Extra(3)⚠

4.2K 269 43
                                    

(Unicode)
(Warning ပိစိလေးပါပါတယ်လို့😁)

🦋Alien Lover🦋
•••••••••••••••••••••••

ဂွီ!!!!

Peonyတစ်ယောက်တဂွီဂွီမြည်ကာဆန္ဒပြနေပြီဖြစ်တဲ့အစာအိမ်ကြောင့်အိပ်ရာကစောစောစီးစီးနိုးလာခဲ့တယ်။မျက်လုံးမဖွင့်သေးဘူးအနည်းငယ်လှုပ်ရှားကြည့်တော့တင်းတင်းကြပ်ကြပ်ဖက်တွယ်ထားသည့်လက်အစုံကြောင့်အနည်းငယ်သာလှုပ်နိုင်တော့တယ်။အိမ်မက်မဟုတ်ပါစေနဲ့လို့ဆုတောင်းရင်းမျက်လုံးလေးတွေအသာဖွင့်ကြည့်တော့မှဲ့နက်လေးတန်ဆာဆင်ထားသည့်နှုတ်ခမ်းပါးကိုအဦးဆုံးမြင်လိုက်ရတယ်။အပေါ်ဘက်ကိုအနည်းငယ်မော့ကြည့်လိုက်တော့Peonyရဲ့ကျန့်ကျန့် ပိစိလေးရဲ့daddyမှdaddyစစ်စစ်။အတွေးထဲပိစိလေးရောက်လာတာနဲ့ရှောင်းကျန့်ရင်ခွင်ထဲမှာအိပ်စက်နေရခြင်းကိုပင်မေ့လျော့ကာကိုယ့်ကိုယ်ကိုအပြစ်ရှိသလိုခံစားလာရပြီးမျက်နှာလေးမှိုင်ကျသွားသည့်Peony။Peonyရှောင်းကျန့်ရင်ဘက်နားခေါင်းလေးတိုးဝင်လိုက်ရင်းအက်ျီကော်လံစလေးကိုကိုင်ကာတိုးညှင်းညှင်းလေးရေရွတ်လိုက်မိတယ်။

" ကျန့်ကျန့်ကျွန်တော်တောင်းပန်ပါတယ်နော်...အဟင့်...ကျွန်တော့်ကြောင့်ပါ..."

ရှောင်းကျန့်နိုးသွားမှာဆိုး၍အော်ငိုချင်စိတ်ကိုအောင့်အီးသည်းခံရင်းလက်ဖမိုးကိုဖိကိုက်ထားလိုက်တယ်။အတန်ကြာမှရှောင်းကျန့်ရင်ခွင်ထဲကဖြေးဖြေးချင်းရုန်းထွက်လိုက်ပြီးပါးပြင်နုနုပေါ်ကမျက်ရည်တွေကိုပွတ်သုတ်လိုက်တယ်။အိပ်ခန်းထဲကထွက်ကာPeonyဦးတည်မိသည်ကတခုတည်းသောမီးဖိုဆောင်လေးစီ။ဘယ်လောက်ပင်ဝမ်းနည်းစေကာမူဒီဗိုက်ကလေးကိုတော့ဖြည့်တင်းဖို့လိုအပ်သည်လေ။ရေခဲသေတ္တာထဲကအမြဲသောက်နေကျနွားနို့ပုလင်းလေးယူပြီးပန်းကန်ပြားလေးထဲအသင့်လုပ်ပြီးသားsandwishနှစ်ခုလောက်ထည့်လိုက်တယ်။ကျန့်ကျန့်နဲ့အတူလက်စုံစားနေကျထမင်းစားဝိုင်းလေးမှာတကိုယ်တည်းတိတ်တဆိတ်ထိုင်ရင်းsandwishတွေပလုတ်ပလောင်းစားနေမိတယ်။နွားနို့တငုံလောက်ငှဲ့သောက်လိုက်ပြီးကျန်နေတဲ့sanwishတခုကိုပါးစောင်းတွေဖောင်းကားသည်အထိထိုးထည့်လိုက်ပြီးမီးဖိုဆောင်တံခါးဝကိုအကြည့်ပို့မိတော့သူ့ကိုလက်ပိုက်ကာမိန့်မိန့်ကြီးရပ်ကြည့်နေသည့်ကျန့်ကျန့်ကြောင့်လှုပ်ရှားမှုတွေအကုန်ရပ်တန့်လိုက်မိတယ်။(peonyကလူသားလေးဖြစ်သွားပြီမို့ဂြိုလ်သားအစွမ်းတွေမရှိတော့ပါဘူးဒီတခါရပ်တာကရိုးရိုးရပ်တာကိုပြောတာပါ)ပါးစပ်ထဲကsandwishကိုလည်းမဝါးရဲလက်ထဲကနွားနို့ခွက်ကိုလည်းမော့မသောက်ရဲပဲပြူး​ကြောင်ကြောင်လေးကြည့်နေရင်းဒီနေ့အတွက်ဒုတိယအကြိမ်အဖြစ်မျက်ဝန်းအိမ်ကမျက်ရည်ကြည်တွေစီးကျလာတယ်။

ALIEN LOVER[Complete]Hikayelerin yaşadığı yer. Şimdi keşfedin