Unicode
Baekhyun ၏ တစ်နေ့တာများသည်
ယခုရက်ပိုင်း အတွင်း ထင်ထားတာထက်ပိုပြီး
ပျင်းရိခြောက်သွေ့ဖွယ် ကောင်းလာ၏ ။
သူငယ်ချင်းများနှင့်လည်း Online ပေါ်တွင်သာ
အဆက်အသွယ်ရှိပြီး လူချင်းတွေ့ဆုံခြင်းမရှိသည်ကကြာပြီ။
တစ်နေ့ တစ်နေ့ စိတ်ဝင်စား ပျော်ရွယ်ဖွယ်မရှိသော
နိစ္စဒူဝအလုပ်များကိုသာ ထပ်တလဲလဲ လုပ်ဆောင်ရင်း
ဘဝကြီးကျ သာမန်ရိုးကျ တစ်တန်းတည်းဖြစ်နေသည် ။
ရုံးဆင်းချိန်များသည်လည်း ယခင်နေ့ရက်တွေထက်
ပိုပင်ပန်းလာပြီး ရုံးကပြန်ရောက်တာနဲ့ ကုတင်ပေါ်
မှောက်ချကာ ငြိမ်သက်နေမိ၏ ။
သို့သော် သူဒီအတိုင်းငြိမ်နေလို့တော့မရသေး ။
အမြဲအတွေးလွန်ပြီး ဟုတ်တိပတ်တိ မစားဖြစ်သော
နေ့လည်စာများကြောင့် ရုံးဆင်းချိန်ဆို ဗိုက်ကအောင့်လာပြီ ။
အဲ့ဒါမို့ လန်းသွားအောင် ရေချိုးသန့်စင်ပြီးတာနဲ့
တစ်ခုခု စားရန် ပြင်ဆင်ချက်ပြုတ်ရဉီးမည် ။
Hoodie တစ်ထည်နှင့် အားကစားဘောင်းဘီကိုသာ
ဖြစ်သလို ဝတ်ဆင်လာခဲ့သော Baekhyun သည်
ထမင်းချက်ချင်စိတ်မရှိလောက်အောင် စိတ်မော လူမော
ဖြစ်နေသဖြင့် အလွယ်တကူ ခေါက်ဆွဲသာပြုတ်စားရန်
လုပ်ဆောင်မိတော့၏ ။
အသင့်စား ခေါက်ဆွဲတစ်ထုပ်ကို ရေနွေးပူထဲ
ထည့်ပြုတ်ပြီး ဆယ်ယူကာ ဟင်းခတ်မှုန့်များ
ထည့်ထားလိုက်သည် ။
ထို့နောက် pan တစ်ခုထဲ မီးပူရုံလောက်လေးနဲ့
သံလွင်ဆီ တစ်စက်နှစ်စက်ထည့်ကာ
ကြက်ဥတစ်လုံး ခွဲထည့်ထားလိုက်၏ ။
ခဏ စောင့်ဆိုင်းနေသည့်အချိန်တွင်
ခေါက်ဆွဲပြုတ်ထဲထည့်စားရန် အသင့်စား Sausage ချောင်း
လေးကို အချပ်အချပ်ကလေးများရရန် လှီးတော့သည် ။
' အာ့ ´
Sausage ချောင်း ၁ ချောင်းလှီးသည်ကိုပင်
အာရုံလွင့်မြောလျှက် လက်ကို လျှပ်ထိအောင်
လှီးမိသောကြောင့် လက်ထိပ်၌ သွေးဥကလေးများ
ချက်ချင်း နီရဲကာ စို့ထွက်လာလေပြီ ။
Baekhyun သည် စူးရှရှလေး အောင့်လာသော
လက်ထိပ်ကို အသာငုံရင်း ဧည့်ခန်းထဲမှ ဆေးဘူး
ရှိရာ ခပ်သုပ်သုပ်လေး လှမ်းရ၏ ။
ထို့နောက်တွင်မူ ဆေးဘူးထဲမှ အနာကတ်ပလာစတာ
တစ်ခု ထုတ်ယူ၍ လက်ထိပ်ကို သေသေချာချာ
ဝိုက်ပြီး ပတ်ထားလိုက်သည် ။
အရင်ကလို အခြေအနေနဲ့ဆိုရင် သူဓားရှသွားတာ
ဥက္ကဌကြီး သိသွားပါက ဘယ်လိုဖြစ်မည်နည်း
ဟု တွေးမိတော့ သက်ပြင်းခပ်ဖွဖွ ချမိပြန်သည် ။
အရင်ကလိုသာဆိုရင် စိတ်ပူကောင်း ပူနိုင်လိမ့်ပေမယ့်
ခုတော့ သူက ဥက္ကဌကြီးအတွက် ဘာမှမဟုတ်တော့တာ ။
ဒီတိုင်း စိမ်းသက်သွားတဲ့ ဆက်ဆံရေး အောက်က
ဝန်ထမ်းတစ်ဉီးပဲပေါ့ ။
' အာ .. ကြက်ဥ ! ´
ထပ်ပြီး ငေးငိုင်နေမိရာမှ ရုတ်တရက် အတွေးထဲ
ဝင်လာသော ကြက်ဥကြောင့် ကမန်းကတမ်း
မီးဖို ထဲဝင်ပြေးတော့ မဲခြစ်ကာတူးနေသော ကြက်ဥကို
pan ထဲတွင် မြင်လိုက်ရလေသည် ။
မြန်မြန်ဆန်ဆန် မီးကို ပိတ်ပစ်ရင်း pan ကို
ဘေစင်ထဲထည့်ကာ ရေဖွင့်ချလိုက်တော့
ရှဲခနဲ အသံနှင့်အတူ မီးခိုးများထွက်လာလျှက်
အခြေအနေက လုံးဝ ဝရုန်းသုန်းကား ဖြစ်သွားလေပြီ ။
' အဟွတ် အဟွတ် ´
မျက်နှာသို့ တိုးဝင်လာသော မီးခိုးများကို
လက်နှင့်ယမ်းကာ ဖယ်ထုတ်ရင်း နောက်ဘက်သို့
ဆုတ်လိုက်မိသည် ။
မျက်လုံးများ ကျိန်းစပ်ကာ မျက်ရည်များဝဲတက်လာခြင်းနှင့်အတူ
ရက်အတော်ကြာ မြိုသိပ်ထားခဲ့သော ဝမ်းနည်းစိတ်များသည်လည်း
လည်းပင် အရင်းထိတိုင်အောင် အောင့်၍ တက်လာ၏ ။
ဟင့်အင်း ... သူထပ်ပြီး သည်းမခံနိုင်တော့ဘူး ။
ယိုင်နဲ့ချင်နေသော ခြေထောက်များကို Baekhyun
အလိုလိုက်စွာပင် ဖြေလျော့ ပစ်လိုက်ပြီး ကြမ်းပြင်တွင်
ဒူးထောင်၍ထိုင်ကာ င်ိုချမိတော့သည် ။
တင်းကျပ်နေသော ရင်ဘတ်ကို အနည်းငယ် ပြေလျော့သွားမလားဟု
အကြိမ်ကြိမ်ထုရင်း အသည်းအသန် ငိုကြွေးနေမိ၏ ။
ဘာလို့ အဆင်မပြေရတာလဲ ။
ဘာလို့ သူ့ဘဝက ချက်ချင်းကြီး တအားခက်ခဲသွားရတာလဲ ။
ဘာလို့ သူတစ်ယောက်တည်း အထီးကျန်သလို ခံစားနေရတာလဲ ။
ဘာလို့လဲ ။
ဘာလို့ သူက .... စွန့်ပစ်ခံရတာလဲ ။
သူဘာများ အမှား လုပ်မိသွားလို့လဲ ။
ဥက္ကဌကြီးက ဘာလို့ သူ့ကို မချစ်တော့တာလဲ ။
မသိချင်ယောင် ဆောင်မိသော မေးခွန်းပေါင်းများစွာကို
ထုတ်မေးရင်း အော်ဟစ် ငိုကြွေးမိသည့်တိုင်
ရင်ဘတ်ထဲမှ တင်းကျပ်မှုက ပြေလျော့မသွားခဲ့ပါ ။
သူ အရမ်းပင်ပန်းနေပြီ ။
___
___
ဖုန်း screen ပေါ်မှ ပြုံးရယ်နေသော မျက်နှာလေးက်ို
Chanyeol လက်နှင့်အသာ ပွတ်သပ်ကြည့်မိပြီး
နှုတ်ခမ်းထောင့်စွန်းလေး လှုတ်ခတ်ရုံမျှ ခပ်ဖွဖွ ပြုံးမိသည် ။
အဲ့တုန်းက သူနဲ့ဒီကလေး ဝါခင်းတွေကို အတူသွားစစ်ခဲ့တဲ့နေ့ ၊
ရာသီဥတု က သာယာလွန်းတဲ့အပြင် သူ့ကလေးရဲ့
အပြုံးတွေလည်း အတောက်ပဆုံး ဖြစ်ခဲ့တဲ့ အချိန်ပေါ့ ။
ခုချိန်မှာ လှပတဲ့အမှတ်တရအဖြစ် ကျန်ရှိနေခဲ့တာမို့
သူဘုရားသခင်ကို အထပ်ထပ်ကို ကျေးဇူးတင်မိပါသည် ။
ဘယ်တော့မှ မဆုံစည်းနိုင်တော့ရင်တောင်
ဒီအမှတ်တရတွေကိုတော့ သူရင်နာခံပြီးကို ဘဝတစ်လျှောက်လုံး
သယ်ယူသွားပါဉီးမည် ။
အနည်းဆုံးတော့ သူက အဲ့ကလေးဘဝအတွက်
အနှောင့်အယှက် တစ်ခု မဟုတ်ခဲ့ရင်ပဲ သူကျေနပ်ပါပြီ ။
' လွမ်း လိုက် တာ ´
နှုတ်မှ ခပ်ဖွဖွ ရေရွတ်မိပြန်သည် ။
လွမ်းတယ် .. ချစ်ရတဲ့ မျက်နှာကလေးကို
သေလောက်အောင် လွမ်းမိတယ် ။
ဒါပေမယ့် အရင်ကလို အသံလေးကြားရအောင်တောင်
ဖုန်းဆက်ခွင့် မရှိတော့ဘူး ။
သူ့ဘက်က စပြီး လွတ်လပ်ခွင့် ပေးလိုက်တော့လည်း
ဝေးနိုင်သမျှ ဝေးပါစေတော့ ။
အဲ့ကလေးရဲ့ ပျော်ရွှင်မှု တစ်ခုနဲ့တင် သူ့ရင်ဘတ်တစ်ခု
ချနင်းလိုက်ရလည်း အဆင်ပြေပါတယ် ။
အဓိကက အဲ့ကလေး ပျော်ဖို့မို့လို့ ။
ဆိုဖာပေါ် အသာလှဲနေရင်းမှ Chanyeol ထရပ်ကာ
သက်ပြင်းချ၍ Coat တစ်ခုကို အခန်းထဲကသွားယူလိုက်၏။
သူ့စိတ်တွေ အတော်ကို မွန်းကျပ်ပင်ပန်းနေပြီ ။
လေကောင်းလေသန့်ရှူဖို့ပဲဖြစ်ဖြစ် ခဏတော့ အပြင်ထွက်ရဉီးမည် ။
ခပ်အေးစိမ့်စိမ့်နိုင်သော ရာသီဥတု အတွင်းတွင်
သူ့အလိုအလျောက် ကားကိုဉီးတည်မိသည်မှာ
ဆူဆွန်းဒုံ ကိုပင်ဖြစ်သည် ။
အဲ့ဒီက Cheonggyecheon စမ်းချောင်းတွင်
ပထမဆုံးအနေနဲ့ သူ့ခံစားချက်တွေကို Baekhyun ရှေ့မှာ
အလေးအနက် ဝန်ခံခဲ့၏ ။
အဲ့တုန်းကတော့ အနည်းငယ် ရဲတွတ်နေသော မျက်နှာကလေးနှင့်
ခေါင်းကို အတင်းငုံ့ထားခဲ့သည့် ကောင်လေးကြောင့် သူ့မှာ
အခွင့်အရေး ရှိဉီးမည်ဟု အထင်မှားခဲ့ဖူးသည် ။
အတိတ်ကို ပြန်ပြောင်းတွေးတောရင်း ခေါင်းအနည်းငယ်မော့ကာ
သက်ပြင်းချမိပြန်တော့ ဆောင်းဝင်စပြုလာတဲ့ ရာသီဥတုကြောင့်
ပါးစပ်ထဲမှ အငွေ့တွေပျံထွက်လာသည်ကို အထင်အရှား
မြင်နေရ၏ ။
ခပ်ကြမ်းရှရှ နိုင်တဲ့ လမ်းပေါ်ထက်
ခြေလှမ်းတွေကို တစ်လှမ်းချင်း အာရုံစူးစိုက်ကာ
ကြည့်ရင်း သူ့အတွေးတွေက ပျံ့နှံနေ၏ ။
ဒီအချိန် သူ့ကလေး အိမ်မှာနွေးနွေးထွေးထွေးရောရှိနေရဲ့လား ။
ဆောင်းမဝင်သေးဘူးဆိုပြီး ရေအေးအေးကြီးတွေနဲ့များ
ချိုးနေမလား ။ ညဘက်ကြီး ခေါင်းလျှော်ပြီး
ရေခြောက်အောင် မသုတ်ပဲများ နေ နေမည်လား ။
ထမင်းကို အရသာရှိရှိ စားနေမည့် ပုံလေးကို
မြင်ယောင်မိတော့ လမ်းပေါ်ငေးစိုက်ကြည့်နေရင်း
တစ်ချက်ပြုံးမိပြန်၏ ။ သူ့ကလေးက လိမ္မာမှာပါ ။
' ဥက္ကဌကြီး ? ´
သို့သော် ထိုကလေးအကြောင်း စဉ်းစားနေခိုက်မှာပင်
ရှေ့နားမှ ခပ်တိုးတိုး ထွက်ပေါ်လာသော အသံလေးကြောင့်
မယုံကြည်နိုင်စွာ ဖြည်းဖြည်းချင်း မော့ကြည့်မိလိုက်တော့ ။
ဟုတ်ပါသည် ။ သူလွမ်းနေခဲ့သော မျက်နှာကလေးသည်
ရှေ့မလှမ်းမကမ်းမှာပင် မာဖလာထူထူလေးထဲ မြုပ်လို့နေ၏ ။
Chanyeol သည် အခုမှ ရင်ထဲတွင် နွေးထွေးမှုလေး
နေရာယူသွားသလို မျက်ရည်ပင်ဝဲချင်လာသည် ။
ခုမှပင် သူမသိမသာလေး ပြုံးနိုင်တော့၏ ။
' ညဘက်ကြီး .. တစ်ယောက်တည်းလား ´
Baekhyun ဘက်ကလည်း ရှေ့တိုးမလာခဲ့သလို
Chanyeol ဘက်ကလည်း ရှေ့မတိုးရဲခဲ့ပါ ။
2 ယောက်လုံးသည် မလှမ်းမကမ်းနေရာတွင်ပဲ
ရေစုံရပ်နေရင်းမှ တစ်ယောက်ကိုတစ်ယောက်
ငေးမောကြည့်နေမိကြ၏ ။
တိတ်ဆိတ်နေသော အခြေအနေတွင် Chanyeol
ဘက်မှပင် ခပ်ဖွဖွပြုံးရင်း မေးတော့ Baekhyun
ဘာမှ ပြန်မဖြေ ။ ဝိုင်းစက်၍ အရည်လဲ့နေသော
မျက်ဝန်းကလေးများနှင့်သာ နှုတ်ခမ်းကိုဖွဖွစေ့လျှက်
မော့ကြည့်နေခဲ့သည် ။
' ငါလည်း လေကောင်းလေသန့်ရအောင်
ခဏလမ်းလာလျှောက်တာ ... ´
' ဥက္ကဌကြီး ! ´
Chanyeol ဘက်က မျက်ဝန်းများကို ရှောင်ဖယ်ရင်း
ရောက်တတ်ရာရာ အဖြေများကို ဘယ်သူမှ မေးခွန်းမထုတ်ပဲ
ဖြေနေခိုက် ခေါ်သံ ခတ်ဆတ်ဆတ်လေးကို ကြားလိုက်ရလေ၏ ။
Chanyeol သည် အနည်းငယ် ကြောင်အသွားရသည် ။
အခု သူ့အဖြစ်က သားရဲရှေ့ရောက်နေသော ယုန်ငယ်တစ်ကောင်လို
အသက်မျှပင်ရဲရဲ မရှူရဲပဲ စိတ်တွေ ဂယောက်ဂယက်ဖြစ်နေ၏ ။
' ဥက္ကဌကြီး ကျွန်တော့်ကို ကြိုက်သေးလား ´
ဘုရားရေ ။
ရင်ထဲဒိန်းခနဲ ဆောင့်တက်သွားသော ခံစားချက်နှင့်အတူ
Chanyeol နားရွက်တွေ ကျစ်ကျစ်တောက်အောင်
ပူရဲ တက်လာသည် ။ သူ ... သူနားကြားမှာတာ မဟုတ်ဘူးလား ။
ခုနက ဘာမေးလိုက်တာ ?
သို့သော် ထို့သို့ ဂယောက်ဂယက်ဖြစ်နေသည့်ကြားမှ
သူ ခေါင်းကို တဆိတ်ဆိတ်ငြိတ်ပြမိလိုက်သေး၏ ။
' အော ... အင်းးး ကြိုက် ကြိုက်တယ် ´
အနည်းငယ် လက်သွားသော Baekhyun ၏
မျက်လုံးလေးတွေကို ကြည့်ရင်း Chanyeol ရင်တွေ
တဒိန်းဒိန်းကို လှုပ်ရှားလာသည် ။
တုံးအ သည့်သူ မဟုတ်တာမို့ ဒီအခြေအနေက
ဘယ်ကို ဉီးတည်သွားနိုင်သည်ဆိုတာကို ရိပ်မိသည့်တိုင်
သူမယုံရဲခဲ့ ။ မဟုတ်ဘူးမလား ။
Byun Baekhyun က သူ့ကို အဖြေပေးတော့မှာ
မဟုတ်ဘူးမလား ။
မဟုတ်လောက်ပါဘူး ။ ဟုတ်တယ် မဟုတ်လောက်ဘူး ။
အဲ့လို ဖြစ်လာမှာ မဟုတ်ဘူး ။
Byun Baekhyun က သူ့ကိုဘာလို့ပြန်ကြိုက်ရမှာလဲ ။
ဟင့်အင်း .... Byun Baekhyun သူ့ကို
အဖြေပြန်ပေးမှာ မဟုတ်လောက်ပါဘူး ။ ဟုတ်တယ် ။
အဖြေမပေးပါစေနဲ့ ။ အဖြေမပေးပါစေနဲ့ ။
အဲ .. မဟုတ်သေးဘူးလေ ။
ဒါကောင်းတဲ့ ကိစ္စပဲ ။ အဖြေပြန်ပေးပါစေ ။ အဖြေပြန်ပေးပါစေ ။
Chanyeol သည် တစ်ယောက်တည်း
ဂယောင်ခြောက်ခြားဖြစ်နေသည့် အခြေအနေတွင်
အသံလွင်လွင်လေးက ထပ်မံထွက်ပေါ်လာပြန်သည် ။
' ဒါဆို ဒီရက်တွေအတွင်း ကျွန်တော့်ကို ဘာလို့ရှောင်နေတာလဲ ´
' ဟို .... အဲ့တာက .... အင်း ...
မင်း အနှောင့် ... အယှက် ဖြစ် မယ်ထင်လို့ ´
Chanyeol ၏ မျက်လုံးများသည် မတည်ငြိမ် ။
Baekhyun ၏ မျက်လုံးများက သူ့ထံတွင်
စူးစိုက်ရှိနေသလောက် သူကတော့ဖြင့် နေရာစုံသို့
အကြည့်ရောက်နေသည် ။
' ဘာလို့ဖြစ်ရမှာလဲ ?
ကျွန်တော်လည်း ဥက္ကဌကြီးကို ကြိုက်တယ်လေ ´
' ဟမ် ? ´
Chanyeol သည် မထုံတတ်တေးပုံမျိုးနှင့်
မျက်လုံးကြီး ဝိုင်း၍သာ မေးမိတော့သည် ။
ခဏလေး ... သူဘာကြားလိုက်တာလဲ !
တကယ် ဘာကိုကြားလိုက်ရတာလဲ ?
အဲ့ .. အဲ့ဒါ ကိုရီးယားစကားရောဟုတ်ရဲ့လား ?
ရုတ်တရက် နားလည်ဖို့ပင် ခက်ခဲသွားရသည် ။
တစ်ယောက်ယောက်လောက် ဘာသာပြန်ပေးကြပါ ။
ကျေးဇူးပြုပြီး .... ကျေးဇူးပြုပြီး .....
' ခဏလေး နေဉီး ခဏလေး ´
Chanyeol သည် လက်ဝါးတစ်ဖက်ဖြင့် Baekhyun
ကိုကာထားလိုက်ရင်း တစ်ဖက်ကမူ နှဖူးကြောကို
အခါခါဖိနှိပ်နေမိသည် ။
' ငါ .. ငါအိပ်မက်မက်နေတာ ဖြစ်မယ် .
ဟုတ်တယ် ... ငါအိမ်ရှေ့ခန်းက ဆိုဖာပေါ်အိပ်ပျော်သွားတာ
ပြီးတော့ အိပ်မက်မက်နေတာ အခု ! ´
Chanyeol သည် မိမိ လက်ခုံကို ဆိတ်ဆွဲမိတော့သည် ။
' အာ့ .. အားးးး နာတယ်ဟ !! ´
Chanyeol သည် အမှန်တကယ်ပင် မျက်လုံးပြူးသွားတော့၏ ။
' ဘာလဲ ? အိပ်မက် မဟုတ်ဘူးလား
တကယ်ကြီးလားး ´
သူလန့်ဖြတ်ကာ အော်မိသည့်နောက်တွင်
Baekhyun ၏ ရယ်သံလွင်လွင်သည်
ကျယ်ကျယ်လောင်လောင်ကို ထွက်ပေါ်လာတော့သည် ။
Chanyeol သည် ရောယောင်၍ပင်
လိုက်ရယ်မိသည်လား မသိတော့ပါ ။
ယခုသိသည်က Baekhyun က သူ့ကို
ချစ်သည် ဆိုတာ တစ်ခုတည်း ။
Baekhyun က ချစ်တယ်တဲ့ ! သူ့ကိုချစ်တယ်တဲ့ ။
ချက်ချင်းပင် သူ့ပါးစပ်ကို လက် ၂ ဖက်နှင့်အုပ်ထားကာ
ရယ်မိတော့သည် ။
ထမခုန်မိစေရန် မနည်းထိန်းထားရ၏ ။
အပျော်တွေကြောင့် လူတစ်ကိုယ်လုံး အပေါ်သို့
မြောက်တက်သွားတော့မလို့ ခံစားလာရသည် ။
မျက်နှာချင်းဆိုင်မှ Baekhyun သည်လည်း
အားရပါးရ ပြုံးရယ်နေခဲ့၏ ။
Baekhyun သည် ဝဲလုမတတ်ဖြစ်နေသော
မျက်ရည်တွေကို လက်ဖြင့်ဆွဲသုတ်ပစ်ရင်း
Chanyeol ဆီ အပြေးသွား၍ အတင်းခုန်တက်ကာ
လည်ပင်းအား ဖက်ထားပစ်လိုက်တော့သည် ။
သ်ို့သော် ဒရမ်မာနှင့်လက်တွေ့လောက မတူသည်က
မတူသည်ပဲဖြစ်၏ ။
ရုတ်တရက် ခုန်တက်လာသော Baekhyun ကြောင့်
Chanyeol နောက်သို့ လန်ကျကာ ၂ ယောက်သား
လမ်းမထက် လုံးထွေးကာ ကျတော့သည် ။
ခါးပင်ကျိုးသွားသလို ခံစားလိုက်ရ၏ ။
Baekhyun သည် Chanyeol ရင်ဘတ်ပေါ်
လဲကျနေရာမှ ကုန်းရုန်းထကာ ဆွဲထူ၍ ထိုင်ခိုင်းရသည် ။
Chanyeol မှာမူကား လမ်းမပေါ် ခြေကားယားနှင့်
ပစ်ထိုင်၍ မျက်နှာက နာကျင်မှုကြောင့် အသေရှုံ့မဲ့နေပြီ ။
' ဥက္ကဌကြီး .. အဆင်ပြေရဲ့လားဟင်
တ .. တအားနာသွားလား ´
' အား .. ခါးက အဆစ်မျက်သွားတယ်ထင်တယ်
နာတာ သေမလိုပဲ ´
Baekhyun မှာပွေ့ချီပြီး ဆေးခန်းပဲ ပြေးရတော့မလိုလိုနှင့်
Chanyeol ၏ ခါးတစ်ဖက်အား မဝံ့မရဲ ထိကိုင်ကာနှင့်
ပျာယာခတ်သွားရတော့သည် ။
' အဲ့တာမို့ ဘာလို့ရုတ်တရက်ကြီး ခုန်တက်လာတာလဲလို့ !
ငါ့ကို လူငယ်လို့များမှတ်နေသလား !
ကိုယ့်အဖေအရွယ်လောက်ရိှတဲ့သူပေါ် ခုန်တက်လို့ ! ´
ရုတ်တရက်ကြီး ထအော်လာသော ဥက္ကဌကြီးကြောင့်
Baekhyun လန့်ဖြတ်ကာ ဆတ်ခနဲတုန်သွားရသည် ။
သ်ု့သော် ခနပင် ။ ထို့နောက်တွင်မူ အားရပါးရ
အော်ရယ်မိတော့၏ ။
Chanyeol ကမူ မျက်နှာကြီး စူပုတ်၍သာ နေသည် ။
' ပျော်လား ´
' အား ဟား ဟား ပျော်တယ် အရမ်းပဲ
ပျော်တယ် ခွီးးးးး ´
Baekhyun သည် မျက်ရည်များဝေ့ဝဲတက်လာသည်အထိ
အော်ရယ်ရင်း လက်မများနဲ့ ဖယ်သုတ်ကာ အရယ်ကို
မနည်းရပ်ရသည် ။ Chanyeol ကမူ မျက်မှောင်ကြီးကြုံ၍
မကျေမနပ် ကြည့်နေဆဲပင် ။
မရတော့ဘူး ။ Baekhyun အရမ်းကို အသည်းတွေ
အူတွေ လှိမ့်လှိမ့်ယားလာပြီပဲဖြစ်သည် ။ သည်းမခံနိုင်သည့်အဆုံး
Chanyeol လည်ပင်းကို လက်၂ ဖက်ဖြင့် လှမ်းကာ
သိုင်းဖက်ရင်း ထိုစူပုတ်နေသော နှုတ်ခမ်းကြီးကို
နမ်းရှိုက်မိတော့၏ ။
ထိကပ်ရုံမဟုတ် ။
အကြိမ်ကြိမ် ဆွဲယူကာ ငုံထွေးရင်း ခေါင်းကို
စောင်းငဲ့၍ အားရပါးရ နမ်းနေမိခြင်းဖြစ်သည် ။
အောက်နှုတ်ခမ်းများကို ဆွဲယူ၍ တစ်မျ်ိုး ၊
အထက်နှုတ်ခမ်းများကို ဖိကပ်၍ တစ်ဖုံ
စိတ်ရိှလက်ရိှပင် အနမ်းခြွေမိသည် ။
ချိုမြိန်သည် ။ နွေးထွေးသည် ။
ရင်ခုန်လှိုက်မောဖွယ်ကောင်းလှသည် ။
အချိန်အတော်ကြာ အနမ်းခြွေမိသည့် နောက်တွင်တော့
နောက်ဆုံးအနေနှင့် နင့်နင့်နဲနဲ ဖိကပ်ပစ်ရင်း
အတန်ငယ် ဖယ်ခွာလိုက်တော့၏ ။
မျက်နှာ ၂ ခုလုံးသည် ထိကပ်လုမတတ်နီးစပ်နေပြီး
တစ်ယောက်၏ ဝင်သက်ထွက်သက်က တစ်ယောက်
မျက်နှာပေါ် ရိုက်ခတ်နေပါသည် ။
Baekhyun ၏ မျက်ဝန်းများကမူ အတန်ငယ်
ပြုံးယောင်သန်းနေခဲ့၏ ။
' ပထမဆုံး အနမ်းပဲ ´
အသိစိတ်မရိှသူတစ်ယောက် ငေးငိုင်နေရာမှ
ပထမဆုံးအနေနှင့် ရေရွတ်လာသော Chanyeol
၏ အသံကြောင့် Baekhyun ကြောင်အစွာပင်
ဟင် ? ဟု အာမေဋိတ်ပြုမိသည် ။
' ပထမဆုံးအနမ်းလို့ !
ဘယ်လိုလုပ်ပြီး မင်းက စနမ်းရဲရတာလဲ ´
' ဗျာ ? ´
Chanyeol ၏ ပုံသည် အလိုမတူပဲ အနမ်းခံလိုက်ရသော
မိန်းမပျိုလေး တစ်ယောက်၏ ဟန်ပန်မျိုးနှင့် မခံမရပ်
ဖြစ်နေသည့်ပုံ ။
' ငါ့စိတ်ကူးထဲက ပထမဆုံးအနမ်းက
ငါက မင်းကိုငုံ့နမ်းရမှာလေ !
ဘယ်လိုဖြစ်ပြီး မင်းက ငါ့ကို စနမ်းရတာလဲ ´
Baekhyun သည် ဥက္ကဌကြီး၏ အမှန်တကယ်ပင်
စိတ်တိုနေဟန်ရိှသော မျက်နှာကြီးကို ကြည့်ရင်း
ခေါင်းငုံ့၍သာ ရယ်ချမိလိုက်တော့သည် ။
ဒီလောက် ချစ်ဖို့ကောင်းနေလို့ ဘယ်ဖြစ်မလဲဗျာ ။
Baekhyun သည် ထပ်မံ၍ပင် ပြွတ်စ် ခနဲ
နှုတ်ခမ်းကို ထပ်လှမ်းနမ်းလိုက်ပါ၏ ။
' ကလေးလို လုပ်မနေနဲ့ဗျာ ...
လာ ထ ! သွားကြမယ် ´
Baekhyun သည် ပြုံးစစ မျက်နှာပေးနှင့်ကြည့်ရင်း
ထကာ ဖုန်ခါ၍ မြောက်ကြွကြွ ထွက်လာခဲ့တော့သည် ။
' ရားး .. ရားးး အဲ့နေရာမှာရပ်နေစမ်း
ငါ့ ပထမဆုံးအနမ်း ပြန်ပေးလို့ ´
Chanyeol သာ နောက်မှ လက်ညိှုးတစ်ထိုးထိုးနှင့်
အော်ဟစ်ရင်း ကျန်ခဲ့ရလေ၏ ။
ဤသို့ဖြင့်
ရေစီးသံ တသောသောနားမှ ကြည့်နူးဆွတ်ပျံ့ဖွယ်
အချစ်ဇာတ်လမ်းလေးသည် ထိုနေ့မှ စတင်ခဲ့လေသည် ။
ပြီးပါပြီ
ဟဲ ဟဲ စတာ စတာ ပြီးစရာလား :3
နောက်ဆုံးတော့ အပိုင်း ၃၀ မှာ မုန်လာဥတို့ ဥက္ကဌကြီး
အဖြေပြန်ရသွားပါပြီရှင်
ကုန်းရှီ ကုန်းရှီ \^0^/
( စကားမစပ် အကုန်ပြီးခါမှ ပျက်သွားလို့ ငိုပြီး
နောက်တစ်ခေါက် ပြန် Type ထားရတာနော် '^´ )
Zawgyi
Baekhyun ၏ တစ္ေန႕တာမ်ားသည္
ယခုရက္ပိုင္း အတြင္း ထင္ထားတာထက္ပိုၿပီး
ပ်င္းရိေျခာက္ေသြ႕ဖြယ္ ေကာင္းလာ၏ ။
သူငယ္ခ်င္းမ်ားႏွင့္လည္း Online ေပၚတြင္သာ
အဆက္အသြယ္ရွိၿပီး လူခ်င္းေတြ႕ဆုံျခင္းမရွိသည္ကၾကာၿပီ။
တစ္ေန႕ တစ္ေန႕ စိတ္ဝင္စား ေပ်ာ္႐ြယ္ဖြယ္မရွိေသာ
နိစၥဒူဝအလုပ္မ်ားကိုသာ ထပ္တလဲလဲ လုပ္ေဆာင္ရင္း
ဘဝႀကီးက် သာမန္ရိုးက် တစ္တန္းတည္းျဖစ္ေနသည္ ။
႐ုံးဆင္းခ်ိန္မ်ားသည္လည္း ယခင္ေန႕ရက္ေတြထက္
ပိုပင္ပန္းလာၿပီး ႐ုံးကျပန္ေရာက္တာနဲ႕ ကုတင္ေပၚ
ေမွာက္ခ်ကာ ၿငိမ္သက္ေနမိ၏ ။
သို႔ေသာ္ သူဒီအတိုင္းၿငိမ္ေနလို႔ေတာ့မရေသး ။
အၿမဲအေတြးလြန္ၿပီး ဟုတ္တိပတ္တိ မစားျဖစ္ေသာ
ေန႕လည္စာမ်ားေၾကာင့္ ႐ုံးဆင္းခ်ိန္ဆို ဗိုက္ကေအာင့္လာၿပီ ။
အဲ့ဒါမို႔ လန္းသြားေအာင္ ေရခ်ိဳးသန႔္စင္ၿပီးတာနဲ႕
တစ္ခုခု စားရန္ ျပင္ဆင္ခ်က္ျပဳတ္ရဉီးမည္ ။
Hoodie တစ္ထည္ႏွင့္ အားကစားေဘာင္းဘီကိုသာ
ျဖစ္သလို ဝတ္ဆင္လာခဲ့ေသာ Baekhyun သည္
ထမင္းခ်က္ခ်င္စိတ္မရွိေလာက္ေအာင္ စိတ္ေမာ လူေမာ
ျဖစ္ေနသျဖင့္ အလြယ္တကူ ေခါက္ဆြဲသာျပဳတ္စားရန္
လုပ္ေဆာင္မိေတာ့၏ ။
အသင့္စား ေခါက္ဆြဲတစ္ထုပ္ကို ေရႏြေးပူထဲ
ထည့္ျပဳတ္ၿပီး ဆယ္ယူကာ ဟင္းခတ္မႈန႔္မ်ား
ထည့္ထားလိုက္သည္ ။
ထို႔ေနာက္ pan တစ္ခုထဲ မီးပူ႐ုံေလာက္ေလးနဲ႕
သံလြင္ဆီ တစ္စက္ႏွစ္စက္ထည့္ကာ
ၾကက္ဥတစ္လုံး ခြဲထည့္ထားလိုက္၏ ။
ခဏ ေစာင့္ဆိုင္းေနသည့္အခ်ိန္တြင္
ေခါက္ဆြဲျပဳတ္ထဲထည့္စားရန္ အသင့္စား Sausage ေခ်ာင္း
ေလးကို အခ်ပ္အခ်ပ္ကေလးမ်ားရရန္ လွီးေတာ့သည္ ။
' အာ့ ´
Sausage ေခ်ာင္း ၁ ေခ်ာင္းလွီးသည္ကိုပင္
အာ႐ုံလြင့္ေျမာလွ်က္ လက္ကို လွ်ပ္ထိေအာင္
လွီးမိေသာေၾကာင့္ လက္ထိပ္၌ ေသြးဥကေလးမ်ား
ခ်က္ခ်င္း နီရဲကာ စို႔ထြက္လာေလၿပီ ။
Baekhyun သည္ စူးရွရွေလး ေအာင့္လာေသာ
လက္ထိပ္ကို အသာငုံရင္း ဧည့္ခန္းထဲမွ ေဆးဘူး
ရွိရာ ခပ္သုပ္သုပ္ေလး လွမ္းရ၏ ။
ထို႔ေနာက္တြင္မူ ေဆးဘူးထဲမွ အနာကတ္ပလာစတာ
တစ္ခု ထုတ္ယူ၍ လက္ထိပ္ကို ေသေသခ်ာခ်ာ
ဝိုက္ၿပီး ပတ္ထားလိုက္သည္ ။
အရင္ကလို အေျခအေနနဲ႕ဆိုရင္ သူဓားရွသြားတာ
ဥကၠဌႀကီး သိသြားပါက ဘယ္လိုျဖစ္မည္နည္း
ဟု ေတြးမိေတာ့ သက္ျပင္းခပ္ဖြဖြ ခ်မိျပန္သည္ ။
အရင္ကလိုသာဆိုရင္ စိတ္ပူေကာင္း ပူနိုင္လိမ့္ေပမယ့္
ခုေတာ့ သူက ဥကၠဌႀကီးအတြက္ ဘာမွမဟုတ္ေတာ့တာ ။
ဒီတိုင္း စိမ္းသက္သြားတဲ့ ဆက္ဆံေရး ေအာက္က
ဝန္ထမ္းတစ္ဉီးပဲေပါ့ ။
' အာ .. ၾကက္ဥ ! ´
ထပ္ၿပီး ေငးငိုင္ေနမိရာမွ ႐ုတ္တရက္ အေတြးထဲ
ဝင္လာေသာ ၾကက္ဥေၾကာင့္ ကမန္းကတမ္း
မီးဖို ထဲဝင္ေျပးေတာ့ မဲျခစ္ကာတူးေနေသာ ၾကက္ဥကို
pan ထဲတြင္ ျမင္လိုက္ရေလသည္ ။
ျမန္ျမန္ဆန္ဆန္ မီးကို ပိတ္ပစ္ရင္း pan ကို
ေဘစင္ထဲထည့္ကာ ေရဖြင့္ခ်လိဳက္ေတာ့
ရွဲခနဲ အသံႏွင့္အတူ မီးခိုးမ်ားထြက္လာလွ်က္
အေျခအေနက လုံးဝ ဝ႐ုန္းသုန္းကား ျဖစ္သြားေလၿပီ ။
' အဟြတ္ အဟြတ္ ´
မ်က္ႏွာသို႔ တိုးဝင္လာေသာ မီးခိုးမ်ားကို
လက္ႏွင့္ယမ္းကာ ဖယ္ထုတ္ရင္း ေနာက္ဘက္သို႔
ဆုတ္လိုက္မိသည္ ။
မ်က္လုံးမ်ား က်ိန္းစပ္ကာ မ်က္ရည္မ်ားဝဲတက္လာျခင္းႏွင့္အတူ
ရက္အေတာ္ၾကာ ၿမိဳသိပ္ထားခဲ့ေသာ ဝမ္းနည္းစိတ္မ်ားသည္လည္း
လည္းပင္ အရင္းထိတိုင္ေအာင္ ေအာင့္၍ တက္လာ၏ ။
ဟင့္အင္း ... သူထပ္ၿပီး သည္းမခံနိုင္ေတာ့ဘူး ။
ယိုင္နဲ႕ခ်င္ေနေသာ ေျခေထာက္မ်ားကို Baekhyun
အလိုလိုက္စြာပင္ ေျဖေလ်ာ့ ပစ္လိုက္ၿပီး ၾကမ္းျပင္တြင္
ဒူးေထာင္၍ထိုင္ကာ င္ိုခ်မိေတာ့သည္ ။
တင္းက်ပ္ေနေသာ ရင္ဘတ္ကို အနည္းငယ္ ေျပေလ်ာ့သြားမလားဟု
အႀကိမ္ႀကိမ္ထုရင္း အသည္းအသန္ ငိုေႂကြးေနမိ၏ ။
ဘာလို႔ အဆင္မေျပရတာလဲ ။
ဘာလို႔ သူ႕ဘဝက ခ်က္ခ်င္းႀကီး တအားခက္ခဲသြားရတာလဲ ။
ဘာလို႔ သူတစ္ေယာက္တည္း အထီးက်န္သလို ခံစားေနရတာလဲ ။
ဘာလို႔လဲ ။
ဘာလို႔ သူက .... စြန႔္ပစ္ခံရတာလဲ ။
သူဘာမ်ား အမွား လုပ္မိသြားလို႔လဲ ။
ဥကၠဌႀကီးက ဘာလို႔ သူ႕ကို မခ်စ္ေတာ့တာလဲ ။
မသိခ်င္ေယာင္ ေဆာင္မိေသာ ေမးခြန္းေပါင္းမ်ားစြာကို
ထုတ္ေမးရင္း ေအာ္ဟစ္ ငိုေႂကြးမိသည့္တိုင္
ရင္ဘတ္ထဲမွ တင္းက်ပ္မႈက ေျပေလ်ာ့မသြားခဲ့ပါ ။
သူ အရမ္းပင္ပန္းေနၿပီ ။
___
___
ဖုန္း screen ေပၚမွ ၿပဳံးရယ္ေနေသာ မ်က္ႏွာေလးက္ို
Chanyeol လက္ႏွင့္အသာ ပြတ္သပ္ၾကည့္မိၿပီး
ႏႈတ္ခမ္းေထာင့္စြန္းေလး လႈတ္ခတ္႐ုံမွ် ခပ္ဖြဖြ ၿပဳံးမိသည္ ။
အဲ့တုန္းက သူနဲ႕ဒီကေလး ဝါခင္းေတြကို အတူသြားစစ္ခဲ့တဲ့ေန႕ ၊
ရာသီဥတု က သာယာလြန္းတဲ့အျပင္ သူ႕ကေလးရဲ႕
အၿပဳံးေတြလည္း အေတာက္ပဆုံး ျဖစ္ခဲ့တဲ့ အခ်ိန္ေပါ့ ။
ခုခ်ိန္မွာ လွပတဲ့အမွတ္တရအျဖစ္ က်န္ရွိေနခဲ့တာမို႔
သူဘုရားသခင္ကို အထပ္ထပ္ကို ေက်းဇူးတင္မိပါသည္ ။
ဘယ္ေတာ့မွ မဆုံစည္းနိုင္ေတာ့ရင္ေတာင္
ဒီအမွတ္တရေတြကိုေတာ့ သူရင္နာခံၿပီးကို ဘဝတစ္ေလွ်ာက္လုံး
သယ္ယူသြားပါဉီးမည္ ။
အနည္းဆုံးေတာ့ သူက အဲ့ကေလးဘဝအတြက္
အႏွောင့္အယွက္ တစ္ခု မဟုတ္ခဲ့ရင္ပဲ သူေက်နပ္ပါၿပီ ။
' လြမ္း လိုက္ တာ ´
ႏႈတ္မွ ခပ္ဖြဖြ ေရ႐ြတ္မိျပန္သည္ ။
လြမ္းတယ္ .. ခ်စ္ရတဲ့ မ်က္ႏွာကေလးကို
ေသေလာက္ေအာင္ လြမ္းမိတယ္ ။
ဒါေပမယ့္ အရင္ကလို အသံေလးၾကားရေအာင္ေတာင္
ဖုန္းဆက္ခြင့္ မရွိေတာ့ဘူး ။
သူ႕ဘက္က စၿပီး လြတ္လပ္ခြင့္ ေပးလိုက္ေတာ့လည္း
ေဝးနိုင္သမွ် ေဝးပါေစေတာ့ ။
အဲ့ကေလးရဲ႕ ေပ်ာ္႐ႊင္မႈ တစ္ခုနဲ႕တင္ သူ႕ရင္ဘတ္တစ္ခု
ခ်နင္းလိုက္ရလည္း အဆင္ေျပပါတယ္ ။
အဓိကက အဲ့ကေလး ေပ်ာ္ဖို႔မို႔လို႔ ။
ဆိုဖာေပၚ အသာလွဲေနရင္းမွ Chanyeol ထရပ္ကာ
သက္ျပင္းခ်၍ Coat တစ္ခုကို အခန္းထဲကသြားယူလိုက္၏။
သူ႕စိတ္ေတြ အေတာ္ကို မြန္းက်ပ္ပင္ပန္းေနၿပီ ။
ေလေကာင္းေလသန႔္ရႉဖို႔ပဲျဖစ္ျဖစ္ ခဏေတာ့ အျပင္ထြက္ရဉီးမည္ ။
ခပ္ေအးစိမ့္စိမ့္နိုင္ေသာ ရာသီဥတု အတြင္းတြင္
သူ႕အလိုအေလ်ာက္ ကားကိုဉီးတည္မိသည္မွာ
ဆူဆြန္းဒုံ ကိုပင္ျဖစ္သည္ ။
အဲ့ဒီက Cheonggyecheon စမ္းေခ်ာင္းတြင္
ပထမဆုံးအေနနဲ႕ သူ႕ခံစားခ်က္ေတြကို Baekhyun ေရွ႕မွာ
အေလးအနက္ ဝန္ခံခဲ့၏ ။
အဲ့တုန္းကေတာ့ အနည္းငယ္ ရဲတြတ္ေနေသာ မ်က္ႏွာကေလးႏွင့္
ေခါင္းကို အတင္းငုံ႕ထားခဲ့သည့္ ေကာင္ေလးေၾကာင့္ သူ႕မွာ
အခြင့္အေရး ရွိဉီးမည္ဟု အထင္မွားခဲ့ဖူးသည္ ။
အတိတ္ကို ျပန္ေျပာင္းေတြးေတာရင္း ေခါင္းအနည္းငယ္ေမာ့ကာ
သက္ျပင္းခ်မိျပန္ေတာ့ ေဆာင္းဝင္စျပဳလာတဲ့ ရာသီဥတုေၾကာင့္
ပါးစပ္ထဲမွ အေငြ႕ေတြပ်ံထြက္လာသည္ကို အထင္အရွား
ျမင္ေနရ၏ ။
ခပ္ၾကမ္းရွရွ နိုင္တဲ့ လမ္းေပၚထက္
ေျခလွမ္းေတြကို တစ္လွမ္းခ်င္း အာ႐ုံစူးစိုက္ကာ
ၾကည့္ရင္း သူ႕အေတြးေတြက ပ်ံ့ႏွံေန၏ ။
ဒီအခ်ိန္ သူ႕ကေလး အိမ္မွာႏြေးႏြေးေထြးေထြးေရာရွိေနရဲ႕လား ။
ေဆာင္းမဝင္ေသးဘူးဆိုၿပီး ေရေအးေအးႀကီးေတြနဲ႕မ်ား
ခ်ိဳးေနမလား ။ ညဘက္ႀကီး ေခါင္းေလွ်ာ္ၿပီး
ေရေျခာက္ေအာင္ မသုတ္ပဲမ်ား ေန ေနမည္လား ။
ထမင္းကို အရသာရွိရွိ စားေနမည့္ ပုံေလးကို
ျမင္ေယာင္မိေတာ့ လမ္းေပၚေငးစိုက္ၾကည့္ေနရင္း
တစ္ခ်က္ၿပဳံးမိျပန္၏ ။ သူ႕ကေလးက လိမၼာမွာပါ ။
' ဥကၠဌႀကီး ? ´
သို႔ေသာ္ ထိုကေလးအေၾကာင္း စဥ္းစားေနခိုက္မွာပင္
ေရွ႕နားမွ ခပ္တိုးတိုး ထြက္ေပၚလာေသာ အသံေလးေၾကာင့္
မယုံၾကည္နိုင္စြာ ျဖည္းျဖည္းခ်င္း ေမာ့ၾကည့္မိလိုက္ေတာ့ ။
ဟုတ္ပါသည္ ။ သူလြမ္းေနခဲ့ေသာ မ်က္ႏွာကေလးသည္
ေရွ႕မလွမ္းမကမ္းမွာပင္ မာဖလာထူထူေလးထဲ ျမဳပ္လို႔ေန၏ ။
Chanyeol သည္ အခုမွ ရင္ထဲတြင္ ႏြေးေထြးမႈေလး
ေနရာယူသြားသလို မ်က္ရည္ပင္ဝဲခ်င္လာသည္ ။
ခုမွပင္ သူမသိမသာေလး ၿပဳံးနိုင္ေတာ့၏ ။
' ညဘက္ႀကီး .. တစ္ေယာက္တည္းလား ´
Baekhyun ဘက္ကလည္း ေရွ႕တိုးမလာခဲ့သလို
Chanyeol ဘက္ကလည္း ေရွ႕မတိုးရဲခဲ့ပါ ။
2 ေယာက္လုံးသည္ မလွမ္းမကမ္းေနရာတြင္ပဲ
ေရစုံရပ္ေနရင္းမွ တစ္ေယာက္ကိုတစ္ေယာက္
ေငးေမာၾကည့္ေနမိၾက၏ ။
တိတ္ဆိတ္ေနေသာ အေျခအေနတြင္ Chanyeol
ဘက္မွပင္ ခပ္ဖြဖြၿပဳံးရင္း ေမးေတာ့ Baekhyun
ဘာမွ ျပန္မေျဖ ။ ဝိုင္းစက္၍ အရည္လဲ့ေနေသာ
မ်က္ဝန္းကေလးမ်ားႏွင့္သာ ႏႈတ္ခမ္းကိုဖြဖြေစ့လွ်က္
ေမာ့ၾကည့္ေနခဲ့သည္ ။
' ငါလည္း ေလေကာင္းေလသန႔္ရေအာင္
ခဏလမ္းလာေလွ်ာက္တာ ... ´
' ဥကၠဌႀကီး ! ´
Chanyeol ဘက္က မ်က္ဝန္းမ်ားကို ေရွာင္ဖယ္ရင္း
ေရာက္တတ္ရာရာ အေျဖမ်ားကို ဘယ္သူမွ ေမးခြန္းမထုတ္ပဲ
ေျဖေနခိုက္ ေခၚသံ ခတ္ဆတ္ဆတ္ေလးကို ၾကားလိုက္ရေလ၏ ။
Chanyeol သည္ အနည္းငယ္ ေၾကာင္အသြားရသည္ ။
အခု သူ႕အျဖစ္က သားရဲေရွ႕ေရာက္ေနေသာ ယုန္ငယ္တစ္ေကာင္လို
အသက္မွ်ပင္ရဲရဲ မရႉရဲပဲ စိတ္ေတြ ဂေယာက္ဂယက္ျဖစ္ေန၏ ။
' ဥကၠဌႀကီး ကြၽန္ေတာ့္ကို ႀကိဳက္ေသးလား ´
ဘုရားေရ ။
ရင္ထဲဒိန္းခနဲ ေဆာင့္တက္သြားေသာ ခံစားခ်က္ႏွင့္အတူ
Chanyeol နား႐ြက္ေတြ က်စ္က်စ္ေတာက္ေအာင္
ပူရဲ တက္လာသည္ ။ သူ ... သူနားၾကားမွာတာ မဟုတ္ဘူးလား ။
ခုနက ဘာေမးလိုက္တာ ?
သို႔ေသာ္ ထို႔သို႔ ဂေယာက္ဂယက္ျဖစ္ေနသည့္ၾကားမွ
သူ ေခါင္းကို တဆိတ္ဆိတ္ၿငိတ္ျပမိလိုက္ေသး၏ ။
' ေအာ ... အင္းးး ႀကိဳက္ ႀကိဳက္တယ္ ´
အနည္းငယ္ လက္သြားေသာ Baekhyun ၏
မ်က္လုံးေလးေတြကို ၾကည့္ရင္း Chanyeol ရင္ေတြ
တဒိန္းဒိန္းကို လႈပ္ရွားလာသည္ ။
တုံးအ သည့္သူ မဟုတ္တာမို႔ ဒီအေျခအေနက
ဘယ္ကို ဉီးတည္သြားနိုင္သည္ဆိုတာကို ရိပ္မိသည့္တိုင္
သူမယုံရဲခဲ့ ။ မဟုတ္ဘူးမလား ။
Byun Baekhyun က သူ႕ကို အေျဖေပးေတာ့မွာ
မဟုတ္ဘူးမလား ။
မေလာက္ပါဘူး ။ ဟုတ္တယ္ မဟုတ္ေလာက္ဘူး ။
အဲ့လို ျဖစ္လာမွာ မဟုတ္ဘူး ။
Byun Baekhyun က သူ႕ကိုဘာလို႔ျပန္ႀကိဳက္ရမွာလဲ ။
ဟင့္အင္း .... Byun Baekhyun သူ႕ကို
အေျဖျပန္ေပးမွာ မဟုတ္ေလာက္ပါဘူး ။ ဟုတ္တယ္ ။
အေျဖမေပးပါေစနဲ႕ ။ အေျဖမေပးပါေစနဲ႕ ။
အဲ .. မဟုတ္ေသးဘူးေလ ။
ဒါေကာင္းတဲ့ ကိစၥပဲ ။ အေျဖျပန္ေပးပါေစ ။ အေျဖျပန္ေပးပါေစ ။
Chanyeol သည္ တစ္ေယာက္တည္း
ဂေယာင္ေျခာက္ျခားျဖစ္ေနသည့္ အေျခအေနတြင္
အသံလြင္လြင္ေလးက ထပ္မံထြက္ေပၚလာျပန္သည္ ။
' ဒါဆို ဒီရက္ေတြအတြင္း ကြၽန္ေတာ့္ကို ဘာလို႔ေရွာင္ေနတာလဲ ´
' ဟို .... အဲ့တာက .... အင္း ...
မင္း အႏွောင့္ ... အယွက္ ျဖစ္ မယ္ထင္လို႔ ´
Chanyeol ၏ မ်က္လုံးမ်ားသည္ မတည္ၿငိမ္ ။
Baekhyun ၏ မ်က္လုံးမ်ားက သူ႕ထံတြင္
စူးစိုက္ရွိေနသေလာက္ သူကေတာ့ျဖင့္ ေနရာစုံသို႔
အၾကည့္ေရာက္ေနသည္ ။
' ဘာလို႔ျဖစ္ရမွာလဲ ?
ကြၽန္ေတာ္လည္း ဥကၠဌႀကီးကို ႀကိဳက္တယ္ေလ ´
' ဟမ္ ? ´
Chanyeol သည္ မထုံတတ္ေတးပုံမ်ိဳးႏွင့္
မ်က္လုံးႀကီး ဝိုင္း၍သာ ေမးမိေတာ့သည္ ။
ခဏေလး ... သူဘာၾကားလိုက္တာလဲ !
တကယ္ ဘာကိုၾကားလိုက္ရတာလဲ ?
အဲ့ .. အဲ့ဒါ ကိုရီးယားစကားေရာဟုတ္ရဲ႕လား ?
႐ုတ္တရက္ နားလည္ဖို႔ပင္ ခက္ခဲသြားရသည္ ။
တစ္ေယာက္ေယာက္ေလာက္ ဘာသာျပန္ေပးၾကပါ ။
ေက်းဇူးျပဳၿပီး .... ေက်းဇူးျပဳၿပီး .....
' ခဏေလး ေနဉီး ခဏေလး ´
Chanyeol သည္ လက္ဝါးတစ္ဖက္ျဖင့္ Baekhyun
ကိုကာထားလိုက္ရင္း တစ္ဖက္ကမူ ႏွဖူးေၾကာကို
အခါခါဖိႏွိပ္ေနမိသည္ ။
' ငါ .. ငါအိပ္မက္မက္ေနတာ ျဖစ္မယ္ .
ဟုတ္တယ္ ... ငါအိမ္ေရွ႕ခန္းက ဆိုဖာေပၚအိပ္ေပ်ာ္သြားတာ
ၿပီးေတာ့ အိပ္မက္မက္ေနတာ အခု ! ´
Chanyeol သည္ မိမိ လက္ခုံကို ဆိတ္ဆြဲမိေတာ့သည္ ။
' အာ့ .. အားးးး နာတယ္ဟ !! ´
Chanyeol သည္ အမွန္တကယ္ပင္ မ်က္လုံးျပဴးသြားေတာ့၏ ။
' ဘာလဲ ? အိပ္မက္ မဟုတ္ဘူးလား
တကယ္ႀကီးလားး ´
သူလန႔္ျဖတ္ကာ ေအာ္မိသည့္ေနာက္တြင္
Baekhyun ၏ ရယ္သံလြင္လြင္သည္
က်ယ္က်ယ္ေလာင္ေလာင္ကို ထြက္ေပၚလာေတာ့သည္ ။
Chanyeol သည္ ေရာေယာင္၍ပင္
လိုက္ရယ္မိသည္လား မသိေတာ့ပါ ။
ယခုသိသည္က Baekhyun က သူ႕ကို
ခ်စ္သည္ ဆိုတာ တစ္ခုတည္း ။
Baekhyun က ခ်စ္တယ္တဲ့ ! သူ႕ကိုခ်စ္တယ္တဲ့ ။
ခ်က္ခ်င္းပင္ သူ႕ပါးစပ္ကို လက္ ၂ ဖက္ႏွင့္အုပ္ထားကာ
ရယ္မိေတာ့သည္ ။
ထမခုန္မိေစရန္ မနည္းထိန္းထားရ၏ ။
အေပ်ာ္ေတြေၾကာင့္ လူတစ္ကိုယ္လုံး အေပၚသို႔
ေျမာက္တက္သြားေတာ့မလို႔ ခံစားလာရသည္ ။
မ်က္ႏွာခ်င္းဆိုင္မွ Baekhyun သည္လည္း
အားရပါးရ ၿပဳံးရယ္ေနခဲ့၏ ။
Baekhyun သည္ ဝဲလုမတတ္ျဖစ္ေနေသာ
မ်က္ရည္ေတြကို လက္ျဖင့္ဆြဲသုတ္ပစ္ရင္း
Chanyeol ဆီ အေျပးသြား၍ အတင္းခုန္တက္ကာ
လည္ပင္းအား ဖက္ထားပစ္လိုက္ေတာ့သည္ ။
သ္ို႔ေသာ္ ဒရမ္မာႏွင့္လက္ေတြ႕ေလာက မတူသည္က
မတူသည္ပဲျဖစ္၏ ။
႐ုတ္တရက္ ခုန္တက္လာေသာ Baekhyun ေၾကာင့္
Chanyeol ေနာက္သို႔ လန္က်ကာ ၂ ေယာက္သား
လမ္းမထက္ လုံးေထြးကာ က်ေတာ့သည္ ။
ခါးပင္က်ိဳးသြားသလို ခံစားလိုက္ရ၏ ။
Baekhyun သည္ Chanyeol ရင္ဘတ္ေပၚ
လဲက်ေနရာမွ ကုန္း႐ုန္းထကာ ဆြဲထူ၍ ထိုင္ခိုင္းရသည္ ။
Chanyeol မွာမူကား လမ္းမေပၚ ေျခကားယားႏွင့္
ပစ္ထိုင္၍ မ်က္ႏွာက နာက်င္မႈေၾကာင့္ အေသရႈံ႕မဲ့ေနၿပီ ။
' ဥကၠဌႀကီး .. အဆင္ေျပရဲ႕လားဟင္
တ .. တအားနာသြားလား ´
' အား .. ခါးက အဆစ္မ်က္သြားတယ္ထင္တယ္
နာတာ ေသမလိုပဲ ´
Baekhyun မွာေပြ႕ခ်ီၿပီး ေဆးခန္းပဲ ေျပးရေတာ့မလိုလိုႏွင့္
Chanyeol ၏ ခါးတစ္ဖက္အား မဝံ့မရဲ ထိကိုင္ကာႏွင့္
ပ်ာယာခတ္သြားရေတာ့သည္ ။
' အဲ့တာမို႔ ဘာလို႔႐ုတ္တရက္ႀကီး ခုန္တက္လာတာလဲလို႔ !
ငါ့ကို လူငယ္လို႔မ်ားမွတ္ေနသလား !
ကိုယ့္အေဖအ႐ြယ္ေလာက္ရိွတဲ့သူေပၚ ခုန္တက္လို႔ ! ´
႐ုတ္တရက္ႀကီး ထေအာ္လာေသာ ဥကၠဌႀကီးေၾကာင့္
Baekhyun လန့္ျဖတ္ကာ ဆတ္ခနဲတုန္သြားရသည္ ။
သ္ု႔ေသာ္ ခနပင္ ။ ထို႔ေနာက္တြင္မူ အားရပါးရ
ေအာ္ရယ္မိေတာ့၏ ။
Chanyeol ကမူ မ်က္ႏွာႀကီး စူပုတ္၍သာ ေနသည္ ။
' ေပ်ာ္လား ´
' အား ဟား ဟား ေပ်ာ္တယ္ အရမ္းပဲ
ေပ်ာ္တယ္ ခြီးးးးး ´
Baekhyun သည္ မ်က္ရည္မ်ားေဝ့ဝဲတက္လာသည္အထိ
ေအာ္ရယ္ရင္း လက္မမ်ားနဲ႕ ဖယ္သုတ္ကာ အရယ္ကို
မနည္းရပ္ရသည္ ။ Chanyeol ကမူ မ်က္ေမွာင္ႀကီးႀကဳံ၍
မေက်မနပ္ ၾကည့္ေနဆဲပင္ ။
မရေတာ့ဘူး ။ Baekhyun အရမ္းကို အသည္းေတြ
အူေတြ လွိမ့္လွိမ့္ယားလာၿပီပဲျဖစ္သည္ ။ သည္းမခံနိုင္သည့္အဆုံး
Chanyeol လည္ပင္းကို လက္၂ ဖက္ျဖင့္ လွမ္းကာ
သိုင္းဖက္ရင္း ထိုစူပုတ္ေနေသာ ႏႈတ္ခမ္းႀကီးကို
နမ္းရွိုက္မိေတာ့၏ ။
ထိကပ္႐ုံမဟုတ္ ။
အႀကိမ္ႀကိမ္ ဆြဲယူကာ ငုံေထြးရင္း ေခါင္းကို
ေစာင္းငဲ့၍ အားရပါးရ နမ္းေနမိျခင္းျဖစ္သည္ ။
ေအာက္ႏႈတ္ခမ္းမ်ားကို ဆြဲယူ၍ တစ္မ်္ိုး ၊
အထက္ႏႈတ္ခမ္းမ်ားကို ဖိကပ္၍ တစ္ဖုံ
စိတ္ရိွလက္ရိွပင္ အနမ္းေႁခြမိသည္ ။
ခ်ိဳၿမိန္သည္ ။ ႏြေးေထြးသည္ ။
ရင္ခုန္လွိုက္ေမာဖြယ္ေကာင္းလွသည္ ။
အခ်ိန္အေတာ္ၾကာ အနမ္းေႁခြမိသည့္ ေနာက္တြင္ေတာ့
ေနာက္ဆုံးအေနႏွင့္ နင့္နင့္နဲနဲ ဖိကပ္ပစ္ရင္း
အတန္ငယ္ ဖယ္ခြာလိုက္ေတာ့၏ ။
မ်က္ႏွာ ၂ ခုလုံးသည္ ထိကပ္လုမတတ္နီးစပ္ေနၿပီး
တစ္ေယာက္၏ ဝင္သက္ထြက္သက္က တစ္ေယာက္
မ်က္ႏွာေပၚ ရိုက္ခတ္ေနပါသည္ ။
Baekhyun ၏ မ်က္ဝန္းမ်ားကမူ အတန္ငယ္
ၿပဳံးေယာင္သန္းေနခဲ့၏ ။
' ပထမဆုံး အနမ္းပဲ ´
အသိစိတ္မရိွသူတစ္ေယာက္ ေငးငိုင္ေနရာမွ
ပထမဆုံးအေနႏွင့္ ေရ႐ြတ္လာေသာ Chanyeol
၏ အသံေၾကာင့္ Baekhyun ေၾကာင္အစြာပင္
ဟင္ ? ဟု အာေမဋိတ္ျပဳမိသည္ ။
' ပထမဆုံးအနမ္းလို႔ !
ဘယ္လိုလုပ္ၿပီး မင္းက စနမ္းရဲရတာလဲ ´
' ဗ်ာ ? ´
Chanyeol ၏ ပုံသည္ အလိုမတူပဲ အနမ္းခံလိုက္ရေသာ
မိန္းမပ်ိဳေလး တစ္ေယာက္၏ ဟန္ပန္မ်ိဳးႏွင့္ မခံမရပ္
ျဖစ္ေနသည့္ပုံ ။
' ငါ့စိတ္ကူးထဲက ပထမဆုံးအနမ္းက
ငါက မင္းကိုငုံ႕နမ္းရမွာေလ !
ဘယ္လိုျဖစ္ၿပီး မင္းက ငါ့ကို စနမ္းရတာလဲ ´
Baekhyun သည္ ဥကၠဌႀကီး၏ အမွန္တကယ္ပင္
စိတ္တိုေနဟန္ရိွေသာ မ်က္ႏွာႀကီးကို ၾကည့္ရင္း
ေခါင္းငုံ႕၍သာ ရယ္ခ်မိလိုက္ေတာ့သည္ ။
ဒီေလာက္ ခ်စ္ဖို႔ေကာင္းေနလို႔ ဘယ္ျဖစ္မလဲဗ်ာ ။
Baekhyun သည္ ထပ္မံ၍ပင္ ႁပြတ္စ္ ခနဲ
ႏႈတ္ခမ္းကို ထပ္လွမ္းနမ္းလိုက္ပါ၏ ။
' ကေလးလို လုပ္မေနနဲ႕ဗ်ာ ...
လာ ထ ! သြားၾကမယ္ ´
Baekhyun သည္ ၿပဳံးစစ မ်က္ႏွာေပးႏွင့္ၾကည့္ရင္း
ထကာ ဖုန္ခါ၍ ေျမာက္ႂကြႂကြ ထြက္လာခဲ့ေတာ့သည္ ။
' ရားး .. ရားးး အဲ့ေနရာမွာရပ္ေနစမ္း
ငါ့ ပထမဆုံးအနမ္း ျပန္ေပးလို႔ ´
Chanyeol သာ ေနာက္မွ လက္ညိႈးတစ္ထိုးထိုးႏွင့္
ေအာ္ဟစ္ရင္း က်န္ခဲ့ရေလ၏ ။
ဤသို႔ျဖင့္
ေရစီးသံ တေသာေသာနားမွ ၾကည့္ႏူးဆြတ္ပ်ံ့ဖြယ္
အခ်စ္ဇာတ္လမ္းေလးသည္ ထိုေန႕မွ စတင္ခဲ့ေလသည္ ။
ၿပီးပါၿပီ
ဟဲ ဟဲ စတာ စတာ ၿပီးစရာလား :3
ေနာက္ဆုံးေတာ့ အပိုင္း ၃၀ မွာ မုန္လာဥတို႔ ဥကၠဌႀကီး
အေျဖျပန္ရသြားပါၿပီရွင္
ကုန္းရွီ ကုန္းရွီ \^0^/
( စကားမစပ္ အကုန္ၿပီးခါမွ ပ်က္သြားလို႔ ငိုၿပီး
ေနာက္တစ္ေခါက္ ျပန္ Type ထားရတာေနာ္ '^´ )