Final(Creator)

3.5K 275 34
                                    

(Unicode)

(Creator)
အနုပညာဆန်စွာလက်ရာမြောက်ပြီးအသက်ဝင်လွန်းလှတဲ့ပန်းချီကားအမြောက်အများနဲ့ပန်းချီပြခန်းလေးကနေ့တိုင်းအသက်ရွယ်အပိုင်ခြားမရွေးတဲ့ပန်းချီကိုစိတ်ဝင်စားသူအများစုကြောင့်သက်ဝင်လှုပ်ရှားလျှက်ရှိတယ်။

သက်လက်ပိုင်းအရွယ်အမျိုးသားအမျိုးသမီးအချို့ကပန်းချီကားတွေကိုစိတ်ဝင်စားလို့လာတာဖြစ်ကြပေမဲ့လူငယ်အရွယ်နှုတ်ခမ်းနီမလေးတွေကတော့ရှောင်းကျန့်ဆိုတဲ့အသက်25နှစ်အရွယ်မှဲ့နက်လေးနဲ့ပြခန်းပိုင်ရှင်လေးကိုပိုးပန်းဖို့လာတတ်ကြတယ်။

ဒါမဲ့ရှောင်းကျန့်ဆိုတဲ့လူငယ်လေးကတော့ထိုမိန်းကလေးတိုင်းကိုအပြုံးချိုချိုနဲ့သာတုံ့ပြန်တတ်တဲ့စကားက2နှစ်ရှိပြီပြောင်းလဲမသွားခဲ့ဘူး။

"ကျွန်တော်ကလက်ထပ်ထားပြီးသားအိမ်ထောက်သည်တစ်ယောက်...ကျွန်တော့်ကိုသူ့အပိုင်ဆိုပြီးသတ်မှတ်သွားတဲ့ကောင်လေးပြန်အလာကို စောင့်နေတာ..."လို့ပြောရင်းလက်သူကြွယ်လေးကငွေရောင်လက်စွပ်လေးကိုအမြတ်တနိုးငုပ်ကြည့်တတ်တယ်။

ထိုစကားပြောလိုက်တိုင်းရှောင်းကျန့်နှုတ်ခမ်းပါးတို့ကပြုံးနေသယောင်ရှိပေမဲ့မျက်ဝန်းအစုံကလွှမ်းရိပ်သမ်းကာညှို့မှိုင်းနေတတ်တယ်။

နောက်ပြီးထိုပြခန်းအလယ်မှာမှော်ဆန်ပြီးအသက်ဝင်လွန်းလှတဲ့နားရွက်ရှည်လေးနဲ့ကောင်လေးတစ်ယောက်ရဲ့ပုံတူပန်းချီတစ်ချပ်ကလူအများရဲ့အာရုံကိုဖမ်းစားနိုင်ဆုံးသောပန်းချီတစ်ချပ်ဖြစ်ပေမဲ့ပြခန်းပိုင်ရှင်လေးကထိုပန်းချီကားလေးကိုရောင်းဖို့စိတ်ကူးမရှိဘူးတဲ့လေ။

သူ့နှလုံးသားလေးနဲ့ရင်းပြီးရေးဆွဲခဲ့တဲ့တန်ဖိုးမဖြတ်နိုင်တဲ့ပန်းချီကားလေးမို့လူအများရှေ့ချပြထားတာတောင်လွန်လွန်းလှပြီဆိုတဲ့အထိတွန့်တိုတတ်ပါသေးတယ်။ထိုပန်းချီကားလေးကိုပြခန်းပိုင်ရှင်လေးကနာမည်လှလှလေးလည်းပေးထားပါသေးတယ်။
Zhan's Peonyတဲ့။

-----------------------🦋--------------------

" ရှောင်းကျန့်...ပြန်ကြရအောင်လေ ငါကားယူလာတယ် မင်းတိုက်ပုလေးကိုပဲပြန်မှာမလား..."

ALIEN LOVER[Complete]Where stories live. Discover now