လက်ထပ်လက်စွပ်ကလေး
By Natpankalay
181K 26.4K 1.3K
#Both available with unicode & zawgyi မယုံနိုင်လောက်အောင်ပဲ ဒီလက်စွပ်ကလေးက~~~ More
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32 Final Part
Part-17
4.5K 888 37
By Natpankalay
Episode-17
သူဌေးကတော်ပတ်က ဘတ်ဟျွန်းကို တစ်ယောက်တည်းမသွားခိုင်းတာမို့ ဘတ်ဟျွန်းက အိမ်က ကားမောင်းသည့် ဦးလေးကြီးကို Capital P သို့လိုက်ပို့ခိုင်းရလေသည်။ ကိုယ်တိုင်သွားတတ်နေပြီဟု ယူဆသည့် ဘတ်ဟျွန်း သည် ချန်းယောလ်ရှိရာ Capital P ထိအောင်သွားလျက် နေ့လည်စာထမင်းဘူးလေးဖြင့် အံ့သြသွားအောင် လုပ်ချင်မိသေးသည်။ခု သူတို့က သမီးရည်းစားလိုဆက်ဆံရေးထင်ပါရဲ့။မနေ့က ချန်းယောလ် သူ့ကိုနမ်းတော့လည်း ဘတ်ဟျွန်း ခြေဖျားတွေတောင်မထောက်နိုင်လောက်အောင် ရင်တလှပ်လှပ်ဖြင့်.။ဘတ်ဟျွန်း ဘဝတွင် ဒါသည် အနမ်းဦး ဖြစ်သည်။ ပြီးတော့ ပါးမြင်မို့မို့က အနီစွေးလျက် ပြန်တွေးတိုင်း ရှက်ရဲရဲလေးဖြစ်ရသည်။ ဘယ်လောက်ကြာအောင် နမ်းနေ မိမှန်းတောင်မသိ. ဘတ်ဟျွန်း သူ့ရင်ဘတ်ကိုထုရိုက်တော့မှ ချန်းယောလ်က လွှတ်ပေးခဲ့တာဖြစ်သည်။မီးရောင်အောက်က ချန်းယောလ်၏ညှို့ရီရီမျက်ဝန်းတွေကိုတော့ဖြင့်တစ်သက်မေ့နိုင်အံ့မည်မထင်။
“အာ ဦးလေးကြီး ခဏလောက်.ဒီကားလေးကို ရပ်ပေးပါဦး.”
“ဘာလိုချင်လို့လဲ။ဦးလေး ဆင်းဝယ်ပေးပါမယ်”
“ဟင့်အင်းရပါတယ် ခဏနော်.ကားပေါ်ကပဲစောင့်ပါ။”
လမ်းဘေးက အသားချောင်းဆိုင်လေးကိုလှမ်းမြင်တော့ ဘတ်ဟျွန်းအသည်းအသန်ကားရပ်ခိုင်းလိုက်သည်။ကားရပ်ပြီးသည်နှင့် ထိုဆိုင်တန်းလေးဆီကိုခပ်သွက်သွက်ပြေး၏။ အသားချောင်းလေးငါးခုထုကိုတော့ ထုပ်ပိုးခိုင်းလိုက်ပြီး ပူပူနွေးနွေးအသားချောင်း လေးတစ်ခုကိုတော့ ဘတ်ဟျွန်း စားသည်။ တဖူးဖူးမှုတ်ကာ အားရပါးရစားနေသည်ကို ဘေးကနေ ကြည့်နေသည်ဟု ခံစားရသည်ကြောင့် စောင်းကြည့်လိုက်တော့ ဘတ်ဟျွန်း ဘေး က ဈေးဝယ်သူ လူတစ်ယောက်က ဘတ်ဟျွန်းကိုပြုံးလျက် ကြည့်နေသည်။ သိသလိုမသိသလိုခံစားချက်ပေမို့ ဘတ်ဟျွန်း အီလည်လည်ပြုံးပြလိုက်သည်။
“မမှတ်မိဘူးလား။ကိုယ်တို့ကလပ်မှာတွေ့ဖူးတယ်လေ.။အဲ့ဒီတုန်းက မင်းက ကိုကိုချန်းယောလ်ဆိုပြီးကိုယ့်ကိုအတင်းလာတွဲတာလေ.”
“ဟမ်. အဲ့လိုဖြစ်ခဲ့တာလား။ဒါဆို--တောင်းပန်ပါတယ်။”
“မဟုတ်တာ။ကိုယ်က မင်း မှတ်မိလာမလားလို့ကြည့်နေတာ.။မမှတ်မိလာဘူးပဲ.အာ. တောင်းပန်တဲ့အနေနဲ့ ကော်ဖီလေးတစ်ခွက်လောက်ဖြစ်ဖြစ် မတိုက်ချင်ဘူးလား”
ခပ်ချောချောလူက ပြုံးကာပြောနေပေမယ့် ဘတ်ဟျွန်း ခေါင်းခါပြလိုက်သည်။
“ခု မအားပါဘူး။နောင်ကြုံမှပဲ.”
“အဲ့လိုလား.။ဒါဆို ဖုန်းနံပါတ်ပေးခဲ့မလား။ဆက်သွယ်လိုက်မယ်လေ.။ကိုယ်က ထယ်ဂီ ပါ”
“ဖုန်း .အဲ့ဒါမျိူးမရှိပါဘူး။ကောင်းကောင်းနေရစ်ပါ.အချိန်မရှိတော့လို့ နောက်မှပေါ့.”
ဖုန်းကတော့ ဘတ်ဟျွန်းထံတွင် တကယ်လည်းမရှိသေးပါ။သူဌေးကတော်ပတ်က ဖုန်းတစ်လုံးစီစဉ်ထားပေးပေမယ့် ကျင့်သား မရသည့် ဘတ်ဟျွန်းက ဘယ်နားထားလို့ထားမိမှန်းမသိသည့်အခါ ရှာမနေတော့။ဖုန်းနံပါတ်ဆိုတာတွေလည်း မှတ်မိတာမဟုတ်။ မျက်ခုံးပင့်ကြည့်နေသည့် လူကို တစ်ချက်ပြုံးပြလိုက်ပြီး ကျသင့်ငွေရှင်းကာ အသားချောင်းပါဆယ်ယူလျက် ခပ်သွက်သွက်ပြေးထွက်လာခဲ့သည်။ ဘာလို့မှန်းမသိပေမယ့် နာမည်တော့ ပြောမပြချင်ပါဘူး။
“နောက်ဆုံမယ်နော်.. ”
မပြေးရုံတမယ် လှမ်းသွားသည့် ကောင်လေးကို ထယ်ဂီ သဘောကျစွာကြည့်နေမိသည်။ဒါ ပတ်ချန်းယောလ်ရဲ့ဆက်နွယ်နေသူ လေးမလား။ညီအကိုလည်းမဟုတ်ပါဘဲ ပတ်ချန်းယောလ် အကျွမ်းတဝင်နှစ်လိုနေသည်ကို သူ သေချာစုံစမ်းထားရှိမိပြီးသား။ ဒီထက်ပို သေချာတာက မနေ့ညက လမ်းမီးတိုင်အောက် အနမ်းခြွေနေကြသည့် ထိုနှစ်ယောက်.။ထယ်ဂီ နှုတ်ခမ်းတွန့်လျက် ပြုံးမိတော့သည်။ဘာပဲဖြစ်ဖြစ် ဒီကောင်လေးက တကယ်သဘောကျစရာလေး.။
****************************************************************************************
“ကိုကိုချန်းယောလ်”
လှမ်းအော်ခေါ်သံလေးကြောင့် ထမင်းစားရန် အောက်ထပ်ဆင်းလာမည်ပြင်နေသည့် ချန်းယောလ်သည် မျက်လုံးပြူးသွားရတောာ့သည်။လက်ထောက်ကင်က ဘတ်ဟျွန်းကိုမြင်ဖူးနေသည်မို့ ခေါင်းငုံ့နှုတ်ဆက်လျက် အရင်ထွက်သွားခဲ့သည်။ ခုထိ ပြူးကြည့်နေသည့် ချန်းယောလ်ကို ဘတ်ဟျွန်းကလက်ထဲက ထမင်းဘူးလေးနှင့်ကျန်တစ်ဖက်က အသားချောင်းထုပ်ပါဆယ်လေးကိုမြှောက်ပြလိုက်သည်။
ချန်းယောလ် ကလှစ်ခနဲရယ်သည်။ထို့နောက် ဘတ်ဟျွန်းလက်ကိုလာဆွဲလျက် သူ့ရုံးခန်းထဲပြန်ဝင်ကာ အခန်းတံခါးကိုလော့ ချသည်။
“ဟင် တံခါးကဘာလို့ပိတ်ရ-”
ဘတ်ဟျွန်းမျက်လုံးမှေးမှေးလေးတွေပြူးထွက်သွားရတော့သည်။လက်နှစ်ဖက်လုံးအထုပ်တွေနှင့်မို့ ချန်းယောလ် ပြုသမျှနုရတော့သည်။အတင်းလည်းမရုန်းရဲ၊ငြိမ်ငြိမ်လေးနေတော့ ချန်းယောလ်က အောက်နှုတ်ခမ်းကို ဖွဖွလေးဆွဲကိုက်ပြီး မှ လွှတ်ပေးလာသည်။
“သေချာပြန်မနမ်းတတ်သေးဘူးပေါ့”
“ဟွန်း မနေ့ညကတစ်ခါပဲနမ်းရသေးတယ် ဘယ်လိုလုပ်နမ်းတတ်မှာလဲ.”
“ဒါဆို ကိုယ် ညတိုင်းနမ်းတာလေးသင်ပေးရမယ်ထင်တယ် ဟုတ်လားဘတ်ဟျွန်း”
ချန်းယောလ်၏မျက်လုံးဝိုင်းဝိုင်းကြီးကရယ်မြူးရိပ်သမ်းနေတာကို မကြည်ကြည့် ကြည့်ရင်း စားပွဲပေါ်တွင် သယ်လာသည် များကို သွားတင်လိုက်သည်။ခေါင်းလုံးလုံးလေးနှင့် ဘတ်ဟျွန်းက တအားအသည်းယားဖို့ကောင်းမှန်း ချစ်ပါပြီဆိုမှ ချန်းယောလ် ပိုသတိထားမိလာသည်။ ဘယ်လိုလုပ် သူလေးကို ချန်းယောလ်က မျက်ကွယ်ပြုနိုင်ခဲ့ရတာလဲ။
“ဘတ်ဟျွန်း.”
“ဟင်.”
ဆိုဖာပေါ်ထိုင်နေပြီဖြစ်သည့် ဘတ်ဟျွန်းက ခေါင်းမော့ကြည့်လာတော့ နဖူးကိုသူထပ်နမ်းလိုက်သည်။
“ချစ်တယ်.”
“ကိုကိုချန်းယောလ်က ဘယ်လိုဖြစ်နေတာလဲ။တကယ်ပါပဲ.”
ဘတ်ဟျွန်းခမျာ ချန်းယောလ်ကိုတောင်စေ့စေ့မကြည့်ရဲရှာ။သို့ပေမယ့် ထိုင်စရာအလွတ်တွေအများကြီးရှိရဲ့သားနှင့်လည်း ချန်းယောလ်က ဘတ်ဟျွန်းဘေးတွင် အတင်းတိုးကပ်ထိုင်လာသည်။ထို့မှတစ်ဆင့် တက်ကာ ခါးကိုသွယ်ဖယ်လာ၏။
“ဒီနေ့ ထမင်းမစားတော့ဘူးလား.။”
“စားမှာပေါ့.။ဘတ်ဟျွန်း သေသေချာချာလာပို့ထားတာ စားမှာ။ခုတော့ ခဏဖက်ဦးမယ်။ဒီနေ့ အလုပ်နည်းနည်းများလို့ပင်ပန်းတယ်လေ.အဲ့ဒါကြောင့်ဘတ်ဟျွန်းကိုဖက်ထားမှဖြစ်မှာ.”
ဒီလိုဆိုတော့လည်း ချန်းယောလ် ဖက်တွယ်ထားသည့်အတိုင်း ဘတ်ဟျွန်း ဆိတ်ငြိမ်နေသည်။ သူ့ပခုံးပေါ်လာတင်သည့် ချန်းယောလ်ခေါင်းလေးကိုစောင်းငဲ့ကြည့်ရင်း ဘတ်ဟျွန်း ပြုံးမိသည်။ချစ်ခြင်းကို ဘတ်ဟျွန်း သေချာမခွဲခြားတတ်သေး ပေမယ့် သူ့အနားတွင်ပျော်သည်။သူအလိုလိုက်လျှင် စိတ်ချမ်းသာသည်။သူ အော်ငေါက်လျှင်တော့ ဝမ်းနည်းသည်။ဒီကမ္ဘာ ဒီဌာနေမှာ ချန်းယောလ်ကိုသာကြည့်မိပါ၏။
“ဒါနဲ့ ကိုကို ကျွန်တော့်ဖုန်းနံပါတ်က ဘယ်လောက်လဲဟင်.”
“ဘာလို့လဲ။ကိုယ်တောင် သေချာမမှတ်ရသေးဘူး။မဟုတ်လည်း ဘတ်ဟျွန်းက အိမ်ထဲမှာပဲနေတာဆိုတော့ အိမ်ဖုန်းကိုပဲဆက်ဖြစ်လိုက်တာ”
“ဟိုတစ်ခါက ကလပ်မှာတွေ့တယ်ဆိုတဲ့လူက ကျွန်တော့်ကိုဖုန်းနံပါတ်တောင်းတယ်။ကလပ်မှာတုန်းက ကျွန်တော်က သူ့ကို ကိုကိုချန်းယောလ်လို့မှားခေါ်မိတာတဲ့”
“ဘာ-”
လျော့ရဲရဲမှီနေသည့် ချန်းယောလ် ခေါင်းမတ်သွားသည်။ဖက်ထားတာကိုဖယ်ခွါလိုက်ရင်း ဘတ်ဟျွန်း လက်ကလေးတစ်ဖက်ကို ဆုပ်ကိုင်သည်။
“အဲ့ဒီလူက မကောင်းတဲ့လူပဲ ဘတ်ဟျွန်း။ နောင် တွေ့ရင် စကားမပြောနဲ့နော်.ပြီးတော့ စကားပြောလည်းလက်မခံနဲ့။သူဘာပြောပြော မယုံနဲ့.သိပြီလား။”
“သိပါပြီ.။ကိုကိုချန်းယောလ် ပြောတဲ့အတိုင်းလုပ်ပ့ါမယ်။ခုလည်း ကျွန်တော့်နာမည်မေးတာ မဖြေခဲ့ဘူး။ကျွန်တော် တော်တယ်မလား.”
မျက်ခုံးလေးပင့်ကာ ဆိုလာလေတော့ ချန်းယောလ် စိုးရိမ်နေသည့်ကြားက ရယ်မိတော့သည်။ပါးပြင်လေးနှစ်ဖက်ကို ခပ်သာသာ အားမလိုအားမရဆွဲဖျစ်လိုက်လျက်..
“တော်တယ်။ပြီးတော့ ကိုကိုက ဘတ်ဟျွန်းကိုသဝန်တိုတာမို့ ကိုကိုပြောတာနားထောင်ရမယ်နော်.”
“သိပါပြီ”
“အိုက်ဂူး. ဒီလောက်လိမ္မာတာ ဘယ်သူ့ကလေးလေးလဲ.”
“ကိုကို့ကလေးလေး..”
ဘတ်ဟျွန်းက စကားတတ်သည်။ ချန်းယောလ်သံယောင်လိုက်ရင်းအသည်းတွေကြွေအောင်ဆိုတတ်လေသည်။သွားတွေပေါ် အောင်ရယ်နေသည်မှာ ငုံထားချင်စဖွယ်ဖြစ်သည်။ သူ့ကိုချစ်မြတ်နိုးသည့်စိတ်တွေကလည်း ခက်ပါရဲ့။တရိပ်ရိပ်တိုးနေတာများ ပြန်တောင် ဆင်းလာနိုင်သည့်ကိန်းရှိမည်မထင်။
“ထမင်းစားရအောင်လေ.။ကိုကိုချန်းယောလ်နဲ့တူတူစားမလို့လာတာ။ဒါလေးလည်းဝယ်လာတာ.။အရင်တစ်ခုစားခဲ့သေးတယ် ဟီး.”
“လူဆိုးလေး.။ထမင်းစားတော့မှာကို..”
ရုံးခန်းထဲမှာ နှစ်ယောက်သားရယ်မောလျက် နေ့လည်စာထမင်းဝိုင်းလေး ပြည့်စုံသည်။ ပြီးတော့ ဘတ်ဟျွန်းကြိုက်သည် ဆိုသည့် နို့စတော်ဘယ်ရီမစ်ရှိတ်ရယ် ချန်းယောလ်အတွက် ကော်ဖီအေးတစ်ခွက်ရယ်ကို ကန်တင်းက လှမ်းမှာလာပို့ခိုင်း လိုက်သည်။
“ကိုကိုအလုပ်လုပ်တော့မှာမလား။ကျွန်တော်လည်းပြန်တော့မယ်လေ.အွန်..မရတော့ဘူးနော်.”
မစ်ရှိတ်ဘူးကို ပိုက်ဖြင့်စုပ်သောက်နေသည့် ဘတ်ဟျွန်းနှုတ်ခမ်းသေးသေးလေးကို ချန်းယောလ် ကြည့်နေတာမြင်တော့ တွန့်သွားရသည်။ဘယ်လိုလုပ် ကိုကိုက နမ်းတာသိပ်ကြိုက်ရတာလဲ။
“အင်းပါ.. ကိုယ်အောက်ထိပြန်လိုက်ပို့မယ်”
“ဟင့်အင်း ဒီတိုင်းနေခဲ့ပါ.။သက်သက်မဲ့ .။ကိုယ့်ဘာကိုယ်ပဲသွားလိုက်တော့မယ်။အာ.ကိုကို.ဒီမှာပေနေတာပဲ”
ချန်းယောလ် ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် ဘတ်ဟျွန်းက ချန်းယောလ် နှုတ်ခမ်းစပ်နားလေးကိုဖြတ်ခနဲငုံ့နမ်းလျက် လှစ်ခနဲ ပြန်ပြေးထွက်သွားတော့သည်။အသိဝင်လာချိန်မတော့ ချန်းယောလ်သည် အဖတ်ဆယ်မရအောင်ကို ပြုံးရယ်နေခဲ့တော့၏။ ကော်ဖီသောက်တာ ဘယ်လိုလုပ်အဲ့လိုပေမှာတဲ့လဲ.။နမ်းချင်တာကိုမပြောဘူး။
ဘတ်ဟျွန်းက အလည်လေး။
***********
#With heart
Just a dreamer.
(sorry for late update na~ this story will go on with a sweet line hehe.)
Zawgyi
Episode-17
“ခု မအားပါဘူး။နောင်ကြုံမှပဲ.”
“နောက်ဆုံမယ်နော်.. ”
****************************************************************************************
“ကိုကိုချန်းယောလ်”
“ဘတ်ဟျွန်း.”
“ဟင်.”
“ချစ်တယ်.”
“ဘာ-”
“သိပါပြီ”
“ကိုကို့ကလေးလေး..”
“လူဆိုးလေး.။ထမင်းစားတော့မှာကို..”
ဘတ်ဟျွန်းက အလည်လေး။
***********
#With heart
Just a dreamer.
Continue Reading
You'll Also Like
45.6K 4.4K 18
ကြိုက်နှစ်သက်လိမ့်မည်ဟု ယုံကြည်ပါသည်။ ဖတ်ကြည့်ပေးပါနော်❤️
177K 26.6K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
83.8K 20.4K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
548K 42.8K 64
Unicode ~~Zawgyi သားကိုအလွန်ချစ်ပြီးအူတို​သော~~ဦး​​ကျော်ကြား ​ဖခင်နဲ့လင်ဖြစ်သူ ကြားဗျာများရတဲ့ ~~သျှားမြတ်​ကျော် သျှားချစ်သူကျီးကန်းမည်း​လေး~အံ့မင်း...