Part 74*

10K 679 9
                                    

"Jackနဲ့ Mia, ကျောင်းမှာ လိမ်လိမ်မာမာ နေရမယ်နော်၊ Jackကလည်း ညီမလေးကို သေချာစောင့်ရှောက်၊ Miaလေးကလည်း Jackစကားကို နားထောင်နော်"

"ဟုတ် ပါးပါး"

ငယ်က ကလေးတွေရဲ့ ပထမဆုံး မူကြိုတက်မယ့်နေ့လေးမှာ စုံနေအောင်ကို မှာတော့သည်။ အသက်က ၄နှစ်ဆိုပေမယ့် အခြေ ခံရစေချင်တာရော ပေါင်းသင်း ဆက်ဆံရေးတွေ အဆင်ပြေစေဖို့ မူကြိုပို့ဖို့ရာ နှစ်ယောက်သား ဆုံးဖြတ်ဖြစ်သည်။

အကြောင်းအရာတော်တော်များများကို နားလည်သဘောပေါက်နေတဲ့ ပိစိနှစ်ယောက်အတွက် စိုးရိမ်စရာတော့ သိပ်မရှိ၊ အခုလို ပထမဆုံးနေ့မှာ ကျောင်းသွားရမှာကိုတောင် တက်တက်ကြွကြွဖြစ်နေတဲ့ ပိစိနှစ်ယောက်အား ကြည့်ပြီး ပီတိဖြစ်ရသည်။

အသက်တွေ ကြီးလာတာနဲ့အမျှ ကလေးတွေက ကိုယ်ရှေ့မှာတင် သိတတ်လာကြသည်။ နားလည်သဘောပေါက်တတ်လာသည်။ ပြောရရင်တော့ ကျွန်တော့်အတွက် ကံကောင်းတဲ့ဆုလာဒ်တစ်ခုဆိုရင် မမှားနိုင်

"ဒယ်ဒီ သားတို့ ပြီးပြီ"

"ဟုတ်ပြီ ဒယ်ဒီလာပြီ"

ကျွန်တော်လည်း တွေးလက်စတွေကို ဖြတ်တောက်ကာ ကလေးတွေကို ကျောင်းပို့ဖို့ရန်နှင့် ငယ့်ကို ဆေးရုံအလုပ်သို့ ပို့ရန် အိမ်အောက်ထပ်ကို ဆင်းလာလိုက်တော့သည်။ ငယ်က အခုဆိုရင် ဆေးရုံကို တစ်ပတ်မှာ ၃ရက်လောက်တော့ သွားဖြစ်နေသည်။ ဒါကြောင့် အ​ကြိုအပို့အနေနဲ့ ကျွန်တော်သာ တာဝန်ယူထားခြင်းဖြစ်သည်။

"ကဲ အဆင်သင့်ဖြစ်ပြီဆို သွားကြမယ်၊ Jackနဲ့Mia ဉီးဉီးတိူ့နဲ့ ကားထဲမှာစောင့်နေ ဒယ်ဒီ ပါးပါးနဲ့တူတူ လိုက်ခဲ့မယ်၊  ဒယ်ဒီယူစရာတစ်ခုကျန်သေးလို့"

"ဟုတ် ဒယ်ဒီ"

ကလေးတွေ ထွက်သွားတော့မှ ကျွန်တော် ငယ်နဲ့စကားပြောရတော့သည်။

"မောင် ဘာကျန်ခဲ့လို့လဲ သွားယူလေ"

"ဟောဗျာ ငယ်မေ့နေတာလား"

"ငယ် ဘာမေ့လို့လဲမောင်ရဲ့"

"အော် အခုတော့ ကိုယ့်ယောက်ျားကို အားဆေးပေးဖို့တောင် မေ့နေပြီပေါ့"

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Where stories live. Discover now