အပိုင်း(၂၀) ရှင်းယွဲ့နတ်ဘုရားနှင့် အမှောင်နတ်ဘုရားတို့၏ သရုပ်မှန်ပေါ်ခြင်း

18.5K 2.7K 112
                                    

Unicode

အပိုင်း(၂၀)

ရှင်းယွဲ့နတ်ဘုရားနှင့် အမှောင်နတ်ဘုရားတို့၏ သရုပ်မှန်ပေါ်ခြင်း

ရီဟွားညဘက်တရေးနိုးလာခဲ့သည်။ အခုတလောတွေ့ကြုံခဲ့ရသော စိတ်ရှုပ်စရာကိစ္စများကြောင့် သူပြန်အိပ်မပျော်နိုင်တော့။

ပြတင်းပေါက်မှတဆင့်အပြင်သို့လှမ်းကြည့်လိုက်သောအခါ ပိန်းပိတ်အောင်မှောင်မဲနေသောအမှောင်ထုကကြိုဆိုနေသည်။

ရီဟွားခြံထဲဆင်းကာ လမ်းလျှောက်ရန် တွေးလိုက်သည်။ အပေါ်ဝတ်ရုံအား ထပ်ခြုံလိုက်ပြီး  အိပ်ခန်းထဲမှထွက်လာခဲ့သည်။

ညီဝမ်းကွဲလေးအခန်းရှေ့မှအဖြတ် အိပ်ခန်းတံခါးပွင့်နေသောကြောင့် ခြံဝင်းထဲတွင် ရှိလိမ့်မည်ဟု တွေးထင်လိုက်သည်။ခြံဝန်းထဲသို့ရောက်သောအခါ ထိုင်နေကျနေရာတွင် ညီဝမ်းကွဲလေးအားမတွေ့ရပေ။

ထို့ကြောင့် ရီဟွားတစ်ယောက်တည်း ဆက်၍လမ်းလျှောက်နေလိုက်သည်။ တ​ဖြည်းဖြည်း အိပ်ဆောင်နှင့်အတော်ဝေးသောနေရာသို့ ရောက်ရှိလာသည်။ရုတ်တရက် သူမြင်လိုက်ရသောမြင်ကွင်းကြောင့် သူ၏ခြေလှမ်းတို့ရပ်တန့်သွားရသည်။

သစ်ပင်တစ်ပင်နောက်သို့ သူအမြန်ပုန်းလိုက်ပီးသူနှင့်မလှမ်းမကမ်းရှိ မြင်ကွင်းအားဆက်ကြည့်နေလိုက်သည်။ အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားသူတစ်ယောက်နှင့် အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသူတစ်ယောက်တို့သည် အပြင်းအထန်တိုက်ခိုက်နေကြသည်။

တိုက်ခိုက်ရာမှပေါ်ထွက်လာသော အလင်းတန်းများသည် ပတ်ဝန်းကျင်အားလင်းထိန်နေစေသည်။ မြေပြင်နှင့်ဝေးကွာနေသောနေရာတွင် ပျံဝဲတိုက်ခိုက်နေပုံမှာလွန်စွာလှပလွန်းသည်။

အနက်ရောင်ဝတ်ရုံရှင် ထုတ်လွှတ်လိုက်သောအလင်းတန်းအား အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသူက ရှောင်ဖယ်လိုက်သောကြောင့် အနောက်ဘက်ရှိကျောက်ဆောင်အား ထိမှန်သွားလေသည်။ကျောက်ဆောင်သည် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည်။

ရီဟွားမျက်လုံးတို့ ပြူးကျယ်ဝိုင်းစက်သွားရသည်။ ထိုသူများသည် သာမန်လူများ လုံးဝမဖြစ်နိုင်ချေ။ရီဟွားမျက်နှာများအား ထင်ရှားစွာမြင်ရအောင် ရှေ့သို့အနည်းငယ်တိုးကာကြည့်လိုက်သည်။

ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ