Heaven or Hell(COMPLETED)

By nabi_yeon

611K 59.9K 7.3K

Yizhan โš  More

1
2
3
4
5
6
7
8
9
10
11
12
13
15
16
17
18
19
20
21
22
23
24
25
26
27
28
29(Final)

14

16.5K 1.8K 135
By nabi_yeon

Zawgyi

"ဆရာေလး"

ရိေပၚ အိမ္ျပန္ေရာက္ေတာ့ ေဘးအိမ္က အဖြားျကီးလွမ္းေခၚလာတာမို့ ရိေပၚထိုအဖြားဆီသြားလိုက္တယ္။

"ဟုတ္ကဲ့ ဖြားဖြား"

"ေကာင္မေလး တစ္ေယာက္စာလာပို့သြားလို့"

"စာလား"

"အင္း"

"ေက်းဇူးပါေနာ္ ဖြားဖြား"

အဖြားျကီး ေပးေသာစာအိတ္ကို ရိေပၚလွမ္းယူျပီး အိမ္ထဲျပန္ဝင္လာခဲ့တယ္။
စာရြက္ကိုဖြင့္ဖတ္ျကည့္လိုက္ခ်ိန္မွာေတာ့ အိမ္ေပၚသို့တက္ရန္ျပင္ေနတဲ့ ရိေပၚေျခလွမ္းေတြက ေနာက္သို့ျပန္လွည့္ျပီး တစ္ေနရာဆီသို့အျမန္ေျပးသြားေတာ့တယ္။
မ်က္နွာထက္တြင္လည္းဖံုးဖိမရတဲ့ အျပံုးတစ္ခ်ို့နဲ့။

ခ်ိန္းဆိုထားတဲ့ေနရာသို့အေရာက္မွာေတာ့ ေတြ့ရပါျပီ။
ေမွာင္ရိပ္သန္းလာတဲ့ေကာင္းကင္ေအာက္ကနွင္းမွုန္ေတြျကားထဲမွာ ျဖဴလြွလြွအက်ႌေလးကို ဝတ္ျပီး သူ့အလာကိုေစာင့္ေမ်ွာ္ေနတဲ့ သူ့ရဲ့အနွိုင္းမဲ့ျမတ္နိုးရာေလး။

"ေကာ.."

အရွိန္အဟုန္နဲ့ေျပးဖက္လိုက္ေတာ့ ေအးေနတဲ့ကိုယ္ေလးက တစ္ခ်က္တြန့္ခနဲ။
သို့ေပမယ့္ ခ်က္ခ်င္းပဲ ဝင္းပပျပံုးကာ ျပန္လည္တင္းျကပ္စြာဖက္လာတယ္။

"ရိေပၚ"

စကၠန့္အနည္းငယ္ျကာျပီးေနာက္မွာ ရိေပၚကဖက္ထားတာလြွတ္ေပးလိုက္တယ္။
ထို့ေနာက္ လက္နွစ္ဖက္ကိုပြတ္ျပီး ေရွာင္းက်န့္မ်က္နွာေပၚအပ္တယ္။

"ဒီေလာက္ေအးေနတာကို ဘာလို့အက်ႌအပါးေလးဝတ္လာတာလဲ
ေစာင့္ေနတာေရာ ျကာျပီလား"

"ဟင့္အင္း ေကာလည္းအခုေလးတင္ပဲေရာက္တာ"

ရိေပၚ ေရွာင္းက်န့္လက္ကိုဆြဲျပီး အနီးအနားရွိစားေသာက္ဆိုင္တစ္ဆိုင္သို့ေခၚလာလိုက္တယ္။
ေဈးျမင့္ဆိုင္မ်ားျဖစ္၍ အထူးဧည့္သည္မ်ားအတြက္ သီးသန့္အခန္းမ်ားရွိရာ ထိုအခန္းမ်ားထဲမွတစ္ခန္းကို ရိေပၚဝင္သြားလိုက္တယ္။
အခန္းထဲေရာက္သည္နွင့္ ေရွာင္းက်န့္က ရိေပၚရင္ခြင္ထဲအတင္းတိုးဝင္လာတယ္။

"ဘာျဖစ္လို့လဲ ေကာ"

ရိေပၚ အနည္းငယ္စိတ္ပူမိသြားေသာေျကာင့္္ ေရွာင္းက်န့္ေက်ာျပင္ေလးကိုပုတ္ကာေမးေတာ့ ေရွာင္းက်န့္ကေခါင္းခါျပတယ္။
ထို့ေနာက္ ရင္ခြင္မွေမာ့ျကည့္ျပီးျပံုးစိစိေလးေျပာတယ္။

"ခ်မ္းလို့"

ရိေပၚ သက္ျပင္းခ်ျပီး ေရွာင္းက်န့္မ်က္နွာကိုအုပ္ကိုင္ကာယမ္းလိုက္တယ္။

"အဲ့တာေျကာင့္ ဘာလို့အက်ႌအပါးေလးဝတ္လာရတာလဲလို့"

"နွင္းက်မယ္လို့မွမသိတာ"

"ဟူး"

ရိေပၚ ထိုင္ခ်ျပီး ေရွာင္းက်န့္ကိုရင္ခြင္ထဲထိုင္ေစကာ အေနာက္မွသိုင္းဖက္လိုက္တယ္။

"က်ြန္ေတာ္ ေႏြးေအာင္လုပ္ေပးမယ္"

ေရွာင္းက်န့္ ျပံုးျပီးေခါင္းညိတ္ကာ ရိေပၚရင္ခြင္ထဲမွီလိုက္တယ္။

"အခုလည္း ေတာ္ေတာ္ေလးေႏြးေနပါျပီ"

ရိေပၚ ပိုတင္းျကပ္ေအာင္ဖက္လိုက္ရင္း ေရွာင္းက်န့္ဆံႏြယ္ေတြကိုတရွံ့ုရွံု့နမ္းတယ္။
အခ်ိန္ခဏေလာက္ျကာျပီးေနာက္မွာေတာ့ ေရွာင္းက်န့္ ရိေပၚရင္ခြင္မွဆင္းလိုက္တယ္။

"ဘာျဖစ္လို့လဲ ေကာ"

"ရိေပၚ ေလးေနမွာစိုးလို့"

"မေလးပါဘူးဗ်ာ အလြမ္းေျဖလို့ေတာင္မဝရေသးတဲ့ျကားထဲ"

မ်က္နွာခ်င္းဆိုင္လ်က္ပင္ ရိေပၚ ေရွာင္းက်န့္ကိုဖက္လိုက္တယ္။
ေရွာင္းက်န့္ ျပန္လည္တင္းျကပ္စြာဖက္လိုက္ျပီး နွုတ္ခမ္းဆီသို့ဦးတည္လာတဲ့ ရိေပၚရဲ့အနမ္းေတြကိုခံယူတယ္။
နွုတ္ခမ္းမွတစ္ဆင့္ ရိေပၚအနမ္းေတြက လည္တိုင္ဆီသို့ဦးတည္လာေတာ့ ေရွာင္းက်န့္အလိုက္သင့္ပဲ ရိေပၚလည္ပင္းေပၚလက္ခ်ိတ္လိုက္တယ္။
အလ်င္လိုျပီး အနည္းငယ္ျကမ္းရွေနတဲ့အနမ္းေတြေျကာင့္ ဒီေကာင္ေလး သူ့ကိုဘယ္ေလာက္ေတာင္လြမ္းေနမွန္း ေရွာင္းက်န့္သိလိုက္တယ္။
ရိေပၚ စိတ္မထိန္းနိုင္စြာ ေရွာင္းက်န့္ကိုလွဲခ်ျပီးလည္တိုင္ေပၚအမွတ္အသားျပဳလုပ္မိသြားေတာ့ ေရွာင္းက်န့္ဆီမွညည္းသံခ်ိုခ်ိုေလးထြက္လာတယ္။

"အာ့... ရိေပၚ.. "

ေရွာင္းက်န့္ အသံကပိုလိုလားတဲ့အသံျဖစ္ေနေပမယ့္ ရိေပၚ ျပန္ထထိုင္ျပီး ေရွာင္းက်န့္ကိုပါဆြဲထူလိုက္တယ္။

"ေတာင္းပန္ပါတယ္ ေကာ
က်ြန္ေတာ္ စိတ္မထိန္းနိုင္ျဖစ္သြားတယ္"

"မဟုတ္တာ"

ေရွာင္းက်န့္ ေခါင္းခါျပျပီး ရိေပၚ ေပါင္ေပၚတစ္ေစာင္းဝင္ထိုင္ကာ လက္ေတြကိုရိေပၚလည္တိုင္ေပၚခ်ိတ္တယ္။

"ရိေပၚလိုခ်င္ရင္... "

ေရွာင္းက်န့္ ေအာက္နွုတ္ခမ္းကိုဖိကိုက္ျပီး ရိေပၚနွုတ္ခမ္းကိုငံု့နမ္းလိုက္တယ္။
သူတို့အတူတူမေနတာ ျကာျပီျဖစ္တဲ့အတြက္ ရိေပၚအေနနဲ့ဒါကိုလိုအပ္ေနမွာမထူးဆန္း။
ျပီးေတာ့ ရိေပၚက ဒီအေတာအတြင္း သူမဟုတ္တဲ့တျခားတစ္ေယာက္နဲ့အတူေနမယ့္လူမ်ိုးလည္းမဟုတ္။

"အြန့္"

ေခါင္းကိုထိန္းကိုင္ျပီး အတင္းဆြဲခြာလိုက္တဲ့ ရိေပၚေျကာင့္ ေရွာင္းက်န့္မ်က္လံုးရြဲေတြနဲ့ ျကည့္လိုက္မိတယ္။

"ရိေပၚ ဘာ ဘာျဖစ္လို့လဲ"

"က်ြန္ေတာ္ အစားအေသာက္ေတြသြားမွာလိုက္ဦးမယ္"

ရိေပၚက ထိုသို့ေျပာျပီး ေရွာင္းက်န့္ကိုေပါင္ေပၚမွခ်ကာ အျပင္သို့္ထြက္သြားတယ္။
ေရွာင္းက်န့္ ရင္ထဲအနည္းငယ္လွုပ္ခတ္သြားတယ္။

ဘာျဖစ္လို့လဲ။ဘာျဖစ္လို့မ်ားလဲ။
ေသခ်ာေပါက္လိုအပ္ေနမွာကို ရိေပၚကသူ့ကိုဘာျဖစ္လို့ ဘာမွမလုပ္ရတာလဲ။
သူနဲ့ဝမ္ဘုရင္ျကားက ဆက္ဆံေရးေျကာင့္မ်ားလား။
အဲ့တာေျကာင့္ ရိေပၚကရြံျပီး.... ။

ထိုသို့ေတြးမိသည္နွင့္တစ္ျပိုင္နက္ ေရွာင္းက်န့္နွလံုးသားကအလြန္အမင္းကိုတုန္လွုပ္သြားတယ္။
မ်က္နွာကလည္း ခ်က္ခ်င္းပဲျဖဴဆုတ္လာတယ္။

တကယ္လို့အဲ့လိုသာဆိုရင္ ဘယ္လိုလုပ္မလဲ။
ဘာဆက္လုပ္ရမလဲ။
သူ့မွာ ရိေပၚပဲရွိတာ။
မိသားစုမရွိ အေပါင္းအသင္းမရွိ မိတ္ေဆြမရွိ။
သူ့မွာရွိတာ ရိေပၚ တစ္ေယာက္တည္း။
တကယ္လို့ ဝမ္ဘုရင္ဆီက ျပန္လြတ္ေျမာက္လာလို့ ရိေပၚကသူ့ကိုလက္မခံရင္ သူ့မွာသြားစရာေနရာမရွိဘူး။
ရွိခဲ့ရင္ေတာင္မွ ရိေပၚနဲ့ခြဲျပီးသူကေနနိုင္မွာတဲ့လား။

အေတြးေတြနဲ့ ေရွာင္းက်န့္ ေယာက္ယက္ခတ္ေနခ်ိန္မွာပဲ ရိေပၚကျပန္ဝင္လာတယ္။
ထို့ေနာက္ ျဖဴဆုတ္ေနေသာေရွာင္းက်န့္မ်က္နွာကိုျမင္ျပီး အနားသို့အျမန္လာကာလက္ကိုဆုပ္ကိုင္တယ္။

"ဘာျဖစ္လို့လဲ ေကာ
ဗိုက္ေအာင့္လို့လား"

ေရွာင္းက်န့္ ေခါင္းခါျပျပီး အခုန္ျမန္ေနေသာရင္ဘတ္ကိုဖိကိုင္လိုက္တယ္။
ေရွာင္းက်န့္ ပံုစံေျကာင့္ ရိေပၚပိုစိတ္ပူသြားျပီး နဖူးေပၚ လက္တင္စမ္းကာ ေဆးအိတ္ထဲမွေဆးတစ္ခ်ိဳ့ကိုအသည္းအသန္ရွာတယ္။
ဘာမဟုတ္တာေလးကို စိတ္အပူလြန္ေနတဲ့ ရိေပၚကိုျကည့္ျပီး ေရွာင္းက်န့္ရင္ထဲေႏြးသြားရျပန္တယ္။

ရိေပၚက သူ့ကိုဂရုစိုက္တုန္းပဲ။
သူကသာ အေတြးလြန္ေနတာေနမွာ။
ဟုတ္တယ္။သူ အေတြးလြန္ေနမိတာေနမွာ။

ေရွာင္းက်န့္ ရိေပၚကိုေနာက္မွသိုင္းဖက္ျပီး ေက်ာျပင္ေပၚမွီလိုက္တယ္။

"ေကာ ဘာမွမျဖစ္ပါဘူး ရိေပၚ
ေဆးေတြမလိုပါဘူး"

လွည့္္္ျကည့္လာတဲ့ ရိေပၚကို ေရွာင္းက်န့္ျပံုးျပလိုက္တယ္။

"ေကာ ဘာမွမျဖစ္ပါဘူး
ရိေပၚက ရုတ္တရက္ျကီးထထြက္သြားေတာ့ ေကာ စိတ္ပူမိသြားတာပါ
ေကာ ရိေပၚကို စိတ္ပ်က္ေစမိျပီထင္လို့"

"မဟုတ္တာ ေကာရာ"

ရိေပၚ ေခါင္းခါျပီး ေရွာင္းက်န့္ကိုရင္ခြင္ထဲဆြဲသြင္းလိုက္တယ္။

"က်ြန္ေတာ္ န်န္းကုန္းျမို့ကိုသြားရမယ္
ေဆးဝယ္ဖူးတဲ့ ေကာင္မေလးတစ္ေယာက္က အဲ့ျမို့ကိုေျပာင္းသြားတာတဲ့
ကံေကာင္းလို့ အဲ့ေကာင္မေလးနဲ့ေတြ့ျပီး သူ့ကို သက္ေသလုပ္ခိုင္းနိုင္ရင္ ေကာကိုျပန္ေခၚလို့ရေတာ့မွာ"

"ဟုတ္ ဟုတ္လား"

"အင္း"

"အဲ့တာနဲ့ ေကာကိုမလုပ္တာနဲ့ဘာဆိုင္လို့လဲ"

"အဟား ေကာရာ"

ရိေပၚ အူယားစြာရယ္ျပီး ေရွာင္းက်န့္ပါးေလးကိုနစ္ဝင္သြားေအာင္နမ္းလိုက္တယ္။
ထို့ေနာက္ နားအနားသို့တိုးကပ္ကာ စကားတစ္ခ်ိဳ့ကိုေျပာလိုက္တယ္။
ထိုအခါမွ ေရွာင္းက်န့္မ်က္နွာေလးကပန္းေရာင္သန္းသြားျပီး ေခါင္းေလးငံု့ဝင္တယ္။

"အင္း ဟုတ္တယ္"

အခန္းထဲလာခ်ေပးတဲ့ မုန့္ေတြကိုစားျပီးသူတို့နွစ္ေယာက္ စကားေတြအမ်ားျကီးေျပာျကတယ္။
ရိေပၚကေရွာင္းက်န့္ကို က်န္းမာေရးကိုပိုျပီးဂရုစိုက္သင့္တဲ့အေျကာင္း။
ေရွာင္းက်န့္ကလည္းရိေပၚကို လမ္းခရီးမွာအစစအရာရာဂရုစိုက္ဖို့နဲ့စိတ္ပူတဲ့အေျကာင္း။
ျပီးေတာ့ ဘယ္ေတာ့မွာမရိုးသြားနိုင္မယ့္ သူတို့နွစ္ေယာက္ရဲ့အခ်စ္အေျကာင္း။

.........................................

ရိေပၚ ေရွာင္းက်န့္ကိုနန္းေတာ္သို့ျပန္လိုက္ပို့ခ်ိန္မွာေတာ့ ညသန္းေခါင္ယံအခ်ိန္ကိုပင္ေရာက္ေနျပီ။
ေရွာင္းက်န့္နန္းေတာ္ထဲသို့ ဝင္သြားသည္ကိုေတြ့မွ ရိေပၚအိမ္သို့ျပန္လာျပီး လမ္းခရီးအတြက္လိုအပ္တာေတြကိုထုပ္ပိုးတယ္။

ေရွာင္းက်န့္ကေတာ့ ျပံုးရိပ္ခ််ုိခ်ိုနဲ့အေဆာင္ရွိရာသို့ျပန္လာတယ္။
ဒါေပမယ့္ သူမထင္ထားခဲ့ဘူး။
သူ့ရဲ့အျပံုးေတြက ညတြင္းခ်င္းပဲေပ်ာက္ကြယ္သြားရလိမ့္မယ္လို့။

ကုတင္ေပၚမွာ မိနိ့မိန့္ျကီးထိုင္ကာသူ့အလာကိုေစာင့္ေနပံုေပၚတဲ့ ဝမ္ရိေပၚကိုေတြ့ျပီး ေရွာင္းက်န့္ေျခလွမ္းေတြေတြန့္ဆုတ္သြားတယ္။

"မင္း မင္းျကီး"

မလာေတာ့ဘူးဆို။
ဒီေန့ည မလာေတာ့ဘူးဆိုျပီး ဘာလို့ညသန္းေခါင္ယံျကီး။

ဝမ္ရိေပၚက ေရွာင္းက်န့္ကိုစိုက္ျကည့္ျပီး အနားသို့တစ္လွမ္းခ်င္းေလ်ွာက္လာတယ္။
နဂိုကတည္းက ရာသီဥတုေျကာင့္ ေအးစက္ေနတဲ့ပတ္ဝန္းက်င္က ယခုအခါ ပိုျပီးေအးခဲသြားသေယာင္ရွိတယ္။
အျမဲတေစ ခက္ထန္လြန္းေနတဲ့ ဝမ္ရိေပၚမ်က္နွာကလည္း ေအးခဲမွုနဲ့ေပါင္းစပ္ျပီး ပိုျပီးေျကာက္မက္ဖြယ္ေကာင္းေနတယ္။

"ဘယ္လိုေျဖရွင္းခ်က္ေပးမယ္ စိတ္ကူးထားလဲ"

အသံေနအသံထားေျကာင့္ ေရွာင္းက်န့္ပိုတုန္လွုပ္သြားတယ္။
ရင္ဘတ္တစ္ခုလံုးကလည္းျမင္းရိုင္းတစ္ေကာင္လိုခုန္ေပါက္ေနတယ္။
ဒီတစ္ေခါက္ေရာ ဒီေျကာက္မက္ဖြယ္လူက ဘယ္လိုအျပစ္မ်ိုးကိုထပ္ေပးဦးမွာလဲ။

"ဟမ္ ငါေမးေနတယ္ေလ"

ဝမ္ရိေပၚက စိတ္မရွည္စြာေလသံကိုျမွင့္ေမးေတာ့ ေရွာင္းက်န့္ လက္နွစ္ဖက္ကိုဆုပ္ထားလိုက္မိတယ္။

"မင္း မင္းျကီး ဒီေန့ညမလာေတာ့ဘူးဆိုလို့"

"အဲ့တာနဲ့ အျပင္ကိုခိုးထြက္တယ္ေပါ့
ငါတစ္ညေလာက္မလာတာနဲ့ အျပင္ကိုခိုးထြက္ရဲေလာက္တဲ့အထိ အတင့္ရဲသြားတယ္ေပါ့
ေရွာင္းက်န့္
မင္းကဘာဆိုတာကိုေမ့ေနတာလား
မင္းကငါ့လူ ငါ့ရဲ့ကိုယ္လုပ္ေတာ္
ငါ့အမိန့္မပါဘဲနန္းျပင္မေျပာနဲ့ အေဆာင္ျပင္ကိုေတာင္ထြက္ခြင့္မရွိဘူး"

"..."

ေရွာင္းက်န့္ သူ့အမွားသူသိေသာေျကာင့္ ေခါင္းကိုသာငံု့ထားလိုက္တယ္။
သို့ေပမယ့္ ဝမ္ရိေပၚကအားအျပည့္နဲ့ ေရွာင္းက်န့္ကိုနံရံေပၚတြန္းကပ္လိုက္တယ္။

"ဒါကဘာလဲ!"

လည္ပင္းမွအနီေရာင္အမွတ္အသားကိုကိုင္ျပီး ဝမ္ရိေပၚေဒါသတျကီးေရွာင္းက်န့္ကိုဆြဲလွုပ္တယ္။

"ဒါကဘာလဲလို့!!"

ေရွာင္းက်န့္ လည္ပင္းမွကိုက္ရာကိုလက္နဲ့အုပ္ကိုင္လိုက္တယ္။

"အဲ့ အဲ့တာက"

"ေရွာင္းက်န့္
မင္းအဲ့ေလာက္ေတာင္ျဖစ္ေနတာလား
ငါမဟုတ္တဲ့ တျခားေကာင္နဲ့အတူေနရေလာက္ေအာင္ မင္းအဲ့ေလာက္ေတာင္ျဖစ္ေနလား
အဲ့တိရိစာၦန္ေကာင္က ငါ့လိုေကာင္းေအာင္မ်ားလုပ္ေပးနိုင္မယ္ထင္ေနတာလား"

ေရွာင္းက်န့္ မယံုနိုင္ေသာမ်က္ဝန္းမ်ားျဖင့္ျကည့္ကာ ဝမ္ရိေပၚကိုတြန္းလိုက္တယ္။

ဒီဘုရင္ယုတ္မာတာကိုသိေပမယ့္ ဒီေလာက္ထိရိုင္းစိုင္းလိမ့္မယ္လို့မထင္ထား။
လူတစ္ေယာက္ရဲ့ပါးစပ္က ဘယ္လိုျဖစ္လို့ဒီလိုအရာမ်ိုးကိုေျပာထြက္နိုင္ရတာလဲ။
သူပဲအေျပာခံရတာ ကိစၥမရွိေပမယ့္ ဘာအျပစ္မွမရွိတဲ့ရိေပၚကိုပါ... ။

"စကားကိုဆင္ျခင္ေျပာပါ
ရိေပၚက က်ြန္ေတာ့္ခင္ပြန္း
က်ြန္ေတာ့္ခင္ပြန္းနဲ့ က်ြန္ေတာ္အတူေနတာ ဘာေတြမ်ားထူးဆန္းသြားလို့လဲ
ရိေပၚနဲ့ဘာဆိုင္လို့ ရိေပၚကိုအခုလိုမ်ိုးေျပာရတာလဲ
ဘုရင္ဆိုတိုင္း အျပစ္မရွိတဲ့လူေတြကိုအဲ့လိုမ်ိုးေျပာလို့ရတာလား
ရိေပၚက... "

"မင္း ေစာက္ပါးစပ္ကိုပိတ္ထား!!"

ဝမ္ရိေပၚ ေရွာင္းက်န့္မ်က္နွာကို ျဖတ္ရိုက္ခ်လိုက္တယ္။
အားကျပင္းလြန္းလို့ ေရွာင္းက်န့္ေခါင္းလည္ထြက္ျပီးထိုေနရာမွာလဲက်သြားတယ္။

"ဘာကိုခင္ပြန္းလဲ
မင္းကအခုငါ့ရဲ့ကိုယ္လုပ္ေတာ္ ငါ့လူ ငါ့အပိုင္
အဲ့ေကာင္နဲ့ဘာမွမဆိုင္ေတာ့ဘူး
မင္းကိုငါပဲထိခြင့္ရွိတယ္
မင္းရဲ့ခႏၶာ မင္းရဲ့အေသြးအသား မင္းရဲ့အေတြးေတြကငါနဲ့ပဲသက္ဆိုင္ေနရမယ္
ငါ့အတြက္သာမဟုတ္ရင္ မင္းအသက္ရွဴခြင့္ေတာင္မရွိေစရဘူး"

ေရွာင္းက်န့္ အရိုက္ခံရတဲ့ပါးကိုအုပ္ကိုင္လိုက္တယ္။
မ်က္နွာကနာလြန္းလို့ ခ်က္ခ်င္းမ်က္ရည္ေတြဝဲတက္လာတယ္။
သူ က်ြန္ဘဝတုန္းကဒီလိုမ်ိုးအရိုက္အနွက္ခံဖူးေပမယ့္ သူ့ကိုကာကြယ္ေပးမယ့္ နွစ္သိမ့္ေပးမယ့္ ရိေပၚရွိတယ္။
က်ြန္ဘဝကလြတ္ေျမာက္လာေတာ့လည္း ရိေပၚက မျပည့္စံုမွုေတြျကားထဲမွာ သူ့ကိုေနမထိေလမထိရေစတဲ့အထိကေလးတစ္ေယာက္လိုမ်ိုး ပိုးလိုဥျပီးဖူးဖူးမွုတ္ထားခဲ့တာ။
နာက်င္မွုဆိုတာ ဘယ္လိုမ်ိုးလဲမမွတ္မိေလာက္ေတာ့ေအာင္အထိ ရိေပၚကသူ့ကိုဂရုစိုက္ေပးခဲ့တာ။
အဲ့လိုမ်ိုးေတြ အလိုလိုက္ခံထားရတာျကာလို့ထင္ပါရဲ့။
ပါးေလးအရိုက္ခံရရံုနဲ့တင္ သူ့ရဲ့မ်က္ရည္မ်ားက အထိန္းအကြပ္မဲ့စြာပဲစီးက်လာျကတယ္။
ဝမ္းနည္းလြန္းလို့ ရွိုက္သံေတြကိုလည္းသူမထိန္းခ်ုပ္နိုင္ေတာ့ဘူး။

ဝမ္ရိေပၚဆီေရာက္ျပီးကတည္းက မ်က္ရည္ေတြက ေရွာင္းက်န့္အတြက္ အျကြယ္ဝဆံုးအရာေတြျဖစ္လာတယ္။
ေရွာင္းက်န့္ရဲ့ရွိုက္ငိုသံကိုျကားကာမွ ဝမ္ရိေပၚ ထိုင္ခ်ျပီး ေရွာင္းက်န့္ကိုကျပာကယာရင္ခြင္ထဲဆြဲသြင္းတယ္။
ထို့ေနာက္ ေရွာင္းက်န့္မ်က္နွာကိုပင့္ျပီး မ်က္ရည္ေတြကိုဖြဖြေလးသုတ္ေပးတယ္။

"ေတာင္းပန္ပါတယ္ က်န့္
ကိုယ္လြန္သြားတယ္"

ဝမ္ရိေပၚက ေရွာင္းက်န့္ကိုဖက္ထားလ်က္ပင္ ေခါင္းေလးကိုညင္သာစြာပြတ္သပ္တယ္။

"ကိုယ္ က်န့္ကိုအမ်ားျကီးခ်စ္ေပးပါ့မယ္
အဲ့တာေျကာင့္ အဲ့ေကာင္ကိုမခ်စ္နဲ့ေတာ့ေနာ္
အဲ့ေကာင္ဆီကိုလည္းမသြားနဲ့ေတာ့
သူ့အေျကာင္းကိုလည္းမေတြးနဲ့ေတာ့
သူ့ကိုေမ့ျပစ္လိုက္
ကိုယ္ က်န့္လိုခ်င္တာေတြ လိုအပ္တာေတြအားလံုးကိုလုပ္ေပးမယ္
က်န့္ျဖစ္ခ်င္တာသာေျပာလိုက္ အခုခ်က္ခ်င္းျဖစ္ေစရမယ္
အဲ့တာေျကာင့္ အဲ့ေကာင္ကိုေမ့လိုက္ေတာ့ေနာ္
ကိုယ္အရာအားလံုးကို က်န့္ကိုေပးနိုင္တယ္
က်န့္က ကိုယ့္ကိုတစ္ခုပဲျပန္လုပ္ေပး"

"...."

ေရွာင္းက်န့္ကရွိုက္ငိုေနျမဲ။
ဝမ္ရိေပၚက ဆက္ေျပာတယ္။

"ကိုယ့္ကိုျပန္ခ်စ္ေပးပါ
ဒါမွမဟုတ္ရင္လည္း ျပန္ခ်စ္ဖို့ျကိုးစားေပး
ေနာ္"

ေရွာင္းက်န့္က ရင္ခြင္ထဲမွေခါင္းခါတယ္။

"ကိုယ့္ေျကာင့္သာမဟုတ္ရင္ က်န့္ကိုအသက္ရွူခြင့္ေတာင္မေပးဘူး
က်န့္သာ ကိုယ့္ကိုျပန္မခ်စ္နိုင္တာသခ်ာရင္ က်န့္ကိုသတ္ျပီး ကိုယ့္ကိုကိုယ္လည္းအဆံုးသတ္လိုက္မယ္
ဟိုေကာင္ကေတာ့ ရူးရင္လည္းရူးပါေစေပါ့"

"အဲ့တာဆိုလည္း က်ြန္ေတာ့္ကိုသတ္လိုက္ပါေတာ့
က်ြန္ေတာ္ ဘယ္ေတာ့မွ ခင္ဗ်ားကိုခ်စ္လာမွာမဟုတ္ဘူး"

"အခုခ်က္ခ်င္းေျဖစရာမလိုပါဘူး
အခ်ိန္ေတြအမ်ားျကီးရွိပါေသးတယ္
ကိုယ္ေစာင့္နိုင္တယ္
က်န့္ ကိုယ့္ကိုျပန္ခ်စ္လာမယ့္အခ်ိန္ထိကိုယ္ေစာင့္နိုင္တယ္
ေနာက္ဆယ္နွစ္အထိဆိုရင္ေတာင္ ဒါမွမဟုတ္လည္း နွစ္နွစ္ဆယ္
ဟင့္အင္း က်န့္ကိုယ့္ေဘးမွာ ရွိေနသေရြ့ကိုယ္ေစာင့္နိုင္တယ္
အဲ့တာေျကာင့္ က်န့္ျကိုးစားေပးေနာ္"

ဝမ္ရိေပၚက ေရွာင္းက်န့္ကိုျပံုးျပီးေျပာတယ္။
ဝမ္ရိေပၚရဲ့အျပံဳးက ေရွာင္းက်န့္အတြက္ေတာ့ငရဲပဲ။
ေရွာင္းက်န့္မ်က္ရည္ေတြပိုသည္းလာတယ္။

...................................

.................................

Unicode

"ဆရာလေး"

ရိပေါ် အိမ်ပြန်ရောက်တော့ ဘေးအိမ်က အဖွားကြီးလှမ်းခေါ်လာတာမို့ ရိပေါ်ထိုအဖွားဆီသွားလိုက်တယ်။

"ဟုတ်ကဲ့ ဖွားဖွား"

"ကောင်မလေး တစ်ယောက်စာလာပို့သွားလို့"

"စာလား"

"အင်း"

"ကျေးဇူးပါနော် ဖွားဖွား"

အဖွားကြီး ပေးသောစာအိတ်ကို ရိပေါ်လှမ်းယူပြီး အိမ်ထဲပြန်ဝင်လာခဲ့တယ်။
စာရွက်ကိုဖွင့်ဖတ်ကြည့်လိုက်ချိန်မှာတော့ အိမ်ပေါ်သို့တက်ရန်ပြင်နေတဲ့ ရိပေါ်ခြေလှမ်းတွေက နောက်သို့ပြန်လှည့်ပြီး တစ်နေရာဆီသို့အမြန်ပြေးသွားတော့တယ်။
မျက်နှာထက်တွင်လည်းဖုံးဖိမရတဲ့ အပြုံးတစ်ချို့နဲ့။

ချိန်းဆိုထားတဲ့နေရာသို့အရောက်မှာတော့ တွေ့ရပါပြီ။
မှောင်ရိပ်သန်းလာတဲ့ကောင်းကင်အောက်ကနှင်းမှုန်တွေကြားထဲမှာ ဖြူလွှလွှအကျႌလေးကို ဝတ်ပြီး သူ့အလာကိုစောင့်မျှော်နေတဲ့ သူ့ရဲ့အနှိုင်းမဲ့မြတ်နိုးရာလေး။

"ကော.."

အရှိန်အဟုန်နဲ့ပြေးဖက်လိုက်တော့ အေးနေတဲ့ကိုယ်လေးက တစ်ချက်တွန့်ခနဲ။
သို့ပေမယ့် ချက်ချင်းပဲ ဝင်းပပပြုံးကာ ပြန်လည်တင်းကြပ်စွာဖက်လာတယ်။

"ရိပေါ်"

စက္ကန့်အနည်းငယ်ကြာပြီးနောက်မှာ ရိပေါ်ကဖက်ထားတာလွှတ်ပေးလိုက်တယ်။
ထို့နောက် လက်နှစ်ဖက်ကိုပွတ်ပြီး ရှောင်းကျန့်မျက်နှာပေါ်အပ်တယ်။

"ဒီလောက်အေးနေတာကို ဘာလို့အကျႌအပါးလေးဝတ်လာတာလဲ
စောင့်နေတာရော ကြာပြီလား"

"ဟင့်အင်း ကောလည်းအခုလေးတင်ပဲရောက်တာ"

ရိပေါ် ရှောင်းကျန့်လက်ကိုဆွဲပြီး အနီးအနားရှိစားသောက်ဆိုင်တစ်ဆိုင်သို့ခေါ်လာလိုက်တယ်။
ဈေးမြင့်ဆိုင်များဖြစ်၍ အထူးဧည့်သည်များအတွက် သီးသန့်အခန်းများရှိရာ ထိုအခန်းများထဲမှတစ်ခန်းကို ရိပေါ်ဝင်သွားလိုက်တယ်။
အခန်းထဲရောက်သည်နှင့် ရှောင်းကျန့်က ရိပေါ်ရင်ခွင်ထဲအတင်းတိုးဝင်လာတယ်။

"ဘာဖြစ်လို့လဲ ကော"

ရိပေါ် အနည်းငယ်စိတ်ပူမိသွားသောကြောင့်် ရှောင်းကျန့်ကျောပြင်လေးကိုပုတ်ကာမေးတော့ ရှောင်းကျန့်ကခေါင်းခါပြတယ်။
ထို့နောက် ရင်ခွင်မှမော့ကြည့်ပြီးပြုံးစိစိလေးပြောတယ်။

"ချမ်းလို့"

ရိပေါ် သက်ပြင်းချပြီး ရှောင်းကျန့်မျက်နှာကိုအုပ်ကိုင်ကာယမ်းလိုက်တယ်။

"အဲ့တာကြောင့် ဘာလို့အကျႌအပါးလေးဝတ်လာရတာလဲလို့"

"နှင်းကျမယ်လို့မှမသိတာ"

"ဟူး"

ရိပေါ် ထိုင်ချပြီး ရှောင်းကျန့်ကိုရင်ခွင်ထဲထိုင်စေကာ အနောက်မှသိုင်းဖက်လိုက်တယ်။

"ကျွန်တော် နွေးအောင်လုပ်ပေးမယ်"

ရှောင်းကျန့် ပြုံးပြီးခေါင်းညိတ်ကာ ရိပေါ်ရင်ခွင်ထဲမှီလိုက်တယ်။

"အခုလည်း တော်တော်လေးနွေးနေပါပြီ"

ရိပေါ် ပိုတင်းကြပ်အောင်ဖက်လိုက်ရင်း ရှောင်းကျန့်ဆံနွယ်တွေကိုတရှံ့ုရှုံ့နမ်းတယ်။
အချိန်ခဏလောက်ကြာပြီးနောက်မှာတော့ ရှောင်းကျန့် ရိပေါ်ရင်ခွင်မှဆင်းလိုက်တယ်။

"ဘာဖြစ်လို့လဲ ကော"

"ရိပေါ် လေးနေမှာစိုးလို့"

"မလေးပါဘူးဗျာ အလွမ်းဖြေလို့တောင်မဝရသေးတဲ့ကြားထဲ"

မျက်နှာချင်းဆိုင်လျက်ပင် ရိပေါ် ရှောင်းကျန့်ကိုဖက်လိုက်တယ်။
ရှောင်းကျန့် ပြန်လည်တင်းကြပ်စွာဖက်လိုက်ပြီး နှုတ်ခမ်းဆီသို့ဦးတည်လာတဲ့ ရိပေါ်ရဲ့အနမ်းတွေကိုခံယူတယ်။
နှုတ်ခမ်းမှတစ်ဆင့် ရိပေါ်အနမ်းတွေက လည်တိုင်ဆီသို့ဦးတည်လာတော့ ရှောင်းကျန့်အလိုက်သင့်ပဲ ရိပေါ်လည်ပင်းပေါ်လက်ချိတ်လိုက်တယ်။
အလျင်လိုပြီး အနည်းငယ်ကြမ်းရှနေတဲ့အနမ်းတွေကြောင့် ဒီကောင်လေး သူ့ကိုဘယ်လောက်တောင်လွမ်းနေမှန်း ရှောင်းကျန့်သိလိုက်တယ်။
ရိပေါ် စိတ်မထိန်းနိုင်စွာ ရှောင်းကျန့်ကိုလှဲချပြီးလည်တိုင်ပေါ်အမှတ်အသားပြုလုပ်မိသွားတော့ ရှောင်းကျန့်ဆီမှညည်းသံချိုချိုလေးထွက်လာတယ်။

"အာ့... ရိပေါ်.. "

ရှောင်းကျန့် အသံကပိုလိုလားတဲ့အသံဖြစ်နေပေမယ့် ရိပေါ် ပြန်ထထိုင်ပြီး ရှောင်းကျန့်ကိုပါဆွဲထူလိုက်တယ်။

"တောင်းပန်ပါတယ် ကော
ကျွန်တော် စိတ်မထိန်းနိုင်ဖြစ်သွားတယ်"

"မဟုတ်တာ"

ရှောင်းကျန့် ခေါင်းခါပြပြီး ရိပေါ် ပေါင်ပေါ်တစ်စောင်းဝင်ထိုင်ကာ လက်တွေကိုရိပေါ်လည်တိုင်ပေါ်ချိတ်တယ်။

"ရိပေါ်လိုချင်ရင်... "

ရှောင်းကျန့် အောက်နှုတ်ခမ်းကိုဖိကိုက်ပြီး ရိပေါ်နှုတ်ခမ်းကိုငုံ့နမ်းလိုက်တယ်။
သူတို့အတူတူမနေတာ ကြာပြီဖြစ်တဲ့အတွက် ရိပေါ်အနေနဲ့ဒါကိုလိုအပ်နေမှာမထူးဆန်း။
ပြီးတော့ ရိပေါ်က ဒီအတောအတွင်း သူမဟုတ်တဲ့တခြားတစ်ယောက်နဲ့အတူနေမယ့်လူမျိုးလည်းမဟုတ်။

"အွန့်"

ခေါင်းကိုထိန်းကိုင်ပြီး အတင်းဆွဲခွာလိုက်တဲ့ ရိပေါ်ကြောင့် ရှောင်းကျန့်မျက်လုံးရွဲတွေနဲ့ ကြည့်လိုက်မိတယ်။

"ရိပေါ် ဘာ ဘာဖြစ်လို့လဲ"

"ကျွန်တော် အစားအသောက်တွေသွားမှာလိုက်ဦးမယ်"

ရိပေါ်က ထိုသို့ပြောပြီး ရှောင်းကျန့်ကိုပေါင်ပေါ်မှချကာ အပြင်သို့်ထွက်သွားတယ်။
ရှောင်းကျန့် ရင်ထဲအနည်းငယ်လှုပ်ခတ်သွားတယ်။

ဘာဖြစ်လို့လဲ။ဘာဖြစ်လို့များလဲ။
သေချာပေါက်လိုအပ်နေမှာကို ရိပေါ်ကသူ့ကိုဘာဖြစ်လို့ ဘာမှမလုပ်ရတာလဲ။
သူနဲ့ဝမ်ဘုရင်ကြားက ဆက်ဆံရေးကြောင့်များလား။
အဲ့တာကြောင့် ရိပေါ်ကရွံပြီး.... ။

ထိုသို့တွေးမိသည်နှင့်တစ်ပြိုင်နက် ရှောင်းကျန့်နှလုံးသားကအလွန်အမင်းကိုတုန်လှုပ်သွားတယ်။
မျက်နှာကလည်း ချက်ချင်းပဲဖြူဆုတ်လာတယ်။

တကယ်လို့အဲ့လိုသာဆိုရင် ဘယ်လိုလုပ်မလဲ။
ဘာဆက်လုပ်ရမလဲ။
သူ့မှာ ရိပေါ်ပဲရှိတာ။
မိသားစုမရှိ အပေါင်းအသင်းမရှိ မိတ်ဆွေမရှိ။
သူ့မှာရှိတာ ရိပေါ် တစ်ယောက်တည်း။
တကယ်လို့ ဝမ်ဘုရင်ဆီက ပြန်လွတ်မြောက်လာလို့ ရိပေါ်ကသူ့ကိုလက်မခံရင် သူ့မှာသွားစရာနေရာမရှိဘူး။
ရှိခဲ့ရင်တောင်မှ ရိပေါ်နဲ့ခွဲပြီးသူကနေနိုင်မှာတဲ့လား။

အတွေးတွေနဲ့ ရှောင်းကျန့် ယောက်ယက်ခတ်နေချိန်မှာပဲ ရိပေါ်ကပြန်ဝင်လာတယ်။
ထို့နောက် ဖြူဆုတ်နေသောရှောင်းကျန့်မျက်နှာကိုမြင်ပြီး အနားသို့အမြန်လာကာလက်ကိုဆုပ်ကိုင်တယ်။

"ဘာဖြစ်လို့လဲ ကော
ဗိုက်အောင့်လို့လား"

ရှောင်းကျန့် ခေါင်းခါပြပြီး အခုန်မြန်နေသောရင်ဘတ်ကိုဖိကိုင်လိုက်တယ်။
ရှောင်းကျန့် ပုံစံကြောင့် ရိပေါ်ပိုစိတ်ပူသွားပြီး နဖူးပေါ် လက်တင်စမ်းကာ ဆေးအိတ်ထဲမှဆေးတစ်ချို့ကိုအသည်းအသန်ရှာတယ်။
ဘာမဟုတ်တာလေးကို စိတ်အပူလွန်နေတဲ့ ရိပေါ်ကိုကြည့်ပြီး ရှောင်းကျန့်ရင်ထဲနွေးသွားရပြန်တယ်။

ရိပေါ်က သူ့ကိုဂရုစိုက်တုန်းပဲ။
သူကသာ အတွေးလွန်နေတာနေမှာ။
ဟုတ်တယ်။သူ အတွေးလွန်နေမိတာနေမှာ။

ရှောင်းကျန့် ရိပေါ်ကိုနောက်မှသိုင်းဖက်ပြီး ကျောပြင်ပေါ်မှီလိုက်တယ်။

"ကော ဘာမှမဖြစ်ပါဘူး ရိပေါ်
ဆေးတွေမလိုပါဘူး"

လှည့်််ကြည့်လာတဲ့ ရိပေါ်ကို ရှောင်းကျန့်ပြုံးပြလိုက်တယ်။

"ကော ဘာမှမဖြစ်ပါဘူး
ရိပေါ်က ရုတ်တရက်ကြီးထထွက်သွားတော့ ကော စိတ်ပူမိသွားတာပါ
ကော ရိပေါ်ကို စိတ်ပျက်စေမိပြီထင်လို့"

"မဟုတ်တာ ကောရာ"

ရိပေါ် ခေါင်းခါပြီး ရှောင်းကျန့်ကိုရင်ခွင်ထဲဆွဲသွင်းလိုက်တယ်။

"ကျွန်တော် နျန်းကုန်းမြို့ကိုသွားရမယ်
ဆေးဝယ်ဖူးတဲ့ ကောင်မလေးတစ်ယောက်က အဲ့မြို့ကိုပြောင်းသွားတာတဲ့
ကံကောင်းလို့ အဲ့ကောင်မလေးနဲ့တွေ့ပြီး သူ့ကို သက်သေလုပ်ခိုင်းနိုင်ရင် ကောကိုပြန်ခေါ်လို့ရတော့မှာ"

"ဟုတ် ဟုတ်လား"

"အင်း"

"အဲ့တာနဲ့ ကောကိုမလုပ်တာနဲ့ဘာဆိုင်လို့လဲ"

"အဟား ကောရာ"

ရိပေါ် အူယားစွာရယ်ပြီး ရှောင်းကျန့်ပါးလေးကိုနစ်ဝင်သွားအောင်နမ်းလိုက်တယ်။
ထို့နောက် နားအနားသို့တိုးကပ်ကာ စကားတစ်ချို့ကိုပြောလိုက်တယ်။
ထိုအခါမှ ရှောင်းကျန့်မျက်နှာလေးကပန်းရောင်သန်းသွားပြီး ခေါင်းလေးငုံ့ဝင်တယ်။

"အင်း ဟုတ်တယ်"

အခန်းထဲလာချပေးတဲ့ မုန့်တွေကိုစားပြီးသူတို့နှစ်ယောက် စကားတွေအများကြီးပြောကြတယ်။
ရိပေါ်ကရှောင်းကျန့်ကို ကျန်းမာရေးကိုပိုပြီးဂရုစိုက်သင့်တဲ့အကြောင်း။
ရှောင်းကျန့်ကလည်းရိပေါ်ကို လမ်းခရီးမှာအစစအရာရာဂရုစိုက်ဖို့နဲ့စိတ်ပူတဲ့အကြောင်း။
ပြီးတော့ ဘယ်တော့မှာမရိုးသွားနိုင်မယ့် သူတို့နှစ်ယောက်ရဲ့အချစ်အကြောင်း။

.........................................

ရိပေါ် ရှောင်းကျန့်ကိုနန်းတော်သို့ပြန်လိုက်ပို့ချိန်မှာတော့ ညသန်းခေါင်ယံအချိန်ကိုပင်ရောက်နေပြီ။
ရှောင်းကျန့်နန်းတော်ထဲသို့ ဝင်သွားသည်ကိုတွေ့မှ ရိပေါ်အိမ်သို့ပြန်လာပြီး လမ်းခရီးအတွက်လိုအပ်တာတွေကိုထုပ်ပိုးတယ်။

ရှောင်းကျန့်ကတော့ ပြုံးရိပ်ချျိုချိုနဲ့အဆောင်ရှိရာသို့ပြန်လာတယ်။
ဒါပေမယ့် သူမထင်ထားခဲ့ဘူး။
သူ့ရဲ့အပြုံးတွေက ညတွင်းချင်းပဲပျောက်ကွယ်သွားရလိမ့်မယ်လို့။

ကုတင်ပေါ်မှာ မိနိ့မိန့်ကြီးထိုင်ကာသူ့အလာကိုစောင့်နေပုံပေါ်တဲ့ ဝမ်ရိပေါ်ကိုတွေ့ပြီး ရှောင်းကျန့်ခြေလှမ်းတွေတွေန့်ဆုတ်သွားတယ်။

"မင်း မင်းကြီး"

မလာတော့ဘူးဆို။
ဒီနေ့ည မလာတော့ဘူးဆိုပြီး ဘာလို့ညသန်းခေါင်ယံကြီး။

ဝမ်ရိပေါ်က ရှောင်းကျန့်ကိုစိုက်ကြည့်ပြီး အနားသို့တစ်လှမ်းချင်းလျှောက်လာတယ်။
နဂိုကတည်းက ရာသီဥတုကြောင့် အေးစက်နေတဲ့ပတ်ဝန်းကျင်က ယခုအခါ ပိုပြီးအေးခဲသွားသယောင်ရှိတယ်။
အမြဲတစေ ခက်ထန်လွန်းနေတဲ့ ဝမ်ရိပေါ်မျက်နှာကလည်း အေးခဲမှုနဲ့ပေါင်းစပ်ပြီး ပိုပြီးကြောက်မက်ဖွယ်ကောင်းနေတယ်။

"ဘယ်လိုဖြေရှင်းချက်ပေးမယ် စိတ်ကူးထားလဲ"

အသံနေအသံထားကြောင့် ရှောင်းကျန့်ပိုတုန်လှုပ်သွားတယ်။
ရင်ဘတ်တစ်ခုလုံးကလည်းမြင်းရိုင်းတစ်ကောင်လိုခုန်ပေါက်နေတယ်။
ဒီတစ်ခေါက်ရော ဒီကြောက်မက်ဖွယ်လူက ဘယ်လိုအပြစ်မျိုးကိုထပ်ပေးဦးမှာလဲ။

"ဟမ် ငါမေးနေတယ်လေ"

ဝမ်ရိပေါ်က စိတ်မရှည်စွာလေသံကိုမြှင့်မေးတော့ ရှောင်းကျန့် လက်နှစ်ဖက်ကိုဆုပ်ထားလိုက်မိတယ်။

"မင်း မင်းကြီး ဒီနေ့ညမလာတော့ဘူးဆိုလို့"

"အဲ့တာနဲ့ အပြင်ကိုခိုးထွက်တယ်ပေါ့
ငါတစ်ညလောက်မလာတာနဲ့ အပြင်ကိုခိုးထွက်ရဲလောက်တဲ့အထိ အတင့်ရဲသွားတယ်ပေါ့
ရှောင်းကျန့်
မင်းကဘာဆိုတာကိုမေ့နေတာလား
မင်းကငါ့လူ ငါ့ရဲ့ကိုယ်လုပ်တော်
ငါ့အမိန့်မပါဘဲနန်းပြင်မပြောနဲ့ အဆောင်ပြင်ကိုတောင်ထွက်ခွင့်မရှိဘူး"

"..."

ရှောင်းကျန့် သူ့အမှားသူသိသောကြောင့် ခေါင်းကိုသာငုံ့ထားလိုက်တယ်။
သို့ပေမယ့် ဝမ်ရိပေါ်ကအားအပြည့်နဲ့ ရှောင်းကျန့်ကိုနံရံပေါ်တွန်းကပ်လိုက်တယ်။

"ဒါကဘာလဲ!"

လည်ပင်းမှအနီရောင်အမှတ်အသားကိုကိုင်ပြီး ဝမ်ရိပေါ်ဒေါသတကြီးရှောင်းကျန့်ကိုဆွဲလှုပ်တယ်။

"ဒါကဘာလဲလို့!!"

ရှောင်းကျန့် လည်ပင်းမှကိုက်ရာကိုလက်နဲ့အုပ်ကိုင်လိုက်တယ်။

"အဲ့ အဲ့တာက"

"ရှောင်းကျန့်
မင်းအဲ့လောက်တောင်ဖြစ်နေတာလား
ငါမဟုတ်တဲ့ တခြားကောင်နဲ့အတူနေရလောက်အောင် မင်းအဲ့လောက်တောင်ဖြစ်နေလား
အဲ့တိရိစာၦန်ကောင်က ငါ့လိုကောင်းအောင်များလုပ်ပေးနိုင်မယ်ထင်နေတာလား"

ရှောင်းကျန့် မယုံနိုင်သောမျက်ဝန်းများဖြင့်ကြည့်ကာ ဝမ်ရိပေါ်ကိုတွန်းလိုက်တယ်။

ဒီဘုရင်ယုတ်မာတာကိုသိပေမယ့် ဒီလောက်ထိရိုင်းစိုင်းလိမ့်မယ်လို့မထင်ထား။
လူတစ်ယောက်ရဲ့ပါးစပ်က ဘယ်လိုဖြစ်လို့ဒီလိုအရာမျိုးကိုပြောထွက်နိုင်ရတာလဲ။
သူပဲအပြောခံရတာ ကိစ္စမရှိပေမယ့် ဘာအပြစ်မှမရှိတဲ့ရိပေါ်ကိုပါ... ။

"စကားကိုဆင်ခြင်ပြောပါ
ရိပေါ်က ကျွန်တော့်ခင်ပွန်း
ကျွန်တော့်ခင်ပွန်းနဲ့ ကျွန်တော်အတူနေတာ ဘာတွေများထူးဆန်းသွားလို့လဲ
ရိပေါ်နဲ့ဘာဆိုင်လို့ ရိပေါ်ကိုအခုလိုမျိုးပြောရတာလဲ
ဘုရင်ဆိုတိုင်း အပြစ်မရှိတဲ့လူတွေကိုအဲ့လိုမျိုးပြောလို့ရတာလား
ရိပေါ်က... "

"မင်း စောက်ပါးစပ်ကိုပိတ်ထား!!"

ဝမ်ရိပေါ် ရှောင်းကျန့်မျက်နှာကို ဖြတ်ရိုက်ချလိုက်တယ်။
အားကပြင်းလွန်းလို့ ရှောင်းကျန့်ခေါင်းလည်ထွက်ပြီးထိုနေရာမှာလဲကျသွားတယ်။

"ဘာကိုခင်ပွန်းလဲ
မင်းကအခုငါ့ရဲ့ကိုယ်လုပ်တော် ငါ့လူ ငါ့အပိုင်
အဲ့ကောင်နဲ့ဘာမှမဆိုင်တော့ဘူး
မင်းကိုငါပဲထိခွင့်ရှိတယ်
မင်းရဲ့ခန္ဓာ မင်းရဲ့အသွေးအသား မင်းရဲ့အတွေးတွေကငါနဲ့ပဲသက်ဆိုင်နေရမယ်
ငါ့အတွက်သာမဟုတ်ရင် မင်းအသက်ရှူခွင့်တောင်မရှိစေရဘူး"

ရှောင်းကျန့် အရိုက်ခံရတဲ့ပါးကိုအုပ်ကိုင်လိုက်တယ်။
မျက်နှာကနာလွန်းလို့ ချက်ချင်းမျက်ရည်တွေဝဲတက်လာတယ်။
သူ ကျွန်ဘဝတုန်းကဒီလိုမျိုးအရိုက်အနှက်ခံဖူးပေမယ့် သူ့ကိုကာကွယ်ပေးမယ့် နှစ်သိမ့်ပေးမယ့် ရိပေါ်ရှိတယ်။
ကျွန်ဘဝကလွတ်မြောက်လာတော့လည်း ရိပေါ်က မပြည့်စုံမှုတွေကြားထဲမှာ သူ့ကိုနေမထိလေမထိရစေတဲ့အထိကလေးတစ်ယောက်လိုမျိုး ပိုးလိုဥပြီးဖူးဖူးမှုတ်ထားခဲ့တာ။
နာကျင်မှုဆိုတာ ဘယ်လိုမျိုးလဲမမှတ်မိလောက်တော့အောင်အထိ ရိပေါ်ကသူ့ကိုဂရုစိုက်ပေးခဲ့တာ။
အဲ့လိုမျိုးတွေ အလိုလိုက်ခံထားရတာကြာလို့ထင်ပါရဲ့။
ပါးလေးအရိုက်ခံရရုံနဲ့တင် သူ့ရဲ့မျက်ရည်များက အထိန်းအကွပ်မဲ့စွာပဲစီးကျလာကြတယ်။
ဝမ်းနည်းလွန်းလို့ ရှိုက်သံတွေကိုလည်းသူမထိန်းချုပ်နိုင်တော့ဘူး။

ဝမ်ရိပေါ်ဆီရောက်ပြီးကတည်းက မျက်ရည်တွေက ရှောင်းကျန့်အတွက် အကြွယ်ဝဆုံးအရာတွေဖြစ်လာတယ်။
ရှောင်းကျန့်ရဲ့ရှိုက်ငိုသံကိုကြားကာမှ ဝမ်ရိပေါ် ထိုင်ချပြီး ရှောင်းကျန့်ကိုကပြာကယာရင်ခွင်ထဲဆွဲသွင်းတယ်။
ထို့နောက် ရှောင်းကျန့်မျက်နှာကိုပင့်ပြီး မျက်ရည်တွေကိုဖွဖွလေးသုတ်ပေးတယ်။

"တောင်းပန်ပါတယ် ကျန့်
ကိုယ်လွန်သွားတယ်"

ဝမ်ရိပေါ်က ရှောင်းကျန့်ကိုဖက်ထားလျက်ပင် ခေါင်းလေးကိုညင်သာစွာပွတ်သပ်တယ်။

"ကိုယ် ကျန့်ကိုအများကြီးချစ်ပေးပါ့မယ်
အဲ့တာကြောင့် အဲ့ကောင်ကိုမချစ်နဲ့တော့နော်
အဲ့ကောင်ဆီကိုလည်းမသွားနဲ့တော့
သူ့အကြောင်းကိုလည်းမတွေးနဲ့တော့
သူ့ကိုမေ့ပြစ်လိုက်
ကိုယ် ကျန့်လိုချင်တာတွေ လိုအပ်တာတွေအားလုံးကိုလုပ်ပေးမယ်
ကျန့်ဖြစ်ချင်တာသာပြောလိုက် အခုချက်ချင်းဖြစ်စေရမယ်
အဲ့တာကြောင့် အဲ့ကောင်ကိုမေ့လိုက်တော့နော်
ကိုယ်အရာအားလုံးကို ကျန့်ကိုပေးနိုင်တယ်
ကျန့်က ကိုယ့်ကိုတစ်ခုပဲပြန်လုပ်ပေး"

"...."

ရှောင်းကျန့်ကရှိုက်ငိုနေမြဲ။
ဝမ်ရိပေါ်က ဆက်ပြောတယ်။

"ကိုယ့်ကိုပြန်ချစ်ပေးပါ
ဒါမှမဟုတ်ရင်လည်း ပြန်ချစ်ဖို့ကြိုးစားပေး
နော်"

ရှောင်းကျန့်က ရင်ခွင်ထဲမှခေါင်းခါတယ်။

"ကိုယ့်ကြောင့်သာမဟုတ်ရင် ကျန့်ကိုအသက်ရှူခွင့်တောင်မပေးဘူး
ကျန့်သာ ကိုယ့်ကိုပြန်မချစ်နိုင်တာသချာရင် ကျန့်ကိုသတ်ပြီး ကိုယ့်ကိုကိုယ်လည်းအဆုံးသတ်လိုက်မယ်
ဟိုကောင်ကတော့ ရူးရင်လည်းရူးပါစေပေါ့"

"အဲ့တာဆိုလည်း ကျွန်တော့်ကိုသတ်လိုက်ပါတော့
ကျွန်တော် ဘယ်တော့မှ ခင်ဗျားကိုချစ်လာမှာမဟုတ်ဘူး"

"အခုချက်ချင်းဖြေစရာမလိုပါဘူး
အချိန်တွေအများကြီးရှိပါသေးတယ်
ကိုယ်စောင့်နိုင်တယ်
ကျန့် ကိုယ့်ကိုပြန်ချစ်လာမယ့်အချိန်ထိကိုယ်စောင့်နိုင်တယ်
နောက်ဆယ်နှစ်အထိဆိုရင်တောင် ဒါမှမဟုတ်လည်း နှစ်နှစ်ဆယ်
ဟင့်အင်း ကျန့်ကိုယ့်ဘေးမှာ ရှိနေသရွေ့ကိုယ်စောင့်နိုင်တယ်
အဲ့တာကြောင့် ကျန့်ကြိုးစားပေးနော်"

ဝမ်ရိပေါ်က ရှောင်းကျန့်ကိုပြုံးပြီးပြောတယ်။
ဝမ်ရိပေါ်ရဲ့အပြုံးက ရှောင်းကျန့်အတွက်တော့ငရဲပဲ။
ရှောင်းကျန့်မျက်ရည်တွေပိုသည်းလာတယ်။

...................................

........................




















































































































Continue Reading

You'll Also Like

1M 40K 93
๐—Ÿ๐—ผ๐˜ƒ๐—ถ๐—ป๐—ด ๐—ต๐—ฒ๐—ฟ ๐˜„๐—ฎ๐˜€ ๐—น๐—ถ๐—ธ๐—ฒ ๐—ฝ๐—น๐—ฎ๐˜†๐—ถ๐—ป๐—ด ๐˜„๐—ถ๐˜๐—ต ๐—ณ๐—ถ๐—ฟ๐—ฒ, ๐—น๐˜‚๐—ฐ๐—ธ๐—ถ๐—น๐˜† ๐—ณ๐—ผ๐—ฟ ๐—ต๐—ฒ๐—ฟ, ๐—”๐—ป๐˜๐—ฎ๐—ฟ๐—ฒ๐˜€ ๐—น๐—ผ๐˜ƒ๐—ฒ ๐—ฝ๐—น๐—ฎ๐˜†๐—ถ๐—ป๐—ด ๐˜„๐—ถ๐˜๐—ต ๏ฟฝ...
869K 19.8K 48
In wich a one night stand turns out to be a lot more than that.
1M 62K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
136K 5.6K 100
a sister who's actions are untamed, and a brother who's feelings are untamed. With complete different personalities, yet an awesome bond, the sibling...