နေ့လည် ၂နာရီကျော်နေသော်ငြား တေဇနှင့် သူရိန် နေ့လည်စာ မစားရသေး ။ ဘရဏီတို့၏ မင်္ဂလာဆောင် ဖိတ်စာကို လိုက်ဝေနေရသည်မှာ မနက် ၁၀ နာရီတည်းကပင် ဖြစ်သည် ။ တေဇ မစားလို့ မဖြစ်သော်ငြား သူရိန်က မစားလို့ မရ ။ သူရိန့်တွင် အစာအိမ်ရောဂါ ရှိသည်လေ ။
ပြည်တက္ကသိုလ် ရှေ့နားအရောက် တေဇ ဆိုင်ကယ်ကို အရှိန်လျော့မောင်းရင်းနှင့် နေ့လည်စာစားရန် အဆင်ပြေမည့် ဆိုင်တစ်ဆိုင်ကို ရှာရသည် ။ ဆိုင်တွေ့ချိန်တွင် ဆိုင်ကယ်ကို ရပ်လိုက်ပြီး သူရိန် စားသောက်ရဖို့ မှာရသည် ။ လက်ရှိချိန်တွင် တေဇ အတွေးထဲမတော့ သူရိန် အစာစားရဖို့အရေး မိမိ အရေး ဖြစ်လို့နေသည် ။ တေဇကသာ သူရိန် စားဖို့သောက်ဖို့ ကိစ္စပြင်ဆင်နေရသော်ငြား သူရိန်က မလှုပ်မရှက် ။
"ကို ဘာစားမလဲ မှာလေ''
"ဟမ်..အမ်း..ပင်လယ်စာ ပရှုးတစ်ပွဲပေး ညီလေး''
စားသောက်ရန် အာရုံ မလာသည့်ပုံနှင့် သူရိန်က waiterလေးကို မှာလိုက်သည် ။
"ပရှူးက အစပ်တွေလေ.. မစားရဘူး ။ ပြီးရင်ဗိုက်အောင့်မယ်''
"အဲ့တာဆိုလည်း အစတည်းက ငါ့ကို မမှာခိုင်းနဲ့လေ ။ မင်းဟာမင်း မှာလိုက်ပါလား''
"ဟာ..ဘလိုင်းကြီနော်။ လုပ်ချင်တာလုပ် စားချင်တာစား ။ ကျွန်တော် ဘာမှ မပြောတော့ဘူး''
"ပင်လယ်စာ ထမင်းပေါင်းပဲ ပေးတော့ ညီလေး။
လိမ္မော်ရည် နှစ်ခွက်ရယ် sandwich တစ်ပွဲ''
သူရိန် ပြောင်းမှာလိုက်ပြီးနောက်
" Sorry ကွာ မောင်ရာ..တစ်နေ့လုံး နေရထိုင်ရတာ စိတ်ထဲ သိပ်မကြည်လို့ပါ ။ စိတ်ဆိုးသွားလား ''
မျက်နှာငယ်လေးနှင့် တေဇကို ချွဲလာပြန်သည် ။
"မဆိုးပါဘူး။ ထားလိုက်တော့''
မှာထားသည်များ မရောက်မချင်း တေဇ ph ထိုင်သုံးနေလိုက်သည် ။ စားပွဲထိုးလေးက မှာထားသည်များ လာချပေးချိန်တွင် နှစ်ဦးသား စကားမပြောဖြစ်ပဲ အစားသာ စားသောက်နေလိုက်ကြသည် ။ စားပြီးခါနီးချိန်မှ Phက message notiသံ ကြားသဖြင့် အရင်စားပြီးနေသော သူရိန်က phကို ကောက်ကိုင်လိုက်သည် ။
"ကြည့်မနေနဲ့။ MPTကပဲ နေမှာ''
တေဇ ပြောသော်လည်း သူရိန်က phကိုသာ စိုက်ကြည့်နေသည် ။ စက္ကန့်ပိုင်းမျှ အကြာ တေဇ လက်ထဲ phကို ထိုးထည့်ပေးပြီး ဆိုင်အဝင်ပေါက်ဘက်သို့လှည့်ကာ သက်ပြင်းတစ်ချက်ချ
လိုက်သည် ။ တေဇ Ph မှ messageကို ဖတ်အကြည့် ရင်ထဲမောသွားရသည် ။
မားနဲ့ ဘွားဘွားကြီးကို ဂရုစိုက်ပါ
အငယ်နှစ်ကောင်နဲ့အတူ ရဲရင့်ကိုလည်း
စောင့်ရှောက်ပေးပါ ။ မင်းတို့လည်း
ကျန်းမာရေး ဂရုစိုက် ။
အကြီးမပီသခဲ့မိတာတွေ အတွက်
တောင်းပန်ပါတယ် bye
ချက်ချင်းပင် ကိုကိုကြီးphကို တေဇ ဆက်လိုက်သည် ။
"ကိုကိုကြီး ခု ဘယ်မှာလဲ ''
" ငါ စိတ်လက်ချမ်းသာမယ့် နေရာတစ်ခုကို သွားမလို့ ။ ပြီးတော့ ကျေးဇူးပြုပြီး လိုက်မရှာပါနဲ့ ။ မားနဲ့ ဘွားဘွားကြီးကိုတော့ ကျောင်းဆက်တက်ဖို့ ငါ နိုင်ငံခြား ထွက်လာတယ်လို့ ပြောခဲ့တယ် ။ ခဏ ခဏ ဆက်သွယ်နေမှာပါ ။ စိတ်မပူပါနဲ့''
"ပြဿနာ တောထဲကနေ ဒီတိုင်း ကိုယ်လွတ်ရုန်း
သွားတာ ကိုကိုကြီး တစ်ကိုယ်ကောင်းဆန်တာ''
တေဇ.. ကိုကိုကြီး ပြန်လာလို ပြန်လာငြား ပါးစပ်ထဲရှိရာ ပြောလိုက်သည်။
"ကိုယ်လွတ်ရုန်းတာ မဟုတ်ပါဘူးကွာ ။ ငါရှိသင့်တဲ့ နေရာမှာ ငါရှိနေဖို့ ထွက်သွားပေးတာပါ ။ ရဲရင့်ကိုလည်း ခဏတာ စိတ်သက်သာရာ အနေနဲ့ ငါ့အပေါ် နည်းနည်း စိတ်ယိုင်ခဲ့တယ် ဆိုတာ သူနားလည်အောင် ရှင်းပြပေးခဲ့ပါတယ် ။ တဖြည်းဖြည်းနဲ့ သူ နားလည်သွားမှာပါ''
"ဒါပေမယ့်.. ကိုကိုကြီး သူ့ကို ချစ်နေတယ်မလား''
" ဒီစကားက ငါ မဖြေသင့်ဘူးလေ တေဇ ။ ထားပါ ... ငါ့ကို အကြီးမပီသလို့ ဘုရားက ဒဏ်ခတ်လိုက်တာ ။ ဘရဏီ့ကိုလည်း ငါ့ကြောင့် ထပ်ပြီး စိတ်မဆင်းရဲစေချင်ဘူး ။ တစ်ခါတစ်လေတော့ အကို တစ်ယောက် ပီသချင်လာတာလည်း ပါတာပေါ့ကွာ''
"ကိုကိုကြီးက အမြဲတမ်း အကိုတစ်ယောက် ပီသခဲ့ပါတယ်''
" ကျေးဇူးပါ... ကျန်းမာရေး ဂရုစိုက် ။ ဒါပဲနော်''
ကျန်သည့်ဖိတ်စာများကို ဝေပြီးနောက် တေဇနှင့် သူရိန် အိမ်သို့သာ ပြန်လာခဲ့လိုက်သည် ။ အိမ်သို့ရောက်ချိန် ဧည့်ခန်းထဲတွင် သူရမင်းနှင့် သုသုတို့အတွဲရယ် ဘရဏီတို့ အတွဲရယ် ပွဲကျနေသည် ။ ကိုရဲရင့်က တေဇကို တွေ့တော့ မျက်နှာတစ်ချက် ပျက်သွားပြီးနောက် အနားကိုကပ်လာကာ ခပ်တိုးတိုး နှင့် တောင်းပန်စကား ဆိုလာသည် ။
"ဟို..တေဇ။ ဟိုတစ်လောက ဖြစ်ခဲ့တဲ့ ကိစ္စတွေ
အားလုံးအတွက် တောင်းပန်ပါတယ် ။ အကိုသော် ပြောခဲ့သလိုပဲ ဟိုမိန်းမကြောင့် စိတ်ညစ်နေရတဲ့အချိန် အကိုသော်က ငါ့အတွက် ရှိနေပေးခဲ့လို့ ငါအားကိုးရာ ငါစိတ်သာရာကို လိုက်ခဲ့မိတာ နေပါလိမ့်မယ်''
"ခွပ်''
စိတ်သာရာတဲ့လား ... မတန်တဆ ပေးဆပ်ပြီး ချစ်ပေးခဲ့သည့် ကိုကိုကြီးက သူ့အတွက် စိတ်သက်သာရာ ပျော်ရွှင်ရာတဲ့လား ။ တေဇ စိတ်ကို ထိန်းနေသည့်ကြားက တစ်ချက် ထိုးလိုက်မိသည် ။ ညီ တစ်ယောက် ပြီးတော့ အစ်ကိုတစ်ယောက်အနေနှင့် ထိုမျှလောက်တော့ တေဇ လုပ်သင့်တယ် မဟုတ်လား... မလွန်ပါဘူးနော်။
ဘရဏီနှင့် သူရမင်းတို့ နှစ်ယောက် ဝင်ဆွဲကြပေမယ့် သူရိန်က ဆိုဖာပေါ် မလှုပ်မယှက် ။ တေဇ မထိုးခဲ့ပါလျှင်တောင် သူ ဝင်ထိုးတော့မည့် အခြေအနေတွင် ရှိနေသည် ။
"ငါ မှားခဲ့တာတွေ အားလုံးအတွက် မင်းနဲ့ အကိုသော်ကို ရှိခိုး တောင်းပန်ရင်တောင် မကျေမှန်း ငါသိပါတယ် ။ ဒါပေမယ့် ငါ့ကို ခွင့်လွှတ်ပေးစေချင်တယ်''
"ကိုကိုကြီးက ခွင့်လွှတ်ကောင်း ခွင့်လွှတ်နိုင်ပါ
လိမ့်မယ် ။ ကျွန်တော် ခွင့်လွှတ်ပေးဖို့ကတော့ ခင် ဗျား ကျွန်တော့် ညီမအပေါ် အိမ်ထောင်ဦးစီးတစ်ယောက် ပီသမှုအပေါ်ပဲ ကျွန်တော် ကြည့်ရလိမ့်မယ်''
"စိတ်ချပါ ။ ကိုယ် ဘရဏီ စိတ်ချမ်းသာဖို့ ပြောင်းလဲတော့မှာပါ''
"ဒါကတော့ ကျွန်တော် စောင့်ကြည့်ရအုန်းမှာပဲလေ ။ ပြီးတော့ ကျွန်တော့် ညီမ ကျန်းမာရေး အခြေအနေကို ခင်ဗျား သိမှာပါ ။ ဂရုစိုက်ပေးပါ ''
"စိတ်ချပါ တေဇ''
နှစ်ယောက်သား စကားပြောပြီးနောက် လူခြောက်ယောက်ရှိသည်နှင့် ခြားနားစွာ ဧည့်ခန်း
တစ်ခန်းလုံး တိတ်ဆိတ်သွားသည် ။ တစ်ယောက်
တစ်မျိုးစီ အလုပ်ရှုပ်ချင်ယောင် ဆောင်နေကြချိန် လူခေါ်ဘဲလ် မှ အသံမြည်လာ၍ သုသုမက
"နေ..နေ။ ငါသွားလိုက်မယ်''
သုသုမ ခြံတံခါးနားကပ် စကားပြောနေပြီး ခြံတံခါးကို ဆွဲဖွင့်ချိန်တွင် ကိုကိုကြီး ကားက ခြံထဲဝင်လာသည်။
"ဟယ်...ကိုကိုကြီး ပြန်လာတာလား''
ဘရဏီ ဝမ်းသာအားရနှင့် ရေရွတ်သည် ။ တေဇလည်း စိတ်ထဲမှ ကိုကိုကြီးဖြစ်စေဖို့ရာ ဆုတောင်းနေမိသည် ။ ကားပေါ်က ဆင်းလာသူကို မြင်မှ တေဇ ဆုတောင်းမပြည့်မှန်း သိလိုက်ရသည် ။ ကားပေါ်မှ ဆင်းလာသူက ကိုကိုကြီး၏ လုပ်ဖော်ကိုင်ဖက် ဂျူနီယာတစ်ဦး ဖြစ်နေခဲ့သည် ။
"ဟို...ဆရာက.. ဒီကားနဲ့ စာရွက်စာတမ်းတွေ ပေးခိုင်းလိုက်လို့ပါ ။ ကားနဲ့ ပက်သက်သမျှ စာရွက် စာတမ်းတွေရယ် ကားရယ်က ညီလေးကို ပေးခိုင်းလိုက်ပါတယ် ။ ပြီးတော့.. အိမ်နဲ့ခြံ စာချုပ်ကိုတော့ ညီမအလတ် မင်္ဂလာဆောင်မှာ လက်ဖွဲ့အနေနဲ့ ပေးခဲ့ဖို့ မှာထားခဲ့ပါတယ်''
"ဟုတ်ကဲ့ အကို''
"ပြီးတော့...ကိုရဲရင့်မင်းမြတ်နဲ့ ပက်သက်ပြီး သူ
လိုက်ပေးနေတဲ့ အမှုကိုလဲ ကျွန်တော့်ကို ပါဝါလွှဲပေးခဲ့ပါတယ် ။ ဒီအမှု ပြီးဆုံးတဲ့ထိ ကျွန်တော်လိုက်ပေးမှာပါ ''
တစ်ဦးတစ်ယောက်ထံမျှ စကားသံတို့ ထွက်မလာ ။
"ဒါဆို.. ကျွန်တော့်ကို ခွင့်ပြုပါအုန်း ခင်ဗျ''
ကိုကိုကြီး၏ Plan ချနိုင်မှု စွမ်းအားကို တေဇထွန်း မလေးစားပဲ မနေနိုင် ။ အားလုံး ဝေးရာကို ထွက်သွားခဲ့သော်ငြား အရာ အားလုံးကို မျက်နှာလွှဲခဲပစ် မလုပ်ခဲ့ ။
ညစာ ထမင်းဝိုင်းတွင်မတော့ အားလုံး တိတ်ဆိတ်နေကြသည် ။ မား မျက်နှာ မကောင်းသည့်အပြင် အငယ်လေးက ထမင်းလုံးဝ ဆင်းမစား ၊ ဘွားဘွားကြီးကလည်း သက်ပြင်း တချချနှင့် ။
"စားကြလေ ။ ဘာလို့လဲ လက်ရာ မကောင်း
လို့လား''
သူရိန်က သူ ဝယ်လာသည်များကို မစားသဖြင့် ပြောလာသည်။
"မဟုတ်ပါဘူးဟယ်.. သားက နိုင်ငံခြား ထွက်သွားတာကို ဝမ်းမနည်းပဲ ပျော်ပျော်ကြီး ထမင်းထိုင်စားနေရမှာလား ငါက ''
မားက မခံ ။ ပက်ခနဲ ပြန်ပြောသည် ။
"အော်..မသိဘူးလေ။ စားမကောင်းလို့လားလို့ ။
နိုင်ငံခြားသွား စာသင်တာ ကောင်းတဲ့ ကိစ္စပဲကို ။
ကောင်းတဲ့ကိစ္စအတွက် သွားတာပဲ ။ ပျော်ပေးရမှာလေ မဟုတ်ဘူးလား''
"နင့် ပါးစပ် ပိတ်ထားစမ်း ။ နားကို ညည်းနေတာပဲ။ နင်လည်း အရင်က တော်လှ.. တော်လှနဲ့ တေဇထွန်းနဲ့ ညားပြီး သောက်စကားကို များနေတော့တာပဲ''
"ဟမ်..မားကလည်း ။ မဆီမဆိုင်.. သားကို''
"ဒါနဲ့....မင်္ဂလာဆောင်ရောက်ရင် သူမရှိဘူးပေါ့''
ဘွားဘွားကြီးက စဥ်းစဥ်းစားစားနှင့် ပြောတော့
မားက နှစ်သိမ့်ပေးသည်။
"သူ အဲ့မှာ ကျောင်းတက်ရဖို့ မျှော်လင့်နေခဲ့တာတဲ့ အမေရဲ့ ။ သူ့ ဆုတောင်း ပြည့်တာပေါ့''
" ကျောင်းကလည်း တက်မယ့် တက်ရတော့လည်း ချက်ချင်းကြီး။ နင်တို့ ခေတ်ကလည်း ငါတော့ လိုက်မမှီတော့ပါဘူးအေ''
တစ်ယောက်တစ်ပေါက် စကားပြောရင်း ညစာ
ထမင်းဝိုင်းလေးလည်း ပြန်လည် စိုပြေသွားသည်။ တေဇ ဟင်းပန်းကန်ထဲမှ ရေဘဝဲအစပ်ချက် နည်းနည်းနှင့် ထမင်းနည်းနည်း ထည့်ပြီး အငယ်လေးကို သွားပေးတော့
"အငယ်လေး အငယ်လေး..တံခါးဖွင့်အုန်း''
နှစ်ခါ မခေါ်ရ ။ အငယ်လေး တံခါးဖွင့်လာပြီး
"ဘာလဲ... ကိုကိုလေးရာ မစားချင်ပါဘူးဆို''
"မစားလည်း နေလေ ။ စာကြည့်စားပွဲပေါ် တင်ထားပေါ့။ ရွက်ထားရတာမှ မဟုတ်တာ''
တေဇ နောက်လိုက်တော့ မဆိုစလောက်လေးတော့ ပြုံးလာသည်။
"ကိုကိုကြီး ဘာလို့ ထွက်သွားလဲ သမီး သိတယ်''
" အားရား...ငါ့ညီမလေးတောင် လူကြီးဖြစ်လာပြီပဲ''
ချီးကျူးပေးရင်း ဆံပင်လေး ဆွဲဖွပေးတော့
"မလုပ်နဲ့ဗျာ။ သမီး ကလေးမဟုတ်တော့ဘူး။သမီးက ဘယ်သူက ဘာဆိုတာ မပြောလည်း သိတယ် ။ ကိုကိုလေးတို့ကသာ သမီးကို ဘာမှမသိဘူးဆိုပြီး ကလေးလို ထားနေကြတာ"
"ဟုတ်ပါပြီ။ လူကြီးလေးရယ်..သိရင်လည်း တိုးတိုးနေ မားတို့ သိကုန်ရင် မကောင်းဘူး''
"အင်းပါ.. ငယ်လေး သိပါတယ်''
"အဲ့တာဆို ကိုကိုလေး အိမ်ပြန်တော့မယ် ။ ဟိုပန်းကန်ထဲက ဟာတွေ အကုန်မှတ်ထားတယ်နော် ။ ရေဘဝဲ ဘယ်နှစ်ကောင် ထမင်း ဘယ်နှစ်စိက အစ''
"မစားဘူးဗျာ ။ မစားဘူး စိတ်ချ ''
ဆူအောင့်အောင့်နှင့်ပြောရင်း တေဇကို အခန်းအပြင်သို့ အတင်း တွန်းထုတ်နေသည် ။ သေချာပြီ ဒီကလေးမလေး ဗိုက်တော်တော်ဆာနေပြီ။
အိမ်သို့ ပြန်အရောက် အိပ်ရာပေါ်လှဲရင်း သူရိန်က စကားစလာသည် ။
"မောင်''
"ဗျာ''
"ကိုယ့်ကို ချစ်ရော ချစ်ရဲ့လား''
"ဟောဗျာ..မချစ်ရင် ဒီအဆိုးလေးဒဏ်ကို ခံနေပါ့မလား''
"တကယ်ချစ်ရင် တစ်ခုခုဆို သတ္တိရှိရမယ်နော်။
ကိုယ့်ဖေဖေနဲ့ မေမေလို မောင့်ရဲ့မားနဲ့ပါးလို အ သက်တွေကြီးပြီး သေသည်ထိ တစ်ယောက်ထဲ ကိုပဲ ချစ်နေရမယ် ။ ကိုကိုကြီးလို ရှောင်မပြေးရဘူး ။ ကိုကို့လိုလည်း ဇယားတွေမကပ်ရဘူး။ ဘရဏီ့လို လွယ်လွယ် လက်မလွှတ်ပဲ ဆွဲထားရမယ်နော်''
"ဟင့်အင်း။ အဲ့လို မလုပ်နိုင်ဘူး''
" ဘာ... "
"အရင်တည်းက မောင်က ဒီအချက်တွေထပ် သာလွန်ပြီး ကို့ကို ချစ်ခဲ့တာလေ ။ သူများတွေနဲ့ ယှဥ်လို့ မရလောက်အောင်ထိ ကို့ကို မြတ်နိုးခဲ့တာ''
"အမယ့် ကိုယ့်ရဲ့ ကလေးလေးက စကားတွေတက်''
"No..no ကလေးလေး မဟုတ်ပါဘူး''
"ကလေးလေးပါ''
"မဟုတ်ကြောင်း သက်သေပြရတော့မယ် ထင်တယ်''
"သဘောလေ''
ပြုံးစိစိနှင့် တေဇကို ကျောခိုင်းသွားသော သူရိန်။ တေဇ ကိုယ်ပေါ်မှ boxerကလွဲ၍ အဝတ်အစားများ အားလုံးကို ချွတ်လိုက်ပြီး ကုတင်ပေါ် ခုန်အတက်
"မောင်..ခုမှ ထမင်းစားပြီးတာလေ''
"အင်းလေ..အချိုတည်းမယ်လေ''
"မောင်ကသာ...အချိုတည်းတာလေ ။ ကိုယ်ကကျ....''
ပြောရန် စကားတို့ စွံ့အပြီး မျက်လုံးဘေးထောင့်ကပ်ကာ ဟိုဟိုဒီဒီ လျှောက်ကြည့်နေသော သူရိန်။
"အင်း...ကိုကကျ ဘာဖြစ်လဲ။ ပြောလေ''
"မပြောဘူးကွာ ။ သဘောပဲ လုပ်ချင်တာ သာလုပ်တော့''
"ကို...မကြိုက်ရင်လည်း မစတော့ပါဘူး''
"ဟို..မကြိုက်ဘူး မပြောပါဘူး''
"ဒါဆို..ကြိုက်တယ်ပေါ့''
"အင်း...သိပ် မဆိုးနဲ့ ၊ စကားနားထောင် ။ ပြီးရင် ဂရုစိုက် ။ မောင်က ပထမဆုံး တစ်ခေါက်ပဲ ဂရုစိုက်တာ ။ ဒီအိမ်ဘက်မှာ နေပြီးတိုင်း မောင်လိုချင်တာ ရပြီးရင် ဒီလူအဆင်ပြေလား လှည့်မကြည့်ဘူး ဖာသိဖာသာပဲ''
"ပထမဆုံး အခေါက်ပဲ နာမယ် ထင်လို့လေ။ ကိုကလည်း.. အဟီး''
"ပထမဆုံး အခေါက်ပဲ နာတယ် ထင်ရင် နှစ်ခါလောက် bထိုင်ကြည့် လာ..''
"no.. မရဘူး ။ မောင်က အထက်ပုဂ္ဂိုလ်ပဲ''
တေဇ ငြင်းတော့ သူရိန်က ရယ်သည် ။
" မောင်.. ကိုယ်က မင်းကို မလွန်ဆန်တာ မဟုတ်ဘူး ၊ မလွန်ဆန်ရက်တာ အဲ့တာ မင်း သိလား "
"မောင် သိပါတယ် "
ထို့နောက် တေဇလည်း သူရိန့်ကို အောက်သို့ ဆွဲလှည့်ပြီး တက်ခွလိုက်သည် ။ ထို့နောက် မြတ်နိုးရာ နှုတ်ခမ်းပါးလေးဆီသို့...
"မောင်... ''
............................................................................
7:10 PM
23 October 2020
Hnayy
ကယ်ကြပါအုန်း... ရှက်လို့ ပူထူနေပြီ ။ ဒါတောင်
စာဖတ်သူ သဲငယ်လေး တစ်ယောက်က အိပ်တဲ့
အခန်းလေးတွေ တိတိကျကျမရေးပဲ ကျော်တယ်ဆိုလို့ တို့ မနည်းအားတင်းပြီးရေးထားတာပါ ။ ဒီအပိုင်းမှာ အသုံးအနှုန်းလေး ရိုင်းခဲ့သည်ရှိသော်
တောင်းပန်ပါတယ်နော် ။ ကိုကိုကြီးကိုလည်း ရှ်ိသင့်တဲ့ နေရာလေးကို ပို့ပေးလိုက်ပါပြီ ။ ကျန်ခဲတဲ့ သူတွေလည်း ရှိရမယ့် နေရာလေးတွေကို အရောက်ပို့ပေးပါ့မယ်။ နောက်နှစ်ပိုင်း သုံးပိုင်းလောက်ဆို နှုတ်ဆက်ရပါတော့မယ်။ စာဖတ်သူတို့ အားလုံးကို ချစ်ပါတယ်ရှင့် ဆားရားငယ်❤
.
.............................Zawgyi.................................
ေန႕လည္ ၂နာရီေက်ာ္ေနေသာ္ျငား ေတဇႏွင့္ သူရိန္ ေန႕လည္စာ မစားရေသး ။ ဘရဏီတို႔၏ မဂၤလာေဆာင္ ဖိတ္စာကို လိုက္ေဝေနရသည္မွာ မနက္ ၁၀ နာရီတည္းကပင္ ျဖစ္သည္ ။ ေတဇ မစားလို႔ မျဖစ္ေသာ္ျငား သူရိန္က မစားလို႔ မရ ။ သူရိန့္တြင္ အစာအိမ္ေရာဂါ ရွိသည္ေလ ။
ျပည္တကၠသိုလ္ ေရွ႕နားအေရာက္ ေတဇ ဆိုင္ကယ္ကို အရွိန္ေလ်ာ့ေမာင္းရင္းႏွင့္ ေန႕လည္စာစားရန္ အဆင္ေျပမည့္ ဆိုင္တစ္ဆိုင္ကို ရွာရသည္ ။ ဆိုင္ေတြ႕ခ်ိန္တြင္ ဆိုင္ကယ္ကို ရပ္လိုက္ၿပီး သူရိန္ စားေသာက္ရဖို႔ မွာရသည္ ။ လက္ရွိခ်ိန္တြင္ ေတဇ အေတြးထဲမေတာ့ သူရိန္ အစာစားရဖို႔အေရး မိမိ အေရး ျဖစ္လို႔ေနသည္ ။ ေတဇကသာ သူရိန္ စားဖို႔ေသာက္ဖို႔ ကိစၥျပင္ဆင္ေနရေသာ္ျငား သူရိန္က မလႈပ္မရွက္ ။
"ကို ဘာစားမလဲ မွာေလ''
"ဟမ္..အမ္း..ပင္လယ္စာ ပရႈးတစ္ပြဲေပး ညီေလး''
စားေသာက္ရန္ အာ႐ုံ မလာသည့္ပုံႏွင့္ သူရိန္က waiterေလးကို မွာလိုက္သည္ ။
"ပရႉးက အစပ္ေတြေလ.. မစားရဘူး ။ ၿပီးရင္ဗိုက္ေအာင့္မယ္''
"အဲ့တာဆိုလည္း အစတည္းက ငါ့ကို မမွာခိုင္းနဲ႕ေလ ။ မင္းဟာမင္း မွာလိုက္ပါလား''
"ဟာ..ဘလိုင္းႀကီေနာ္။ လုပ္ခ်င္တာလုပ္ စားခ်င္တာစား ။ ကြၽန္ေတာ္ ဘာမွ မေျပာေတာ့ဘူး''
"ပင္လယ္စာ ထမင္းေပါင္းပဲ ေပးေတာ့ ညီေလး။
လိေမၼာ္ရည္ ႏွစ္ခြက္ရယ္ sandwich တစ္ပြဲ''
သူရိန္ ေျပာင္းမွာလိုက္ၿပီးေနာက္
" Sorry ကြာ ေမာင္ရာ..တစ္ေန႕လုံး ေနရထိုင္ရတာ စိတ္ထဲ သိပ္မၾကည္လို႔ပါ ။ စိတ္ဆိုးသြားလား ''
မ်က္ႏွာငယ္ေလးႏွင့္ ေတဇကို ခြၽဲလာျပန္သည္ ။
"မဆိုးပါဘူး။ ထားလိုက္ေတာ့''
မွာထားသည္မ်ား မေရာက္မခ်င္း ေတဇ ph ထိုင္သုံးေနလိုက္သည္ ။ စားပြဲထိုးေလးက မွာထားသည္မ်ား လာခ်ေပးခ်ိန္တြင္ ႏွစ္ဦးသား စကားမေျပာျဖစ္ပဲ အစားသာ စားေသာက္ေနလိုက္ၾကသည္ ။ စားၿပီးခါနီးခ်ိန္မွ Phက message notiသံ ၾကားသျဖင့္ အရင္စားၿပီးေနေသာ သူရိန္က phကို ေကာက္ကိုင္လိုက္သည္ ။
"ၾကည့္မေနနဲ႕။ MPTကပဲ ေနမွာ''
ေတဇ ေျပာေသာ္လည္း သူရိန္က phကိုသာ စိုက္ၾကည့္ေနသည္ ။ စကၠန့္ပိုင္းမွ် အၾကာ ေတဇ လက္ထဲ phကို ထိုးထည့္ေပးၿပီး ဆိုင္အဝင္ေပါက္ဘက္သို႔လွည့္ကာ သက္ျပင္းတစ္ခ်က္ခ်
လိုက္သည္ ။ ေတဇ Ph မွ messageကို ဖတ္အၾကည့္ ရင္ထဲေမာသြားရသည္ ။
မားနဲ႕ ဘြားဘြားႀကီးကို ဂ႐ုစိုက္ပါ
အငယ္ႏွစ္ေကာင္နဲ႕အတူ ရဲရင့္ကိုလည္း
ေစာင့္ေရွာက္ေပးပါ ။ မင္းတို႔လည္း
က်န္းမာေရး ဂ႐ုစိုက္ ။
အႀကီးမပီသခဲ့မိတာေတြ အတြက္
ေတာင္းပန္ပါတယ္ bye
ခ်က္ခ်င္းပင္ ကိုကိုႀကီးphကို ေတဇ ဆက္လိုက္သည္ ။
"ကိုကိုႀကီး ခု ဘယ္မွာလဲ ''
" ငါ စိတ္လက္ခ်မ္းသာမယ့္ ေနရာတစ္ခုကို သြားမလို႔ ။ ၿပီးေတာ့ ေက်းဇူးျပဳၿပီး လိုက္မရွာပါနဲ႕ ။ မားနဲ႕ ဘြားဘြားႀကီးကိုေတာ့ ေက်ာင္းဆက္တက္ဖို႔ ငါ နိုင္ငံျခား ထြက္လာတယ္လို႔ ေျပာခဲ့တယ္ ။ ခဏ ခဏ ဆက္သြယ္ေနမွာပါ ။ စိတ္မပူပါနဲ႕''
"ျပႆနာ ေတာထဲကေန ဒီတိုင္း ကိုယ္လြတ္႐ုန္း
သြားတာ ကိုကိုႀကီး တစ္ကိုယ္ေကာင္းဆန္တာ''
ေတဇ.. ကိုကိုႀကီး ျပန္လာလို ျပန္လာျငား ပါးစပ္ထဲရွိရာ ေျပာလိုက္သည္။
"ကိုယ္လြတ္႐ုန္းတာ မဟုတ္ပါဘူးကြာ ။ ငါရွိသင့္တဲ့ ေနရာမွာ ငါရွိေနဖို႔ ထြက္သြားေပးတာပါ ။ ရဲရင့္ကိုလည္း ခဏတာ စိတ္သက္သာရာ အေနနဲ႕ ငါ့အေပၚ နည္းနည္း စိတ္ယိုင္ခဲ့တယ္ ဆိုတာ သူနားလည္ေအာင္ ရွင္းျပေပးခဲ့ပါတယ္ ။ တျဖည္းျဖည္းနဲ႕ သူ နားလည္သြားမွာပါ''
"ဒါေပမယ့္.. ကိုကိုႀကီး သူ႕ကို ခ်စ္ေနတယ္မလား''
" ဒီစကားက ငါ မေျဖသင့္ဘူးေလ ေတဇ ။ ထားပါ ... ငါ့ကို အႀကီးမပီသလို႔ ဘုရားက ဒဏ္ခတ္လိုက္တာ ။ ဘရဏီ့ကိုလည္း ငါ့ေၾကာင့္ ထပ္ၿပီး စိတ္မဆင္းရဲေစခ်င္ဘူး ။ တစ္ခါတစ္ေလေတာ့ အကို တစ္ေယာက္ ပီသခ်င္လာတာလည္း ပါတာေပါ့ကြာ''
"ကိုကိုႀကီးက အၿမဲတမ္း အကိုတစ္ေယာက္ ပီသခဲ့ပါတယ္''
" ေက်းဇူးပါ... က်န္းမာေရး ဂ႐ုစိုက္ ။ ဒါပဲေနာ္''
က်န္သည့္ဖိတ္စာမ်ားကို ေဝၿပီးေနာက္ ေတဇႏွင့္ သူရိန္ အိမ္သို႔သာ ျပန္လာခဲ့လိုက္သည္ ။ အိမ္သို႔ေရာက္ခ်ိန္ ဧည့္ခန္းထဲတြင္ သူရမင္းႏွင့္ သုသုတို႔အတြဲရယ္ ဘရဏီတို႔ အတြဲရယ္ ပြဲက်ေနသည္ ။ ကိုရဲရင့္က ေတဇကို ေတြ႕ေတာ့ မ်က္ႏွာတစ္ခ်က္ ပ်က္သြားၿပီးေနာက္ အနားကိုကပ္လာကာ ခပ္တိုးတိုး ႏွင့္ ေတာင္းပန္စကား ဆိုလာသည္ ။
"ဟို..ေတဇ။ ဟိုတစ္ေလာက ျဖစ္ခဲ့တဲ့ ကိစၥေတြ
အားလုံးအတြက္ ေတာင္းပန္ပါတယ္ ။ အကိုေသာ္ ေျပာခဲ့သလိုပဲ ဟိုမိန္းမေၾကာင့္ စိတ္ညစ္ေနရတဲ့အခ်ိန္ အကိုေသာ္က ငါ့အတြက္ ရွိေနေပးခဲ့လို႔ ငါအားကိုးရာ ငါစိတ္သာရာကို လိုက္ခဲ့မိတာ ေနပါလိမ့္မယ္''
"ခြပ္''
စိတ္သာရာတဲ့လား ... မတန္တဆ ေပးဆပ္ၿပီး ခ်စ္ေပးခဲ့သည့္ ကိုကိုႀကီးက သူ႕အတြက္ စိတ္သက္သာရာ ေပ်ာ္႐ႊင္ရာတဲ့လား ။ ေတဇ စိတ္ကို ထိန္းေနသည့္ၾကားက တစ္ခ်က္ ထိုးလိုက္မိသည္ ။ ညီ တစ္ေယာက္ ၿပီးေတာ့ အစ္ကိုတစ္ေယာက္အေနႏွင့္ ထိုမွ်ေလာက္ေတာ့ ေတဇ လုပ္သင့္တယ္ မဟုတ္လား... မလြန္ပါဘူးေနာ္။
ဘရဏီႏွင့္ သူရမင္းတို႔ ႏွစ္ေယာက္ ဝင္ဆြဲၾကေပမယ့္ သူရိန္က ဆိုဖာေပၚ မလႈပ္မယွက္ ။ ေတဇ မထိုးခဲ့ပါလွ်င္ေတာင္ သူ ဝင္ထိုးေတာ့မည့္ အေျခအေနတြင္ ရွိေနသည္ ။
"ငါ မွားခဲ့တာေတြ အားလုံးအတြက္ မင္းနဲ႕ အကိုေသာ္ကို ရွိခိုး ေတာင္းပန္ရင္ေတာင္ မေက်မွန္း ငါသိပါတယ္ ။ ဒါေပမယ့္ ငါ့ကို ခြင့္လႊတ္ေပးေစခ်င္တယ္''
"ကိုကိုႀကီးက ခြင့္လႊတ္ေကာင္း ခြင့္လႊတ္နိုင္ပါ
လိမ့္မယ္ ။ ကြၽန္ေတာ္ ခြင့္လႊတ္ေပးဖို႔ကေတာ့ ခင္ ဗ်ား ကြၽန္ေတာ့္ ညီမအေပၚ အိမ္ေထာင္ဦးစီးတစ္ေယာက္ ပီသမႈအေပၚပဲ ကြၽန္ေတာ္ ၾကည့္ရလိမ့္မယ္''
"စိတ္ခ်ပါ ။ ကိုယ္ ဘရဏီ စိတ္ခ်မ္းသာဖို႔ ေျပာင္းလဲေတာ့မွာပါ''
"ဒါကေတာ့ ကြၽန္ေတာ္ ေစာင့္ၾကည့္ရအုန္းမွာပဲေလ ။ ၿပီးေတာ့ ကြၽန္ေတာ့္ ညီမ က်န္းမာေရး အေျခအေနကို ခင္ဗ်ား သိမွာပါ ။ ဂ႐ုစိုက္ေပးပါ ''
"စိတ္ခ်ပါ ေတဇ''
ႏွစ္ေယာက္သား စကားေျပာၿပီးေနာက္ လူေျခာက္ေယာက္ရွိသည္ႏွင့္ ျခားနားစြာ ဧည့္ခန္း
တစ္ခန္းလုံး တိတ္ဆိတ္သြားသည္ ။ တစ္ေယာက္
တစ္မ်ိဳးစီ အလုပ္ရႈပ္ခ်င္ေယာင္ ေဆာင္ေနၾကခ်ိန္ လူေခၚဘဲလ္ မွ အသံျမည္လာ၍ သုသုမက
"ေန..ေန။ ငါသြားလိုက္မယ္''
သုသုမ ၿခံတံခါးနားကပ္ စကားေျပာေနၿပီး ၿခံတံခါးကို ဆြဲဖြင့္ခ်ိန္တြင္ ကိုကိုႀကီး ကားက ၿခံထဲဝင္လာသည္။
"ဟယ္...ကိုကိုႀကီး ျပန္လာတာလား''
ဘရဏီ ဝမ္းသာအားရႏွင့္ ေရ႐ြတ္သည္ ။ ေတဇလည္း စိတ္ထဲမွ ကိုကိုႀကီးျဖစ္ေစဖို႔ရာ ဆုေတာင္းေနမိသည္ ။ ကားေပၚက ဆင္းလာသူကို ျမင္မွ ေတဇ ဆုေတာင္းမျပည့္မွန္း သိလိုက္ရသည္ ။ ကားေပၚမွ ဆင္းလာသူက ကိုကိုႀကီး၏ လုပ္ေဖာ္ကိုင္ဖက္ ဂ်ဴနီယာတစ္ဦး ျဖစ္ေနခဲ့သည္ ။
"ဟို...ဆရာက.. ဒီကားနဲ႕ စာ႐ြက္စာတမ္းေတြ ေပးခိုင္းလိုက္လို႔ပါ ။ ကားနဲ႕ ပက္သက္သမွ် စာ႐ြက္ စာတမ္းေတြရယ္ ကားရယ္က ညီေလးကို ေပးခိုင္းလိုက္ပါတယ္ ။ ၿပီးေတာ့.. အိမ္နဲ႕ၿခံ စာခ်ဳပ္ကိုေတာ့ ညီမအလတ္ မဂၤလာေဆာင္မွာ လက္ဖြဲ႕အေနနဲ႕ ေပးခဲ့ဖို႔ မွာထားခဲ့ပါတယ္''
"ဟုတ္ကဲ့ အကို''
"ၿပီးေတာ့...ကိုရဲရင့္မင္းျမတ္နဲ႕ ပက္သက္ၿပီး သူ
လိုက္ေပးေနတဲ့ အမႈကိုလဲ ကြၽန္ေတာ့္ကို ပါဝါလႊဲေပးခဲ့ပါတယ္ ။ ဒီအမႈ ၿပီးဆုံးတဲ့ထိ ကြၽန္ေတာ္လိုက္ေပးမွာပါ ''
တစ္ဦးတစ္ေယာက္ထံမွ် စကားသံတို႔ ထြက္မလာ ။
"ဒါဆို.. ကြၽန္ေတာ့္ကို ခြင့္ျပဳပါအုန္း ခင္ဗ်''
ကိုကိုႀကီး၏ Plan ခ်နိဳင္မႈ စြမ္းအားကို ေတဇထြန္း မေလးစားပဲ မေနနိုင္ ။ အားလုံး ေဝးရာကို ထြက္သြားခဲ့ေသာ္ျငား အရာ အားလုံးကို မ်က္ႏွာလႊဲခဲပစ္ မလုပ္ခဲ့ ။
ညစာ ထမင္းဝိုင္းတြင္မေတာ့ အားလုံး တိတ္ဆိတ္ေနၾကသည္ ။ မား မ်က္ႏွာ မေကာင္းသည့္အျပင္ အငယ္ေလးက ထမင္းလုံးဝ ဆင္းမစား ၊ ဘြားဘြားႀကီးကလည္း သက္ျပင္း တခ်ခ်ႏွင့္ ။
"စားၾကေလ ။ ဘာလို႔လဲ လက္ရာ မေကာင္း
လို႔လား''
သူရိန္က သူ ဝယ္လာသည္မ်ားကို မစားသျဖင့္ ေျပာလာသည္။
"မဟုတ္ပါဘူးဟယ္.. သားက နိုင္ငံျခား ထြက္သြားတာကို ဝမ္းမနည္းပဲ ေပ်ာ္ေပ်ာ္ႀကီး ထမင္းထိုင္စားေနရမွာလား ငါက ''
မားက မခံ ။ ပက္ခနဲ ျပန္ေျပာသည္ ။
"ေအာ္..မသိဘူးေလ။ စားမေကာင္းလို႔လားလို႔ ။
နိုင္ငံျခားသြား စာသင္တာ ေကာင္းတဲ့ ကိစၥပဲကို ။
ေကာင္းတဲ့ကိစၥအတြက္ သြားတာပဲ ။ ေပ်ာ္ေပးရမွာေလ မဟုတ္ဘူးလား''
"နင့္ ပါးစပ္ ပိတ္ထားစမ္း ။ နားကို ညည္းေနတာပဲ။ နင္လည္း အရင္က ေတာ္လွ.. ေတာ္လွနဲ႕ ေတဇထြန္းနဲ႕ ညားၿပီး ေသာက္စကားကို မ်ားေနေတာ့တာပဲ''
"ဟမ္..မားကလည္း ။ မဆီမဆိုင္.. သားကို''
"ဒါနဲ႕....မဂၤလာေဆာင္ေရာက္ရင္ သူမရွိဘူးေပါ့''
ဘြားဘြားႀကီးက စဥ္းစဥ္းစားစားႏွင့္ ေျပာေတာ့
မားက ႏွစ္သိမ့္ေပးသည္။
"သူ အဲ့မွာ ေက်ာင္းတက္ရဖို႔ ေမွ်ာ္လင့္ေနခဲ့တာတဲ့ အေမရဲ႕ ။ သူ႕ ဆုေတာင္း ျပည့္တာေပါ့''
" ေက်ာင္းကလည္း တက္မယ့္ တက္ရေတာ့လည္း ခ်က္ခ်င္းႀကီး။ နင္တို႔ ေခတ္ကလည္း ငါေတာ့ လိုက္မမွီေတာ့ပါဘူးေအ''
တစ္ေယာက္တစ္ေပါက္ စကားေျပာရင္း ညစာ
ထမင္းဝိုင္းေလးလည္း ျပန္လည္ စိုေျပသြားသည္။ ေတဇ ဟင္းပန္းကန္ထဲမွ ေရဘဝဲအစပ္ခ်က္ နည္းနည္းႏွင့္ ထမင္းနည္းနည္း ထည့္ၿပီး အငယ္ေလးကို သြားေပးေတာ့
"အငယ္ေလး အငယ္ေလး..တံခါးဖြင့္အုန္း''
ႏွစ္ခါ မေခၚရ ။ အငယ္ေလး တံခါးဖြင့္လာၿပီး
"ဘာလဲ... ကိုကိုေလးရာ မစားခ်င္ပါဘူးဆို''
"မစားလည္း ေနေလ ။ စာၾကည့္စားပြဲေပၚ တင္ထားေပါ့။ ႐ြက္ထားရတာမွ မဟုတ္တာ''
ေတဇ ေနာက္လိုက္ေတာ့ မဆိုစေလာက္ေလးေတာ့ ၿပဳံးလာသည္။
"ကိုကိုႀကီး ဘာလို႔ ထြက္သြားလဲ သမီး သိတယ္''
" အားရား...ငါ့ညီမေလးေတာင္ လူႀကီးျဖစ္လာၿပီပဲ''
ခ်ီးက်ဴးေပးရင္း ဆံပင္ေလး ဆြဲဖြေပးေတာ့
"မလုပ္နဲ႕ဗ်ာ။ သမီး ကေလးမဟုတ္ေတာ့ဘူး။သမီးက ဘယ္သူက ဘာဆိုတာ မေျပာလည္း သိတယ္ ။ ကိုကိုေလးတို႔ကသာ သမီးကို ဘာမွမသိဘူးဆိုၿပီး ကေလးလို ထားေနၾကတာ"
"ဟုတ္ပါၿပီ။ လူႀကီးေလးရယ္..သိရင္လည္း တိုးတိုးေန မားတို႔ သိကုန္ရင္ မေကာင္းဘူး''
"အင္းပါ.. ငယ္ေလး သိပါတယ္''
"အဲ့တာဆို ကိုကိုေလး အိမ္ျပန္ေတာ့မယ္ ။ ဟိုပန္းကန္ထဲက ဟာေတြ အကုန္မွတ္ထားတယ္ေနာ္ ။ ေရဘဝဲ ဘယ္ႏွစ္ေကာင္ ထမင္း ဘယ္ႏွစ္စိက အစ''
"မစားဘူးဗ်ာ ။ မစားဘူး စိတ္ခ် ''
ဆူေအာင့္ေအာင့္ႏွင့္ေျပာရင္း ေတဇကို အခန္းအျပင္သို႔ အတင္း တြန္းထုတ္ေနသည္ ။ ေသခ်ာၿပီ ဒီကေလးမေလး ဗိုက္ေတာ္ေတာ္ဆာေနၿပီ။
အိမ္သို႔ ျပန္အေရာက္ အိပ္ရာေပၚလွဲရင္း သူရိန္က စကားစလာသည္ ။
"ေမာင္''
"ဗ်ာ''
"ကိုယ့္ကို ခ်စ္ေရာ ခ်စ္ရဲ႕လား''
"ေဟာဗ်ာ..မခ်စ္ရင္ ဒီအဆိုးေလးဒဏ္ကို ခံေနပါ့မလား''
"တကယ္ခ်စ္ရင္ တစ္ခုခုဆို သတၱိရွိရမယ္ေနာ္။
ကိုယ့္ေဖေဖနဲ႕ ေမေမလို ေမာင့္ရဲ႕မားနဲ႕ပါးလို အ သက္ေတြႀကီးၿပီး ေသသည္ထိ တစ္ေယာက္ထဲ ကိုပဲ ခ်စ္ေနရမယ္ ။ ကိုကိုႀကီးလို ေရွာင္မေျပးရဘူး ။ ကိုကို႔လိုလည္း ဇယားေတြမကပ္ရဘူး။ ဘရဏီ့လို လြယ္လြယ္ လက္မလႊတ္ပဲ ဆြဲထားရမယ္ေနာ္''
"ဟင့္အင္း။ အဲ့လို မလုပ္နိုင္ဘူး''
" ဘာ... "
"အရင္တည္းက ေမာင္က ဒီအခ်က္ေတြထပ္ သာလြန္ၿပီး ကို႔ကို ခ်စ္ခဲ့တာေလ ။ သူမ်ားေတြနဲ႕ ယွဥ္လို႔ မရေလာက္ေအာင္ထိ ကို႔ကို ျမတ္နိုးခဲ့တာ''
"အမယ့္ ကိုယ့္ရဲ႕ ကေလးေလးက စကားေတြတက္''
"No..no ကေလးေလး မဟုတ္ပါဘူး''
"ကေလးေလးပါ''
"မဟုတ္ေၾကာင္း သက္ေသျပရေတာ့မယ္ ထင္တယ္''
"သေဘာေလ''
ၿပဳံးစိစိႏွင့္ ေတဇကို ေက်ာခိုင္းသြားေသာ သူရိန္။ ေတဇ ကိုယ္ေပၚမွ boxerကလြဲ၍ အဝတ္အစားမ်ား အားလုံးကို ခြၽတ္လိုက္ၿပီး ကုတင္ေပၚ ခုန္အတက္
"ေမာင္..ခုမွ ထမင္းစားၿပီးတာေလ''
"အင္းေလ..အခ်ိဳတည္းမယ္ေလ''
"ေမာင္ကသာ...အခ်ိဳတည္းတာေလ ။ ကိုယ္ကက်....''
ေျပာရန္ စကားတို႔ စြံ႕အၿပီး မ်က္လုံးေဘးေထာင့္ကပ္ကာ ဟိုဟိုဒီဒီ ေလွ်ာက္ၾကည့္ေနေသာ သူရိန္။
"အင္း...ကိုကက် ဘာျဖစ္လဲ။ ေျပာေလ''
"မေျပာဘူးကြာ ။ သေဘာပဲ လုပ္ခ်င္တာ သာလုပ္ေတာ့''
"ကို...မႀကိဳက္ရင္လည္း မစေတာ့ပါဘူး''
"ဟို..မႀကိဳက္ဘူး မေျပာပါဘူး''
"ဒါဆို..ႀကိဳက္တယ္ေပါ့''
"အင္း...သိပ္ မဆိုးနဲ႕ ၊ စကားနားေထာင္ ။ ၿပီးရင္ ဂ႐ုစိုက္ ။ ေမာင္က ပထမဆုံး တစ္ေခါက္ပဲ ဂ႐ုစိုက္တာ ။ ဒီအိမ္ဘက္မွာ ေနၿပီးတိုင္း ေမာင္လိုခ်င္တာ ရၿပီးရင္ ဒီလူအဆင္ေျပလား လွည့္မၾကည့္ဘူး ဖာသိဖာသာပဲ''
"ပထမဆုံး အေခါက္ပဲ နာမယ္ ထင္လို႔ေလ။ ကိုကလည္း.. အဟီး''
"ပထမဆုံး အေခါက္ပဲ နာတယ္ ထင္ရင္ ႏွစ္ခါေလာက္ bထိုင္ၾကည့္ လာ..''
"no.. မရဘူး ။ ေမာင္က အထက္ပုဂၢိဳလ္ပဲ''
ေတဇ ျငင္းေတာ့ သူရိန္က ရယ္သည္ ။
" ေမာင္.. ကိုယ္က မင္းကို မလြန္ဆန္တာ မဟုတ္ဘူး ၊ မလြန္ဆန္ရက္တာ အဲ့တာ မင္း သိလား "
"ေမာင္ သိပါတယ္ "
ထို႔ေနာက္ ေတဇလည္း သူရိန့္ကို ေအာက္သို႔ ဆြဲလွည့္ၿပီး တက္ခြလိုက္သည္ ။ ထို႔ေနာက္ ျမတ္နိုးရာ ႏႈတ္ခမ္းပါးေလးဆီသို႔...
"ေမာင္... ''
............................................................................
7:10 PM
23 October 2020
Hnayy
ကယ္ၾကပါအုန္း... ရွက္လို႔ ပူထူေနၿပီ ။ ဒါေတာင္
စာဖတ္သူ သဲငယ္ေလး တစ္ေယာက္က အိပ္တဲ့
အခန္းေလးေတြ တိတိက်က်မေရးပဲ ေက်ာ္တယ္ဆိုလို႔ တို႔ မနည္းအားတင္းၿပီးေရးထားတာပါ ။ ဒီအပိုင္းမွာ အသုံးအႏႈန္းေလး ရိုင္းခဲ့သည္ရွိေသာ္
ေတာင္းပန္ပါတယ္ေနာ္ ။ ကိုကိုႀကီးကိုလည္း ရွ္ိသင့္တဲ့ ေနရာေလးကို ပို႔ေပးလိုက္ပါၿပီ ။ က်န္ခဲတဲ့ သူေတြလည္း ရွိရမယ့္ ေနရာေလးေတြကို အေရာက္ပို႔ေပးပါ့မယ္။ ေနာက္ႏွစ္ပိုင္း သုံးပိုင္းေလာက္ဆို ႏႈတ္ဆက္ရပါေတာ့မယ္။ စာဖတ္သူတို႔ အားလုံးကို ခ်စ္ပါတယ္ရွင့္ ဆားရားငယ္❤
.