Extra 1
"ရှင်း ထဦး ထဦး"
မနက်အစောကြီး အနှိုးခံလိုက်ရသောကြောင့် ရှင်းယွဲ့ မျက်လုံးများ ပွင့်လာရသည်။ သူ့အား လှုပ်နှိုးနေသည့် တရားခံမှာ တခြားသူ မဟုတ်။ သူ့ချစ်သူ ရှောင်ဟွားပင်။
"ဘာဖြစ်လို့လဲ ရှောင်ဟွား"
"ရှင်း ကျွန်တော် မနေ့ညက ဒီဇိုင်းဆွဲထားတဲ့ စာရွက်ပျောက်သွားလို့"
"စာရွက်ပျောက်တာ ကိုယ့်ကို ကူရှာပေးစေချင်တာလား...အဲဒါကြောင့် လာနှိုးတာလား"
"ကျွန်တော့်စာရွက် သူခိုး ခိုးသွားပြီထင်တယ်...ကျွန်တော် လိုက်ရှာတာ နှံ့နေပြီ...ဘယ်မှာမှ မတွေ့သေးဘူး...ကျွန်တော် တညလုံး ဆွဲထားတာလေး သွားပါပြီ...အဲဒီ ဒီဇိုင်းသာထွက်လာရင် ငွေသန်းချီ ကျွန်တော်ရမှာ"
မကျေနပ်စွာ ဆက်တိုက် ရေရွတ်နေသော ရှောင်ဟွားကြောင့် ရှင်းယွဲ့ အိပ်ချင်စိတ်များပင် ပျောက်သွားရသည်။
"အဲသူခိုး ရဲတိုင်မယ်...24နာရီအတွင်း ရအောင်ဖမ်းခိုင်းမယ်...တစ်ညလုံး ဆွဲထားတာ မကျေနပ်ဘူး...အပြင်ဘက် CCTVတွေ ပြန်စစ်ရမယ်...သူခိုးစုတ် ငါ့လက်ထဲက ပြေးမလွတ်စေရဘူး...ငါ ရအောင် ဖမ်းပြမယ်"
ရှင်း ရှောင်ဟွားအား ကြည့်ကာ စိတ်လေသွားရသည်။ မနေ့ညက သူတို့မအိပ်ခင် စုံထောက်ကား တစ်ကား ကြည့်ဖြစ်ကြသည်။ ပျင်းစရာကောင်းသောကြောင့် ရှင်းယွဲ့ စောစောအိပ်ရာဝင်လိုက်သော်လည်း သူ ထလာသည်အထိ ရှောင်ဟွား ကြည့်ကောင်းနေဆဲပင်။ သူ အိပ်ပျော်မသွားခင်ထိ အိပ်ရာပေါ် ရှောင်ဟွားရောက်မလာခဲ့။ ကြည့်ရတာ ညက စုံထောက်ကား အကြည့်လွန်သွားပုံရသည်။
"ခြေရာလက်ရာ ပျက်လို့ မဖြစ်ဘူး...ရှင်း ဘာပစ္စည်းမှ မထိနဲ့...လက်ဗွေရာ ပျက်သွားလိမ့်မယ်"
ရှင်း ရီဟွားအား ကြည့်ကာ ခေါင်းခါရမ်းလိုက်မိသည်။
သူ၏ လက်အား ဝှေ့ယမ်းလိုက်တော့ ရွှေရောင်အလင်းတန်းများ နေရာအနှံ့တွင် ထွက်ပေါ်လာကြသည်။ ထို့နောက် အလင်းများသည် သူ၏ ဘေးရှိ ရှောင်ဟွား ခေါင်းအုံးတွင် စုစည်းသွားကြပြီး ခေါင်းအုံးသည် တဖြေးဖြေး အထက်သို့ မြင့်တက်သွားကြသည်။
ထိုအခါ ခေါင်းအုံးအောက်ရှိ စာရွက်အဖြူ လေး ပေါ်လာလေတော့သည်။ ရှင်းယွဲ့ ထပ်၍ ခေါင်းသာ ခါရမ်းလိုက်မိပြန်သည်။ သူ၏ ချစ်သူလေးသည် ဉာဏ်အရမ်းကောင်းသော်လည်း တခါတလေ ရူးကြောင်ကြောင်နိုင်ပေသည်။
"ရှောင်ဟွား စာရွက်က ဒီမှာ"
"အမ် ဘယ်မှာ ဘယ်မှာလဲ"
သူ၏ အပြောကြောင့် ကျောပေးကာ တတွတ်တွတ်ရေရွတ်နေသော ရှောင်ဟွားက သူ့ဘက်သို့ လှည့်ကြည့်လာသည်။ အပေါ်သို့ မြင့်တက်နေသော ခေါင်းအုံးနှင့် အိပ်ရာခေါင်းရင်းတွင်ရှိနေသော စာရွက်အား ကြောင်အစွာ ကြည့်ပြီးနောက် သူ့အား သွားများ ပေါ်အောင်ထိ ရယ်ပြလာတော့သည်။
"ဟီး မနေ့ညက အိပ်ချင်မူးတူးနဲ့ ခေါင်းအုံးအောက် ထိုးထည့်ပြီး အိပ်ပျော်သွားတာပဲ"
"ငွေသန်းချီ တန်တဲ့စာရွက်ဆို အဲလို လုပ်လို့ရလား ရှောင်ဟွား"
ချက်ချင်း ရယ်ပြနေရာမှ နှုတ်ခမ်းဆူသွားသောကြောင့် ရှင်းယွဲ့ ပြုံးလိုက်မိသည်။
"အိပ်ချင်နေတာကြောင့် သတိမထားမိလို့ပေါ့...သတိထားမိရင် ခေါင်းအုံးအောက် ဘယ်ထိုးထည့်မှာလဲ...ငယ်ငယ်က စာရအောင် ခေါင်းအုံးအောက် စာအုပ်ထိုးထည့်အိပ်တာ အကျင့်ပါသွားလို့"
မျက်နှာ ဆူပုတ်နေပုံအား ကြည့်ရုံနှင့် စိတ်ဆိုးသွားပြီမှန်း ရှင်းယွဲ့ သိလိုက်သည်။ သူက သွားစမိသူဆိုတော့ ချော့ရပေဦးမည်။
စာရွက်အား ယူလိုက်ပြီး လက်အား ဝှေ့ယမ်းလိုက်တော့ အလင်းများ ပျောက်ကွယ်သွားသည်။ ခေါင်းအုံးသည်လည်း အိပ်ရာထက်သို့ပြုတ်ကျလာလေသည်။
"ပုံက တော်တော်လေး လှတယ်...ဒီ ဒီဇိုင်းလည်း သေချာပေါက် ပေါက်ဦးမှာပဲ"
သူ့အား ရှောင်ဟွား ဘာမှ ပြန်ပြောမလာပေ။ ကလေးဆန်သော ချစ်သူကြောင့် ရှင်းယွဲ့ ထပ်ပြုံး လိုက်မိသည်။
"ကိုယ် ဆာပြီ...မနက်စာစားရအောင်"
ယခုရက်ပိုင်းအတွင်း မနက်စာအား တာဝန်ယူထားသူမှာ ရှောင်ဟွားပင်။ သူ တားသော်လည်း မရ။ ချက်ကျွေးချင်လို့ ဟူသော အကြောင်းပြချက်ဖြင့် နေ့တိုင်းချက်ပေးလေသည်။ ချက်ထားသော မနက်စာအား သူစားလျှင် အရမ်းပျော်ရွှင်သွားတတ်သည်။
သူ၏ တာဝန်မှာတော့ ရှောင်ဟွား စိတ်ချမ်းသာစေရန် တစ်ခါတစ်လေ ငန်၍ တစ်ခါတစ်လေ ပေါ့လွန်းသော အစားအစာများကို မျက်နှာမပျက် နေ့တိုင်းစားပေးရခြင်းဖြစ်သည်။ တစ်ခါတစ်လေ သူ သံသယဝင်မိသည်။ ရှောင်ဟွား အရသာ မခံနိုင်ဘူးလားဟူ၍ပင်။ ထိုအစားအစာများအား စားသည့်အခါတိုင်း ရှောင်ဟွား ဘာမှဖြစ်ပုံမပေါ်ချေ။
ဆေးသောက်လျှင်တော့ ခါးသည်ဟု အမြဲညီးတတ်လေသည်။ ထိုအခါတွင်လည်း အကိုက်အခဲပျောက်ဆေးအား ချော့မော့တိုက်ရသည်မှာ သူ၏ တာဝန်ပင်။
"ဒီနေ့ မီတာခ သက်သာအောင် ဘာမှ ချက်မထားဘူး"
ရှောင်ဟွား အပြောကြောင့် ရှင်းယွဲ့ ရယ်ချင်စိတ်အား ထိန်းလိုက်ရသည်။ သူ ရယ်လိုက်ရင် ကိုယ်တော်လေးက ပို၍ စိတ်ဆိုးပေတော့မည်။
"မီတာခက အရမ်းတက်လို့လား...မင်းပဲ ကိုယ့်ကို ရှာကျွေးမယ် ပြောထားပြီး ခုရှာမကျွေးနိုင်တော့ဘူးပေါ့"
"အိမ်မှာ နတ်ဘုရားတစ်ပါးလုံး ရှိနေတာ...မီတာခက လိုလို့လား...အစွမ်းနဲ့လုပ်ရင် ဘာမဆိုရနေတာကို"
"အစွမ်းတွေ ခဏတိုင်းသုံးရင် စွမ်းအားတွေ လျော့လာလိမ့်မယ်...အဲဒါဆို ကိုယ် ရှင်းယွဲ့ဂူပြန်ပြီး ပြန်ကျင့်ကြံမှရမှာ...ကိုယ့်ကို ခွဲနိုင်တယ်ပေါ့"
ရှောင်ဟွားအား စနောက်လိုက်ခြင်းသာ ဖြစ်သည်။ ရှင်းယွဲ့ဂူအား ပြန်ကျင့်ကြံစရာ မလိုအပ်ပေ။
စိတ်ဆိုးနေသော မျက်နှာလေးသည် ငိုမဲ့မဲ့ဖြစ်သွားလေတော့သည်။
"ရှင်း ခင်ဗျားက ကျွန်တော့်ကို ထပ်ပြီး ထားသွားချင်ပြန်ပြီပေါ့...ခင်ဗျား မကောင်းဘူး"
ငိုခါနီး ဖြစ်လာသော မျက်နှာအား မြင်တော့ ရှင်းယွဲ့ မနေနိုင်တော့ပေ။ အိပ်ရာမှ ချက်ချင်းထလိုက်ပြီး အနီးသွားကာ ရှောင်ဟွား ခေါင်းအား ရင်ခွင်ထဲထည့်၍ ပွေ့ဖက်ထားလိုက်သည်။
"ကိုယ်က စတာပါ...မငိုရဘူးလေ...ကိုယ် ဘယ်တော့မှ မင်းကို ထားမသွားဘူး...မင်းဘေးနားမှာဘဲ ထာဝရ နေသွားမှာပါ...ကမ္ဘာကြီးပျက်သုဉ်းသွားသည်ထိ ကိုယ်မင်းဘေးက ခွဲမသွားဘူး ဟုတ်ပြီလား"
သူ ချော့မော့ပြောလိုက်တော့ ရင်ခွင်ထဲမှ ထွက်ကာ မျက်ဝန်းဝိုင်းလေးများဖြင့် သူ့အား ကြည့်လာလေသည်။
"ခင်ဗျား ကတိတည်ရမယ်နော်...ထပ်ပြီး ကျွန်တော့်ကို မညာရဘူး"
"အင်း ကိုယ်ကတိပေးတယ်...ငိုလည်း မငိုနဲ့တော့....စိတ်ဆိုးလည်းပြေတော့"
"အင်း"
ရှင်းယွဲ့ တကယ်ကို ကလေးတစ်ယောက် အပိုင်ရလိုက်ခြင်းပင်။ အပြင်ပုံအား ကြည့်လျှင်တော့ ကလေးဆန်သည်ဟု တစ်စက်မှ ထင်ရက်စရာ မရှိပေ။
"မနက်စာအတွက် ချက်စရာ ရေခဲသေတ္တာထဲ ဘာမှ မရှိတော့ဘူး...အဲဒါ သွားဝယ်ရအောင်"
"အင်း ကိုယ် ကားသွားထုတ်လိုက်မယ်"
သူ၏ အပြောကြောင့် ရှောင်ဟွားက သူ့အား ပြူးကြောင်ကြည့်လာလေသည်။
"ရှင်း ရူးနေပြီလား...shopping mallက ကွန်ဒိုရှေ့မှာလေ ဘယ်ကားနဲ့ သွားချင်နေတာလဲ"
ရီဟွား ပြောမှ ရှင်းယွဲ့ သတိရသွားရသည်။ သူသည်လည်း ရှောင်ဟွားနှင့် ပေါင်းကာ တစ်ခါတလေ စိတ်လွတ်နေလေသည်။
ဘယ်နေရာသွားသွား ခြေလျင်သာ သွားတတ်သောရှောင်ဟွားကြောင့် သူစိတ်ပူကာ ကားဖြင့်အမြဲလိုက်ပို့တတ်သည်။ ထို့ကြောင့် အကျင့်ပါကာ ပြောထွက်သွားခြင်းဖြစ်သည်။
ကားအက်ဆီးဒင့် ဖြစ်ကာ ဝိညာဉ်ကူးပြောင်းသွားသော ရှောင်ဟွားအား သူ စိတ်မချနိုင်ပါ။ ရှောင်ဟွား ပေးထားသော card ဖြင့် ကားတစ်စီးဝယ်ပြီး ကားမောင်းသင်ကာ သွားလေရာ သူ လိုက်တတ်သည်။ ရှောင်ဟွား၏ ပင်တိုင် driver မှာ သူပင် ဖြစ်လေသည်။
"ကိုယ် မေ့သွားလို့...ကိုယ် အနွေးထည် ထပ်ဝတ်လိုက်မယ်...ပြီးရင် သွားရအောင်...ရှောင်ဟွားလည်း အနွေးထည်ထပ်ဝတ်ဦး"
"အင်း"
ထို့နောက် နှစ်ယောက်သား အနွေးထည်ဝတ်ကာ shopping mallဆီ ထွက်လာလိုက်ကြသည်။
**************
"ရှင်း ဒါ အရမ်းစားကောင်းတာ ဒါယူမယ်"
ရှင်းယွဲ့ ပစ္စည်းထည့်သည့်တွန်းလှည်းအား တွန်းလာရင်း ရှေ့မှ ရှောင်ဟွားအား ပြုံးကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
ချက်ချင်းပင် ရှောင်ဟွားသည် မုန့်ပါကင်လိုက်အား တွန်းလှည်းထဲ ပစ်ထည့်လိုက်လေသည်။
တွန်းလှည်းထဲတွင် ပစ္စည်းများစွာ ပြည့်လျှံနေသည်။ မီတာခခြွေတာမည်ဆိုသူက မီတာခ လေးလစာမျှ ဝယ်ခြမ်းထားလေသည်။
ရှင်းယွဲ့ ပြုံးလိုက်မိ၏။
"ဟဲ့ ဟိုအကိုကြီးချောလိုက်တာ နတ်ဘုရားကျနေတာပဲ...သူ့ညီနဲ့အတူ ဈေးဝယ်ထွက်လာတယ်ထင်တယ်...တကယ့် brocon ပုံစံကြီးဟ...ဖုန်းနံပါတ်သွားတောင်းရအောင်"
ကြားလိုက်ရသော စကားသံများ။ ရီဟွား မျက်မှောင်ကြုတ်လိုက်မိသည်။ မကျေမနပ်ဖြင့် ရှင်းအား မျက်စောင်းထိုးလှည့်ကြည့်လိုက်သည်။ နတ်ဘုရားဖြစ်သော ရှင်းသည် ထိုစကားသံများအား သေချာပေါက်ကြားလိမ့်မည်ပင်။
ရှင်းသည် သူ့အား ပြုံးကြည့်နေရာမှ အကြည့်တစ်ချက်မျှပင် လွှဲမသွားပေ။
ရီဟွား ကောင်မလေးများ သူတို့ဆီ မလာခင် သူအရင်သွားလိုက်သည်။
"ဒီမှာ ညီမလေးတို့"
ကောင်မလေးများသည် သူ့အား ပြူးကြောင်ကြောင်လေး ကြည့်လာကြသည်။
"ကျောင်းပြီးသေးတဲ့ပုံ မပေါ်သေးဘူး...ကိုယ့်ဟာကို ကျောင်းစာပဲ ပြန်သွားလေ့လာကြ...အကို့ချစ်သူ ဖုန်းနံပါတ်ထက် စာက ညီမလေးတို့တွက် ပိုအရေးကြီးတယ်"
သူ၏ စကားဆုံးတော့ ကျောင်းသူလေးများ၏ မျက်လုံးများ အရောင်လက်သွားကြသောကြောင့် ရီဟွား ကြောင်အသွားရသည်။
"အကိုတို့က ချစ်သူတွေလား"
အလောတကြီး မေးလာမှုကြောင့် ရီဟွား အနည်းငယ်ပင် ထိတ်လန့်လာရ၏။
"ဟုတ်တယ်လေ ဘာလို့လဲ"
"အကို ညီမတို့ကို အကိုတို့နဲ့ ဓာတ်ပုံတွဲရိုက်ခွင့်ပြုပါနော်...ခုလို လိုက်ဖက်တဲ့ အတွဲနဲ့ ဓာတ်ပုံရိုက်ချင်လွန်းလို့ ခွင့်ပြုပါနော်"
ရီဟွား စိတ်လေသွားသည်။ ရှင်းသည် ပြုံးကာ သူတို့ဘေးသို့ ရောက်လာ၏။
"ရိုက်လေ ညီမလေးတို့ အကိုတို့နှစ်ယောက်နဲ့ တွဲရိုက်လို့ ရတယ်"
'Fuck အကိုတဲ့ နှစ်ထောင်ချီ အဖိုးကြီးက သူ့ကိုယ်သူ အကိုတဲ့'
ရီဟွား ရှင်းအား ဒေါသထွက်ထွက်ဖြင့် မျက်စောင်းထိုးပစ်လိုက်သည်။ ရှင်းက သူ၏ ဘေးတွင် လာရပ်လေသည်။
ကောင်မလေးများသည် သူတို့၏ဘေး ရောက်လာကြပြီး ဓာတ်ပုံရိုက်လိုက်ကြသည်။
ဓာတ်ပုံရိုက်ပြီးသောအခါ ဓာတ်ပုံများအား ကြည့်ကာ ပျော်ရွှင်နေကြသည်။ ရီဟွားသည်တော့ လွန်စွာ စိတ်ရှုပ်နေပြီဖြစ်သည်။
"ကျေးဇူးပါ အကိုတို့...အကိုတို့ စုံတွဲ အိုအောင်မင်းအောင် ပေါင်းသင်းနိုင်ကြပါစေ"
ပြုံးစိစိဖြင့် ထိုကောင်မလေးများသည် ထွက်သွားရန်ပြင်လိုက်ကြသည်။ မထွက်သွားခင်လေး ပြောလိုက်သော စကားတို့သည် ရီဟွားနားထဲ ဝင်ဖြစ်အောင် ဝင်သွားကြသေးသည်။
"ဟဲ့ အဲအကိုနှစ်ယောက် အရပ်က မတိမ်းမယိမ်းနော်...ပုံစံကြည့်ရတာ sekeတွေ ထင်တယ်"
ပထမတစ်ယောက်၏ စကားအား ဒုတိယတစ်ယောက်သည် ချက်ချင်း ငြင်းပယ်လိုက်လေသည်။
"မဟုတ်ပါဘူး ဟိုအကို အရမ်းသဝန်တိုနေတာ ကြည့်လေ...ငါ ပြောနိုင်တယ်...သေချာပေါက် အဲအကိုက bottomပဲ"
တတိယတစ်ယောက်သည် စကားဝိုင်းထဲ ဝင်လာပြန်လေသည်။
"အေး သူ role ခွဲရင် တစ်ခါမှ မလွဲဖူးဘူး...သူပြောတာ ဖြစ်နိုင်တယ်...သေချာပေါက် အဲအကိုက ukeပဲ"
တဖြည်းဖြည်းဝေးသွားသော စကားသံများအား ကြားကာ ရီဟွား မည်သူ့အား ဒေါသထွက်ရမည်မှန်း မသိတော့။ နောက်ဆုံး ဒေါသတို့အား ရှင်း အပေါ်တွင်သာ ပုံချလိုက်တော့သည်။
"အဲဒါ ခင်ဗျားကြောင့်...ဘာလို့ ဒီလောက်ချောနေရတာလဲ မုန်းလိုက်တာ"
ရီဟွား အပြစ်တင်ကာ ငွေရှင်းကောင်တာဆီသို့ ဘောက်ဆတ်ဆတ်ဖြင့် သွားလိုက်လေသည်။
ရှင်း သူ၏ အနောက်မှ တွန်းလှည်းတွန်းကာ လိုက်လာမှန်း သူသိသည်။
ကောင်တာနားရောက်တော့ ရှင်းအား ရပ်စောင့်နေလိုက်သည်။
ရှင်း ရောက်လာသည်နှင့် ပစ္စည်းများထုတ်ကာ ကောင်တာပေါ် တင်ပေးလိုက်သည်။ ပစ္စည်းများ ထုတ်ပြီးသည်ထိ ကောင်တာရှိလူက မလှုပ်သောကြောင့် ရီဟွား အံ့သြကာ မော့ကြည့်လိုက်သည်။
သကောင့်သားက ရှင်းအား ငေးကြည့်နေသည်မှာ တုပ်တုပ်မျှပင် မလှုပ်ပေ။
ရီဟွား စိတ်တိုသွားရသည်။
'Fuck မိန်းမရော ယောကျာ်းရော လိုက်တိုနေရမှာလားဟ!'
ရုပ်ကြည့်တော့ သကောင့်သားက ချစ်စရာ မျက်နှာလေး။ ဝူရီဟွားလို နုဖတ်ဖတ်မျက်နှာမျိုး။ ဒေါသတို့အလိပ်လိုက် ထွက်လာရသည်။
"ဒီမှာ မျက်လုံးက ဒီကြည့် ငါ့ယောကျာ်းပဲ ငေးမနေနဲ့"
ထိုအခါမှ သကောင့်သားက သူ့အား ပြူးကြောင်ကြောင်ကြည့်လာတော့သည်။
"ဗျာ"
"မဗျာနဲ့ သူ့ချစ်သူ ငုတ်တုတ်ကြီးက မင်းရှေ့မှာ...ပေါ်တင် စနိုက်ဖို့ ကြံမနေနဲ့...မန်နေဂျာကို တိုင်ပြောလိုက်လို့ အလုပ်ပြုတ်သွားမယ်"
"အာ အကို မလုပ်ပါနဲ့...တောင်းပန်ပါတယ်...အရမ်းချောလို့ ငေးကြည့်မိသွားတာပါ...တောင်းပန်ပါတယ် အကို"
ရီဟွား ထိုကောင်လေးအား မျက်စောင်းထိုး လိုက်ပြီး ရှင်းအား ကြည့်လိုက်မိသည်။ သူ့အား ပြုံးစိစိဖြင့် ကြည့်နေသောကြောင့် ပိုစိတ်တိုသွားရသည်။
'Fuck! ဒီလောက်ဒေါသထွက်နေရတာကို သူက ရယ်နိုင်သေးတယ်...တွေ့မယ် အိမ်ရောက်ရင် သေဖို့ ပြင်ထား!'
မီးဝင်းဝင်းတောက် မျက်ဝန်းများဖြင့် ရှင်းအား ကြည့်လိုက်ပြီး ငွေအမြန်ရှင်းကာ ကောင်တာမှ ထွက်လာလိုက်သည်။
ပျော်ရမလား အထင်နှင့် ဈေးဝယ်ထွက်လာသော်လည်း မပျော်ရဘဲ ဒေါသတွေသာ ထွက်နေရသည်။
ကုသိုလ်မရ ငရဲရ ဆိုတာ ဒါမျိုး ထင်သည်။ ဈေးဝယ်ခြင်းသည် ကုသိုလ်နှင့် ဆိုင်မဆိုင် မသိသော်လည်း စိတ်ထဲတွေ့ရာ ဆွဲတွေးလိုက်ခြင်းပင်။
"ရှောင်ဟွား"
သူ့ဘေးရောက်လာသော ရှင်းက သူ့နာမည်အား ခေါ်လာသော်လည်း သူ မကြည့်ဖြစ်။ သူ စိတ်ဆိုးနေသည်လေ။
ရုတ်တရက် သူ၏ ပါးအား နမ်းလိုက်သောကြောင့် ရီဟွား လန့်သွားရသည်။
"ရှင်း ဘာလုပ်တာလဲ"
"ကိုယ် ကလေးကို ချော့တာလေ"
ရီဟွား မျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွားရသည်။
"ဒီမှာကြည့်"
ရှင်းက သူ၏လက်အား ဆွဲ၍ နှလုံးနေရာအား ထိကပ်လိုက်လေသည်။
"ကိုယ့်နှလုံးအရမ်းခုန်နေတယ် တွေ့လား"
"...."
"ကိုယ့်နှလုံးသားက ကိုယ့်ကလေးနဲ့မှ ခုန်တာ"
"...."
"အဲဒါကြောင့် စိတ်မပူနဲ့...ကိုယ့်ရဲ့နှလုံးသား ကိုယ့်ရဲ့ စိတ်ဝိညာဉ် ကိုယ့်ရဲ့အရာအားလုံးက မင်းလေးအပိုင်ပဲ"
ရီဟွား သူ၏ နှလုံးသည်လည်း အခုန်မြန်လာသည်။ ဘာဆက်ပြောရမည်မှန်း သူမသိတော့ပေ။ ရှင်းကတော့ တကယ်ကိုပင်....သူ့အား ပြုစားနိုင်လွန်းသည်။
"ရှင်းကို ယုံတယ်...သူတို့ကို မယုံတာ...ကျွန်တော့်မှာ ခင်ဗျားတစ်ယောက်တည်း ရှိတာ...အဆုံးရှုံးမခံနိုင်ဘူး...အလုမခံနိုင်လို့ လိုက်တိုနေရတာ"
"ကိုယ် နှစ်(၅၀၀)တောင် ရှာထားတဲ့ ချစ်သူကို ထားပြီး ဘယ်သွားရမှာလဲ...ကိုယ်က မင်းရဲ့ ထာဝရ လက်တွဲဖော်လေ....ထာဝရ မင်းရဲ့လက်ကို ဆုပ်ကိုင်ပြီး တစ်သက်တာ တူတူရှိသွားပေးမယ့်သူ"
ရီဟွား ဒေါသတို့အား ရေနှင့် လောင်းခံလိုက်ရသလို ဟုတ်ခနဲ ငြိမ်းသွားလေတော့သည်။ အခုန်မြန်သော ရင်ခုန်သံနှင့်အတူ ရီဟွား မျက်နှာတစ်ခုလုံး လင်းထိန်သွားသကဲ့သို့ ပြုံးရွှင်သွားရသည်။
"ကျွန်တော့်ရဲ့ နတ်ဘုရားကြီးက ကျွန်တော့်အတွက် ထာဝရ ရှိနေပေးရမယ်...ကျွန်တော်တစ်ယောက်တည်းအတွက်သာ တည်ရှိမဲ့ ဖြစ်တည်မှု ဖြစ်ပေးရမယ်"
"အင်း ကိုယ် ကတိပေးတယ်"
ရီဟွား ပျော်ရွှင်စွာ ရှင်း၏ နှုတ်ခမ်းအား ဖြတ်ခနဲ နမ်းလိုက်သည်။
နမ်းပြီး မျက်နှာခေါင်းငုံ့လိုက်တော့ ရှင်းက သူ၏မေးအောက်မှ ကိုင်ကာ မျက်နှာအား ဖြေးညှင်းစွာ ဆွဲမော့လိုက်သည်။ ထို့နောက်နီးကပ်လာသော ရှင်း၏ နှုတ်ခမ်းတစ်စုံ။ ရီဟွား မျက်လုံးများ စုံမှိတ်ထားလိုက်၏။
"အဟမ်း အဟမ်း"
ထွက်ပေါ်လာသော ချောင်းဟန့်သံကြောင့် ရီဟွားမျက်လုံးတို့ ပွင့်လာရသည်။ အရေးကောင်း ဒိန်းဒေါင်းဖျက်သူအား စိတ်တိုစွာ ကြည့်လိုက်တော့ မလှမ်းမကမ်းဆီမှ အနောက်တိုင်း ဝတ်စုံအပြည့်ဖြင့် သူတို့ဆီလျှောက်လာသောလူတစ်ယောက်။
အကြည့်ဖြင့် လူသတ်နိုင်လျှင် ရီဟွား အကြည့်တို့ကြောင့် ထိုလူ အကြိမ်တစ်ထောင်လောက်သေပြီးလေပြီ။
"အနှောင့်အယှက်ဖြစ်သွားပုံပဲ...အားနာလိုက်တာ"
"အားနာရင် အစကတည်းက ချောင်းမဟန့်နဲ့လေ...လူလိုမသိတတ်ဘူးလား...သူများအတွဲroချိန် မသိချင်ယောင် ဆောင်ပေးရမယ်မှန်းသိလေ...ဒီလိုပုံစံနဲ့ နှစ်တစ်ထောင် fa ဖြစ်တောင် နည်းသေးတယ်"
ရီဟွား စိတ်မကြည်စွာ ဘုတောတော့ ထိုလူက စပ်ဖြဲဖြဲဖြင့် ရှက်ရယ် ရယ်နေလေသည်။ အလိုက်မသိတတ်တဲ့ ထိုလို fa များသည် မုန်းစရာ အလွန်ကောင်းလွန်းလှသည်။
"ကျွန်တော်က Star Entertainment ရဲ့ ကိုယ်စားလှယ် တစ်ယောက်ပါ...ဒီက အကိုလေး စိတ်ဝင်စားရင် ကျွန်တော်တို့ entertainment ကို တစ်ချက် ဆက်သွယ်ပေးပါ...အောင်မြင်တဲ့ idolတစ်ယောက်ဖြစ်အောင် မြေတောင်မြှောက်ပေးပါ့မယ်"
Business cardအားထုတ်ကာ ရှင်းကို ကမ်းပေးနေသူအား ကြည့်၍ ရီဟွား ပြောလိုက်သည်။
"ဒီမှာ ဒီမှာ"
ထိုလူသည် ရှင်းအား ကြည့်နေရာမှ သူ့အား ပြန်ကြည့်လာသည်။
"သူသာ ဆန္ဒရှိရင်လေ ခင်ဗျား လာပြောစရာတောင် မလိုဘူး...ကျွန်တော်က သူ့အတွက် တစ်ခါတည်း entertainment ထောင်ပေးလိုက်မှာ...ခုလက်ရှိ ကျွန်တော်က သူ့ရဲ့ sponsor...သူ လိုသမျှ အကုန် ဖြည့်ဆည်းပေးနိုင်တဲ့ sugar baby ပဲ...အဲတော့ ခင်ဗျား လစ်တော့"
"သေချာစဉ်းစားပြီး ပြန်ဆက်သွယ်ပေးပါ"
သူ၏ စကားအား ဂရုမစိုက်ဘဲ ရှင်းဘက်ပြန်ကြည့်ကာ business card ထိုးပေးနေသူကြောင့် ရီဟွား ဒေါသထွက်စွာ သူ၏ ပိုက်ဆံအိတ်ထဲမှ business card ထုတ်ပေးလိုက်သည်၊
"ကျွန်တော်က ကျောက်မျက်ဒီဇိုင်နာ ရီဟွားပါ...ခင်ဗျား အကူညီလိုရင် ကျွန်တော့်ကို ဆက်သွယ်လို့ရတယ်...ခင်ဗျား entertainment ကြီး ဒေဝါလီ ခံလိုက်ရရင် အချိန်မရွေး ကျွန်တော့်ကို ဖုန်းဆက်လိုက်ပါ"
ကြောင်အနေသော ထိုလူ့လက်ထဲ business card ထည့်ပေးလိုက်ပြီး ရှင်း လက်အား ဆွဲကာ ထိုနေရာမှ ထွက်လာလိုက်သည်။
ကွန်ဒိုဆီ လျှောက်လာရင်း ရီဟွား ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ နောက်ခါ ဘယ်တော့မှ ရှင်းအား အပြင်ပေးမထွက်ရန်ပင် ဖြစ်လေတော့သည်။
**********************
Extra 1
"ရွင္း ထဦး ထဦး"
မနက္အေစာႀကီး အႏွိုးခံလိုက္ရေသာေၾကာင့္ ရွင္းယြဲ႕ မ်က္လုံးမ်ား ပြင့္လာရသည္။ သူ႕အား လႈပ္ႏွိုးေနသည့္ တရားခံမွာ တျခားသူ မဟုတ္။ သူ႕ခ်စ္သူ ေရွာင္ဟြားပင္။
"ဘာျဖစ္လို႔လဲ ေရွာင္ဟြား"
"ရွင္း ကြၽန္ေတာ္ မေန႕ညက ဒီဇိုင္းဆြဲထားတဲ့ စာ႐ြက္ေပ်ာက္သြားလို႔"
"စာ႐ြက္ေပ်ာက္တာ ကိုယ့္ကို ကူရွာေပးေစခ်င္တာလား...အဲဒါေၾကာင့္ လာႏွိုးတာလား"
"ကြၽန္ေတာ့္စာ႐ြက္ သူခိုး ခိုးသြားၿပီထင္တယ္...ကြၽန္ေတာ္ လိုက္ရွာတာ ႏွံ႕ေနၿပီ...ဘယ္မွာမွ မေတြ႕ေသးဘူး...ကြၽန္ေတာ္ တညလုံး ဆြဲထားတာေလး သြားပါၿပီ...အဲဒီ ဒီဇိုင္းသာထြက္လာရင္ ေငြသန္းခ်ီ ကြၽန္ေတာ္ရမွာ"
မေက်နပ္စြာ ဆက္တိုက္ ေရ႐ြတ္ေနေသာ ေရွာင္ဟြားေၾကာင့္ ရွင္းယြဲ႕ အိပ္ခ်င္စိတ္မ်ားပင္ ေပ်ာက္သြားရသည္။
"အဲသူခိုး ရဲတိုင္မယ္...24နာရီအတြင္း ရေအာင္ဖမ္းခိုင္းမယ္...တစ္ညလုံး ဆြဲထားတာ မေက်နပ္ဘူး...အျပင္ဘက္ CCTVေတြ ျပန္စစ္ရမယ္...သူခိုးစုတ္ ငါ့လက္ထဲက ေျပးမလြတ္ေစရဘူး...ငါ ရေအာင္ ဖမ္းျပမယ္"
ရွင္း ေရွာင္ဟြားအား ၾကည့္ကာ စိတ္ေလသြားရသည္။ မေန႕ညက သူတို႔မအိပ္ခင္ စုံေထာက္ကား တစ္ကား ၾကည့္ျဖစ္ၾကသည္။ ပ်င္းစရာေကာင္းေသာေၾကာင့္ ရွင္းယြဲ႕ ေစာေစာအိပ္ရာဝင္လိုက္ေသာ္လည္း သူ ထလာသည္အထိ ေရွာင္ဟြား ၾကည့္ေကာင္းေနဆဲပင္။ သူ အိပ္ေပ်ာ္မသြားခင္ထိ အိပ္ရာေပၚ ေရွာင္ဟြားေရာက္မလာခဲ့။ ၾကည့္ရတာ ညက စုံေထာက္ကား အၾကည့္လြန္သြားပုံရသည္။
"ေျခရာလက္ရာ ပ်က္လို႔ မျဖစ္ဘူး...ရွင္း ဘာပစၥည္းမွ မထိနဲ႕...လက္ေဗြရာ ပ်က္သြားလိမ့္မယ္"
ရွင္း ရီဟြားအား ၾကည့္ကာ ေခါင္းခါရမ္းလိုက္မိသည္။
သူ၏ လက္အား ေဝွ႕ယမ္းလိုက္ေတာ့ ေ႐ႊေရာင္အလင္းတန္းမ်ား ေနရာအႏွံ႕တြင္ ထြက္ေပၚလာၾကသည္။ ထို႔ေနာက္ အလင္းမ်ားသည္ သူ၏ ေဘးရွိ ေရွာင္ဟြား ေခါင္းအုံးတြင္ စုစည္းသြားၾကၿပီး ေခါင္းအုံးသည္ တေျဖးေျဖး အထက္သို႔ ျမင့္တက္သြားၾကသည္။
ထိုအခါ ေခါင္းအုံးေအာက္ရွိ စာ႐ြက္အျဖဴ ေလး ေပၚလာေလေတာ့သည္။ ရွင္းယြဲ႕ ထပ္၍ ေခါင္းသာ ခါရမ္းလိုက္မိျပန္သည္။ သူ၏ ခ်စ္သူေလးသည္ ဉာဏ္အရမ္းေကာင္းေသာ္လည္း တခါတေလ ႐ူးေၾကာင္ေၾကာင္နိုင္ေပသည္။
"ေရွာင္ဟြား စာ႐ြက္က ဒီမွာ"
"အမ္ ဘယ္မွာ ဘယ္မွာလဲ"
သူ၏ အေျပာေၾကာင့္ ေက်ာေပးကာ တတြတ္တြတ္ေရ႐ြတ္ေနေသာ ေရွာင္ဟြားက သူ႕ဘက္သို႔ လွည့္ၾကည့္လာသည္။ အေပၚသို႔ ျမင့္တက္ေနေသာ ေခါင္းအုံးႏွင့္ အိပ္ရာေခါင္းရင္းတြင္ရွိေနေသာ စာ႐ြက္အား ေၾကာင္အစြာ ၾကည့္ၿပီးေနာက္ သူ႕အား သြားမ်ား ေပၚေအာင္ထိ ရယ္ျပလာေတာ့သည္။
"ဟီး မေန႕ညက အိပ္ခ်င္မူးတူးနဲ႕ ေခါင္းအုံးေအာက္ ထိုးထည့္ၿပီး အိပ္ေပ်ာ္သြားတာပဲ"
"ေငြသန္းခ်ီ တန္တဲ့စာ႐ြက္ဆို အဲလို လုပ္လို႔ရလား ေရွာင္ဟြား"
ခ်က္ခ်င္း ရယ္ျပေနရာမွ ႏႈတ္ခမ္းဆူသြားေသာေၾကာင့္ ရွင္းယြဲ႕ ၿပဳံးလိုက္မိသည္။
"အိပ္ခ်င္ေနတာေၾကာင့္ သတိမထားမိလို႔ေပါ့...သတိထားမိရင္ ေခါင္းအုံးေအာက္ ဘယ္ထိုးထည့္မွာလဲ...ငယ္ငယ္က စာရေအာင္ ေခါင္းအုံးေအာက္ စာအုပ္ထိုးထည့္အိပ္တာ အက်င့္ပါသြားလို႔"
မ်က္ႏွာ ဆူပုတ္ေနပုံအား ၾကည့္႐ုံႏွင့္ စိတ္ဆိုးသြားၿပီမွန္း ရွင္းယြဲ႕ သိလိုက္သည္။ သူက သြားစမိသူဆိုေတာ့ ေခ်ာ့ရေပဦးမည္။
စာ႐ြက္အား ယူလိုက္ၿပီး လက္အား ေဝွ႕ယမ္းလိုက္ေတာ့ အလင္းမ်ား ေပ်ာက္ကြယ္သြားသည္။ ေခါင္းအုံးသည္လည္း အိပ္ရာထက္သို႔ျပဳတ္က်လာေလသည္။
"ပုံက ေတာ္ေတာ္ေလး လွတယ္...ဒီ ဒီဇိုင္းလည္း ေသခ်ာေပါက္ ေပါက္ဦးမွာပဲ"
သူ႕အား ေရွာင္ဟြား ဘာမွ ျပန္ေျပာမလာေပ။ ကေလးဆန္ေသာ ခ်စ္သူေၾကာင့္ ရွင္းယြဲ႕ ထပ္ၿပဳံး လိုက္မိသည္။
"ကိုယ္ ဆာၿပီ...မနက္စာစားရေအာင္"
ယခုရက္ပိုင္းအတြင္း မနက္စာအား တာဝန္ယူထားသူမွာ ေရွာင္ဟြားပင္။ သူ တားေသာ္လည္း မရ။ ခ်က္ေကြၽးခ်င္လို႔ ဟူေသာ အေၾကာင္းျပခ်က္ျဖင့္ ေန႕တိုင္းခ်က္ေပးေလသည္။ ခ်က္ထားေသာ မနက္စာအား သူစားလွ်င္ အရမ္းေပ်ာ္႐ႊင္သြားတတ္သည္။
သူ၏ တာဝန္မွာေတာ့ ေရွာင္ဟြား စိတ္ခ်မ္းသာေစရန္ တစ္ခါတစ္ေလ ငန္၍ တစ္ခါတစ္ေလ ေပါ့လြန္းေသာ အစားအစာမ်ားကို မ်က္ႏွာမပ်က္ ေန႕တိုင္းစားေပးရျခင္းျဖစ္သည္။ တစ္ခါတစ္ေလ သူ သံသယဝင္မိသည္။ ေရွာင္ဟြား အရသာ မခံနိုင္ဘူးလားဟူ၍ပင္။ ထိုအစားအစာမ်ားအား စားသည့္အခါတိုင္း ေရွာင္ဟြား ဘာမွျဖစ္ပုံမေပၚေခ်။
ေဆးေသာက္လွ်င္ေတာ့ ခါးသည္ဟု အၿမဲညီးတတ္ေလသည္။ ထိုအခါတြင္လည္း အကိုက္အခဲေပ်ာက္ေဆးအား ေခ်ာ့ေမာ့တိုက္ရသည္မွာ သူ၏ တာဝန္ပင္။
"ဒီေန႕ မီတာခ သက္သာေအာင္ ဘာမွ ခ်က္မထားဘူး"
ေရွာင္ဟြား အေျပာေၾကာင့္ ရွင္းယြဲ႕ ရယ္ခ်င္စိတ္အား ထိန္းလိုက္ရသည္။ သူ ရယ္လိုက္ရင္ ကိုယ္ေတာ္ေလးက ပို၍ စိတ္ဆိုးေပေတာ့မည္။
"မီတာခက အရမ္းတက္လို႔လား...မင္းပဲ ကိုယ့္ကို ရွာေကြၽးမယ္ ေျပာထားၿပီး ခုရွာမေကြၽးနိုင္ေတာ့ဘူးေပါ့"
"အိမ္မွာ နတ္ဘုရားတစ္ပါးလုံး ရွိေနတာ...မီတာခက လိုလို႔လား...အစြမ္းနဲ႕လုပ္ရင္ ဘာမဆိုရေနတာကို"
"အစြမ္းေတြ ခဏတိုင္းသုံးရင္ စြမ္းအားေတြ ေလ်ာ့လာလိမ့္မယ္...အဲဒါဆို ကိုယ္ ရွင္းယြဲ႕ဂူျပန္ၿပီး ျပန္က်င့္ႀကံမွရမွာ...ကိုယ့္ကို ခြဲနိုင္တယ္ေပါ့"
ေရွာင္ဟြားအား စေနာက္လိုက္ျခင္းသာ ျဖစ္သည္။ ရွင္းယြဲ႕ဂူအား ျပန္က်င့္ႀကံစရာ မလိုအပ္ေပ။
စိတ္ဆိုးေနေသာ မ်က္ႏွာေလးသည္ ငိုမဲ့မဲ့ျဖစ္သြားေလေတာ့သည္။
"ရွင္း ခင္ဗ်ားက ကြၽန္ေတာ့္ကို ထပ္ၿပီး ထားသြားခ်င္ျပန္ၿပီေပါ့...ခင္ဗ်ား မေကာင္းဘူး"
ငိုခါနီး ျဖစ္လာေသာ မ်က္ႏွာအား ျမင္ေတာ့ ရွင္းယြဲ႕ မေနနိုင္ေတာ့ေပ။ အိပ္ရာမွ ခ်က္ခ်င္းထလိုက္ၿပီး အနီးသြားကာ ေရွာင္ဟြား ေခါင္းအား ရင္ခြင္ထဲထည့္၍ ေပြ႕ဖက္ထားလိုက္သည္။
"ကိုယ္က စတာပါ...မငိုရဘူးေလ...ကိုယ္ ဘယ္ေတာ့မွ မင္းကို ထားမသြားဘူး...မင္းေဘးနားမွာဘဲ ထာဝရ ေနသြားမွာပါ...ကမာၻႀကီးပ်က္သုဥ္းသြားသည္ထိ ကိုယ္မင္းေဘးက ခြဲမသြားဘူး ဟုတ္ၿပီလား"
သူ ေခ်ာ့ေမာ့ေျပာလိုက္ေတာ့ ရင္ခြင္ထဲမွ ထြက္ကာ မ်က္ဝန္းဝိုင္းေလးမ်ားျဖင့္ သူ႕အား ၾကည့္လာေလသည္။
"ခင္ဗ်ား ကတိတည္ရမယ္ေနာ္...ထပ္ၿပီး ကြၽန္ေတာ့္ကို မညာရဘူး"
"အင္း ကိုယ္ကတိေပးတယ္...ငိုလည္း မငိုနဲ႕ေတာ့....စိတ္ဆိုးလည္းေျပေတာ့"
"အင္း"
ရွင္းယြဲ႕ တကယ္ကို ကေလးတစ္ေယာက္ အပိုင္ရလိုက္ျခင္းပင္။ အျပင္ပုံအား ၾကည့္လွ်င္ေတာ့ ကေလးဆန္သည္ဟု တစ္စက္မွ ထင္ရက္စရာ မရွိေပ။
"မနက္စာအတြက္ ခ်က္စရာ ေရခဲေသတၱာထဲ ဘာမွ မရွိေတာ့ဘူး...အဲဒါ သြားဝယ္ရေအာင္"
"အင္း ကိုယ္ ကားသြားထုတ္လိုက္မယ္"
သူ၏ အေျပာေၾကာင့္ ေရွာင္ဟြားက သူ႕အား ျပဴးေၾကာင္ၾကည့္လာေလသည္။
"ရွင္း ႐ူးေနၿပီလား...shopping mallက ကြန္ဒိုေရွ႕မွာေလ ဘယ္ကားနဲ႕ သြားခ်င္ေနတာလဲ"
ရီဟြား ေျပာမွ ရွင္းယြဲ႕ သတိရသြားရသည္။ သူသည္လည္း ေရွာင္ဟြားႏွင့္ ေပါင္းကာ တစ္ခါတေလ စိတ္လြတ္ေနေလသည္။
ဘယ္ေနရာသြားသြား ေျခလ်င္သာ သြားတတ္ေသာေရွာင္ဟြားေၾကာင့္ သူစိတ္ပူကာ ကားျဖင့္အၿမဲလိုက္ပို႔တတ္သည္။ ထို႔ေၾကာင့္ အက်င့္ပါကာ ေျပာထြက္သြားျခင္းျဖစ္သည္။
ကားအက္ဆီးဒင့္ ျဖစ္ကာ ဝိညာဥ္ကူးေျပာင္းသြားေသာ ေရွာင္ဟြားအား သူ စိတ္မခ်နိဳင္ပါ။ ေရွာင္ဟြား ေပးထားေသာ card ျဖင့္ ကားတစ္စီးဝယ္ၿပီး ကားေမာင္းသင္ကာ သြားေလရာ သူ လိုက္တတ္သည္။ ေရွာင္ဟြား၏ ပင္တိုင္ driver မွာ သူပင္ ျဖစ္ေလသည္။
"ကိုယ္ ေမ့သြားလို႔...ကိုယ္ အေႏြးထည္ ထပ္ဝတ္လိုက္မယ္...ၿပီးရင္ သြားရေအာင္...ေရွာင္ဟြားလည္း အေႏြးထည္ထပ္ဝတ္ဦး"
"အင္း"
ထို႔ေနာက္ ႏွစ္ေယာက္သား အေႏြးထည္ဝတ္ကာ shopping mallဆီ ထြက္လာလိုက္ၾကသည္။
**************
"ရွင္း ဒါ အရမ္းစားေကာင္းတာ ဒါယူမယ္"
ရွင္းယြဲ႕ ပစၥည္းထည့္သည့္တြန္းလွည္းအား တြန္းလာရင္း ေရွ႕မွ ေရွာင္ဟြားအား ၿပဳံးၾကည့္ကာ ေခါင္းညိတ္ျပလိုက္သည္။
ခ်က္ခ်င္းပင္ ေရွာင္ဟြားသည္ မုန႔္ပါကင္လိုက္အား တြန္းလွည္းထဲ ပစ္ထည့္လိုက္ေလသည္။
တြန္းလွည္းထဲတြင္ ပစၥည္းမ်ားစြာ ျပည့္လွ်ံေနသည္။ မီတာခေႁခြတာမည္ဆိုသူက မီတာခ ေလးလစာမွ် ဝယ္ျခမ္းထားေလသည္။
ရွင္းယြဲ႕ ၿပဳံးလိုက္မိ၏။
"ဟဲ့ ဟိုအကိုႀကီးေခ်ာလိုက္တာ နတ္ဘုရားက်ေနတာပဲ...သူ႕ညီနဲ႕အတူ ေဈးဝယ္ထြက္လာတယ္ထင္တယ္...တကယ့္ brocon ပုံစံႀကီးဟ...ဖုန္းနံပါတ္သြားေတာင္းရေအာင္"
ၾကားလိုက္ရေသာ စကားသံမ်ား။ ရီဟြား မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။ မေက်မနပ္ျဖင့္ ရွင္းအား မ်က္ေစာင္းထိုးလွည့္ၾကည့္လိုက္သည္။ နတ္ဘုရားျဖစ္ေသာ ရွင္းသည္ ထိုစကားသံမ်ားအား ေသခ်ာေပါက္ၾကားလိမ့္မည္ပင္။
ရွင္းသည္ သူ႕အား ၿပဳံးၾကည့္ေနရာမွ အၾကည့္တစ္ခ်က္မွ်ပင္ လႊဲမသြားေပ။
ရီဟြား ေကာင္မေလးမ်ား သူတို႔ဆီ မလာခင္ သူအရင္သြားလိုက္သည္။
"ဒီမွာ ညီမေလးတို႔"
ေကာင္မေလးမ်ားသည္ သူ႕အား ျပဴးေၾကာင္ေၾကာင္ေလး ၾကည့္လာၾကသည္။
"ေက်ာင္းၿပီးေသးတဲ့ပုံ မေပၚေသးဘူး...ကိုယ့္ဟာကို ေက်ာင္းစာပဲ ျပန္သြားေလ့လာၾက...အကို႔ခ်စ္သူ ဖုန္းနံပါတ္ထက္ စာက ညီမေလးတို႔တြက္ ပိုအေရးႀကီးတယ္"
သူ၏ စကားဆုံးေတာ့ ေက်ာင္းသူေလးမ်ား၏ မ်က္လုံးမ်ား အေရာင္လက္သြားၾကေသာေၾကာင့္ ရီဟြား ေၾကာင္အသြားရသည္။
"အကိုတို႔က ခ်စ္သူေတြလား"
အေလာတႀကီး ေမးလာမႈေၾကာင့္ ရီဟြား အနည္းငယ္ပင္ ထိတ္လန့္လာရ၏။
"ဟုတ္တယ္ေလ ဘာလို႔လဲ"
"အကို ညီမတို႔ကို အကိုတို႔နဲ႕ ဓာတ္ပုံတြဲရိုက္ခြင့္ျပဳပါေနာ္...ခုလို လိုက္ဖက္တဲ့ အတြဲနဲ႕ ဓာတ္ပုံရိုက္ခ်င္လြန္းလို႔ ခြင့္ျပဳပါေနာ္"
ရီဟြား စိတ္ေလသြားသည္။ ရွင္းသည္ ၿပဳံးကာ သူတို႔ေဘးသို႔ ေရာက္လာ၏။
"ရိုက္ေလ ညီမေလးတို႔ အကိုတို႔ႏွစ္ေယာက္နဲ႕ တြဲရိုက္လို႔ ရတယ္"
'Fuck အကိုတဲ့ ႏွစ္ေထာင္ခ်ီ အဖိုးႀကီးက သူ႕ကိုယ္သူ အကိုတဲ့'
ရီဟြား ရွင္းအား ေဒါသထြက္ထြက္ျဖင့္ မ်က္ေစာင္းထိုးပစ္လိုက္သည္။ ရွင္းက သူ၏ ေဘးတြင္ လာရပ္ေလသည္။
ေကာင္မေလးမ်ားသည္ သူတို႔၏ေဘး ေရာက္လာၾကၿပီး ဓာတ္ပုံရိုက္လိုက္ၾကသည္။
ဓာတ္ပုံရိုက္ၿပီးေသာအခါ ဓာတ္ပုံမ်ားအား ၾကည့္ကာ ေပ်ာ္႐ႊင္ေနၾကသည္။ ရီဟြားသည္ေတာ့ လြန္စြာ စိတ္ရႈပ္ေနၿပီျဖစ္သည္။
"ေက်းဇူးပါ အကိုတို႔...အကိုတို႔ စုံတြဲ အိုေအာင္မင္းေအာင္ ေပါင္းသင္းနိုင္ၾကပါေစ"
ၿပဳံးစိစိျဖင့္ ထိုေကာင္မေလးမ်ားသည္ ထြက္သြားရန္ျပင္လိုက္ၾကသည္။ မထြက္သြားခင္ေလး ေျပာလိုက္ေသာ စကားတို႔သည္ ရီဟြားနားထဲ ဝင္ျဖစ္ေအာင္ ဝင္သြားၾကေသးသည္။
"ဟဲ့ အဲအကိုႏွစ္ေယာက္ အရပ္က မတိမ္းမယိမ္းေနာ္...ပုံစံၾကည့္ရတာ sekeေတြ ထင္တယ္"
ပထမတစ္ေယာက္၏ စကားအား ဒုတိယတစ္ေယာက္သည္ ခ်က္ခ်င္း ျငင္းပယ္လိုက္ေလသည္။
"မဟုတ္ပါဘူး ဟိုအကို အရမ္းသဝန္တိုေနတာ ၾကည့္ေလ...ငါ ေျပာနိုင္တယ္...ေသခ်ာေပါက္ အဲအကိုက bottomပဲ"
တတိယတစ္ေယာက္သည္ စကားဝိုင္းထဲ ဝင္လာျပန္ေလသည္။
"ေအး သူ role ခြဲရင္ တစ္ခါမွ မလြဲဖူးဘူး...သူေျပာတာ ျဖစ္နိုင္တယ္...ေသခ်ာေပါက္ အဲအကိုက ukeပဲ"
တျဖည္းျဖည္းေဝးသြားေသာ စကားသံမ်ားအား ၾကားကာ ရီဟြား မည္သူ႕အား ေဒါသထြက္ရမည္မွန္း မသိေတာ့။ ေနာက္ဆုံး ေဒါသတို႔အား ရွင္း အေပၚတြင္သာ ပုံခ်လိဳက္ေတာ့သည္။
"အဲဒါ ခင္ဗ်ားေၾကာင့္...ဘာလို႔ ဒီေလာက္ေခ်ာေနရတာလဲ မုန္းလိုက္တာ"
ရီဟြား အျပစ္တင္ကာ ေငြရွင္းေကာင္တာဆီသို႔ ေဘာက္ဆတ္ဆတ္ျဖင့္ သြားလိုက္ေလသည္။
ရွင္း သူ၏ အေနာက္မွ တြန္းလွည္းတြန္းကာ လိုက္လာမွန္း သူသိသည္။
ေကာင္တာနားေရာက္ေတာ့ ရွင္းအား ရပ္ေစာင့္ေနလိုက္သည္။
ရွင္း ေရာက္လာသည္ႏွင့္ ပစၥည္းမ်ားထုတ္ကာ ေကာင္တာေပၚ တင္ေပးလိုက္သည္။ ပစၥည္းမ်ား ထုတ္ၿပီးသည္ထိ ေကာင္တာရွိလူက မလႈပ္ေသာေၾကာင့္ ရီဟြား အံ့ၾသကာ ေမာ့ၾကည့္လိုက္သည္။
သေကာင့္သားက ရွင္းအား ေငးၾကည့္ေနသည္မွာ တုပ္တုပ္မွ်ပင္ မလႈပ္ေပ။
ရီဟြား စိတ္တိုသြားရသည္။
'Fuck မိန္းမေရာ ေယာက်ာ္းေရာ လိုက္တိုေနရမွာလားဟ!'
႐ုပ္ၾကည့္ေတာ့ သေကာင့္သားက ခ်စ္စရာ မ်က္ႏွာေလး။ ဝူရီဟြားလို ႏုဖတ္ဖတ္မ်က္ႏွာမ်ိဳး။ ေဒါသတို႔အလိပ္လိုက္ ထြက္လာရသည္။
"ဒီမွာ မ်က္လုံးက ဒီၾကည့္ ငါ့ေယာက်ာ္းပဲ ေငးမေနနဲ႕"
ထိုအခါမွ သေကာင့္သားက သူ႕အား ျပဴးေၾကာင္ေၾကာင္ၾကည့္လာေတာ့သည္။
"ဗ်ာ"
"မဗ်ာနဲ႕ သူ႕ခ်စ္သူ ငုတ္တုတ္ႀကီးက မင္းေရွ႕မွာ...ေပၚတင္ စနိုက္ဖို႔ ႀကံမေနနဲ႕...မန္ေနဂ်ာကို တိုင္ေျပာလိုက္လို႔ အလုပ္ျပဳတ္သြားမယ္"
"အာ အကို မလုပ္ပါနဲ႕...ေတာင္းပန္ပါတယ္...အရမ္းေခ်ာလို႔ ေငးၾကည့္မိသြားတာပါ...ေတာင္းပန္ပါတယ္ အကို"
ရီဟြား ထိုေကာင္ေလးအား မ်က္ေစာင္းထိုး လိုက္ၿပီး ရွင္းအား ၾကည့္လိုက္မိသည္။ သူ႕အား ၿပဳံးစိစိျဖင့္ ၾကည့္ေနေသာေၾကာင့္ ပိုစိတ္တိုသြားရသည္။
'Fuck! ဒီေလာက္ေဒါသထြက္ေနရတာကို သူက ရယ္နိုင္ေသးတယ္...ေတြ႕မယ္ အိမ္ေရာက္ရင္ ေသဖို႔ ျပင္ထား!'
မီးဝင္းဝင္းေတာက္ မ်က္ဝန္းမ်ားျဖင့္ ရွင္းအား ၾကည့္လိုက္ၿပီး ေငြအျမန္ရွင္းကာ ေကာင္တာမွ ထြက္လာလိုက္သည္။
ေပ်ာ္ရမလား အထင္ႏွင့္ ေဈးဝယ္ထြက္လာေသာ္လည္း မေပ်ာ္ရဘဲ ေဒါသေတြသာ ထြက္ေနရသည္။
ကုသိုလ္မရ ငရဲရ ဆိုတာ ဒါမ်ိဳး ထင္သည္။ ေဈးဝယ္ျခင္းသည္ ကုသိုလ္ႏွင့္ ဆိုင္မဆိုင္ မသိေသာ္လည္း စိတ္ထဲေတြ႕ရာ ဆြဲေတြးလိုက္ျခင္းပင္။
"ေရွာင္ဟြား"
သူ႕ေဘးေရာက္လာေသာ ရွင္းက သူ႕နာမည္အား ေခၚလာေသာ္လည္း သူ မၾကည့္ျဖစ္။ သူ စိတ္ဆိုးေနသည္ေလ။
႐ုတ္တရက္ သူ၏ ပါးအား နမ္းလိုက္ေသာေၾကာင့္ ရီဟြား လန႔္သြားရသည္။
"ရွင္း ဘာလုပ္တာလဲ"
"ကိုယ္ ကေလးကို ေခ်ာ့တာေလ"
ရီဟြား မ်က္လုံးမ်ား ျပဴးက်ယ္ဝိုင္းစက္သြားရသည္။
"ဒီမွာၾကည့္"
ရွင္းက သူ၏လက္အား ဆြဲ၍ ႏွလုံးေနရာအား ထိကပ္လိုက္ေလသည္။
"ကိုယ့္ႏွလုံးအရမ္းခုန္ေနတယ္ ေတြ႕လား"
"...."
"ကိုယ့္ႏွလုံးသားက ကိုယ့္ကေလးနဲ႕မွ ခုန္တာ"
"...."
"အဲဒါေၾကာင့္ စိတ္မပူနဲ႕...ကိုယ့္ရဲ႕ႏွလုံးသား ကိုယ့္ရဲ႕ စိတ္ဝိညာဥ္ ကိုယ့္ရဲ႕အရာအားလုံးက မင္းေလးအပိုင္ပဲ"
ရီဟြား သူ၏ ႏွလုံးသည္လည္း အခုန္ျမန္လာသည္။ ဘာဆက္ေျပာရမည္မွန္း သူမသိေတာ့ေပ။ ရွင္းကေတာ့ တကယ္ကိုပင္....သူ႕အား ျပဳစားနိုင္လြန္းသည္။
"ရွင္းကို ယုံတယ္...သူတို႔ကို မယုံတာ...ကြၽန္ေတာ့္မွာ ခင္ဗ်ားတစ္ေယာက္တည္း ရွိတာ...အဆုံးရႈံးမခံနိုင္ဘူး...အလုမခံနိုင္လို႔ လိုက္တိုေနရတာ"
"ကိုယ္ ႏွစ္(၅၀၀)ေတာင္ ရွာထားတဲ့ ခ်စ္သူကို ထားၿပီး ဘယ္သြားရမွာလဲ...ကိုယ္က မင္းရဲ႕ ထာဝရ လက္တြဲေဖာ္ေလ....ထာဝရ မင္းရဲ႕လက္ကို ဆုပ္ကိုင္ၿပီး တစ္သက္တာ တူတူရွိသြားေပးမယ့္သူ"
ရီဟြား ေဒါသတို႔အား ေရႏွင့္ ေလာင္းခံလိုက္ရသလို ဟုတ္ခနဲ ၿငိမ္းသြားေလေတာ့သည္။ အခုန္ျမန္ေသာ ရင္ခုန္သံႏွင့္အတူ ရီဟြား မ်က္ႏွာတစ္ခုလုံး လင္းထိန္သြားသကဲ့သို႔ ၿပဳံး႐ႊင္သြားရသည္။
"ကြၽန္ေတာ့္ရဲ႕ နတ္ဘုရားႀကီးက ကြၽန္ေတာ့္အတြက္ ထာဝရ ရွိေနေပးရမယ္...ကြၽန္ေတာ္တစ္ေယာက္တည္းအတြက္သာ တည္ရွိမဲ့ ျဖစ္တည္မႈ ျဖစ္ေပးရမယ္"
"အင္း ကိုယ္ ကတိေပးတယ္"
ရီဟြား ေပ်ာ္႐ႊင္စြာ ရွင္း၏ ႏႈတ္ခမ္းအား ျဖတ္ခနဲ နမ္းလိုက္သည္။
နမ္းၿပီး မ်က္ႏွာေခါင္းငုံ႕လိုက္ေတာ့ ရွင္းက သူ၏ေမးေအာက္မွ ကိုင္ကာ မ်က္ႏွာအား ေျဖးညွင္းစြာ ဆြဲေမာ့လိုက္သည္။ ထို႔ေနာက္နီးကပ္လာေသာ ရွင္း၏ ႏႈတ္ခမ္းတစ္စုံ။ ရီဟြား မ်က္လုံးမ်ား စုံမွိတ္ထားလိုက္၏။
"အဟမ္း အဟမ္း"
ထြက္ေပၚလာေသာ ေခ်ာင္းဟန႔္သံေၾကာင့္ ရီဟြားမ်က္လုံးတို႔ ပြင့္လာရသည္။ အေရးေကာင္း ဒိန္းေဒါင္းဖ်က္သူအား စိတ္တိုစြာ ၾကည့္လိုက္ေတာ့ မလွမ္းမကမ္းဆီမွ အေနာက္တိုင္း ဝတ္စုံအျပည့္ျဖင့္ သူတို႔ဆီေလွ်ာက္လာေသာလူတစ္ေယာက္။
အၾကည့္ျဖင့္ လူသတ္နိုင္လွ်င္ ရီဟြား အၾကည့္တို႔ေၾကာင့္ ထိုလူ အႀကိမ္တစ္ေထာင္ေလာက္ေသၿပီးေလၿပီ။
"အေႏွာင့္အယွက္ျဖစ္သြားပုံပဲ...အားနာလိုက္တာ"
"အားနာရင္ အစကတည္းက ေခ်ာင္းမဟန႔္နဲ႕ေလ...လူလိုမသိတတ္ဘူးလား...သူမ်ားအတြဲroခ်ိန္ မသိခ်င္ေယာင္ ေဆာင္ေပးရမယ္မွန္းသိေလ...ဒီလိုပုံစံနဲ႕ ႏွစ္တစ္ေထာင္ fa ျဖစ္ေတာင္ နည္းေသးတယ္"
ရီဟြား စိတ္မၾကည္စြာ ဘုေတာေတာ့ ထိုလူက စပ္ၿဖဲၿဖဲျဖင့္ ရွက္ရယ္ ရယ္ေနေလသည္။ အလိုက္မသိတတ္တဲ့ ထိုလို fa မ်ားသည္ မုန္းစရာ အလြန္ေကာင္းလြန္းလွသည္။
"ကြၽန္ေတာ္က Star Entertainment ရဲ႕ ကိုယ္စားလွယ္ တစ္ေယာက္ပါ...ဒီက အကိုေလး စိတ္ဝင္စားရင္ ကြၽန္ေတာ္တို႔ entertainment ကို တစ္ခ်က္ ဆက္သြယ္ေပးပါ...ေအာင္ျမင္တဲ့ idolတစ္ေယာက္ျဖစ္ေအာင္ ေျမေတာင္ျမႇောက္ေပးပါ့မယ္"
Business cardအားထုတ္ကာ ရွင္းကို ကမ္းေပးေနသူအား ၾကည့္၍ ရီဟြား ေျပာလိုက္သည္။
"ဒီမွာ ဒီမွာ"
ထိုလူသည္ ရွင္းအား ၾကည့္ေနရာမွ သူ႕အား ျပန္ၾကည့္လာသည္။
"သူသာ ဆႏၵရွိရင္ေလ ခင္ဗ်ား လာေျပာစရာေတာင္ မလိုဘူး...ကြၽန္ေတာ္က သူ႕အတြက္ တစ္ခါတည္း entertainment ေထာင္ေပးလိုက္မွာ...ခုလက္ရွိ ကြၽန္ေတာ္က သူ႕ရဲ႕ sponsor...သူ လိုသမွ် အကုန္ ျဖည့္ဆည္းေပးနိုင္တဲ့ sugar baby ပဲ...အဲေတာ့ ခင္ဗ်ား လစ္ေတာ့"
"ေသခ်ာစဥ္းစားၿပီး ျပန္ဆက္သြယ္ေပးပါ"
သူ၏ စကားအား ဂ႐ုမစိုက္ဘဲ ရွင္းဘက္ျပန္ၾကည့္ကာ business card ထိုးေပးေနသူေၾကာင့္ ရီဟြား ေဒါသထြက္စြာ သူ၏ ပိုက္ဆံအိတ္ထဲမွ business card ထုတ္ေပးလိုက္သည္၊
"ကြၽန္ေတာ္က ေက်ာက္မ်က္ဒီဇိုင္နာ ရီဟြားပါ...ခင္ဗ်ား အကူညီလိုရင္ ကြၽန္ေတာ့္ကို ဆက္သြယ္လို႔ရတယ္...ခင္ဗ်ား entertainment ႀကီး ေဒဝါလီ ခံလိုက္ရရင္ အခ်ိန္မေ႐ြး ကြၽန္ေတာ့္ကို ဖုန္းဆက္လိုက္ပါ"
ေၾကာင္အေနေသာ ထိုလူ႕လက္ထဲ business card ထည့္ေပးလိုက္ၿပီး ရွင္း လက္အား ဆြဲကာ ထိုေနရာမွ ထြက္လာလိုက္သည္။
ကြန္ဒိုဆီ ေလွ်ာက္လာရင္း ရီဟြား ဆုံးျဖတ္ခ်က္တစ္ခု ခ်လိဳက္သည္။ ေနာက္ခါ ဘယ္ေတာ့မွ ရွင္းအား အျပင္ေပးမထြက္ရန္ပင္ ျဖစ္ေလေတာ့သည္။
**********************