Zawgyi
"ခင္ဗ်ားလား
"လူယုတ်မာ"
"ဘာလို့လဲ
ဘာဖြစ်လို့လဲ
"ခင်ဗျား... ခင်ဗျား.... အား ...
"ဒီလောက်လေး တဲ့လား"
"မင်းကို သူနဲ့တွေ့ခွင့်ပေးထားတာကို ဒီလောက်လေးလို့ထင်နေတာလား
ငါ့ကွယ်ရာမှာ တခြားယောက်ျားတစ်ယောက်နဲ့တွေ့နေတာ အဲ့တာဖောက်ပြန်မှုပဲ
အဲ့တာကိုမင်းသိလား"
"ဟုတ်တယ် ငါပျော်တယ်
ဘာလို့လဲ.... အား... "
"တိတ်စမ်း!
"...."
"တိတ်လို့ပြောနေတယ်"
"...."
"တောက်"
"..."
"အကုန်ဟိုဖက်လှည့်ကြ"
"အစ်... "
ထို့နောက် အင်္ကျီကိုဆွဲလှန်ပြီး မှောက်ချရန်လုပ်တော့ ရှောင်းကျန့်အတင်းကန်ကျောက်တော့သည်။
ဘာလဲ။
"ခင်ဗျား ဘာလုပ်တာလဲ
"ဘာဖြစ်တာလဲ"
"ကြည့်လို့ကောင်းလား"
"အားး"
"အားလုံးနားထောင်
ဒီအကောင်ကိုသုံးပိုင်းပိုင်းပြီး မြို့ပြင်ကခွေးအတွေဆီအစာသွားကျွေးလိုက်
"အားးးးးး!!"
"မလာနဲ့ မလာနဲ့!"
"ကြောက်တယ် မလာနဲ့"
...............................................
"ဘယ်သူလဲ
"မင်းသွားလို့်ရပြီ"
"အမိန့်တော်အတိုင်းပါ"
"ဘာရယ်"
"...."
"သက်သေရှိလို့လား"
ငွေးကြေးလား ရာထူးလား မိန်းမလား နုပျိုတဲ့ယောက်ျားလေးတွေလား"
"သိသားပဲ"
"...."
အဲ့လိုပဲထားပါတော့
ဝမ်ရိပေါ် တရှူးရှူးတရှဲရှဲဒေါသထွက်လာပြီး ရိပေါ်အင်္ကျီရင်ဘတ်စကိုဆွဲကိုင်လိုက်သည်။
"မာန်တက်မနေနဲ့
"နှိပ်စက်ပြီးတော့လား"
"ဘာ"
"ဟုတ်တာပေါ့
သက်သေလား
".... "
ဒါနဲ့ကောရော သိလား
"မင်းနဲ့မဆိုင်ဘူး"
"..."
အကြံတစ်ခုပေးရမလား"
"စေတနာနဲ့ပါ
"ဘာပြောချင်တာပါလဲ"
"မသိနိုင်ဘူးလေ
"ရှောင်းကျန့်လား
"ခင်ဗျား"
"ကော"
အဖြူရောင်အပါးသားအင်္ကျီကိုဝတ်ထားသည့်ရှောင်းကျန့်က ရိပေါ်ကိုမြင်သည်နှင့် ကုတင်ပေါ်မှအမြန်ထလာသည်။
"ရိ ရိပေါ်လား"
"ခင်ဗျား"
"ဒီမှာဆေးဆရာ
"ခ ခဏလေးပါ"
ပူးကပ်မနေကြနဲ့
"ခင်ဗျား မလွန်လာနဲ့"
ဆရာလေး
အရမ်းနူးညံ့တယ်မလား
"အားး!"
"ကျန့်"
"ကော"
"ကော မလုပ်နဲ့"
"ဖယ် လွှတ်
ကျွန်တော့်ကိုလွှတ်"
"သွေးထွက်လွန်သွားတာ
"မင်းကြီး"
"အမိန့်တော်အတိုင်းပါ"
.............................................................
Unicode
"ခင်ဗျားလား
ရိပေါ်ကို အဲ့လိုဖြစ်အောင်လုပ်တာခင်ဗျားလား"
ရှောင်းကျန့် မျက်ဝန်းတို့ကနီရဲလာပြီး ဝမ်ရိပေါ်ဝတ်ရုံကိုကိုင်ကာ ဆွဲလှုပ်လိုက်သည်။
ဝမ်ရိပေါ်က ပခုံးတစ်ချက်သာတွန့်ပြသည်။
"ငါ့လက်နဲ့ကိုယ်တိုင်လုပ်တာတော့မဟုတ်ပါဘူး"
"လူယုတ်မာ"
ရှောင်းကျန့် ဝမ်ရိပေါ်ကိုထုရိုက်လိုက်သည်။
"ဘာလို့လဲ
ဘာဖြစ်လို့လဲ
ဘာဖြစ်လို့ ကျွန်တော်တို့ကိုအခုလိုမျိုးတွေလုပ်နေရတာလဲ
ရိပေါ်က ခင်ဗျားကိုဘာလုပ်နေလို့လဲ
သူ့ကြောင့် ခင်ဗျားမိဖုရားသေရတာမဟုတ်ဘူးဆိုတဲ့အမှန်တရားကိုဖော်ထုတ်ဖို့ကြိုးစားနေတာလေ
ဘာဖြစ်လို့ ခင်ဗျားဝင်နှောက်ယှက်နေရတာလဲ"
"အဲ့အတွက် ကိုယ်ပြန်ပေးပြီးသွားပြီလေ
ကျန့်ကို ရက်ပေါင်းသုံးဆယ်တောင်သူ့ဆီသွားခွင့်ပေးထားတယ်မလား
အဲ့လိုခွင့်ပြုထားရတာ ကိုယ့်အတွက်လွယ်တယ်ထင်လို့လား"
"ခင်ဗျား... ခင်ဗျား.... အား ...
ခင်ဗျား လူတစ်ယောက်လုံးကို သေမတတ်နှိပ်စက်ထားပြီး ဒီလောက်လေးနဲ့ကျေနပ်ခိုင်းနေတာလား"
"ဒီလောက်လေး တဲ့လား"
ဝမ်ရိပေါ် သူ့ရင်ဘတ်ကိုထုရိုက်နေသော ရှောင်းကျန့်လက်တွေကိုလက်တစ်ဖက်နဲ့ဆုပ်ကိုင်ပြီး ကျန်တစ်ဖက်ဖြင့်မျက်နှာကိုဆွဲမော့လိုက်သည်။
"မင်းကို သူနဲ့တွေ့ခွင့်ပေးထားတာကို ဒီလောက်လေးလိို့ထင်နေတာလား
မင်းရောအပြစ်တွေအရမ်းကင်းစင်နေလို့လား
ငါ့ကွယ်ရာမှာ တခြားယောကျ်ားတစ်ယောက်နဲ့တွေ့နေတာ အဲ့တာဖောက်ပြန်မှုပဲ
အဲ့တာကိုမင်းသိလား"
"အဲ့တာဆိုလည်းကျွန်တော့်ကိုသာသတ်လိုက်ပါတော့
ကျွန်တော်တကယ်မွန်းကြပ်လို့သေတော့မယ်
ရိပေါ်က ခင်ဗျားမိဖုရားကိစ္စနဲ့လုံးဝမဆိုင်တာကို ခင်ဗျားလည်းသိတယ်
အဲ့တာကြောင့် ခင်ဗျား အမှန်တရားထွက်ပေါ်လာဖို့ကို မလိုလားတာ
ကျွန်တော်တို့ကို ကစားရတာပျော်နေလို့ ကျွန်တော်တို့ခံစားရတာကိုပျော်နေလို့ ကျွန်တော်တို့ကိုကစားစရာအရုပ်တွေလို့သဘောထားလို့ အခုလိုမျိုးကစားနေတာ"
ဝမ်ရိပေါ် ရှောင်းကျန့်လက်မောင်းနှစ်ဖက်ကိုဆုပ်ကိုင်လိုက်သည်။
"ဟုတ်တယ် ငါပျော်တယ်
မင်းတို့ခံစားနေရတာကိုငါပျော်တယ်
မင်းငါ့အနားမှာရှိနေတာကိုငါပျော်တယ်
မရဘူးလား ငါ့ပျော်ရွှင်မှုကိုငါဖန်တီးတာလေမရဘူးလား"
"ပျော်ရွှင်မှုကို ခင်ဗျားတခြားအရာတွေနဲ့ဖန်တီးလို့ရတာပဲ
ဘာလို့ ကျွန်တော်တို့ကိုနှိပ်စက်ပြီးမှလဲ
ဘာလို့လဲ.... အား... "
ရှောင်းကျန့် ရင်ဘတ်ကိုဆုပ်ကိုင်ပြီး ထိုင်ချကာအော်ဟစ်ငိုကြွေးလိုက်သည်။
"တိတ်စမ်း!
မင်းကိုငါနှိပ်စက်လို့ငိုနေရတာလား... ဟမ်
ဟိုခွေးကောင်အတွက် မျက်ရည်တွေကိုငါ့အရှေ့မှာလာကျပြနေတာလား"
"...."
ဝမ်ရိပေါ် ရှောင်းကျန့်ဆံပင်ကိုအကြမ်းပတမ်းဆုပ်ကိုင်ပြီး ဆွဲမော့လိုက်သည်။
"တိတ်လို့ပြောနေတယ်"
"...."
"တောက်"
ဝမ်ရိပေါ် ရှောင်းကျန့်ကိုရင်ဘတ်မှဆွဲကိုင်ပြီး သူ့အဆောင်သို့ဆွဲခေါ်သွားသည်။
ရှောင်းကျန့်က အတင်းရုန်းကန်နေသောကြောင့် လမ်းမှာ ရုတ်ရုတ်သဲသဲဖြစ်လာသည်။
အဆောင်နားသို့ရောက်လာတော့ ဝမ်ရိပေါ်၏အခြွေအရံများက ဝမ်ရိပေါ်အနားသို့ရောက်လာပြီး ခေါင်းငုံ့အရိုအသေပေးသည်။
နန်းတွင်းသူများ အထိန်းတော်များအပြင် ကုန်းကုန်းအချို့လဲပါသည်။
ဝမ်ရိပေါ် သက်ပြင်းချပြီး ရှောင်းကျန့်ကိုကြည့်လိုက်သည်။
"ဆက်ရုန်းနေမယ်ဆိုရင် ဒီနေရာမှာဘာဖြစ်သွားမယ်ဆိုတာကိုငါအာမမခံနိုင်ဘူးနော်"
"..."
ရှောင်းကျန့် ဂရုမစိုက်စွာပင် ဝမ်ရိပေါ်လက်မှရုန်းထွက်သည်။
ဝမ်ရိပေါ် ဟက်ခနဲတစ်ချက်ရယ်ပြီး ရှောင်းကျန့်လည်ပင်းကိုညှစ်ကိုင်လိုက်သည်။
"အကုန်ဟိုဖက်လှည့်ကြ"
ရုတ်တရက်မို့အကုန်ကြောင်တောင်တောင်ဖြစ်နေကြသည်။
ဝမ်ရိပေါ် ထပ်အော်လိုက်သည်။
"အကုန်ဟိုဖက်ကိုလှည့်ကြလို့"
အားလုံးကြောက်လန့်တကြားဖြစ်သွားပြီး တစ်ဖက်သို့အမြန်လှည့်လိုက်ကြသည်။
"အစ်... "
ရှောင်းကျန့် မျက်နှာကရဲတက်လာသည်။
မျက်ဝန်းများကမူ ဝမ်ရိပေါ်ကိုဆန့်ကျင်လျက်ရှိသည်။
ဝမ်ရိပေါ် ရှောင်းကျန့်ကိုထိုနေရာမှာပင်တွန်းလှဲချလိုက်သည်။
ထို့နောက် အကျႌကိုဆွဲလှန်ပြီး မှောက်ချရန်လုပ်တော့ ရှောင်းကျန့်အတင်းကန်ကျောက်တော့သည်။
ဘာလဲ။
ဒီဘုရင် အဲ့တာကိုဒီနားမှာလုပ်ဖို့ကြံနေတာတော့မဟုတ်ဘူးမလား။
အဲ့လောက်ထိတော့ မရူးလောက်သေးဘူးမလား။
"ခင်ဗျား ဘာလုပ်တာလဲ
ဖယ် ဘာလုပ်မလို့လဲ အား ဖယ်ပေး"
ဝမ်ရိပေါ် ရှောင်းကျန့်ကိုအတင်းဖိချုပ်ပြီး ထိုနေရာမှာပင် အရယူလိုက်သည်။
ရှောင်းကျန့်ဆီမှထွက်လာသည့် အော်ဟစ်သံများကြောင့် အားလုံး၏မျက်နှာကပျက်သထက်ပျက်လာကြသည်။
နာကျင်မှုရော အရှက်ပါမကျန်ချေမှုန်းဖျက်ဆီးခံနေရသောကြောင့် ရှောင်းကျန့်ခါးသက်စွာငိုကြွေးမိသည်။
ဆံနွယ်တွေနဲ့မျက်နှာတစ်ခြမ်းက ဖုန်မှုန့်များကြားလူးနေသည်။
အောက်ပိုင်းကလည်း နာကျင်သည်ထက်ပိုကာထုံလာသောကြောင့် ရှောင်းကျန့်မရုန်းနိုင်တော့ဘဲ ငြိမ်သက်သွားတော့သည်။
ဝမ်ရိပေါ်ကကျေနပ်သည်အထိလုပ်ပြီးကာမှရှောင်းကျန့်ကိုပြန်ဖုံးပေးသည်။
ရှောင်းကျန့် မျက်ဝန်းများကိုမှိတ်ချရန်လုပ်လိုက်ပေမယ့် သူ့ကိုကြည့်နေသည့်ကုန်းကုန်းတစ်ယောက်ကိုမြင်ပြီး အမြန်ထထိုင်လိုက်မိသည်။
လန့်သွားသောကြောင့် ပါးစပ်မှလည်းအော်သံထွက်မိသွားသည်။
"ဘာဖြစ်တာလဲ"
ဝမ်ရိပေါ် အခြေအနေကိုအမြန်စူးစမ်းပြီး ထိုကုန်းကုန်းဆီလျှောက်သွားသည်။
"ကြည့်လို့ကောင်းလား"
ဝမ်ရိပေါ် မေးငေါ့မေးပြီးရှောင်းကျန့်ကိုလှည့်ကြည့်လိုက်သည်။
ရှောင်းကျန့်တစ်ကိုယ်လုံး ရှက်ရွံ့မှုကြောင့်တုန်ယင်နေသည်။
"မင်းကြီး ကျွန်တော်မျိုး ကျွန်တော်မျိုး"
ဝမ်ရိပေါ် ထိုကုန်းကုန်းကိုမြေကြီးပေါ်တွန်းချပြီး မြေမှုန့်တွေနဲ့ရောနေသောသဲတစ်ဆုပ်ကိုယူကာ ထိုလူ၏မျက်လုံးများကိုဖိရိုက်ချလိုက်သည်။
"အားး"
ထိုကဲ့သို့ နောက်ထပ်နှစ်ချက်သုံးချက်အားပြင်းပြင်းရိုက်ပြီးကာမှ ဝမ်ရိပေါ်မတ်တပ်ထရပ်သည်။
"အားလုံးနားထောင်
ဒီအကောင်ကိုသုံးပိုင်းပိုင်းပြီး မြို့ပြင်ကခွေးအတွေဆီအစာသွားကျေွးလိုက်
နိုင်ငံက ငြိမ်းချမ်းနေတော့ သူတို့လည်းဗိုက်ဆာနေကြလောက်ရောပေါ့"
"မင်းကြီး မင်းကြီး တောင်းပန်ပါတယ် ခွှင့်လွှတ်ပေးပါ ခွှင့်လွှတ်ပေးပါ"
ထိုလူက စမ်းတဝါးဝါးဖြင့်ဝမ်ရိပေါ်ခြေထောက်တွေကိုဖက်တွယ်လာသည်။
"အာ ဒီအတိုင်းအခုတ်မခံချင်ဘူးနဲ့တူတယ်
အင်းပေါ့ မကြည့်သင့်တာကိုကြည့်မိတဲ့မျက်လုံးတွေကိုဒီတိုင်းထားလိုက်လို့ဘယ်ဖြစ်မလဲ"
ဝမ်ရိပေါ် သူ့ဦးခေါင်းမှဆံပင်ထုံးထားသည့် ဆံထိုးအတံကိုဖြုတ်ချလိုက်သည်။
ထို့ကြောင့် ထိုအတံနဲ့ထိန်းထားသည့် ဆံထုံးကပြေကျသွားပြီး လှပသောဆံနွယ်များက ပခုံးတစ်လျှောက်လျှောကျလာသည်။
ဝမ်ရိပေါ် ထိုကုန်းကုန်းကိုဆောင့်ကန်ပြီး ရင်ဘတ်ပေါ်ခြေထောက်တင်လိုက်သည်။
ထို့နောက် ခေါင်းငုံ့ကာ လက်ထဲကိုင်ထားသောဆံထိုးဖြင့်ထိုလူ၏မျက်လုံးများကိုတစ်ဖက်တစ်ချက်ထိုးလိုက်သည်။
ဖြာခနဲထွက်လာသောသွေးများက ဝမ်ရိပေါ်၏မျက်နှာကိုလာစင်သည်။
"အားးးးးး!!"
ငယ်သံပါအောင်အော်ဟစ်လိုက်သည်က ထိုလူတစ်ယောက်တည်းသာမဟုတ်။
မျက်လုံးများကြောင်ပြီး တဆတ်ဆတ်တုန်ယင်နေသောရှောင်းကျန့်လည်းပါသည်။
ဝမ်ရိပေါ် လက်ထဲကဆံထိုးကိုလွှတ်ချပြီး ရှောင်းကျန့်အနားသို့ပြန်လာသည်။
"မလာနဲ့ မလာနဲ့!"
ရှောင်းကျန့် အော်ပြီးထိုင်လျက်ပင် နောက်သို့ဆုတ်သည်။
မျက်လုံးများကလည်း အလွန်အမင်းတုန်လှုပ်နေသောကြောင့် ပြူးကျယ်လို့နေသည်။
ဝမ်ရိပေါ် တိုးလာလေ ရှောင်းကျန့်ကပိုအော်လာလေဖြင့်။
"ကြောက်တယ် မလာနဲ့"
ရှောင်းကျန့် ငိုပြီး လက်များဖြင့်သူ့ကိုယ်သူအတင်းကာထားသည်။
ဝမ်ရိပေါ် ကဂရုမစိုက်ပဲထပ်ထိုးလာတော့ ရှောင်းကျန့်အားကုန်အော်ဟစ်လိုက်သည်။
ထို့နောက် မေ့လဲသွားသောကြောင့် ဝမ်ရိပေါ် အမြန်ရင်ခွင်ထဲထည့်လိုက်ရသည်။
...............................................
"မင်းကြီး လူတစ်ယောက်တွေ့ခွင့်တောင်းနေပါတယ်"
ညီလာခံအပြီးမှာ မိန်းမစိုးဆီမှထွက်လာသည့်စကား။
ဝမ်ရိပေါ် အားလုံးကိုထွက်သွားရန် လက်ရမ်းပြလိုက်သည်။
ခန်းမတွင် ဘယ်သူမှမရှိတော့မှ ဝမ်ရိပေါ် မိန်းမစိုးကိုမေးငေါ့မေးသည်။
"ဘယ်သူလဲ
ငါကိုယ်တော် ဘယ်သူနဲ့မှတွေ့ချင်စိတ်မရှိဘူး"
"အဲ့တာက မင်းကြီးနဲ့အရမ်းတူတဲ့လူမို့လို့
တခြားလူတွေကိုမမြင်စေချင်တာနဲ့ ကျွန်တော်နန်းတော်ထဲဝင်ခွင့်ပေးလိုက်ပါတယ်
အခုသူအပြင်မှာစောင့်နေပါတယ်"
ဘယ်သူဆိုတာကို ဝမ်ရိပေါ်သိသွားသောကြောင့် ဝင်လာခိုင်းရန်အချက်ပြလိုက်သည်။
"မင်းသွားလို့်ရပြီ"
"အမိန့်တော်အတိုင်းပါ"
မိန်းမစိုးထွက်သွားသည်နှင့် ခန်းမထဲသို့ရိပေါ်ဝင်လာသည်။
ပလ္လင်ကိုမော့မကြည့်ပဲ ရိပေါ်ကအရိုအသေပေးသည်။
အရိုအသေပေးမှုမှာ ရိုသေခြင်းတို့တော့ ပါဝင်မနေ။
ဝမ်ရိပေါ်က ရိပေါ်ကိုခပ်တည်တည်ပင်ကြည့်ကာ ပြောသည်။
"ငါကိုယ်တော့်ကိုရဲရဲမော့ကြည့်ပြီး ပြောစရာရှိတာပြောလို့ရပါတယ်"
စကားကြောင့် ရိပေါ်ခေါင်းမော့ကြည့်လိုက်သည်။
ထိုလူထိုင်နေသည့်ပလ္လင်နဲ့အပြင်အဆင်အဝတ်အစားများကြောင့်သာမဟုတ်ရင် သူကြေးမုံတစ်ချပ်ရှေ့ကိုရောက်နေသည်ဟုသာထင်မိလိမ့်မည်။
ထိုလောက်ထိကို ပလ္လင်ပေါ်ကဘုရင်နှင့်သူ၏မျက်နှာကချွတ်စွပ်တူနေသည်။
ကော တစ်ခါပြောဖူးပေမယ့် ဒီလောက်ထိတူနေလိမ့်မည်ဟု မထင်ခဲ့ရိုးအမှန်။
ရိပေါ် မသိမသာနောက်သို့ဆုတ်လိုက်မိသည်။
"အဲ့လောက်ထိလဲအံ့ဩစရာမလိုပါဘူး
ရှောင်းကျန့်က မင်းကိုမပြောပြထားဘူးလား"
ရိပေါ် မျက်နှာအမူအရာကိုအမြန်ထိန်းပြီးပုံမှန်အတိုင်းဖြစ်အောင်နေလိုက်သည်။
ဒီအချိန်က ရုပ်တူတာကိုအံ့ဩနေရမည့်အချိန်မဟုတ်။
"ကျွန်တော် ကောကိုပြန်လာခေါ်တာ"
"ဘာရယ်"
ဝမ်ရိပေါ် အလွန်ရယ်စရာကောင်းလှသောပြက်လုံးတစ်ခုကိုကြားလိုက်ရသလို ဟက်ဟက်ပက်ပက်ရယ်လိုက်သည်။
"တကယ်တမ်း အပြစ်ရှိတာ ကျွန်တော်ပါ
မင်းကြီး မကျေနပ်ရင် ကျွန်တော့်ကိုကြိုက်သလိုအပြစ်ပေးလို့ရတယ်
ကောက ဒီကိစ္စနဲ့ဘာမှမဆိုင်တဲ့လူပါ
ကျေးဇူးပြုပြီး ကောကိုပြန်လွှတ်ပေးပါ"
"မင်း အခုဒီနေရာမှာရှိနေတာဘယ်သူ့ကြောင့်လို့ထင်နေတာလဲ"
"...."
"ရှောင်းကျန့်ကြောင့်ပဲ
ရှောင်းကျန့်ကြောင့်သာမဟုတ်ရင် မင်းအဲ့ကတည်းကအချုပ်ခန်းထဲမှာသနေလောက်ပြီ
ရှောင်းကျန့်နဲ့လုပ်ခဲ့တဲ့ အပေးအယူကြောင့်သာ မင်းကိုလွှတ်ပေးခဲ့တာ
အဲ့တာကြောင့် ရှောင်းကျန့်ကိုပြန်လွှတ်ပေးတဲ့အချိန်က မင်းသေရမယ့်အချိန်ပဲ"
"တကယ်လို့ ကျွန်တော့်ဆေးကြောင့်အဲ့လိုဖြစ်သွားခဲ့တာ မဟုတ်ဘူးဆိုရင်ရော"
"သက်သေရှိလို့လား"
ဝမ်ရိပေါ် ပလ္လင်ပေါ်မှဆင်းလာပြီး ရိပေါ်ရှေ့လာရပ်သည်။
"သက်သေမရှိတဲ့အပြင် အင်အားလည်းမရှိဘူးမလား
အဲ့တာကြောင့် မင်းတတ်နိုင်တာဘာမှမရှိဘူး
ကိစ္စတွေကိုပိုရှုပ်ထွေးသွားအောင်မလုပ်ဘဲ ဘဝအသစ်မှာနေကြည့်လိုက်စမ်းပါ
ငါမင်းလိုအပ်တာတွေ အားလုံးထောက်ပံ့ပေးမယ်
ငွေးကြေးလား ရာထူးလား မိန်းမလား နုပျိုတဲ့ယောကျ်ားလေးတွေလား"
"သိသားပဲ"
"...."
"မိဖုရားကိစ္စက ကျွန်တော့်ကြောင့်မဟုတ်ဘူးဆိုတာ မင်းကြီးလည်းသိသားပဲ
အဲ့တာကြောင့် ကျွန်တော့်လိုဘာမဟုတ်တဲ့လူကိုဒီလိုမျိုးထောက်ပံ့ပေးဖို့စဉ်းစားတာမလား
ဘာဖြစ်လို့အဲ့တာကိုဖုံးကွယ်ထားတာလဲ
ကောကိုလိုချင်လို့လား
အဲ့လိုပဲထားပါတော့
အဲ့တာဆို မင်းကြီးစဉ်းစားကြည့်
ကောကို ကျွန်တော့်ဘဝကဆွဲထုတ်ဖို့ မင်းကြီးအဲ့တာတွေကိုထောက်ပံ့ပေးနိုင်တယ်
မင်းကြီး ကောကိုတွေ့တာဘယ်လောက်မှမကြာသေးတာတောင်အဲ့လောက်ဖြစ်နေရင်
အတူတူကြီးပြင်းလာခဲ့တဲ့ ကျွန်တော်ကဘယ်လောက်တောင်ချစ်လိမ့်မလဲ မင်းကြီးတွေးမိလား
ကျွန်တော်က ကောကိုအဲ့တာတွေကြောင့်စွန့်လွှတ်လိမ့်မယ်လို့ မင်းကြီးထင်နေတာလား"
ဝမ်ရိပေါ် တရှူးရှူးတရှဲရှဲဒေါသထွက်လာပြီး ရိပေါ်အကျႌရင်ဘတ်စကိုဆွဲကိုင်လိုက်သည်။
"မာန်တက်မနေနဲ့
ငါ ရှောင်းကျန့်ကိုမင်းထက်ပိုချစ်ပေးနိုင်တယ်"
"နှိပ်စက်ပြီးတော့လား"
"ဘာ"
ရိပေါ် စကားမလွန်အောင်ထိန်းလိုက်သည်။
လာတဲ့အခေါက်တိုင်း တစ်ခေါက်ထက်တစ်ခေါက်ပိုပိန်လာတဲ့ ရှောင်းကျန့်ခန္ဓာရယ်၊ လက်ကညိုမဲနေတဲ့ဒဏ်ရာတွေရယ်က မသိချင်ယောင်ဆောင်ထားလို့ရပေမယ့် သူမသိနိုင်သည့်အရာများမဟုတ်။
ဒါက ဒီဘုရင်ကြောင့်သာမဟုတ်ရင်ဘယ်သူ့ကြောင့်များဖြစ်ရဦးမှာလဲ။
"မင်းကြီး ဘာတွေ ဘယ်လိုလုပ်ထားတယ်မသိပေမယ့် အမှန်တရားဆိုတာ ဖုံးကွယ်လို့မရပါဘူး
အခုဖုံးကွယ်ထားနိုင်ပေမယ့် တစ်ချိန်ကျရင်ပေါ်လာမှာ"
"ဟုတ်တာပေါ့
အမှန်တရားကိုဖုံးကွယ်ထားလို့မရဘူး
ဒါပေမယ့် ဖျောက်ပြစ်လို့ရတယ်
အားလုံးထက်အရေးကြီးတာကအင်အားပဲ
မင်း ရှောင်းကျန့်ကိုငါ့ဆီကပြန်လိုချင်ရင် ငါ့ထက်အင်အားကြီးမှပဲရမယ်
ဒါပေမယ့် အဲ့တာကမဖြစ်နိုင်ဘူးလေ ဟုတ်တယ်မလား
အဲ့တာကြောင့် ရှောင်းကျန့်ကိုမင်းပြန်ရဖို့ဆိုတာလည်းဘယ်တော့မှမဖြစ်နိုင်တော့ဘူး"
"ကျွန်တော် ကောကိုစွန့်လွှတ်ဖို့ဆိုတာလည်း ဘယ်တော့မှမဖြစ်နိုင်ဘူး
သက်သေလား
ကျွန်တော်ရအောင်ရှာပြမယ်
အဲ့အချိန်မှာတောင် မင်းကြီးအခုလိုမတရားဆက်လုပ်နေဦးမယ်ဆိုရင်တော့ မင်းကြီးရဲ့ယုတ်မာမှုတွေကိုတစ်နိုင်ငံလုံးသိစေရမယ်"
"စောင့်မျှော်နေပါ့မယ်
ဒါပေမယ့် အဲ့အချိန်ကျရင် ရှောင်းကျန့်ကငါ့ကိုချစ်သွားရင်ရော"
"အဲ့လိုဖြစ်လာစရာအကြောင်းမရှိဘူး
လူတစ်ယောက်ကိုဘယ်လိုချစ်ပေးရမလဲမသိဘဲနဲ့ခင်ဗျားသူ့နှလုံးသားကိုဘယ်တော့မှရမှာမဟုတ်ဘူး"
".... "
ဝမ်ရိပေါ်၏မျက်ခုံးတန်းတို့မဆိုစလောက်လှုပ်ခတ်သွားသည်။
"မင်း ဘာသတ္တိတွေနဲ့ငါ့ကိုဒီလိုလာပြောရဲနေတာလဲ"
"မှန်တာပြောတာပဲကို ကျွန်တော်ကဘာလို့မပြောရဲရမှာလဲ
ဒါနဲ့ကောရော သိလား
မင်းကြီး မိဖုရားကိစ္စကိုဖုံးကွယ်ထားတာကို"
"မင်းနဲ့မဆိုင်ဘူး"
"ကောကို တကယ်ချစ်တယ်ဆိုရင်ကောကိုပြန်လွှတ်ပေးပါတော့
သူတော်တော်လေးကိုနာကျင်ခဲ့ပြီးပါပြီ
ကျွန်တော့်ကို အချုပ်ခန်းထဲမှာပြန်ချုပ်ပြီးနှိပ်စက်မယ်ဆိုလဲရပါတယ်"
"အဟက် နောက်ဆုံးတော့လဲဒီနားပဲပြန်ရောက်လာတာပဲ
မင်းလာတဲ့ရည်ရွယ်ချက်ကိုက ရှောင်းကျန့်နဲ့မင်းနဲ့အလဲအလှယ်လုပ်ဖို့မလား
အဲ့တာကိုများ အသံကောင်းဟစ်နေသေးတယ်
အသံကောင်းမဟစ်ဘဲ အသနားခံရင်တောင်ငါကသနားပြီး စဉ်းစားရင်စဉ်းစားပေးဦးမှာ"
"..."
"ဆေးဆရာလို့ကြားတယ်နော်
အကြံတစ်ခုပေးရမလား"
"ဘာတွေထပ်ကြံဦးမလို့လဲ"
"စေတနာနဲ့ပါ
နယ်စပ်မှာနာမကျန်းဖြစ်နေတဲ့ ငါ့ပြည်သူတွေအများကြီးရှိတယ်
ဒါပေမယ့် သူတို့ကိုဘယ်ဆေးဆရာမှသွားမကုပေးရဲဘူး
သိတယ်မလား နယ်စပ်မှာအပြစ်သားတွေ လူဆိုးဂိုဏ်းတွေ အများကြီးရှိတယ်လေ
ပြီးတော့ အခုကူးစက်ရောဂါတစ်မျိုးလည်းပေါ်နေတယ်ဆိုလား"
"ဘာပြောချင်တာပါလဲ"
"မသိနိုင်ဘူးလေ
မင်းသာ သူတို့တွေကိုဆေးသွားကုပေးရင်ငါကသနားပြီး စဉ်းစားချင်စဉ်းစားပေးမလားဆိုတာ"
အရောင်ပြောင်းသွားသော ရိပေါ်မျက်လုံးများကိုကြည့်ပြီး ဝမ်ရိပေါ်မဲ့ပြုံးလေးပြုံးလိုက်သည်။
"အခုချက်ချင်းဖြေစရာမလိုပါဘူး
မင်းလည်းစဉ်းစားကြည့်ပေါ့
ဘယ်နားမှာရှိနေမှန်းမသိတဲ့သက်သေကိုရှာမလား
သေချာတဲ့ငါ့သနားမှုကိုခံယူမလားဆိုတာ"
"ကျွန်တော် ဘယ်လိုယုံကြည်လို့ရမှာလဲ"
"ယုံတာ မယုံတာ မင်းအပိုင်းလေ
ရှောင်းကျန့်က မင်းအတွက်ကိုယ်လုပ်တော်ဘဝမှာတောင်နေနိုင်သေးတာပဲ
မင်းက သူ့အတွက်အဲ့လောက်လေးတောင်မလုပ်ပေးနိုင်ဘူးပေါ့"
"ဘာလို့မလုပ်နိုင်ရမှာလဲ"
ဝမ်ရိပေါ်ခေါင်းငုံ့ပြီး ဟက်ခနဲတစ်ချက်ရယ်သည်။
"အဲ့တာဆို မင်းဆီကအဖြေရဖို့စောင့်နေမယ်နော်"
"ကျွန်တော် ကောနဲ့တွေ့ချင်တယ်"
"ရှောင်းကျန့်လား
သူအခုထိအိပ်နေတုန်းပဲထင်တယ်
မနေ့ညက အရမ်းပင်ပန်းသွားလို့များလား"
ပြူးကျယ်သွားသော ရိပေါ်မျက်လုံးများကြောင့် ဝမ်ရိပေါ်လှောင်ပြုံးလေးပြုံးလိုက်သည်။
"အံ့ဩစရာမလိုဘူးထင်တယ်
ရှောင်းကျန့်လိုအလှလေးကို ငါကကိုယ်လုပ်တော်နေရာမှာ အလှကြည့်ထားမယ်ထင်လို့လား"
"ခင်ဗျား"
"လိုက်ကြည့်ချင်တယ်ဆိုရင်လည်း ငါကသဘောထားကြီးစွာခွင့်ပြုပေးပါ့မယ်
ငါ့အဆောင်ကိုလိုက်ခဲ့လေ
လမ်းမှာတော့ခေါင်းကိုငုံ့လျှောက်ပေါ့"
ရိပေါ် ဘာမှရှည်ရှည်ဝေးဝေးတွေးမနေတော့ဘဲ ဝမ်ရိပေါ်နောက်မှခေါင်းငုံ့လိုက်သွားလိုက်သည်။
"ကော"
အဖြူရောင်အပါးသားအကျႌကိုဝတ်ထားသည့်ရှောင်းကျန့်က ရိပေါ်ကိုမြင်သည်နှင့် ကုတင်ပေါ်မှအမြန်ထလာသည်။
"ရိ ရိပေါ်လား"
ရှောင်းကျန့် ရိပေါ်ဆီသို့အမြန်လျှောက်လာပေမယ့် နောက်မှဝင်လာသည့် ဝမ်ရိပေါ်ကိုမြင်ပြီး တွန့်ဆုတ်သွားသည်။
"ခင်ဗျား"
"တွေ့ပြီလား ငါ့ရဲ့ကိုယ်လုပ်တော်လေးဘယ်လောက်ပင်ပန်းနေတယ်ဆိုတာ"
"ခင်ဗျား ပါးစပ်ပိတ်ထား"
ရှောင်းကျန့် ဝမ်ရိပေါ်ကိုအော်ဟစ်ပြီး ရိပေါ်လက်ကိုဆုပ်ကိုင်လိုက်သည်။
"ရိပေါ် ဒီကိုဘာဖြစ်လို့လာရတာလဲ"
ရိပေါ်မဖြေခင် ဝမ်ရိပေါ်ကကြားဝင်ဖြတ်ပြောသည်။
"ဒီမှာဆေးဆရာ
မင်းတွေ့ချင်တယ်ဆိုလို့ ခဏတွေ့ခွင့်ပေးတာနော်
မင်းတို့အလွမ်းသယ်တာကိုကြည့်ချင်လို့မဟုတ်ဘူး
တွေ့ပြီးပြီဆိုတော့ ပြန်လိုက်တော့"
"ခ ခဏလေးပါ"
"တွေ့မယ်ဆိုရင်တွေ့ပဲတွေ့လေ
ပူးကပ်မနေကြနဲ့
မျက်လုံးအဆိပ်အတောက်ဖြစ်တယ်"
"ခင်ဗျား မလွန်လာနဲ့"
ရှောင်းကျန့်က အော်ပြောတော့ ဝမ်ရိပေါ် ရှောင်းကျန့်အနားသို့တိုးလာသည်။
"ဆေးဆရာ မင်း ရှောင်းကျန့်ကိုတကယ်ချစ်နိုင်သေးရဲ့လား
သူက အခုငါရဲ့လိုအင်တွေကိုဖြည့်ဆည်းပေးရတဲ့ငါ့ရဲ့ကိုယ်လုပ်တော်ဖြစ်နေပြီ"
ရှောင်းကျန့် ဝမ်ရိပေါ်ကို စက်ဆုပ်ရွံရှာဖွယ်ထိတ်လန့်စွာကြည့်လိုက်သည်။
"ခင်ဗျား တော်လိုက်တော့"
ရိပေါ်က အေးအေးလူလူသာ ရှောင်းကျန့်လက်ကိုဆုပ်ကိုင်ထားသည်။
"မင်းကြီး ကောကိုချစ်တယ်ဆိုပြီး ဘာဖြစ်လို့ကောနာကျင်စေမယ့် စကားတွေပြောထွက်ရတာလဲ
တကယ်ချစ်တဲ့လူက ဘယ်တော့မှအဲ့လိုမလုပ်ဘူး"
"အဟားဟား ကြီးကျယ်ခမ်းနားလိုက်တဲ့အချစ်ပြဇာတ်ကြီးပါလား အဟားဟား
ခမ်းနားလွန်းလို့ငိုပါငိုချင်လာပြီ အဟားဟား"
ဝမ်ရိပေါ် ဗိုက်ကိုဖိနှိပ်ပြီး အရူးတစ်ယောက်လိုတဟားဟားအော်ရယ်နေသည်။
ရယ်ရလွန်းလို့ သူ့မျက်လုံးကအရည်တွေတောင်ထွက်ချင်လာသည်။
ထပ်မရယ်နိုင်တော့တဲ့အဆုံး ဝမ်ရိပေါ်ထိုင်ချလိုက်သည်။
"ဒါနဲ့ ရှောင်းကျန့်ကအရမ်းအပြုအစုကောင်းတယ်နော်
မင်းသူ့ကိုသေချာသင်ကြားပေးထားတဲ့ပုံပဲ"
တုန်ယင်သွားသော ရိပေါ်လက်ကြောင့် ရှောင်းကျန့်တုန်လှုပ်ပြီး ရိပေါ်လက်ကိုဖြုတ်ချကာ ဝမ်ရိပေါ်ရှေ့ထိုင်လိုက်သည်။
"ကျေးဇူးပြုပြီး တော်ပါတော့"
အသနားခံ ရှောင်းကျန့်မျက်ဝန်းများကိုတွေ့တော့ ဝမ်ရိပေါ်က ထပ်ပြီးရယ်လာပြန်သည်။
"မင်း ရှောင်းကျန့်ရဲ့နှုတ်ခမ်းတွေကိုနမ်းဖူးမှာပေါ့နော်
ဆရာလေး
အရမ်းနူးညံ့တယ်မလား
အဲ့နှုတ်ခမ်းတွေက ငါ့ဟာကိုပြုစုတဲ့အချိန်မှာလဲ အရမ်းကို.... "
"အားး!"
ရှောင်းကျန့် အော်ဟစ်ပြီး အနားကပန်းအိုးဆီပြေးသွားကာထိုပန်းအိုးကိုခွဲချလိုက်သည်။
ကွဲသွားသော ပန်းအိုးအကွဲစများကိုကောက်ပြီး ရှောင်းကျန့်သူ့လက်ကောက်ဝတ်ပေါ်တင်လိုက်တော့ ဝမ်ရိပေါ်နှင့်ရိပေါ်ဆီမှ အော်ခေါ်သံပြိုင်တူထွက်လာသည်။
"ကျန့်"
"ကော"
ရှောင်းကျန့် တကယ်လုပ်လိုက်မည်စိုးသောကြောင့် ရိပေါ်ကြောင်အစွာရပ်ကြည့်နေမိသည်။
"ကော မလုပ်နဲ့"
သို့ပေမယ့် ဝမ်ရိပေါ်ကရှောင်းကျန့်အနားကိုချက်ချင်းပြေးသွားပြီး ရှောင်းကျန့်လက်မှဖန်ကွဲစများကိုအတင်းဆွဲလုသည်။
"ဖယ် လွှတ်
ကျွန်တော့်ကိုလွှတ်"
ရုန်းကန်နေရင်းနဲ့ ရှောင်းကျန့်လက်ကောက်ဝတ်ကိုခြစ်မိပြီး သွေးများကအဆက်မပြတ်စီးကျလာသည်။
"မင်းသေချင်တိုင်းသေလို့ရမယ်ထင်နေတာလား
မင်းမှာသေခွင့်မရှိဘူး
မင်းကငါ့လူ ငါ့အမိန့်မပါဘဲလုံးဝသေခွင့်မရှိဘူး"
ရုန်းကန်နေသော ရှောင်းကျန့်ကမျက်လုံးများမှိတ်ပြီးငြိမ်သက်သွားသည်။
ထိုအခါမှ ရိပေါ်သတိဝင်လာပြီး ဝမ်ရိပေါ်ကိုတွန်းကာ ရှောင်းကျန့်ကိုရင်ခွင်ထဲထည့်သည်။
သွေးများစီးကျနေသော လက်ကောက်ဝတ်ကိုရိပေါ်ကမန်းကတမ်းဖိကိုင်ပြီး ဝမ်ရိပေါ်ကိုကြည့်သည်။
"သွေးထွက်လွန်သွားတာ
လိုအပ်တဲ့ဆေးတွေယူလာပေးပါ ကျေးဇူးပြုပြီး"
ဝမ်ရိပေါ် ရှောင်းကျန့်မျက်နှာကိုတစ်ချက်ကြည့်လိုက်ပြီး ထထွက်လာခဲ့သည်။
အဆောင်အပြင်ဘက်မှာ ကိုယ်ရံတော်ချန်းကမတ်တပ်ရပ်ကာ ဝမ်ရိပေါ်ကိုစောင့်နေသည်။
"မင်းကြီး"
"ငါအခု ဘာအကြောင်းမှမကြားချင်ဘူး"
"ဟို မင်းကြီးရဲ့လက်မှာ..."
ထိုအခါမှ ဝမ်ရိပေါ်သူ့လက်ကိုကြည့်မိသည်။
ရှောင်းကျန့်ဆီမှ လုလာသည့်ဖန်ကွဲစက သူ့လက်ဖဝါးပေါ်စိုက်ဝင်နေသည်။
ဝမ်ရိပေါ် အေးအေးလူလူပင်ဆွဲနှုတ်ပြီးပြစ်ချလိုက်သည်။
"ဘာမှမဖြစ်ဘူး အထဲကိုလိုအပ်လောက်မယ့်ဆေးတွေသွားထားပေးလိုက်"
"အမိန့်တော်အတိုင်းပါ"
.............................................................