Part-8(Mine)

2.9K 332 0
                                    

(Unicode)

(Mine)
ရှောင်းကျန့် ပြခန်းရောက်တော့လူကသာ customer ကိုပန်းချီကားအကြောင်းရှင်းပြနေပေမဲ့သူ့စိတ်အစဥ်ကဟိုမျောက်လောင်းတွေနဲ့ကျန်ခဲ့တဲ့Peonyစီမှာ။ရှောင်းကျန့်လောက်စိတ်ရှည်တတ်တာရှောင်းကျန့်ပဲရှိတာတောင်ဒီအချိန်ကိုမနဲအောင့်အီးပြီးစိတ်ကိုမရှည်ရှည်အောင်ဆွဲဆန့်ထားရတယ်။

customer ကလည်းဝယ်စရာရှိတာဝယ်လိုက်တာမဟုတ်ဘူးမေးနေလိုက်တာများသမိုင်းစာစဥ်တောင်ပြုစုလို့ရလောက်တဲ့အထိပေရှည်လွန်းတယ်။တော်ပါသေးတယ်ပါးစပ်ကအမြှုပ်ထွက်မတတ်ရှင်းပြအပြီးနောက်ဆုံးတော့အရောင်းအဝယ်ကိစ္စပြီးဆုံးသွားလို့။

ရှောင်းကျန့် ပြခန်းကဝန်ထမ်းတွေကိုလိုအပ်တာတွေမှာပြီးအိမ်အမြန်ပြန်ရောက်ဖို့အရေးသုတ်ခြေတင်တော့သည်။သူထွက်လာခါနီးPeonyရဲ့မျက်နှာငယ်လေးနဲ့ငိုမဲ့မဲ့ရုပ်လေးကိုစဥ်းစားမိတော့ရှောင်းကျန့်ခြေလှမ်းတွေကမြန်သထက်မြန်လာလေပြီ။

ရှောင်းကျန့် မှာကိုယ်ပိုင်ကားမရှိတာထက်မလိုချင်တာကြောင့်ပါးပေးတာတောင်ယူမသုံးခဲ့တာခုတော့ပြခန်းရှေ့လမ်းတနေရာမှာရပ်ပြီးTaxiတစ်စီးအမြန်လှမ်းတားလိုက်ရတယ်။Taxiသူ့ရှေ့ကိုထိုးရပ်လိုက်တာနဲ့တပြိုင်နက်

Ring>>>📲
ဖုန်းမြည်သံကြောင့်ရှောင်းကျန့်အမြန်ဖုန်းကိုင်လိုက်တော့

📲📲📲📲📲
" ရှောင်းကျန့်... မင်းခုချက်ချင်းငါ့ကိုလာတွေ့ ငါမင်းကိုပြောစရာရှိတယ်..."

"ပါး...နောက်မှလာလို့မရဘူးလား...ဘာလို့ခုချက်ချင်းလဲ..."

" ရှောင်းကျန့်... ဒါငါ့အမိန့် မင်းဖီဆန်မယ်မကြံနဲ့ ငါလာဆိုလာလိုက်ပေါ့..ဒါပဲ မင်းမလာရင်မင်းcondoကိုငါလာရလိမ့်မယ်..."

"ကျစ်...စိတ်ရှုပ်ဖို့ကောင်းလိုက်တာ...ဟူး..."

ရှောင်းကျန့် ပြောပြီးTaxiသမားကိုသူခြေဦးမလှည့်ဖို့စိတ်ကူးထားတဲ့ရှောင်းအိမ်တော်ကိုအရောက်ပို့စေတယ်။သူမသွားလို့လဲမဖြစ်။ပါးသာPeonyကိုတွေ့သွားရင်Peonyတွက်ဘယ်လိုမှလုံခြုံနိုင်မှာမဟုတ်တော့ဘူး။သူ့ကြောင့်နဲ့တော့Peonyကိုအန္တရယ်တောထဲကူရာမဲ့သူလိုဖြစ်မသွားစေချင်။ဘာကြောင့်ဆိုPeonyကသူ့မြတ်နိုးရာလေး။

ALIEN LOVER[Complete]Where stories live. Discover now