အပိုင်း(၃.၂) ဇာတ်ကြောင်း ပြောင်းလဲနေခြင်း

28.4K 3.5K 123
                                    

Unicode

အပိုင်း(၃.၂) ဇာတ်ကြောင်း ပြောင်းလဲနေခြင်း

အထဲရောက်ရောက်ချင်း မြင်လိုက်ရသည်က ရတနာပစ္စည်းများအား ခွဲဝေယူနေကြသော ကောင်လေးအယောက်သုံးဆယ်ခန့်နှင့် သူတို့နား မနီးမဝေးတွင် ဒူးထောင်ထားသောခြေတစ်ဖက်ပေါ်သို့ ခြေချိတ်လျက် ပက်လက်အနေအထားဖြင့် လဲလျောင်းကာ သူတို့ဘက် မျက်နှာလှည့်နေသော လူတစ်ယောက်။

ကောင်ငယ်လေးများသည် ထိုင်နေရာမှ ထရပ်ကာ ဓားမြှောင်လေးများနှင့် သူတို့ရှိရာဆီ ချိန်ရွယ်လာကြသည်။ ပျင်းရိစွာ လှဲနေသူသည် သူတို့အား ခဏမျှကြည့်ပြီး တဖက်သို့ လှည့်သွားသည်။

"မျိုးရိုးမြင့် ရွှေပေါ်မြတင် သခင်လေးနဲ့ သူ့ရဲ့ အစေခံတို့က ဘယ်လိုလုပ် ဒီလို စွန့်ပစ်နေရာကို ရောက်လာရတာလဲ..မျက်စိလည်လာတာလား...သိုင်းလည်း မတက်ဘဲ ဒီလိုနေရာကို လာတာ အရဲစွန့်ရာ မကျဘူးလား"

ထိုသူ၏ စကားကို ရီဟွား မဆိုင်းမတွပြန်လည်ဖြေကြားလိုက်သည်။

"မျက်စိလည်လာတာ မဟုတ်ဘူး...ငါ မင်းကို သက်သက်လာရှာတာ...ငါမင်းကို လိုချင်လို့"

ရီဟွား စကားကြောင့် ထိုသူသည် ရီဟွားရှိရာဘက်သို့ လှည့်​ကြည့်လာသည်။ ရီဟွား၏ အဖြေသည် ထိုသူ့အားပဲ ထိရောက်သည် မဟုတ်။ ယွီ​လေးပင် ပါးစပ်ဟကာ အံ့အားသင့်သွားရသည်။

ယွီလေး Pov:
'သခင်လေးရယ် ဘာလို့ သူများပိုင်နက်လာပြီး ကိုယ့်သေတွင်းကိုယ် တူးနေရတာလဲ...ကျွန်တော်ငယ်ငယ်လေးဘဲ ရှိသေးတယ်...မသေချင်သေးဘူးဗျ...ဘယ်နှယ့် ဒီနေရာကို ဟိုအရုပ်လေးလိုချင်လို့ ဒီအရုပ်လေးလိုချင်လို့ဆိုပြီး လက်ညှိုးထိုးတိုင်း ရမဲ့ ကလေး ကစားစရာ အရုပ်ဈေးများ ထင်နေတာလား'

"ငါ့ကို လိုချင်တယ် ဟုတ်လား"

အစပိုင်း အံ့သြသွားပုံရသော ထိုသူက သူ့အား ကြည့်လာသည်။

"ဟုတ်တယ်...မင်း အထက်တန်းလွှာတွေကို အရမ်းမုန်းတယ်မလား...အဲဒါကြောင့် သူတို့ဆီက ပစ္စည်းတွေခိုးနေတာလေ"

ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Complete)Where stories live. Discover now