ALIEN LOVER[Complete]
By M-O-N-E
96.4K 8.3K 281
ZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 OTP-ZHAN SHAN WEI WANG(ZhanYi) Story Genre-Fan Fiction(Supernatural) [... More
Part-1(Meeting)
Part-2(Knowning)
Part-3(Peony)
Part-4(Safely Peony)
Part-5(sweet lip taste)
Part-6(Notic Sign)
Part-7(Sweet Cream)
Part-8(Mine)
Part-9(Sure)
Part-10(Bad Dream)
Part-11(Follow me)⚠
Part-12(I need only Peony)
Part-13(Everything&Ratio)
Part-15(A lot Of Love)
Part-16(Belief of Bff)
Part-17(Don't Cry Peony)
Part-18(Tie)
Part-19(Don't away)
Part-20(A Sure)
Part-21(Sweet Days)
Part-22(Will Comeback)
Final(Creator)
Extra(1)
Extra(2)
Extra(3)⚠
Final Extra
Part-14(Never Mind)
2.2K 242 7
By M-O-N-E
(Unicode)
(Never Mind)
ဒုန်း! ခွမ်း! ခလွမ်း! (ဘာတွေဖြစ်😅)
ရှောင်းကျန့် ညကအနည်းငယ်ပင်ပန်းထားတာမို့ အရင်နေ့တွေကထက်အနည်းငယ်နောက်ကျမှ အိပ်ရာကနိုးလာတယ်။မျက်လုံးဖွင့်ဖွင့်ချင်းသူ့ရင်ခွင်ထဲPeonyမရှိတာကြောင့် ဟာတာတာဖြစ်နေခြင်းနဲ့အတူ သာယာနာပြောဖွယ်အသံမျိုးစုံတို့ကစည်းကြိုလို့။
ရှောင်းကျန့် အသံလာရာမီးဖိုဆောင်ဘက်သွားချောင်းကြည့်မိတော့ ဒယ်အိုးတွေ ဒန်အိုးတွေ ဓားပြားတွေနဲ့နှပါးသွားနေတဲ့ ဂြိုလ်သားလေးPeony။Peonyကရေခဲသတ္တာထဲရှိသမျှအသီးအရွက်တွေတခုပြီးတခုထုတ်ယူကာ ဓားနဲ့ခုတ်လိုက်ထစ်လိုက် ဒန်အိုးထဲပစ်ထည့်တဲ့ဟာကပစ်ထည့်ဒယ်အိုးနဲ့မွှေတဲ့ဟာကမွှေနဲ့တစ်ယောက်တည်းအလုပ်ရှုပ်နေလေရဲ့။
Peonyကစိတ်မရှည်လို့ထင်ပါ့ဓားကိုတစ်ချောင်းတည်းတောင်မဟုတ်ဓားနှစ်လက်ကိုလက်နှစ်ဖက်လုံးမှာမအားလပ်နိုင်အောင်ကိုင်လို့တကယ့်စားဖိုမှူးပေါက်စလေးလိုအေပရွန်ကြီးကိုလည်းကျကျနနဝတ်ထားသေး။ရှောင်းကျန့်လည်းဂြိုလ်သားလေးဂြိုလ်မွှေလို့ဝတဲ့အထိမီးဖိုဆောင်တံခါးဘောင်ကိုပုခုံးမှီကာPeonyလုပ်သမျှကိုတခုချင်းစီလိုက်ကြည့်နေလိုက်တယ်။
"အယ်...ကျန့်ကျန့် နိုးပြီလား..."
Peonyကခုမှသူ့ကိုတွေ့သွားဟန်ယောင်းမကြီးကိုင်လို့မျက်လုံးလေးပြူးကြည့်ရင်းမေးတယ်။
"အဟွန်း...ကိုယ့်စားဖိုမှူးလေး လက်စွမ်းပြနေတာ...ဟာ Peonyသတိထား..."
ရှောင်းကျန့် ပြောလို့မဆုံးသေးPeonyရှေ့ကအသီးရွက်မျိုးစုံနဲ့ဒန်အိုးကြီးကအပြင်ကိုအစာတွေလျှံကျလာတဲ့အထိဆူပွတ်လာတော့ရှောင်းကျန့်ပြူးပြူးပျာပျာနဲ့Peonyအနားလျှောက်သွားလိုက်ကာမီးဖိုပေါ်ကဒန်အိုးကြီးကိုလက်အိပ်နဲ့မယူပြီးဘေစဥ်ထဲအမြန်ချလိုက်ရတယ်။
"ဟူး...တော်ပါသေးတယ် Peonyဘယ်နားပူသွားသေးလဲ ကိုယ့်ကိုပြပါဦး..."
"ဟအင်း...ကျွန်တော်ဘာမှဖြစ်ပါဘူး ဒါမဲ့ကျွန်တော်ရဲ့မနက်စာလေး..."
ရှောင်းကျန့် Peonyလက်နှစ်ဖက်ကိုကိုင်ကာစိုးရိမ်တကြီးမေးတော့Peonyကမျက်နှာငယ်လေးနဲ့ဘေစဥ်ထဲကဗရုတ်သုတ်ခဒန်အိုးကြီးစီအကြည့်ပို့ကာဖြေတယ်။သူတို့ရဲ့အကောင်းစားမနက်စာကြီးကိုနှမြောနေပုံပဲ။
နှခေါင်းထဲတိုးဝင်လာတဲ့အနံ့ကြီးကစိမ်းရွှင်ရွှင်နဲ့အတော်စားကောင်းမှာကြိမ်းသေတယ်။ဒီလိုဖြစ်သွားတာကိုကျေးဇူးတင်ရမလို။မဟုတ်ရင်ရှောင်းကျန့်တစ်ယောက်မချစ်သော်လည်းအောင့်ကာနမ်းဆိုသလိုထိုမနက်စာကြီးကိုကြိတ်မှိတ်စားရမှာမြင်ယောင်နေသေးတယ်။
"ဟမ်!...Peony ဘာနံ့လည်း တခုခုတူးနေသလိုပဲ..."
"အွန်း...ဟုတ်တယ် ဟိုဒယ်အိုးထဲကအသားတွေမဲတူးနေပြီကျန့်ကျန့်ရား..."
"ဟင်!...ဘယ်မှာ ဟာ...သွားပါပြီPeonyရာ ဒီခါတကယ်ငတ်ပြီ..."
ရှောင်းကျန့် ဒယ်အိုးထဲကမီးသွေးခဲလားအသားတုံးတွေလားမသဲကွဲတဲ့အရာတွေကိုကြည့်ရင်းစိတ်ပျက်လက်ပျက်အပြောကြောင့်Peonyကသူ့ကိုအပြစ်လုပ်ထားတဲ့အပြစ်သားလေးလိုအောက်နှုတ်ခမ်းကိုထော်လို့မျက်လုံးလေးကလယ်ကလယ်နဲ့ကြည့်ကာ
"ကျန့်ကျန့်... ကျွန်တော့်ကိုဆူတော့မှာလားဟင်..."
ရှောင်းကျန့် အစကတော့Peonyကိုဆူဦးမလို့ပဲဒီလိုဆိုတော့လည်း သူ့မှာမဆူရက်နိုင်တဲ့အပြင် ပြန်ချော့နေရတော့တယ်။
"ကိုယ်Peonyကိုမဆူပါဘူး...ဘာမှမဖြစ်ဘူးနော် မနက်စာအတွက် ထပ်ချက်လို့ရတာပဲကို..."
"အွန်း...ဘာချက်မှာလဲဟင်ကျန့်ကျန့်..."
ရှောင်းကျန့် Peonyဆံပင်လေးတွေကိုဖွရင်းပြောတော့မှPeonyကယောင်းမကြီးပိုက်လို့သူ့ကိုပြန်မေးတယ်။
"ရေခဲသတ္တာထဲမှာ ဟင်းချက်စရာတွေအများကြီးပဲကို အဲ့ဒါတွေနဲ့ထပ်ချက်...ဟင်!...ရေခဲသတ္တာထဲကအသီးရွက်တွေဘယ်ရောက်ကုန်တာလဲPeony..."
ရှောင်းကျန့် ပြောရင်းရေခဲသတ္တာဖွင့်ကြည့်မိတော့အထဲမှာဘာဆိုဘာမှမရှိဘဲပြောင်သလင်းခါနေတာကြောင့်ခေါင်းနဗန်းကြီးသွားရတယ်။
"ဟိုလေ...ကျန့်ကျန့် ကျွန်တော်အဲ့ထဲကဟာတွေ အကုန်ထုတ်ပြီးဟိုဒန်အိုးထဲထည့်ချက်လိုက်ပြီလေ..."
"ဘယ်လို...Peonyခများလေးဘယ်လိုတောင်လုပ်ချလိုက်တာတုန်း...ဟင်းချက်စရာတွေကိုယ်မနေ့ကမှရေခဲသတ္တာအပြည့်ဝယ်ထည့်ထားတာလေ..."
္ဖ"အဟီး...ကျွန်တော်ကကျန့်ကျန့်ကိုစားစေချင်လို့ များကြီးချက်လိုက်မိတာကို..."
"Peonyစားစေချင်လွန်းတာကြောင့် ခုတော့ကိုယ်တို့နှစ်ယောက်အငတ်ကိန်းဆိုက်ပြီလေ...ပြောပါဦးကိုယ်တော်လေးခုဘာစားကြမလဲ..."
"အာ...အမ်...အဲ့ဒါက..."
ရှောင်းကျန့် Peonyကိုခါးထောက်ကာမေးတော့Peonyကခေါင်းကုတ်ဖင်ကုတ်နဲ့ယောင်လည်လည်လုပ်နေလေရဲ့။
"အခုမှ အီးယောင်ဝါးလုပ်မနေနဲ့...ကိုယ်ဒီနားကmarketမှာသွားထပ်ဝယ်လိုက်မယ် Peonyအိမ်မှာခဏနေခဲ့နော်..."
"ဟအင်း...ကျွန်တော်ကျန့်ကျန့်နဲ့လိုက်မှာ...နော်...နော်..."
Peonyကသူ့လက်မောင်းကိုဖက်တွယ်ကာခေါင်းလေးတိုးဝှေ့ကာကပ်ချွဲရင်းပြောတော့ရှောင်းကျန့်တို့အရည်ပျော်ပြီလေ။
"အဟမ်း...ပြီးတာပဲ ကိုယ့်ကိုတခုခုပေးရင်း ကိုယ်နဲ့အတူခေါ်သွားပေးမယ်..."
"အင်း...မွ!...ရပြီမှတ်လား သွားမယ်နော်..."
ရှောင်းကျန့် ရုပ်တည်ကြီးနဲ့ပြောတော့ Peonyကခြေဖျားလေးထောက်ကာသူ့ပါးတစ်ဖက်ကိုမွခနဲနေအောင်လှမ်းနမ်းလိုက်တာကြောင့်ရှောင်းကျန့်တစ်ယောက်ပါးစပ်ကြီးနားရွက်တက်ချိပ်မတက်ပြုံးဖြီးလို့Peonyဆွဲခေါ်ရာအိမ်တံခါးဝစီပါသွားလေရဲ့။
"အယ်...Peonyဒီတိုင်းလိုက်လို့မရဘူးလေ ခဏနေဦး အာ...သိပြီ"
ရှောင်းကျန့် ပြောရင်းPeonyခါးကဧပရွန်ကိုချွတ်ပေးလိုက်ပြီးhoodieခေါင်းစွပ်လေးဆွဲတင်ပေးလိုက်တယ်။အံဆွဲထဲအသင့်ရှိနေတဲ့markအနက်ရောင်လေးပါတပ်ပေးလိုက်ပြီးထုံစံအတိုင်းငွေလငါးလေးနဲ့အပြာရောင်ရေလှိုင်းလေးတွေနဲ့အလှဆင်ထားတဲ့ရှူးဖိနပ်လေးဝတ်ပေးပြီးဖိနပ်ကြိုးလေးတွေကိုသေ​သေသပ်သပ်ချည်ပေးလိုက်ကာနှစ်ယောက်သားmarketလေးစီလမ်းလျှောက်ထွက်လာလိုက်တယ်။
"ကျန့်ကျန့်... ဒါယူမယ်နော် ပြီးတော့ ဒါရော...နောက်ပြီးဒီဟာလေးရော..."
Peonyကစျေးဝယ်တွန်းလှည်းပေါ်ကျကျနနထိုင်ပြီးသစ်သီးတန်းရောအသားတန်းရောအနှံ့ကိုရှောင်းကျန့်အားအရောက်ပို့စေကာမြင်မြင်သမျှကောက်ထည့်နေတာတလစာအတွက်ပင်ဖူလုံသည့်အထိတဘုန်တခေါင်းများပြားနေတဲ့ဟင်းချက်စရာတွေကြောင့်ရှောင်းကျန့်Peonyအကွယ်မှာပြန်လျော့ခဲ့ရတာကအမော။
"Peonyတော်ပြီနော်... လွှတ်ထည့်မနေနဲ့တော့ဝယ်ထားတာတွေရေခဲသတ္တာတောင်ဆန့်တော့မှာမဟုတ်ဘူး..."
"အာ...နွားနို့ဝယ်ဖို့ကျန်သေးတယ်လေ ကျန့်ကျန့်ရ..."
"အင်းပါ... ကိုယ်ထည့်ဝယ်လိုက်မယ်နော်..."
ရှောင်းကျန့် တစ်ယောက်marketကလည်းပြန်ရောအထုပ်ပေါင်းသောင်းခြောက်ထောင်နဲ့လုူကခြေကုန်လက်ပမ်းကျနေလေပြီ။ဂြိုလ်သားပေါက်ကတော့နှုတ်ခမ်းပေါ်ရုန်လေးmarkကိုဆွဲချကာနွားနို့ဘူးကိုပိုက်ကလေးနဲ့စုပ်သောက်လိုက်ရှေ့ကခုန်ပေါက်ခုန်ပေါက်နဲ့သွားလိုက်သာသာယာယာပင်။
"ဟူး....Peonyကိုယ့်ကိုစောင့်ပါဦး ဟမ်!...Peony သတိထား Peony!!!!!...ဟင်..."
ရှောင်းကျန့် ရှေ့ကခုန်ပေါက်သွားနေတဲ့Peonyစီလမ်းကြောင်းမှားဝင်လာတဲ့deliverဆိုင်ကယ်တစီးကြောင့်ရှောင်းကျန့်ရင်ထဲထိတ်ခနဲလှမ်းအော်လိုက်တဲ့အဆုံးထိုဆိုင်ကယ်အပါအဝင်လမ်းမပေါ်မောင်းနှင်နေတဲ့ယဥ်အားလုံးလူတွေရဲ့လှုပ်ရှားမှုတွေပါအကုန်ရပ်တန့်ကုန်ကြတယ်။ရှောင်းကျန့်အမြန်ပဲPeonyစီအပြေးသွားကာရင်ခွင်ထဲထည့်ဖက်လိုက်တယ်။
"ဟား...ကိုယ်လန့်သွားတာပဲPeonyရာ တော်ပါသေးတယ် Peonyမှာဒီစွမ်းအင်လေးရှိနေလို့..."
"အင်း...ကျန့်ကျန့် ကျွန်တော့်အမှတ်သားက... အွန့်..."
ရှောင်းကျန့် Peonyစွမ်းအင်နဲ့ထိန်းချုပ်ထားတဲ့3minsစာအချိန်လေးမှာလမ်းမပေါ်ရောက်နေတာကိုခဏမေ့ကာPeony markလေးကိုဖြုတ်ယူလိုက်ပြီးနှုတ်ခမ်းလေးကိုငုံထွေးလိုက်တယ်။
Peonyလက်ထဲကနွားနို့ဘူးလေးကPeonyရဲ့ဖြစ်ညှစ်ထားမှုကြောင့်သနားစဖွယ်ပိန်ရှုံ့လို့။Peonyနှုတ်ခမ်းတွေစီကနွားနို့အရသာလေးကရှောင်းကျန့်ခံတွင်းထဲအလည်ရောက်လို့။
ဂြိုလ်သားလေးကလည်းမျက်လုံးလေးတွေမှိတ်ကာသူ့အနမ်းတွေကိုခံယူလို့။3minsပြည့်လို့ပြန်လှုပ်ရှားလာကြတဲ့လူသားတွေကလည်းလူသွားလမ်းပေါ်ကအနမ်းကမ္ဘာတည်နေကြတဲ့ကောင်လေးနှစ်ယောက်ကိုလှည့်ကြည့်သွားကြကာပုံမှန်အတိုင်းနေသားတကျရှိနေကြတယ်။
အနမ်းတွေအတောမသတ်နိုင်တဲ့ကောင်လေးနှစ်ယောက်ကတော့Peonyဆိုတဲ့ဂြိုလ်သားလေးရဲ့နှဖူးပြင်ပေါ်ကမှိန်တုံ့မှိန်တုံ့အစိမ်းရောင်သမ်းကာအချက်ပြနေတဲ့အမှတ်သားလေးကိုလစ်လှူရှုလို့။
---------------------------🦋----------------------------
Ring>>>📲
"Hello...ပါးဘာကိစ္စကျွန်တော့်စီဖုန်းဆက်တာလဲ..."
"မနက်ဖြန်ကုမ္ပဏီနှစ်ပတ်လည်...အဲ့ဒါမင်းလာတက်ဖို့မမေ့နဲ့..."
"ကျွန်တော်မှအဲ့လိုပွဲတွေမကြိုက်တာ...စိတ်ရှုပ်ဖို်ကောင်းရကောင်းနဲဲ့..."
" ရေှာင်းကျန့်!...ဘယ်လိုပဲဖြစ်ဖြစ်မင်းကအများအမြင်မှာ ကုမ္ပဏီရဲ့ဆက်ခံသူပဲ မင်းလာကိုလာရမယ်...ငါမင်းကြောင့်မျက်နှာမပျက်ချင်ဘူးနော် ရှောင်းကျန့်... ငါအကြောင်းမင်းသိတယ်နော် အဲ့ဒါမင်းကိုလှမ်းအသိပေးတာ ငါဖုန်းချလိုက်တော့မယ်..."
ဖုန်းကျသွားတာနဲ့ရှောင်းကျန့်လက်ထဲကဖုန်းကိုကြည့်ကာစုပ်တချက်သပ်လိုက်တယ်။တဆက်တည်းphone wallpaper ကPeonyမျက်နှာလေးမြင်တော့နှုတ်ခမ်းပါးတို့ကပြုံးလိုက်မိပြန်ရော။
"ကျန့်ကျန့်ရား...ကျွန်တော့်ကိုတွေ့အောင်လိုက်ရှာ..."
Peonyကဧည့်ခန်းထဲမှာထိုင်နေတဲ့သူ့ကိုအော်ပြောကာအိပ်ခန်းစီလှစ်ခနဲပြေးဝင်သွားတယ်။ရှောင်းကျန့်လည်းစိတ်ရှုပ်စရာတွေတွေးမနေတ​ော့ ပဲလက်ထဲကဖုန်းကိုစားပွဲပေါ်တင်ထားခဲ့ကာPeonyအမိန့်တော်အတိုင်းတူးတူးပုန်းနေတဲ့ဂြိုလ်သားပေါက်ကိုရှာပုံတော်ဖွင့်ရလေတော့တယ်။
ရှောင်းကျန့် အိပ်ခန်းထဲကိုခြေသံဖွဖွနဲ့ဝင်သွားလိုက်ကာတခန်းလုံးကိုမျက်လုံးဝေ့ကြည့်လိုက်တယ်။ရှောင်းကျန့်ဘယ်လောက်မှမရှာလိုက်ရဘူးလှုပ်စိလှုပ်စိဖြစ်နေတဲ့လိုက်ကာစအောက်ခြေကPeonyခြေဖမိုးဖြူဖြူလေးကြောင့်နှုတ်ခမ်းအစုံကိုတွန့်ကွေးအောင်ပြုံးလိုက်ရင်း
"ဟင်း....Peonyဘယ်မ​ှာပုန်းနေပါလိမ့်...."
ရှောင်းကျန့် ရဲ့ပရိယာယ်ကိုမသိရှာတဲ့Peonyကတော့လိုက်ကာစအကွယ်ကနေခိုးခိုးခစ်ခစ်ကြိတ်ရယ်နေလေရဲ့။ရှောင်းကျန့်Peonyကိုရှာမတွေ့သေးသည့်ပုံဖြင့်ရေချိုးခန်းနဲ့toiletကိုလိုက်ချောင်းကြည့်လိုက်ပြီးကုတင်အောက်ကိုငုပ်ကြည့်ရင်းကြိတ်ပြုံးလိုက်တယ်။
ဒီဂြိုလ်သားလေးကသူ့နှလုံးသားကိုအရည်ပျော်အောင်လုပ်ဖို့တော့တဖက်ကမ်းခတ်​ေတာ်ပေမဲ့တူးတူးပုန်းတဲ့နေရာမှာတော့ကလေးလေးလောက်တောင်မတော်ရှာဘူးရယ်။ရှောင်းကျန့်ကုတင်နားကနေPeonyပုန်းနေတဲ့လိုက်ကာစစီတဖြည်းဖြည်းလျှောက်သွားလိုက်ကာအနားရောက်တော့ငြိမ်ငြိမ်ကုပ်ကုပ်လေးမတ်တပ်ရပ်ကာပုန်းနေတဲ့Peonyကိုယ်လေးကိုလိုက်ကာစနဲ့လုံးထွေးပြီးသိမ်းဖက်လိုက်တယ်။
"အဟား...ရှာတွေ့ပြီကွ ဂြိုလ်သားပေါက် ဘယ်ပုန်းဦးမှာလဲ..."
"အား...ကျန့်ကျန့်ကဘာလဲသိဘူး ကျွန်တော့်ကိုခဏလေးနဲ့ရှာတွေ့သွားပြီ...ဟွန့်..."
"တေွ့မှာပေါ့ ခများလေးက အပုန်းကောင်းတယ်ဆိုတော့... ဟား ဟား..."
ရှောင်းကျန့် ပြောပြီးအလယ်မှာအဖြူရောင်လိုက်ကာစလေးခြားကာတဖက်ကPeonyမျက်နှာအနှံ့သူ့နှခေါင်းချွန်ချွန်နဲ့ တရှုံ့ရှုံ့လိုက်နမ်းတော့အကောင်ပေါက်လေးကသူ့လက်ထဲမှာတွန့်လိမ်လို့။
"အဟိ...ကျန့်ကျန့်ရား...ယားတယ်ဗျ...အား...ဟိ..."
ရှောင်းကျန့် ယားလို့ရုန်းကန်နေတဲ့Peonyကိုယ်လေးကိုလက်နှစ်ဖက်နဲ့ကျစ်ကျစ်ပါအောင်ဖက်လို့လိုက်ကာစတွေကြားခေါင်းနှစ်ကာPeonyနှဖူးလေးမှာသူ့အပိုင်ဖြစ်ကြောင်းသူ့အနမ်းဖြင့်တံဆိပ်ခတ်ကာနှာတံဆင်းဆင်းနှခေါင်းလုံးလုံးေလးအထိနှုတ်ခမ်းပါးနဲ့ပွတ်ဆွဲသွားလိုက်ပြီးနှုတ်ခမ်းသားလေးတွေကိုထပ်တူကျစေခြင်းဖြင့်အနမ်းတွေကိုဆုံမှတ်တနေရာတည်းမှာအကြာကြီးတည်ရှိစေတယ်။Peonyဆိုတဲ့ဂြိုလ်သားလေးကိုတော့သူ့နှလုံးသားအနက်ရှိုင်းဆုံးတနေရာမှာချိတ်ပိတ်လို့ပေါ့။
--------------------------🦋-----------------------------
Continue -Part(15)
ဒါလေးတို့Peonyလိုစားဖိုမှူးတစ်ယောက်လောက်မလိုချင်ဘူးလား😅မကောင်းမကန်းလေးကိုသည်းခံဖတ်ပေးတဲ့ဒါလေးတွေကျေးဇူးလည်းတင်တယ်ချစ်လည်းများကြီးချစ်တယ်နော်😘all ai ni🙆ကျန်းမာရေးဂရုစိုက်ကြနော်သဲငယ်တို့😷
Vote&feelbackလေး🙏
(Zawgyi)
(Never Mind)
"အာ...အမ်...အဲ့ဒါက..."
Peonyကဈေးဝယ်တွန်းလှည်းပေါ်ကျကျနနထိုင်ပြီးသစ်သီးတန်းရောအသားတန်းရောအနှံ့ကိုရှောင်းကျန့်အားအရောက်ပို့စေကာမြင်မြင်သမျှကောက်ထည့်နေတာတလစာအတွက်ပင်ဖူလုံသည့်အထိတဘုန်တခေါင်းများပြားနေတဲ့ဟင်းချက်စရာတွေကြောင့်ရှောင်းကျန့်Peonyအကွယ်မှာပြန်လျော့ခဲ့ရတာကအမော။
---------------------------🦋----------------------------
Ring>>>📲
"ကျွန်တော်မှအဲ့လိုပွဲတွေမကြိုက်တာ...စိတ်ရှုပ်ဖိုကောင်းရကောင်းနဲ့..."
" ရှောင်းကျန့်!...ဘယ်လိုပဲဖြစ်ဖြစ်မင်းကအများအမြင်မှာ ကုမ္ပဏီရဲ့ဆက်ခံသူပဲ မင်းလာကိုလာရမယ်...ငါမင်းကြောင့်မျက်နှာမပျက်ချင်ဘူးနော် ရှောင်းကျန့်... ငါအကြောင်းမင်းသိတယ်နော် အဲ့ဒါမင်းကိုလှမ်းအသိပေးတာ ငါဖုန်းချလိုက်တော့မယ်..."
"တွေ့မှာပေါ့ ခများလေးက အပုန်းကောင်းတယ်ဆိုတော့... ဟား ဟား..."
--------------------------🦋-----------------------------
Continue -Part(15)
Vote&feelbackလေး🙏
Continue Reading
You'll Also Like
247K 12.3K 44
မြင်​ မြင်​ ချင်း အချစ်​ဆိုတာ ကိုယ်​တိုင်​​တွေမှာ ယုံတာ Xiao Zhan🐰🐰 မင်းတို့ အ​ကြွေး ​တွေ ပြန်​ဆပ်​ပြီးရင်​ ကွာရှင်း ကြမယ်​ ...
516K 45.9K 27
***Zawgyi and Unicode*** (Zawgyi) ယုန်လေးတစ်ကောင်က သင့်ဘဝထဲ ဝင်လာ အချစ်တွေ သိမ်းပိုက်ပြီး ကော့တော့ကော့တော့နဲ့ သူ ဘာမှ မလုပ်ခဲ့သလို ပြန်ထွက်သွားမယ်ဆ...
81K 4.4K 61
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
135K 10K 26
You are so important to me. This is probably a bad time but marry me again? A/N : This story is from my imagination . This is just a fan fiction that...