Part 21*

20.1K 1.3K 26
                                    

"မောင်"

"ဗျာ"

"ငယ့်ဆီလာဉီး"

"လာပြီ ခနလေး ငယ်"

ခန့်ညားပိုင်သည် အောက်ထပ်မှာ အလုပ်လုပ်နေသော နက်ရှိုင်းသူအား အိပ်ခန်း တံခါးကို ဖွင့်ကာ အော်ခေါ်လိုက်သည်။

"ငယ် ပြော"

"ငယ့်ကို အဝတ်အစားရွေးပေးဉီး"

"နေပါဉီး ဆံပင်တွေလည်း ပြင်ထားတယ် အဝတ်အစားလဲ ရွေးခိုင်းတယ်ဆိုတော့ ဘယ်သွားမှာလဲ ဘယ်သူနဲ့ တွေ့မှာလဲ"

"အပြင်သွားမလို့"

"ဘယ်သူနဲ့တွေ့မှာမို့ အဲ့လောက် အရေးတယူတွေ ပြင်နေတာလဲ"

မောင့်ရဲ့ သဝန်တိုမှုက အ့ံမခန်းပါလေ၊ ကျွန်တော် တစ်ယောက်ယောက်နဲ့ ဖုန်းပြောတာဖြစ်ဖြစ် စကားပြောတာဖြစ်ဖြစ်တွေ့ခဲ့ရင် ဘယ်သူလဲ ဘာလို့ဆက်တာလဲ ဘာလို့ စကားပြောနေတာလဲ စသဖြင့် မေးခွန်းတွေတရစပ် မေးတတ်သည်။ လက်ချင်းချိ​တ် နှုတ်ဆက်၍လည်းမရပေ။

"မောင် ဘာတွေ ေလျှာက်ပြောနေတာလဲ ငယ်ပြောတာ ​ဆုံးအောင် နားထောင်ဉီး"

"ငယ်က ပြင်ပြင်ဆင်ဆင်လုပ်နေတာကို"

"ငယ့်ကို မွေးစားခဲ့တဲ့ ဉီးလေးကို သွားတွေ့မလို့"

မွေးစားခဲ့တဲ့ ဉီးလေး ဒါဆို သေ သွားတဲ့ ဉီးလေးဆီကိုပေါ့

"Sorry မောင် မသိလိ​ုက်လို့"

"မောင်ကလည်း ငယ်ပြောတာလည်း ဆုံးအောင် ဘယ်တော့မှ နားမထောင်ဘူး ပြောချင်ရာတွေပဲ ဇွတ်ပြောနေတော့တာပဲ အခု မောင်လဲ အဝတ်အစားလဲ မောင်ပါ လိုက်ခဲ့ရမှာ"

"အင်းအင်း"

.............................

ခန့်ညားပိုင်သည် ဉီးလေးရဲ့ အုပ်ဂူရှေ့ ရပ်ကာ အချိန်တန်ကြာအောင် ရပ်နေသည်။ နက်ရှိုင်းသူကတော့ ဘာမှမပြောပဲ ခန့်ညားပိုင်ကိုသာ ရပ်ကြည့်နေလိုက်သည်။ ခနကြာတော့

"ဖေကြီး သားရောက်ပြီ နေရတာ အဆင်ပြေရဲ့လား ဒီနေ့ ဖေကြီး ဆုံးတာ ၆နှစ်ရှိပြီနော် မကြာမကြာ လာတွေ့ချင်ပေမယ့် ဖေကြီးက အလုပ်ပျက်ရင် မကြိုက်ဘူးမလား အဲ့တာကြောင့် သားက အခု ၆နှစ်လည်းပြည့် အလုပ်တွေနဲ့ ပိတ်တုန်း လာတွေ့တာညသား ပိုကြည့်ကောင်းလာတယ်မလား ဟားးဟားးးး ဒါနဲ့လေ ဖေကြီးကို သားပြောစရာရှိတယ် သားမှာ ချစ်သူရှိနေပြီ ဖေကြီး အရမ်းဖြစ်စေချင်တဲ့ ပုံစံလေး ဖြစ်နေပြီ အခု သူလည်း သားနဲ့ တူတူလိုက်လာတယ် ဖေကြီး မှတ်မိတယ်မလား သားကို ငယ်ငယ်က အရမ်းကပ်တဲ့ ကလေးလေးလေ အခုက သားပိုင်ဆိုင်တဲ့လူ ဖြစ်နေပြီ ဖေကြီးက မိန်းမယူစေချင်တာမလား ဒါပေမယ့် သားချစ်တဲ့သူက ယောက်ျားလေး ဖြစ်နေလို့ တောင်းပန်ပါတယ်"

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Where stories live. Discover now