Part 16*

23.3K 1.6K 28
                                    

"ဆရာရေ နားချိန်တောင် ရောက်နေပြီ မနားသေးဘူးလား"

"ဟင် ဘယ်ချိန်ရှိပြီလဲ"

"၁၂ခွဲနေပြီဗျ ကျွန်တော် ဗိုက်တွေလဲဆာလှပြီ"

"မင်းမြတ်ရယ် ဆရာ့ကို ပြောရောပေါ့"

"ဆရာက အလုပ်ထဲ စျာန်တွေ ဝင်နေပြီးတော့"

"Sorry ကွာ အခု သွားစားတော့ ဆရာ နားနေခန်းပြန်လိုက်ဉီးမယ်"

"ဟုတ်ကဲ့ ဆရာ"

ခန့်ညားပိုင်လည်း ညောင်းကိုက်နေသော ခေါင်းအား လေ့ကျင့်ခန်း နည်းနည်းလုပ်လိုက်ကာ နားနေခန်းသို့ ထွက်လာခဲ့သည်။ နားနေခန်းရောက်တော့ အခန်းထဲမှာ ရုပ်တည်ကြီးနဲ့ ထိုင်နေသော နက်ရှိုင်းသူကြောင့် လန့်သွားတော့သည်။

"မောင် ဘယ်ကတည်းက ရောက်နေတာလဲ"

"၁၁ နာရီ ကတည်းက"

"ကိစရှိလို့လား"

"ကိစရှိမှ လာရမှာလား"

"မောင် ဘာဖြစ်နေတာလဲ"

"ငယ် ဘာအပြစ်လုပ်ထားလဲ ငယ့်ဘာသာငယ်စဉ်းစား"

"ငယ် ဘာလုပ်လို့လဲ မောင် က ပြောပြလေ"

"ဘယ်ချိန် ရှိပြီလဲ"

"၁ နာရီထိုးတော့မယ်"

"ထမင်းစား ပြီးပြီလား "

"မစားရသေးဘူး အယ်..." ထိုအခါမှ သူ့အပြစ်သူ သိပြီး သွားကိုစိကာ ရယ်ပြလာသည်။

"အဲ့တာကြောင့် မောင်က စိတ်ဆိုးနေတာလား"

"......"

"စိတ်မဆိုးပါနဲ့ မောင်ရဲ့ "

"မောင့်စကားကို နည်းနည်းလေး နားထောင် ပေးလို့ မရဘူးလားငယ် မနက်ကလည်း သေချာ သတိပေးလိုက်တယ် ဒီလိုပဲ နေ့တိုင်း မေ့နေတာလား မဖြစ်တော့ဘူး နောက်ဆို ထမင်းစားချိန်တိုင်း ဆေးရုံပဲ လာတော့မယ်"

"ဟာ မောင် ဘာလာလုပ်မှာလဲ မလာနဲ့ ငယ် အချိန်မှန် စားပါ့မယ်"

"မောင် ဒီမှာ CEOဆိုပြီး ပြောင်းလာလိုက်ရင် ရတယ်နော် ငယ်"

"အင်းပါ ငယ် သိပါတယ် နောက်ဆို ငယ် ဂရုစိုက်ပါ့မယ်"

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Where stories live. Discover now