အပိုင်း(၄.၂) စတင်တွေ့ဆုံခြင်း

28.4K 3.3K 157
                                    

Unicode

အပိုင်း(၄.၂) စတင်တွေ့ဆုံခြင်း

ချောမော ကြည့်ကောင်းလွန်းသော ထိုလူသည် သူ့ဆီသို့ လျှောက်လာပြီး စားပွဲတွင် ဝင်ထိုင်လိုက်သည်။

"မင်း နာမည်က ဘာလဲ"

"ဝူရီဟွား"

ထိုလူသည် သူ့အား မျက်တောင်မခတ် စိုက်ကြည့်ပြီးနောက် ပြောလာ၏။

"ကိုယ် မင်းကို ရှောင်ဟွားလို့ ခေါ်မယ်"

'Fuck! ရှောင်ဟွား*တဲ့...လာပြန်ပြီ လုံးဝ မိန်းမဆန်လွန်းတဲ့ နာမည်ကြီး...ငါ့ကို နုနုနယ်နယ် မိန်းမလှလေးများ မှတ်နေကြတာလား'

(*ရှောင်ဟွား-ပန်းကလေး)

"ခေါ်ချင်သလိုသာ ခေါ်တော့...နာမည်နဲ့ ပတ်သတ်ပြီး အစွဲအလမ်း မထားတော့ဘူး"

"ကိုယ့်ကို ရှင်း လို့ ခေါ်လို့ရတယ်"

ရီဟွား ဘာမှ ပြန်မပြောမိ။ သူသည်လည်း ထိုလူ့အား ပြန်စိုက်ကြည့်နေလိုက်သည်။

"မင်းက အရမ်းငယ်သေးတယ်...ဘာလို့ ဒီကို ရောက်လာတာလဲ...ပိုင်ရင် မိန်းကလေးကိုရော ဘာလို့ ဒီလောက်လိုချင်နေတာလဲ...သူနဲ့ အတူတူ အချိန်ကုန်ဆုံးချင်လို့လား"

"ဘာလို့လဲ မရဘူးလား"

သူ ပြောလိုက်သော စကားကြောင့် ထိုလူ၏ နတ်ဘုရားကဲ့သို့သော မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

"ရှောင်ဟွားက ပိုင်ရင်မိန်းကလေးကို ကျေနပ်မှုအပြည့်ပေးနိုင်မယ်ထင်နေတာလား....ကိုယ့်ကိုကိုယ် စွမ်းဆောင်နိုင်မယ် ထင်လို့လား"

"ခင်ဗျား မိုက်ရိုင်းတာ"

ရီဟွား အရမ်းစိတ်တိုသွားရသည်။ ထိုလူနှင့် ရင်းနှီးချင်သည့် စိတ်များပင် ပျောက်ကွယ်သွားရ၏။ ထိုကဲ့သို့ စစတွေ့ချင်း အိပ်ရာထက်က ကိစ္စများကို စပြောလာသူသည် လူကောင်းလုံးဝ မဖြစ်နိုင်။ နှာဘူးသာ ဖြစ်လိမ့်မည်။

ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Complete)Unde poveștirile trăiesc. Descoperă acum