အပိုင်း(၄.၁) စတင်တွေ့ဆုံခြင်း

27.4K 3.4K 88
                                    

Unicode

အပိုင်း(၄.၁) စတင်တွေ့ဆုံခြင်း

လူများရှုပ်ယှက်ခတ်အောင် စည်းကားနေသော လမ်းထက်တွင် အပြာဖျော့ရောင် ပိုးသားဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး လူတကာ လည်ပြန်ငေးကြည့်သွားစေနိုင်သည့် အလှတရားတို့ကို ပိုင်ဆိုင်ထားသော သခင်လေးတစ်ယောက်နှင့် အရောင်ဖျော့သော ဖျင်ကြမ်းအင်္ကျီ ကို ဝတ်ထားသော်လည်း ချစ်စရာကောင်းလှသော ရုပ်ရည်ကို မဖုံးကွယ်ထားနိုင်သည့် ကောင်လေးတစ်ယောက်တို့ စကားများနေကြသည်။

"သခင်လေး...အဲဒီကိုတော့ လုံးဝ ဝင်လို့မရဘူး...အဲထဲဝင်မယ်ဆို ကျွန်တော့်ကိုသာ သတ်သွား"

ချောမောလှပသော မိန်းမငယ်များ၊ လူကုံထံ အထက်တန်းလွှာယောကျာ်းသားများ ပျားပန်းခတ်အောင် စည်ကားနေသော, အနီရောင်ခန်းဆီးများ၊ မီးပုံးများနှင့် အလှဆင်ထားသည့်နေရာအား ယွီလေး လက်ညှိုးထိုးကာ မသွားရန် အသည်းအသန်တားဆီးနေသည်။

"အေး အခု မင်းကို သတ်ဖို့ ဘာပစ္စည်းမှ ငါ့ဆီ မပါဘူး....အိမ်တော်ရောက်မှ သတ်ပေးမယ်....စကားမများနဲ့တော့ အထဲဝင်ရအောင် လာ"

"စစ်သူကြီးက ဒီတစ်ခါ ခိုးထွက်တာ သိရင် သေချာပေါက် ကျွန်တော့်ကို အပြစ်ပေးမှာ...အသက်မပြည့်ဘဲ သခင်လေး အဲထဲဝင်တာ သိလို့ကတော့ ကျွန်တော်သေပြီဘဲ"

သူ ရှေ့ပိတ်ရပ်ကာ အသည်းအသန် ငြင်းဆိုနေသော ကောင်လေးကို သူ သိပ်စိတ်မရှည်တော့။

"အကိုကြီး အသတ်မခံရအောင် အိမ်ရောက်ရင် မင်းကိုငါ သတ်ပေးပါမယ်ဆို...တကယ်ဘဲ ပြောရင်ပြောသလို နားမလည်ဘူး...ဒီနေ့ အကိုကြီးက ညီလာခံပြီးရင် စစ်ရေးလေ့ကျင့်ကွင်းကို သွားမှာ...ငါတို့ ပြန်ရောက်တဲ့ထိ အိမ်ပြန်ရောက်ဦးမှာ မဟုတ်ဘူး...စိတ်မပူနဲ့...ဆောင်ကြာမြိုင်ဝင်တာက မင်းနဲ့ငါဘဲ သိမှာလေ...မင်း မပြော ငါ မပြောရင် ဘယ်သူသိမှာလဲ...ရှေ့က ဖယ်"

"ဟင့်အင်း...သခင်လေး လုံးဝ မသွားရဘူး"

အခုထိ မဖယ်ပေးဘဲ ပိတ်ရပ်နေသော ယွီလေးကြောင့် ရီဟွား စိတ်ညစ်သွားရသည်။

ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Complete)Wo Geschichten leben. Entdecke jetzt