❣ ခ်စ္မိသြားလို႔ ❣( ချစ်မိသွာ...

By chanchanoz

129K 8.1K 188

သဝန်တိုတာ ချစ်လို့ ❤ သဝန္တိုတာ ချစ်လို့ ❤ More

ဇာတ်ကောင်မိတ်ဆက်
Part - 1 ( Uni + ZG)
Part - 2 (Uni + ZG)
Part - 3 ( Uni + ZG )
Part - 4 ( Uni + ZG)
Part - 5 ( Uni + ZG)
Part - 6 ( Uni + ZG )
Part -7 (Uni + ZG)
Part - 8 ( Uni + ZG)
Part - 9 ( Uni + ZG)
Second Fic
Part - 10 ( Uni + ZG )
Part - 11 (Uni + ZG)
Part - 13 (Uni + ZG)
Part - 14 ( Uni + ZG)
Part - 15 ( Uni + ZG )
Part -16 (Uni + ZG)
Part -17 (Uni +ZG)🔞🔞
Part - 18 ( Uni + ZG)
Part - 19 ( Uni + ZG)
Part - 20 ( Uni + ZG) 🔞🔞 End

Part - 12 (Uni + ZG)

4.3K 353 4
By chanchanoz

Uni

"ကိုကို တောင်းပန်ပါတယ်
အထင်မလွဲပါနဲ့ ပူတူးရယ်" ဆိုသောစကားကိုသာ
ထပ်ခါထပ်ခါ ရေရွတ်မိရင်း အိမ်သို့ ပြန်ရောက်ရန်
သာ အာရုံထားနေမိသည်........

ခြံထဲ ရောက်သည်နှင့် ခေါ်လာသော နာမ်စားလေး

" ပူတူး ပူတူးလေးရေ "

"....." ဘာသံမှ မကြားရသောအခါ

အိမ် အောက်ထပ် အပေါ်ထပ်
အခန်းအစုံ မီးဖိုခန်း အစုံအစိ ရှာသော်လည်း
အရိပ်အယောင်ပင်မတွေ့ရ

ဆို့တက်လာသော စိတ်များ
ဝဲတက်လာသော မျက်ရည်
ပါးပြင်ပေါ်မကျပေမဲ့ ရင်ဘက်ထဲတွင်
ဘယ်လောက်တောင် ငိုနေတယ်ဆိုတာ
ကိုယ် ကိုယ်တိုင်သာ သိလေသည် ။

အိမ်ထဲမတွေ့၍ ခြံထဲသို့ ပြန်ထွက်လာခဲ့သည်
စိတ်ထဲရှုပ်ထွေးစွာ လှမ်းသောခြေလှမ်းများက
ပြာလဲ့နေသော ရေကန်ဆီသို့ ဦးတည်နေသည်...

အချိန်ကြည့်တော့ ညနေ 3 နာရီခွဲပြီ
နေ့ခင်း 12 ခွဲကတည်းက ဖြစ်သွားသောပြဿ      နာ
ထွက်ပြေးသွားသောကောင်ပေါက်လေး

မင်းဘယ်မှာလဲကွာ.......
စိတ်ထဲတွင်အော်မေးရင်း
နားထဲသို့ ဝင်လာသော ရှိုက်သံသဲ့သဲ့လေး

အသံလာရာဘက် တိတ်တ်ိတ်လေး
ရှာနေမိခဲ့တယ်........

တွေ့ပါပြီ ပန်းရုံဘေးမှာ
လူတစ်ရပ်စာအနည်းငယ်ကျော်တဲ့
ဆွယ်​တော်ပင်ကလေးကိုမှီကာ
ခွေခွေလေး အိပ်ပျော်နေသောကလေးငယ်

ရင်ခွင်ထဲက ဂျစ်ကလည်း ငြိမ်လို့
ပါးပြင်ပေါ်မှာ ကျနေဆဲမျက်ရည်စတွေ....

နာကျင်လာသော ဝဲဘက်ရင်အုံ
ငိုနေရင်း မော၍ အိပ်ပျော်သွားဟန်ရှိသည်...

အိပ်မောကျနေတဲ့
အကောင်ပေါက်ကလေးက ရှိုက်နေဆဲပင် ...

*ဘယ်လောက်တောင်
ငိုထားသလဲ ကလေးငယ်ရယ် * အကောင်ပေါက်လေးနား
ဖြည်းညင်းစွာသွားလိုက်ပြီး ဒူးထောက်ထိုင်ကာတိုးတိုးလေးရေရွတ်လိုက်သည်။

//////////////////////////////////////

ညနေ 5 နာရီ ______

" ဟင့်....ဟင့်... !"

"ပူတူး   နိုးပြီလား "

မေးသောအသံကြောင့်
မျက်လုံးများ ဖွင့်ကြည့်မိရာ
ဟို မုန်းစရာ လူဆိုးကြီးပင်....

" ကလေးလေး ပူတူတူးလေး  "

"......"

" ကိုကို ခေါ်နေတယ်လေကွာ "

" ပြော " လို့ ပြတ်သားစွာပြောလိုက်တော့
အနားတဖြည်းဖြည်း ကပ်လာတဲ့လူကြီး
မျက်နှာက ညှိုးငယ်နေတယ်

စိတ်မကြည်သေးသော
အကောင်ပေါက်လေးအနားသွားကာ
ကုတင်အောက် ဒူးထောက်ထိုင်ရင်း
သေးသွယ်တဲ့ လက်ကလေးတွေကို
ဆုပ်ကိုင်ကာ ညှင်သာစွာနမ်းရှိုက်လိုက်သည်။

" ကိုကို တောင်းပန်ပါတယ်ကလေးရယ်
အထင်မလွဲပါနဲ့တော့ တောင်းပန်ပါတယ် "

" တောင်းပန်ပါတယ်တဲ့လား
အဟက်....... ရယ်ရတယ်ဗျာ "

ကိုယ်ဆုပ်ကိုင်ထားတဲ့လက်ကို
အတင်း ရုန်းလွှတ်ကာ

" မိန်းမ တစ်ယောက်ရဲ့ ခန္ဓာကို
ယုယု ယယ ကိုင်ထားတဲ့လက်နဲ့
ကျွန်တော့်အသားကိုလာမထိနဲ့
မသတီဘူး "

စကားတွေတတ်လိုက်တာကလေးရယ်
ဒီလူသားရဲ့ နှလုံးသားကို နာကျင်အောင်
ပြောတတ်လိုက်တာ......

" မဟုတ်ပါဘူးပူတူးရယ် ကိုကို ရှင်းပြပါရေစေ "

"တော်ပြီ ကျွန်တော်ပင်ပန်းနေပြီ
အိပ်တော့မယ် ဒါကြောင့်.......
လာမနှောင့်ယှက်ပါနဲ့ "

" ကလေးထင်သလိုမဟုတ်ဘူးလေကွာ
ကိုကိုက သူ.."

ဖြေရှင်းချက် စကားပင်မဆုံးသေး
ထပ်ပြောလာသော ကလေးရဲ့စကားများက
ဓားတစ်စင်းကဲ့သို့ လူကိုသေစေနိုင်သည်

" ကျွန်တော်တို့က ချစ်လို့ယူထားကြတာမှမဟုတ်တာ
ဒါကြောင့်ရှင်းပြဖို့မလိုပါဘူးအချိန်တန်ရင် ကွဲကွာရမဲ့
လူတွေပဲလေ ဒါကြောင့်....တော်ပါတော့ "  တဲ့လေ

ဒီလူသားက မင်းကိုချစ်လွန်းလို့
မရမက ယူထားကတာ မင်းမှမသိပဲ
ကလေးငယ်ရယ်...........

နာကျင်လာသော ရင်အုံကိုဖိကာ
ကလေးငယ် အေးဆေး အိပ်ဖိ ု့ရန်
မနှောင့်ယှက်တော့ပဲ အတွေးများနဲ့
အခန်းထဲမှ ထွက်လာခဲ့သည်......

တခြားဘက်ခြမ်းလှည့်ကာ မျက်ရည်များကျရင်း
ရင်ထဲမှပြောနေသော ကောင်လေးတစ်ယောက်ရဲ့
စကားများကိုတော့ တစ်စုံတစ်ယောက်မှ
ကြားနိုင်မည် မဟုတ်..................

///////////////////////////////////////

ည 8 နာရီ--------

" ကိုကို တောင်းပန်ပါတယ် ကလေးငယ်
သူ ချော်ကျလို့ သွားလို့ ကိုကိုက
အမှတ်တမဲ့မို့ ထိန်းပေးမိသွားတာပါ

ကလေးလေးသာ မကြိုက်ရင်လေ
နောက်ကျ ဘယ်မိန်းကလေးမှ
ချော်ကျရုံမကလို့ ချော်လဲလို့သွားပဲခေါသွားသွား
လက်ပဲ ကျိုးကျိုး ခြေထောက်ပဲကွကွ

ကိုကို မထိန်းတော့ မကိုင်တော့ပါဘူး
ကိုကို့ကို ယုံပါကွာ ကိုကိုတောင်းပန်ပါတယ်
ကလေး ကျေနပ်တဲ့ထိ ဘာပဲလုပ်ပေးရ ပေးရ.."

အိပ်နေတယ်အထင်နဲ့ ရှင်းပြနေသော ထိုလူသား
ငိုသံများပါနေသောအသံကိုကြားရတာ
ရင်ထဲ နာကျင်လိုက်တာ ကိုကိုရယ်....

" တကယ်လား  "

" ဟင် ! ကလေး
ကလေးက အိပ်..အိပ်နေတာမဟုတ်ဘူးလား "

" အိပ်နေတာ မဟုတ်လို့
စကားပြန်ပြောတာပေါ့ "

"အဲ့တာဆို အဲ့တာဆို
ကိုကို့ကို ခွင့်လွှတ်လားဟင် "

ပျော်လွန်းလို့ စကားများပင်ထစ်သွားသည်..

" မသိသေးဘူး
အခုလောလောဆယ် ဗိုက်ဆာတယ် "

နှုတ်ခမ်းထော်ကာ ဗိုက်ဆာတယ်
​ပြောနေသောကောင်လေး ညနေက
သူမဟုတ်တဲ့အတိုင်းပင်...

" အဲ့တာဆို ရေချိုး
ကိုကို ထမင်းခူးထားလိုက်မယ် "

" ဟင့်အင်း သားကိုချီ " ဟုပြောကာ
လက်ကလေး ကမ်းပေးသောကလေးလေး

အသည်းယားလွန်း၍ ပါးလေးကို
"ရွှတ်" ကနဲနမ်းမိတော့

" ဟာ!  ဘာလုပ်တာလဲ "
" အသည်းယားလို့ "

ဟွန်း လူလည်ကြီး
ဒီထက် ကြာကြာပြစ်ထားရမှာ
သနားတာ စောသွားတယ်ကွာ...

" အသားယူဖို့ပဲ တွေးမနေနဲ့
ဘာလုပ်ပေးက ပေးကလို့ပြောတယ်နော်
အဲ့တာမှတ်ထား ဟွန်း "

" ဟုတ်ပါပြီဗျာ ပြောပါဗျ ဘာလုပ်ပေးကမလဲ "

" အဲ့တာနောက်မှပြောမယ်
အခုဗိုက်ဆာနေပြီ ရေချိုးတော့မယ် ချီ "

" ဟုတ်ကဲ့ပါဗျ "

အကောင်ပေါက်လေးအားချီကာ
သဘက်ယူပြီး ရေချိုးခန်းထဲလိုက်ပို့ရသည်
သွားတိုက်ဆေး ညှစ်ထည့်ပေး
ရေပူရေအေး စပ်ပေး၍ အောက်သို့
ထမင်းပွဲ ပြင်ရန် ဆင်းလာခဲ့သည်........

" ငိုကြွေးခြင်း " မပါလျှင်လည်း
" အချစ်"ဆိုတာ မပြည့်စုံပေ..............

-----------------------

အခါးကျွေးမိလို့  ​သွေ့ပုကျိ 😁🙏

နောက်အခန်း ဒချိမယ်

---------------------
ZawGyi

သာ အာရုံထားနေမိသည်........


" ပူတူး ပူတူးလေးရေ "

"....." ဘာသံမှ မကြားရသောအခါ


ဝဲတက်လာသော မျက်ရည်



မင်းဘယ်မှာလဲကွာ.......

အသံလာရာဘက် တိတ်တိတ်လေး
ရှာနေမိခဲ့တယ်........




အိပ်မောကျနေတဲ့

*ဘယ်လောက်တောင်

//////////////////////////////////////

ညနေ 5 နာရီ ______

" ဟင့်....ဟင့်... !"

"ပူတူး   နိုးပြီလား "

မေးသောအသံကြောင့်

" ကလေးလေး ပူတူတူးလေး  "

"......"



စိတ်မကြည်သေးသော


အဟက်....... ရယ်ရတယ်ဗျာ "

အတင်း ရုန်းလွှတ်ကာ

မသတီဘူး "

ပြောတတ်လိုက်တာ......


လာမနှောင့်ယှက်ပါနဲ့ "

ကိုကိုက သူ.."



ကလေးငယ်ရယ်...........


ကြားနိုင်မည် မဟုတ်..................

///////////////////////////////////////

ည 8 နာရီ--------





" တကယ်လား  "

" ဟင် ! ကလေး

" အိပ်နေတာ မဟုတ်လို့
စကားပြန်ပြောတာပေါ့ "

"အဲ့တာဆို အဲ့တာဆို


" မသိသေးဘူး


" အဲ့တာဆို ရေချိုး


"ရွှတ်" ကနဲနမ်းမိတော့

" ဟာ!  ဘာလုပ်တာလဲ "
" အသည်းယားလို့ "

ဟွန်း လူလည်ကြီး
သနားတာ စောသွားတယ်ကွာ...

အဲ့တာမှတ်ထား ဟွန်း "


" အဲ့တာနောက်မှပြောမယ်

" ဟုတ်ကဲ့ပါဗျ "



-----------------------


နောက်အခန်း ဒချိမယ်

.

Continue Reading

You'll Also Like

22.1M 657K 52
"Curiosity killed the kitty Miss Adams." My body stiffened. Slowly I turned around just to see Mr. Parker standing in front of me with hands in his...
2.4K 67 3
ဦးကုဋေလွန်းရဲ့ ထာဝရစေးကပ်လွန်းတဲ့ကော်ဗူးလေး ကုဋေလွန်း + ပိုင်ငြိမ်းသုတဟန်
54.7K 7.3K 110
မပိုင်း၄၅၆ကနေစပြီးဖတ်ပေးကြပါဦး
341K 18.6K 56
A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်းတာပဲ၊ ငါ့မေမေကပြောတယ်၊ အသက်ကြီးလို့ လက်ထ...