Part-2(Knowning)

5.2K 503 2
                                    

(Unicode)

ရှောင်းကျန့် ဘာကြောင့်ရယ်မှန်းမသိသူ့ကိုယ်ပေါ်ကကောင်လေးကိုမတွန်းဖယ်မိဘဲ မျက်နှာအစိတ်အပိုင်းတခုချင်းစီကိုအသာဖွဖွလိုက်ကိုင်ကြည့်မိတယ်။

ပထမဆုံးကောင်လေးရဲ့အထူးဆန်းဆုံးအစိတ်အပိုင်းဖြစ်တဲ့နားရွက်ရှည်ရှည်ထောင်ထောင်လေးတွေ။

သူကောင်လေးနားရွက်ဖျားလေးကိုအသာဖွဖွကိုင်ကြည့်တော့ကောင်လေးကအနည်းငယ်လှုပ်ရွလာကာမျက်နှာလေးကသူနဲ့ပိုနီးကပ်သွားပြီးပြန်ငြိမ်ကျသွားတော့မှရှောင်းကျန့်သက်ပြင်းချမိတယ်။

ကောင်လေးမျက်နှာကခုမှသူသေချာမြင်ရတဲ့အနေအထားဖြစ်လို့ရှောင်းကျန့်မှင်သက်သွားမိတာတော့အမှန်။

ရွှေရောင်ဆံသားနုနုလေးတွေအောက်ကကောက်လေးမျက်နှာသေးသေးလေးက သူတွေ့ဖူးခဲ့သမျှမိန်းကလေးတွေထက်တောင်လှရက်လွန်းတယ်။

နှဖူးပြင်က မကျဥ်းမကျယ် မထူမပါးမျက်ခုံးလေးတွေကစင်ရော်တောင်လေးသဖွယ် မျက်တောင်လေးတွေကအနုပညာဆန်စွာခပ်စိပ်စိပ်ရယ် ပြီးတော့ကောင်လေးမျက်နှာမှာချစ်စရာအကောင်းဆုံးအစိတ်အပိုင်းလို့ပြောလို့ရတဲ့နှခေါင်းလုံးလုံးလေး နှုတ်ခမ်းဖူးလေးကအနည်းငယ်ဖွင့်ဟကာသူ့ရင်ဘက်ပေါ်မှာမလှုပ်မလျှက်အိပ်နေလေရဲ့။

ယောက်ျားလေးတစ်ယောက်ကိုလှတယ်လို့မသုံးနှုန်းသင့်မှန်းသိပေမဲ့ကောင်လေးကတကယ်လှတယ်။ရှောင်းကျန့်ကောင်လေးနှုတ်ခမ်းစီအကြည့်ရောက်တော့အာခေါင်ပင်ခြောက်လာသလိုလို။

သူကြည့်နေတုန်းမှာပဲကောင်လေးကရုတ်တရက်ဖျက်ခနဲမျက်လုံးလေးတွေဖွင့်ကြည့်လာတော့ရှောင်းကျန့်မှာဒုတိယအကြိမ်မြောက်မှင်သက်ရပြန်လေပြီ။

ကောင်လေးမျက်လုံးအိမ်လေးတွေကသာမာန်နဲ့ခြားနားစွာအပြာရောင်ဖြစ်နေပြီးမျက်စံလေးတွေကလူသားတစ်ယောက်လိုမဟုတ်ဘဲလခြမ်းသဏ္ဍန်ဖြူလွှလွှလေးတွေဖြစ်နေခြင်းကြောင့်။

ရှောင်းကျန့် တအံ့တသြငေးကြည့်နေမိတုန်းမှာပဲကောင်လေးကသူ့ကိုမြင်ပြီးကြောက်ရွံ့သွားဟန်သူ့ကိုယ်ပေါ်ကနေကုန်းရုန်းထတော့ပစ်လဲပါလေရော။

ALIEN LOVER[Complete]Opowieści tętniące życiem. Odkryj je teraz