Part 29*

17K 1.1K 17
                                    

မနက် ၃နာရီအချိန် ဖုနး်ရဲ့ Vibrateသံကြောင့် နက်ရှိုင်းသူ နိုးလာတော့သည်။ ရင်ခွင်ထဲမှာ အိပ်ပျော်နေသော ခန့်ညားပိုင်အား နိုးမည်စိုးတာကြောင့် ဖြည်းဖြည်းချင်းထကာ လက်ကို ဖုန်းနားသိူ့ လှမ်းကာ ယူလိုက်သည်။

"Hello"

"Boss  Jသတိရလာပါပြီ"

"ဟုတ်လား အခု လာခဲ့မယ်"

နက်ရှိုင်းသူလည်း ဖုနး်ကို ချလိုက်ကာ အိပ်ရာက ထလိုက်သည်။ အချိန်ကြည့်တော့ မနက် ၃နာရီသာ ရှိသေးသည်။ ဒါကြောင့် ခန့်ညားပိုင်ကို မနှိုးတော့ပဲ ဆေးရုံသို့ တစ်ယောက်တည်း ထွက်လာလိုက်သည်။

At Hospital....

"J.."

"Boss"

"မင်းငါ့ကို စိတ်ပူအောင် လုပ်ရတာ တော်တောပျော်လား ဟမ်"

"Boss စိတ်မဆိုးပါနဲ့ ကျွန်တော် အခု ဘာမှ မဖြစ်တော့ဘူးလေ"

"မဖြစ်လို့သာပဲ ငါ လုပ်လိုက်ရ"

"Boss လူနာကို အနိုင်မကျင့်နဲ့"

"ပြောလေ ဆိုးလေပါလား ဟမ်"

"ဟားးးးးဟားးးးးး"
ထိုအခါမှ အရင်က တိတ်ဆိတ်နေတဲ့ ဆေးရုံအခန်းလေးဟာ ရီသံတွေနဲ့ ပြည့်နေတော့သည်။

"အကြောင်းအရာလေး ပြောပါဉီး"

"သူတို့က လာတုန်းကအကောင်း ပစည်းတွေ လဲလှယ်ပြီး ကိစတွေ အကုန် အပြီးသတ်ပြီး ပြန်လာဖို့ လေယာဉ်ဆီသွားတဲ့ လမ်းမှာ ဖြစ်သွားတာ အကုန်လုံးက မျက်နှာတွေ ဖုံးထားတယ် ကျွန်တော့်အထင် အကုိ ဘုန်းသွင်တို့ အဖွဲ့ထင်တယ်"

"တောက်စ်္!!!!သူက ငါ့ကို စိန်ခေါ်နေတာပဲ.... Chris"

"ဟုတ်ကဲ့ Boss"

"သူအခုတလော ဘာတွေ လုပ်နေတာလဲရယ် သူ့ရဲ့ ပစ်မှတ်က ဘာလဲဆိုတာ ရအောင် ရှာခဲ့"

"ကောင်းပါပြီ Boss"

"ေနလို့ အဆင်ပြေရဲ့လား မင်းက"

"ပြောပါတယ် မလှဲရတာကြာလို့ထင်တယ် နေလို့ကောင်းလိုက်တာ "ဆိုကာ Jကပြောတော့ နက်ရှိုင်းသူရဲ့ မျက်လုံးက မီးတဝင်းဝင်းနဲ့ Jကုိကြည့်တော့သည်။

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Where stories live. Discover now