Zawgyi
ေယာက်္ားေလးတန္မဲ့ လစဥ္ျဖစ္ေနက်ကိစၥေတြမျဖစ္ေတာ့၍ေပ်ာ္မည္ရွိေသး။
ျကံုေတြ့လာရေသာကိစၥေျကာင့္ ရွင္သန္ခ်င္စိတ္ပင္ေပ်ာက္ဆံုးသြားမတတ္။
ဒီလိုမ်ိုးျဖစ္လာခဲ့ဖို့ဆိုရင္ေပ်ာ္ခဲ့မိမွာမဟုတ္ဘူးေလ။
ဒီလိုမ်ိုးသာ ျဖစ္လာခဲ့မယ္ဆိုရင္။
ဒါေပမယ့္ ေသျခင္းတရားကိုေရြးခ်ယ္ဖို့ရာလည္းအဲ့ေလာက္ထိသတၱိမရွိေသး။
ကိုယ္ဝန္မဟုတ္တာလည္းျဖစ္နိုင္တာပဲ။
အန္ေနရံုေလာက္နဲ့ေတာ့ ကိုယ္ဝန္လို့ေျပာလို့မရဘူးမဟုတ္လား။
ဒါေပမယ့္... ဒါေပမယ့္... ။
ရွုပ္ေထြးလွေသာ အေတြးမ်ားျကား ေရွာင္းက်န့္ကိုယ့္ဆံပင္ကိုယ္သာေဆာင့္ဆြဲမိေတာ့သည္။
"ဘယ္လိုလုပ္ရမလဲ
ဘယ္လိုလုပ္ရေတာ့မလဲ"
"ဘာျဖစ္လို့လဲ သခင္ေလး"
ရုတ္တရက္ေနာက္မွထြက္လာေသာ အသံေျကာင့္ ေရွာင္းက်န့္လန့္သြားျပီး ရင္ဘတ္ကိုဖိကိုင္လိုက္သည္။
"အားရင္"
"သခင္ေလး ေနမေကာင္းဘူးလား"
ေရွာင္းက်န့္ ေခါင္းအသာခါျပလိုက္သည္။
ျဖဴေလ်ာ့ေနေသာ နွုတ္ခမ္းပါးကမသိမသာတုန္ယင္ေနသည္။
"တကယ္ ေနမေကာင္းျဖစ္ေနတာပဲ
သမားေတာ္ေခၚလိုက္မလား သခင္ေလး"
"မေခၚဘူး"
"ဟုတ္ ဟုတ္ကဲ့ပါ
အဲ့တာဆို"
"ခဏေလး.."
"...."
"တစ္ခုေလာက္ကူညီေပးပါ အားရင္"
"ဟုတ္ကဲ့ သခင္ေလး"
"သမားေတာ္ ေခၚတာမဟုတ္ဘဲရွာေပးပါ
တိတ္တဆိတ္ျပလို့ရမယ့္ သမားေတာ္
နွုတ္လံုမယ့္ သမားေတာ္"
"ရွင္"
ခ်ိုးရင္တစ္ခဏေျကာင္အစြာ ရပ္ေနျပီးမွ အျမန္ေခါင္းညိတ္လိုက္သည္။
"ဟုတ္ကဲ့ပါ သခင္ေလး"
ခ်ိုးရင္ထြက္သြားသည္နွင့္ ေရွာင္းက်န့္ ဝမ္ရိေပၚသူ့ကိုေပးထားေသာ ေရြွစမ်ားကိုအျမန္ျပန္ရွာသည္။
အရင္က အသံုးမလိုေသာေျကာင့္ ျပစ္ထားခဲ့ေသာ္လည္း ယခုေတာ့ တကယ္လိုအပ္ခ်ိန္ကိုေရာက္လာခဲ့ျပီ။
စိတ္ကူးထားသည္က ဒီေန့ရိေပၚနန္းေတာ္ကိုေရာက္လာျပီး ဝမ္ရိေပၚဆီမွာသက္ေသကိုရွင္းျပလိမ့္မည္။
အျပစ္မရွိေျကာင္းရွင္းလင္းသြားလ်ွင္ ဝမ္ရိေပၚကိုတတ္နိုင္သေလာက္နွစ္သိမ့္ျပီး ရိေပၚနွင့္ျပန္လိုက္သြားမည္။
သို့ေပမယ့္ အေျခအေနကယခုလိုျဖစ္လာေတာ့ လမ္းဆံုးကိုေရာက္သြားသလိုခံစားရသည္။
"ကိုယ္ဝန္ပါ သခင္ေလး
ကိုယ္ဝန္ရွိေနတာဟုတ္ပါတယ္"
ေရွာင္းက်န့္ ေခါင္းတစ္ခုလံုးဟင္းလင္ျပင္ျဖစ္သြားျပီး မ်က္နွာကပိုျဖူဆုတ္သြားသည္။
လွဲေနရာမွ အျမန္ထထိုင္လိုက္ေတာ့ သမားေတာ္ကဂရုတစိုက္တြဲထူသည္။
"ျဖည္းျဖည္း သခင္ေလး
လနုေသးေပမယ့္ ျမန္ျမန္လွုပ္ရွားတတ္တာေတြကိုသတိျပဳရပါမယ္
ကိုယ္ဝန္က နွစ္.."
"မေျပာပါနဲ့!"
".... "
"ေက်းဇူးျပုျပီး ဘယ္နွလရွိျပီလဲဆိုတာကိုမေျပာပါနဲ့"
"ဘာျဖစ္လို့.."
"စမ္းသပ္ေပးလို့ ေက်းဇူးတင္ပါတယ္
ဒီကိစၥကိုဘယ္သူမွမသိပါေစနဲ့
နွုတ္လံုလိမ့္မယ္လို့္ ေမ်ွာ္လင့္ပါတယ္"
လက္ထဲမွ ေရြွစထုတ္ကိုခ်ခဲ့ျပီး ေရွာင္းက်န့္ထိုေနရာမွအျမန္ထြက္လာခဲ့သည္။
"ရိေပၚရဲ့ကေလးပဲ
ဒီကေလးကရိေပၚရဲ့ကေလးပဲျဖစ္ရမွာ
ဟုတ္တယ္ ရိေပၚရဲ့ကေလးပဲ
ကိုယ္ဝန္ကသံုးလျဖစ္ျပီးဒီကေလးကရိေပၚရဲ့ကေလး"
ေရွာင္းက်န့္ ဗိုက္ကိုအုပ္ကိုင္ျပီး ေခါင္းကိုတသြင္သြင္ခါလိုက္သည္။
မူမမွန္ေသာ အေတြးမ်ားဝင္ေရာက္လာသည္ကိုေခါင္းမွအျမန္ေမာင္းထုတ္သည္။
ထို့ေနာက္ မိမိအေဆာင္သို့ျပန္လာခဲ့သည္။
.................................................
"ျကိုဆိုပါတယ္
က်န္းက်န္းမာမာနဲ့ျပန္ေရာက္လာတာပဲ"
ရိေပၚ ပလႅင္ကိုေမာ့ျကည့္ကာအရိုအေသေပးလိုက္သည္။
ေဘးမွ ရိေပၚနွင့္အတူလိုက္ပါလာေသာ ေကာင္မေလးကလည္း ရိေပၚနည္းတူပလႅင္ေပၚမွဝမ္ရိေပၚကိုအရိုအေသေပးသည္။
သူမမ်က္လံုးမ်ားကေတာ့ ပလႅင္ကိုေမာ့မျကည့္ရဲစြာမ်က္လြွာခ်ထားသည္။
"တာဝန္ေက်ခဲ့ပါတယ္
ဒါေပမယ့္ မင္းျပန္လာရမယ့္အခ်ိန္ကေနာက္တစ္ပတ္ေလာက္လိုေသးတယ္မဟုတ္ဘူးလား"
"က်ြန္ေတာ္ အေရးျကီးကိစၥတစ္ခုရွိလို့အျမန္ျပန္လာရတာပါ
က်ြန္ေတာ့္ပ်က္ကြက္မွုကို က်ြန္ေတာ္သိတာမို့လို့ မင္းျကီးဆီကဘာမွမေမ်ွာ္လင့္ထားပါဘူး
အဲ့အစား က်ြန္ေတာ္ရလာတဲ့ သက္ေသကိုရွင္းျပခြင့္ေပးပါ"
"သက္ေသ"
"ဟုတ္ပါတယ္"
"ဘယ္လိုအဓိပၸာယ္မရွိတဲ့သက္ေသလဲ"
ဝမ္ရိေပၚေဘးမွေကာင္မေလးကပါလာေသာ ေဆးထုတ္ကိုျဖည္ျပီး ေဆးလံုးမ်ားကိုျပသည္။
"ဒီေဆးေတြက က်ြန္မ ဆရာေလးဆီကဝယ္ဖူးတဲ့ေဆးေတြပါ
ဒီေဆးက ဘယ္လိုအႏၱရာယ္မ်ိဳးကိုမွမျဖစ္ေစဘူးဆိုတာ က်ြန္မအာမခံပါတယ္"
"အဟက္ ရုတ္တရက္ေပၚလာတဲ့သက္ေသနဲ့ ရုတ္တရက္ေပၚလာတဲ့ေဆးေတြ
ဒါက အခုခ်က္ခ်င္းထဖန္တီးလိုက္လို့ရတဲ့အရာေတြေလ
အဲ့တာေတြကို သက္ေသဆိုျပီးငါက ယံုေပးရမွာလား"
"အဲ့လိုမဟုတ္ပါဘူး
ဒီညီမေလးက ရုတ္တရက္န်န္းကုန္းျမို့ကိုအပို့ခံလိုက္ရတာပါ
က်ြန္ေတာ့္ဆီက ေဆးဝယ္ဖူးတာကိုနွုတ္ပိတ္ဖို့အတြက္ သူ့ဦးေလးကိုအျကပ္ကိုင္ျပီးတစ္ေယာက္ေယာက္ကျကံစည္တာ"
"ဟုတ္ပါတယ္ မင္းျကီး
အဲ့တုန္းက ဦးေလးဖိအားေပးခဲ့လို့ က်ြန္မန်န္းကုန္းျမို့ကိုသြားခဲ့ရတာပါ
အခု ဆရာေလးက သက္ေသလိုအပ္ေနတယ္ဆိုတာနဲ့ က်ြန္မဒီကိုအျမန္ဆံုးျပန္လာခဲ့တာ
ဆရာေလးေဆးက ဘာအႏၱရာယ္မွမရွိပါဘူး
က်ြန္မ အာမခံပါတယ္
အခုေသာက္ျပဆိုလည္း ရပါတယ္"
ေကာင္မေလးက ေခါင္းငံု့ကာရွင္းျပသည္။
ရိေပၚ ပလႅင္ရွိရာသို့ေမာ့ျကည့္လိုက္ေသာအခါ ေဒါသထြက္မွန္းသိသာေနေသာ မ်က္ဝန္းတစ္စံုနွင့္ဆံုသည္။
"ဒီေဆးေတြနဲ့ေကြ့ေဖးကိုေပးတဲ့ေဆးေတြက တူလားမတူလားဘယ္သူသိမွာလဲ
မင္းဆီမွာရွိတာ ဒီေဆးတစ္မ်ိဳးတည္းမွမဟုတ္တာ
မဟုတ္ဘူးလား"
"မင္းျကီး"
ရိေပၚ ေဒါသထြက္လာသည္။
ဒီဘုရင္က တမင္သက္သက္ေျဖရခက္ေအာင္ယုတ္မာေနမွန္းသိသာသည္။
"အဲ့တာဆို က်ြန္ေတာ္က အႏၱရာယ္ရွိတဲ့ေဆးေတြကိုတမင္ေပးခဲ့တယ္လို့ဆိုလိုခ်င္တာလား
က်ြန္ေတာ္က ဘာလို့အဲ့လိုလုပ္ရမွာလဲ
ျပီးေတာ့ အဲ့ေဆးကို က်ြန္ေတာ္စေပးခဲ့တာမဟုတ္ပါဘူး
နန္းေတာ္ကလူကအရင္ က်ြန္ေတာ့္ဆီကလာေတာင္း...."
ရိေပၚ ေျပာေနရင္း ထိုေန့ကိုျပန္အေတြးေပါက္သြားသျဖင့္ စကားရပ္သြားသည္။
"အာ ဟုတ္သားပဲ
ဘယ္လိုပဲေတြးေတြး ထူးဆန္းတယ္မွတ္ေနတာ
နန္းေတာ္ကလူက က်ြန္ေတာ့္ဆီကိုဘာအေျကာင္းနဲ့မွလာစရာမရွိဘူးထင္တာပဲ
မင္းျကီး ခိုင္းခဲ့တာလား"
"ဘာေျပာတယ္"
"က်ြန္ေတာ့္သက္ေသကိုမယံုဘူးဆိုရင္ အဲ့ေန့ကက်ြန္ေတာ့္ဆီကိုေရာက္လာတဲ့လူကို မင္းျကီးစစ္ေမးလိုက္ေလ
သူက နန္းေတာ္ကပဲကို
က်ြန္ေတာ့္ထက္ မင္းျကီးကပိုသိမွာေပါ့"
"နန္းေတာ္ထဲမွာ လူေပါင္းမေရတြက္နိုင္ေအာင္ရွိတယ္
မင္းဆီကိုသြားတဲ့လူကိုငါကဘယ္လိုလုပ္သိမွာလဲ"
"မင္းျကီး"
"ထားပါ
အဲ့လူကိုငါစံုစမ္းလိုက္မွာမို့လို့ မင္းတို့ျပန္လို့ရျပီ"
"ျမန္ျမန္ေလးေျဖရွင္းေပးဖို့ေတာင္းဆိုပါတယ္
က်ြန္ေတာ္ကဘာအင္အားမွမရွိဘူးဆိုေပမယ့္ က်ြန္ေတာ့္ဖက္မွာအမွန္တရားရွိေသးတယ္
မင္းျကီး ထပ္ျပီးမသိက်ိုးက်ြံလုပ္ေနဦးမယ္ဆိုရင္ က်ြန္ေတာ္တကယ္ အားလံုးကိုေဖာ္ထုတ္ေတာ့မွာ
ဒီနိုင္ငံရဲ့ဘုရင္က သူမ်ားအိမ္ေထာင္ဖက္ကိုအတင္းလုယူျပီး ကိုယ္လုပ္ေတာ္တင္ေျမွာက္ထားတယ္ဆိုတာ"
"မင္း ေျပာလို့ျပီးျပီလား"
"အဲ့တာဆို က်ြန္ေတာ္တို့ျပန္ပါေတာ့မယ္"
ရိေပၚ ေကာင္မေလးကိုေခၚျပီး အျပင္သို့ျပန္ထြက္လာခဲ့သည္။
ေကာင္မေလးမွာ ျဖစ္ပ်က္သြားေသာအေျခအေနမ်ားကိုနားမလည္နိုင္စြာ ေျကာင္အလ်က္ပင္ရိေပၚနွင့္အတူျပန္ထြက္လာခဲ့သည္။
"ေအးပါ
လုပ္ျကည့္ေပါ့
တစ္ခါေလာက္အဆံုးထိသြားျကည့္ျကတာေပါ့"
ဝမ္ရိေပၚ ဓားကိုဆြဲယူလိုက္ကာ ေဒါသတျကီးေပါက္ကြဲေတာ့သည္။
"ရိေပၚ ေျပာသြားတာေတြကအမွန္ပဲလား"
ခန္းမထဲသို့ဝင္လာေသာ ေရွာင္းက်န့္ကိုေတြ့ျပီး ဝမ္ရိေပၚဓားကိုလြွတ္ခ်ကာ ေရွာင္းက်န့္ဆီသို့အေျပးသြားလိုက္သည္။
"က်န့္"
"အမွန္ပဲလားလို့
ဒီလိုေတြျဖစ္လာဖို့ကို မင္းျကီးခိုင္းခဲ့တာလား"
"မဟုတ္ဘူး"
"အဲ့တာဆို ဘာျဖစ္လို့ ရိေပၚျပတဲ့သက္ေသကိုမယံုရတာလဲ
သူ အဲ့သက္ေသကိုရွာဖို့ ဘယ္ေလာက္ေတာင္အႏၱရာယ္မ်ားခဲ့တယ္ထင္လဲ
ျကားထဲ ဝမ္ကပါသူ့ကိုတိုက္ခိုက္လိုက္ေသးတယ္
ဒီေလာက္ဆိုရင္ ေက်နပ္သင့္ျပီမဟုတ္ဘူးလား
ဒီေလာက္ဆိုရင္ က်ြန္ေတာ္တို့ကိုလြွတ္ေပးသင့္ျပီမဟုတ္ဘူးလား"
ဝမ္ရိေပၚ ေခါင္းခါျပီး ေရွာင္းက်န့္ကိုဖက္လိုက္သည္။
"ကိုယ္ က်န့္ကို လံုးဝလက္မလြွတ္နိုင္ဘူး"
"က်ြန္ေတာ္ ခင္ဗ်ားကိုမုန္းတယ္"
"ကိုယ္ သိတယ္"
"အဲ့တာဆို က်ြန္ေတာ့္ကိုျပန္လြွတ္ေပးပါေတာ့"
"ဟင့္အင္း ကိုယ္ေသမွပဲရမယ္"
"ခင္ဗ်ား အျပစ္မရွိတဲ့လူေတြကိုအေျကာင္းမဲ့နွိပ္စက္ေနလို့ေတာ့မရဘူးေလ"
"သူ့သက္ေသကမခိုင္လံုဘူး"
"ခိုင္လံုရင္ေရာ ခင္ဗ်ားလက္ခံေပးမွာမို့လို့လား"
"...."
"က်ြန္ေတာ္တို့ ဘယ္လိုလုပ္မွခင္ဗ်ားလက္ကလြတ္ေျမာက္နိုင္မွာလဲ"
"ကိုယ့္ကိုသတ္နိုင္ခဲ့ရင္ေပါ့"
"ခင္ဗ်ားကတကယ္ေျကာက္ဖို့ေကာင္းတယ္"
"အင္း"
"က်ြန္ေတာ္ မလုပ္ရဲဘူးမထင္နဲ့
ရိေပၚဆီကိုေရာက္လာတဲ့လူက ခင္ဗ်ားခိုင္းလိုက္တဲ့လူမွန္းေသခ်ာရင္
ဒါေတြအားလံုးကိုျကံစည္ခဲ့တာ ခင္ဗ်ားမွန္းေသခ်ာရင္
က်ြန္ေတာ္ ခင္ဗ်ားကိုတကယ္သတ္မွာ"
"အင္း"
"ရူးေနတာလား ခင္ဗ်ား"
ေရွာင္းက်န့္ ဝမ္ရိေပၚရင္ခြင္မွထြက္လိုက္သည္။
"ဒီလိုေတြလုပ္ေနတာ မင္းျကီးအတြက္လည္းမေကာင္းပါဘူး
ေက်းဇူးျပဳျပီး မင္းျကီးကိုအျပည့္အဝခ်စ္ေပးနိုင္မယ့္သူတစ္ေယာက္ကိုသာရွာလိုက္ပါေတာ့
က်ြန္ေတာ့္ကိုလြတ္ေျမာက္ခြင့္ေပးပါေတာ့"
"လံုးဝပဲ"
ေရွာင္းက်န့္ သက္ျပင္းရွိုက္ျပီးသာ တစ္ဖက္သို့လွည့္လိုက္ေတာ့သည္။
"က်ြန္ေတာ္ ျပန္ေတာ့မယ္"
ထြက္ခြာသြားေသာေက်ာျပင္ကိုျကည့္ကာ ဝမ္ရိေပၚထိုအတိုင္းရပ္က်န္ခဲ့သည္။
မျကာမီ ကိုယ္ရံေတာ္ခ်န္းကေရာက္လာသည္။
"အဲ့ေကာင္က နွုတ္လံုရဲ့လားခ်န္း"
"လံုပါတယ္ မင္းျကီး"
"တကယ္လို့ ပါးစပ္ဟမယ့္အရိပ္အေယာင္ ဘာညာေတြ့ရင္တစ္ခါတည္းရွင္းထုတ္ထားလိုက္"
"အမိန့္ေတာ္အတိုင္းပါ မင္းျကီး"
"အင္း
ငါအခု စစ္ေဆးေရးရံုးကိုသြားမယ္"
...............................................................
"မ..မျဖစ္ပါဘူး သခင္ေလး
တကယ္လို့ မင္းျကီးသိသြားခဲ့ရင္ အားရင္ေခါင္းျဖတ္ခံရလိမ့္မယ္"
ခိ်ုးရင္ ျကားလိုက္ရေသာ စကားေျကာင့္ ေခါင္းကိုအသည္းအသန္ခါကာ ျငင္းျဖစ္သည္။
သို့ေပမယ့္ ေရွာင္းက်န့္က ခ်ိုးရင္ကိုဘာမွမျဖစ္ရေစေျကာင္း ကတိအထပ္ထပ္ေပးကာ ေတာင္းဆိုလာေသာေျကာင့္ ခ်ိုးရင္မျငင္းရက္ေတာ့သျဖင့္ ထိုေဆးမ်ားကိုဝယ္ေပးလိုက္သည္။
ညေရာက္ေတာ့ ေရွာင္းက်န့္ထိုေဆးမ်ားကိုဖြင့္ျကည့္သည္။
ထို့ေနာက္ ေသာက္ရမည့္ေဆးခြက္ကိုျပင္ျပီး ဗိုက္ကိုအုပ္ကိုင္လိုက္သည္။
"ငါ မင္းအတြက္စိတ္မေကာင္းပါဘူး ကေလးေလး"
ေရွာင္းက်န့္ ေဆးတစ္ခြက္လံုးကိုကုန္ေအာင္ေမာ့ခ်လိုက္သည္။
ခါးလြန္းသည့္ေဆးက တကယ္ကိုအဝင္ဆိုးလြန္းသည္။
"ဘာေတြေသာက္ေနတာလဲ"
'ခြမ္း'
ဝမ္ရိေပၚ အသံျကားလိုက္ရေသာေျကာင့္ ေရွာင္းက်န့္လက္ထဲကခြက္ကလြတ္က်သြားသည္။
"မင္း မင္းျကီး"
"က်န့္ ရရဲ့လား"
ဖန္ကြဲစမ်ားနားက ေရွာင္းက်န့္ကို ဝမ္ရိေပၚအျမန္ဆြဲေခၚလာျပီး ကုတင္ေပၚထိုင္ေစလိုက္သည္။
ထို့ေနာက္ ေရွာင္းက်န့္နွုတ္ခမ္းေထာင့္ ေပက်ံေနေသာေဆးရည္မ်ားကိုသုတ္ေပးသည္။
"ဘာလို့ အဲ့ေလာက္လန့္သြားရတာလဲ
ကိုယ့္ကိုအဲ့ေလာက္ေတာင္ ေျကာက္ေနျပီလား"
"အဲ့လိုမဟုတ္ပါဘူး"
"ေဆးေတြေသာက္ေနတာလား"
"ဟုတ္ ဟုတ္တယ္
က်ြန္ေတာ္ အခုတေလာအားနည္းေနတယ္ခံစားရတာနဲ့ အားေဆးေတြေသာက္ေနတာ"
ဝမ္ရိေပၚ ေရွာင္းက်န့္မ်က္နွာေလးကို လက္နွစ္ဖက္ျဖင့္ ပင့္ကိုင္လိုက္သည္။
"ဟုတ္သားပဲ
က်န့္မ်က္နွာေလးေခ်ာင္က်သြားတယ္
ကိုယ္ အခုတေလာသိပ္ဂရုမစိုက္မိလို့မ်ားလား
ကိုယ္ ေတာ္ဝင္သမားေတာ္ကို အားေဆးစပ္ခိုင္းလိုက္မယ္"
"အဲ့ေလာက္ထိလည္း မလိုပါဘူး"
"အဲ့ထက္ပိုျပီး လိုတာေပါ့"
ဝမ္ရိေပၚ ေရွာင္းက်န့္ ကိုရင္ခြင္ထဲဆြဲယူလိုက္သည္။
"ကိုယ္ ဒီ့ထက္အမ်ားျကီးပိုျပီးဂရုစိုက္ေပးပါ့မယ္
က်န့္ကိုအခ်ိန္ေတြအမ်ားျကီးေပးနိုင္ေအာင္လုပ္ပါ့မယ္"
"ဘာလို့ က်ြန္ေတာ့္ကိုမွလဲ
တစ္ျခားတစ္ေယာက္ကိုသာ ဝမ္ဒီလိုမ်ိုးဂရုစိုက္ေပးမယ္ဆိုရင္ ဝမ္သူ့ဆီကေသခ်ာေပါက္ျပန္အခ်စ္ခံရမွာကို
ဘာလို့ က်ြန္ေတာ့္ကိုမွလဲ"
"က်န့္မဟုတ္တဲ့ တစ္ျခားတစ္ေယာက္ကို ကိုယ္ဒီလိုမ်ိုးမလုပ္ေပးနိုင္လို့ေပါ့"
"...."
"အိပ္ျကေတာ့မလား"
"အင္း"
ေရွာင္းက်န့္ ကုတင္ေပၚမွဆင္းျပီး အဝတ္မ်ားကိုခ်ြတ္ခ်လိုက္သည္။
အတြင္းသားကိုေဖာက္ျမင္ေနရသည့္ အျဖဴေရာင္အပါးသားအက်ႌကိုသာခ်န္ထားခဲ့ေတာ့ ဝမ္ရိေပၚက မ်က္ခံုးတစ္ခ်က္ျမင့္တက္သြားျပီး ေရွာင္းက်န့္အနားသို့ေလ်ွာက္လာသည္။
"က်န့္ အားနည္းေနတယ္ဆို
ဒီညေစာေစာ အိပ္ရာဝင္လိုက္ျကတာေပါ့"
"ဟင့္အင္း"
ေရွာင္းက်န့္ ေအာက္နွုတ္ခမ္းကိုဖိကိုက္ျပီး ဝမ္ရိေပၚအက်ႌကိုလွမ္းခ်ြတ္လိုက္သည္။
*ေတာင္းပန္ပါတယ္ က်ြန္ေတာ္ ခင္ဗ်ားကေလးကိုမေမြးေပးနိုင္ဘူး*
ဝမ္ရိေပၚ ကထိုကိစၥတြင္အလြန္ျကမ္းသည္။
ထို့ေျကာင့္ အတူတူသာေနလိုက္လ်ွင္ ကေလးက ေဆးအကူအညီမလိုဘဲေတာင္ ပ်က္က်သြားနိုင္သည္။
ထိုအေတြးက ဦးေနွာက္ကိုအုပ္စိုးသြားေသာေျကာင့္ ေရွာင္းက်န့္ ရွည္ရွည္ေဝးေဝးမေတြးေတာ့ဘဲဝမ္ရိေပၚနွုတ္ခမ္းကိုအရင္စနမ္းလိုက္သည္။
ရရွိလာေသာအခြင့္အေရးကို ဝမ္ရိေပၚအမိအရဖမ္းယူျပီး ညစ္ညမ္းမွု သာယာမွုမ်ားနွင့္ေရာျပြန္းေနေသာအခ်စ္ခရီးစဥ္သို့ ေရွာင္းက်န့္ကိုဆြဲေခၚသြားေတာ့သည္။
ထိုမနက္ခင္းမွာ ေရွာင္းက်န့္ ကိုယ့္ကိုကိုယ္တစ္ခုခုျဖစ္သြားရန္ ေမ်ွာ္လင့္ထားခဲ့ေသာ္လည္းဘာမွျဖစ္မေန။
ထို့အျပင္ ပံုမွန္ေန့မ်ားထက္ပင္ပိုသက္ေသာင့္သက္သာရွိေနေသးသည္။
ညတုန္းကလည္း ဝမ္ရိေပၚကပံုမွန္ေန့မ်ားေလာက္ မျကမ္းဟုထင္သည္။
တစ္ခ်က္ညည္းညူျပီး ေရွာင္းက်န့္အိပ္ရာမွထထိုင္လိုပ္သည္။
ေစာင္ေအာက္ကကိုယ္ကိုငံု့ျကည့္လိုက္ေတာ့ ဘာမွေပက်ံမေနေတာ့ဘဲသန့္ရွင္းေနေျကာင္းေတြ့ရသည္။
ထိုအခ်ိန္မွာပဲ ဝမ္ရိေပၚကေရခ်ိုးခန္းမွထြက္လာသည္။
"နိုးျပီလား က်န့္"
"ဟုတ္ ဟုတ္ကဲ့"
ဝမ္ရိေပၚ အေပၚပိုင္းဗလာျဖင့္ေလ်ွာက္လာကာ ေရွာင္းက်န့္အနားဝင္ထိုင္ျပီး ေရွာင္းက်န့္ပါးျပင္ကိုတစ္ခ်က္နမ္းသည္။
"အိပ္ခ်င္ရင္ ထပ္အိပ္ဦးေလ
ကိုယ္သန့္ရွင္းေပးထားတယ္"
"မအိပ္ေတာ့ပါဘူး
က်ြန္ေတာ္ ထေတာ့မွာ"
"အင္း
ဒါနဲ့ က်န့္နည္းနည္းဝလာသလိုပဲေနာ္"
"ဟင္"
"အာ ကိုယ္ေျပာခ်င္တာက က်န့္မ်က္နွာကေခ်ာင္က်သြားတာဟုတ္ေပမယ့္ ဗိုက္ေလးနည္းနည္းထြက္လာသလားလို့"
ေရွာင္းက်န့္ မ်က္လံုးမ်ားက ဇီးကြက္မ်က္လံုးမ်ားပမာျပူးက်ယ္သြားသည္။
ဝမ္ရိေပၚက ဗိုက္ေပၚလက္လာတင္ေတာ့ ေရွာင္းက်န့္ေနာက္သို့ဆုတ္လိုက္သည္။
"အဲ့ အဲ့တာက က်ြန္ေတာ္အားေဆးေတြေသာက္ေနလို့ျဖစ္မယ္"
"ကိုယ္ကဒီတိုင္းေမးျကည့္တာပါ
ကိုယ္ဒီလိုေျပာလို့ဆိုျပီးအစားေလ်ွာ့မစားနဲ့ေနာ္
ဝဝ ပိန္ပိန္ အားရွိဖို့ကအေရးျကီးတယ္"
"ဟုတ္ ဟုတ္ကဲ့"
ဝမ္ရိေပၚ က ေရွာင္းက်န့္အနားသို့ပိုကပ္လာသည္။
"ျပီးေတာ့ မေန့ညကလုပ္ရတာအရမ္းေကာင္းတယ္
က်န့္ အျမဲတမ္းအဲ့လိုေလးတံု့ျပန္ေပးရင္ေကာင္းမွာပဲ"
ေပါက္ထြက္မတတ္ပူတက္လာေသာမ်က္နွာေျကာင့္ ေရွာင္းက်န့္ ေစာင္ကိုေခါင္းထိဆြဲျခံုလိုက္သည္။
"က်ြန္ေတာ္ ျပန္အိပ္ဦးမယ္"
ဝမ္ရိေပၚ ေစာင္ကိုျကည္္ျ့ပီးျပံုးသာျပံုးေနေတာ့သည္။
...................................
ေရွာင္းက်န့္ ဥယ်ာဥ္ေတာ္ေဘးကတံတားေပၚသို့လမ္းေလ်ွာက္ထြက္လာသည္။
တစ္ပတ္နီးပါးအထိ ထိုေဆးကိုေန့တိုင္းေသာက္ေသာ္လည္း ဗိုက္ကဘာမွထူးထူးျခားျခားလကၡဏာမျပ။
ဗိုက္ထဲက ကေလးအတြက္စိတ္မေကာင္းျဖစ္မိေပမယ့္ သူကေတာ့ထိုကေလးကိုမေမြးနိုင္။
ထိုဗိုက္ျကီးနွင့္ရိေပၚဆီျပန္သြားဖို့ရာ သူအဲ့ေလာက္ထိအတင့္မရဲနိုင္ေသး။
ထိုအခ်ိန္ တံတားေအာက္ကိုငံု့ျကည့္မိသြားေတာ့ အေတြးတစ္ခုကေခါင္းထဲေပၚလာသည္။
ဒီအျမင့္အေနအထားအတိုင္းသာဆို ခုန္ခ်လိုက္လ်ွင္... ။
ေတြးမိသည္နွငိ့တစ္ျပိုင္နက္ ေရွာင္းက်န့္ခုန္ခ်ရန္ေျခလွမ္းျပင္လိုက္သည္။
"ေတာင္းပန္ပါတယ္ ကေလးေရ"
ေရွာင္းက်န့္ မ်က္လံုးစံုမွိတ္ျပီးသာ ခုန္ခ်လိုက္ေတာ့သည္။
...............................................
. ..........................................................
Unicode
ယောကျ်ားလေးတန်မဲ့ လစဉ်ဖြစ်နေကျကိစ္စတွေမဖြစ်တော့၍ပျော်မည်ရှိသေး။
ကြုံတွေ့လာရသောကိစ္စကြောင့် ရှင်သန်ချင်စိတ်ပင်ပျောက်ဆုံးသွားမတတ်။
ဒီလိုမျိုးဖြစ်လာခဲ့ဖို့ဆိုရင်ပျော်ခဲ့မိမှာမဟုတ်ဘူးလေ။
ဒီလိုမျိုးသာ ဖြစ်လာခဲ့မယ်ဆိုရင်။
ဒါပေမယ့် သေခြင်းတရားကိုရွေးချယ်ဖို့ရာလည်းအဲ့လောက်ထိသတ္တိမရှိသေး။
ကိုယ်ဝန်မဟုတ်တာလည်းဖြစ်နိုင်တာပဲ။
အန်နေရုံလောက်နဲ့တော့ ကိုယ်ဝန်လို့ပြောလို့မရဘူးမဟုတ်လား။
ဒါပေမယ့်... ဒါပေမယ့်... ။
ရှုပ်ထွေးလှသော အတွေးများကြား ရှောင်းကျန့်ကိုယ့်ဆံပင်ကိုယ်သာဆောင့်ဆွဲမိတော့သည်။
"ဘယ်လိုလုပ်ရမလဲ
ဘယ်လိုလုပ်ရတော့မလဲ"
"ဘာဖြစ်လို့လဲ သခင်လေး"
ရုတ်တရက်နောက်မှထွက်လာသော အသံကြောင့် ရှောင်းကျန့်လန့်သွားပြီး ရင်ဘတ်ကိုဖိကိုင်လိုက်သည်။
"အားရင်"
"သခင်လေး နေမကောင်းဘူးလား"
ရှောင်းကျန့် ခေါင်းအသာခါပြလိုက်သည်။
ဖြူလျော့နေသော နှုတ်ခမ်းပါးကမသိမသာတုန်ယင်နေသည်။
"တကယ် နေမကောင်းဖြစ်နေတာပဲ
သမားတော်ခေါ်လိုက်မလား သခင်လေး"
"မခေါ်ဘူး"
"ဟုတ် ဟုတ်ကဲ့ပါ
အဲ့တာဆို"
"ခဏလေး.."
"...."
"တစ်ခုလောက်ကူညီပေးပါ အားရင်"
"ဟုတ်ကဲ့ သခင်လေး"
"သမားတော် ခေါ်တာမဟုတ်ဘဲရှာပေးပါ
တိတ်တဆိတ်ပြလို့ရမယ့် သမားတော်
နှုတ်လုံမယ့် သမားတော်"
"ရှင်"
ချိုးရင်တစ်ခဏကြောင်အစွာ ရပ်နေပြီးမှ အမြန်ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့ပါ သခင်လေး"
ချိုးရင်ထွက်သွားသည်နှင့် ရှောင်းကျန့် ဝမ်ရိပေါ်သူ့ကိုပေးထားသော ရွှေစများကိုအမြန်ပြန်ရှာသည်။
အရင်က အသုံးမလိုသောကြောင့် ပြစ်ထားခဲ့သော်လည်း ယခုတော့ တကယ်လိုအပ်ချိန်ကိုရောက်လာခဲ့ပြီ။
စိတ်ကူးထားသည်က ဒီနေ့ရိပေါ်နန်းတော်ကိုရောက်လာပြီး ဝမ်ရိပေါ်ဆီမှာသက်သေကိုရှင်းပြလိမ့်မည်။
အပြစ်မရှိကြောင်းရှင်းလင်းသွားလျှင် ဝမ်ရိပေါ်ကိုတတ်နိုင်သလောက်နှစ်သိမ့်ပြီး ရိပေါ်နှင့်ပြန်လိုက်သွားမည်။
သို့ပေမယ့် အခြေအနေကယခုလိုဖြစ်လာတော့ လမ်းဆုံးကိုရောက်သွားသလိုခံစားရသည်။
"ကိုယ်ဝန်ပါ သခင်လေး
ကိုယ်ဝန်ရှိနေတာဟုတ်ပါတယ်"
ရှောင်းကျန့် ခေါင်းတစ်ခုလုံးဟင်းလင်ပြင်ဖြစ်သွားပြီး မျက်နှာကပိုဖြူဆုတ်သွားသည်။
လှဲနေရာမှ အမြန်ထထိုင်လိုက်တော့ သမားတော်ကဂရုတစိုက်တွဲထူသည်။
"ဖြည်းဖြည်း သခင်လေး
လနုသေးပေမယ့် မြန်မြန်လှုပ်ရှားတတ်တာတွေကိုသတိပြုရပါမယ်
ကိုယ်ဝန်က နှစ်.."
"မပြောပါနဲ့!"
".... "
"ကျေးဇူးပြုပြီး ဘယ်နှလရှိပြီလဲဆိုတာကိုမပြောပါနဲ့"
"ဘာဖြစ်လို့.."
"စမ်းသပ်ပေးလို့ ကျေးဇူးတင်ပါတယ်
ဒီကိစ္စကိုဘယ်သူမှမသိပါစေနဲ့
နှုတ်လုံလိမ့်မယ်လို့် မျှော်လင့်ပါတယ်"
လက်ထဲမှ ရွှေစထုတ်ကိုချခဲ့ပြီး ရှောင်းကျန့်ထိုနေရာမှအမြန်ထွက်လာခဲ့သည်။
"ရိပေါ်ရဲ့ကလေးပဲ
ဒီကလေးကရိပေါ်ရဲ့ကလေးပဲဖြစ်ရမှာ
ဟုတ်တယ် ရိပေါ်ရဲ့ကလေးပဲ
ကိုယ်ဝန်ကသုံးလဖြစ်ပြီးဒီကလေးကရိပေါ်ရဲ့ကလေး"
ရှောင်းကျန့် ဗိုက်ကိုအုပ်ကိုင်ပြီး ခေါင်းကိုတသွင်သွင်ခါလိုက်သည်။
မူမမှန်သော အတွေးများဝင်ရောက်လာသည်ကိုခေါင်းမှအမြန်မောင်းထုတ်သည်။
ထို့နောက် မိမိအဆောင်သို့ပြန်လာခဲ့သည်။
.................................................
"ကြိုဆိုပါတယ်
ကျန်းကျန်းမာမာနဲ့ပြန်ရောက်လာတာပဲ"
ရိပေါ် ပလ္လင်ကိုမော့ကြည့်ကာအရိုအသေပေးလိုက်သည်။
ဘေးမှ ရိပေါ်နှင့်အတူလိုက်ပါလာသော ကောင်မလေးကလည်း ရိပေါ်နည်းတူပလ္လင်ပေါ်မှဝမ်ရိပေါ်ကိုအရိုအသေပေးသည်။
သူမမျက်လုံးများကတော့ ပလ္လင်ကိုမော့မကြည့်ရဲစွာမျက်လွှာချထားသည်။
"တာဝန်ကျေခဲ့ပါတယ်
ဒါပေမယ့် မင်းပြန်လာရမယ့်အချိန်ကနောက်တစ်ပတ်လောက်လိုသေးတယ်မဟုတ်ဘူးလား"
"ကျွန်တော် အရေးကြီးကိစ္စတစ်ခုရှိလို့အမြန်ပြန်လာရတာပါ
ကျွန်တော့်ပျက်ကွက်မှုကို ကျွန်တော်သိတာမို့လို့ မင်းကြီးဆီကဘာမှမမျှော်လင့်ထားပါဘူး
အဲ့အစား ကျွန်တော်ရလာတဲ့ သက်သေကိုရှင်းပြခွင့်ပေးပါ"
"သက်သေ"
"ဟုတ်ပါတယ်"
"ဘယ်လိုအဓိပ္ပာယ်မရှိတဲ့သက်သေလဲ"
ဝမ်ရိပေါ်ဘေးမှကောင်မလေးကပါလာသော ဆေးထုတ်ကိုဖြည်ပြီး ဆေးလုံးများကိုပြသည်။
"ဒီဆေးတွေက ကျွန်မ ဆရာလေးဆီကဝယ်ဖူးတဲ့ဆေးတွေပါ
ဒီဆေးက ဘယ်လိုအန္တရာယ်မျိုးကိုမှမဖြစ်စေဘူးဆိုတာ ကျွန်မအာမခံပါတယ်"
"အဟက် ရုတ်တရက်ပေါ်လာတဲ့သက်သေနဲ့ ရုတ်တရက်ပေါ်လာတဲ့ဆေးတွေ
ဒါက အခုချက်ချင်းထဖန်တီးလိုက်လို့ရတဲ့အရာတွေလေ
အဲ့တာတွေကို သက်သေဆိုပြီးငါက ယုံပေးရမှာလား"
"အဲ့လိုမဟုတ်ပါဘူး
ဒီညီမလေးက ရုတ်တရက်နျန်းကုန်းမြို့ကိုအပို့ခံလိုက်ရတာပါ
ကျွန်တော့်ဆီက ဆေးဝယ်ဖူးတာကိုနှုတ်ပိတ်ဖို့အတွက် သူ့ဦးလေးကိုအကြပ်ကိုင်ပြီးတစ်ယောက်ယောက်ကကြံစည်တာ"
"ဟုတ်ပါတယ် မင်းကြီး
အဲ့တုန်းက ဦးလေးဖိအားပေးခဲ့လို့ ကျွန်မနျန်းကုန်းမြို့ကိုသွားခဲ့ရတာပါ
အခု ဆရာလေးက သက်သေလိုအပ်နေတယ်ဆိုတာနဲ့ ကျွန်မဒီကိုအမြန်ဆုံးပြန်လာခဲ့တာ
ဆရာလေးဆေးက ဘာအန္တရာယ်မှမရှိပါဘူး
ကျွန်မ အာမခံပါတယ်
အခုသောက်ပြဆိုလည်း ရပါတယ်"
ကောင်မလေးက ခေါင်းငုံ့ကာရှင်းပြသည်။
ရိပေါ် ပလ္လင်ရှိရာသို့မော့ကြည့်လိုက်သောအခါ ဒေါသထွက်မှန်းသိသာနေသော မျက်ဝန်းတစ်စုံနှင့်ဆုံသည်။
"ဒီဆေးတွေနဲ့ကွေ့ဖေးကိုပေးတဲ့ဆေးတွေက တူလားမတူလားဘယ်သူသိမှာလဲ
မင်းဆီမှာရှိတာ ဒီဆေးတစ်မျိုးတည်းမှမဟုတ်တာ
မဟုတ်ဘူးလား"
"မင်းကြီး"
ရိပေါ် ဒေါသထွက်လာသည်။
ဒီဘုရင်က တမင်သက်သက်ဖြေရခက်အောင်ယုတ်မာနေမှန်းသိသာသည်။
"အဲ့တာဆို ကျွန်တော်က အန္တရာယ်ရှိတဲ့ဆေးတွေကိုတမင်ပေးခဲ့တယ်လို့ဆိုလိုချင်တာလား
ကျွန်တော်က ဘာလို့အဲ့လိုလုပ်ရမှာလဲ
ပြီးတော့ အဲ့ဆေးကို ကျွန်တော်စပေးခဲ့တာမဟုတ်ပါဘူး
နန်းတော်ကလူကအရင် ကျွန်တော့်ဆီကလာတောင်း...."
ရိပေါ် ပြောနေရင်း ထိုနေ့ကိုပြန်အတွေးပေါက်သွားသဖြင့် စကားရပ်သွားသည်။
"အာ ဟုတ်သားပဲ
ဘယ်လိုပဲတွေးတွေး ထူးဆန်းတယ်မှတ်နေတာ
နန်းတော်ကလူက ကျွန်တော့်ဆီကိုဘာအကြောင်းနဲ့မှလာစရာမရှိဘူးထင်တာပဲ
မင်းကြီး ခိုင်းခဲ့တာလား"
"ဘာပြောတယ်"
"ကျွန်တော့်သက်သေကိုမယုံဘူးဆိုရင် အဲ့နေ့ကကျွန်တော့်ဆီကိုရောက်လာတဲ့လူကို မင်းကြီးစစ်မေးလိုက်လေ
သူက နန်းတော်ကပဲကို
ကျွန်တော့်ထက် မင်းကြီးကပိုသိမှာပေါ့"
"နန်းတော်ထဲမှာ လူပေါင်းမရေတွက်နိုင်အောင်ရှိတယ်
မင်းဆီကိုသွားတဲ့လူကိုငါကဘယ်လိုလုပ်သိမှာလဲ"
"မင်းကြီး"
"ထားပါ
အဲ့လူကိုငါစုံစမ်းလိုက်မှာမို့လို့ မင်းတို့ပြန်လို့ရပြီ"
"မြန်မြန်လေးဖြေရှင်းပေးဖို့တောင်းဆိုပါတယ်
ကျွန်တော်ကဘာအင်အားမှမရှိဘူးဆိုပေမယ့် ကျွန်တော့်ဖက်မှာအမှန်တရားရှိသေးတယ်
မင်းကြီး ထပ်ပြီးမသိကျိုးကျွံလုပ်နေဦးမယ်ဆိုရင် ကျွန်တော်တကယ် အားလုံးကိုဖော်ထုတ်တော့မှာ
ဒီနိုင်ငံရဲ့ဘုရင်က သူများအိမ်ထောင်ဖက်ကိုအတင်းလုယူပြီး ကိုယ်လုပ်တော်တင်မြှောက်ထားတယ်ဆိုတာ"
"မင်း ပြောလို့ပြီးပြီလား"
"အဲ့တာဆို ကျွန်တော်တို့ပြန်ပါတော့မယ်"
ရိပေါ် ကောင်မလေးကိုခေါ်ပြီး အပြင်သို့ပြန်ထွက်လာခဲ့သည်။
ကောင်မလေးမှာ ဖြစ်ပျက်သွားသောအခြေအနေများကိုနားမလည်နိုင်စွာ ကြောင်အလျက်ပင်ရိပေါ်နှင့်အတူပြန်ထွက်လာခဲ့သည်။
"အေးပါ
လုပ်ကြည့်ပေါ့
တစ်ခါလောက်အဆုံးထိသွားကြည့်ကြတာပေါ့"
ဝမ်ရိပေါ် ဓားကိုဆွဲယူလိုက်ကာ ဒေါသတကြီးပေါက်ကွဲတော့သည်။
"ရိပေါ် ပြောသွားတာတွေကအမှန်ပဲလား"
ခန်းမထဲသို့ဝင်လာသော ရှောင်းကျန့်ကိုတွေ့ပြီး ဝမ်ရိပေါ်ဓားကိုလွှတ်ချကာ ရှောင်းကျန့်ဆီသို့အပြေးသွားလိုက်သည်။
"ကျန့်"
"အမှန်ပဲလားလို့
ဒီလိုတွေဖြစ်လာဖို့ကို မင်းကြီးခိုင်းခဲ့တာလား"
"မဟုတ်ဘူး"
"အဲ့တာဆို ဘာဖြစ်လို့ ရိပေါ်ပြတဲ့သက်သေကိုမယုံရတာလဲ
သူ အဲ့သက်သေကိုရှာဖို့ ဘယ်လောက်တောင်အန္တရာယ်များခဲ့တယ်ထင်လဲ
ကြားထဲ ဝမ်ကပါသူ့ကိုတိုက်ခိုက်လိုက်သေးတယ်
ဒီလောက်ဆိုရင် ကျေနပ်သင့်ပြီမဟုတ်ဘူးလား
ဒီလောက်ဆိုရင် ကျွန်တော်တို့ကိုလွှတ်ပေးသင့်ပြီမဟုတ်ဘူးလား"
ဝမ်ရိပေါ် ခေါင်းခါပြီး ရှောင်းကျန့်ကိုဖက်လိုက်သည်။
"ကိုယ် ကျန့်ကို လုံးဝလက်မလွှတ်နိုင်ဘူး"
"ကျွန်တော် ခင်ဗျားကိုမုန်းတယ်"
"ကိုယ် သိတယ်"
"အဲ့တာဆို ကျွန်တော့်ကိုပြန်လွှတ်ပေးပါတော့"
"ဟင့်အင်း ကိုယ်သေမှပဲရမယ်"
"ခင်ဗျား အပြစ်မရှိတဲ့လူတွေကိုအကြောင်းမဲ့နှိပ်စက်နေလို့တော့မရဘူးလေ"
"သူ့သက်သေကမခိုင်လုံဘူး"
"ခိုင်လုံရင်ရော ခင်ဗျားလက်ခံပေးမှာမို့လို့လား"
"...."
"ကျွန်တော်တို့ ဘယ်လိုလုပ်မှခင်ဗျားလက်ကလွတ်မြောက်နိုင်မှာလဲ"
"ကိုယ့်ကိုသတ်နိုင်ခဲ့ရင်ပေါ့"
"ခင်ဗျားကတကယ်ကြောက်ဖို့ကောင်းတယ်"
"အင်း"
"ကျွန်တော် မလုပ်ရဲဘူးမထင်နဲ့
ရိပေါ်ဆီကိုရောက်လာတဲ့လူက ခင်ဗျားခိုင်းလိုက်တဲ့လူမှန်းသေချာရင်
ဒါတွေအားလုံးကိုကြံစည်ခဲ့တာ ခင်ဗျားမှန်းသေချာရင်
ကျွန်တော် ခင်ဗျားကိုတကယ်သတ်မှာ"
"အင်း"
"ရူးနေတာလား ခင်ဗျား"
ရှောင်းကျန့် ဝမ်ရိပေါ်ရင်ခွင်မှထွက်လိုက်သည်။
"ဒီလိုတွေလုပ်နေတာ မင်းကြီးအတွက်လည်းမကောင်းပါဘူး
ကျေးဇူးပြုပြီး မင်းကြီးကိုအပြည့်အဝချစ်ပေးနိုင်မယ့်သူတစ်ယောက်ကိုသာရှာလိုက်ပါတော့
ကျွန်တော့်ကိုလွတ်မြောက်ခွင့်ပေးပါတော့"
"လုံးဝပဲ"
ရှောင်းကျန့် သက်ပြင်းရှိုက်ပြီးသာ တစ်ဖက်သို့လှည့်လိုက်တော့သည်။
"ကျွန်တော် ပြန်တော့မယ်"
ထွက်ခွာသွားသောကျောပြင်ကိုကြည့်ကာ ဝမ်ရိပေါ်ထိုအတိုင်းရပ်ကျန်ခဲ့သည်။
မကြာမီ ကိုယ်ရံတော်ချန်းကရောက်လာသည်။
"အဲ့ကောင်က နှုတ်လုံရဲ့လားချန်း"
"လုံပါတယ် မင်းကြီး"
"တကယ်လို့ ပါးစပ်ဟမယ့်အရိပ်အယောင် ဘာညာတွေ့ရင်တစ်ခါတည်းရှင်းထုတ်ထားလိုက်"
"အမိန့်တော်အတိုင်းပါ မင်းကြီး"
"အင်း
ငါအခု စစ်ဆေးရေးရုံးကိုသွားမယ်"
...............................................................
"မ..မဖြစ်ပါဘူး သခင်လေး
တကယ်လို့ မင်းကြီးသိသွားခဲ့ရင် အားရင်ခေါင်းဖြတ်ခံရလိမ့်မယ်"
ခိျုးရင် ကြားလိုက်ရသော စကားကြောင့် ခေါင်းကိုအသည်းအသန်ခါကာ ငြင်းဖြစ်သည်။
သို့ပေမယ့် ရှောင်းကျန့်က ချိုးရင်ကိုဘာမှမဖြစ်ရစေကြောင်း ကတိအထပ်ထပ်ပေးကာ တောင်းဆိုလာသောကြောင့် ချိုးရင်မငြင်းရက်တော့သဖြင့် ထိုဆေးများကိုဝယ်ပေးလိုက်သည်။
ညရောက်တော့ ရှောင်းကျန့်ထိုဆေးများကိုဖွင့်ကြည့်သည်။
ထို့နောက် သောက်ရမည့်ဆေးခွက်ကိုပြင်ပြီး ဗိုက်ကိုအုပ်ကိုင်လိုက်သည်။
"ငါ မင်းအတွက်စိတ်မကောင်းပါဘူး ကလေးလေး"
ရှောင်းကျန့် ဆေးတစ်ခွက်လုံးကိုကုန်အောင်မော့ချလိုက်သည်။
ခါးလွန်းသည့်ဆေးက တကယ်ကိုအဝင်ဆိုးလွန်းသည်။
"ဘာတွေသောက်နေတာလဲ"
'ခွမ်း'
ဝမ်ရိပေါ် အသံကြားလိုက်ရသောကြောင့် ရှောင်းကျန့်လက်ထဲကခွက်ကလွတ်ကျသွားသည်။
"မင်း မင်းကြီး"
"ကျန့် ရရဲ့လား"
ဖန်ကွဲစများနားက ရှောင်းကျန့်ကို ဝမ်ရိပေါ်အမြန်ဆွဲခေါ်လာပြီး ကုတင်ပေါ်ထိုင်စေလိုက်သည်။
ထို့နောက် ရှောင်းကျန့်နှုတ်ခမ်းထောင့် ပေကျံနေသောဆေးရည်များကိုသုတ်ပေးသည်။
"ဘာလို့ အဲ့လောက်လန့်သွားရတာလဲ
ကိုယ့်ကိုအဲ့လောက်တောင် ကြောက်နေပြီလား"
"အဲ့လိုမဟုတ်ပါဘူး"
"ဆေးတွေသောက်နေတာလား"
"ဟုတ် ဟုတ်တယ်
ကျွန်တော် အခုတလောအားနည်းနေတယ်ခံစားရတာနဲ့ အားဆေးတွေသောက်နေတာ"
ဝမ်ရိပေါ် ရှောင်းကျန့်မျက်နှာလေးကို လက်နှစ်ဖက်ဖြင့် ပင့်ကိုင်လိုက်သည်။
"ဟုတ်သားပဲ
ကျန့်မျက်နှာလေးချောင်ကျသွားတယ်
ကိုယ် အခုတလောသိပ်ဂရုမစိုက်မိလို့များလား
ကိုယ် တော်ဝင်သမားတော်ကို အားဆေးစပ်ခိုင်းလိုက်မယ်"
"အဲ့လောက်ထိလည်း မလိုပါဘူး"
"အဲ့ထက်ပိုပြီး လိုတာပေါ့"
ဝမ်ရိပေါ် ရှောင်းကျန့် ကိုရင်ခွင်ထဲဆွဲယူလိုက်သည်။
"ကိုယ် ဒီ့ထက်အများကြီးပိုပြီးဂရုစိုက်ပေးပါ့မယ်
ကျန့်ကိုအချိန်တွေအများကြီးပေးနိုင်အောင်လုပ်ပါ့မယ်"
"ဘာလို့ ကျွန်တော့်ကိုမှလဲ
တစ်ခြားတစ်ယောက်ကိုသာ ဝမ်ဒီလိုမျိုးဂရုစိုက်ပေးမယ်ဆိုရင် ဝမ်သူ့ဆီကသေချာပေါက်ပြန်အချစ်ခံရမှာကို
ဘာလို့ ကျွန်တော့်ကိုမှလဲ"
"ကျန့်မဟုတ်တဲ့ တစ်ခြားတစ်ယောက်ကို ကိုယ်ဒီလိုမျိုးမလုပ်ပေးနိုင်လို့ပေါ့"
"...."
"အိပ်ကြတော့မလား"
"အင်း"
ရှောင်းကျန့် ကုတင်ပေါ်မှဆင်းပြီး အဝတ်များကိုချွတ်ချလိုက်သည်။
အတွင်းသားကိုဖောက်မြင်နေရသည့် အဖြူရောင်အပါးသားအကျႌကိုသာချန်ထားခဲ့တော့ ဝမ်ရိပေါ်က မျက်ခုံးတစ်ချက်မြင့်တက်သွားပြီး ရှောင်းကျန့်အနားသို့လျှောက်လာသည်။
"ကျန့် အားနည်းနေတယ်ဆို
ဒီညစောစော အိပ်ရာဝင်လိုက်ကြတာပေါ့"
"ဟင့်အင်း"
ရှောင်းကျန့် အောက်နှုတ်ခမ်းကိုဖိကိုက်ပြီး ဝမ်ရိပေါ်အကျႌကိုလှမ်းချွတ်လိုက်သည်။
*တောင်းပန်ပါတယ် ကျွန်တော် ခင်ဗျားကလေးကိုမမွေးပေးနိုင်ဘူး*
ဝမ်ရိပေါ် ကထိုကိစ္စတွင်အလွန်ကြမ်းသည်။
ထို့ကြောင့် အတူတူသာနေလိုက်လျှင် ကလေးက ဆေးအကူအညီမလိုဘဲတောင် ပျက်ကျသွားနိုင်သည်။
ထိုအတွေးက ဦးနှောက်ကိုအုပ်စိုးသွားသောကြောင့် ရှောင်းကျန့် ရှည်ရှည်ဝေးဝေးမတွေးတော့ဘဲဝမ်ရိပေါ်နှုတ်ခမ်းကိုအရင်စနမ်းလိုက်သည်။
ရရှိလာသောအခွင့်အရေးကို ဝမ်ရိပေါ်အမိအရဖမ်းယူပြီး ညစ်ညမ်းမှု သာယာမှုများနှင့်ရောပြွန်းနေသောအချစ်ခရီးစဉ်သို့ ရှောင်းကျန့်ကိုဆွဲခေါ်သွားတော့သည်။
ထိုမနက်ခင်းမှာ ရှောင်းကျန့် ကိုယ့်ကိုကိုယ်တစ်ခုခုဖြစ်သွားရန် မျှော်လင့်ထားခဲ့သော်လည်းဘာမှဖြစ်မနေ။
ထို့အပြင် ပုံမှန်နေ့များထက်ပင်ပိုသက်သောင့်သက်သာရှိနေသေးသည်။
ညတုန်းကလည်း ဝမ်ရိပေါ်ကပုံမှန်နေ့များလောက် မကြမ်းဟုထင်သည်။
တစ်ချက်ညည်းညူပြီး ရှောင်းကျန့်အိပ်ရာမှထထိုင်လိုပ်သည်။
စောင်အောက်ကကိုယ်ကိုငုံ့ကြည့်လိုက်တော့ ဘာမှပေကျံမနေတော့ဘဲသန့်ရှင်းနေကြောင်းတွေ့ရသည်။
ထိုအချိန်မှာပဲ ဝမ်ရိပေါ်ကရေချိုးခန်းမှထွက်လာသည်။
"နိုးပြီလား ကျန့်"
"ဟုတ် ဟုတ်ကဲ့"
ဝမ်ရိပေါ် အပေါ်ပိုင်းဗလာဖြင့်လျှောက်လာကာ ရှောင်းကျန့်အနားဝင်ထိုင်ပြီး ရှောင်းကျန့်ပါးပြင်ကိုတစ်ချက်နမ်းသည်။
"အိပ်ချင်ရင် ထပ်အိပ်ဦးလေ
ကိုယ်သန့်ရှင်းပေးထားတယ်"
"မအိပ်တော့ပါဘူး
ကျွန်တော် ထတော့မှာ"
"အင်း
ဒါနဲ့ ကျန့်နည်းနည်းဝလာသလိုပဲနော်"
"ဟင်"
"အာ ကိုယ်ပြောချင်တာက ကျန့်မျက်နှာကချောင်ကျသွားတာဟုတ်ပေမယ့် ဗိုက်လေးနည်းနည်းထွက်လာသလားလို့"
ရှောင်းကျန့် မျက်လုံးများက ဇီးကွက်မျက်လုံးများပမာပြူးကျယ်သွားသည်။
ဝမ်ရိပေါ်က ဗိုက်ပေါ်လက်လာတင်တော့ ရှောင်းကျန့်နောက်သို့ဆုတ်လိုက်သည်။
"အဲ့ အဲ့တာက ကျွန်တော်အားဆေးတွေသောက်နေလို့ဖြစ်မယ်"
"ကိုယ်ကဒီတိုင်းမေးကြည့်တာပါ
ကိုယ်ဒီလိုပြောလို့ဆိုပြီးအစားလျှော့မစားနဲ့နော်
ဝဝ ပိန်ပိန် အားရှိဖို့ကအရေးကြီးတယ်"
"ဟုတ် ဟုတ်ကဲ့"
ဝမ်ရိပေါ် က ရှောင်းကျန့်အနားသို့ပိုကပ်လာသည်။
"ပြီးတော့ မနေ့ညကလုပ်ရတာအရမ်းကောင်းတယ်
ကျန့် အမြဲတမ်းအဲ့လိုလေးတုံ့ပြန်ပေးရင်ကောင်းမှာပဲ"
ပေါက်ထွက်မတတ်ပူတက်လာသောမျက်နှာကြောင့် ရှောင်းကျန့် စောင်ကိုခေါင်းထိဆွဲခြုံလိုက်သည်။
"ကျွန်တော် ပြန်အိပ်ဦးမယ်"
ဝမ်ရိပေါ် စောင်ကိုကြည််ြ့ပီးပြုံးသာပြုံးနေတော့သည်။
...................................
ရှောင်းကျန့် ဥယျာဉ်တော်ဘေးကတံတားပေါ်သို့လမ်းလျှောက်ထွက်လာသည်။
တစ်ပတ်နီးပါးအထိ ထိုဆေးကိုနေ့တိုင်းသောက်သော်လည်း ဗိုက်ကဘာမှထူးထူးခြားခြားလက္ခဏာမပြ။
ဗိုက်ထဲက ကလေးအတွက်စိတ်မကောင်းဖြစ်မိပေမယ့် သူကတော့ထိုကလေးကိုမမွေးနိုင်။
ထိုဗိုက်ကြီးနှင့်ရိပေါ်ဆီပြန်သွားဖို့ရာ သူအဲ့လောက်ထိအတင့်မရဲနိုင်သေး။
ထိုအချိန် တံတားအောက်ကိုငုံ့ကြည့်မိသွားတော့ အတွေးတစ်ခုကခေါင်းထဲပေါ်လာသည်။
ဒီအမြင့်အနေအထားအတိုင်းသာဆို ခုန်ချလိုက်လျှင်... ။
တွေးမိသည်နှငိ့တစ်ပြိုင်နက် ရှောင်းကျန့်ခုန်ချရန်ခြေလှမ်းပြင်လိုက်သည်။
"တောင်းပန်ပါတယ် ကလေးရေ"
ရှောင်းကျန့် မျက်လုံးစုံမှိတ်ပြီးသာ ခုန်ချလိုက်တော့သည်။
...............................................