လက်ထပ်လက်စွပ်ကလေး

De Natpankalay

180K 26.4K 1.3K

#Both available with unicode & zawgyi မယုံနိုင်လောက်အောင်ပဲ ဒီလက်စွပ်ကလေးက~~~ Mais

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32 Final Part

Part-16

5.2K 890 48
De Natpankalay

Episode-16

မျက်နှာသွင်ပြင်ပါဖြူလျော့လာလျက် ခုထိသတိလည်မလာသေးသည့် ဘတ်ဟျွန်းနားတွင် ချန်းယောလ် အပြင် သူဌေးကတော်ပတ် ပါ စိုးရိမ်တကြီးရှိနေသည်။တစ်ချက်တစ်ချက် သူဌေးကတော်ပတ်က ချန်းယောလ် ကို စောင်ကြည့်သေး တော့ ဘတ်ဟျွန်းအတွက်စိုးရိမ်ရသည့်အပြင် မိခင်ဖြစ်သူ၏မျက်စောင်းကိုပါ ကြောက်ရသေး၏။

“ဒေါက်တာက ပြောသွားတာ။ပင်ပန်းသွားလို့ဆိုတော့ ခဏနေသတိရလာမှာပေါ့။အမဂျောင် လည်းသိပ်စိတ်မပူပါနဲ့။ခုမှဆိုင်ကပြန်လာတာကိုနားလိုက်ပါလား။”

သတိမေ့ရုံလေးကို ကဲကဲသဲသဲဖြစ်နေသော သားအမိနှစ်ယောက်ကြောင့် ဟယ်ရီက အခန်းထဲဝင်လာရင်းဆိုလိုက်ခြင်းဖြစ်သည်။ တစ်နာရီလောက်နီးပါးဒီကောင်လေးအနားတွင်ထိုင်စောင့်လျက် ဒီမျက်နှာလေးကို ကြည့်လည်းကြည့်နိုင်ကြသေး၏။

“ဟုတ်သားပဲ မေမေ နားလိုက်ပါလား။”

“ချန်းယောလ်လီကို မေမေမပြောချင်ဘူးနော်။ဘာဖြစ်လို့ ကလေးကို အမှိုက်ပုံမှာပစ္စည်းရှာတာကို လွှတ်ထားရတာလဲ၊တစ်ကိုယ်လုံးလည်းပေပွလို့။ကလေးကိုအနိုင်မကျင့်ဖို့ငယ်ငယ်ကတည်းက မေမေ မပြောထားဘူးလား”

“တောင်းပန်ပါတယ် မေမေ။ ကျွန်တော်မှားသွားပါတယ်။”

တကယ်လည်း ချန်းယောလ် အမှားမို့ ဘာဖြေရှင်းချက်မှမပေးချင်တော့ပါ။ ပေစုတ်နေသည့် ဘတ်ဟျွန်းပုံစံလေးကိုပြန်မြင်လျှင် စိတ်ထဲ အားနာရင်းနာကျင်ရသည်မို့။

“ကျွန်တော် အွန်းလေးကို သေချာစောင့်ပေးလိုက်ပါ့မယ်။ မေမေ ကသွားနားလိုက်ပါ။ခဏနေ ဖေဖေ လည်းပြန်လာတော့မှာဆိုတော့ ညနေစာ အေးအေးဆေးဆေးစားကြပါ။ကျွန်တော် ကလေးကို စောင့်နေပါ့မယ်။”

“ကဲ လာပါ အမဂျောင်ရယ်။ချန်းယောလ်လီ က သူ့အပြစ်သူ သိပြီး ဘတ်ဟျွန်းကို ဂရုစိုက်ပေးမယ်ပြောနေတာပဲ။လာပါ သွားနားရအောင်”

ဒေါ်လေးဟယ်ရီ ဆွဲခေါ်သွားမှ ဘတ်ဟျွန်းကိုတစ်ချက်ကြည့်ကာ သူဌေးကတော်ပတ်က အပြင်သို့ပါသွားသည်။ ဒီတော့မှ ချန်းယောလ်လည်း ကုတင်ဘေးက ခုံတွင်သက်သက်ထိုင်နေရာမှာ ဘတ်ဟျွန်းဘေးက နေရာလွတ်လေးပေါ် တက်ထိုင်လိုက်  သည်။ နဖူးပေါ် ပြိုကျနေသည့် ဆံစတို့ကို သပ်တင်ပေးရင်း မျက်နှာနုနုလေးကိုငေးမိသည်။ဒီကောင်လေးက အမှတ်မထင် သူတို့အိမ်ကိုရောက်လာသလို အမှတ်မထင်လည်း သူ့ရင်ထဲ ရောက်လာခဲ့သည်ထင်သည်။ပစ်ပယ်ခဲ့သည်။လျစ်လျူရှုခဲ့ဖူး သည်။နောက်ဆုံးစွန့်ပစ်ဖို့ထိလုပ်ခဲ့ဖူးတာတောင်နောက်ဆုံးတော့လည်း ဒီရေစက်လေးထဲ တဝဲလည်လည်သာဖြစ်ရသည် သာချည်း။
စောင်အောက်က လက်လေးတစ်ဖက်ကိုဆွဲယူလျက် ဖွဖွဆုပ်ကိုင်ထားလိုက်မိသည်။ကုန်းပိုးခေါ်လာပြီးကတည်းက ဘတ်ဟျွန်း ၏အဝတ်အစားတွေကိုသူပဲလဲလှယ်ပေးခဲ့တာဖြစ်သည်။အင်္ကျီလက်ရှည်ဖြူဖြူပွပွနှင့် သူဝတ်ပေးထားသည့် ဘောင်းဘီဖြူပွပွ လေးကြောင့် ဘတ်ဟျွန်းလေးက သန့်စင်နေပြီဖြစ်သည်။မျက်နှာထက်ကိုရော လက်ကလေးတွေကိုပါ သူ စိတ်ရှည်လက်ရှည်ဖြင့် ရေပတ်တိုက်ထားပေးခဲ့သည်။
သူ စိုက်ကြည့်နေတုန်းမှာ ဘတ်ဟျွန်းမျက်ခွံလေးတွေလှုပ်လာလေသည်။ဖြည်းဖြည်းချင်းပွင့်လာသော မျက်ဝန်းလေးတွေ သည် ချန်းယောလ်ကိုမြင်တာနှင့် စူးစူးစိုက်စိုက်လေးတစ်ချက်ဖြစ်ပြီးမှ အကြည့်လွှဲသည်။ ချန်းယောလ် ကိုင်ထားသည့်လက်ကို တော့ဖြင့် သတိထားမိသေးပုံမရ။

“နိုးလာပြီလား ဘတ်ဟျွန်း။ ဘယ်နားက နာကျင်တာတွေရှိလဲ”

“မရှိဘူး”

“စိတ်ဆိုးနေတာကိုး။ ဘတ်ဟျွန်း- ငါ တောင်းပန်ပါတယ်။ငါ မစဉ်းစားမဆင်ခြင်ဘဲပြောလိုက်မိတာ တကယ်တောင်းပန်ပါတယ်။ဘတ်ဟျွန်း အဲ့ဒီနေရာမှာရှာနေခဲ့တာလည်းငါ တကယ်မသိလို့ပါ။ ဘယ်လိုပဲပြောခဲ့မိပါစေ ဘတ်ဟျွန်းကို မထိခိုက်မနာကျင်စေချင်တာတော့ စိတ်ရင်းအမှန်ပါ ”

ဆုပ်ထွေးထားသည့် လက်ကလေးကိုဖျစ်ကာဆိုလိုက်တော့ ချန်းယောလ်ကိုင်ထားသည်ကိုသတိထားမိသွားသည်ထင်။ ချက်ချင်းပင် လက်ကိုရုန်းတာမို့ မချင့်မရဲလွှတ်ပေးလိုက်ရတော့သည်။သူ့ဘေးတွင်ထိုင်နေသည့် ချန်းယောလ်ကို တစ်ချက်မကြည့် ခေါင်းကလေးစောင်းနေအောင်ကိုတစ်ဖက်ကိုလှည့်ထားသည်။

“ဘယ်လိုလုပ်ရပါ့။ငါ့ကိုတကယ်မကြည့်တော့ဘူးလား”

“မေမေ ပြန်ရောက်ပြီမလား။ ကျွန်တော် ဗိုက်ဆာနေပြီမို့ အောက်ဆင်းလိုက်တော့မယ်။”

ဖြည်းဖြည်းချင်းထကာ စောင်ကိုလှပ်ကာ ဘတ်ဟျွန်းက အိပ်နေရာမှ ထသည်။ တစ်ခုခုဖြစ်မှာစိုးလို့ကိုင်ရမလို မကိုင်ရမလို ဖြစ်နေသည့် ချန်းယောလ်ကို လျစ်လျူရှုကာ ဆတ်တောက်တောက်ဖြင့် အခန်းထဲက ထွက်သည်။ချန်းယောလ် ကြံရခက်သွား သည်။ ဘတ်ဟျွန်းက ဒီတစ်ခါတော့ တကယ်စိတ်ဆိုးနေပုံရသည်။ သူ့ကိုထားခဲ့တုန်းကတောင် စိတ်ဆိုးတာမျိူးတစ်စက်မှ မပြခဲ့ သည့် ကလေးက ခုတော့ စိတ်ဆိုးနေသည်မှာ ချော့လို့တောင်မရ။

ခဏထိုင်စဉ်းစားနေပြီးမှ အောက်ထပ်ထိဆင်းလာတော့ ထမင်းစားခန်းထဲတွင် ချန်းယောလ် ၏ မိဘအစုံအလင်နှင့် ဘတ်ဟျွန်း ကမျက်နှာလေးပြုံးပြုံးရယ်ရယ်ဖြစ်သည်။အနေတည်သည့် ချန်းယောလ် ဖခင်တောင် ဘတ်ဟျွန်း၏ စကားသံတွေ အမူအရာ တွေကြား ပြုံးလှည့်လှည့်ဖြစ်ရသည့်ထိအောင် ဘတ်ဟျွန်းက ချစ်မွှေးအတိပါသည်။ သူဝင်ထိုင်တော့ အဒေါ်ကြီး က ထမင်းဟင်း ပန်းကန်ပြင်ပေးသလို မိဘနှစ်ပါးကအသိအမှတ်ပြုသလိုကြည့်ပေမယ့် ဘတ်ဟျွန်းက သူ့ထမင်းပန်းကန်ကိုသာ ဂရုစိုက်နေသည်။

“မေမေတို့က ထမင်းစားမှာ ကျွန်တော့်ကိုတောင် လှမ်းမခေါ်ဘူး”

“အယ်-ထမင်းဝိုင်းက သေချာမခင်းရသေးလို့ပါ ချန်းယောလ်လီရဲ့။ပြီးရင် အဒေါ်ကြီးကိုလာခေါ်ခိုင်းတော့မလို့ကို အွန်းလေးက ဆင်းလာတော့ ချန်းယောလ်လီလည်း ပါလာမယ်ထင်တာ။စားတော့လေ ဒီမှာ အဒေါ်ကြီးက ချန်းယောလ်လီ ကြိုက်တာတွေပဲချက်ထားတာ ”

သူဌေးကတော်ပတ်က ချန်းယောလ်ပန်းကန်ထဲ ကြိုက်တတ်တာလေးအရင်လှမ်းထည့်ပေးသည်။ ချန်းယောလ် ပြုံးကာလက်ခံယူ လိုက်ပေမယ့် ဘတ်ဟျွန်းကိုခိုးကြည့်မိတော့ သူလေးက ခပ်တည်တည်။ ထမင်းစားလိုက် ဘတ်ဟျွန်းကို ကြည့်လိုက်နှင့်  ချန်းယောလ် ကဏှာမငြိမ်တာကို ဥက္ကဌပတ်က သတိထားမိသွားပုံရ၏။

“ချန်းယောလ်လီ ဘယ်လိုဖြစ်လို့ အွန်းလေးကို တစ်ချိန်လုံးချောင်းချောင်းကြည့်နေတာလဲ။ပြောစရာရှိလို့လား။”

“ဗျာ-မဟုတ်ပါဘူး ဖေဖေ.”

“ဒါဆို အေးအေးဆေးဆေးစားလေကွာ။ မင်းက မျက်စိနောက်စရာကောင်းအောင်”

ဟုတ်ကဲ့ဟုဆိုလျက် ချန်းယောလ် အစာ စားခြင်းကိုအာရုံစိုက်ရင်း ပြုံးရယ်နေသည့် ဘတ်ဟျွန်းကို  ကြည့်မိရပြန်သည်။ သွားလေး တွေပေါ်လျက် ရယ်မောသဘောကျနေသည့် ဘတ်ဟျွန်းမျက်နှာလေးသည် အမှန်တကယ်ကိုဖြူဖြူစင်စင် ချစ်ချင်စရာလေးဖြစ်သည်။

“စားလို့ဝပါပြီ”

“အင်း--ငါတို့အွန်းလေး. သွားနားတော့နော်။ခုမှ နိုးလာတာကို ကောင်းကောင်းအနားယူရမှာ။မေမေလိုက်ပို့မယ်”

“ရပါတယ် မေမေ ကျွန်တော် ကိုယ့်ဘာသာသွားနားလိုက်ပါမယ်။မေမေလည်း တစ်နေ့လုံးဆိုင်မှာ ပင်ပန်းမှာပေါ့။အေးအေးဆေးဆေးနားကြပါခင်ဗျာ”

အားလုံးကို ဦးညွှတ်လျက် အရင်ထထွက်သွားသည့် ဘတ်ဟျွန်းနောက်ကိုတစိုက်မတ်မတ်ကြည့်နေရင်းနှင့် ချန်းယောလ် ခဏထိုင်နေပြီးမှ -

“စားလို့ဝပါပြီ။ကောင်းကောင်းနားကြပါဗျာ”

ကမန်းကမန်းထကာ ချန်းယောလ် အပေါ်ထပ်ပြေးတက်လာခဲ့သည်။အငြိမ်မနေဖြစ်နေသည့် သူ့ကိုနောက်ပါးဆီကနေ လှမ်းကြည့်နေကြမှာသိပေမယ့် မတတ်နိုင်။ဘတ်ဟျွန်း နားကပ်ကာ စိတ်ပြေအောင်လုပ်ဖို့သာ ချန်းယောလ် အာရုံရှိနေ သည်။အပေါ်ထပ်တက်လာရင်း ဘတ်ဟျွန်း အခန်းတံခါးလော့ခ်ကိုဖွင့်တော့ အထဲက လော့ခ်ကျထား၏။ ချန်းယောလ် သက်ပြင်းချမိသည်။ ဒီနေ့ ဘတ်ဟျွန်းက သူ့ကိုပြုံးမပြပါလျှင် ဘတ်ဟျွန်းထံမှ ကြည်သာသည့် အပြုအမူလေးတစ်ချက်သော်မှ မရပါလျှင် ကိုကိုချန်းယောလ် ဟု ခေါ်သံလေးမှ မကြားရပါလျှင် ချန်းယောလ် တစ်ယောက် နေသာအံ့မည်မထင်။

“ဘတ်ဟျွန်း--မအိပ်သေးဘူးဆိုတာ သိတယ်။တံခါးလေးခဏဖွင့်ပေးပါဦး။ရှင်းပြတာလေး နားထောင်ပေးပါဦး။စိတ်ကျေနပ်အောင်အားလုံးလုပ်ပေးမှာမို့ငါ့ကိုတစ်ချက်လောက်ကြည့်ပါဦး”

အထဲက တုံ့ပြန်သံသော်မှမကြားရပါ။ ချန်းယောလ် လေပူကြီးတသီမှုတ်ထုတ်မိရရင်း မတတ်နိုင်တော့။စိတ်ထဲတစ်ခုသာရှိ တော့သည်။

“ဘတ်ဟျွန်း အဲ့ဒီအမှိုက်ပုံးနားမှာ တစ်နေ့လုံးရှာနေရလို့ စိတ်ဆိုးတာဆိုရင် ဘတ်ဟျွန်းကျေနပ်အောင် ငါက အဲ့ဒီနားလေးမှာ တစ်ညလုံး နေပေးပါ့မယ်။ မနက်ကျ စိတ်ဆိုးပြေမှာလား။ဘတ်ဟျွန်းလှန်ချထားခဲ့တဲ့ အမှိုက်တွေကို ငါ အမှိုက်ပုံးထဲ ပြန်ထည့်ပြီး အဲ့ဒီနားမှာပဲ နေပေးပါ့မယ် ဒါဆို.”

ဘတ်ဟျွန်းထံမှ တုံ့ပြန်သံကိုထပ်မံနားစွင့်နေသော်ငြား မည်သည့်အသံမှမကြားရသည်မို့ ချန်းယောလ် လှည့်ထွက်လာ ခဲ့လိုက်သည်။ဘာပဲဖြစ်ဖြစ် ဘတ်ဟျွန်း ကျေနပ်အောင် သူသေချာပေါက်လုပ်ပေးမှာမို့။
အောက်ထပ်ကိုဆင်းလာခဲ့တော့ ထမင်းစားခန်းထဲတွင် သိမ်းဆည်းနေသည့် အဒေါ်ကြီးကလွဲ မည်သူမှမရှိတော့။ အခန်းထဲကိုယ်စီဝင်နားနေကြပြီဖြစ်သည်။ ချန်းယောလ် အိမ်အပြင်ဘက် ထွက်လာခဲ့လိုက်သည်။ အပြင်ဘက်လေအေးက တိုက်ခတ်နေသည်မို့ ကိုယ်ကျူံ့သွားရရင်း ဘောင်းဘီအိတ်ထဲလက်နှစ်ဖက်ထည့်လျက် ခပ်ဖြည်းဖြည်းလျှောက်လာခဲ့သည်။ တကယ်လည်း တစ်ညလုံးနေရမည်ဆိုလျှင်တောင် တန်ပါသည်။ ဘတ်ဟျွန်းက မမောမပန်းညစ်ညစ်ပေပေဖြင့် တစ်နေ့လုံးနီးပါး ရှာဖွေမွှေနှောက်နေခဲ့တာဖြစ်သည်။ဖြည်းဖြည်းချင်းလျှောက်လာရင်း အနည်းငယ်လျှောက်မိစဉ်မှာပင် နောက်ပါးဆီကနေ အင့်ခနဲဝင်လုံးသည့်အရာလေးကြောင့် လူတောင် ရှေ့ကိုငိုက်ခနဲဖြစ်သွားတော့မတတ်ဖြစ်ရလေသည်။

“ဒါက ဘယ်သွားဦးမလို့လဲ။”

နောက်လှည့်မကြည့်ရသေးပေမယ့်ခါးကိုဖက်တွယ်ထားသည့်လက်သွယ်သွယ်လေးကိုငုံကြည့်မိရင်း ချန်းယောလ် စိတ်တို့ အေးချမ်းသွားရသည်။ ထိုလက်ကလေးကိုဆွဲခွါလျက် ချန်းယောလ်နောက်ပြန်အရင်လှည့်လိုက်ပြီးမှ ဆက်လက်ဆွဲ ကိုင်ထားလိုက်သည်။ သူ့ကိုမော့ကြည့်နေသည့် ဘတ်ဟျွန်း မျက်ဝန်းလေးတွေကစိုစိုလက်လက်ဖြစ်သည်။

“ဘာလို့ ကိုကို က ငါ့ကို စိတ်ပူရအောင်စိတ်ဆင်းရဲအောင်အမြဲလုပ်ရတာလဲ။ဘာလို့ ငါကပဲ အမြဲ ကိုကို့ကိုချစ်ရတာလဲ။ဘာလို့ကိုကိုချန်းယောလ်က ငါ့ကိုကျစိတ်ထဲမရှိရတာလဲ၊”

ပြောရင်းမျက်ရည်ပေါက်တွေကျလာသည့် ဘတ်ဟျွန်းကြောင့် ချန်းယောလ် မနေနိုင်လွန်းစွာပင် ဘတ်ဟျွန်းတစ်ကိုယ်လုံး ကို သိမ်းပွေ့ပိုက်ထားမိတော့သည်။အသံမထွက်ပေမယ့် ရှိုက်နေသည်ကြောင့် လှုပ်နေသည့် ကိုယ်လုံးလေးက ချန်းယောလ် ရင်ခွင်ထဲ သိုသိုဝှက်ဝှက်။

“တောင်းပန်ပါတယ်ဆိုတာထက် ဘာပြောရမှန်းကိုမသိတော့ပါဘူး ကလေးရယ်။ကိုကိုက တောင်းပန်ပါတယ်။”

“ငါက အမှိုက်ပုံးနားမှာတစ်နေ့လုံးရှာရလို့စိတ်ဆိုးတယ်ထင်နေလား။ ကိုကို  က ငါ့ကိုအလေးမထားလို့။ငါ့စိတ်ကိုမသိလို့။ငါ ကိုကိုစိတ်ဆိုးမှာ ဘယ်လောက်တောင်ကြောက်ရသလဲ။ဒါတောင် ငါ့ကိုအော်သေးတယ်။ငါက နန်းတော်မှာ ဘယ်တုန်းကမှ အော်ခံခဲ့ရတာမဟုတ်ဘူး။အားလုံးက ငါ့ကိုချစ်ကြတာ။ဒီဘက်မှာပဲ ကိုကိုချန်းယောလ်ကပဲ ငါ့ကိုမုန်းနေတာ”

ဒီစကားကတော့ အမှန်မဟုတ်ဘူးမလား။ ဘတ်ဟျွန်းကိုယ်လေးကိုရင်ခွင်ထဲက ခပ်ဖြည်းဖြည်းဆွဲခွါလိုက်ရင်းမှ မျက်နှာချင်းဆိုင် လိုက်သည်။

“ကိုယ်က ဘာလို့ မုန်းရမှာလဲ။ဒီကောင်လေးကို ဘယ်လိုချစ်နေသလဲမသိအောင်ကို ဘတ်ဟျွန်းက ဒီလောက်ချစ်ဖို့ကောင်းနေတာ။ပြီးတော့ ဘတ်ဟျွန်းစိတ်ပူရအောင်လုပ်တာမဟုတ်ပါဘူး။ဘတ်ဟျွန်း စိတ်ဆိုးနေတာ ကိုယ် တကယ်မနေတတ်လို့ စိတ်ပြေအောင် ကိုယ်တတ်နိုင်တဲ့နည်းလမ်းနဲ့လုပ်ပေးချင်တာပါ။ ဘတ်ဟျွန်းက ကိုယ့်ကိုပစ်ထားမှာကိုစိုးတယ်။ အရေးမလုပ်မှာကိုစိုးတယ်။ကိုကိုချန်းယောလ်ကို မခေါ်တော့မှာကို စိုးတယ်။ ”

ခုနကထိ မှိုင်းရိပ်ဆင်နေသည့်မျက်လုံးလေးက အနည်းငယ်ကြည်စင်လာသည်။ ချန်းယောလ် အမှန်ပြောနေတာတွေကို သတိထားမိပြီးခံစားရသည်ထင်ပါ၏။

“တကယ်လား”

“တကယ်ပေါ့။ဒါပေမဲ့ ဘတ်ဟျွန်းပြောနေကျ ဒယ်ဂုံက အကိုတော်လိုချစ်တာမဟုတ်ဘူး။အကိုတော်လိုယုယချင်တာမဟုတ်ဘူး။”

သူ့ကိုပြန်ကြည့်နေသည့် ဘတ်ဟျွန်း ကမအူမလည်လေး။ဒါကိုပြန်ကြည့်နေရင်းဖြင့် အရင်တစ်ခါ သူလက်လွတ်စပယ် ပစ်ထားခဲ့ စဉ်က မကောင်းသည့်သူတွေနှင့်မတွေ့ခဲ့မိတာတော်သေးလွန်းလှသည်ဟုတွေးမိသည်။အဲ့ဒီလိုများဖြစ်ခဲ့ပါလျှင် ခုချိန် သူဘယ်လိုများ ဖြစ်နေလိမ့်မည်နည်း။

“ကိုယ်က ဘတ်ဟျွန်းကို ချစ်သူလိုပွေ့ဖက်ချင်တာ ။ယုယချင်တာ ။ချစ်သူလိုနမ်းချင်တာ။ဘတ်ဟျွန်းကို စိတ်လိုက်မာန်ပါ တစ်ခါပြောလိုက်မိပြီးရင် ဒီရင်ဘတ်ထဲက သေလောက်အောင်စိတ်မကောင်းဖြစ်ပြီးနာကျင်ရတာမို့ ဒီကောင်လေးကို နောင် စိတ်လိုက်မာန်ပါ မပြောဆိုတော့ပါဘူးလို့ကိုယ့်အသက်နဲ့ရင်းပြီးကတိပေးပါတယ်နော်- ဘတ်ဟျွန်း။”

“ချစ်--ချစ်သူလို-”

“အင်း။အတိအကျပဲ။အာ-- လက်ရှည်ကပါးလိုက်တာ ဘတ်ဟျွန်းအေးနေမှာပေါ့။ ကိုကိုက အချမ်းပေါ့အောင်လုပ်ပေးရဦးမယ်။ဒီကိုလာ-”

ခါးကနေလှမ်းသိမ်းပွေ့လိုက်တော့ ဘတ်ဟျွန်းက စွေ့ခနဲဆို ချန်းယောလ် ဘက်ရောက်လာသည်။ပြူးကာကြည့်နေသည့် မျက်လုံးလေးတွေမှိတ်သွားအောင်အရင်နမ်းချပစ်လိုက်မိသည်။ဘတ်ဟျွန်းမျက်လုံးတွေမှေးမှိတ်သွားသည့်အခါမှလက်တစ်ဖက် က ခါးကိုဖက်ထားလျက်နှင့်မှ နောက်တစ်ဖက်က ဘတ်ဟျွန်းပါးပြင်လေးကိုအုပ်ကိုင်လျက် ထိုနီနီရဲရဲနှုတ်ခမ်းသေးသေးလေး ကို စနမ်းမိတော့သည်။ ခပ်ဖွဖွလေးထိကပ်နမ်းရာမှ နက်နက်ရှိုင်းရှိုင်းဆိုသည့် အခြမ်းကိုဦးတည်လာသည့်အခါ ဘတ်ဟျွန်း လက်ကလေးတွေက ချန်းယောလ်ရင်ဘတ်က အင်္ကျီ စကိုခပ်တင်းတင်းဆုပ်ကိုင်လာသည်။ သူ သိသလောက်လေး ပြန်လည် တုံ့ပြန်နေသည့် ဘတ်ဟျွန်းကြောင့် ချန်းယောလ် နှုတ်ခမ်းတွေပြုံးကာ ရင်ထဲတွင် ပန်းတွေပွင့်ကုန်ပြီဖြစ်သည်။
လမ်းဘေးက ဓါတ်မီးတိုင်အောက်တွင် တော့ မက်မက်မောမောနမ်းရှိုက်နေသည့် ချန်းယောလ်တို့နှစ်ယောက်သာရှိသည်။ ဘတ်ဟျွန်းတစ်ကိုယ်လုံးမြှုပ်နေအောင်ဖက်တွယ်လျက် အနမ်းခြွေနေသည့် ချန်းယောလ်သည် စိတ်ထဲအရာရာအေးချမ်းဆိတ်ငြိမ်လျက် ဒီငြိမ်းအေးရာလေးကိုသာ မက်မက်မောမောဖက်တွယ်ထားမိသည်။

ရင်ဘတ်ထဲတွင်တော့ ကြည်နူးခြင်းပန်းတစ်ခင်း မကပြီထင်ပါရဲ့။

*************
#With Heart
Just A Dreamer

Zawgyi

Episode-16

မ်က္ႏွာသြင္ျပင္ပါျဖဴေလ်ာ့လာလ်က္ ခုထိသတိလည္မလာေသးသၫ့္ ဘတ္ဟြၽန္းနားတြင္ ခ်န္းေယာလ္ အျပင္ သူေဌးကေတာ္ပတ္ ပါ စိုးရိမ္တႀကီးရိွေနသည္။တစ္ခ်က္တစ္ခ်က္ သူေဌးကေတာ္ပတ္က ခ်န္းေယာလ္ ကို ေစာင္ၾကၫ့္ေသး ေတာ့ ဘတ္ဟြၽန္းအတြက္စိုးရိမ္ရသၫ့္အျပင္ မိခင္ျဖစ္သူ၏မ်က္ေစာင္းကိုပါ ေၾကာက္ရေသး၏။

“ေဒါက္တာက ေျပာသြားတာ။ပင္ပန္းသြားလို႔ဆိုေတာ့ ခဏေနသတိရလာမွာေပါ့။အမေဂ်ာင္ လည္းသိပ္စိတ္မပူပါနဲ႔။ခုမွဆိုင္ကျပန္လာတာကိုနားလိုက္ပါလား။”

သတိေမ့ရံုေလးကို ကဲကဲသဲသဲျဖစ္ေနေသာ သားအမိႏွစ္ေယာက္ေၾကာင့္ ဟယ္ရီက အခန္းထဲဝင္လာရင္းဆိုလိုက္ျခင္းျဖစ္သည္။ တစ္နာရီေလာက္နီးပါးဒီေကာင္ေလးအနားတြင္ထိုင္ေစာင့္လ်က္ ဒီမ်က္ႏွာေလးကို ၾကၫ့္လည္းၾကၫ့္ႏိုင္ၾကေသး၏။

“ဟုတ္သားပဲ ေမေမ နားလိုက္ပါလား။”

“ခ်န္းေယာလ္လီကို ေမေမမေျပာခ်င္ဘူးေနာ္။ဘာျဖစ္လို႔ ကေလးကို အမိႈက္ပံုမွာပစၥည္းရွာတာကို လႊတ္ထားရတာလဲ၊တစ္ကိုယ္လံုးလည္းေပပြလို႔။ကေလးကိုအႏိုင္မက်င့္ဖို႔ငယ္ငယ္ကတည္းက ေမေမ မေျပာထားဘူးလား”

“ေတာင္းပန္ပါတယ္ ေမေမ။ ကြၽန္ေတာ္မွားသြားပါတယ္။”

တကယ္လည္း ခ်န္းေယာလ္ အမွားမို႔ ဘာေျဖရွင္းခ်က္မွမေပးခ်င္ေတာ့ပါ။ ေပစုတ္ေနသၫ့္ ဘတ္ဟြၽန္းပံုစံေလးကိုျပန္ျမင္လ်ွင္ စိတ္ထဲ အားနာရင္းနာက်င္ရသည္မို႔။

“ကြၽန္ေတာ္ အြန္းေလးကို ေသခ်ာေစာင့္ေပးလိုက္ပါ့မယ္။ ေမေမ ကသြားနားလိုက္ပါ။ခဏေန ေဖေဖ လည္းျပန္လာေတာ့မွာဆိုေတာ့ ညေနစာ ေအးေအးေဆးေဆးစားၾကပါ။ကြၽန္ေတာ္ ကေလးကို ေစာင့္ေနပါ့မယ္။”

“ကဲ လာပါ အမေဂ်ာင္ရယ္။ခ်န္းေယာလ္လီ က သူ႔အျပစ္သူ သိၿပီး ဘတ္ဟြၽန္းကို ဂရုစိုက္ေပးမယ္ေျပာေနတာပဲ။လာပါ သြားနားရေအာင္”

ေဒၚေလးဟယ္ရီ ဆြဲေခၚသြားမွ ဘတ္ဟြၽန္းကိုတစ္ခ်က္ၾကၫ့္ကာ သူေဌးကေတာ္ပတ္က အျပင္သို႔ပါသြားသည္။ ဒီေတာ့မွ ခ်န္းေယာလ္လည္း ကုတင္ေဘးက ခံုတြင္သက္သက္ထိုင္ေနရာမွာ ဘတ္ဟြၽန္းေဘးက ေနရာလြတ္ေလးေပၚ တက္ထိုင္လိုက္  သည္။ နဖူးေပၚ ၿပိဳက်ေနသၫ့္ ဆံစတို႔ကို သပ္တင္ေပးရင္း မ်က္ႏွာႏုႏုေလးကိုေငးမိသည္။ဒီေကာင္ေလးက အမွတ္မထင္ သူတို႔အိမ္ကိုေရာက္လာသလို အမွတ္မထင္လည္း သူ႔ရင္ထဲ ေရာက္လာခဲ့သည္ထင္သည္။ပစ္ပယ္ခဲ့သည္။လ်စ္လ်ူရႈခဲ့ဖူး သည္။ေနာက္ဆံုးစြန႔္ပစ္ဖို႔ထိလုပ္ခဲ့ဖူးတာေတာင္ေနာက္ဆံုးေတာ့လည္း ဒီေရစက္ေလးထဲ တဝဲလည္လည္သာျဖစ္ရသည္ သာခ်ည္း။
ေစာင္ေအာက္က လက္ေလးတစ္ဖက္ကိုဆြဲယူလ်က္ ဖြဖြဆုပ္ကိုင္ထားလိုက္မိသည္။ကုန္းပိုးေခၚလာၿပီးကတည္းက ဘတ္ဟြၽန္း ၏အဝတ္အစားေတြကိုသူပဲလဲလွယ္ေပးခဲ့တာျဖစ္သည္။အက်ႌလက္ရွည္ျဖဴျဖဴပြပြႏွင့္ သူဝတ္ေပးထားသၫ့္ ေဘာင္းဘီျဖဴပြပြ ေလးေၾကာင့္ ဘတ္ဟြၽန္းေလးက သန႔္စင္ေနၿပီျဖစ္သည္။မ်က္ႏွာထက္ကိုေရာ လက္ကေလးေတြကိုပါ သူ စိတ္ရွည္လက္ရွည္ျဖင့္ ေရပတ္တိုက္ထားေပးခဲ့သည္။
သူ စိုက္ၾကၫ့္ေနတုန္းမွာ ဘတ္ဟြၽန္းမ်က္ခြံေလးေတြလႈပ္လာေလသည္။ျဖည္းျဖည္းခ်င္းပြင့္လာေသာ မ်က္ဝန္းေလးေတြ သည္ ခ်န္းေယာလ္ကိုျမင္တာႏွင့္ စူးစူးစိုက္စိုက္ေလးတစ္ခ်က္ျဖစ္ၿပီးမွ အၾကၫ့္လႊဲသည္။ ခ်န္းေယာလ္ ကိုင္ထားသၫ့္လက္ကို ေတာ့ျဖင့္ သတိထားမိေသးပံုမရ။

“ႏိုးလာၿပီလား ဘတ္ဟြၽန္း။ ဘယ္နားက နာက်င္တာေတြရိွလဲ”

“မရိွဘူး”

“စိတ္ဆိုးေနတာကိုး။ ဘတ္ဟြၽန္း- ငါ ေတာင္းပန္ပါတယ္။ငါ မစဉ္းစားမဆင္ျခင္ဘဲေျပာလိုက္မိတာ တကယ္ေတာင္းပန္ပါတယ္။ဘတ္ဟြၽန္း အဲ့ဒီေနရာမွာရွာေနခဲ့တာလည္းငါ တကယ္မသိလို႔ပါ။ ဘယ္လိုပဲေျပာခဲ့မိပါေစ ဘတ္ဟြၽန္းကို မထိခိုက္မနာက်င္ေစခ်င္တာေတာ့ စိတ္ရင္းအမွန္ပါ ”

ဆုပ္ေထြးထားသၫ့္ လက္ကေလးကိုဖ်စ္ကာဆိုလိုက္ေတာ့ ခ်န္းေယာလ္ကိုင္ထားသည္ကိုသတိထားမိသြားသည္ထင္။ ခ်က္ခ်င္းပင္ လက္ကိုရုန္းတာမို႔ မခ်င့္မရဲလႊတ္ေပးလိုက္ရေတာ့သည္။သူ႔ေဘးတြင္ထိုင္ေနသၫ့္ ခ်န္းေယာလ္ကို တစ္ခ်က္မၾကၫ့္ ေခါင္းကေလးေစာင္းေနေအာင္ကိုတစ္ဖက္ကိုလွၫ့္ထားသည္။

“ဘယ္လိုလုပ္ရပါ့။ငါ့ကိုတကယ္မၾကၫ့္ေတာ့ဘူးလား”

“ေမေမ ျပန္ေရာက္ၿပီမလား။ ကြၽန္ေတာ္ ဗိုက္ဆာေနၿပီမို႔ ေအာက္ဆင္းလိုက္ေတာ့မယ္။”

ျဖည္းျဖည္းခ်င္းထကာ ေစာင္ကိုလွပ္ကာ ဘတ္ဟြၽန္းက အိပ္ေနရာမွ ထသည္။ တစ္ခုခုျဖစ္မွာစိုးလို႔ကိုင္ရမလို မကိုင္ရမလို ျဖစ္ေနသၫ့္ ခ်န္းေယာလ္ကို လ်စ္လ်ူရႈကာ ဆတ္ေတာက္ေတာက္ျဖင့္ အခန္းထဲက ထြက္သည္။ခ်န္းေယာလ္ ႀကံရခက္သြား သည္။ ဘတ္ဟြၽန္းက ဒီတစ္ခါေတာ့ တကယ္စိတ္ဆိုးေနပံုရသည္။ သူ႔ကိုထားခဲ့တုန္းကေတာင္ စိတ္ဆိုးတာမ်ိူးတစ္စက္မွ မျပခဲ့ သၫ့္ ကေလးက ခုေတာ့ စိတ္ဆိုးေနသည္မွာ ေခ်ာ့လို႔ေတာင္မရ။

ခဏထိုင္စဉ္းစားေနၿပီးမွ ေအာက္ထပ္ထိဆင္းလာေတာ့ ထမင္းစားခန္းထဲတြင္ ခ်န္းေယာလ္ ၏ မိဘအစံုအလင္ႏွင့္ ဘတ္ဟြၽန္း ကမ်က္ႏွာေလးၿပံဳးၿပံဳးရယ္ရယ္ျဖစ္သည္။အေနတည္သၫ့္ ခ်န္းေယာလ္ ဖခင္ေတာင္ ဘတ္ဟြၽန္း၏ စကားသံေတြ အမူအရာ ေတြၾကား ၿပံဳးလွၫ့္လွၫ့္ျဖစ္ရသၫ့္ထိေအာင္ ဘတ္ဟြၽန္းက ခ်စ္ေမႊးအတိပါသည္။ သူဝင္ထိုင္ေတာ့ အေဒၚႀကီး က ထမင္းဟင္း ပန္းကန္ျပင္ေပးသလို မိဘႏွစ္ပါးကအသိအမွတ္ျပဳသလိုၾကၫ့္ေပမယ့္ ဘတ္ဟြၽန္းက သူ႔ထမင္းပန္းကန္ကိုသာ ဂရုစိုက္ေနသည္။

“ေမေမတို႔က ထမင္းစားမွာ ကြၽန္ေတာ့္ကိုေတာင္ လွမ္းမေခၚဘူး”

“အယ္-ထမင္းဝိုင္းက ေသခ်ာမခင္းရေသးလို႔ပါ ခ်န္းေယာလ္လီရဲ့။ၿပီးရင္ အေဒၚႀကီးကိုလာေခၚခိုင္းေတာ့မလို႔ကို အြန္းေလးက ဆင္းလာေတာ့ ခ်န္းေယာလ္လီလည္း ပါလာမယ္ထင္တာ။စားေတာ့ေလ ဒီမွာ အေဒၚႀကီးက ခ်န္းေယာလ္လီ ႀကိဳက္တာေတြပဲခ်က္ထားတာ ”

သူေဌးကေတာ္ပတ္က ခ်န္းေယာလ္ပန္းကန္ထဲ ႀကိဳက္တတ္တာေလးအရင္လွမ္းထၫ့္ေပးသည္။ ခ်န္းေယာလ္ ၿပံဳးကာလက္ခံယူ လိုက္ေပမယ့္ ဘတ္ဟြၽန္းကိုခိုးၾကၫ့္မိေတာ့ သူေလးက ခပ္တည္တည္။ ထမင္းစားလိုက္ ဘတ္ဟြၽန္းကို ၾကၫ့္လိုက္ႏွင့္  ခ်န္းေယာလ္ ကဏွာမၿငိမ္တာကို ဥကၠဌပတ္က သတိထားမိသြားပံုရ၏။

“ခ်န္းေယာလ္လီ ဘယ္လိုျဖစ္လို႔ အြန္းေလးကို တစ္ခ်ိန္လံုးေခ်ာင္းေခ်ာင္းၾကၫ့္ေနတာလဲ။ေျပာစရာရိွလို႔လား။”

“ဗ်ာ-မဟုတ္ပါဘူး ေဖေဖ.”

“ဒါဆို ေအးေအးေဆးေဆးစားေလကြာ။ မင္းက မ်က္စိေနာက္စရာေကာင္းေအာင္”

ဟုတ္ကဲ့ဟုဆိုလ်က္ ခ်န္းေယာလ္ အစာ စားျခင္းကိုအာရံုစိုက္ရင္း ၿပံဳးရယ္ေနသၫ့္ ဘတ္ဟြၽန္းကို  ၾကၫ့္မိရျပန္သည္။ သြားေလး ေတြေပၚလ်က္ ရယ္ေမာသေဘာက်ေနသၫ့္ ဘတ္ဟြၽန္းမ်က္ႏွာေလးသည္ အမွန္တကယ္ကိုျဖဴျဖဴစင္စင္ ခ်စ္ခ်င္စရာေလးျဖစ္သည္။

“စားလို႔ဝပါၿပီ”

“အင္း--ငါတို႔အြန္းေလး. သြားနားေတာ့ေနာ္။ခုမွ ႏိုးလာတာကို ေကာင္းေကာင္းအနားယူရမွာ။ေမေမလိုက္ပို႔မယ္”

“ရပါတယ္ ေမေမ ကြၽန္ေတာ္ ကိုယ့္ဘာသာသြားနားလိုက္ပါမယ္။ေမေမလည္း တစ္ေန့လံုးဆိုင္မွာ ပင္ပန္းမွာေပါ့။ေအးေအးေဆးေဆးနားၾကပါခင္ဗ်ာ”

အားလံုးကို ဦးၫႊတ္လ်က္ အရင္ထထြက္သြားသၫ့္ ဘတ္ဟြၽန္းေနာက္ကိုတစိုက္မတ္မတ္ၾကၫ့္ေနရင္းႏွင့္ ခ်န္းေယာလ္ ခဏထိုင္ေနၿပီးမွ -

“စားလို႔ဝပါၿပီ။ေကာင္းေကာင္းနားၾကပါဗ်ာ”

ကမန္းကမန္းထကာ ခ်န္းေယာလ္ အေပၚထပ္ေျပးတက္လာခဲ့သည္။အၿငိမ္မေနျဖစ္ေနသၫ့္ သူ႔ကိုေနာက္ပါးဆီကေန လွမ္းၾကၫ့္ေနၾကမွာသိေပမယ့္ မတတ္ႏိုင္။ဘတ္ဟြၽန္း နားကပ္ကာ စိတ္ေျပေအာင္လုပ္ဖို႔သာ ခ်န္းေယာလ္ အာရံုရိွေန သည္။အေပၚထပ္တက္လာရင္း ဘတ္ဟြၽန္း အခန္းတံခါးေလာ့ခ္ကိုဖြင့္ေတာ့ အထဲက ေလာ့ခ္က်ထား၏။ ခ်န္းေယာလ္ သက္ျပင္းခ်မိသည္။ ဒီေန့ ဘတ္ဟြၽန္းက သူ႔ကိုၿပံဳးမျပပါလ်ွင္ ဘတ္ဟြၽန္းထံမွ ၾကည္သာသၫ့္ အျပဳအမူေလးတစ္ခ်က္ေသာ္မွ မရပါလ်ွင္ ကိုကိုခ်န္းေယာလ္ ဟု ေခၚသံေလးမွ မၾကားရပါလ်ွင္ ခ်န္းေယာလ္ တစ္ေယာက္ ေနသာအံ့မည္မထင္။

“ဘတ္ဟြၽန္း--မအိပ္ေသးဘူးဆိုတာ သိတယ္။တံခါးေလးခဏဖြင့္ေပးပါဦး။ရွင္းျပတာေလး နားေထာင္ေပးပါဦး။စိတ္ေက်နပ္ေအာင္အားလံုးလုပ္ေပးမွာမို႔ငါ့ကိုတစ္ခ်က္ေလာက္ၾကၫ့္ပါဦး”

အထဲက တံု႔ျပန္သံေသာ္မွမၾကားရပါ။ ခ်န္းေယာလ္ ေလပူႀကီးတသီမႈတ္ထုတ္မိရရင္း မတတ္ႏိုင္ေတာ့။စိတ္ထဲတစ္ခုသာရိွ ေတာ့သည္။

“ဘတ္ဟြၽန္း အဲ့ဒီအမိႈက္ပံုးနားမွာ တစ္ေန့လံုးရွာေနရလို႔ စိတ္ဆိုးတာဆိုရင္ ဘတ္ဟြၽန္းေက်နပ္ေအာင္ ငါက အဲ့ဒီနားေလးမွာ တစ္ညလံုး ေနေပးပါ့မယ္။ မနက္က် စိတ္ဆိုးေျပမွာလား။ဘတ္ဟြၽန္းလွန္ခ်ထားခဲ့တဲ့ အမိႈက္ေတြကို ငါ အမိႈက္ပံုးထဲ ျပန္ထၫ့္ၿပီး အဲ့ဒီနားမွာပဲ ေနေပးပါ့မယ္ ဒါဆို.”

ဘတ္ဟြၽန္းထံမွ တံု႔ျပန္သံကိုထပ္မံနားစြင့္ေနေသာ္ျငား မည္သၫ့္အသံမွမၾကားရသည္မို႔ ခ်န္းေယာလ္ လွၫ့္ထြက္လာ ခဲ့လိုက္သည္။ဘာပဲျဖစ္ျဖစ္ ဘတ္ဟြၽန္း ေက်နပ္ေအာင္ သူေသခ်ာေပါက္လုပ္ေပးမွာမို႔။
ေအာက္ထပ္ကိုဆင္းလာခဲ့ေတာ့ ထမင္းစားခန္းထဲတြင္ သိမ္းဆည္းေနသၫ့္ အေဒၚႀကီးကလြဲ မည္သူမွမရိွေတာ့။ အခန္းထဲကိုယ္စီဝင္နားေနၾကၿပီျဖစ္သည္။ ခ်န္းေယာလ္ အိမ္အျပင္ဘက္ ထြက္လာခဲ့လိုက္သည္။ အျပင္ဘက္ေလေအးက တိုက္ခတ္ေနသည္မို႔ ကိုယ္က်ူံ႔သြားရရင္း ေဘာင္းဘီအိတ္ထဲလက္ႏွစ္ဖက္ထၫ့္လ်က္ ခပ္ျဖည္းျဖည္းေလ်ွာက္လာခဲ့သည္။ တကယ္လည္း တစ္ညလံုးေနရမည္ဆိုလ်ွင္ေတာင္ တန္ပါသည္။ ဘတ္ဟြၽန္းက မေမာမပန္းညစ္ညစ္ေပေပျဖင့္ တစ္ေန့လံုးနီးပါး ရွာေဖြေမႊေနွာက္ေနခဲ့တာျဖစ္သည္။ျဖည္းျဖည္းခ်င္းေလ်ွာက္လာရင္း အနည္းငယ္ေလ်ွာက္မိစဉ္မွာပင္ ေနာက္ပါးဆီကေန အင့္ခနဲဝင္လံုးသၫ့္အရာေလးေၾကာင့္ လူေတာင္ ေရ႔ွကိုငိုက္ခနဲျဖစ္သြားေတာ့မတတ္ျဖစ္ရေလသည္။

“ဒါက ဘယ္သြားဦးမလို႔လဲ။”

ေနာက္လွၫ့္မၾကၫ့္ရေသးေပမယ့္ခါးကိုဖက္တြယ္ထားသၫ့္လက္သြယ္သြယ္ေလးကိုငံုၾကၫ့္မိရင္း ခ်န္းေယာလ္ စိတ္တို႔ ေအးခ်မ္းသြားရသည္။ ထိုလက္ကေလးကိုဆြဲခြါလ်က္ ခ်န္းေယာလ္ေနာက္ျပန္အရင္လွၫ့္လိုက္ၿပီးမွ ဆက္လက္ဆြဲ ကိုင္ထားလိုက္သည္။ သူ႔ကိုေမာ့ၾကၫ့္ေနသၫ့္ ဘတ္ဟြၽန္း မ်က္ဝန္းေလးေတြကစိုစိုလက္လက္ျဖစ္သည္။

“ဘာလို႔ ကိုကို က ငါ့ကို စိတ္ပူရေအာင္စိတ္ဆင္းရဲေအာင္အၿမဲလုပ္ရတာလဲ။ဘာလို႔ ငါကပဲ အၿမဲ ကိုကို႔ကိုခ်စ္ရတာလဲ။ဘာလို႔ကိုကိုခ်န္းေယာလ္က ငါ့ကိုက်စိတ္ထဲမရိွရတာလဲ၊”

ေျပာရင္းမ်က္ရည္ေပါက္ေတြက်လာသၫ့္ ဘတ္ဟြၽန္းေၾကာင့္ ခ်န္းေယာလ္ မေနႏိုင္လြန္းစြာပင္ ဘတ္ဟြၽန္းတစ္ကိုယ္လံုး ကို သိမ္းေပြ့ပိုက္ထားမိေတာ့သည္။အသံမထြက္ေပမယ့္ ရိႈက္ေနသည္ေၾကာင့္ လႈပ္ေနသၫ့္ ကိုယ္လံုးေလးက ခ်န္းေယာလ္ ရင္ခြင္ထဲ သိုသိုဝွက္ဝွက္။

“ေတာင္းပန္ပါတယ္ဆိုတာထက္ ဘာေျပာရမွန္းကိုမသိေတာ့ပါဘူး ကေလးရယ္။ကိုကိုက ေတာင္းပန္ပါတယ္။”

“ငါက အမိႈက္ပံုးနားမွာတစ္ေန့လံုးရွာရလို႔စိတ္ဆိုးတယ္ထင္ေနလား။ ကိုကို  က ငါ့ကိုအေလးမထားလို႔။ငါ့စိတ္ကိုမသိလို႔။ငါ ကိုကိုစိတ္ဆိုးမွာ ဘယ္ေလာက္ေတာင္ေၾကာက္ရသလဲ။ဒါေတာင္ ငါ့ကိုေအာ္ေသးတယ္။ငါက နန္းေတာ္မွာ ဘယ္တုန္းကမွ ေအာ္ခံခဲ့ရတာမဟုတ္ဘူး။အားလံုးက ငါ့ကိုခ်စ္ၾကတာ။ဒီဘက္မွာပဲ ကိုကိုခ်န္းေယာလ္ကပဲ ငါ့ကိုမုန္းေနတာ”

ဒီစကားကေတာ့ အမွန္မဟုတ္ဘူးမလား။ ဘတ္ဟြၽန္းကိုယ္ေလးကိုရင္ခြင္ထဲက ခပ္ျဖည္းျဖည္းဆြဲခြါလိုက္ရင္းမွ မ်က္ႏွာခ်င္းဆိုင္ လိုက္သည္။

“ကိုယ္က ဘာလို႔ မုန္းရမွာလဲ။ဒီေကာင္ေလးကို ဘယ္လိုခ်စ္ေနသလဲမသိေအာင္ကို ဘတ္ဟြၽန္းက ဒီေလာက္ခ်စ္ဖို႔ေကာင္းေနတာ။ၿပီးေတာ့ ဘတ္ဟြၽန္းစိတ္ပူရေအာင္လုပ္တာမဟုတ္ပါဘူး။ဘတ္ဟြၽန္း စိတ္ဆိုးေနတာ ကိုယ္ တကယ္မေနတတ္လို႔ စိတ္ေျပေအာင္ ကိုယ္တတ္ႏိုင္တဲ့နည္းလမ္းနဲ႔လုပ္ေပးခ်င္တာပါ။ ဘတ္ဟြၽန္းက ကိုယ့္ကိုပစ္ထားမွာကိုစိုးတယ္။ အေရးမလုပ္မွာကိုစိုးတယ္။ကိုကိုခ်န္းေယာလ္ကို မေခၚေတာ့မွာကို စိုးတယ္။ ”

ခုနကထိ မိႈင္းရိပ္ဆင္ေနသၫ့္မ်က္လံုးေလးက အနည္းငယ္ၾကည္စင္လာသည္။ ခ်န္းေယာလ္ အမွန္ေျပာေနတာေတြကို သတိထားမိၿပီးခံစားရသည္ထင္ပါ၏။

“တကယ္လား”

“တကယ္ေပါ့။ဒါေပမဲ့ ဘတ္ဟြၽန္းေျပာေနက် ဒယ္ဂံုက အကိုေတာ္လိုခ်စ္တာမဟုတ္ဘူး။အကိုေတာ္လိုယုယခ်င္တာမဟုတ္ဘူး။”

သူ႔ကိုျပန္ၾကၫ့္ေနသၫ့္ ဘတ္ဟြၽန္း ကမအူမလည္ေလး။ဒါကိုျပန္ၾကၫ့္ေနရင္းျဖင့္ အရင္တစ္ခါ သူလက္လြတ္စပယ္ ပစ္ထားခဲ့ စဉ္က မေကာင္းသၫ့္သူေတြႏွင့္မေတြ့ခဲ့မိတာေတာ္ေသးလြန္းလွသည္ဟုေတြးမိသည္။အဲ့ဒီလိုမ်ားျဖစ္ခဲ့ပါလ်ွင္ ခုခ်ိန္ သူဘယ္လိုမ်ား ျဖစ္ေနလိမ့္မည္နည္း။

“ကိုယ္က ဘတ္ဟြၽန္းကို ခ်စ္သူလိုေပြ့ဖက္ခ်င္တာ ။ယုယခ်င္တာ ။ခ်စ္သူလိုနမ္းခ်င္တာ။ဘတ္ဟြၽန္းကို စိတ္လိုက္မာန္ပါ တစ္ခါေျပာလိုက္မိၿပီးရင္ ဒီရင္ဘတ္ထဲက ေသေလာက္ေအာင္စိတ္မေကာင္းျဖစ္ၿပီးနာက်င္ရတာမို႔ ဒီေကာင္ေလးကို ေနာင္ စိတ္လိုက္မာန္ပါ မေျပာဆိုေတာ့ပါဘူးလို႔ကိုယ့္အသက္နဲ႔ရင္းၿပီးကတိေပးပါတယ္ေနာ္- ဘတ္ဟြၽန္း။”

“ခ်စ္--ခ်စ္သူလို-”

“အင္း။အတိအက်ပဲ။အာ-- လက္ရွည္ကပါးလိုက္တာ ဘတ္ဟြၽန္းေအးေနမွာေပါ့။ ကိုကိုက အခ်မ္းေပါ့ေအာင္လုပ္ေပးရဦးမယ္။ဒီကိုလာ-”

ခါးကေနလွမ္းသိမ္းေပြ့လိုက္ေတာ့ ဘတ္ဟြၽန္းက ေစြ့ခနဲဆို ခ်န္းေယာလ္ ဘက္ေရာက္လာသည္။ျပဴးကာၾကၫ့္ေနသၫ့္ မ်က္လံုးေလးေတြမိွတ္သြားေအာင္အရင္နမ္းခ်ပစ္လိုက္မိသည္။ဘတ္ဟြၽန္းမ်က္လံုးေတြေမွးမိွတ္သြားသၫ့္အခါမွလက္တစ္ဖက္ က ခါးကိုဖက္ထားလ်က္ႏွင့္မွ ေနာက္တစ္ဖက္က ဘတ္ဟြၽန္းပါးျပင္ေလးကိုအုပ္ကိုင္လ်က္ ထိုနီနီရဲရဲႏႈတ္ခမ္းေသးေသးေလး ကို စနမ္းမိေတာ့သည္။ ခပ္ဖြဖြေလးထိကပ္နမ္းရာမွ နက္နက္ရိႈင္းရိႈင္းဆိုသၫ့္ အျခမ္းကိုဦးတည္လာသၫ့္အခါ ဘတ္ဟြၽန္း လက္ကေလးေတြက ခ်န္းေယာလ္ရင္ဘတ္က အက်ႌ စကိုခပ္တင္းတင္းဆုပ္ကိုင္လာသည္။ သူ သိသေလာက္ေလး ျပန္လည္ တံု႔ျပန္ေနသၫ့္ ဘတ္ဟြၽန္းေၾကာင့္ ခ်န္းေယာလ္ ႏႈတ္ခမ္းေတြၿပံဳးကာ ရင္ထဲတြင္ ပန္းေတြပြင့္ကုန္ၿပီျဖစ္သည္။
လမ္းေဘးက ဓါတ္မီးတိုင္ေအာက္တြင္ ေတာ့ မက္မက္ေမာေမာနမ္းရိႈက္ေနသၫ့္ ခ်န္းေယာလ္တို႔ႏွစ္ေယာက္သာရိွသည္။ ဘတ္ဟြၽန္းတစ္ကိုယ္လံုးျမႇဳပ္ေနေအာင္ဖက္တြယ္လ်က္ အနမ္းေႁခြေနသၫ့္ ခ်န္းေယာလ္သည္ စိတ္ထဲအရာရာေအးခ်မ္းဆိတ္ၿငိမ္လ်က္ ဒီၿငိမ္းေအးရာေလးကိုသာ မက္မက္ေမာေမာဖက္တြယ္ထားမိသည္။

ရင္ဘတ္ထဲတြင္ေတာ့ ၾကည္ႏူးျခင္းပန္းတစ္ခင္း မကၿပီထင္ပါရဲ့။

*************
#With Heart
Just A Dreamer







Continue lendo

Você também vai gostar

45.6K 4.4K 18
ကြိုက်နှစ်သက်လိမ့်မည်ဟု ယုံကြည်ပါသည်။ ဖတ်ကြည့်ပေးပါနော်❤️
547K 42.8K 64
Unicode ~~Zawgyi သားကိုအလွန်ချစ်ပြီးအူတို​သော~~ဦး​​ကျော်ကြား ​ဖခင်နဲ့လင်ဖြစ်သူ ကြားဗျာများရတဲ့ ~~သျှားမြတ်​ကျော် သျှားချစ်သူကျီးကန်းမည်း​လေး~အံ့မင်း...
2K 129 5
မျှော်လင့်ချက်သေးသေးလေးနဲ့သာစခဲ့ရသူမို့ ထိုမျှော်လင့်ချက်သေးသေးလေးကပါပျက်စီးသွားရတဲ့အခါ ချစ်ခဲ့မိတဲ့နှလုံးသားတစ်စုံဟာ အသက်နဲ့ခန္ဓာမြဲနေသေးတဲ့ ဒီလူသား...
32.1K 5K 35
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...