Final Extra

4.7K 296 21
                                    

(Unicode)

🦋Alien Lover🦋
••••••••••••••••••••••

နှစ်တွေကြာမြင့်သွားတာနဲ့အမျှလာဗင်ဒါပန်းခင်းကြီးနဘေးကအစိမ်းရောင်တိုက်ပုလေးကအိုဟောင်းစပြုလာတယ်။သို့သော်မပြောင်းလဲရှိနေသေးသည့်ရှောင်းကျန့်နဲ့Peonyဆိုတဲ့ကောင်လေးနှစ်ယောက်ရဲ့အချစ်ကသစ်လွင်မြဲ၊လတ်ဆတ်မြဲ၊ချစ်မြဲတိုင်းချစ်ဆဲပင်။ခုဆိုရှောင်းကျန့်ကအသက်28နှစ်ဖြစ်ပြီးPeonyအသက်က23နှစ်ဖြစ်သည့်တိုင်Ponyo(ပွန်ညို)ဆိုတဲ့သုံးနှစ်အရွယ်သမီးလေးတစ်ယောက်လည်းသူ့တို့ဘဝထဲမှာရှိနေပြီဖြစ်သည်။Ponyoလေးကသူ့daddyရှောင်းစီကမှဲ့နက်လေးအမွေရထားပြီးပါးပါးPeonyစီကမျက်ဝန်းပြာလေးတ​ွေဆက်ခံတယ်။တမူထူးခြားသည်ကPonyoလေးကသူ့daddyနဲ့လည်းမတူပါးပါးနဲ့လဲမတူသည့်အချက်ကမွေးကတည်းကဆံနွယ်နီကြောင်ကြောင်လေးတွေပိုင်ဆိုင်ထားခြင်းပင်။

ရှောင်းကျန့်မနက်စာပြင်ဆင်ပြီးတာနဲ့ကိုယ်ပေါ်ကအေပရွန်လေးချွတ်ကာအိပ်ခန်းစီလျှောက်သွားလိုက်တယ်။သူနဲ့Peonyရဲ့အိပ်ခန်းလေးစီမရောက်ခင်မျက်နှာချင်းဆိုင်ကသမီးလေးPonyoအခန်းကိုအသာခေါင်းပြူပြီးကြည့်မိတော့ကုတင်အကျယ်ကြီးပေါ်မှာခြေကားရားလက်ကားရားနဲ့အိပ်မောကျနေသည့်သမီးလေးကဆံပင်နီ​ကြောင်ကြောင်လေးတွေထိုးထိုးထောင်ထောင်နှင့်ကြောင်ချီဂုတ်ရုပ်လေး။ဒါပေသိသမီးလေးကသူ့ပါးပါးPeonyနဲ့တူလို့ပဲလားမသိရှောင်းကျန့်အမြင်မှာတော့ဘယ်လိုနေနေချစ်ဖို့ကောင်းနေတာပဲ။

"အဟင်း...ချစ်ဖို့ကောင်းလိုက်တာသူ့ပါးပါးအတိုင်းပဲ..."

အချိန်ကလည်းစောသေးတာမို့ရှောင်းကျန့်သမီးလေးကိုမနှိုးသေးဘဲတံခါးလေးပြန်စိခဲ့လိုက်ကာလင်တော်မောင်လေးရှိရာအိပ်ခန်းလေးစီခြေဦးလှည့်မိတယ်။အိပ်ခန်းထဲဝင်လိုက်တယ်ဆိုရင်ဘဲနှစ်ယောက်အိပ်ကုတင်အကျယ်ကြီးရဲ့ထောင့်လေးမှာမှစောင်ခေါင်းမူးခြုံကာကွေးနေသည့်ပိုးတုံးလုံးလေးကသူ့အချစ်တော်လေးPeony။ရှောင်းကျန့်ကုတင်နားလျှောက်သွားလိုက်ပြီးPeonyဘေးဝင်လှဲလိုက်သည့်တိုင်ဟိုကတုံ့တုံ့မျှမလှုပ်အိပ်ကောင်းတုန်းပင်။သူ့ကိုကျောပေးအိပ်နေသည့်Peonyကိုယ်လေးကိုစောင်နဲ့လုံးထွေးပြီးရင်ခွင်ထဲထည့်ဖက်လိုက်တော့တအင်းအင်းအသံလေးထွက်လာကာစောင်ပုံထဲကခေါင်းလေးပြူကြည့်တယ်။မပွင့်တပွင့်မျက်လုံးလေးတွေနဲ့ရှောင်းကျန့်ကိုလဲမြင်ရောကျောပေးထားရာကနေမျက်နှာချင်းဆိုင်လှည့်လာပြီးသူ့ခါးကိုဖက်ကာပြန်အိပ်သွားတယ်။

ALIEN LOVER[Complete]Kde žijí příběhy. Začni objevovat