Part-7(Sweet Cream)

3.2K 340 2
                                    

(Unicode)

(Sweet cream)
တအောင့်လောက်နေတော့သူ့ရင်ခွင်ထဲကအကောင်ပေါက်ကအင်းဆိုတဲ့သံရှည်ဆွဲကာလှုပ်လှုပ်ရွရွဖြစ်လာချေပြီ။

"အင်း.......ကျန့်ကျန့်...."

"Peony...နိုးပြီလား ပြောပါဦးကုတင်ပေါ်ကနေကိုယ့်စီဘယ်လိုရောက်နေတာလဲ... အိပ်ပုတ်..."

"အဟီး...အဲ့ဒါကကျွန်တော်တရေးနိုးတော့ ကျွန်တော့်အနားမှာကျန့်ကျန့်မှမရှိတာကိုးလို့...အဲ့ဒါနဲ့ကျွန်တော်လိုက်ရှာရင်းကျန့်ကျန့်ကိုဒီနေရာမှာတွေ့တာနဲ့ကျွန်တော်လည်းဒီမှာပဲအိပ်လိုက်တာ...သူပဲသူများကိုပစ်ထားခဲ့ပြီးတော့..."

Peonyကသူမေးတော့သူ့ကိုယ်ပေါ်ကမဆင်းသေးဘဲနှုတ်ခမ်းထော်ကာထော်ကာနဲ့မျက်လုံးကိုလက်နှစ်ဖက်နဲ့ပွတ်သပ်ရင်းစီကာပတ်ကုန်းရှင်းပြတယ်။သူ့ကိုလည်းအပြစ်တင်လိုက်သေး။

"အဟွန်း...ဟုတ်ပါပြီ ကျွန်တော်မျိုးအပြစ်ပါနော် အိုက်ရိုး...ခုတော့မျက်နှာသွားသစ်ရအောင် ညစ်ပတ်အိုးလေး...ဗိုက်မစာဘူးလားနေတောင်မြင့်နေပြီ..."

"အဟင်း...ကျွန်တော်အိပ်တာအဲ့လောက်တောင်ကြသွားတာလား..."

ရှောင်းကျန့် Peonyကိုယ်လေးကိုတင်ပါးအောက်ကမချီလိုက်ရင်းပြောတော့ဂြိုလ်သားလေးကမျက်လုံးမှေးမှေးလေးတွေမှိတ်ကျသွားတဲ့အထိရယ်ပြရင်းသူအလည်တိုင်ကိုဖက်တွယ်လိုက်တယ်။

ရှောင်းကျန့် Peonyကိုချီထားရင်းပဲအိပ်ခန်းစီလျှောက်သွားလိုက်ကာရေချိုးခန်းထဲဦးတည်လိုက်တယ်။Peonyကိုဘေစဥ်ဘောင်ပေါ်တင်ပေးပြီးမျက်နှာသစ်ပေးတော့Peonyကမျက်လုံးလေးမှိတ်ကာငြိမ်ငြိမ်လေးခံယူတယ်။

သွားလည်းရှောင်းကျန့်ကိုယ်တိုင်ပဲတိုက်ပေးလိုက်ပြီးသူပြောတဲ့အတိုင်းတသွေအတိမ်းလိုက်လုပ်တဲ့Peonyကလူသားလေးအတိုင်းပဲ။နှစ်ယောက်လုံးကိုယ်လက်သန့်ဟင်ခြင်းအမှုပြီးတော့နံနက်စာအတွက်ပြင်ဆင်ရပြန်တယ်။

သူ့အတွက်ပေါင်မုန့်မီးကင်နဲ့ကော်ဖီတစ်ခွက်လုပ်ကာPeonyဖို့အသင့်ဝယ်လာတဲ့ကိတ်မုန့်တွေနဲ့နွားနို့ခွက်လေးချပေးတော့Peonyကသဘောတကျသူ့ကိုလက်မလေးနှစ်ချောင်းထောင်ပြတယ်။ကိတ်မုန့်တစ်ခုမကုန်ခင်နွားနို့တွေပုလင်းတဝက်လောက်ကျသွားတဲ့အထိPeonyကနွားနို့ချည်းပဲလှိမ့်သောက်တယ်။

ALIEN LOVER[Complete]Where stories live. Discover now