နှလုံးသားရပ်ဝန်းအနီးတစ်ဝိုက်တ...

By _MyatHsu_

2M 195K 27K

Facing 1500 More

Intro
Hello
Epi_2
Epi_3
Epi_4
Epi_5
Epi_6
Epi_7
Epi_8
Epi_9
Epi_10
Epi_11
Epi_12
Epi_13
Epi_14
Epi_15
Epi_16
Epi_17
Epi_18
Epi_19
Epi_20
Epi_21
Epi_22
Epi_23
Epi_24
Epi_25
Epi_26
Epi_27
Epi_28
Epi_29
Epi_30
Epi_31
Epi_32
Epi_33
Epi_34
Epi_35
Epi_36
Next
One
Again
More
Everlasting
About MaHniYatWun
FAN ARTS
Thingyan Special
Extra
Valentine Special
Kindly Remind💟

Epi_1

106K 5.9K 345
By _MyatHsu_

အခ်စ္ဆိုတာ ရင္ခုန္သံေတြရဲ႕ႀကိမ္ႏႈန္းေပၚ မူတည္ၿပီးတိုင္းတာရတဲ့ ယူနစ္တစ္ခုဆိုရင္ ရင္ခုန္သံဆိုတာ ႏွလံုးသားရပ္ဝန္းကို မွီတည္ရွင္သန္ရတဲ့ ရာသီဥတုျဖစ္စဥ္တစ္ခုလား။ ေနမင္းက ေကာင္းကင္ျပာျပာမွာ အေျခစိုက္ၿပီး ေျမျပင္ကို ေက်ာခင္းသလို ရင္ခုန္သံက ႏွလံုးသားရပ္ဝန္းကိုအေျခစိုက္ၿပီး ခ်စ္သူကိုေမာ္ဖူးပါရဲ႕။ ခ်စ္သူ ေျခစံုလာရပ္တဲ့ ကၽြန္ေတာ့္ႏွလံုးသားရပ္ဝန္းမွာေတာ့ အျပံဳးေတြေဝျဖာၿပီး ရင္ခုန္သံေအးေတြတိုးေဝွ႕တဲ့ လွပတဲ့ရာသီဥတုတစ္ခုျဖစ္တည္ပါ၏။ ကၽြန္ေတာ္က ခ်စ္သူရဲ႕ေမတၱာေအာက္မွာ မွီတြယ္ရပ္တည္ရတဲ့ ရာသီဥတုတစ္ခု...။

                            ×××××

"ညီမေလး...အဆင္သင့္ျဖစ္ၿပီလား"

ေက်ာပိုးအိတ္ကိုေကာက္လြယ္ၿပီးတာန႔ဲတစ္ၿပိဳင္နက္ အိပ္ခန္းထဲကထြက္ၿပီး လွမ္းေမးရသည္။

"ထမင္းဘူးေရာ၊ ေန႔လယ္စားဖို႔ မုန္႔ေလးဘာေလး ယူသြားဦးေနာ္ ညီမေလး"

"အကုန္ထည့္ၿပီးၿပီ ကိုကိုရ"

ထမင္းစားပြဲဝိုင္းကေနမတ္တပ္ရပ္ၿပီး လက္ယပ္ေခၚေနတဲ့ ညီမေလးနားကို ကၽြန္ေတာ္ေျခလွမ္းလိုက္ရသည္။ တကယ္ကို ဆြဲျခင္းထဲမွာလည္း ထမင္းဘူးပန္းေရာင္နဲ႔ အခ်ိဳရည္နဲ႔သြားရည္စာအျပည့္။ မေသသပ္သလိုျဖစ္ေနတဲ့ နက္ကတိုင္နက္ျပာေရာင္ေလးကို ကၽြန္ေတာ္ကိုယ္တိုင္ပဲ ျပဳျပင္ေပးလိုက္သည္။

"သားေရာ မနက္စာစားသြားပါလား"

မာမီက ညီမေလးထမင္းခ်ိဳင့္ျခင္းေလးထဲ တစ္ရႉးထုပ္ထည့္ေပးရင္း ကၽြန္ေတာ့္ကိုလွမ္းေမး၏။

"ေတာ္ၿပီမာမီ။ ကန္တင္းမွာပဲစားလိုက္ေတာ့မယ္။ မနက္ခင္းဆို သန္လ်င္တံတားကအရမ္းၾကပ္တာ။ ရံုးတက္၊ ေက်ာင္းတက္ကားေတြနဲ႔"

"ကားကို ဂရုစိုက္ေမာင္းေနာ္ သား"

"စိတ္မပူနဲ႔ မာမီ။ ညီမေလးကို ပို႔ၿပီးရင္ သားဖုန္းဆက္လိုက္မယ္။ ခ်စ္တယ္ေနာ္မာမီ"

ၾကက္ဥနံ႔ေလးေတြကပ္ၿငိေနတဲ့ မာမီ့ပါးေျပာင္ေလးကို အသံျမည္ေအာင္နမ္းရႈံ႔ၿပီး ညီမေလးထမင္းခ်ိဳင့္ကိုလည္း ကၽြန္ေတာ္ပဲေကာက္ဆြဲလိုက္သည္။ ဒီဇင္ဘာရဲ႕ျမဴႏွင္းလႊာကို မၿဖိဳကြဲႏိုင္ေသးတဲ့ ေနေရာင္ျခည္ႏုႏုက ေရာင္ဝါပါးပါးေလးနဲ႔ ကမာၻေျမျပင္ေပၚ က်ဴးေက်ာ္နင္းဖို႔အစပ်ိဳးေနသည္။ ရန္ကုန္ေဆာင္းက နံနက္ခင္းအပိုင္းအျခားေလးမွာပဲ မပီမျပင္သက္ဝင္သည္။ ေအးေနမလားဆိုၿပီး ငဲ့ၾကည့္လိုက္မိတဲ့ညီမေလးကေတာ့ ကားေပၚတက္တာေတာင္ အျပံဳးႏုႏုကမပ်က္။ ေအးမွာေတာ့လည္းမဟုတ္။ ေက်ာင္းယူနီေဖာင္းျဖစ္တဲ့ ရွပ္လက္ရွည္အျဖဴ၊ ေဘာင္းဘီနက္ျပာအရွည္နဲ႔ လက္ပင္းကနက္ကတိုင္အပါအဝင္ ညီမေလးက ယူနီေဖာင္းအျပည့္အစံု။ တရားဝင္တကၠသိုလ္ေက်ာင္းသူျဖစ္တဲ့ေန႔မွာပဲ တက္ႂကြေနတဲ့ညီမေလးကိုၾကည့္ၿပီး ကၽြန္ေတာ့္တကၠသိုလ္ပထမဆံုးရက္ေတြေတာင္ မွတ္ဥာဏ္တဲ့ျပန္လည္အရိပ္ထင္လာသည္။ ေယာက္်ားေလးနဲ႔မိန္းကေလးဆိုေတာ့ နည္းနည္းေတာ့ကြာတာေပါ့။ ကၽြန္ေတာ္ကက် အလယ္တန္းတည္းက တစ္ဖြဲ႕တည္းျဖစ္လာတဲ့ေဘာ္ဒါေတြနဲ႔ ျပန္ဆံုရမယ့္ေနရာမို႔လို႔ ေျမႇာက္ႂကြေနတယ္ေျပာရင္ ပိုမွန္မည္။

ၿမိဳ႕ျပနဲ႔အလွမ္းေဝးတဲ့ေက်ာင္းကိုေရာက္ဖို႔ ေလးဆယ့္ငါးမိနစ္ေက်ာ္ အခ်ိန္ေပးရသည္။ ဒါေတာင္ ရံုးခ်ိန္မေရာက္ေသးလို႔ ကားလမ္းေတြရွင္းေနတာ။ ျမန္မာႏိုင္ငံေရေၾကာင္းပညာတကၠသိုလ္ဆိုတဲ့ မုခ္ဦးကိုျမင္တာနဲ႔ ညီမေလးမ်က္လံုးေတြက ဝင့္တက္သြားတာကို ကားေမာင္းေနရင္းလည္းသတိထားမိသည္။ သစ္ေတာရိပ္၊ သစ္ပင္ရိပ္ၾကားမွာ အထီးတည္းတည္ရွိတဲ့ေက်ာင္းက ေခါင္းေထာင္အရွိန္ယူလာၿပီၿဖစ္တဲ့ ေနမင္းေအာက္မွာ မားမားမတ္မတ္ရွိေနသည္။ မုခ္ဦးနဲ႔ ပင္မအေဆာက္အအံုကလည္း အနည္းငယ္အလွမ္းေဝးသည္။ ျမဴကြဲသြားၿပီျဖစ္တဲ့ ေျမျပင္တစ္ခြင္က စိမ္းစိုသစ္ပင္ေတြေပၚက အုပ္မိုးလာတဲ့ ေနေရာင္ျခည္ဝါဝါနဲ႔ ေဆာင္းေလရဲ႕အားၿပိဳင္မႈၾကားမွာ ေအးစိမ့္ျမေနသည္။ ေက်ာင္းေဆာင္ေရွ႕မွာ ေပါင္မုန္႔ကား၂စီးက ကၽြန္ေတာ္တို႔ထက္အလ်င္ ေရာက္လုေနသည္။ ရန္ကုန္ၿမိဳ႕ရဲ႕ဆန္႔က်င္ဘက္အစြန္ဆံုးကထြက္လာရတဲ့ ဖယ္ရီကားေတြျဖစ္မည္။

"မဆင္းနဲ႔ဦးေလ ညီမေလး"

"ဟင္... ကိုကို ေက်ာင္းေနာက္က်ေနမွာေပါ့"

"ကိုကိုေနာက္က်တာထက္ ညီမေလးတစ္ေယာက္တည္းျဖစ္ေနလိမ့္မယ္"

နာရီကိုၾကည့္ေတာ့ ၇နာရီတိတိ။ ကၽြန္ေတာ္တို႔ေက်ာင္းက ၈နာရီခြဲတက္တာ။ သန္လ်င္ကျပန္ထြက္ၿပီး သဃၤန္းကၽြန္းထိေျပးမယ္ဆို ပထမဆံုးအတန္းခ်ိန္ကေတာ့ လြတ္မွာအေသအခ်ာ။ ဘယ္တတ္ႏိုင္မလဲ။ ညီမေလး ေက်ာင္းပထမဆံုးရက္မွာ ဒီလိုႀကီးေတာ့ ပစ္မထားခဲ့ခ်င္။ တိတ္ဆိတ္ၿပီး လူသူသံကင္းရွင္းတဲ့နယ္ေျမကို တစ္ပတ္လည္ၾကည့္ၿပီး ညီမေလးလည္း ကၽြန္ေတာ့္ကိုမတားေတာ့။ ကားေပၚကဆင္းၿပီး ေက်ာင္းပုရဝုဏ္ကိုလည္း စူးစမ္းၾကည့္မိသည္။ ဒီတကၠသိုလ္ကို ညီမေလးေရြးတုန္းကဆို ကၽြန္ေတာ္နဲ႔ကေတာက္ကဆပင္ျဖစ္ခဲ့ရသည္။ သိတဲ့အတိုင္း ေရေၾကာင္းတကၠသိုလ္ဆိုတာ ေယာက္်ားေလးေတြႀကီးစိုးတဲ့ေနရာ။ အခုေနာက္ပိုင္း မိန္းကေလးေတြပါတက္ခြင့္ရွိတယ္ဆိုေပမယ့္ ကၽြန္ေတာ့္မွာ ညီမေလးကိုစိတ္မခ်ႏိုင္တဲ့စိတ္နဲ႔ ကရုဏာေဒါသေတြျဖစ္ခဲ့ရတာပင္။ အမွတ္မမွီတာလည္းမဟုတ္ဘဲ ကၽြန္ေတာ့္ေက်ာင္းလာပါဆိုေတာ့ ဒီတစ္ဦးတည္းေသာညီမဂ်စ္တံုးက ဆင္ေျခဆင္လက္အျပည့္။ မာမီက သားသမီးေတြမ်က္ႏွာပဲၾကည့္သူဆိုေတာ့လည္း မာမီေတာင္လက္ခံေနမွ ေနာက္ဆံုးကၽြန္ေတာ္ပဲ တစ္ထစ္ေလၽွာ့ၿပီး ေက်ာင္းကိုကိုယ္တိုင္လိုက္အပ္ေပးခဲ့ရေတာ့သည္။

"ရလား၊ အဆင္ေျပရဲ႕လား။ ဒုကၡပါပဲ"

ကၽြန္ေတာ့္ကားနဲ႔ မလွမ္းမကမ္းမွာရပ္ထားတဲ့ဖယ္ရီဘက္က ထြက္လာသည့္အသံ။ ယူနီေဖာင္းဝတ္ထားတဲ့ေကာင္ေလးေကာင္မေလးေတြ ဝိုင္းအံုေနၾကတဲ့အထဲ အသံကတိုးတိုးတစ္မ်ိဳး က်ယ္က်ယ္တစ္ဖံု။ တိတ္ဆိတ္ေနတဲ့ဝန္းက်င္ျဖစ္တာမို႔ တိုးတိုးေျပာတဲ့အသံကေတာင္ ကၽြန္ေတာ္ရပ္ေနတ့ဲဆီလြင့္လာသည္။

"ဘာျဖစ္တာလဲ မသိဘူးေနာ္ ကိုကို။ ဟိုဘက္မွာရပ္ထားတဲ့ကားဘက္ကေကာင္ေလးတစ္ေယာက္ အန္ေနတာထင္တယ္။ ညီမေလး လွမ္းျမင္လိုက္တာေတာ့"

ညီမေလးကကၽြန္ေတာ့္နားလာရပ္ၿပီး ေျခဖ်ားေထာက္ၾကည့္ရင္း စိုးရိမ္ရိပ္ကပ္ေနတဲ့မ်က္ႏွာေလးနဲ႔ေျပာသည္။ ဒီလိုၿမိဳ႕ေနအိမ္ေျခနဲ႔ေဝးကြာၿပီး လူသူက်ဲတဲ့ေနရာမွာ တစ္စံုတစ္ေယာက္ ကူကယ္ရာမဲ့ျဖစ္ေနသလား။ ဝိုင္းအံုေနတဲ့ေက်ာင္းသားေတြနားကို ကၽြန္ေတာ္တိုးသြားလိုက္ရသည္။

"ငါ့ညီတို႔ ဘာျဖစ္လို႔လဲ"

ကိုယ္တိုင္လည္း final ေက်ာင္းသားတစ္ေယာက္ျဖစ္ေနၿပီမို႔လို႔ အေနရမခက္ရေအာင္လည္း ရင္းႏွီးေစမည့္အေခၚအေဝၚမ်ိဳး သံုးႏႈန္းလိုက္သည္။

"မနက္အေစာႀကီး ကားစီးလာလို႔ မူးၿပီးအန္ေနတာ။ သူက ရန္ကုန္ကလည္း မဟုတ္ေတာ့ အက်င့္မရွိတာနဲ႔"

မူးေနတယ္ဆိုတဲ့ေက်ာင္းသားကို ရႈေဆးကမ္းေပးေနတဲ့တစ္ေယာက္က ေနာက္ကိုလွည့္မၾကည့္ဘဲ ေျဖသည္။

"ေအာ္...ဒါဆို ခဏေလး"

စေန၊ တနဂၤေႏြတိုင္း assistant ဝင္လုပ္ေပးျဖစ္တဲ့ ေဆးခန္းကေပးထားတဲ့ေဆးေတြ ကားထဲ ထည့္ထားမိတာ သတိရလို႔ ေျပးယူရသည္။ Toyota Ciaz အျဖဴေရာင္ေနာက္ခန္းကိုဖြင့္ထားၿပီး မူးေနတဲ့လူရွိတဲ့ေနရာထိေတာ့ မဝင္ျဖစ္။ ဖြင့္ထားတဲ့ကားတံခါးေအာက္ေျခကေနအစိမ္းေရာင္သဲႀကိဳးနဲ႔ဆင္ၾကယ္ဖိနပ္စီးထားတဲ့ ေျခေထာက္တစ္ဖက္ကိုျမင္ရသည္။ ေဆးကဒ္ထဲကေဆးကိုထုတ္ယူရင္းနဲ႔ အံုေနတဲ့ေက်ာင္းသားေတြရဲ႕စတိုင္ပန္နက္ျပာေအာက္က ေျခေထာက္အစံုစံုတို႔ဆီမ်က္လံုးအၾကည့္ ေရာက္သြားမိသည္။ ရႉးအနက္ေရာင္မဟုတ္လည္း ရိုးရိုးရွင္းရွင္း ကတၱီပါဖိနပ္စီးထားၾကတာေတြပဲရွိသည္။ ဒီေက်ာင္းသားနဲ႔မွ ဆင္ၾကယ္ဖိနပ္။ အနားမွာရပ္ေနတဲ့ ေက်ာင္းသားေတြကတဆင့္ပဲ ေဆးလံုးအခ်ိဳ႕ကမ္းေပးျဖစ္၏။ ေဆးတိုက္ဖို႔ အစာစားၿပီးၿပီလားဘာညာလည္း ေမးရ၏။

ေက်ာင္းတက္ဖို႔ အေစာႀကီးထလာရေတာ့ ဘာမွမစားခဲ့ရတာေရာ၊ နယ္ဘက္ကမို႔ ကားစီးတာက်င့္သားမရတဲ့အေၾကာင္းေတြပါ ၾကားလိုက္ရသည္။ ဘယ္သူေျဖေနမွန္းေတာ့မသိ။ ကားနားမွာ ရပ္က်န္ေနတဲ့ညီမေလးကလည္း မာမီထည့္ေပးလိုက္တဲ့ ေပါင္မုန္႔ထုပ္ေတြကို ယူလာေပးၿပီး ဒီဖယ္ရီဝိုင္းက ေကာင္မေလးႏွစ္ေယာက္နဲ႔ အဖြဲ႕က်သြားသည္။ ေဝဒနာခံစားေနရသူသက္သာတဲ့ထိ ေစာင့္ေပးဖို႔အခ်ိန္မရေတာ့ဘဲ ဖယ္ရီေပၚက ေက်ာင္းသူေတြနဲ႔အဖြဲ႕က်သြားၿပီျဖစ္တဲ့ညီမေလးကို ထားခဲ့လိုက္ရေတာ့သည္။ ဒီဇင္ဘာေဆာင္းရဲ႕ အရုဏ္တက္နံနက္ခင္း ပူေလစြ။

××××××××××××××××××××××××××××

"သားႀကီးေရ ဒီမွာ"

ထိုင္ေနက် ကန္တင္းရဲ႕ေထာင့္ဆံုးခံုကေန ႏႈတ္ဆက္လက္ျပသူေေတြၾကာင့္ အရွိန္တင္ထားတဲ့ကၽြန္ေတာ့္ေျခလွမ္းေတြကို ေလၽွာ့ခ်လိုက္ရသည္။ တြက္ထားမိတဲ့အတိုင္းပဲ ေက်ာင္းေရာက္ေတာ့ ၉နာရီပတ္လည္။ ဒီေန႔ ပထမဆံုး လက္ခ်ာခ်ိန္က အခ်ိန္တိကၽလြန္းတဲ့ဆရာမအခ်ိန္မို႔ ဟာေနတဲ့ဗိုက္ကိုျဖည့္ဖို႔ပဲ ဆံုးျဖတ္လိုက္ရေတာ့သည္။ ေနာက္ေန႔ေတြေတာ့ ညီမေလးနဲ႔အတူတူ နံနက္စာထစားမွ။ ကၽြန္ေတာ္ေနာက္က်လို႔ဆိုတဲ့အေၾကာင္းျပခ်က္အရင္းျပဳၿပီး ဒီေဘာ္ဒါေကာင္ေတြလည္း အတန္းလစ္သည္။

"ေစာေစာစီးစီး ဘယ္လိုေတြျဖစ္လာတာလဲ"

"ငါ့ ညီမေလး ဒီေန႔ ေက်ာင္းစတက္ၿပီေလကြာ"

"အဲ့ဒါမ်ား ငါတို႔ကိုပါ ေခၚတာမဟုတ္ဘူး။ ငါတို႔လည္း လိုက္ခဲ့ေပးမွာေပါ့"

ၿဖိဳးေလးရဲ႕စကားေၾကာင့္ လက္သီးဆုပ္ေထာင္ျပၿပီး ပဲျပဳတ္ထမင္းကို ၾကက္ဥေၾကာ္နဲ႔လွမ္းမွာလိုက္သည္။ ကၽြန္ေတာ့္ကိုၾကည့္ၿပီး ထရယ္တာက ရဲဘုန္း။ ဒီေလာက္ပဲ မ်က္ရိပ္မ်က္ျခည္နဲ႔စေနာက္ၿပီး မေန႔ညက ဂိမ္းပြဲအေၾကာင္း စကားေရာက္သြားသည္။ ညီမေလးနဲ႔ပတ္သက္ရင္ ကၽြန္ေတာ္ဘယ္ေလာက္ထိ sensitive ျဖစ္လည္းဆိုတာကို ငယ္ေပါင္းျဖစ္တဲ့ဒီေကာင္ေတြအသိဆံုး။ ဒါ့ေၾကာင့္မို႔ ကိုယ္ႏႈတ္ႏွစ္ပါးလံုးနဲ႔ ဆင္ျခင္တတ္ၾကသည္။ ျပင္ပက်ဴရွင္ခ်ိန္မရွိတဲ့ သြားေဆးတကၠသိုလ္က အခ်ိန္ျပည့္ lecture ခ်ိန္ေတြနဲ႔ စာေမးပြဲခ်ိန္ေတြျပည့္ေနတာမ်ိဳးဆိုေတာ့ မနက္ခင္းပိုင္းဆို ကန္တင္းမွာ လူေခ်ာင္ေနတတ္သည္။ နံနက္စာစားၿပီးေတာ့မွ အခ်ိန္နာရီဝက္ပိုေသးတာကိုၾကည့္ၿပီး ေကာ္ဖီခါးခါးတစ္ခြက္ထပ္မွာလိုက္၏။

"ေကာ္ဖီေတြခိုးေသာက္ေနျပန္ၿပီလား"

ကၽြန္ေတာ့္ေက်ာျပင္ကိုပုတ္ႏႈိးလႈပ္ခတ္လာတဲ့ တည္တည္ၾကည္ၾကည္အသံ။ ၾကားဖူးေနက်အခါမ်ားစြာအတိုင္း ရင့္က်က္တည္ၿငိမ္တဲ့အသံထြက္ရာႏႈတ္ခမ္းသားတို႔က အျပံဳးပါးပါးကပ္ေနသည္။ အျဖဴေရာင္ရွပ္အက်ႌကိုတစ္ဝက္ေခါက္ဝတ္ထားတဲ့လက္ေပၚမွာက ဂ်ဴတီကုတ္ျဖဴျဖဴနဲ႔။

"ကိုထြဋ္!"

ဒါ ကၽြန္ေတာ့္ႏႈတ္ကထြက္လာတဲ့အသံမဟုတ္ဘူး။ ကၽြန္ေတာ္နဲ႔မ်က္ႏွာခ်င္းဆိုင္ထိုင္ေနတဲ့ ၿဖိဳးေလးဆီက။ ကၽြန္ေတာ့္ေရွ႕တည့္တည့္ဝင္လာသလိုထင္ရတဲ့ ေျခလွမ္းေတြကို မပီမျပင္ရယ္သံဟဟက အဖ်ားအနားသတ္ထားခဲ့သည္။ အံ့ဩစြာေငးၾကည့္မိေနတဲ့ ကၽြန္ေတာ့္ပုခံုးေပၚကို တင္းခနဲအားတစ္ခုသက္ေရာက္လာ၏။

"ေနေကာင္းတယ္မလား ေနေသာ္"

"ဘယ္လိုျဖစ္တာလဲ ကိုထြဋ္။ မႏၱေလးမွာပဲ House ဆင္းေတာ့မယ္ဆိုၿပီးေတာ့"

အခုေတာ့ စားပြဲမွာ ကၽြန္ေတာ္နဲ႔ကိုထြဋ္ႏွစ္ေယာက္တည္း။ Dental ရဲ႕ Roll 1 ကိုထြဋ္နဲ႔ အတူတူထိုင္ဖို႔ကို သရဲအိမ္မွာသြားအိပ္ရမွာထက္ေၾကာက္တယ္ဆိုတဲ့ ၿဖိဳးေလးနဲ႔ရဲဘုန္းက မေယာင္မလည္နဲ႔ လစ္ထြက္သြားခဲ့ၿပီ။ စာမလာသတင္းမၾကားဘဲ သံုးလေက်ာ္ေျခရာေဖ်ာက္သြားတဲ့ ကိုထြဋ္ကို မၾကည့္ဘဲ လက္ဖက္ရည္ေပါ့စိမ့္ခြက္ထဲမလိုင္ထည့္ေမႊၿပီး ကိုထြဋ္ဘက္တိုးေပးရင္း ကၽြန္ေတာ္ေမးရသည္။ ၾကက္ဥအုပ္ထားတဲ့ၾကာဇံေၾကာ္ကိုလက္စသပ္ၿပီး ဇြန္းကိုခ်လိုက္တဲ့ ကိုထြဋ္လက္လႈပ္ရွားမႈက ကၽြန္ေတာ့္အာရံုလားရာအရပ္မွာျဖစ္သည္။ ကၽြန္ေတာ္ေဖ်ာ္ေပးထားတဲ့ မလိုင္ေပါ့စိမ့္လက္ဖက္ရည္ကို မေသာက္ေသးဘဲ အၾကာႀကီးစိုက္ၾကည့္ေနၿပီးမွ ေက်နပ္ျပံဳးျပံဳး၏။

"အဖြားက ရန္ကုန္မွာပဲေက်ာင္းၿပီးေအာင္တက္ခဲ့ဆိုၿပီးေျပာလို႔"

ဘာ့ေၾကာင့္လဲလို႔ မေမးျဖစ္။ ကိုထြဋ္ကို ကၽြန္ေတာ္စသိတဲ့အခ်ိန္က ရွစ္တန္းႏွစ္မွာျဖစ္သည္။ ကၽြန္ေတာ့္ထက္တစ္ႏွစ္ႀကီးတဲ့ ထြဋ္ေခါင္ေက်ာ္ဆိုတဲ့ ကိုထြဋ္က ကိုးတန္းစာသင္ႏွစ္ဝက္ေရာက္မွ မႏၱေလးကေန ေက်ာင္းေျပာင္းလာတာျဖစ္၏။ ေနာက္ေတာ့ ကၽြန္ေတာ္တို႔ေနတဲ့တိုက္နဲ႔မ်က္ႏွာခ်င္းဆိုင္မွာေနတဲ့ ကိုထြဋ္ကို ဖယ္ရီစီးရင္း ဒီလိုပဲ သြားရင္းလာရင္းနဲ႔ ကြ်န္ေတာ္တို႔ခင္မင္လာၾကတာ အခု သြားေဆးတကၠသိုလ္ေရာက္တဲ့အထိပဲဆိုပါေတာ့။ မိသားစုက မႏၱေလးမွာျဖစ္ေပမယ့္လည္း အိမ္ေထာင္က်ေနၿပီျဖစ္တဲ့ ကိုထြဋ္အစ္မရွိရာရန္ကုန္ကို ဘာလို႔လာေနတာလဲဆိုတဲ့အေၾကာင္းျပခ်က္ကို ကၽြန္ေတာ္လည္းတစ္ခါမွမေမးဖူးသလို၊ ကိုထြဋ္ကလည္း ေျပာျပဖူးတာမရွိ။ ရန္ကုန္မွာလာေနၾကတဲ့ေက်ာင္းသားထက္ဝက္ေက်ာ္ေလာက္က ပညာေရးေၾကာင့္ပဲမ်ားတာဆိုေတာ့လည္း ကၽြန္ေတာ္လည္း သူမ်ားအိမ္တြင္းေရးကိုစကားလုပ္ၿပီးေမးမေနျဖစ္ပါ။

"ကိုထြဋ္ ဘယ္ေန႔ကျပန္ေရာက္တာလဲ"

ဒါကိုေတာ့ မေမ့မေလ်ာ့ကၽြန္ေတာ္ေမးျဖစ္သည္။ အဆက္အသြယ္ျပတ္ေတာက္ခဲ့ရတဲ့ အခ်ိန္သံုးလထက္စာရင္ ကၽြန္ေတာ္နဲ႔ကိုထြဋ္ ရင္းႏွီးခဲ့ၾကတာ ခုႏွစ္ႏွစ္။ ခုႏွစ္ႏွစ္တာ ဆက္ႏြယ္မႈကိုအေၾကာင္းျပဳၿပီး ကၽြန္ေတာ္ ဒီေလာက္ေတာ့ ေမးခြင့္ရွိမည္ထင္သည္။

"မေန႔ည ၈နာရီေလာက္က"

"ေအာ္..."

ကိုထြဋ္နဲ႔အတူတူမွာထားတဲ့ေပါ့စိမ့္လက္ဖက္ရည္ကို ကၽြန္ေတာ္ေမာ့ေသာက္ျဖစ္သည္။ အခ်ိဳကဲျပီး အက်ရည္ေပါ့ေပါ့နဲ႔အရသာက ကၽြန္ေတာ့္အႀကိဳက္မဟုတ္။ ေကာ္ဖီခါးခါးေတြက အိပ္ခ်ိန္ေတြကိုေႏွာင့္ယွက္တယ္လို႔ ကိုထြဋ္ေျပာၿပီးတည္းက ကိုထြဋ္နဲ႔အတူတူ ေပါ့စ္ိမ့္ေတြလိုက္ေသာက္ျဖစ္ခဲ့ေပမယ့္ ဒီအရသာက ကၽြန္ေတာ္နဲ႔ ရင္းႏွီးကၽြမ္းဝင္မႈမရွိေသး။

"ကိုယ္က မနက္က်မွ ေနေသာ့္ကိုလာေခၚၿပီး ေက်ာင္းသြားမယ္လုပ္ထားတာ။ မနက္က ေနေသာ့္အိမ္ေရာက္ေတာ့ ေနေသာ္ကမရွိေတာ့ဘူး"

"ဟုတ္တယ္။ ညီမေလး ဒီေန႔ေက်ာင္းစတက္ၿပီေလ ကိုထြဋ္"

"အန္တီေျပာတယ္။ ညီမေလးေတာ့ အရမ္းေပ်ာ္ေနမွာပဲ။ ေနေသာ္ အဲ့ေက်ာင္းတက္ဖို႔ ကန္႔ကြက္တုန္းက ကိုယ့္ကိုကူေျပာေပးဖို႔ လာလာေျပာတာ ကိုယ္ျဖင့္ ညီမေလးတက္ႂကြေနတာကိုၾကည့္ၿပီး သေဘာက်လြန္းလို႔ ရယ္ပဲရယ္ေနႏိုင္ေတာ့တယ္။ အခုခ်ိန္ဆို ေက်ာင္းမွာေပ်ာ္ေနမွာပဲ"

လက္ဖက္ရည္ကိုေမာ့အေသာက္နဲ႔တိုက္ဆိုင္ခ်င္ေယာင္ေဆာင္ၿပီး ကိုထြဋ္မ်က္ႏွာကိုလွမ္းၾကည့္မိသည္။ ျပံဳးေနတဲ့မ်က္ႏွာက ၾကည္ၾကည္လင္လင္ပါပဲ။ အေရာင္ေတြေရာယွက္ေနတာမ်ိဳးမရွိဘဲ ညီမေလးရဲ႕ပံုစံကို ျမင္ရတဲ့အတိုင္း ေျပာျပေနတာမ်ိဳး။ ရင္ဝမွာအံုဖြဲ႕သြားတဲ့အပူေငြ႕ေတြ ေပ်ာက္ျပယ္သြားေအာင္ ကိုထြဋ္မျမင္ခင္ သက္ျပင္းေငြ႕ေငြ႕ခ်လိုက္ရသည္။

"ေနေသာ္ ေနာက္အတန္းခ်ိန္မတက္ဘူးလား"

"တက္မွာ ကိုထြဋ္"

"ဒါဆိုလည္း သြားၾကမယ္ေလ"

ဂ်ဴတီကုတ္ကို လက္ဖ်ံမွာေခါက္တင္ၿပီး ဦးေဆာင္ေက်ာခိုင္းတဲ့ ကိုထြဋ္ေက်ာျပင္က ေကာင္းကင္ျပာမွာၿငိတြယ္ေနတဲ့ တိမ္မၽွင္တစ္စလို...။

×××××××××××××××××××××××××××××

"ကိုကို...။ ဟာ ကိုႀကီးထြဋ္ေခါင္ေရာ လိုက္လာတယ္"

ညီမေလးကိုသြားႀကိဳရဦးမယ္ေျပာေတာ့ ကိုထြဋ္က သူ႔ကားကိုေက်ာင္းမွာထားခဲ့ၿပီး ကၽြန္ေတာ့္ကားေပၚေရာက္လာေတာ့တာျဖစ္သည္။ ညေနခင္းေက်ာင္းဆင္းခ်ိန္က မနက္ပိုင္းတုန္းကလိုမဟုတ္။ ပ်ားအိမ္မႀကီးက ထြက္လာတဲ့ ပ်ားလုပ္သားေလးေတြလို ေက်ာင္းပင္မအေဆာက္အအံုထဲကေန ယူနီေဖာင္းဝတ္ေက်ာင္းသားေတြ တစ္စုၿပီးတစ္စုထြက္လာၾကသည္။ စတိုင္ပန္အနက္နဲ႔ရွပ္အျဖဴဝတ္ထားတဲ့ ကၽြန္ေတာ္နဲ႔ကိုထြဋ္ကို အတန္းဆင္းလာတဲ့ေက်ာင္းသားတစ္ခ်ိဳ႕က စူးစမ္းေနသည္။ ေျပာရရင္ ဒါကထံုးစံပါပဲ။ ကိုယ္ပိုင္နယ္ေျမကို ဘယ္အပိုင္းကေကာင္ေတြက်ဴးေက်ာ္ဝင္လာတာလဲဆိုတဲ့မ်က္လံုးေတြနဲ႔ ၾကည့္တတ္ၾကတာမ်ိဳး။ တျခားေက်ာင္းကယူနီေဖာင္းဝတ္ေက်ာင္းသားေတြ ကၽြန္ေတာ္တို႔ေက်ာင္းလာရင္လည္း ဒီလိုပဲဝိုင္းၾကည့္ၾကတာ။ ညီမေလးေဘးမွာက ရြယ္တူေကာင္မေလးတစ္ေယာက္။ ကိုထြဋ္က ညီမေလးလက္ထဲက ဖတ္စာအုပ္အသစ္ေတြကို လႊဲေျပာင္းယူေပးသည္။ ညီမေလးရဲ႕ ကိုကိုဆိုတဲ့ေခၚသံနဲ႔ ညီမေလးေခါင္းကို လွမ္းအုပ္ကိုင္လိုက္တဲ့ ကၽြန္ေတာ့္ပံုစံေၾကာင့္ ပတ္ဝန္းက်င္က စူးစူးရဲရဲအၾကည့္ေတြ ျပန္တပ္ေခါက္သြားၾကသည္။

"အဂီ ဒါ ငါ့အစ္ကို၊ ဒီဘက္ကလည္း ဝမ္းမနာအစ္ကိုပဲ။ ကိုကိုတို႔က Dental က။ ကိုကိုနဲ႔ ကိုႀကီးထြဋ္ ဒါက ညီမေလးနဲ႔ ဒီေန႔မွခင္တဲ့သူငယ္ခ်င္း ဝင္းလတ္သိဂႌတဲ့"

"ညီမက ဘာနဲ႔ျပန္မွာလဲ။ လမ္းၾကံဳရင္ အစ္ကိုတို႔နဲ႔ လိုက္ခဲ့ေလ"

"ရတယ္ အစ္ကို။ အဂီက ဖယ္ရီနဲ႔ျပန္မွာ"

"အဂီ နင္ဖယ္ရီေပၚေရာက္ရင္ မနက္က မူးၿပီးအန္တဲ့တစ္ေယာက္သက္သာရဲ႕လားလို႔ သတင္းေမးလိုက္ပါဦး"

"ေအး...သူက ဖယ္ရီနဲ႔လာတာမဟုတ္ဘူးဟ။ တတိယႏွစ္ကအစ္ကိုနဲ႔ ကားအတူတူစီးလာတာလို႔ေျပာတယ္။ ဘာျဖစ္ျဖစ္ ညက်မ လိုင္းေပၚမွာ ေျပာျပမယ္။ ငါသြားၿပီ"

"See you အဂီ"

ပလတ္စတစ္ျခင္းေတာင္းကိုင္ထားတဲ့လက္တစ္ဖက္ကိုပါ ေဝ့ယမ္းႏႈတ္ဆက္ၿပီး ျပန္လွည့္လာတဲ့ ညီမေလးမ်က္ႏွာက ပံုစံတစ္မ်ိဳးနဲ႔ႏုသစ္ေနျပန္သည္။ ကားေမာင္းေနတဲ့ ကိုထြဋ္ကို ကားေနာက္ခန္းကေန ေက်ာ္ၿပီး စကားေျပာေနတဲ့အသံက ကားထဲမွာလႊမ္း၏။ ကိုထြဋ္ကလည္း ညီမေလးေျပာသမၽွ ေခါင္းညိတ္တုန္႔ျပန္ရံုမက အျပန္အလွန္စကားေထာက္ေမးျမန္းေပးသည္။ ရံုးဆင္းခ်ိန္မိသြားရတဲ့ သံလ်င္တံတားေပၚကယာဥ္တန္းရွည္ႀကီးကိုၾကည့္ရင္းမွ ေကာင္းကင္ျပာကိုေမာ့ၾကည့္ျဖစ္သည္။ တိမ္ျဖဴတစ္စမရွိတဲ့ ေကာင္းကင္ျပာက ၾကည္ၾကည္လဲ့လဲ့။ ေန႔တာတိုၿပီး ညတာရွည္တဲ့ေဆာင္းရာသီေၾကာင့္ လိေမၼာ္နီေရာင္ေတာက္က်ေနက လ်င္လ်င္ျမန္ျမန္ပဲၿပိဳက်သည္။ ပိတ္ဆို႔ရပ္တန္႔ေနတဲ့ ယာဥ္တန္းက လြတ္ေျမာက္ခြင့္ရခ်ိန္မွာ ညီမေလးက ေနာက္ခန္းမွာအိပ္ေပ်ာ္ေနၿပီ။ ႏႈတ္ဆက္ေနေရာင္အစား လမ္းမီးတိုင္ဝါက်င္က်င္ေတြက ကားျဖတ္သြားရာ လမ္းတစ္ေလၽွာက္ အရိပ္လိုက်န္ေနရစ္၏။

"ညက် Harry's bar ထိုင္မလား ေနေသာ္"

"ေကာင္းသားပဲ ကိုထြဋ္"

"ကိုယ္တို႔ႏွစ္ေယာက္ပဲသြားရေအာင္"

ကားထဲမွာ Air_con ဖြင့္ထားတာေတာင္ ကၽြန္ေတာ့္လက္ဖဝါးမွာေခၽြးေတြစိုလာသည္။ ႏႈတ္မဆက္ဘဲ ေျခရာေတြေဖ်ာက္ၿပီးမွ ျပန္ေပၚလာတဲ့ ကိုထြဋ္က တစ္မ်ိဳးတစ္မည္ေျပာင္းလဲသြားသလို ကၽြန္ေတာ္ခံစားေနရသည္။ မီးပိြဳင့္ေတြကိုျဖတ္ၿပီး ကားကိုပဲအာရံုစိုက္ေမာင္းေနတဲ့မ်က္ႏွာက လမ္းေဘးကအရိပ္က်မီးေရာင္တို႔ေၾကာင့္ လင္းတစ္ခါ၊ ေမွာင္တစ္လွည့္နဲ႔။ မ်က္ႏွာလႊဲလိုက္ေပမယ့္ ကိုထြဋ္ရဲ႕ မပီဝိုးတဝါးမ်က္ႏွာတစ္ျခမ္းပံုရိပ္က ကၽြန္ေတာ့္အာရံုထဲ စြဲထင္ေနခဲ့၏။
#####################

November 9.2020.(Monday)

××××××××××××××××××××××××××

အချစ်ဆိုတာ ရင်ခုန်သံတွေရဲ့ကြိမ်နှုန်းပေါ် မူတည်ပြီးတိုင်းတာရတဲ့ ယူနစ်တစ်ခုဆိုရင် ရင်ခုန်သံဆိုတာ နှလုံးသားရပ်ဝန်းကို မှီတည်ရှင်သန်ရတဲ့ ရာသီဥတုဖြစ်စဉ်တစ်ခုလား။ နေမင်းက ကောင်းကင်ပြာပြာမှာ အခြေစိုက်ပြီး မြေပြင်ကို ကျောခင်းသလို ရင်ခုန်သံက နှလုံးသားရပ်ဝန်းကိုအခြေစိုက်ပြီး ချစ်သူကိုမော်ဖူးပါရဲ့။ ချစ်သူ ခြေစုံလာရပ်တဲ့ ကျွန်တော့်နှလုံးသားရပ်ဝန်းမှာတော့ အပြုံးတွေဝေဖြာပြီး ရင်ခုန်သံအေးတွေတိုးဝှေ့တဲ့ လှပတဲ့ရာသီဥတုတစ်ခုဖြစ်တည်ပါ၏။ ကျွန်တော်က ချစ်သူရဲ့မေတ္တာအောက်မှာ မှီတွယ်ရပ်တည်ရတဲ့ ရာသီဥတုတစ်ခု...။

                            ×××××

"ညီမလေး...အဆင်သင့်ဖြစ်ပြီလား"

ကျောပိုးအိတ်ကိုကောက်လွယ်ပြီးတာနဲ့တစ်ပြိုင်နက် အိပ်ခန်းထဲကထွက်ပြီး လှမ်းမေးရသည်။

"ထမင်းဘူးရော၊ နေ့လယ်စားဖို့ မုန့်လေးဘာလေး ယူသွားဦးနော် ညီမလေး"

"အကုန်ထည့်ပြီးပြီ ကိုကိုရ"

ထမင်းစားပွဲဝိုင်းကနေမတ်တပ်ရပ်ပြီး လက်ယပ်ခေါ်နေတဲ့ ညီမလေးနားကို ကျွန်တော်ခြေလှမ်းလိုက်ရသည်။ တကယ်ကို ဆွဲခြင်းထဲမှာလည်း ထမင်းဘူးပန်းရောင်နဲ့ အချိုရည်နဲ့သွားရည်စာအပြည့်။ မသေသပ်သလိုဖြစ်နေတဲ့ နက်ကတိုင်နက်ပြာရောင်လေးကို ကျွန်တော်ကိုယ်တိုင်ပဲ ပြုပြင်ပေးလိုက်သည်။

"သားရော မနက်စာစားသွားပါလား"

မာမီက ညီမလေးထမင်းချိုင့်ခြင်းလေးထဲ တစ်ရှူးထုပ်ထည့်ပေးရင်း ကျွန်တော့်ကိုလှမ်းမေး၏။

"တော်ပြီမာမီ။ ကန်တင်းမှာပဲစားလိုက်တော့မယ်။ မနက်ခင်းဆို သန်လျင်တံတားကအရမ်းကြပ်တာ။ ရုံးတက်၊ ကျောင်းတက်ကားတွေနဲ့"

"ကားကို ဂရုစိုက်မောင်းနော် သား"

"စိတ်မပူနဲ့ မာမီ။ ညီမလေးကို ပို့ပြီးရင် သားဖုန်းဆက်လိုက်မယ်။ ချစ်တယ်နော်မာမီ"

ကြက်ဥနံ့လေးတွေကပ်ငြိနေတဲ့ မာမီ့ပါးပြောင်လေးကို အသံမြည်အောင်နမ်းရှုံ့ပြီး ညီမလေးထမင်းချိုင့်ကိုလည်း ကျွန်တော်ပဲကောက်ဆွဲလိုက်သည်။ ဒီဇင်ဘာရဲ့မြူနှင်းလွှာကို မဖြိုကွဲနိုင်သေးတဲ့ နေရောင်ခြည်နုနုက ရောင်ဝါပါးပါးလေးနဲ့ ကမ္ဘာမြေပြင်ပေါ် ကျူးကျော်နင်းဖို့အစပျိုးနေသည်။ ရန်ကုန်ဆောင်းက နံနက်ခင်းအပိုင်းအခြားလေးမှာပဲ မပီမပြင်သက်ဝင်သည်။ အေးနေမလားဆိုပြီး ငဲ့ကြည့်လိုက်မိတဲ့ညီမလေးကတော့ ကားပေါ်တက်တာတောင် အပြုံးနုနုကမပျက်။ အေးမှာတော့လည်းမဟုတ်။ ကျောင်းယူနီဖောင်းဖြစ်တဲ့ ရှပ်လက်ရှည်အဖြူ၊ ဘောင်းဘီနက်ပြာအရှည်နဲ့ လက်ပင်းကနက်ကတိုင်အပါအဝင် ညီမလေးက ယူနီဖောင်းအပြည့်အစုံ။ တရားဝင်တက္ကသိုလ်ကျောင်းသူဖြစ်တဲ့နေ့မှာပဲ တက်ကြွနေတဲ့ညီမလေးကိုကြည့်ပြီး ကျွန်တော့်တက္ကသိုလ်ပထမဆုံးရက်တွေတောင် မှတ်ဉာဏ်တဲ့ပြန်လည်အရိပ်ထင်လာသည်။ ယောက်ျားလေးနဲ့မိန်းကလေးဆိုတော့ နည်းနည်းတော့ကွာတာပေါ့။ ကျွန်တော်ကကျ အလယ်တန်းတည်းက တစ်ဖွဲ့တည်းဖြစ်လာတဲ့ဘော်ဒါတွေနဲ့ ပြန်ဆုံရမယ့်နေရာမို့လို့ မြှောက်ကြွနေတယ်ပြောရင် ပိုမှန်မည်။

မြို့ပြနဲ့အလှမ်းဝေးတဲ့ကျောင်းကိုရောက်ဖို့ လေးဆယ့်ငါးမိနစ်ကျော် အချိန်ပေးရသည်။ ဒါတောင် ရုံးချိန်မရောက်သေးလို့ ကားလမ်းတွေရှင်းနေတာ။ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ဆိုတဲ့ မုခ်ဦးကိုမြင်တာနဲ့ ညီမလေးမျက်လုံးတွေက ဝင့်တက်သွားတာကို ကားမောင်းနေရင်းလည်းသတိထားမိသည်။ သစ်တောရိပ်၊ သစ်ပင်ရိပ်ကြားမှာ အထီးတည်းတည်ရှိတဲ့ကျောင်းက ခေါင်းထောင်အရှိန်ယူလာပြီဖြစ်တဲ့ နေမင်းအောက်မှာ မားမားမတ်မတ်ရှိနေသည်။ မုခ်ဦးနဲ့ ပင်မအဆောက်အအုံကလည်း အနည်းငယ်အလှမ်းဝေးသည်။ မြူကွဲသွားပြီဖြစ်တဲ့ မြေပြင်တစ်ခွင်က စိမ်းစိုသစ်ပင်တွေပေါ်က အုပ်မိုးလာတဲ့ နေရောင်ခြည်ဝါဝါနဲ့ ဆောင်းလေရဲ့အားပြိုင်မှုကြားမှာ အေးစိမ့်မြနေသည်။ ကျောင်းဆောင်ရှေ့မှာ ပေါင်မုန့်ကား၂စီးက ကျွန်တော်တို့ထက်အလျင် ရောက်လုနေသည်။ ရန်ကုန်မြို့ရဲ့ဆန့်ကျင်ဘက်အစွန်ဆုံးကထွက်လာရတဲ့ ဖယ်ရီကားတွေဖြစ်မည်။

"မဆင်းနဲ့ဦးလေ ညီမလေး"

"ဟင်... ကိုကို ကျောင်းနောက်ကျနေမှာပေါ့"

"ကိုကိုနောက်ကျတာထက် ညီမလေးတစ်ယောက်တည်းဖြစ်နေလိမ့်မယ်"

နာရီကိုကြည့်တော့ ၇နာရီတိတိ။ ကျွန်တော်တို့ကျောင်းက ၈နာရီခွဲတက်တာ။ သန်လျင်ကပြန်ထွက်ပြီး သင်္ဃန်းကျွန်းထိပြေးမယ်ဆို ပထမဆုံးအတန်းချိန်ကတော့ လွတ်မှာအသေအချာ။ ဘယ်တတ်နိုင်မလဲ။ ညီမလေး ကျောင်းပထမဆုံးရက်မှာ ဒီလိုကြီးတော့ ပစ်မထားခဲ့ချင်။ တိတ်ဆိတ်ပြီး လူသူသံကင်းရှင်းတဲ့နယ်မြေကို တစ်ပတ်လည်ကြည့်ပြီး ညီမလေးလည်း ကျွန်တော့်ကိုမတားတော့။ ကားပေါ်ကဆင်းပြီး ကျောင်းပုရဝုဏ်ကိုလည်း စူးစမ်းကြည့်မိသည်။ ဒီတက္ကသိုလ်ကို ညီမလေးရွေးတုန်းကဆို ကျွန်တော်နဲ့ကတောက်ကဆပင်ဖြစ်ခဲ့ရသည်။ သိတဲ့အတိုင်း ရေကြောင်းတက္ကသိုလ်ဆိုတာ ယောက်ျားလေးတွေကြီးစိုးတဲ့နေရာ။ အခုနောက်ပိုင်း မိန်းကလေးတွေပါတက်ခွင့်ရှိတယ်ဆိုပေမယ့် ကျွန်တော့်မှာ ညီမလေးကိုစိတ်မချနိုင်တဲ့စိတ်နဲ့ ကရုဏာဒေါသတွေဖြစ်ခဲ့ရတာပင်။ အမှတ်မမှီတာလည်းမဟုတ်ဘဲ ကျွန်တော့်ကျောင်းလာပါဆိုတော့ ဒီတစ်ဦးတည်းသောညီမဂျစ်တုံးက ဆင်ခြေဆင်လက်အပြည့်။ မာမီက သားသမီးတွေမျက်နှာပဲကြည့်သူဆိုတော့လည်း မာမီတောင်လက်ခံနေမှ နောက်ဆုံးကျွန်တော်ပဲ တစ်ထစ်လျှော့ပြီး ကျောင်းကိုကိုယ်တိုင်လိုက်အပ်ပေးခဲ့ရတော့သည်။

"ရလား၊ အဆင်ပြေရဲ့လား။ ဒုက္ခပါပဲ"

ကျွန်တော့်ကားနဲ့ မလှမ်းမကမ်းမှာရပ်ထားတဲ့ဖယ်ရီဘက်က ထွက်လာသည့်အသံ။ ယူနီဖောင်းဝတ်ထားတဲ့ကောင်လေးကောင်မလေးတွေ ဝိုင်းအုံနေကြတဲ့အထဲ အသံကတိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ။ တိတ်ဆိတ်နေတဲ့ဝန်းကျင်ဖြစ်တာမို့ တိုးတိုးပြောတဲ့အသံကတောင် ကျွန်တော်ရပ်နေတဲ့ဆီလွင့်လာသည်။

"ဘာဖြစ်တာလဲ မသိဘူးနော် ကိုကို။ ဟိုဘက်မှာရပ်ထားတဲ့ကားဘက်ကကောင်လေးတစ်ယောက် အန်နေတာထင်တယ်။ ညီမလေး လှမ်းမြင်လိုက်တာတော့"

ညီမလေးကကျွန်တော့်နားလာရပ်ပြီး ခြေဖျားထောက်ကြည့်ရင်း စိုးရိမ်ရိပ်ကပ်နေတဲ့မျက်နှာလေးနဲ့ပြောသည်။ ဒီလိုမြို့နေအိမ်ခြေနဲ့ဝေးကွာပြီး လူသူကျဲတဲ့နေရာမှာ တစ်စုံတစ်ယောက် ကူကယ်ရာမဲ့ဖြစ်နေသလား။ ဝိုင်းအုံနေတဲ့ကျောင်းသားတွေနားကို ကျွန်တော်တိုးသွားလိုက်ရသည်။

"ငါ့ညီတို့ ဘာဖြစ်လို့လဲ"

ကိုယ်တိုင်လည်း final ကျောင်းသားတစ်ယောက်ဖြစ်နေပြီမို့လို့ အနေရမခက်ရအောင်လည်း ရင်းနှီးစေမည့်အခေါ်အဝေါ်မျိုး သုံးနှုန်းလိုက်သည်။

"မနက်အစောကြီး ကားစီးလာလို့ မူးပြီးအန်နေတာ။ သူက ရန်ကုန်ကလည်း မဟုတ်တော့ အကျင့်မရှိတာနဲ့"

မူးနေတယ်ဆိုတဲ့ကျောင်းသားကို ရှုဆေးကမ်းပေးနေတဲ့တစ်ယောက်က နောက်ကိုလှည့်မကြည့်ဘဲ ဖြေသည်။

"အော်...ဒါဆို ခဏလေး"

စနေ၊ တနင်္ဂနွေတိုင်း assistant ဝင်လုပ်ပေးဖြစ်တဲ့ ဆေးခန်းကပေးထားတဲ့ဆေးတွေ ကားထဲ ထည့်ထားမိတာ သတိရလို့ ပြေးယူရသည်။ Toyota Ciaz အဖြူရောင်နောက်ခန်းကိုဖွင့်ထားပြီး မူးနေတဲ့လူရှိတဲ့နေရာထိတော့ မဝင်ဖြစ်။ ဖွင့်ထားတဲ့ကားတံခါးအောက်ခြေကနေအစိမ်းရောင်သဲကြိုးနဲ့ဆင်ကြယ်ဖိနပ်စီးထားတဲ့ ခြေထောက်တစ်ဖက်ကိုမြင်ရသည်။ ဆေးကဒ်ထဲကဆေးကိုထုတ်ယူရင်းနဲ့ အုံနေတဲ့ကျောင်းသားတွေရဲ့စတိုင်ပန်နက်ပြာအောက်က ခြေထောက်အစုံစုံတို့ဆီမျက်လုံးအကြည့် ရောက်သွားမိသည်။ ရှူးအနက်ရောင်မဟုတ်လည်း ရိုးရိုးရှင်းရှင်း ကတ္တီပါဖိနပ်စီးထားကြတာတွေပဲရှိသည်။ ဒီကျောင်းသားနဲ့မှ ဆင်ကြယ်ဖိနပ်။ အနားမှာရပ်နေတဲ့ ကျောင်းသားတွေကတဆင့်ပဲ ဆေးလုံးအချို့ကမ်းပေးဖြစ်၏။ ဆေးတိုက်ဖို့ အစာစားပြီးပြီလားဘာညာလည်း မေးရ၏။

ကျောင်းတက်ဖို့ အစောကြီးထလာရတော့ ဘာမှမစားခဲ့ရတာရော၊ နယ်ဘက်ကမို့ ကားစီးတာကျင့်သားမရတဲ့အကြောင်းတွေပါ ကြားလိုက်ရသည်။ ဘယ်သူဖြေနေမှန်းတော့မသိ။ ကားနားမှာ ရပ်ကျန်နေတဲ့ညီမလေးကလည်း မာမီထည့်ပေးလိုက်တဲ့ ပေါင်မုန့်ထုပ်တွေကို ယူလာပေးပြီး ဒီဖယ်ရီဝိုင်းက ကောင်မလေးနှစ်ယောက်နဲ့ အဖွဲ့ကျသွားသည်။ ဝေဒနာခံစားနေရသူသက်သာတဲ့ထိ စောင့်ပေးဖို့အချိန်မရတော့ဘဲ ဖယ်ရီပေါ်က ကျောင်းသူတွေနဲ့အဖွဲ့ကျသွားပြီဖြစ်တဲ့ညီမလေးကို ထားခဲ့လိုက်ရတော့သည်။ ဒီဇင်ဘာဆောင်းရဲ့ အရုဏ်တက်နံနက်ခင်း ပူလေစွ။

××××××××××××××××××××××××××××

"သားကြီးရေ ဒီမှာ"

ထိုင်နေကျ ကန်တင်းရဲ့ထောင့်ဆုံးခုံကနေ နှုတ်ဆက်လက်ပြသူေတွေကြာင့် အရှိန်တင်ထားတဲ့ကျွန်တော့်ခြေလှမ်းတွေကို လျှော့ချလိုက်ရသည်။ တွက်ထားမိတဲ့အတိုင်းပဲ ကျောင်းရောက်တော့ ၉နာရီပတ်လည်။ ဒီနေ့ ပထမဆုံး လက်ချာချိန်က အချိန်တိကျလွန်းတဲ့ဆရာမအချိန်မို့ ဟာနေတဲ့ဗိုက်ကိုဖြည့်ဖို့ပဲ ဆုံးဖြတ်လိုက်ရတော့သည်။ နောက်နေ့တွေတော့ ညီမလေးနဲ့အတူတူ နံနက်စာထစားမှ။ ကျွန်တော်နောက်ကျလို့ဆိုတဲ့အကြောင်းပြချက်အရင်းပြုပြီး ဒီဘော်ဒါကောင်တွေလည်း အတန်းလစ်သည်။

"စောစောစီးစီး ဘယ်လိုတွေဖြစ်လာတာလဲ"

"ငါ့ ညီမလေး ဒီနေ့ ကျောင်းစတက်ပြီလေကွာ"

"အဲ့ဒါများ ငါတို့ကိုပါ ခေါ်တာမဟုတ်ဘူး။ ငါတို့လည်း လိုက်ခဲ့ပေးမှာပေါ့"

ဖြိုးလေးရဲ့စကားကြောင့် လက်သီးဆုပ်ထောင်ပြပြီး ပဲပြုတ်ထမင်းကို ကြက်ဥကြော်နဲ့လှမ်းမှာလိုက်သည်။ ကျွန်တော့်ကိုကြည့်ပြီး ထရယ်တာက ရဲဘုန်း။ ဒီလောက်ပဲ မျက်ရိပ်မျက်ခြည်နဲ့စနောက်ပြီး မနေ့ညက ဂိမ်းပွဲအကြောင်း စကားရောက်သွားသည်။ ညီမလေးနဲ့ပတ်သက်ရင် ကျွန်တော်ဘယ်လောက်ထိ sensitive ဖြစ်လည်းဆိုတာကို ငယ်ပေါင်းဖြစ်တဲ့ဒီကောင်တွေအသိဆုံး။ ဒါ့ကြောင့်မို့ ကိုယ်နှုတ်နှစ်ပါးလုံးနဲ့ ဆင်ခြင်တတ်ကြသည်။ ပြင်ပကျူရှင်ချိန်မရှိတဲ့ သွားဆေးတက္ကသိုလ်က အချိန်ပြည့် lecture ချိန်တွေနဲ့ စာမေးပွဲချိန်တွေပြည့်နေတာမျိုးဆိုတော့ မနက်ခင်းပိုင်းဆို ကန်တင်းမှာ လူချောင်နေတတ်သည်။ နံနက်စာစားပြီးတော့မှ အချိန်နာရီဝက်ပိုသေးတာကိုကြည့်ပြီး ကော်ဖီခါးခါးတစ်ခွက်ထပ်မှာလိုက်၏။

"ကော်ဖီတွေခိုးသောက်နေပြန်ပြီလား"

ကျွန်တော့်ကျောပြင်ကိုပုတ်နှိုးလှုပ်ခတ်လာတဲ့ တည်တည်ကြည်ကြည်အသံ။ ကြားဖူးနေကျအခါများစွာအတိုင်း ရင့်ကျက်တည်ငြိမ်တဲ့အသံထွက်ရာနှုတ်ခမ်းသားတို့က အပြုံးပါးပါးကပ်နေသည်။ အဖြူရောင်ရှပ်အင်္ကျီကိုတစ်ဝက်ခေါက်ဝတ်ထားတဲ့လက်ပေါ်မှာက ဂျူတီကုတ်ဖြူဖြူနဲ့။

"ကိုထွဋ်!"

ဒါ ကျွန်တော့်နှုတ်ကထွက်လာတဲ့အသံမဟုတ်ဘူး။ ကျွန်တော်နဲ့မျက်နှာချင်းဆိုင်ထိုင်နေတဲ့ ဖြိုးလေးဆီက။ ကျွန်တော့်ရှေ့တည့်တည့်ဝင်လာသလိုထင်ရတဲ့ ခြေလှမ်းတွေကို မပီမပြင်ရယ်သံဟဟက အဖျားအနားသတ်ထားခဲ့သည်။ အံ့ဩစွာငေးကြည့်မိနေတဲ့ ကျွန်တော့်ပုခုံးပေါ်ကို တင်းခနဲအားတစ်ခုသက်ရောက်လာ၏။

"နေကောင်းတယ်မလား နေသော်"

"ဘယ်လိုဖြစ်တာလဲ ကိုထွဋ်။ မန္တလေးမှာပဲ House ဆင်းတော့မယ်ဆိုပြီးတော့"

အခုတော့ စားပွဲမှာ ကျွန်တော်နဲ့ကိုထွဋ်နှစ်ယောက်တည်း။ Dental ရဲ့ Roll 1 ကိုထွဋ်နဲ့ အတူတူထိုင်ဖို့ကို သရဲအိမ်မှာသွားအိပ်ရမှာထက်ကြောက်တယ်ဆိုတဲ့ ဖြိုးလေးနဲ့ရဲဘုန်းက မယောင်မလည်နဲ့ လစ်ထွက်သွားခဲ့ပြီ။ စာမလာသတင်းမကြားဘဲ သုံးလကျော်ခြေရာဖျောက်သွားတဲ့ ကိုထွဋ်ကို မကြည့်ဘဲ လက်ဖက်ရည်ပေါ့စိမ့်ခွက်ထဲမလိုင်ထည့်မွှေပြီး ကိုထွဋ်ဘက်တိုးပေးရင်း ကျွန်တော်မေးရသည်။ ကြက်ဥအုပ်ထားတဲ့ကြာဇံကြော်ကိုလက်စသပ်ပြီး ဇွန်းကိုချလိုက်တဲ့ ကိုထွဋ်လက်လှုပ်ရှားမှုက ကျွန်တော့်အာရုံလားရာအရပ်မှာဖြစ်သည်။ ကျွန်တော်ဖျော်ပေးထားတဲ့ မလိုင်ပေါ့စိမ့်လက်ဖက်ရည်ကို မသောက်သေးဘဲ အကြာကြီးစိုက်ကြည့်နေပြီးမှ ကျေနပ်ပြုံးပြုံး၏။

"အဖွားက ရန်ကုန်မှာပဲကျောင်းပြီးအောင်တက်ခဲ့ဆိုပြီးပြောလို့"

ဘာ့ကြောင့်လဲလို့ မမေးဖြစ်။ ကိုထွဋ်ကို ကျွန်တော်စသိတဲ့အချိန်က ရှစ်တန်းနှစ်မှာဖြစ်သည်။ ကျွန်တော့်ထက်တစ်နှစ်ကြီးတဲ့ ထွဋ်ခေါင်ကျော်ဆိုတဲ့ ကိုထွဋ်က ကိုးတန်းစာသင်နှစ်ဝက်ရောက်မှ မန္တလေးကနေ ကျောင်းပြောင်းလာတာဖြစ်၏။ နောက်တော့ ကျွန်တော်တို့နေတဲ့တိုက်နဲ့မျက်နှာချင်းဆိုင်မှာနေတဲ့ ကိုထွဋ်ကို ဖယ်ရီစီးရင်း ဒီလိုပဲ သွားရင်းလာရင်းနဲ့ ကျွန်တော်တို့ခင်မင်လာကြတာ အခု သွားဆေးတက္ကသိုလ်ရောက်တဲ့အထိပဲဆိုပါတော့။ မိသားစုက မန္တလေးမှာဖြစ်ပေမယ့်လည်း အိမ်ထောင်ကျနေပြီဖြစ်တဲ့ ကိုထွဋ်အစ်မရှိရာရန်ကုန်ကို ဘာလို့လာနေတာလဲဆိုတဲ့အကြောင်းပြချက်ကို ကျွန်တော်လည်းတစ်ခါမှမမေးဖူးသလို၊ ကိုထွဋ်ကလည်း ပြောပြဖူးတာမရှိ။ ရန်ကုန်မှာလာနေကြတဲ့ကျောင်းသားထက်ဝက်ကျော်လောက်က ပညာရေးကြောင့်ပဲများတာဆိုတော့လည်း ကျွန်တော်လည်း သူများအိမ်တွင်းရေးကိုစကားလုပ်ပြီးမေးမနေဖြစ်ပါ။

"ကိုထွဋ် ဘယ်နေ့ကပြန်ရောက်တာလဲ"

ဒါကိုတော့ မမေ့မလျော့ကျွန်တော်မေးဖြစ်သည်။ အဆက်အသွယ်ပြတ်တောက်ခဲ့ရတဲ့ အချိန်သုံးလထက်စာရင် ကျွန်တော်နဲ့ကိုထွဋ် ရင်းနှီးခဲ့ကြတာ ခုနှစ်နှစ်။ ခုနှစ်နှစ်တာ ဆက်နွယ်မှုကိုအကြောင်းပြုပြီး ကျွန်တော် ဒီလောက်တော့ မေးခွင့်ရှိမည်ထင်သည်။

"မနေ့ည ၈နာရီလောက်က"

"အော်..."

ကိုထွဋ်နဲ့အတူတူမှာထားတဲ့ပေါ့စိမ့်လက်ဖက်ရည်ကို ကျွန်တော်မော့သောက်ဖြစ်သည်။ အချိုကဲပြီး အကျရည်ပေါ့ပေါ့နဲ့အရသာက ကျွန်တော့်အကြိုက်မဟုတ်။ ကော်ဖီခါးခါးတွေက အိပ်ချိန်တွေကိုနှောင့်ယှက်တယ်လို့ ကိုထွဋ်ပြောပြီးတည်းက ကိုထွဋ်နဲ့အတူတူ ပေါ့စိမ့်တွေလိုက်သောက်ဖြစ်ခဲ့ပေမယ့် ဒီအရသာက ကျွန်တော်နဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိသေး။

"ကိုယ်က မနက်ကျမှ နေသော့်ကိုလာခေါ်ပြီး ကျောင်းသွားမယ်လုပ်ထားတာ။ မနက်က နေသော့်အိမ်ရောက်တော့ နေသော်ကမရှိတော့ဘူး"

"ဟုတ်တယ်။ ညီမလေး ဒီနေ့ကျောင်းစတက်ပြီလေ ကိုထွဋ်"

"အန်တီပြောတယ်။ ညီမလေးတော့ အရမ်းပျော်နေမှာပဲ။ နေသော် အဲ့ကျောင်းတက်ဖို့ ကန့်ကွက်တုန်းက ကိုယ့်ကိုကူပြောပေးဖို့ လာလာပြောတာ ကိုယ်ဖြင့် ညီမလေးတက်ကြွနေတာကိုကြည့်ပြီး သဘောကျလွန်းလို့ ရယ်ပဲရယ်နေနိုင်တော့တယ်။ အခုချိန်ဆို ကျောင်းမှာပျော်နေမှာပဲ"

လက်ဖက်ရည်ကိုမော့အသောက်နဲ့တိုက်ဆိုင်ချင်ယောင်ဆောင်ပြီး ကိုထွဋ်မျက်နှာကိုလှမ်းကြည့်မိသည်။ ပြုံးနေတဲ့မျက်နှာက ကြည်ကြည်လင်လင်ပါပဲ။ အရောင်တွေရောယှက်နေတာမျိုးမရှိဘဲ ညီမလေးရဲ့ပုံစံကို မြင်ရတဲ့အတိုင်း ပြောပြနေတာမျိုး။ ရင်ဝမှာအုံဖွဲ့သွားတဲ့အပူငွေ့တွေ ပျောက်ပြယ်သွားအောင် ကိုထွဋ်မမြင်ခင် သက်ပြင်းငွေ့ငွေ့ချလိုက်ရသည်။

"နေသော် နောက်အတန်းချိန်မတက်ဘူးလား"

"တက်မှာ ကိုထွဋ်"

"ဒါဆိုလည်း သွားကြမယ်လေ"

ဂျူတီကုတ်ကို လက်ဖျံမှာခေါက်တင်ပြီး ဦးဆောင်ကျောခိုင်းတဲ့ ကိုထွဋ်ကျောပြင်က ကောင်းကင်ပြာမှာငြိတွယ်နေတဲ့ တိမ်မျှင်တစ်စလို...။

×××××××××××××××××××××××××××××

"ကိုကို...။ ဟာ ကိုကြီးထွဋ်ခေါင်ရော လိုက်လာတယ်"

ညီမလေးကိုသွားကြိုရဦးမယ်ပြောတော့ ကိုထွဋ်က သူ့ကားကိုကျောင်းမှာထားခဲ့ပြီး ကျွန်တော့်ကားပေါ်ရောက်လာတော့တာဖြစ်သည်။ ညနေခင်းကျောင်းဆင်းချိန်က မနက်ပိုင်းတုန်းကလိုမဟုတ်။ ပျားအိမ်မကြီးက ထွက်လာတဲ့ ပျားလုပ်သားလေးတွေလို ကျောင်းပင်မအဆောက်အအုံထဲကနေ ယူနီဖောင်းဝတ်ကျောင်းသားတွေ တစ်စုပြီးတစ်စုထွက်လာကြသည်။ စတိုင်ပန်အနက်နဲ့ရှပ်အဖြူဝတ်ထားတဲ့ ကျွန်တော်နဲ့ကိုထွဋ်ကို အတန်းဆင်းလာတဲ့ကျောင်းသားတစ်ချို့က စူးစမ်းနေသည်။ ပြောရရင် ဒါကထုံးစံပါပဲ။ ကိုယ်ပိုင်နယ်မြေကို ဘယ်အပိုင်းကကောင်တွေကျူးကျော်ဝင်လာတာလဲဆိုတဲ့မျက်လုံးတွေနဲ့ ကြည့်တတ်ကြတာမျိုး။ တခြားကျောင်းကယူနီဖောင်းဝတ်ကျောင်းသားတွေ ကျွန်တော်တို့ကျောင်းလာရင်လည်း ဒီလိုပဲဝိုင်းကြည့်ကြတာ။ ညီမလေးဘေးမှာက ရွယ်တူကောင်မလေးတစ်ယောက်။ ကိုထွဋ်က ညီမလေးလက်ထဲက ဖတ်စာအုပ်အသစ်တွေကို လွှဲပြောင်းယူပေးသည်။ ညီမလေးရဲ့ ကိုကိုဆိုတဲ့ခေါ်သံနဲ့ ညီမလေးခေါင်းကို လှမ်းအုပ်ကိုင်လိုက်တဲ့ ကျွန်တော့်ပုံစံကြောင့် ပတ်ဝန်းကျင်က စူးစူးရဲရဲအကြည့်တွေ ပြန်တပ်ခေါက်သွားကြသည်။

"အဂီ ဒါ ငါ့အစ်ကို၊ ဒီဘက်ကလည်း ဝမ်းမနာအစ်ကိုပဲ။ ကိုကိုတို့က Dental က။ ကိုကိုနဲ့ ကိုကြီးထွဋ် ဒါက ညီမလေးနဲ့ ဒီနေ့မှခင်တဲ့သူငယ်ချင်း ဝင်းလတ်သိင်္ဂီတဲ့"

"ညီမက ဘာနဲ့ပြန်မှာလဲ။ လမ်းကြုံရင် အစ်ကိုတို့နဲ့ လိုက်ခဲ့လေ"

"ရတယ် အစ်ကို။ အဂီက ဖယ်ရီနဲ့ပြန်မှာ"

"အဂီ နင်ဖယ်ရီပေါ်ရောက်ရင် မနက်က မူးပြီးအန်တဲ့တစ်ယောက်သက်သာရဲ့လားလို့ သတင်းမေးလိုက်ပါဦး"

"အေး...သူက ဖယ်ရီနဲ့လာတာမဟုတ်ဘူးဟ။ တတိယနှစ်ကအစ်ကိုနဲ့ ကားအတူတူစီးလာတာလို့ပြောတယ်။ ဘာဖြစ်ဖြစ် ညကျမ လိုင်းပေါ်မှာ ပြောပြမယ်။ ငါသွားပြီ"

"See you အဂီ"

ပလတ်စတစ်ခြင်းတောင်းကိုင်ထားတဲ့လက်တစ်ဖက်ကိုပါ ဝေ့ယမ်းနှုတ်ဆက်ပြီး ပြန်လှည့်လာတဲ့ ညီမလေးမျက်နှာက ပုံစံတစ်မျိုးနဲ့နုသစ်နေပြန်သည်။ ကားမောင်းနေတဲ့ ကိုထွဋ်ကို ကားနောက်ခန်းကနေ ကျော်ပြီး စကားပြောနေတဲ့အသံက ကားထဲမှာလွှမ်း၏။ ကိုထွဋ်ကလည်း ညီမလေးပြောသမျှ ခေါင်းညိတ်တုန့်ပြန်ရုံမက အပြန်အလှန်စကားထောက်မေးမြန်းပေးသည်။ ရုံးဆင်းချိန်မိသွားရတဲ့ သံလျင်တံတားပေါ်ကယာဉ်တန်းရှည်ကြီးကိုကြည့်ရင်းမှ ကောင်းကင်ပြာကိုမော့ကြည့်ဖြစ်သည်။ တိမ်ဖြူတစ်စမရှိတဲ့ ကောင်းကင်ပြာက ကြည်ကြည်လဲ့လဲ့။ နေ့တာတိုပြီး ညတာရှည်တဲ့ဆောင်းရာသီကြောင့် လိမ္မော်နီရောင်တောက်ကျနေက လျင်လျင်မြန်မြန်ပဲပြိုကျသည်။ ပိတ်ဆို့ရပ်တန့်နေတဲ့ ယာဉ်တန်းက လွတ်မြောက်ခွင့်ရချိန်မှာ ညီမလေးက နောက်ခန်းမှာအိပ်ပျော်နေပြီ။ နှုတ်ဆက်နေရောင်အစား လမ်းမီးတိုင်ဝါကျင်ကျင်တွေက ကားဖြတ်သွားရာ လမ်းတစ်လျှောက် အရိပ်လိုကျန်နေရစ်၏။

"ညကျ Harry's bar ထိုင်မလား နေသော်"

"ကောင်းသားပဲ ကိုထွဋ်"

"ကိုယ်တို့နှစ်ယောက်ပဲသွားရအောင်"

ကားထဲမှာ Air_con ဖွင့်ထားတာတောင် ကျွန်တော့်လက်ဖဝါးမှာချွေးတွေစိုလာသည်။ နှုတ်မဆက်ဘဲ ခြေရာတွေဖျောက်ပြီးမှ ပြန်ပေါ်လာတဲ့ ကိုထွဋ်က တစ်မျိုးတစ်မည်ပြောင်းလဲသွားသလို ကျွန်တော်ခံစားနေရသည်။ မီးပွိုင့်တွေကိုဖြတ်ပြီး ကားကိုပဲအာရုံစိုက်မောင်းနေတဲ့မျက်နှာက လမ်းဘေးကအရိပ်ကျမီးရောင်တို့ကြောင့် လင်းတစ်ခါ၊ မှောင်တစ်လှည့်နဲ့။ မျက်နှာလွှဲလိုက်ပေမယ့် ကိုထွဋ်ရဲ့ မပီဝိုးတဝါးမျက်နှာတစ်ခြမ်းပုံရိပ်က ကျွန်တော့်အာရုံထဲ စွဲထင်နေခဲ့၏။
#####################

November 9.2020.(Monday)

××××××××××××××××××××××××××

Continue Reading

You'll Also Like

831K 54.5K 65
Cover by _ Moh Moh ရွင္မင္းထိုက္ မင္းခန္႔ေဇ ေကာင္းထက္ ဇြဲ မတူညီတဲ့ အက်င့္ေတြ မတူညီတဲ့ စိတ္ဓာတ္ေတြနဲ႔ လူသား ၂ ဦးဟာ အဆံုးသတ္မွာ ေပါင္းဖက္ႏိုင္မွာလား...
119K 12.4K 51
အတိတ်ဆိုးတွေနဲ့ပြည့်နေတဲ့ ပူလောင်လှတဲ့ မင်းရဲ့ဘဝလေးကို ကို့ရဲ့အချစ်တွေနဲ့ ကောင်းကင်ပြာကြီးလို အုပ်မိုးထားပါရစေ နွေလယ် ...
27.4K 1.4K 31
အချစ်နဲ့လား .. ဆုံတွေ့ချင်တာပေါ့။ ဒါပေမဲ့ .. အချစ်နဲ့ တွေ့ဆုံဖို့ ကျွန်တော့်လိပ်ပြာက ညစ်ပတ်လွန်းတယ်။
338K 24K 24
"ရင်ဘတ်ထဲကနှလုံးသား​လေးကမင်းကိုချစ်ပါတယ်ဆိုတဲ့​အော်သံ​လေးဟာငါ့ရဲ့ဦး​နှောက်တဲ့နားကိုလာရိုက်ခတ်တဲ့အချိန်ငါဟာသိပ်​နောက်ကျသွားပြီလား....." ...