ALIEN LOVER[Complete]
By M-O-N-E
96.4K 8.3K 281
ZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 OTP-ZHAN SHAN WEI WANG(ZhanYi) Story Genre-Fan Fiction(Supernatural) [... More
Part-1(Meeting)
Part-2(Knowning)
Part-3(Peony)
Part-4(Safely Peony)
Part-5(sweet lip taste)
Part-6(Notic Sign)
Part-7(Sweet Cream)
Part-8(Mine)
Part-9(Sure)
Part-10(Bad Dream)
Part-11(Follow me)⚠
Part-13(Everything&Ratio)
Part-14(Never Mind)
Part-15(A lot Of Love)
Part-16(Belief of Bff)
Part-17(Don't Cry Peony)
Part-18(Tie)
Part-19(Don't away)
Part-20(A Sure)
Part-21(Sweet Days)
Part-22(Will Comeback)
Final(Creator)
Extra(1)
Extra(2)
Extra(3)⚠
Final Extra
Part-12(I need only Peony)
2.9K 277 4
By M-O-N-E
(Unicode)
(I need only Peony)
"ဟာ...ရှောင်းကျန့် မင်းတကယ်ကြီး Peonyကိုရသွားတာလား..."
"အဟွန်း...ဒါပေါ့ ဘယ်သူမို့လို့လဲ ရှောင်းရှောင်းကျန့်ပဲလေ... ဟင်း...ဟင်း..."
ရှောင်းကျန့် သူ့အပြောကိုမယုံနိုင်သလို မျက်လုံးပြူးမျက်ဆံပြူးနဲ့ ပြန်မေးနေတဲ့သူငယ်ချင်းတစုကို ဂုဏ်ဆာတဲ့လေသံနဲ့ ရှပ်အက်ျီကော်လံကိုသပ်ရင်းပြန်ဖြေလိုက်တယ်။
"မင်း...မင်းဟာ ဟုတ်ရော ဟုတ်ရဲ့လားကွာ ငါတို့ကမင်းကိုပန်းသေနေတယ်အောင့်မှတ်တာ..."
"ဟေ့ရောင်...ဟောက်ရွှမ်း မင်းပဲပန်းသေ ငါအစကPeonyကိုမြတ်နိုးလွန်းလို့သာ..."
"ဟား...ဟား...ငါပန်းသေလားမသေလား ကျိရန်ကိုသာကြည့်တော့...အ..."
"ဟာ...ကို ဘာတွေပြောနေတာလဲ သူငယ်ချင်းတွေရှေ့မှာအရှက်ကိုမရှိဘူး..."
ကျိရန်ကဟောက်ရွှမ်းအပြောကြောင့် ဟောက်ရွှမ်း ဗိုက်ခေါက်ဆွဲကိုဆွဲလိမ်ရင်း မျက်စောင်းဗုန်းကျဲတော့သည်။
"ဟုတ်သားပဲ... ရှောင်းကျန့်ရာ မင်းကငါတို့ဖန်တီးပေးတုန်းကတော့ မခုတ်တတ်တဲ့ကြောင်လို... ခါကျမှဗြုန်းစားကြီးဆိုတော့ ငါတို့မှာယုံကခက်ခက်နဲ့...ဒါနဲ့လေ Peonyကဘယ်လိုမျိုးလေးလဲဟင်... ရှောင်း..."
"မင်းအမေကြီးတော်မို့ ဘယ်လိုမျိုးလေးလဲလာမေးနေတာလဲ...အဲ့ကိစ္စမင်းတို့ကိုစီကာပတ်ကုန်း အစီရင်ခံနေရမှာလား..."
"ဟဲ...ဟဲ...မဟုတ်ဘူးလေသူငယ်ချင်းကလည်း Peonyကဂြိုလ်သားလေးဆိုတော့ လူတွေနဲ့ ဟို ဘယ်နေရာများမတူဘူးလဲလို့ သိချင်ရုန်လေးပါ...မင်းကလည်းစိတ်ကြီးပဲ..."
ကျန်းချန် ကရှောင်းကျန့်ရဲ့ဘုနဲ့ဘောက်အဖြေကြောင့်ဂုတ်ကိုပွတ်သပ်ရင်းတဟဲဟဲနဲ့ပြန်ချေပလေရဲ့။ဒီကောင်တွေကိုစကားစလိုက်မိတာကိုကသူ့အမှား။သူမစခင်ကတည်းကအတွေးတွေကမှောင်မိုက်နေတဲ့ကောင်တွေ။
"ကျန့်ကျန့်... "
"အယ်..."     "ဟမ်...."
ရှောင်းကျန့် နောက်ဘက်က ကျန့်ကျန့် ဆိုတဲ့ခေါ်သံလေးကြောင့်ရှေ့ကသကောက်သားတွေက သူ့အနောက်ကိုမျက်တောင်မခတ်တမ်းကြည့်ရင်း အာမေဋိတ်သံကိုယ်စီနဲ့မလှုပ်မလျှက်။ဘာလို့ပါလိမ့်ဆိုပြီးသိချင်စိတ်ကြောင့်လှည့်ကြည့်မိတော့ရှောင်းကျန့်တစ်ယောက်ဂျယ်လီအတုံးလိုက်အတစ်လိုက်နင်ပြီလေ။
Peonyရယ်လေညကသူခြုံထားပေးတဲ့စောင်ဖြူဖြူကြီးကိုကိုယ်ပေါ်မှာကပိုကရိုလုံရုန်လေးဖုံးလွှမ်းကာအိပ်ခန်းဝမှာအိပ်ချင်မူးတူးရုပ်လေးနဲ့မျက်လုံးအစုံကိုပွတ်သပ်ရင်းပါးစပ်ကလည်းဝူးဝူးဝါးဝါးနဲ့သူ့ကိုလှမ်းခေါ်နေလေရဲ့။
"ဟာ...ဟိတ်ရောင်တွေ ဘယ်ကိုလိုက်ကြည့်နေတာလဲ ပြန်...ပြန်ကြတော့ကွာ...ကျစ်..."
ရှောင်းကျန့် ပြောပြီးPeonyစီအပြေးသွားကာPeonyကိုယ်လေးကိုပွေ့ချီလိုက်ပြီးအိပ်ခန်းထဲဝင်လာလိုက်တယ်။ဧည့်ခန်းထဲမှာဟိုငနာတွေဘယ်လိုဘယ်ပုံကျန်ခဲ့လဲမသိတော့။
"Peonyရာ ဘာလို့ ဒီတိုင်းထွက်လာရတာလဲ...ပြီးတော့Peonyလမ်းလျှောက်နိုင်တာလား..."
"အွန်း...နဲနဲတော့နာနေတယ် ကျန့်ကျန့်...ကျွန်တော်ဗိုက်စာတယ် နောက်ပြီး တကိုယ်လုံးအားမရှိသလိုပဲ နုံးချည့်ချည့်နဲ့..."
ရှောင်းကျန့် Peonyကိုကုတင်ပေါ်ချပေးရင်းပြောတော့Peonyကဗိုက်ကလေးကိုပွတ်သပ်ကာငိုမဲ့မဲ့ရုပ်လေးနဲ့ညည်းရှာတယ်။
"အဟင်း...မနေ့က ကျွန်တော့်ကို ပိုပေးပါလို့ပြောတာ ဘယ်ကောင်လေးလဲ..."
"အာ...ကျန့်ကျန့်ကလည်းဗျာ ...အဲ့ဒါကတော့..."
Peonyကသူ့အပြောကြောင့်နားရွက်ဖျားလေးတွေအထိရဲတက်လာကာခေါင်းလေးငုပ်ကျသွားတယ်။
"အဟွန်း...ဂြိုလ်သားလေးတစ်ကောင်ရှက်နေတာကြည့်ပါဦး ချစ်ဖို့ကောင်းလိုက်တာ...ကဲပါ လာ ရှက်မနေနဲ့ ကိုယ်အက်ျီဝတ်ပေးမယ်... ပြီးရင် တခုခုစားပြီး ဆေးသောက်လိုက်ရင်ပျောက်သွားလိမ့်မယ်..."
ရှောင်းကျန့် လည်းဗီရိုထဲကရှပ်အက်ျီပွရောင်းရောင်းတထည်ထုတ်ယူလိုက်ပြီးPeonyကိုဝတ်ပေးလိုက်တယ်။Peonyတွက်စာစရာတခုခုလုပ်ပေးဖို့အခန်းပြင်ပြန်ထွက်လာတော့ဟိုသကောက်သားသုံးကောင်ကိုမတွေ့တော့ပြန်သွားကြပြီနေမယ်။ရှောင်းကျန့်ဆန်ပြုပ်တစ်ပန်းကန်ပြုတ်ပြီးအအေးခံကာPeonyကိုခွံကျွေးတော့Peonyကမနေ့ကတည်းကအစာမရှိတာကြောင့်တအောင့်လေးနဲ့တပန်းကန်လုံးကုန်သွားတော့တယ်။
"Peony...စားကောင်းလား... "
"အွန်း...ကျန့်ကျန့်လက်ရာအကောင်းဆုံးပဲ..."
"အဟွန်း...လက်ဖြန့် နာတာတွေပျောက်သွားအောင် ဒီဆေးလုံးလေးတွေသောက်လိုက်နော် လိမ္မာတယ်..."
ရှောင်းကျန့် Peonyကိုဆေးတိုက်ပြီး ဆန်ပြုပ်ပန်းကန်ယူကာမီးဖိုဆောင်ဘက်ပြန်ထွက်လာလိုက်တယ်။ပန်းကန်တွေဆေးကြောပြီးအိပ်ခန်းထဲမှာကျန်ခဲ့တဲ့Peonyစီပြန်သွားတော့Peonyကသူထားခဲ့တဲ့ကုတင်ပေါ်မှာမရှိတော့။အခန်းထဲမှာလဲPeonyအရိပ်ယောင်မတွေ့တာကြောင့်ရှောင်းကျန့်အနည်းငယ် စိုးရိမ်စိတ်လေးဝင်လာမိတယ်။
"Peonyဘယ်မှာလဲ...Peonyကိုယ့်ကိုပြန်ထူးပါဦး...Peony..."
ရှောင်းကျန့် Peonyပြန်ထူးသံမကြားတာကြောင့်အရင်လိုပဲရေချိုးခန်းထဲမှာများရှိနေမလားဆိုပြီးဝင်သွားလိုက်တော့တကိုယ်လုံးမှာရှိတဲ့သွေးတွေပြောင်းပြန်စီးသွားသလိုလူကစိုးရိမ်စိတ်ကြောင့်ထူပူသွားတယ်။Peonyကဘေစဥ်အောက်ခြေမှာပုံပုံလေးလဲကျနေကာမျက်နှာလေးကသွေးရောင်မရှိတော့သလိုဖျော့တော့လို့။ရှောင်းကျန့်အမြန်ပဲPeonyကိုလေးကိုထွေးပွေ့ကာလှုပ်နှိုးမိတယ်။
"Peony...ထပါဦး မျက်လုံးဖွင့်ကြည့်ပါဦးPeony...ကိုယ့်ကိုကြည့်ပါဦး...အင့်...Peony..."
"ကျန့်ကျန့်...ကျွန်တော်ဘာမှဖြစ်ပါဘူး..."
ရှောင်းကျန့် ရင်ခွင်ထဲကPeonyအသံပိစိလေးကြားမှထွေးပွေ့ထားတဲ့ကိုယ်လေးကိုရင်ခွင်ထဲကထုတ်ကာကြည့်မိတော့Peonyကမျက်လုံးလေးတွေကိုအားယူကာဖွင့်ကြည့်ရင်း သူ့ကိုမစိုးရိမ်ဖို့ပြောရှာတယ်။
"ကျွန်တော်ခန္ဓာကိုယ်က ခုနကဆေးတွေနဲ့ ဓာတ်မတည့်ဘူးနဲ့တူတယ်...ခုအန်ထုတ်လိုက်ပြီကျွန်တော်အဆင်ပြေတယ်နော်...ကျန့်ကျန့်စိတ်ပူနဲ့..."
"ဟမ်...ဆေးတွေနဲ့မတည့်တာလား..."
"အွန်း...ဓာတုပစ္စည်းတွေကလူသားတွေအတွက်ပဲအသုံးပြုလို့ရနိုင်တာလေ ကျွန်တော်တို့သုံးမိရင်ဆိုးကျိုးတွေဖြစ်လာနိုင်တယ်..."
"ဟာ...Peonyရာကိုယ့်ကိုစောစောကတည်းကဘာလို့မပြောရတာလဲကွာ..."
"ကျန့်ကျန့်...ကျွန်တော်အဆင်ပြေတာမို့ စိတ်မကောင်းဖြစ်နဲ့နော် ခုခဏလောက်ကျွန်တော့်ကိုပေးအိပ်ပါလား..."
"အင်း...Peonyအိပ်လိုက်ရင်အဆင်ပြေသွားမှာသေချာလား...ကိုယ့်ကိုစိတ်မအေးရအောင် မလုပ်စမ်းပါနဲ့ကွာ..."
"အွန်း...အိပ်လိုက်ရင်ကောင်းသွားမှာ သေချာတယ်..."
"ပြီးတာပဲ...လာကိုယ့်ကိုဖက်ထား..."
ဒီကောင်လေးကအစားတွေအများကြီးစားတာတောင်ဘာလို့ချီလိုက်တိုင်းအသာလေးပါလာရတာလဲမသိ။ရှောင်းကျန့်လည်းPeonyကိုပွေ့ကာမွေ့ယာပေါ်ချီတင်ပေးလိုက်တယ်။ဒီရက်ပိုင်းPeonyကခဏခဏအားနည်းတတ်သလိုပဲ။Peonyကိုmedical chatလုပ်ရအောင်လည်းPeonyကသာမာန်မဟုတ်မှန်းလူတွေသိသွားမှာဆိုးရသေးတယ်။
Peonyကအန်ထားရတာကြောင့်နှဖူးပြင်မှာချွေးလေးတွေစို့ကာအသက်ရှူသံမှန်မှန်လေးနဲ့အိပ်ပျော်သွားရှာတယ်။ရှောင်းကျန့်ကုတင်ဘေးစားပွဲပေါ်ကphoneလေးယူကာPeonyပုံလေးကိုရိုက်ယူထားလိုက်သေးတယ်။တစ်နေ့တော့ သူကိုယ်တိုင် သူ့လက်နဲ့ သူချစ်ရတဲ့ ဂြိုလ်သားလေးကို မှော်ဆန်တဲ့ပန်းချီကားတစ်ချပ်အဖြစ်ချပြနိုင်ဖို့  စိတ်ကူးယဥ်မိသေးတယ်။
ပြီးတော့Peonyဘယ်ဘက်လက်လေးကိုစောင်ခြုံထဲကအသာထုတ်ယူကာလက်သူကြွယ်လေးမှာသူကိုယ်တိုင်ဒီဇိုင်းဆွဲပြီးအပ်ထားတဲ့အတွင်းဘက်မှာPeonyဆိုတဲ့အက္ခရာစာလုံးလေးတွေထွင်းထားတဲ့ငွေ​ြဖူရောင်လက်စွပ်လေးစွပ်ပေးလိုက်တယ်။Peonyကိုတရားဝင်ပိုင်ဆိုင်နိုင်မဲ့နေ့ကိုရောက်ချင်လှပြီ။
Peonyနဲ့သူကဘယ်လိုပဲကဲွဲပြားနေပါစေနှလုံးသားချင်းထပ်တူကျနေတာမို့Peonyနဲ့သာတသက်လုံးပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရင်းအတူအိုမင်းသွားချင်တာရှောင်းကျန့်ရင်ထဲကအတောင်းတဆုံးဆန္ဒတစ်ခု။
"Peonyသာကိုယ့်အနားမှာရှိနေရင်... အရာအားလုံး လူသားတွေအပါအဝင် ကိုယ့်ရဲ့ဖြစ်တည်မှုတိုင်းကိုကျောခိုင်းပြီး ဒီလက်ကလေးကိုမလွှတ်တမ်းဆုတ်ကိုင်ရင်း အခက်ခဲအားလုံးကိုရင်ဆိုင်သွားမှာ...အားလုံးနဲ့ဆန့်ကျင်ရမယ်ဆိုရင်တောင်Peonyကိုလက်လွှတ်ပေးမှာမဟုတ်ဘူး...ကိုယ့်အတွက်မင်းပဲလိုအပ်တာPeony..."
ရှောင်းကျန့် ပြောကာ Peonyလက်ဖမိုးလေးကိုဖိနမ်းလိုက်တယ်။ဒီလက်ကလေးကသူ့အပိုင်။ပြီးတော့ဒီရွှေရောင်ဆံနွယ်လေးတွေ နားရွက်ရှည်ရှည်လေးတွေ မျက်ဝန်းပြာတွေနဲ့ မျက်ခွံမို့မို့တွေ နောက်ပြီးမျက်ခုံးတန်းထူထူလေးတွေ နှခေါင်းလုံးလုံးလေးရော ပြီးတော့စကားပြောလိုက်တိုင်းထော်ထွက်လာတတ်တဲ့နှုတ်ခမ်းဖူးလေး ဒီဂြိုလ်သားလေးရဲ့ဖြစ်တည်မှုတိုင်းကရှောင်းကျန့်ဆိုတဲ့ကျွန်တော့်တစ်ယောက်တည်းအပိုင်။
---------------------------🦋-----------------------------
ရှောင်းကျန့် laptop screen ပေါ်ကလာဗင်ဒါပန်းခင်းကြီးနဘေးမှာသေ​​ေသသပ်သပ်ဆောက်လုပ်ထားတဲ့အစိမ်းနုရောင်တိုက်ပုလေးကိုကြည့်ကာပြုံးလိုက်မိတယ်။ထိုတိုက်ပုလေးကတခြားမဟုတ်။ရှောင်းကျန့်ရဲ့အနာဂတ်အစီစဥ်တွေထဲကPeonyနဲ့သူ့ရဲ့အချစ်အိမ်လေး။
"ကျန့်ကျန့်ရေ...ကျန့်ကျန့်..."
"Peony...ကိုယ်ဒီမှာ..."
ရှောင်းကျန့် သူရှိကြောင်းအသံပေးလိုက်တော့Peonyကအိပ်ခန်းထဲကခေါင်းပြူကာသူ့ကိုတကြော်ကြော်အော်ခေါ်နေရာကနေဧည့်ခန်းစီလျှောက်လာတယ်။ရှောင်းကျန့်Peonyသူ့အနားရောက်တော့Peonyလက်ကဆွဲကာသူ့ပေါင်ပေါ်မှာတင်ပလွှဲလေးထိုင်စေတယ်။
"Peonyလာပါဦး...ကိုယ်ပြစရာရှိတယ်..."
"ဘာလဲဟင် ကျန့်ကျန့်..."
ရှောင်းကျန့် Peonyအမေးကိုပြန်မဖြေသေးဘဲlaptopလေးကိုPeonyပေါင်ပေါ်ရွေ့တင်ပေးလိုက်ကာ
"Peony...ဒီမှာကြည့် အိမ်လေးမလှဘူးလား..."
"အွန်း...လှတယ် အဲ့ဒါဘာဖြစ်လို့လဲဟင် ကျန့်ကျန့်..."
ရှောင်းကျန့် laptop screen ကိုလက်ညှိုးထိုးကာမေးတော့Peonyကလှကြောင်းပြောရင်းတဆက်တည်းမေးခွန်းပြန်ထုတ်တယ်။
"အဟွန်း...ဒီအိမ်လေးက ကိုယ်တို့နှစ်ယောက်လက်ထပ်ပြီးရင် ကိုယ်တို့တသက်လုံးအတူနေသွားရမယ့်အိမ်လေး..."
"ဟမ်...လက်ထပ်တာ အဲ့ဒါကဘာကိုပြောတာလဲဟင် ကျန့်ကျန့်..."
ရှောင်းကျန့် Peonyအမေးကြောင့်နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြလိုက်ပြီးPeonyလက်တစ်ဖက်ကိုယူကာသူ့ဝဲဘက်ရင်အုံပေါ်တင်ပေးလိုက်ရင်း
"လက်ထပ်တယ်ဆိုတာ တစ်ယောက်ရဲ့ဘဝကိုနောက်တစ်ယောက်စီပေးအပ်တာ... တစ်ယောက်ကိုတစ်ယောက်အပြန်အလှန်အပိုင်ဖြစ်အောင်ချည်နှောင်တယ်လို့အဓိပ္ပါယ်ရတယ် Peonyဂြိုလ်သားလေးရဲ့..."
"ဒါဆို...ကျွန်တော်တို့လက်ထပ်လိုက်ရင် ကျန့်ကျန့်ကို ကျွန်တော်ပိုင်မှာပေါ့နော်..."
"ဒါပေါ့Peonyရဲ့...လက်ထပ်​​ပြီးရင် ကိုယ်တို့နှစ်ယောက်တည်းဒီ​​နေရာလေးမှာအတူနေကြမယ်နော်..."
"အွန်း...နေမှာ..."
"အဟွန်း.."
ရှောင်းကျန့် အမေးကိုPeonyကခေါင်းကိုပြုတ်ထွက်မတတ်ငြိမ့်ပြရင်းဖြေတော့ရှောင်းကျန့်သဘောတကျPeonyခေါင်းလေးကိုပွတ်သပ်ရင်းပြုံးလိုက်မိတယ်။ဆန်းတော့ဆန်းကျယ်သား။ခများတို့မပြောနဲ့ကျွန်တော်ကိုယ်တိုင်တောင်မထင်ထားမိဘူး။ကျွန်တော့်ရဲ့အနာဂတ်သတို့သားလောင်းလေးကဂြိုလ်သားလေးဖြစ်​​ေနလိမ့်မယ်လို့ပေါ့...။ဒါမဲ့တကယ်ပဲကျွန်တော့်ချစ်သူကောင်လေးကဂြိုလ်သားလေးဗျ...။
---------------------------🦋-----------------------------
Continue -Part(13)
ဒီအပိုင်းအချိုပေါ့သွားတယ်သွေ့ပုချိ🙏မကောင်းမကန်းလေးကိုသည်းခံဖတ်ပေးတဲ့ဒါလေးတွေကျေးဇူးလည်းတင်တယ်ချစ်လည်းများကြီးချစ်တယ်နော်😘all ai ni🙆ကျန်းမာရေးဂရုစိုက်နော်သဲငယ်တို့😍😷
Vote&feelback လေး🙏
(Zawgyi)
(I need only Peony)
"ကျန့်ကျန့်... "
"အယ်..."     "ဟမ်...."
"Peony...စားကောင်းလား... "
Peonyနဲ့သူကဘယ်လိုပဲကွဲပြားနေပါစေနှလုံးသားချင်းထပ်တူကျနေတာမို့Peonyနဲ့သာတသက်လုံးပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရင်းအတူအိုမင်းသွားချင်တာရှောင်းကျန့်ရင်ထဲကအတောင်းတဆုံးဆန္ဒတစ်ခု။
---------------------------🦋-----------------------------
"Peony...ကိုယ်ဒီမှာ..."
"ဘာလဲဟင် ကျန့်ကျန့်..."
"အွန်း...နေမှာ..."
"အဟွန်း.."
---------------------------🦋-----------------------------
Continue -Part(13)
Vote&feelback လေး🙏
Continue Reading
You'll Also Like
53.4K 3K 18
ကျွန်​​တော်​ဆို​သော​ရှောင်​ကျန့်​သည်​... ဝမ်​ရိ​ပေါ်ဆို​သောkid​လေးအားအလွန့့်​အလွန်​မဟားတရားအန်​မတိအန်​မတန်​ချစ်​မိ​နေပါသည်​.......😊 ဤမှန်​ကန်​​သောစကာ...
22.9K 2.3K 47
"တဈနေ့ မငျးနဲ့ငါက ရနျသူတှေ ဖွဈလာခဲ့ရငျ.." "ဘာဖွဈဖွဈ ကိုယျဂရုမစိုကျဘူး Harry.. အဲ့လိုဖွဈလာမှာလညျး မဟုတျလို့" "တစ်နေ့ မင်းနဲ့ငါက ရန်သူတျြေဖစ္လာခဲ့ရင...
81.1K 4.4K 61
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
270K 19.7K 50