Part 31*

18.1K 1.1K 7
                                    

ငယ်နဲ့ ပတ်သတ်လာရင် ကျွန်တော်ဆိုတာ သူ့နေ့စဉ်ဘဝမှာ မပါမဖြစ် အရေးပါတဲ့ လူတစ်ယောက်အဖြစ်နေချင်သည်။ လောဘကြီးတယ်ပဲပြောပြော တကုိယ်ကောင်းဆန်သည်ပဲ ပြောပြော  ငယ်ဟာ ကျွန်တော့်အပိုင်ဖြစ်သလို ကျွန်တော်ကလည်း ငယ့်အပိုင်၊ ငယ်ဘာလုပ်လုပ် ငယ်နားမှာနေ ဖြည့်ဆည်းပေးနေရမည့်ဘဝက ပျော်ဖို့ကောင်းပါသည်။

အခုဆိုရင် Jနဲ့ Davidမှာလည်း ဆေးရုံကဆင်းသည်မှာ ၃လပင် ပြည့်လေပြီ။ အခြေအနေတွေ အကုန်ကောင်းသည်မို့ သူတို့လည်း အလုပ်တွေ ပြန်လုပ်ကာ အရင်လို စောင့်ရှောက်စမြဲ ဖြစ်သည်။

နာရီကိုကြည့်တော့ မနက် ၁နာရီ၊ ဟုတ်ပါသည် ကျွန်တော် ငယ့်ဆေးရုံမှာ ငယ့်ကို ကြိုဖို့ စောင့်နေခြင်းသာ၊ ငယ်က စောစောပြီးမယ်ပြောပေမယ့် အရေးကြီး operationတစ်ခုကြောင့် မနက်ပင် ၁နာရီ ထိုးနေလေပြီ။

ငယ့်လောက် အလုပ်မများတဲ့ ကျွန်တော်တောင် အခု ပင်ပန်းနေသလို ခံစားနေရပြီး ငယ်ဆိုရင် သူ့ထက်တောင် ခံစားရပေဉီးမည်။

ခနနေတော့ ကျွန်တော်ထိုင်နေတဲ့ ငယ့်ရဲ့ နားနေခန်းသို့ ခြေလှမ်းပျော့ပျော့များဖြင့် ငယ်က ဝင်လာသည်။ ကျွန်တော်လည်း ထိုင်နေရာမှ ထလိုက်ကာ ငယ့်အား အခြေအနေမေးလိုက်သည်။

"ငယ် အဆင်ပြေရဲ့လား"

"အင်း"

"Operationရော အောင်မြင်တယ်မလား"

"အင်း"

ကျွန်တော် ငယ့်ကိုလည်း စကားပြောရင်း ငယ့်ရဲ့ပခုံးကို နှိပ်ပေးနေမိသည်။ ငယ်က ခုံပေါ်သို့ ရုတ်တရက် မှောက်အိပ်လိုက်တာမို့ ကျွန်တော် တားရသည်။

"ငယ်......ငယ် ထ မအိပ်နဲ့ မောင်တို့ အိမ်ပြန်ရအောင် အိမ်မှာ အေးဆေးအိပ်လေ ငယ်"

"မထချင်တော့ဘူး မောင်ရာ အရမ်း ပင်ပန်းနေပြီ"

"အင်းပါ အိပ် အိပ် အဲ့တာဆို မောင် ချီသွားမယ် "လို့ ပြောတော့ ဘာမှကို ပြန်မဖြေနိုင်တော့လောက်အောင် မှောက်နေတော့သည်။ ကျွန်တော်လည်း ငယ့်ရဲ့ ပစည်းအိတ်တွေကို ယူလိုက်ပြီး ငယ့်ကို ပွေ့ချီကာ အရေးပေါ် လှေကားမှတဆင့် ကားရှိရာသို့ ဆင်းခဲ့ရသည်။

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Where stories live. Discover now