Heaven or Hell(COMPLETED)

By nabi_yeon

611K 60K 7.3K

Yizhan ⚠ More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
21
22
23
24
25
26
27
28
29(Final)

20

14.5K 1.9K 118
By nabi_yeon

Zawgyi

"ကျွန်တော် သွားပါ့မယ်"


"သေချာပြီပေါ့"





"သေချာတာပေါ့"


"..."








"ရိပေါ်"

"ကော"


"ရိပေါ်"

"ကော သက်သာရဲ့လား


"ရိပေါ်"

ရှောင်းကျန့် ခေါင်းကိုဖြည်းညင်းစွာမော့ပြီး ရိပေါ်ကိုခေါ်လာသည်။

"ဟုတ် ကော"

"မင်း ငါ့အတွက်သေရဲလား"

"..."



"ကော"


"ကော ဘာတွေေေးနေတာလဲ



"လိမ်နေတာ"

"..."



"အဲ့လိုမဟုတ်ဘူး ကော


"ကော..."

"ကောကိုပြောပါ
ဟုတ်တယ်မလား ရိပေါ်"

"မဟုတ်ဘူး ကော

"ရိပေါ်!"


"မင်း လိမ်နေတာ



"ရိပေါ်"



ဒါပေမယ့် သူကရော... ။

နာကျင်မှုလား။ဝမ်းနည်းမှုလား။ခံပြင်းမှုလား။



"ကော"



"အရူးလေး"

"ကော"



"ကော"



"ငိုချင်သေးလား"



"ရှူး..."

ထို့နောက် အနမ်းများကိုပိုတိုးပြီး လက်များကရိပေါ်အင်္ကျီကိုချွတ်ချသည်။

"ကော"




"အင့်"


စိတ်တိုင်းကျလုပ်ပါ

ရိပျေါအနမျးကိုပွနျဆကျကာ ရှောင်းကျန့်ကိုအောက်ပို့လိုက်သည်။
.
.
.


"ကော ရရဲ့လား"

"အင်း"




"ကော ရပါသေးတယ်"


"ရိပေါ်"

"ဗျာ"


"..."

"ဟင်"

"ပေးနိုင်တယ်

ဖြစ်နိုင်လား"


..............................................

Unicode

"ကျွန်တော် သွားပါ့မယ်"

လမ်းဆုံးကိုရောက်နေသည့်အခြေအနေမျိုးမှာ ဒီစကားကလွဲ ဘယ်အရာကိုများသူထပ်ပြီးပြောဆိုနိုင်ခွင့်ရှိဦးမှာလဲ။
ဒီဘုရင်က ယုံရသူတစ်ဦးမဟုတ်သည့်တိုင် ထိုအရာကိုလက်ခံလိုက်ယုံလောက်နဲ့ ကောကိုပြန်လွှတ်ပေးမည့်သူမဟုတ်။
သို့ပေမယ့် ဒီမှာနေပြီး အတိုက်အခံလုပ်နေတာထက်စာရင် ထိုအရာကအနည်းငယ်လောက်တော့ပိုထိရောက်လိမ့်မည်။
သဲတစ်မှုန်စာ မြူတစ်မှုန်စာလောက်ဆိုရင်တောင့် သူ့အခြေအနေနဲ့ယခုအချိန်မှာ သနားခံအခွင့်အရေးတစ်ခုကလည်းသိပ်ကိုအရေးပါလှသည်။
ထိုဘုရင်ပြောသလိုမျိုးပဲ ကောတောင်သူ့အတွက်နဲ့ဒီလိုငရဲမျိုးမှာနေနိုင်တာကို သူကဘာကြောင့်များအဲ့ကိုမသွားနိုင်ရမှာလဲ။

"သေချာပြီပေါ့"

ရိပေါ် ခေါင်းညိတ်ပြလိုက်သည်။

"အဲ့ကလူတွေကို ကျွန်တော်အတတ်နိုင်ဆုံးသေသေချာချာကုသပေးပါ့မယ်
မင်းကြီးဘာတွေတွေးနေတယ်မသိလို့ ကျွန်တော်အများကြီးမမျှော်လင့်ပါဘူး
အဲ့ဒီအစား ကျွန်တော်မရှိတဲ့အတောအတွင်းမှာ ကောထိခိုက်စေမယ့်အရာတွေကိုနည်းနည်းလေးမှမလုပ်ပါနဲ့"

"ငါ ဘယ်တုန်းကမှသူထိခိုက်အောင်မရည်ရွယ်ခဲ့ဖူးဘူး"

"ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ ရှေ့လျှောက်ဆင်ခြင်ပေးပါ
ဒီခရီးအတွက် ကျွန်တော်ဒီလောက်တော့တောင်းဆိုခွင့်ရှိတယ်မလား"

"သေချာတာပေါ့"

"ထပ်ပြီး နောက်ထပ်တစ်ခုတောင်းဆိုပါရစေ"

"..."

"ကျွန်တော် အဲ့ကိုသွားမယ့်ကိစ္စကိုကောကိုဖုံးကွယ်ထားပေးပါ"

"အဲ့အတွက် မင်းစိတ်ပူစရာမလိုဘူး"

"ဒါဆို ကောသတိရလာတာကိုတွေ့ပြီးရင် ကျွန်တော်သွားပါ့မယ်"

ဝမ်ရိပေါ်၏ အကြည့်တွင်ခွင့်မပြုလိုသည့်အရိပ်အယောင်များပါဝင်နေသည်။

"ကျွန်တော် ကောကိုပြောစရာရှိတာတွေတော့ပြောရဦးမယ်လေ"

ဝမ်ရိပေါ်ဘာမှဆက်မပြော။
ရိပေါ်က အဆောင်ထဲပြန်ဝင်သွားသည်။
နိုင်ငံရေးအကြောင်းဆွေးနွေးရန် တိုင်းတပါးကမင်းသားတစ်ပါးရောက်နေသဖြင့် ဝမ်ရိပေါ်လည်းစိတ်လျှော့ကာ လှည့်ထွက်လာခဲ့သည်။

ရိပေါ် အခန်းထဲရောက်ပြီးများမကြာမီအချိန်အတွင်းမှာပဲ ရှောင်းကျန့်သတိရလာသည်။

"ရိပေါ်"

"ကော"

ရှောင်းကျန့် ရိပေါ်လက်ကိုဆုပ်ကိုင်ပြီး အားပြုကာထထိုင်လိုက်သည်။

"ရိပေါ်"

"ကော သက်သာရဲ့လား
ခေါင်းမူးနေတာမျိုးတွေဖြစ်လား"

ရှောင်းကျန့် ခေါင်းခါသည်။
မျက်လုံးများက ရိပေါ်ကိုရင်မဆိုင်ရဲစွာမျက်လွှာချထားသည်။
နှစ်ယောက်လုံး မည်သည့်စကားကိုမှမဆိုပဲခဏကြာသည်အထိတိတ်ဆိတ်နေကြသည်။

"ရိပေါ်"

ရှောင်းကျန့် ခေါင်းကိုဖြည်းညင်းစွာမော့ပြီး ရိပေါ်ကိုေခေါ်လာသည်။

"ဟုတ် ကော"

"မင်း ငါ့အတွက်သေရဲလား"

"..."

ရုတ်တရက်မို့ရိပေါ်ဘာမှပြန်မဖြေနိုင်ဘဲ ရှောင်းကျန့်ကိုကြောင်အစွာကြည့်နေမိသည်။

"ငါတို့အတူတူသေကြရအောင်"

"ကော"

ရှောင်းကျန့် မျက်ဝန်းများကအသေအချာကိုဆုံးဖြတ်ပြီးသားပုံပေါ်နေသည်။
ရိပေါ် ရှောင်းကျန့်လက်နှစ်ဖက်လုံးကို ကမန်းကတန်းဆုပ်ကိုင်ပြီး ခေါင်းခါလိုက်သည်။

"ကော ဘာတွေေေွးနေတာလဲ
ဒီလိုအတွေးမျိုးလုံးဝတွေးလို့မဖြစ်ဘူး
မိုးပြိုရင်တောင်ထွက်ပေါက်ရှိတယ်တဲ့
ကျွန်တော်တို့အတွက်လည်း အခွင့်အရေးတစ်ခုခုတော့ရောက်လာမှာပါ
အဲ့တာကြောင့် ကောဒီလိုမျိုးစိတ်ဓာတ်ကျသွားလို့မရဘူး
ကျွန်တော်သေရင်တောင် ကောကကျန်းကျန်းမာမာနဲ့ရှင်သန်နေရမယ်
ကျွန်တော်ပြောတာနားလည်လား
နောက်ထပ် ဒီလိုအတွေးမျိုးလုံးဝမတွေးမိစေနဲ့"

ရိပေါ် ရှောင်းကျန့်လက်လေးတွေကိုပွတ်သပ်ရင်း ဆက်ပြောသည်။

"ကျွန်တော် မြို့တစ်မြို့ကိုသွားရမယ်
သုံးလလောက်ကြာလိမ့်မယ်ထင်တယ်
ကျွန်တော်ဆေးပညာတွေ ထပ်လေ့လာချင်လို့
ပြီးတော့ သက်သေအတွက်လည်းနည်းနည်းထပ်စုံစမ်းချင်လို့
အဲ့အတောအတွင်းကောက ကျန်းကျန်းမာမာနေပေးနော်
အဲ့တာမှ ကျွန်တော်ပြန်လာတဲ့အချိန်သက်သေရလာရင် လွတ်မြောက်ဖို့အတွက်ကျွန်တော်တို့အတူတူကြိုးစားလို့ရမှာ"

"လိမ်နေတာ"

"..."

ရှောင်းကျန့် ရိပေါ်၏မျက်လုံးများကိုစိုက်ကြည့်ကာပြောလာသည်။

"ဘာတွေလျှောက်လုပ်မလို့လဲ
ဟိုဘုရင် မင်းကိုဘာတွေအကြပ်ကိုင်နေလို့လဲ"

"အဲ့လိုမဟုတ်ဘူး ကော
ကျွန်တော် တကယ်လေ့လာချင်လို့.."

"မင်း ငါ့ကိုမလိမ်နဲ့ ရိပေါ်!
ယုတ္တိမရှိတဲ့အကြောင်းပြချက်တွေနဲ့ မင်းငါ့ကိုလိမ်လို့ရမယ်ထင်မနေနဲ့
တကယ်လို့ မင်းအန္တရာယ်များတာတွေထပ်လုပ်မယ်ဆိုရင် ငါတကယ်ကိုယ့်ကိုကိုယ်သတ်သေပြစ်လိုက်မယ်"

"ကော..."

"ကောကိုပြောပါ
အဲ့ဘုရင်အကျပ်ကိုင်တာမလား ဟင်
ဟုတ်တယ်မလား ရိပေါ်"

"မဟုတ်ဘူး ကော
ကျွန်တော်တကယ်သွားချင်လို့"

"ရိပေါ်!"

"ကျွန်တော် ပညာတွေထပ်လေ့လာချင်တယ်ကော
ကျွန်တော့်ကိုမတားပါနဲ့
ကောဘယ်လိုတားတား ကျွန်တော်ဒီခရီးကိုရအောင်သွားမှာ"

"မင်း လိမ်နေတာ
မင်းငါ့ကိုလိမ်နေတာရိပေါ်"

"ကျွန်တော် သွားတော့မယ်"

ဆက်ပြောနေရင် တကယ်အမှန်တိုင်းပြောမိတော့မှာစိုး၍ ရိပေါ်မျက်လုံးစုံမှိတ်ကာထထွက်လာခဲ့သည်။
တကယ်လို့ သွားရမှာနယ်စပ်မှန်းသိရင်ကောကလုံးဝကန့်ကွက်လိမ့်မည်။
မသေချာတဲ့ အခွင့်အရေးဆိုရင်တောင်သူကတော့သွားချင်သည်။
မရှိတဲ့အခွင့်အရေးနဲ့စာရင် မသေချာတဲ့အခွင့်အရေးက ပိုပြီးမျှော်လင့်ချက်ရှိသည်။

"ရိပေါ်"

နောက်မှထွက်လာသည့် အော်ခေါ်သံကြောင့် ရိပေါ်ခြေလှမ်းများရပ်တန့်သွားသည်။
သို့ပေမယ့် နောက်ကိုမလှည့်ကြည့်။
လှည့်ကြည့်မိတာနဲ့ သူထွက်မသွားနိုင်ဖြစ်လိမ့်မည်။

"မင်းနောက်သုံးလနေလို့ပြန်ရောက်မလာခဲ့ရင် ငါ့အလောင်းကိုသာလာကောက်လိုက်တော့"

ရိပေါ်တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားသည်။
သူလှည့်ကြည့်လိုက်သည့်အချိန်မှာ ရှောင်းကျန့်ကပြေးကာအဆောင်ထဲပြန်ဝင်သွားခဲ့ပြီ။
အခုချိန်ပြေးကြည့်စရာမလို။ရှောင်းကျန့် အသည်းအသန်ကိုငိုနေလိမ့်မည်။
ဒါပေမယ့် သူကရော... ။

ချောက်အနက်ကြီးထဲကိုပြုတ်ကျသွားသလိုမျိုး၊လေဟာနယ်ထဲကိုရောက်နေသလိုမျိုး။
ခံစားနေရတာတွေက များလွန်းလို့ဘယ်ခံစားချက်ကိုခံစားနေရမှန်းတောင်မသိတော့။
နာကျင်မှုလား။ဝမ်းနည်းမှုလား။ခံပြင်းမှုလား။
မျက်ဝန်းထဲကပ်ခိုလာသောအရည်တစ်ချို့ကြောင့်အမြင်ကဝေဝါးလာသည်။
အိမ်သို့အမြန်ပြေးပြီး နာကျင်မှုတွေသက်သာလိုသက်သာငြား အော်ဟစ်ခြင်းဖြင့်ဖြေလျှော့ရသည်။

ရိပေါ် ကလေးတစ်ယောက်လိုပဲအော်ဟစ်ငိုကြွေးမိသည်။
ချစ်ရသူကို မကာကွယ်ပေးနိုင်သည့်ခံစားချက်က သေလောက်အောင်ကိုဆိုးရွားလွန်းသည်။
ခံပြင်းမှုတွေက ရင်ထိမချိမဆန့်။

ထိုအချိန် သူ့မျက်စိရှေ့သို့ရောက်လာသော ခြေထောက်တစ်စုံကြောင့် ရိပေါ်ခေါင်းမော့ကြည့်လိုက်သည်။

"ကော"

နိမ့်ချည်မြင့်ချည်ဖြစ်နေသောရင်ဘတ်နှင့်ရှောင်းကျန့်က ရိပေါ်ထွက်သွားပြီးမကြာမီ နောက်မှပြေးလိုက်လာခဲ့သည်။
ဖိနပ်ပင်မစီးလာခဲ့၍ ခြေဖဝါးနုနုမှာသွေးခြေတွေဥလာသည်။

ကြောင်ကြည့်နေသော ရိပေါ်ရှေ့မှာ ရှောင်းကျန့်ဒူးထောက်ထိုင်ချပြီး ရိပေါ်ကိုရင်ခွင်ထဲထည့်သည်။

"အရူးလေး"

"ကော"

"မငိုပါနဲ့ ကောခွင့်ပြုတယ်နော်
ရိပေါ် အန္တရာယ်များတာတွေမလုပ်ဘူးဆိုတာ ကောယုံတယ်
အဲ့တာကြောင့် ကောဆီကိုကျန်းကျန်းမာမာနဲ့ပြန်လာပေးနော်"

ရှောင်းကျန့် ရိပေါ်ကျောကုန်းလေးကိုပုတ်ကာပြောတော့ ရိပေါ်ပိုရှိုက်ကာငိုတော့သည်။

"ကော"

"ကောတောင်းပန်ပါတယ် ကောကယုံပေးသင့်တာကို
ရိပေါ် စိတ်မကောင်းမဖြစ်နဲ့တော့နော်"

ရိပေါ် ဘာစကားမှပြန်မပြောနိုင်။
ရှောင်းကျန့် ထိုအတိုင်းနေလျက်ပင် ရိပေါ်အငိုတိတ်သွားသည်အထိ ကျောကုန်းကိုပုတ်ကာချော့သည်။
အငိုတိတ်သွားကာမှ ရှောင်းကျန့် ရိပေါ်လက်ကိုဆွဲပြီး သူတို့ရဲ့တစ်ခန်းတည်းသော အိပ်ခန်းလေးရှိရာဆီသို့ဝင်သည်။

"ငိုချင်သေးလား"

ရှောင်းကျန့် မေးတော့ ရိပေါ်ခေါင်းခါသည်။

"တောင်းပန်ပါတယ် ကျွန်တော်ကပိုကြံ့ခိုင်နေရမှာကို... "

"ရှူး..."

ရှောင်းကျန့် ရိပေါ်နှုတ်ခမ်းပေါ် လက်ညှိုးလေးတင်ပြီး တစ်ဆက်တည်းမှာပဲ နမ်းလိုက်သည်။
ထို့နောက် အနမ်းများကိုပိုတိုးပြီး လက်များကရိပေါ်အကျႌကိုချွတ်ချသည်။

"ကော"

နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက်မျက်စိအောက်က ပျောက်တော့မည့်အလားစိုက်ကြည့်နေကြသည်။
ရှောင်းကျန့် အောက်နှုတ်ခမ်းကိုနာနာဖိကိုက်ပြီး ရိပေါ်ရင်ဘတ်ပေါ်လက်တင်လိုက်သည်။

"ကောကိုသိမ်းပိုက်ပေးပါ ရိပေါ်
ကော ရိပေါ်ကို အရမ်းလွမ်းတယ်"

"ကျွန်တော်က ပိုလွမ်းတာပေါ့"

"အင့်"

ရှောင်းကျန့် တစ်ကိုယ်လုံးကချက်ချင်းပဲ အနမ်းမိုးများကြားကျရောက်သွားသည်။
လည်ပင်းကို တမင်ပတ်ရှောင်သွားသည့်ရိပေါ်ကြောင့် ရှောင်းကျန့် လက်တွေကိုရိပေါ်လည်ပင်းပေါ်ချိတ်လိုက်သည်။

"ရိပေါ် ကြိုက်သလိုပြုမူပါ
စိတ်တိုင်းကျလုပ်ပါ
ကောရဲ့အရာအားလုံးကို ရိပေါ်ပိုင်တာ "

ရိ​​ေပါ်အနမ်းကိုပြန်ဆက်ကာ ရှောင်းကျန့်ကိုအောက်ပို့လိုက်သည်။
လွမ်းခဲ့ရသမျှအတိုးချကာ ချစ်တင်းနှောခြင်းကိုပြင်းထန်စေသည်။
လိုလိုလားလား ညည်းသံများကို ရှောင်းကျန့်ကထပ်တလဲလဲပြုလုပ်သည်။
ထိုအသံများကြောင့် လိုအင်များကပိုပြီးရင်းပိုလာကာ အချစ်ခရီးကပြီးမဆုံးနိုင်ဖြစ်ရသည်။

.
.
.
.
ရိပေါ် ရှောင်းကျန့်မျက်နှာတစ်ပြင်လုံးကိုခပ်ဖွဖွလိုက်နမ်းပြီး တုန်ယင်နေသောရှောင်းကျန့်ကိုရင်ခွင်ထဲထည့်လိုက်သည်။

"ကော ရရဲ့လား"

"အင်း"

ရှောင်းကျန့် ခေါင်းညိတ်ပြသည်။

"ရိပေါ် ထပ်လိုချင်သေးလား"

"ရူးနေလား ကောတစ်ခုခုဖြစ်သွားမှာပေါ့"

"ကော ရပါသေးတယ်"

ရိပေါ် ခေါင်းသာခါလိုက်သည်။

"ရိပေါ်"

"ဗျာ"

"ဘာမှမဖြစ်ပဲ ပြန်လာမယ်လို့ကတိပေးနိုင်လား"

"..."

"ဟင်"

"ပေးနိုင်တယ်
ကောသာ ကျန်းကျန်းမာမာရှိနေပေး"

"နောက်သုံးလနေရင် မီးပုံးပျံပွဲရောက်ပြီ
အဲ့နေ့ အရောက်ပြန်လာခဲ့
ဖြစ်နိုင်လား"

"အင်း ကျွန်တော်ကတိပေးတယ်
အဲ့နေ့အရောက်ပြန်လာခဲ့မယ်"

..............................................

Continue Reading

You'll Also Like

1.3M 56.8K 103
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
136K 15.6K 22
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
216K 10.1K 31
Desperate for money to pay off your debts, you sign up for a program that allows you to sell your blood to vampires. At first, everything is fine, an...
87.3K 3.1K 51
"𝐓𝐫𝐮𝐭𝐡, 𝐝𝐚𝐫𝐞, 𝐬𝐩𝐢𝐧 𝐛𝐨𝐭𝐭𝐥𝐞𝐬 𝐘𝐨𝐮 𝐤𝐧𝐨𝐰 𝐡𝐨𝐰 𝐭𝐨 𝐛𝐚𝐥𝐥, 𝐈 𝐤𝐧𝐨𝐰 𝐀𝐫𝐢𝐬𝐭𝐨𝐭𝐥𝐞" 𝐈𝐍 𝐖𝐇𝐈𝐂𝐇 Caitlin Clark fa...