထိုးဆန်သောကလေး



" ဟုတ်ပါပြီဗျာ
ဒီက ပူတူတူးလေး သဘောပါ "

"ဟီး... ဒါမှ ကျွန်တော့်ယောက်ျားဗျ မွမွ "



" Good Night ပူတူးလေး "

အိပ်စက်ခြင်းဆီသို့..........

//////////////////////////////////////////


" ကိုကိုရေ ကိုကိုရေ


" အာ အစောကြီး ပူတူးရယ် ...

" မရဘူးကွာ ထ ထလို့


ညားတာပင် 2 လကျော်ပြီ

ဘယ်သွားမလို့လဲ "


" ဟုတ်ပါပြီဗျ

ဟင်း....အိပ်ပုတ်ကြီး
ထရမယ်နော် ကြားလား "

" ဟုတ်......"



" ပူတူးလေး "

လူတောင် တုန်သွားရသည်...

" ဗျာ ကိုကို့ "


ရတာပေါ့ ယောက်ျားရယ် ဟဲဟဲ....

" ဟုတ် ကိုကို့ ရပါတယ်



" ဝါး! မိုက်လိုက်တာ "

အလိုရှိပါသလဲ ရှင်"

" ဒါလေးအမ "



" ဟုတ်အမ ယူမယ်နော် "

--------

" ကလေး ဘာဝယ်မလဲ "

" ဝယ်ပြီးပြီ ကိုကို့ "

" အမ် !

ဟီး............. "

" ဘာဝယ် တာလဲ "

" မပြောပါဘူး  "

ဟဲဟဲ....မသတ်ရဲတာသိလို့

" ဟွန်း! ညစ်ပတ်လေး "

////////////////////



အကောင်ပေါက်လေးကတော့

" ကိုကို.........."

ဟော လာပါပြီ ငချွဲလေး

" ဗျား ဗျာ... "


" ဟင့် ! အိပ်ချင်လို့ "


" အင်း " ဟု ဖြေပြီး

အကောင်ပေါက်ရေ


" ဟင့်အင်းမပြန်ဘူး "


" ကိုကိုက သားကို

" ကလေးလေးလားဟင်

" ကိုကို့ ကလေးလေးလေကွာ

စိုက်ကြည့်နေမိသည်

" ကလေး "

" ဗျာ "






" ဟင်... ဘယ်လိုလဲ? ? "


" ပြွတ်စ် ပြွတ်စ်.... "



" အင့်...ဟင့်...


" ပူ..ပူတူး "


" ပူတူးလေး "

ရှက်လိုက်တာ

" ဗျာ.... "



" မ...မဆိုးပါဘူး "

" ဒါဆို အိပ်တော့ မလား "

" ဟုတ် "




" ကိုကို့ "

ငုံ့ကြည့်လိုက်တော့

" ထပ် နမ်းလို့ ရမလား "

" အမ် ! "

---------------------------

တန်းလန်းလေး😁
Double up နော်

❣ ချစ်သော ဦး ❣
ဖတ်ကြပါအုံး 🙆

Continue Reading

You'll Also Like

2.7M 213K 105
"ခင်ဗျားက ဟီရိုးအင်းလိုပဲ မကောင်းမှန်းသိနေပေမဲ့လည်း လူကိုအရူးအမူး စွဲလမ်းစေတယ်" 19.2.2022 "ခငျဗြားက ဟီရိ...
54.5K 2.5K 66
ဦးဦး က ရုပ်ကြမ်းပြီးလူမိုက်ဆန်ပေမယ့် ဇံ့ကိုသိပ်ချစ်ရှာတာ။ (ရန်စောရ+ဇံကို) ဦးဦး က ရုပ်ကြမ်းပြီးလူမိုက်ဆန်ပေမယ့် ဇ့ံကိုသိပ်ချစ်ရှာတာ။ (ရန်စောရ+ဇံကို)...
2M 152K 80
လေနတ်သား၏အအေးဒဏ်မှချစ်ရသူအား ကာကွယ်ပေးလိုပါသော်လည်း ရင်ခွင်တံခါးမှတဆင့် ထိုလူသားလေးအပူဟပ်သွားမည်ကိုတော့ ကျွန်တော်စိုးရိမ်မိသည်။ လေနတ်သား၏အအေးဒဏ်မှခ...
504K 35.6K 112
HlxanNayyUniverse ဆက္ကဘုံလျှန် (Sakka Bxon Hlxan) နေးလက်ျာ (Nayy Lattyar) (Own Creation) Starting Date •• 24/9/2021 Ending Date •• 3/9/2024