Extra(2)

2.8K 239 31
                                    

(Unicode)

🦋Alien Lover🦋
••••••••••••••••••••••

ဒီနေ့ကPeonyဆေးရုံတက်တာတပတ်တင်းတင်းပင်ပြည့်လေပြီ။Peonyဆေးရုံတက်နေတဲ့အတောအတွင်းရှောင်းကျန့်ရဲ့ပစ်ပစ်ခါခါအပြောတွေကိုဆေးရုံခန်းလေးထဲမှာမကြာခဏကြားရတတ်တယ်။သို့တိုင်Peonyက"ကျွန်တော်တောင်းပန်ပါတယ်..."ဆိုတဲ့ငိုသံစွတ်အပြောလေးကလွဲရင်တခြားအကြောင်းရာတလုံးတဘာသာမှနှုတ်ဖျားကဖွင့်ဟခြင်းမရှိသလိုအချိန်တိုင်းငူငူငိုင်ငိုင်နဲ့သာ။ရှောင်းကျန့်ကPeonyကိုမကြာခဏလာကြည့်တတ်ပေမဲ့အနီးကပ်စောင့်ရှောက်သည့်သူမှာကျဲဝမ်ချင်နှင့်နပ်စ်တွေပဲရှိတာမို့Peonyတွက်ခိုဝင်စရာရင်ခွင်လေးပျောက်ရှနေတာတပတ်ပြည့်လေပြီ။

"Peony...ဒီနေ့ကျဲတို့ဆေးရုံကဆင်းလို့ရပြီလို့ဆရာဝန်ကြီးကပြောတယ်...Peonyမပျော်ဘူးလား..."

"ဟုတ်...ကျွန်တော်ပျော်..."

တိုးတိမ်သွားသည့်အသံရှရှလေးကpeonyဘယ်လောက်ထိဝမ်းနည်းနေကြောင်းသက်သေပင်။ဗိုက်ကလေးကိုလက်ကလေးတစ်ဖက်နဲ့ပွတ်သပ်ရင်းအောက်နှုတ်ခမ်းလေးကိုဖိကိုက်ထားသည့်Peonyကဆေးရုံခန်းတံခါးဝကိုတမျှော်မျှော်နဲ့ကြည့်နေသည်မှာတစုံတဦးများလာကြိုလေမလားလို့ပေါ့။အရင်လိုချွဲတတ်တဲ့Peonyလေးကိုပြန်မြင်ရဖို့ကျန့်ကျန့်ဆိုတဲ့ကောင်လေးကိုမရှိမဖြစ်အချွဲခံလူသားလေးအဖြစ်ပြန်လည်ဖော်ဆောင်ရပေဦးမည်။

"Peony...လာဆေးရုံမဆင်းခင်medical checkလုပ်ရဦးမယ်..."

ဝမ်ချင်တစ်ယောက်အချိန်တိုင်းငေးငိုင်နေတတ်သည့်Peonyကိုခေါ်ကာစမ်းသပ်ခန်းလေးစီလျှောက်သွားလိုက်တယ်။Peonyကိုဆရာဝန်တွေအခန်းထဲခေါ်သွားမှကျန်းချန်စီဖုန်းဆက်ပြီးဆေးရုံကအကြိုခိုင်းရတော့တယ်။ရှောင်းကျန့်ဆိုတဲ့တယူသန်ကလည်းPeonyဆေးရုံဆင်းမှာတောင်လာမကြိုနိုင်လောက်အောင်အသဲနှလုံးမရှိတော့တာလား။

"ဟင်းး...ပိစိလေးရယ်ဖြစ်နိုင်ရင်မင်းပါးပါးဗိုက်ထဲပြန်လာပေးပါလား..."

ဝမ်ချင်သက်ပြင်းရှည်ကြီးချပြီးတော့ရေရွတ်လိုက်မိသည်ကကြောင်တောင်တောင်နိုင်နေမည်မှာဧကန်ပင်။ဝမ်ချင်စောင့်နေတုန်းPeonyလည်းပြန်ထွက်လာပြီမို့နှစ်ယောက်သားဆေးရုံရှေ့မှာအသင့်ရောက်နေပြီဖြစ်တဲ့လင်တော်မောင်ကျန်းချန်ရဲ့ကားလေးစီလျှောက်သွားလိုက်တယ်။

ALIEN LOVER[Complete]Where stories live. Discover now