Heaven or Hell(COMPLETED)

By nabi_yeon

611K 59.9K 7.3K

Yizhan โš  More

1
2
3
4
5
6
7
8
9
10
11
12
13
14
16
17
18
19
20
21
22
23
24
25
26
27
28
29(Final)

15

14.8K 1.8K 97
By nabi_yeon

Zawgyi

လွုပ္ရြရြျဖစ္လာသည့္ခႏၶာေလးေျကာင့္ ေရွာင္းက်န့္နိုးလာမွန္းသိသျဖင့္ ဝမ္ရိေပၚ ေရွာင္းက်န့္ပါးေလးကိုတစ္ခ်က္နမ္းလိုက္တယ္။

"က်န့္ ကိုယ္ညီလာခံၾကြဖို့ သြားျပင္ဆင္ရဦးမယ္
မယ္မယ့္အေဆာင္ကိုသြားခ်င္ရင္ သြားနွင့္ေနာ္
ကိုယ္လာျကိုမယ္"

ေရွာင္းက်န့္ မ်က္လံုးေတြကိုဖိပြတ္ျပီးတစ္ဖက္သို့လွည့္လိုက္တယ္။

"မသြားေတာ့ဘူး
က်ြန္ေတာ္ သိပ္ေနမေကာင္းလို့"

"ဟုတ္လား
ခဏေလး ကိုယ္သမားေတာ္ေခၚလိုက္မယ္"

"မလိုဘူး"

"..."

"သမားေတာ္ေခၚရေလာက္တဲ့အထိမဟုတ္ပါဘူး
ဒီတိုင္း နည္းနည္းေခါင္းကိုက္ေနလို့"

ဝမ္ရိေပၚ ေခါင္းျငိမ့္ျပီး ေရွာင္းက်န့္နဖူးျပင္ေလးကိုနမ္းတယ္။

"အဲ့တာဆို ကိုယ္ ဟိုကေလးမကိုေဆးပို့ခိုင္းလိုက္မယ္"

ေျပာျပီး ဝမ္ရိေပၚထြက္သြားတယ္။
ထိုအခါမွ ေရွာင္းက်န့္ ေရခ်ိုးခန္းထဲအျမန္ေျပးဝင္တယ္။

...............................................

ဝတ္ရံုလဲေပးရသည့္အပ်ိဳေတာ္မ်ားက သူတို့တာဝန္ျပီးစီးျပီျဖစ္၍ ဝမ္မင္းျကီးအေဆာင္ထဲမွအသီးသီးထြက္လာျကတယ္။

"မင္းျကီး"

အနည္းငယ္အေလာတျကီးျဖစ္ေနသည့္ကိုယ္ရံေတာ္ခ်န္းပံုစံေျကာင့္ ဝမ္ရိေပၚ ေျပာေစဆိုသည့္သေဘာျဖင့္ မ်က္ခံုးပင့္ျပတယ္။

"ဟိုေဆးဆရာေလးက စားေသာက္ဆိုင္ကိုလည္းလာရွာတယ္တဲ့"

"အကုန္နွုတ္ပိတ္ျပီးသားပဲကို
ဒီဟာေလးေလာက္နဲ့ေတာ့ ကိုယ္တို့ခ်န္းေလးက ဒီပံုစံျဖစ္စရာမလိုဘူးထင္တယ္
ဘာေတြမ်ားထပ္သိလာလို့လဲ"

ရင္းနွီးသည့္အသံုးအနွုန္းနဲ့အေခၚခံလိုက္ရေသာေျကာင့္ ကိုယ္ရံေတာ္ခ်န္းေခါင္းကိုငံု့ခ်လိုက္တယ္။

"အဲ့ေဆးဆရာက ဒီေန့န်န္းကုန္းျမို့ကိုထြက္သြားတယ္လို့သိရပါတယ္
သူ့အေနအထားနဲ့ဆိုရင္ ဘယ္လိုမွသိစရာအေျကာင္းမရွိေပမယ့္ တစ္စံုတစ္ေယာက္ကကူညီေပးေနတဲ့ပံုပဲ"

"တစ္စံုတစ္ေယာက္"

သံေယာင္လိုက္ေမးတဲ့ ဝမ္ရိေပၚရဲ့စကားသံနဲ့အတူမ်က္ခန္းတန္းတို့ကလည္းျမင့္တက္တယ္။
ထို့ေနာက္ မဲ့ေနေသာမ်က္နွာက ခ်က္ခ်င္းပင္ျပံုးလာျပန္တယ္။

"အဟက္
ဘယ္တစ္စံုတစ္ေယာက္ကမ်ား အညတရေဆးဆရာေလးကို တကူးတကကူညီေနတာပါလိမ့္
က်ြတ္ က်ြတ္"

ဝမ္ရိေပၚ ေလွာင္ျပံဳးေလးျပံဳးျပီး ေခါင္းခါလိုက္တယ္။

"လြွတ္ထားေပးလိုက္ သူတို့ဘယ္ေလာက္အထိစံုစမ္းနိုင္မွာမို့လို့လဲ
ျပီးေတာ့ သူတို့ရွာေနတဲ့လူကိုေတြ့ခဲ့ရင္ေတာင္ သူလိုခ်င္တဲ့အေျဖကိုရမွာမဟုတ္ဘူးေလ"

"...."

ဝမ္ရိေပၚ ဝတ္ရံုကိုခါျပီး တံခါးဖက္သို့မ်က္နွာမူလိုက္တယ္။

"ဒါေပမယ့္ ဒီတိုင္းလြွတ္ေပးလိုက္ဖို့က အရမ္းနွေျမာစရာေကာင္းသလိုပဲ
မဆိုင္တာဝင္ပါခ်င္တဲ့လူေတြကိုနည္းနည္းေတာ့ ပညာျပသင့္တယ္မဟုတ္ဘူးလား"

ကိုယ္ရံေတာ္ခ်န္း အမိန့္ကိုနာခံရန္ ေက်ာကိုမတ္မတ္ရပ္လိုက္တယ္။

"လုပ္ျကံလိုက္"

"..."

"သူတို့ေနာက္ကို ေျမျကြက္ေတြ ေလး ငါးေကာင္ေလာက္လြွတ္လိုက္
က်ိုးက်ိုးကန္းကန္း ရတယ္
အသက္ေတာ့မေသေစနဲ့"

"အမိန့္အတိုင္းပါ မင္းျကီး"

"ေဟး ဒီညကိုေတာ့ ဒီအနီးအနားကတည္းခိုခန္းတစ္ခုမွာပဲအိပ္လိုက္ရေအာင္
ညလည္းနက္ေနျပီ
ဗိုက္လည္းေတာ္ေတာ္ေလးဆာေနျပီ"

သူ့စိတ္နဲ့ဆို ရိေပၚဆက္သြားခ်င္ေသးေပမယ့္ တစ္ဖက္ကကူညီေပးထားတဲ့လူကိုအားနာရဦးမည္။
ထို့ေျကာင့္ ေခါင္းညိတ္ျပျပီး ထိုလူ့အေနာက္မွလိုက္သြားလိုက္သည္။
ထိုလူက ေရာက္ရွိေနေသာျမို့၏တည္းခိုခန္းေရွ့တစ္ေနရာတြင္ ျမင္းကိုရပ္သည္။
နွစ္ေယာက္သား အတူတူအထဲသို့ဝင္သြားကာမွ ထိုေနရာက ရိုးရိုးတည္းခိုခန္းမဟုတ္ဘဲေဆာင္ျကာျမိုင္တစ္ခုဆိုတာကို ရိေပၚသိလိုက္ရသည္။

"အစ္ကိုျကီး"

လက္ကိုလာကိုင္ကာ တြန့္ဆုတ္ေနဟန္ျဖင့္ရိေပၚကို ထိုလူက ပခံုးကိုလာဖက္ျပီးရယ္ျပသည္။

"စိတ္မပူပါနဲ့ကြ
ဒီညေတာ့ ငါဒကာခံပါ့မယ္
မိတ္ေဆြျဖစ္တဲ့အထိန္းအမွတ္ေပါ့"

"ရပါတယ္
အစ္ကိုျကီး ေပ်ာ္ခ်င္ရင္ေပ်ာ္နွင့္ေလ
က်ြန္ေတာ္ တည္းခိုခန္းတစ္ခုမွာသြားအိပ္လိုက္မယ္"

"အိပ္မွာကိုမ်ား ဒီမွာအိပ္မယ့္ေနရာမရွိတာမွမဟုတ္တာ"

"က်ြန္ေတာ္က အိမ္ေထာင္သည္မို့လို့ပါ
ဒီေနရာက က်ြန္ေတာ္နဲ့မသင့္ေတာ္ဘူးထင္တယ္"

ရိေပၚအေျပာကို ထိုလူကတဟားဟားေအာ္ရယ္သည္။

"ငါ့ညီ
မင္းဘာလို့ဒီေလာက္ရိုးေနရတာလဲ
ဒီကိုလာတဲ့ အကုန္နီးပါးကအိမ္ေထာင္သည္ေတြခ်ည္းပဲ
လူပ်ိုလူလြတ္ဆိုတာ လက္ခ်ိုးေရလို့ရသေလာက္ရွားတယ္"

"က်ြန္ေတာ္ က်ြန္ေတာ့္အိမ္ေထာင္ဖက္ကို သစၥာမေဖာက္ခ်င္ဘူး"

ထိုလူကရိေပၚကို ဖက္လ်က္ပင္ပခံုးကိုပုတ္သည္။

"ဒါကို သစၥာေဖာက္တယ္လို့ဘယ္ေျပာလို့ရမလဲ
ေယာက်္ားပဲကြ လိုအပ္လာရင္ေတာ့ေျဖေလ်ွာ့စရာ ရွာရမွာေပါ့
ျပီးေတာ့ဒီကိုလာတာကို မင္းရဲ့အိမ္ေထာင္ဖက္ျမင္ရတာမွမဟုတ္တာ"

ရိေပၚ ေခါင္းခါျပီး သက္ျပင္းခ်သည္။
ဒီအထဲမွာရပ္ေနမိတာကိုေတာင္ သူ့ကိုယ္သူအျပစ္မကင္းသလိုခံစားရသည္။

"မ်က္ကြယ္မွာေစာင့္ထိန္းတာကို သစၥာတရားလို့ေခၚတာေလ
မ်က္စိေရွ့မွာပဲေစာင့္ထိန္းရင္ အဲ့တာကသစၥာတရားဘယ္ဟုတ္ေတာ့မလဲ"

ထိုလူက ပခံုးတြန့္ျပီးရိေပၚကိုအရွံုးေပးသည့္ပံုစံလုပ္ျပသည္။

"ဒါေပမယ့္လည္း ဒီက အခန္းတစ္ခုမွာပဲအိပ္လိုက္ပါ
မင္းအခန္းကို ဘယ္သူ့ကိုမွမလာေစဖို့ငါေျပာလိုက္မယ္"

"ေက်းဇူးတင္ပါတယ္ အစ္ကိုျကီး"

သို့နွင့္ သူတို့္နွစ္ေယာက္ထိုညကို ထိုေနရာမွာသာကုန္ဆံုးျဖစ္ျကသည္။
ထိုလူက အခန္းတစ္ခန္းမွာ ေကာင္မေလးမ်ားစြာနွင့္အတူေပ်ာ္ပါးသည္။
ရိေပၚကေတာ့ တိတ္ဆိတ္ေနေသာအခန္းတြင္းမွာ တစ္စံုတစ္ေယာက္ကိုလြမ္းေဆြးေျကာင္းကိုယ့္ကိုကိုယ္တိုင္တည္ေျပာရင္းနဲ့ အိပ္မွန္းမသိအိပ္ေပ်ာ္သြားသည္။

................................................

အေအးဒဏ္ေျကာင့္ တစ္ကိုယ္လံုးခ်မ္းစိမ့္ျပီးတုန္ယင္လာတာေတာင္မွ ေရွာင္းက်န့္အေဆာင္တြင္းသို့ျပန္ဝင္ရန္အာရံုမရ။
ထိန္ထိန္သာေနေသာလမင္းျကီးကိုေမာ့ျကည့္ျပီး ခ်စ္ရသူ ေဘးကင္းေစရန္သာဘယ္နွစ္ျကိမ္ေျမာက္မွန္းမသိဆုေတာင္းေနမိသည္။
ဘယ္လိုပဲ ရိေပၚကေယာက်္ားေလးျဖစ္ေနပါေစဦး ဘယ္လိုပဲ သူ့ကိုသူကာကြယ္နိုင္တယ္ထားဦး
ဘယ္လိုပဲကူညီေပးမယ့္အေဖာ္ပါတယ္ဆိုဦး 
လူတိုင္းက ကိုယ္ခ်စ္ရသူကိုစိုးရိမ္တတ္ျကသည္ခ်ည္း။
ခ်စ္ရသူက ကမာၻေပၚမွာအင္အားအျကီးဆံုးလူဆိုရင္ေတာင္ စိတ္ပူလြန္တတ္ေသာလူသားေတြအဖို့ ရိေပၚလိုရိုးသားေသာေကာင္ေလးတစ္ေယာက္ ခရီးေဝးသြားရသည္ကိုစိတ္ပူမိသည္မွာ သူ့အလြန္မဟုတ္။

"က်န့္"

အေတြးလြန္ေနတုန္း ရုတ္တရက္ထြက္လာသည့္ေခၚသံေျကာင့္ ေရွာင္းက်န့္ကိုယ္ေလးတစ္ခ်က္တုန္တက္သြားသည္။
ဝမ္ရိေပၚက သူ့ဝတ္ရံုကိုခ်ြတ္လ်က္ေရွာင္းက်န့္အနားသို့ အျမန္ေလ်ွာက္လာသည္။
ထို့ေနာက္ ေအးစက္ေနေသာေရွာင္းက်န့္ကိုယ္ေပၚလြွမ္းျခံဳျပီးဖက္ထားလိုက္သည္။

"ရာသီဥတုဒီေလာက္ေအးေနတာကို ဘာလို့အျပင္ထြက္ေနရတာလဲ က်န့္ရဲ့"

ဝမ္ရိေပၚ ဖက္လ်က္ပင္ေရွာင္းက်န့္ကိုအထဲသို့ေခၚသြားသည္။
ေရွာင္းက်န့္ ျငင္းခ်င္စိတ္မရွိ။စကားေျပာခ်င္စိတ္မရွိ။
စိတ္အေျခအေနမေကာင္းရသည့္ျကားထဲ ဒီဘုရင္နဲ့သူ စကားမမ်ားခ်င္။

ဝမ္ရိေပၚက အထဲသို့ေရာက္သည္နွင့္ေရွာင္းက်န့္ကိုေစာင္ျခံုေပးျပီးတင္းျကပ္စြာဖက္ထားသည္။
ခဏအျကာမွာ လည္တိုင္ဆီသို့အနမ္းေတြေျခြျပီး လက္မ်ားက ေရွာင္းက်န့္ခႏၶာအနွံ့ကိုပြတ္သပ္လာသည္။
ဘာကိုဦးတည္ေနသည္ကို ေရွာင္းက်န့္သိေသာေျကာင့္ ဝမ္ရိေပၚကိုတြန္းလိုက္သည္။

"က်ြန္ေတာ္ ေနမေကာင္းဘူးလို့"

"အဲ့တာကို ဘာလို့အျပင္ထြက္ေနရတာလဲ"

"ေခါင္းကိုက္ေနေတာ့ ေခါင္းျကည္ေအာင္လို့ပါ"

ဝမ္ရိေပၚ ထပ္ေျပာရန္လုပ္ေပမယ့္ ေရွာင္းက်န့္မ်က္နွာကအမွန္ပင္ညွိုးႏြမ္းေနေသာေျကာင့္ အသံတိတ္ျပီး ရင္ခြင္ထဲသာထည့္ထားလိုက္ေတာ့သည္။

"ေနမေကာင္းတာကို ေစာေစာအိပ္တာမဟုတ္ဘူး"

ဝမ္ရိေပၚက တဖ်စ္ေတာက္ေတာက္ေျပာရင္း ေရွာင္းက်န့္ေက်ာျပင္ေလးကိုပုတ္ေပးသည္။
ေရွာင္းက်န့္ သက္ျပင္းရွိုက္မိသည္။
ထို့ေနာက္ အေတြးမ်ားကိုေခါင္းထဲမွထုတ္ျပီး မ်က္လံုးကိုသာမွိတ္ထားလိုက္ေတာ့သည္။

ေနာက္တစ္ေန့လည္း ေရွာင္းက်န့္ကေနမေကာင္းဘူးဆိုသည့္အေျကာင္းျပခ်က္ျဖင့္ တစ္ရက္လံုးအေဆာင္ထဲမွာသာေနသည္။
ခ်ိဳးရင္က အေဖာ္လုပ္ကာစကားေျပာေပးသည္။
ထိုညက ဝမ္ရိေပၚမေရာက္လာ၍ေရွာင္းက်န့္အတြက္ ေအးခ်မ္းေသာညေလးတစ္ညျဖစ္ခဲ့သည္။

ေနာက္တစ္ရက္ေျမာက္လို့ ဝမ္ရိေပၚညီလာခံကျပန္လာခ်ိန္မွာေတာ့ ေရွာင္းက်န့္အေဆာင္မွာရွိမေန။
ထင္သည့္အတိုင္း မိခင္ျဖစ္သူရွိရာအေဆာင္ဆီသို့လိုက္သြားမွ ေရွာင္းက်န့္ကိုေတြ့ရသည္။
ဝမ္ရိေပၚ၏မ်က္နွာေတာ္က ဝင္းပသြားသည္။
ဒီအေဆာင္ကို ေရွာင္းက်န့္ကိုမလာေစခ်င္ခဲ့တာ သူကိုယ္တိုင္ပဲျဖစ္သည္။
ယခုေတာ့ လာေစခ်င္လြန္းမိတာကလည္းသူကိုယ္တိုင္ပဲျဖစ္ေနသည္။
ယခင္က ေရွာင္းက်န့္သာ သူ့မိခင္ရဲ့အေျခအေနကိုသိသြားရင္ သူ့ကိုအထင္ေသးသြားလိမ့္မည္ ပိုမုန္းသြားလိမ့္မည္ဟု ဝမ္ရိေပၚေတြးခဲ့သည္။
သို့ေပမယ့္ ေရွာင္းက်န့္က ထိုအရာကိုဘာမွမျဖစ္သလိုမ်ိဳးပံုမွန္အတိုင္းဆက္ဆံေပးခဲ့သည္။
နွစ္သိမ့္စကားအနည္းငယ္ကိုေတာင္ ဆိုေပးခဲ့ေသးသည္။
ေရွာင္းက်န့္ က သူေတြ့ဆံုဖူးခဲ့တဲ့လူေတြနဲ့လံုးဝမတူ။
လူတိုင္း တကူးတကလိုက္ရွာေဖြျပီးရွံု့ခ်ခ်င္ေနတဲ့ သူ့ရဲ့အားနည္းခ်က္ကို အားသာခ်က္ဟုျမင္ေပးခဲ့သည္။
ေရွာင္းက်န့္ကသူ့အတြက္ ေကာင္းကင္ဘံုကဖန္ဆင္းေပးလိုက္ေသာ သက္ရွိလက္ေဆာင္ေလးျဖစ္သည္။
ေရွာင္းက်န့္က ရိုးရွင္းေသာလူသားတစ္ဦးသာျဖစ္သည္။
ေရွာင္းက်န့္ကရိုးရွင္းသည္။
တကယ္ကို ရိုးရွင္းသည္။
သို့ေပမယ့္ ထိုရိုးရွင္းမွုေတြကပဲအမ်ားနဲ့မတူတဲ့သူ့ရဲ့ထူးျခားခ်က္ျဖစ္လို့ေနသည္။

ယခုလည္း ေရွာင္းက်န့္ သူ့မိခင္ျဖစ္သူကိုတယုတယဆက္ဆံေပးေနသည့္ျမင္ကြင္းက အသည္းမာလြန္းသည္ဟုလူတိုင္းသမုတ္ျကသည့္ ဝမ္ရိေပၚကိုအျပံုးျကီးျပံုးေစသည္။
သူ့ကိုသာေရွာင္းက်န့္ေတြ့သြားရင္ ထိုျမင္ကြင္းကေရေငြ့ေတြပမာေပ်ာက္ကြယ္သြားမည္စိုး၍ ဝမ္ရိေပၚအထဲသို့မဝင္ျဖစ္ေတာ့။
ခဏေလာက္ထပ္ျကည့္ျပီး အနည္းငယ္ဟေနေသာ တံခါးကိုပိတ္ျပီးေတာ့သာ အျပင္သို့ျပန္ထြက္လာခဲ့ေတာ့သည္။

ဝမ္ရိေပၚအျပင္မွာရပ္ေစာင့္ေနတုန္း ေတာင္ဘက္နန္းေဆာင္မွအထိန္းေတာ္ျကီးတစ္ဦးက ဝမ္ရိေပၚအနားသို့လာေလ်ွာက္တင္သည္။

"ဒီေန့ေတာ့ ေဆးကိုမျငင္းမဆန္ဘဲေသာက္ပါတယ္ အရွင္မင္းျကီး
အစားကိုလည္း ေကာင္းေကာင္းစားပါတယ္
ေရွာင္းသခင္ေလးက တကယ္ကိုေတာ္လြန္းပါတယ္"

"ဟုတ္လား"

အမူအရာကင္းမဲ့သည့္ ဝမ္ရိေပၚ၏မ်က္နွာက ျကည္နူးရိပ္ေျကာင့္ျပံုးရိပ္သန္းသြားသည္။
အထိန္းေတာ္ျကီးက ေလ်ွာက္တင္ျပီးျပီးျဖစ္၍အရိုအေသေပးကာ ျပန္ထြက္သြားသည္။

ထမင္းတစ္ခါစားဖို့ ေဆးတစ္ခါတိုက္ဖို့အေရး လူေပါင္းမ်ားစြာ အင္အားမ်ားစြာအသံုးျပုရသည့္လူကို ေအးေအးေဆးေဆးဆက္ဆံနိုင္သည့္ေရွာင္းက်န့္က တကယ္ကိုဘယ္လိုအရည္အခ်င္းေတြမ်ားပိုင္ဆိုင္ထားတာပါလိမ့္။
ဝမ္ရိေပၚ ေက်ေက်နပ္နပ္ျကီးကိုရယ္လိုက္မိသည္။
ဒီေန့အတြက္ေတာ့ ဝမ္ရိေပၚအတြက္လံုေလာက္တဲ့အားအင္ေတြရခဲ့ျပီ။

.................................................

"အဲ့တာ ဘာကိုေျပာတာလဲ"

"သူက သာမန္လူမဟုတ္မွန္းေသခ်ာပါတယ္
သူ့ရဲ့ဓားေရးက ဓားသိုင္းပညာရွင္ေတြလိုပဲတဲ့
ေဆးဆရာက ဒဏ္ရာနည္းနည္းရသြားေပမယ့္ အဲ့လူကေတာ့ ခဏေလးနဲ့ငါးေယာက္လံုးကို တိုက္ထုတ္လိုက္တယ္လို့ေျပာတယ္"

"အဲ့လူ.. "

ဝမ္ရိေပၚ ခံုကိုတစ္ေဒါက္ေဒါက္ေခါက္ျပီး မေက်နပ္စြာမ်က္ေမွာင္ျကုတ္လိုက္သည္။

"ဘယ္ေကာင္ကမ်ား ငါ့ရဲ့လမ္းေျကာင္းကိုဝင္ရွုပ္ရဲတာလဲ"

အခန္းတြင္းတိတ္ဆိတ္ေနသည္။
ဝမ္ရိေပၚေျပာလာမည့္စကားကို ခ်န္းေစာင့္ေမ်ွာ္ေနသည္။

"အဲ့လိုဆိုေတာ့လည္း..... "

......................................................

Unicode

လှုပ်ရွရွဖြစ်လာသည့်ခန္ဓာလေးကြောင့် ရှောင်းကျန့်နိုးလာမှန်းသိသဖြင့် ဝမ်ရိပေါ် ရှောင်းကျန့်ပါးလေးကိုတစ်ချက်နမ်းလိုက်တယ်။

"ကျန့် ကိုယ်ညီလာခံကြွဖို့ သွားပြင်ဆင်ရဦးမယ်
မယ်မယ့်အဆောင်ကိုသွားချင်ရင် သွားနှင့်နော်
ကိုယ်လာကြိုမယ်"

ရှောင်းကျန့် မျက်လုံးတွေကိုဖိပွတ်ပြီးတစ်ဖက်သို့လှည့်လိုက်တယ်။

"မသွားတော့ဘူး
ကျွန်တော် သိပ်နေမကောင်းလို့"

"ဟုတ်လား
ခဏလေး ကိုယ်သမားတော်ခေါ်လိုက်မယ်"

"မလိုဘူး"

"..."

"သမားတော်ခေါ်ရလောက်တဲ့အထိမဟုတ်ပါဘူး
ဒီတိုင်း နည်းနည်းခေါင်းကိုက်နေလို့"

ဝမ်ရိပေါ် ခေါင်းငြိမ့်ပြီး ရှောင်းကျန့်နဖူးပြင်လေးကိုနမ်းတယ်။

"အဲ့တာဆို ကိုယ် ဟိုကလေးမကိုဆေးပို့ခိုင်းလိုက်မယ်"

ပြောပြီး ဝမ်ရိပေါ်ထွက်သွားတယ်။
ထိုအခါမှ ရှောင်းကျန့် ရေချိုးခန်းထဲအမြန်ပြေးဝင်တယ်။

...............................................

ဝတ်ရုံလဲပေးရသည့်အပျိုတော်များက သူတို့တာဝန်ပြီးစီးပြီဖြစ်၍ ဝမ်မင်းကြီးအဆောင်ထဲမှအသီးသီးထွက်လာကြတယ်။

"မင်းကြီး"

အနည်းငယ်အလောတကြီးဖြစ်နေသည့်ကိုယ်ရံတော်ချန်းပုံစံကြောင့် ဝမ်ရိပေါ် ပြောစေဆိုသည့်သဘောဖြင့် မျက်ခုံးပင့်ပြတယ်။

"ဟိုဆေးဆရာလေးက စားသောက်ဆိုင်ကိုလည်းလာရှာတယ်တဲ့"

"အကုန်နှုတ်ပိတ်ပြီးသားပဲကို
ဒီဟာလေးလောက်နဲ့တော့ ကိုယ်တို့ချန်းလေးက ဒီပုံစံဖြစ်စရာမလိုဘူးထင်တယ်
ဘာတွေများထပ်သိလာလို့လဲ"

ရင်းနှီးသည့်အသုံးအနှုန်းနဲ့အခေါ်ခံလိုက်ရသောကြောင့် ကိုယ်ရံတော်ချန်းခေါင်းကိုငုံ့ချလိုက်တယ်။

"အဲ့ဆေးဆရာက ဒီနေ့နျန်းကုန်းမြို့ကိုထွက်သွားတယ်လို့သိရပါတယ်
သူ့အနေအထားနဲ့ဆိုရင် ဘယ်လိုမှသိစရာအကြောင်းမရှိပေမယ့် တစ်စုံတစ်ယောက်ကကူညီပေးနေတဲ့ပုံပဲ"

"တစ်စုံတစ်ယောက်"

သံယောင်လိုက်မေးတဲ့ ဝမ်ရိပေါ်ရဲ့စကားသံနဲ့အတူမျက်ခန်းတန်းတို့ကလည်းမြင့်တက်တယ်။
ထို့နောက် မဲ့နေသောမျက်နှာက ချက်ချင်းပင်ပြုံးလာပြန်တယ်။

"အဟက်
ဘယ်တစ်စုံတစ်ယောက်ကများ အညတရဆေးဆရာလေးကို တကူးတကကူညီနေတာပါလိမ့်
ကျွတ် ကျွတ်"

ဝမ်ရိပေါ် လှောင်ပြုံးလေးပြုံးပြီး ခေါင်းခါလိုက်တယ်။

"လွှတ်ထားပေးလိုက် သူတို့ဘယ်လောက်အထိစုံစမ်းနိုင်မှာမို့လို့လဲ
ပြီးတော့ သူတို့ရှာနေတဲ့လူကိုတွေ့ခဲ့ရင်တောင် သူလိုချင်တဲ့အဖြေကိုရမှာမဟုတ်ဘူးလေ"

"...."

ဝမ်ရိပေါ် ဝတ်ရုံကိုခါပြီး တံခါးဖက်သို့မျက်နှာမူလိုက်တယ်။

"ဒါပေမယ့် ဒီတိုင်းလွှတ်ပေးလိုက်ဖို့က အရမ်းနှမြောစရာကောင်းသလိုပဲ
မဆိုင်တာဝင်ပါချင်တဲ့လူတွေကိုနည်းနည်းတော့ ပညာပြသင့်တယ်မဟုတ်ဘူးလား"

ကိုယ်ရံတော်ချန်း အမိန့်ကိုနာခံရန် ကျောကိုမတ်မတ်ရပ်လိုက်တယ်။

"လုပ်ကြံလိုက်"

"..."

"သူတို့နောက်ကို မြေကြွက်တွေ လေး ငါးကောင်လောက်လွှတ်လိုက်
ကျိုးကျိုးကန်းကန်း ရတယ်
အသက်တော့မသေစေနဲ့"

"အမိန့်အတိုင်းပါ မင်းကြီး"

............................................

"ဟေး ဒီညကိုတော့ ဒီအနီးအနားကတည်းခိုခန်းတစ်ခုမှာပဲအိပ်လိုက်ရအောင်
ညလည်းနက်နေပြီ
ဗိုက်လည်းတော်တော်လေးဆာနေပြီ"

သူ့စိတ်နဲ့ဆို ရိပေါ်ဆက်သွားချင်သေးပေမယ့် တစ်ဖက်ကကူညီပေးထားတဲ့လူကိုအားနာရဦးမည်။
ထို့ကြောင့် ခေါင်းညိတ်ပြပြီး ထိုလူ့အနောက်မှလိုက်သွားလိုက်သည်။
ထိုလူက ရောက်ရှိနေသောမြို့၏တည်းခိုခန်းရှေ့တစ်နေရာတွင် မြင်းကိုရပ်သည်။
နှစ်ယောက်သား အတူတူအထဲသို့ဝင်သွားကာမှ ထိုနေရာက ရိုးရိုးတည်းခိုခန်းမဟုတ်ဘဲဆောင်ကြာမြိုင်တစ်ခုဆိုတာကို ရိပေါ်သိလိုက်ရသည်။

"အစ်ကိုကြီး"

လက်ကိုလာကိုင်ကာ တွန့်ဆုတ်နေဟန်ဖြင့်ရိပေါ်ကို ထိုလူက ပခုံးကိုလာဖက်ပြီးရယ်ပြသည်။

"စိတ်မပူပါနဲ့ကွ
ဒီညတော့ ငါဒကာခံပါ့မယ်
မိတ်ဆွေဖြစ်တဲ့အထိန်းအမှတ်ပေါ့"

"ရပါတယ်
အစ်ကိုကြီး ပျော်ချင်ရင်ပျော်နှင့်လေ
ကျွန်တော် တည်းခိုခန်းတစ်ခုမှာသွားအိပ်လိုက်မယ်"

"အိပ်မှာကိုများ ဒီမှာအိပ်မယ့်နေရာမရှိတာမှမဟုတ်တာ"

"ကျွန်တော်က အိမ်ထောင်သည်မို့လို့ပါ
ဒီနေရာက ကျွန်တော်နဲ့မသင့်တော်ဘူးထင်တယ်"

ရိပေါ်အပြောကို ထိုလူကတဟားဟားအော်ရယ်သည်။

"ငါ့ညီ
မင်းဘာလို့ဒီလောက်ရိုးနေရတာလဲ
ဒီကိုလာတဲ့ အကုန်နီးပါးကအိမ်ထောင်သည်တွေချည်းပဲ
လူပျိုလူလွတ်ဆိုတာ လက်ချိုးရေလို့ရသလောက်ရှားတယ်"

"ကျွန်တော် ကျွန်တော့်အိမ်ထောင်ဖက်ကို သစ္စာမဖောက်ချင်ဘူး"

ထိုလူကရိပေါ်ကို ဖက်လျက်ပင်ပခုံးကိုပုတ်သည်။

"ဒါကို သစ္စာဖောက်တယ်လို့ဘယ်ပြောလို့ရမလဲ
ယောကျ်ားပဲကွ လိုအပ်လာရင်တော့ဖြေလျှော့စရာ ရှာရမှာပေါ့
ပြီးတော့ဒီကိုလာတာကို မင်းရဲ့အိမ်ထောင်ဖက်မြင်ရတာမှမဟုတ်တာ"

ရိပေါ် ခေါင်းခါပြီး သက်ပြင်းချသည်။
ဒီအထဲမှာရပ်နေမိတာကိုတောင် သူ့ကိုယ်သူအပြစ်မကင်းသလိုခံစားရသည်။

"မျက်ကွယ်မှာစောင့်ထိန်းတာကို သစ္စာတရားလို့ခေါ်တာလေ
မျက်စိရှေ့မှာပဲစောင့်ထိန်းရင် အဲ့တာကသစ္စာတရားဘယ်ဟုတ်တော့မလဲ"

ထိုလူက ပခုံးတွန့်ပြီးရိပေါ်ကိုအရှုံးပေးသည့်ပုံစံလုပ်ပြသည်။

"ဒါပေမယ့်လည်း ဒီက အခန်းတစ်ခုမှာပဲအိပ်လိုက်ပါ
မင်းအခန်းကို ဘယ်သူ့ကိုမှမလာစေဖို့ငါပြောလိုက်မယ်"

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"

သို့နှင့် သူတို့်နှစ်ယောက်ထိုညကို ထိုနေရာမှာသာကုန်ဆုံးဖြစ်ကြသည်။
ထိုလူက အခန်းတစ်ခန်းမှာ ကောင်မလေးများစွာနှင့်အတူပျော်ပါးသည်။
ရိပေါ်ကတော့ တိတ်ဆိတ်နေသောအခန်းတွင်းမှာ တစ်စုံတစ်ယောက်ကိုလွမ်းဆွေးကြောင်းကိုယ့်ကိုကိုယ်တိုင်တည်ပြောရင်းနဲ့ အိပ်မှန်းမသိအိပ်ပျော်သွားသည်။

................................................

အအေးဒဏ်ကြောင့် တစ်ကိုယ်လုံးချမ်းစိမ့်ပြီးတုန်ယင်လာတာတောင်မှ ရှောင်းကျန့်အဆောင်တွင်းသို့ပြန်ဝင်ရန်အာရုံမရ။
ထိန်ထိန်သာနေသောလမင်းကြီးကိုမော့ကြည့်ပြီး ချစ်ရသူ ဘေးကင်းစေရန်သာဘယ်နှစ်ကြိမ်မြောက်မှန်းမသိဆုတောင်းနေမိသည်။
ဘယ်လိုပဲ ရိပေါ်ကယောကျ်ားလေးဖြစ်နေပါစေဦး ဘယ်လိုပဲ သူ့ကိုသူကာကွယ်နိုင်တယ်ထားဦး
ဘယ်လိုပဲကူညီပေးမယ့်အဖော်ပါတယ်ဆိုဦး 
လူတိုင်းက ကိုယ်ချစ်ရသူကိုစိုးရိမ်တတ်ကြသည်ချည်း။
ချစ်ရသူက ကမ္ဘာပေါ်မှာအင်အားအကြီးဆုံးလူဆိုရင်တောင် စိတ်ပူလွန်တတ်သောလူသားတွေအဖို့ ရိပေါ်လိုရိုးသားသောကောင်လေးတစ်ယောက် ခရီးဝေးသွားရသည်ကိုစိတ်ပူမိသည်မှာ သူ့အလွန်မဟုတ်။

"ကျန့်"

အတွေးလွန်နေတုန်း ရုတ်တရက်ထွက်လာသည့်ခေါ်သံကြောင့် ရှောင်းကျန့်ကိုယ်လေးတစ်ချက်တုန်တက်သွားသည်။
ဝမ်ရိပေါ်က သူ့ဝတ်ရုံကိုချွတ်လျက်ရှောင်းကျန့်အနားသို့ အမြန်လျှောက်လာသည်။
ထို့နောက် အေးစက်နေသောရှောင်းကျန့်ကိုယ်ပေါ်လွှမ်းခြုံပြီးဖက်ထားလိုက်သည်။

"ရာသီဥတုဒီလောက်အေးနေတာကို ဘာလို့အပြင်ထွက်နေရတာလဲ ကျန့်ရဲ့"

ဝမ်ရိပေါ် ဖက်လျက်ပင်ရှောင်းကျန့်ကိုအထဲသို့ခေါ်သွားသည်။
ရှောင်းကျန့် ငြင်းချင်စိတ်မရှိ။စကားပြောချင်စိတ်မရှိ။
စိတ်အခြေအနေမကောင်းရသည့်ကြားထဲ ဒီဘုရင်နဲ့သူ စကားမများချင်။

ဝမ်ရိပေါ်က အထဲသို့ရောက်သည်နှင့်ရှောင်းကျန့်ကိုစောင်ခြုံပေးပြီးတင်းကြပ်စွာဖက်ထားသည်။
ခဏအကြာမှာ လည်တိုင်ဆီသို့အနမ်းတွေခြွေပြီး လက်များက ရှောင်းကျန့်ခန္ဓာအနှံ့ကိုပွတ်သပ်လာသည်။
ဘာကိုဦးတည်နေသည်ကို ရှောင်းကျန့်သိသောကြောင့် ဝမ်ရိပေါ်ကိုတွန်းလိုက်သည်။

"ကျွန်တော် နေမကောင်းဘူးလို့"

"အဲ့တာကို ဘာလို့အပြင်ထွက်နေရတာလဲ"

"ခေါင်းကိုက်နေတော့ ခေါင်းကြည်အောင်လို့ပါ"

ဝမ်ရိပေါ် ထပ်ပြောရန်လုပ်ပေမယ့် ရှောင်းကျန့်မျက်နှာကအမှန်ပင်ညှိုးနွမ်းနေသောကြောင့် အသံတိတ်ပြီး ရင်ခွင်ထဲသာထည့်ထားလိုက်တော့သည်။

"နေမကောင်းတာကို စောစောအိပ်တာမဟုတ်ဘူး"

ဝမ်ရိပေါ်က တဖျစ်တောက်တောက်ပြောရင်း ရှောင်းကျန့်ကျောပြင်လေးကိုပုတ်ပေးသည်။
ရှောင်းကျန့် သက်ပြင်းရှိုက်မိသည်။
ထို့နောက် အတွေးများကိုခေါင်းထဲမှထုတ်ပြီး မျက်လုံးကိုသာမှိတ်ထားလိုက်တော့သည်။

နောက်တစ်နေ့လည်း ရှောင်းကျန့်ကနေမကောင်းဘူးဆိုသည့်အကြောင်းပြချက်ဖြင့် တစ်ရက်လုံးအဆောင်ထဲမှာသာနေသည်။
ချိုးရင်က အဖော်လုပ်ကာစကားပြောပေးသည်။
ထိုညက ဝမ်ရိပေါ်မရောက်လာ၍ရှောင်းကျန့်အတွက် အေးချမ်းသောညလေးတစ်ညဖြစ်ခဲ့သည်။

နောက်တစ်ရက်မြောက်လို့ ဝမ်ရိပေါ်ညီလာခံကပြန်လာချိန်မှာတော့ ရှောင်းကျန့်အဆောင်မှာရှိမနေ။
ထင်သည့်အတိုင်း မိခင်ဖြစ်သူရှိရာအဆောင်ဆီသို့လိုက်သွားမှ ရှောင်းကျန့်ကိုတွေ့ရသည်။
ဝမ်ရိပေါ်၏မျက်နှာတော်က ဝင်းပသွားသည်။
ဒီအဆောင်ကို ရှောင်းကျန့်ကိုမလာစေချင်ခဲ့တာ သူကိုယ်တိုင်ပဲဖြစ်သည်။
ယခုတော့ လာစေချင်လွန်းမိတာကလည်းသူကိုယ်တိုင်ပဲဖြစ်နေသည်။
ယခင်က ရှောင်းကျန့်သာ သူ့မိခင်ရဲ့အခြေအနေကိုသိသွားရင် သူ့ကိုအထင်သေးသွားလိမ့်မည် ပိုမုန်းသွားလိမ့်မည်ဟု ဝမ်ရိပေါ်တွေးခဲ့သည်။
သို့ပေမယ့် ရှောင်းကျန့်က ထိုအရာကိုဘာမှမဖြစ်သလိုမျိုးပုံမှန်အတိုင်းဆက်ဆံပေးခဲ့သည်။
နှစ်သိမ့်စကားအနည်းငယ်ကိုတောင် ဆိုပေးခဲ့သေးသည်။
ရှောင်းကျန့် က သူတွေ့ဆုံဖူးခဲ့တဲ့လူတွေနဲ့လုံးဝမတူ။
လူတိုင်း တကူးတကလိုက်ရှာဖွေပြီးရှုံ့ချချင်နေတဲ့ သူ့ရဲ့အားနည်းချက်ကို အားသာချက်ဟုမြင်ပေးခဲ့သည်။
ရှောင်းကျန့်ကသူ့အတွက် ကောင်းကင်ဘုံကဖန်ဆင်းပေးလိုက်သော သက်ရှိလက်ဆောင်လေးဖြစ်သည်။
ရှောင်းကျန့်က ရိုးရှင်းသောလူသားတစ်ဦးသာဖြစ်သည်။
ရှောင်းကျန့်ကရိုးရှင်းသည်။
တကယ်ကို ရိုးရှင်းသည်။
သို့ပေမယ့် ထိုရိုးရှင်းမှုတွေကပဲအများနဲ့မတူတဲ့သူ့ရဲ့ထူးခြားချက်ဖြစ်လို့နေသည်။

ယခုလည်း ရှောင်းကျန့် သူ့မိခင်ဖြစ်သူကိုတယုတယဆက်ဆံပေးနေသည့်မြင်ကွင်းက အသည်းမာလွန်းသည်ဟုလူတိုင်းသမုတ်ကြသည့် ဝမ်ရိပေါ်ကိုအပြုံးကြီးပြုံးစေသည်။
သူ့ကိုသာရှောင်းကျန့်တွေ့သွားရင် ထိုမြင်ကွင်းကရေငွေ့တွေပမာပျောက်ကွယ်သွားမည်စိုး၍ ဝမ်ရိပေါ်အထဲသို့မဝင်ဖြစ်တော့။
ခဏလောက်ထပ်ကြည့်ပြီး အနည်းငယ်ဟနေသော တံခါးကိုပိတ်ပြီးတော့သာ အပြင်သို့ပြန်ထွက်လာခဲ့တော့သည်။

ဝမ်ရိပေါ်အပြင်မှာရပ်စောင့်နေတုန်း တောင်ဘက်နန်းဆောင်မှအထိန်းတော်ကြီးတစ်ဦးက ဝမ်ရိပေါ်အနားသို့လာလျှောက်တင်သည်။

"ဒီနေ့တော့ ဆေးကိုမငြင်းမဆန်ဘဲသောက်ပါတယ် အရှင်မင်းကြီး
အစားကိုလည်း ကောင်းကောင်းစားပါတယ်
ရှောင်းသခင်လေးက တကယ်ကိုတော်လွန်းပါတယ်"

"ဟုတ်လား"

အမူအရာကင်းမဲ့သည့် ဝမ်ရိပေါ်၏မျက်နှာက ကြည်နူးရိပ်ကြောင့်ပြုံးရိပ်သန်းသွားသည်။
အထိန်းတော်ကြီးက လျှောက်တင်ပြီးပြီးဖြစ်၍အရိုအသေပေးကာ ပြန်ထွက်သွားသည်။

ထမင်းတစ်ခါစားဖို့ ဆေးတစ်ခါတိုက်ဖို့အရေး လူပေါင်းများစွာ အင်အားများစွာအသုံးပြုရသည့်လူကို အေးအေးဆေးဆေးဆက်ဆံနိုင်သည့်ရှောင်းကျန့်က တကယ်ကိုဘယ်လိုအရည်အချင်းတွေများပိုင်ဆိုင်ထားတာပါလိမ့်။
ဝမ်ရိပေါ် ကျေကျေနပ်နပ်ကြီးကိုရယ်လိုက်မိသည်။
ဒီနေ့အတွက်တော့ ဝမ်ရိပေါ်အတွက်လုံလောက်တဲ့အားအင်တွေရခဲ့ပြီ။

.................................................

"အဲ့တာ ဘာကိုပြောတာလဲ"

"သူက သာမန်လူမဟုတ်မှန်းသေချာပါတယ်
သူ့ရဲ့ဓားရေးက ဓားသိုင်းပညာရှင်တွေလိုပဲတဲ့
ဆေးဆရာက ဒဏ်ရာနည်းနည်းရသွားပေမယ့် အဲ့လူကတော့ ခဏလေးနဲ့ငါးယောက်လုံးကို တိုက်ထုတ်လိုက်တယ်လို့ပြောတယ်"

"အဲ့လူ.. "

ဝမ်ရိပေါ် ခုံကိုတစ်ဒေါက်ဒေါက်ခေါက်ပြီး မကျေနပ်စွာမျက်မှောင်ကြုတ်လိုက်သည်။

"ဘယ်ကောင်ကများ ငါ့ရဲ့လမ်းကြောင်းကိုဝင်ရှုပ်ရဲတာလဲ"

အခန်းတွင်းတိတ်ဆိတ်နေသည်။
ဝမ်ရိပေါ်ပြောလာမည့်စကားကို ချန်းစောင့်မျှော်နေသည်။

"အဲ့လိုဆိုတော့လည်း..... "

......................................................













































Continue Reading

You'll Also Like

728K 26.9K 102
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! ๐Ÿ˜‚๐Ÿ’œ my first fanfic...
228K 6.7K 77
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
613K 31K 59
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
136K 4.8K 39
โ if I knew that i'd end up with you then I would've been pretended we were together. โž She stares at me, all the air in my lungs stuck in my throat...