"ငယ်"
"ပြောလေ မောင်"
ငယ်က အဝတ်အစားလဲနေရာမှ လှည့်မကြည့်ပဲ ပြန်ဖြေလေသည်။ ဒီနေ့ ငယ်က ဆေးရုံဆောက်နေတဲ့ မြေနေရာအား ကြည့်ချင်သည်ဆိုတာကြောင့် ပြင်ဆင်နေခြင်းဖြစ်သည်။
"Companyအရင်သွားပြီးမှ ညနေ ပြန်ခါနီး Siteထဲ ဝင်ကြည့်မယ်လေနော် "
"အင်းဟင်"
"အဲ့သွားတဲ့ ချိန်ကျမှ မောင် လာကြိုမယ်လေ"
"မောင် ဘယ်လိုတွေဖြစ်နေတာလဲ ဘာလဲ Companyမှာ တိတ်တိတ်ပုန်းတွေ ထားနေတာလား ပြော"
"မဟုတ်ဘူးလေ ငယ်ရာ မောင်က ငယ် Companyမှာ ပျင်းနေမှာ စိုးလို့ပါ"
"မောင် ရှိနေတာပဲ ပျင်းစရာလား"
"အင်းအင်း ငယ် အဆင်ပြေရင် ပြီးရော"
"မောင် သိပ်မရိုးသားဘူးနော် "လို့ပြောလိုက်တော့ ကျွန်တော့်ရဲ့ နောက်ကျောမှာ ရပ်ကာ ခါးကို ဖက်ပြီး လည်ပင်းကို နမ်းရှိုက်နေတော့သည်။
"မောင် ဘာမှ မရိုးသားတာ မလုပ်ထားဘူး ဟုတ်ပြီလား"
"သွားမယ် လာချွဲမနေနဲ့"
"အင်းအင်း"
At Company......
ထုံးစံအတိုင်း မောင်က meetingသွားလိုက် အလုပ်တွေ စီမံလိုက်နဲ့ အလုပ်တွေ ရှုပ်နေသည်။
ကျွန်တော့်မှာ သူ့ကို ကြည့်ပြီး ခေါင်းထဲမှာပင် ရှုပ်လာသည်။ မောင့်ရဲ့ အလုပ်ခုံတွင်ထိုင်လိုက်ကာ ထည့်နေကျဖြစ်တဲ့ ဆေးစာအုပ်ကို ထုတ်ကာ ဖတ်လိုက်သည်။
နက်ရှိုင်းသူသည် အလုပ်တွေပြီးသွား၍ ခန့်ညားပိုင်ကို ကြည့်လိုက်တော့ ခုံထက်တွင် ခေါင်းမှောက်ကာ အိပ်နေလေသည်။ နက်ရှိုင်းသူသည် စားပွဲခုံပေါ် ထိုင်လိုက်ကာ ခန့်ညားပိုင်ရဲ့ ခေါင်းအား ဖွဖွလေး ပွတ်ပေးနေသည်။
*ပြောသားပဲ နေခဲ့ပါဆို အခုတော့ အိပ်ပါပျော်နေပြီ ကိုယ်က နားစေချင်လို့ အိမ်မှာ ပြောလိုက်တာကိုတောင် ပြန်ပြီး မရိုးသားတာလား ပြောလိုက်သေးတယ် ငယ်ကတော့ တကယ်ပါပဲကွာ မဖြစ်သေးပါဘူး ထမင်းစားဖို့ နှိုးမှပဲ*
"ငယ်"
"......"
"ထတော့ ထမင်းစားမယ့် အချိန်တောင် ရောက်နေပြီ"
"အွန်း"
"ထတော့ အိပ်ရေးမှ ဝရဲ့လား သခင်လေး ခဗျား"
"မောင်နော်"
"ဟောဗျာ မောင်က အကောင်းနဲ့ ေမးတာကို"
"ပြီးသွားပြီလား အလုပ်တွေက"
"အင်း ပြီးပြီ ထမင်းစားပြီးရင် Siteထဲ တခါတည်းသွားမယ် "
"အင်းအင်းးး..ပြီးရော"ဆိုကာ သူ့ရဲ့ ဆံပင်တွေအား ကျွန်တော့် Computerကို မှန်အဖြစ်သုံးပြီး ကြည့်နေလေသည်။
"ငယ်ကွာ ဘာလို့ အဲ့လောက်ပြင်နေလဲ "
"ဟာ မောင်ကလည်း ငယ်က အခုမှ အိပ်ရာနိုးလာတာလေ မောင်ကျတော့ Smartကျနေပြီး ငယ်ကျတော့ ဖရိုဖရဲဆို တရားသလား"
"ကဲ မောင့်ကိုပဲကြည့် ငယ့်ရဲ့ မျက်လုံးတွေကလေ တခြားနေရာမှာ အာရုံစိုက်နေတာကို မောင်မ ကြိုက်ဘူး ကြည့်ချင်ရင် မောင့်မျက်နှာပဲ အာရုံစိုက်ပြီကြည့် "လို့ ပြောလိုက်တော့ ကျွန်တော် လှမ်းလက်စ လက်ကို ဖမ်းကိုက်လေသည်။
"တော်တော်တက်နေလား မောင် ပြောပါဉီး အဲ့စကားတွေကို ဘယ်ရည်းစားဟောင်းက သင်ပေးတာလဲပြော"
"အိုဟိုး မောင့်ရဲ့ ရည်စားဟောင်းကလည်း ငယ်ပဲ လက်ရှိရည်းစားလဲ ငယ်ပဲ အနာဂတ်ရဲ့ ခင်ပွန်းလောင်းကလည်း ငယ်ပဲ"
"ပြောလို့ရမလား အရင်က ရည်းစားတွေကများ အဲ့လိုလေး ပြောပါလား ကိုကိုရယ်တို့ ကလေးလေးရယ်တို့ "
"ပြွစ်.....အဲ့ နှုတ်ခမ်းလေးကလေ ပြောချင်ရာ ပြောနေတာပဲလား ငယ် ဘယ်အချိန်ကတည်းကများ ပြောချင်တာတွေ စဉ်းစားထားတာလဲဟမ် မောင် အသည်းယားရင် ကိုက်ပစ်လိုက်မှာ မောင်လည်း ငယ့်လိုပဲ သွားယားတတ်တယ်နော်"
"မောင်က ငယ့်ကို ကိုက်ရက်တယ်ပေါ့"
"အမျိုးမျိုးပါပဲလား ငယ်ရယ် သရုပ်ဆောင်လုပ်ပါလား"
"မောင်နော်"
"မောင် ဘာလုပ်လို့လဲ"
"ေတာ်ပြီတော်ပြီ မောင်နဲ့မပြောတော့ဘူး ထမင်းပဲ သွားစားတော့မာ်"ဆိုကာ ထွက်ဖို့ လုပ်နေတဲ့သူအား
"ထမင်းချိုင့်က မောင့်လက်ထဲမှာနော် ငယ်"
"မောင်ရာ တကယ်ပဲ....လာ မြန်မြန် ဗိုက်ဆာလှပြီ"
"Kissပေး.....သုံးခါပေးရမှာနော်"
"ပြွစ် ပြွစ်...ပြွစ်...."
"ရပြီ သွားမယ်"
"မောင်က လူလည်ကြီး"
"ဟားးးးးဟားးး"
ထမင်းစားပြီးသည်နှင့် နှစ်ယောက်သား ဆေးရုံဆောက်သည့်ဘက်သို့ ထွက်လာခဲ့သည်။ အောက်ခြေမျှသာ လုပ်ရသေးသည်မို့ ရုပ်လုံးမပေါ်သေး။
"ပုံထဲက ထက်တောင် ေမြကွက်က ပိုကျယ်သလိုပဲနော် မောင်"
"အင်း ဟူတ်တယ် မောင် စိတ်ကူးနဲ့ ဆွဲထားတဲ့ Designကို ဆောက်တာဆိုပေမယ့် ငယ်ကြိုက်မယ်လို့တော့ မောင်ထင်တယ်"
"မောင် ဘာလုပ်လုပ် ငယ်သဘောကျပြီးသား ဟီးးးဟီးးးးး"
"ဟုတ်ကဲ့ပါဗျာ"
ငယ်နဲ့ ကျွန်တော် မျက်လုံးချင်းဆိုင်မိတော့ ငယ့်မျက်လုံးထဲက ချစ်ရည်ရွန်းနေတဲ့ အကြည့်တွေက သူ့တစ်ယောက်တည်းအတွက်ဆိုတာ သိရတော့ ကျေနပ်ရသည်။
ငယ်နဲ့ အတူ နေခွင့်ရဖို့ ငယ့်ရဲ့ ဖြစ်ချင်တာတွေကို ဖြည့်ဆည်းပေးဖို့ အခက်အခဲအများကြီးကို ကျော်ဖြတ်ခဲ့ပြီးခဲ့ပြီ။ သာယာတဲ့ ဘဝတစ်ခုကို တည်ထောင်ဖို့ နှစ်ယောက်သား ထပ်မံ ကြိုးစားရပေဉီးမည်။
ငယ်နဲ့အတူ မြေကွက်အား ကြည့်နေရင်း Chrisလာပြောတဲ့ စကားကြောင့် ရင်ထဲမှာ အပူလုံးတစ်ခု တိုးလာခဲ့သည်။
"ဘယ်လို....."
"Davidကတော့ ဒဏ်ရာသိပ်မပြင်းထန်ပေမယ့် Jကတော့ စိုးရိမ်ရတယ် ပြောပါတယ် Boss"
"တောက်စ်!!!"
လက်သီးကို ကျစ်နေအောင် ဆုပ်ကာ လူကပါ တုန်နေတဲ့ပုံကြောင့် မောင်ဘယ်လောက် ဒေါသထွက်နေလဲဆိုတာ သိသာနေသည်။
"မောင်"
လေသံကို လျှော့ကာ ကျစ်နေအောင် ဆုပ်ထားတဲ့ လက်အား ဆုပ်ကိုင်လိုက်သည်။ မောင် အခုလို ဒေါသထွက်နေချိန် စိတ်လွတ်ကာ တခုခုလုပ်မိမှာစိုးသည်။
"ေမာင် ငယ့်ကို ကြည့် ငယ်တို့လိိုက်သွားကြမယ်လေနော်"
"........."
"Chris လက်မှတ်ဖြတ်ပေးထားပါလား ကျွန်တော် ေမာင့်ကို ေခါ်ပြီး Jameနဲ့အတူ ပြန်လိုက်ပါ့မယ်"
"ဟုတ်ကဲ့ အကုိလေး"
"မောင် စိတ်ကိုလျှော့ ငယ်တို့လိုက်သွားကြမယ်လေ"
"သူတို့နှစ်ယောက်က မောင့်အတွက်နဲ့.... မောင့်အတွက်နဲ့"
"ငယ်သိတယ် မောင်က အဲ့လို ဖြစ်နေလို့ မရဘူးလေ မောင် သူတို့ကို သွားကြည့်ရမယ်လေ"
"အင်း"
"Jame အိမ်ကိုပဲ တခါတည်း မောင်းတော့"
"ဟုတ်ကဲ့ အကိုလေး"
ကိုယ်ရံတော် ၄ယောက်လုံးဟာ နက်ရှိုင်းသူရဲ့ လက်ရုံးတော်တွေ၊ အရင်းနှီးဆုံး ညီအကိုတွေဆိုတာ မမှား၊ အဲ့ထဲက Jကတော့ နက်ရှိုင်းသူရဲ့ ကျောင်းနေဖက်လည်းဖြစ်သလို ခံစားချက်တိုင်း လိုက်လျောနေပေးပြီး အကုိလို ဆုံးမပေးခဲ့သူပင် အကောင်းဆူံးသော အခြေအနေကိုသာ မျှော်လင့်ချင်တော့သည်။
......................
မျှော်နေကြမယ် ထင်လို့ Upပေးလိုက်ပါတယ်😁😁
ဒီရက်ပိုင်း Upတာ နည်းခဲ့ရင် Upတာနောက်ကျခဲ့ရင် အနည်းငယ် သည်းခံပေးနော် သာသာ စာမေးပွဲရှိတာမို့လို့...ရသလောက်တော့ Upပေးမှာပါနော်😁
Love you all of my readers❤
~~~~~~~~~~~~~~~~
Zawgyi!!!!!
"ငယ်"
"ပြောလေ မောင်"
ငယ်က အဝတ်အစားလဲနေရာမှ လှည့်မကြည့်ပဲ ပြန်ဖြေလေသည် ဒီနေ့ ငယ်က ဆေးရုံဆောက်နေတဲ့ မြေနေရာအား ကြည့်ချင်သည်ဆိုတာကြောင့် ပြင်ဆင်နေခြင်းဖြစ်သည်
"အင်းဟင်"
"သွားမယ် လာချွဲမနေနဲ့"
"အင်းအင်း"
At Company......
ကျွန်တော့်မှာ သူ့ကို ကြည့်ပြီး ခေါင်းထဲမှာပင် ရှုပ်လာသည် မောင့်ရဲ့ အလုပ်ခုံတွင်ထိုင်လိုက်ကာ ထည့်နေကျဖြစ်တဲ့ ဆေးစာအုပ်ကို ထုတ်ကာ ဖတ်လိုက်သည်
နက်ရှိုင်းသူသည် အလုပ်တွေပြီးသွား၍ ခန့်ညားပိုင်ကို ကြည့်လိုက်တော့ ခုံထက်တွင် ခေါင်းမှောက်ကာ အိပ်နေလေသည် နက်ရှိုင်းသူသည် စားပွဲခုံပေါ် ထိုင်လိုက်ကာ ခန့်ညားပိုင်ရဲ့ ခေါင်းအား ဖွဖွလေး ပွတ်ပေးနေသည် *ပြောသားပဲ နေခဲ့ပါဆို အခုတော့ အိပ်ပါပျော်နေပြီ ကိုယ်က နားစေချင်လို့ အိမ်မှာ ပြောလိုက်တာကိုတောင် ပြန်ပြီး မရိုးသားတာလား ပြောလိုက်သေးတယ် ငယ်ကတော့ တကယ်ပါပဲကွာ မဖြစ်သေးပါဘူး ထမင်းစားဖို့ နှိုးမှပဲ*
"ငယ်"
"......"
"အွန်း"
"မောင်နော်"
"ဟောဗျာ မောင်က အကောင်းနဲ့ မေးတာကို"
"မောင်နော်"
"မောင် ဘာလုပ်လို့လဲ"
"ပြွစ် ပြွစ်...ပြွစ်...."
"ရပြီ သွားမယ်"
"မောင်က လူလည်ကြီး"
"ဟားးးးးဟားးး"
ထမင်းစားပြီးသည်နှင့် နှစ်ယောက်သား ဆေးရုံဆောက်သည့်ဘက်သို့ ထွက်လာခဲ့သည် အောက်ခြေမျှသာ လုပ်ရသေးသည်မို့ ရုပ်လုံးမပေါ်သေး
"ပုံထဲက ထက်တောင် မွေကှကျက ပိုကျယ်သလိုပဲနော် မောင်"
"ဟုတ်ကဲ့ပါဗျာ"
ငယ်နဲ့ အတူ နေခွင့်ရဖို့ ငယ့်ရဲ့ ဖြစ်ချင်တာတွေကို ဖြည့်ဆည်းပေးဖို့ အခက်အခဲအများကြီးကို ကျော်ဖြတ်ခဲ့ပြီးခဲ့ပြီ သာယာတဲ့ ဘဝတစ်ခုကို တည်ထောင်ဖို့ နှစ်ယောက်သား ထပ်မံ ကြိုးစားရပေဉီးမည်
"ဘယ်လို....."
"တောက်စ်!!!"
"မောင်"
လေသံကို လျှော့ကာ ကျစ်နေအောင် ဆုပ်ထားတဲ့ လက်အား ဆုပ်ကိုင်လိုက်သည် မောင် အခုလို ဒေါသထွက်နေချိန် စိတ်လွတ်ကာ တခုခုလုပ်မိမှာစိုးသည်
"မောငျ ငယ့်ကို ကြည့် ငယ်တို့လိုက်သွားကြမယ်လေနော်"
"........."
"Chris လက်မှတ်ဖြတ်ပေးထားပါလား ကျွန်တော် မောငျ့ကို ချေါပွီး Jameနဲ့အတူ ပြန်လိုက်ပါ့မယ်"
"ဟုတ်ကဲ့ အကိုလေး"
"အင်း"
"ဟုတ်ကဲ့ အကိုလေး"
ကိုယ်ရံတော် ၄ယောက်လုံးဟာ နက်ရှိုင်းသူရဲ့ လက်ရုံးတော်တွေ အရင်းနှီးဆုံး ညီအကိုတွေဆိုတာ မမှား အဲ့ထဲက Jကတော့ နက်ရှိုင်းသူရဲ့ ကျောင်းနေဖက်လည်းဖြစ်သလို ခံစားချက်တိုင်း လိုက်လျောနေပေးပြီး အကိုလို ဆုံးမပေးခဲ့သူပင် အကောင်းဆူံးသော အခြေအနေကိုသာ မျှော်လင့်ချင်တော့သည်
......................
~~~~~~~~~~~~~~~~