Part 14*

22.9K 1.6K 15
                                    

ဒီနေ့ Companyဖွင့်ပွဲရှိတာကြောင့် ခန့်ညားပိုင် စောစော နိုးလာသည်။ ဘေးကို ကြည့်တော့ မောင်က အိပ်မောကျနေတုန်း၊ ကျွန်တော့်ကို ဖက်တွယ်ထားတဲ့ မောင့်ရဲ့လက်အား ဖယ်လိုက်ကာ တခါတည်း ရေချိုးဖို့ ပြင်လိုက်သည်။

အခုတလောအတွင်း မောင်နဲ့ တူတူနေရတာများလာတော့ နေသားကျသလို ဖြစ်လာသည်။ တခုခုဆို ကြိုပြီး လုပ်​ပေးတတ်တဲ့ မောင့်ကြောင့် ဘာမှကို စိတ်ပူစရာမရှိ ဆေးရုံသွားလည်း ထမင်းချိုင့်ကအစ နေ့ခင်းနေ့လည်စားဖို့ အသီးလေးတွေပါ စားချိန်​ေရာက်တိုင်း လာပို့ပေးတတ်သည်။

ဆေးရုံက လူတွေကတော့ မောင့်ကို ကျွန်တော့် ညီအဖြစ်သာ သိထားသည်။ ကျွန်တော်လည်း နှစ်ယောက်သား ဆက်ဆံရေးကို မပြောပြသလို မောင်ကလည်း မပြောဖြစ်ပါ။

ရေချိုးပြီးသည့်တိုင် မနိုးလာသေးတဲ့ မောင်က ညက အိပ်တာ နောက်ကျသည်။ ညက ၁နာရီမှ Dutyအနေနဲ့ရော ခွဲခန်းပါ ဝင်ရသည့်အတွက် အိမ်ပြန်နောက်ကျသည်။ မောင်က ဆေးရုံမှာ ကျွန်တော်ပြီးသည့်တိုင် ထိုင်စောင့်ပြီး တူတူ ပြန်လာခဲ့သည်။

"မောင် ထတော့"

"......."

"မောင် ငါတောင် ပြင်ပြီးပြီ ထတော့"

"အွန်း"
မျက်လုံးပွင့်လာပြီဖြစ်တာကြောင့် ထားခဲ့လိုက်ကာ အဝတ်အစား ပေါ့ပေါ့ပါးပါး အဝတ်အစားတစ်ခုကို ဝတ်လိုက်သည်။

"ငယ်"

"ပြော"

"Morning Kiss"လို့ ပြောကာ သူ့နှုတ်ခမ်းအား လက်ဖြင့် ပြလေသည်။ ဒါ အခုနောက်ပိုင်း သူတောင်းဆိုထားတဲ့ တစ်ခု မနက်ခင်း နိုးတိုင်း ညအိပ်ခါနီးတိုင်း Morning Kiss, Goodnight Kiss ပေးဖို့၊  အကြောင်းရင်း မေးတော့ သူ့ကို ပိုချစ်အောင်လို့တဲ့။

ကျွန်တော်လည်း အဝတ်လဲပီး သူ့ရဲ့ နှုတ်ခမ်းကို နမ်းလိုက်တော့ သွားတွေစိပြီး ပြုံးပြလာသည်။

"ရေသွားချိုး အလုပ်ရှင်ဖြစ်ပြီး အချိန်မလေးစားရင် မောင့်ကိုလည်း ဘယ်သူ့မှ လေးစားမှာမဟုတ်ဘူး"

"အင်းပါ ငယ်ရယ် မောင် သိပါတယ် "ဆိုလိုက်ကာ ရေသာ ချိုးလိုက်သည် ရေချိုးခန်းထဲက ထွက်လာတော့ ငယ်က အခန်းထဲ မရှိတာကြောင့် လိုက်ကာဖယ်ကာ မှန်ချပ်ကို ကြည့်လိုက်တော့ ထုံးစံအတိုင်း သူ့အပင်တွေကို ရေလောင်းပေါင်းသင် လုပ်နေသည်။

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Where stories live. Discover now