Part 60*

15.7K 960 12
                                    

မနက်ခင်း မိုးလင်းလင်းချင်းကြည့်မိသည်က ကျွန်တော့်ဘေးက မောင်မောင်ဗိုက်၊ ကိုယ်ဝန်ရှိလို့ ကျွန်တော်ကသာ  သတိထားနေရတာ၊ ငယ်ကတော့ နေချင်သလိုနေ အိပ်ချင်သလို အိပ်တာပါပဲ

၂လဆိုတဲ့ ဗိုက်လေးက အခုတော့ သိပ်ဆူဆူကြီးမဟူတ်ပေမယ့် တင်းတင်းလေး ဖြစ်လာသည်။မနက်တိုင်း ငယ့်ဗိုက်လေးကို ကိုင်ရသည်ကို သဘောကျသည်။ ထိုသို့ ကိုင်တိုင်းလည်း ကိုက်ရတာ အကျင့်ပါတဲ့ငယ်က သူအိပ်နေချိန်လုပ်လို့ဆိုကာ ကျွန်တော် အကိုက်ခံရသေးသည်။

အခုထိတော့ မနိုးသေး၊ ည ညဆို အိပ်မရတဲ့ငယ့်ကို မျိုးစုံချော့သိပ်ရသည်။ အလုပ်မရှိတော့ ပျင်းနေတဲ့ ငယ်က တခါတရံ ချည်ထိုးတာလေး လုပ်တတ်သည်​။ အများကြီးတော့ မဟုတ်ပေမယ့် သူလုပ်ချင်တာလေး လုပ်ခွင့်ရတော့ ပျော်နေသည်။

အိပ်ရာပေါ်က အသာလေးထပြီး ငယ်စားဖို့အတွက်နဲ့ တခြားကိစတွေ စီစဉ်ရဉီးမှာမို့ အခန်းထဲက ထွက်လာလိုက်သည်။

"Jame"

"ရှိပါတယ် Boss"

"ဒီနေ့ Companyက ကိစတွေကို မင်းနဲ့ Davidနဲ့ တာဝန်ယူလိုက်၊ Jနဲ့ Chrisကတော့ ငါ့နားမှာပဲ နေခဲ့"

"ကောင်းပါပြီ Boss

ကျွန်တော် မီးဖိုချောင်ထဲ ဝင်လိုက်ကာ Refrigerator ထဲက ငယ် စားဖို့အတွက် ဝယ်ထည့်ထားတဲ့ အသီးအနှံတွေထုတ်လိုက်သည်။ထို့နောက် အသီးတွေကို အတုံးသေးသေးလေးတွေလှီးကာ ဒိန်ချဉ်နဲ့ ရောလိုက်သည်။ ဒါ ငယ်အခုတလော အရမ်း​ကြိုက်နေတဲ့ အစားအစာတစ်ခု ဖြစ်သည်။

"မောင်ရေ!!!!!"

အပေါ်ထပ်ကနေ အောက်ထပ်ထိရောက်အောင် အော်ခေါ်နိုင်တဲ့ ငယ့်ရဲ့ အသံကိုသာ တွေးကြည့်ပါတော့၊ ဒါ သူနိုးလာတဲ့ချိန် ကျွန်တော်မရှိလို့ အော်ခေါ်နေခြင်း ဖြစ်သည်။

"လာပြီ ငယ်ရေ၊ ဘာလို့ အဲ့လောက်အော်နေတာလဲ လည်ချောင်းတွေ နာမှဖြင့်"

"အော်ပြောမိတဲ့ ငယ်ရဲ့အပြစ်ပေါ့ ဟုတ်လား"

"မဟုတ်ရပါဘူးဗျာ၊ မောင်က ငယ် အသံတွေ နာနေမှာစိုးလို့ပါ"

"ငယ့်အသံတွေကို ကြားနေရတာ ငြီးငွေ့နေတာများလား"

"ကြည့်...ဘာတွေတွေးနေပြန်ပြီတုန်းကွာ လာ...ထတော့ မောင် မျက်နှာသစ်ပေးမယ်"ဆို​တေ့ လက်ကို ဆန့်တန်းပေးလာတဲ့ငယ်၊ ရေချိုးခန်းထဲဝင်ကာ ဘေစင်ပေါ် ငယ့်အား တင်လိုက်ပြီး သွားတိုက်ဆေးနဲ့ သွားတိုက်တံကို ပြင်လိုက်သည်။

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Where stories live. Discover now