လက်ထပ်လက်စွပ်ကလေး

De Natpankalay

181K 26.4K 1.3K

#Both available with unicode & zawgyi မယုံနိုင်လောက်အောင်ပဲ ဒီလက်စွပ်ကလေးက~~~ Mai multe

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32 Final Part

Part-15

4.7K 909 58
De Natpankalay

Episode-15

အခန်းထဲက အံဆွဲတွေလှန်လှောရှာရင်း ချန်းယောလ် မျက်မှောင်တွေပါကြုံ့လာမိတော့သည်။မနေ့ညက သူ အလုပ် လုပ်ပြီး လိုအပ်သည့်အချက်အလက်တွေကို Stick ထဲထည့်ကာ ဒီစားပွဲပေါ်မှာသေချာပေါက်တင်ခဲ့သည်ကို ခုတော့ မတွေ့တော့။ ကုမ္ပဏီကိုရောက်ပြီးကာမှ ချန်းယောလ် အိမ်ထဲပြန်လာကာ အသည်းအသန်ရှာနေရခြင်းဖြစ်သည်။ နောက်ဆုံးအံဆွဲကို ဖွင့်ကြည့်လိုက်တော့ ရှာတာကမတွေ့။တခြားတစ်ခုကိုတွေ့သည်။စိတ်ဝင်စားသွားရရင်း သေချာကြည့်လိုက်မိတော့ လက်စွပ်လေး တစ်ကွင်း.။ မျက်ခုံးတို့ပင့်တက်သွားရသည်။ဒါ သေချာပေါက် ဘတ်ဟျွန်း လက်က လက်စွပ်နဲ့တော်တော် တူတာ ပဲ။ မဟုတ်သေး။တစ်ထပ်တည်းနီးပါးတူနေသည်။သူ အဘယ်မို့သေချာသိနေရသလဲဆိုလျှင် ဘတ်ဟျွန်း ၏ လက်သွယ် သွယ်လေးတွေကို ဒီရက်ပိုင်း သူအမြဲတစေ ကိုင်တွယ်နေကျမလား။ တဖန်ပြန်ချွတ်ကြည့်ပြန်ကာ လက်စွပ်အတွင်းပိုင်းက စာသားအချိူ့ကိုသတိထားမိသွားရသည်။
I Love You ဟု ထွင်းထားသည်က လှလှပပ။
တစ်စုံတစ်ရာကိုတွေးမိကာ နှုတ်ခမ်းစွန်းတွေကော့တက်သွားရရင်း ဘာရယ်မဟုတ် ထိုလက်စွပ်ကို ချန်းယောလ်၏ လက်သူကြွယ် တွင် ဝတ်ကြည့်လိုက် တော့ ကွက်တိပင်ဖြစ်၏။

“အဟွန်း--ဘတ်ဟျွန်းက ဒီစကားကိုပြောချင်တာလား။”

“ဘယ်စကားလဲ ကိုကိုချန်းယောလ်.”

“Yah! ရုတ်တရက်ကြီး”

ချန်းယောလ်အခန်းထဲက ရေချိူးခန်းကနေ ထွက်လာသည့် ဘတ်ဟျွန်းကိုမြင်သည့်အခါ ချန်းယောလ် လန့်သွားတော့သည်။ ဘတ်ဟျွန်းက ချန်းယောလ်၏ bathrobe ပွပွကြီးကိုဝတ်ထားက ခေါင်းတွင်လည်းရေစက်လက်ဖြင့်။

“ဘယ်လိုလုပ်အခန်းထဲရောက်နေတာလဲ။”

“ကျွန်တော့်အခန်းထဲက ရေအပူက မရတော့ဘူး။ဘာဖြစ်လို့လဲမသိတာမို့ ကိုကိုချန်းယောလ်အခန်းထဲပဲလာလိုက်တာ။သြော်--မနက်က ကျွန်တော်က ကိုကို့အခန်းထဲ သန့်ရှင်းရေးသေချာလုပ်ပေးထားတယ်နော်.”

မျက်နှာချိူသွေးလျက် ဆိုလာသည့် ဘတ်ဟျွန်းက ချစ်စဖွယ်လေးဖြစ်သည်။လက်တစ်ဖက်ဖြင့်လည်းတဘက်ကိုင်ကာ ဖြစ်သလို သုတ်နေသည့် ကောင်လေးကိုကြည့်ရင်း ချန်းယောလ် ပြုံးမိရသည်နှင့်တစ်ဆက်တည်း တစ်ခုကိုသတိရသွားရတော့သည်။

“သန့်ရှင်းရေးလုပ်တယ်။”

“အင်း--ကြမ်းခင်းတွေရောတိုက်ပေးထားတယ်။ပြီးတော့ စားပွဲလည်း သေချာစီရှင်းပေးထားတယ်။အဒေါ်ကြီးကလုပ်ပေးမယ်ပြောပေမယ့် ကျွန်တော်က ကိုကိုချန်းယောလ်ရဲ့အခန်းကိုတစ်ခါလောက်ဖြစ်ဖြစ် ကိုယ်တိုင်လုပ်ပေးချင်လို့။”

“ဒါဆို ဒီစားပွဲပေါ်က Stick ရော.”

“ဗျာ.”

“Stick လို့ ဘယ်နားထားလိုက်လဲ”

ညလုံးပေါက်သေချာပြင်ဆင်ထားခဲ့ရသည့် Project မို့ ချန်းယောလ် အသံတွေမာလာသည်။ဒီညနေပဲ Meeting လုပ်ကာ ရှင်းလင်းပြရမည့် ကိစ္စမို့ ပိုလို့ ဂရုတစိုက်ဖြစ်ရ၏။သူ့ပုံစံကိုကြည့်ကာ ဘတ်ဟျွန်းက အနည်းငယ်တော့ကြောင်သွားပုံရသည်။

“စ-တက်-က ဘာလဲ။”

“Stick လေ. ဒါကိုမသိဘူးလား ဘတ်ဟျွန်းရဲ့။အနီရောင် အချောင်းလေး..ဒီစားပွဲပေါ်မှာ ငါမနက်က မေ့ကျန်ခဲ့တာ။ဘယ်နားမှာလဲ။”

“မ-မတွေ့မိဘူး။မနက်က ကျွန်တော်က ဒီပေါ်မှာ လုံးချေထားတဲ့စာရွက်တွေလည်းများနေတော့ ဒီတိုင်းစုပုံပြီး အမှိုက်အိတ်ထဲထည့်-”

“Yah ဘတ်ဟျွန်း !! ဒါက ဘယ်လောက်တောင်အရေးကြီးလဲသိလား ဟမ်.. ခု ဘယ်လိုလုပ်မလဲ။ဘယ်လိုလုပ်မလဲလို့.”

ချန်းယောလ် စိတ်ဆိုးကာအော်ဟစ်မိတော့သည်။ ခေါင်းထဲ လက်ထဲကာ ဆံစတို့ကိုဆွဲဖွပစ်ရင်း ချန်းယောလ် စိတ်ရှုပ်ထွေးကာ သုန်မှုန်နေတော့သည်။

“အမှိုက်အိတ်ရော”

“အိမ်ပြင်--မှာ အဒေါ်ကြီးက အမှိုက်ကားလာရင် ပစ်ဖို့ဆို--”

“ဘာ- ”

ချန်းယောလ် အိမ်အောက်ထပ်ကိုဝုန်းဒိုင်းကြဲပြေးဆင်းလာတော့ ဘတ်ဟျွန်းလည်း တဘက်လေးပစ်ချလျက် နောက်ကထပ်ချပ် မကွာပြေးလိုက်လာသည်။ အိမ်ပြင်ဘက်ထိ ထွက်လာတော့ ခါတိုင်းအမှိုက်ထားနေကျ အမှိုက်ပုံးကြီးထဲတွင် အမှိုက်တွေက မရှိတော့။ဒါဆိုလျှင် မေးစရာမလိုတော့အောင်ပင် အဒေါ်ကြီး က မနက်ပိုင်းအမှိုက်ပစ်ထွက်ပြီးပြီ။

“ကျွတ်--ဘယ်လိုလုပ်မလဲ ဘတ်ဟျွန်းရဲ့။ မင်း ဘာလို့ ဒီလောက်တောင်နမော်နမဲ့နိုင်ရတာလဲ ။ဘာလို့ ငါ့အခန်းထဲ ခွင့်ပြုချက်မရှိဘဲဝင်ပြီးစိတ်တိုင်းကျလုပ်ရတာလဲ ။ဟင်--မင်းကိုဘယ်သူက အခန်းရှင်းပါလို့တောင်းဆိုနေလို့လဲ။”

“တောင်းပန်ပါတယ်။ကျွန်တော်က အကိုတော့်အခန်းကိုလည်းကိုယ်တိုင်လုပ်ပေးနေကျမို့ ကိုကိုချန်းယောလ်ရဲ့အခန်းကို-”

“တော်စမ်းပါ.။ဘယ်သူက မင်း အကိုတော်လဲ။မဟုတ်ပါဘူးလို့ ငါဘယ်နှစ်ခါပြောရမလဲ။ငါတို့ဘာမှမဆိုင်ဘူး ဘတ်ဟျွန်းရဲ့.။ခု ဘယ်လိုလုပ်ကြမလဲ ကျွတ် စိတ်ပျက်ဖို့တကယ်ကောင်းတယ်။ အဲ့ဒါ တကယ်အရေးကြီး--ကျွတ်--ဟား”

ချန်းယောလ် တစ်ယောက်ဝရုန်းသုန်းကားဖြင့်စိတ်ဆိုးဒေါသထွက်ကာ ခြံထဲပြန်ဝင်လျက် ကားကိုအလောတကြီးမောင်းထွက် သွားသည့်အထိ ဘတ်ဟျွန်း ခြံရှေ့က အမှိုက်ပုံးနားတွင် တောင့်တောင့်လေးရပ်နေမိဆဲ။ရေပြောင်အောင်မသုတ်ရသေးသည် မို့ ရေစက်တချိူ့က မျက်နှာလေးပေါ်စီးကျနေသည်။ ရင်ကွဲနေသည့် Bathrobe လေးဖြင့် ရင်ဘတ်ကို လေတိုးကာ ချမ်းစိမ့်နေသည်တောင် ဘတ်ဟျွန်း ဂရုမစိုက်နိုင်။မအေးနိုင်။ ထွက်သွားသည့် ချန်းယောလ် ကားနောက်ကိုသာ မမှိတ်မသုန် ကြည့်နေမိသည်။ပြောတော့ ဘတ်ဟျွန်းကို အမြဲတမ်းစိတ်မဆိုးတော့ဘူးတဲ့။ခုတော့ အော်ဟစ်သွားတာ စိတ်လိုလက်ရပင်။ သူပြောသည့် အနီရောင်အချောင်းလေးကို ဘတ်ဟျွန်းမတွေ့မိပါဘူး။သို့ပေမယ့် ပစ်လိုက်မိသလား သတိလည်းမထား မိခဲ့။ သိထားခဲ့ရင် အမှိုက်မဟုတ်သည့် အဲ့ဒီလိုအရာကို လက်လွတ်စပယ်ပစ်ရလောက်အောင်ထိ ဘတ်ဟျွန်း မတုံးအသေးပါ။

ခုတော့ ဘတ်ဟျွန်းကိုယ်တိုင်လည်းမသေချာတာမို့ ကိုကို စိတ်ဆိုးသွားတာကိုလက်ခံနိုင်သည်။အတွေးလှစ်ခနဲရတာနှင့်အတူ Bathrobe လေးဆွဲတင်းလျက်ခြံထဲ အပြေးတစ်ပိုင်းပြန်ဝင်လာခဲ့တော့သည်။

ကိုကိုစိတ်ဆိုးပြေဖို့ပေါ့.။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တစ်မနက်ခင်းလုံးလည်း ချန်းယောလ် စိတ်ဆတ်နေတာကြောင့်ဘာတစ်ခုမှအဆင်မပြေ။ ဌာနမှူးရုံးခန်းထဲ ထိုင်ရင်း တင်ပြ လာသမျှ စာရွက်စာတမ်းတွေက ချန်းယောလ် မျက်လုံးထဲ တစ်ခုမှအဆင်မပြေ။အိမ်ကထွက်လာတော့ နောက်ကြည့်မှန်ကနေ မြင်နေရသည့် ဘတ်ဟျွန်းက ခပ်ငိုင်ငိုင်လေးရပ်လျက် ချန်းယောလ် ကားနောက်ပိုင်းကိုငေးကြည့်နေတာကို မျက်လုံးထဲ ကမ ထွက်။ ဆူပူအော်ဟစ်လိုက်မိတုန်းကချန်းယောလ်ကိုမော့ကြည့်နေသည့် မျက်လုံးထဲ အရည်ကြည်တို့တလဲ့လဲ့ဖြင့် မျက်လုံး ကြည်ကြည် စင်စင်လေးကို ပြန်မြင်မိတိုင်း စိတ်က နေလို့မကောင်း။
စိတ်က လွင့်ပါးနေစဉ် စားပွဲပေါ်ကထမြည်လာသည့် ဖုန်းသံကြောင့်သာ အာရုံပြန်ကပ်သည်။

# ချန်းယောလ်- တို့ပါ

^ဟုတ်ကဲ့ ဟန်ဘီ ပြောပါ။

#ခုထိ နေ့လည်စာ မစားရသေးဘူးမလား။ဟိုတစ်ခါကတည်းတို့ ကျွေးမယ်ပြောနေတာ.။တို့ ခု ချန်းယောလ်တို့ရုံးရှေ့နား ရောက်နေတယ်။ဆင်းလာခဲ့ပါလား။ထမင်းတူတူစားရအောင်

ငြင်းမည်ကြံပြီးမှ စိတ်ရှုပ်ထွေးနေခြင်းက ဟန်ဘီကိုမြင်လျှင် ပြေလိုပြေငြား ချန်းယောလ် သဘောတူကာ ရုံးခန်းထဲက ထွက်လာ ခဲ့သည်။နေ့လည်ထမင်းစားချိန်မို့ ဌာနထဲတွင် လူနည်းနည်းကလွဲပြီးမရှိ။ချန်းယောလ် ထွက်လာတော့ မြင်တော့ ခေါင်းညွှတ် နှုတ်ဆက်ကြ၍ ပြန်ခေါင်းညိတ်ပြလိုက်သည်။ ကုမ္ပဏီက Lobby ရှိ ထိုင်ခုံတစ်နေရာတွင်တော့ ဟန်ဘီက ထိုင်စောင့်နေသည်။ ချန်းယောလ်ကိုမြင်တော့ ပြုံးလျက် လက်လှမ်းပြလာသည့် ဟန်ဘီသည် မိုးပြာရောင်ဝတ်စုံဖြင့် ခပ်လွင်လွင်လှပနေခဲ့သည်။ အံ့သြစရာကောင်းသည်က ချန်းယောလ် စိတ်တွေငြိမ်းချမ်းမသွား။ ခါတိုင်းဆိုပါလျှင် ဟန်ဘီ့အနားတစ်ချိန်လုံးရောက်အောင် ကြိုးပမ်းချင်နေခဲ့သူက ပတ်ချန်းယောလ် မဟုတ်သည့်အတိုင်းပင်။

“ချက်ချင်းဆင်းလာခဲ့တာပဲ။မကြာပါဘူးနော့်”

“ဟင့်အင်း။ ချန်းယောလ် ဘာစားချင်လဲ”

“ကိုယ်က ဘာပဲဖြစ်ဖြစ်ရပါတယ်။ဒီနားကဆိုင်မှာပဲ စားကြမလား။ညနေ အလုပ်လေးတွေရှိတော့ အချိန်သိပ်မရလို့”

ဟန်ဘီက ပြုံးလျက်ခေါင်းညိတ်ပြသည်။ဟန်ဘီ့ ကားကိုချန်းယောလ်ကပဲ ယူမောင်းပေးကာ အနီးဆုံးစားသောက်ဆိုင် ကိုသာမောင်းလာခဲ့လိုက်သည်။စားသောက်နေတုန်း ဟန်ဘီက ချန်းယောလ် ၏လတ်တလောအကြောင်းတွေ မေးမြန်းစကား ပြောသလို ဟိုတစ်နေ့က ဘတ်ဟျွန်းထိခိုက်သွားသည့်ကိစ္စကိုလည်းတောင်းပန်စကားဆိုသည်။ ချန်းယောလ် နားထောင် နေရင်း တုံ့ပြန်စကားဆိုနေရင်းမှ ဘတ်ဟျွန်း နေ့လည်စာအတွက်စိတ်ပူသွားမိသည်။ သူ အော်ဟစ်ခဲ့မိတာ ဒီကောင်လေး စိတ်မကောင်းဖြစ်ပြီး နေ့လည်စာရော စားပါ့မလား။ဘတ်ဟျွန်းက တခြားသူအပေါ်တော့ ဇတ်ဇတ်ကြဲပေမယ့် ချန်းယောလ်နှင့် ဆို သည်းခံတတ်သလိုစိတ်မကောင်းလည်းဖြစ်တတ်သည်။ စိတ်ထက်လက်ကမြန်သည်။ အိမ်ကအဒေါ်ကြီးဖုန်းကိုအရင်ဆက်လိုက်မိတော့၏။

#ဘတ်ဟျွန်း နေ့လည်စာ စားသလား အဒေါ်ကြီး

^ဟုတ်ကဲ့ စားပါတယ် အကိုလေး။ စားပြီးတာနဲ့ပြန်ထွက်သွားပြန်ရော.။ဘာတွေလောနေလဲမသိဘူး ဒီမင်းသားလေးက။ လမ်းထိပ်တင်ပဲလို့တော့ ပြောပါတယ်။

#စားတယ်ဆိုပြီးတာပါပဲ။ဒါပဲနော် ကျွန်တော်မေးတဲ့အကြောင်းမပြောပါနဲ့.

ဖုန်းချပြီး ချန်းယောလ် ထပ်တွေးရပြန်သည်။အိမ်ကလူတွေနှင့်လွဲ ဘယ်မှမသွားတတ်သည်မို့အတွေးပိုရ၏။

“ချန်းယောလ်က ညီလေးကို သိပ်စိတ်ပူတတ်တာပဲ။ဟိုနေ့ကတည်းကသတိထားမိနေတာ။”

“ဟင်--ဟုတ်တယ်။သူက တအားရိုးသားတော့ စိတ်ပူရလို့။”

“အင်း အဲ့ဒါတော့ အဲ့နေ့ကတည်းကသိသာပါတယ်။အယ်-ချန်းယောလ် ဘယ်တုန်းကစေ့စပ်လိုက်တာလဲ”

“ဟမ်.”

ဟန်ဘီပြောမှပင် မနက်က သူ မချွတ်ခဲ့မိသည့် လက်စွပ်ကိုသတိရသည်။ သူ ခပ်ပါးပါးပြုံးဖြစ်ရင်းက လက်စွပ်လေးကို ဖွဖွ ပွတ်မိ သေးသည်။

“သေချာပြန်စဉ်းစားကြည့်တော့ လွန်ခဲ့တဲ့တစ်နှစ်လောက်က ကိုယ်တို့သူငယ်ချင်းတွေ ဂန်းဝန်းဒိုကို ခရီးထွက်ကြသေးတယ်။ တောစပ်နားလည်ပတ်ကြရင်းနဲ့ ကောက်ရလာခဲ့တာ”

“အဲ့လိုလား။ဒါပေမဲ့ ချန်းယောလ် လက်မှာကွက်တိတော်နေတာ ရေစက်ထင်တယ်နော် အဟင်း”

ဟန်ဘီက ရယ်မောလျက်စနောက်နေသေးသည်။ ချန်းယောလ် ပြုံးရုံသာပြုံးပြလိုက်သည်။ စားသောက်ပြီးတော့ ဟန်ဘီက ချန်းယောလ်ကို ကုမ္ပဏီကိုပြန်လိုက်ပို့ပေးခဲ့သည်။ နှုတ်ဆက်ပြန်သွားသည့် ဟန်ဘီကတော့ စားသောက်ဆိုင်မှာကတည်းက သူ့ကိုချန်းယောလ် အာရုံရှိမနေခဲ့တာကိုလည်း သတိထားမိပေမယ့် စိတ်ဆိုးပုံမရဘဲ ပြုံးပြုံးရွှင်ရွှင်မို့ ချန်းယောလ်ကတောင် အားနာရမိသေးသည်။

ကော်ဖီစက်ထဲက ကော်ဖီတစ်ခွက်ငှဲ့ယူလာလျက် အပေါ်ထပ်သို့တက်ခဲ့သည့်အခါ ချန်းယောလ်၏ လက်ထောက်ဌာနမှူးက အူလျားဖားလျားပြေးလာတာနှင့် ဌာနအဝင်ဝတွင်ဆုံသည်။

“ဌာနမှူး-- မဟုတ်တောင်ခုပဲဖုန်းဆက်နေတာ”

“လက်ထောက်ကင်- ဘာလို့ ဒီလောက်လောနေတာလဲ”

“မနက်က ဌာနမှူးရှာနေတဲ့ Stick လေ.ရှာတွေ့ပြီ။ဌာနမှူး ယူလာတဲ့လက်ဆွဲအိတ်အောက်ခြေထဲထိရောက်နေတာဗျ.။မနက်က သေချာရှာတာတောင်မတွေ့ဘူးဆိုတာလေ.။ကျွန်တော် တစ်ခါပြန်ရှာကြည့်တော့. ဟိုးထောင့်ဆုံးထဲ ညှပ်နေတာဗျာ။”

“ဘာ!!”

“ဟုတ်ကဲ့။ညနေအစည်းအဝေးအတွက်စိတ်မပူလည်းရပါပြီ။”

ခုမှ အမှန်တကယ် ချန်းယောလ် စိတ်ပူသွားရချေပြီ။ ပြောရက်လိုက်မိလေခြင်းဆိုသည့် စိတ်ဖြင့် အပြစ်တင်စိတ်ကြီးစွာဖြစ်ရ တော့ သည်။သူ ဆူဟောက်နေတုန်း ဒီတိုင်းမော့ကြည့်နေခဲ့သည့် ကောင်လေး.။ ဒါလေးတောင် နားမလည်ဘူးလားလို့ အစဉ်းအစားမရှိတောင်ပြောပစ်ခဲ့မိတာ။

Meeting မှာတော့ အသေးစိတ်ပြင်ဆင်ထားခဲ့သည့် အချက်အလက်တွေကြောင့် ချန်းယောလ် မျက်နှာပွင့်ခဲ့သည်။ဥက္ကဌပတ် ကလည်းသဘောကျစွာ ပြုံးကြည့်နေခဲ့သည်။အားလုံးကို ခေါင်းညွှတ်ပြုံးပြရုံသာ တတ်နိုင်ပြီး အစည်းအဝေးပြီးသည်နှင့် ခန်းမထဲက အရင်ဦးစွာထွက်ခဲ့သူသည် ချန်းယောလ်သာလျှင်ဖြစ်သည်။

ဒီကလေးကို သူတောင်းပန်ချင်လှပြီ။

ကားကို အလာတုန်းကလိုပဲ ခပ်မြန်မြန်မောင်းထွက်လာရင်း ချန်းယောလ် အိမ်ရောက်လာခဲ့သည်။ သို့သော် တံခါးလာဖွင့်သူက မျှော်လင့်ထားသူမဟုတ်။ အဒေါ်ကြီးသာဖြစ်နေသည်။

“အကိုလေး ပြန်လာပါပြီလား။”

“ဘတ်ဟျွန်းရော.”

“ပြန်မလာသေးပါဘူး။အဲ့ဒါပြောမလို့ပဲ အကိုလေးရေ.နေ့လည်က ဖုန်းတန်းချသွားလို့။ မင်းသားလေးက တစ်ကိုယ်လုံးလည်းပေတူးလိုိ့။ဘာလုပ်တာလဲမသိဘူး။မနက်က အကိုလေးထွက်သွားပြီးတော့ ဒီက အမှိုက်တွေက ဘယ်မှာပစ်တာလဲ လာမေးသေးတယ်။ကျွန်မလည်း ဘာလို့မေးတာမှန်းမသိတော့ လမ်းထ်ိပ်က အမှိုက်ပုံးတွေထဲမှာထည့်တယ်လို့။ပြီးမှ အမှိုက်ကားက လာသယ်တာဆိုပြီး-”

အဒေါ်ကြီး စကားမဆုံးခင်မှာ ချန်းယောလ် ပြေးထွက်ခဲ့သည်။လမ်းထိပ်က အမှိုက်ပုံးတွေထားသည့်နေရာဆီ အားသွန်ခွန်စိုက် ပြေးလာခဲ့မိတော့သည်။ မိုးက မှောင်စပြုသည့်အချိန်။ အသက်ရှုရပ်မတတ်မောပန်းနေပြီးမှ ခဏအမောဖြေရပ်လိုက်ပေမယ့် ချန်းယောလ် ပိုလို့အမောဆို့သွားခဲ့သည်။ အမှိုက်ပုံးတစ်ခုကိုလှန်ချထားပုံရသည့် ဘတ်ဟျွန်းသည် ငုတ်တုတ်လေးထိုင်လျက် ရာဘာလက်အိတ်စွပ်ထားသည့်လက်တို့ဖြင့် ရှာဖွေမွှေနှောက်နေလေသည်။ဒီလိုအသွင်က ချန်းယောလ် ရင်ကိုထိုးနှက်၏။

“ဘတ်ဟျွန်း-”

“ဟင်--ကိုကိုချန်းယောလ်--”

ချန်းယောလ်ကိုမြင်တော့ မတ်တပ်ရပ်လာသည့် ဘတ်ဟျွန်းက မျက်နှာလေးမဲ့တဲ့တဲ့။ ချန်းယောလ် နားကိုမဝံ့မရဲဖြင့် တစ်လှမ်းချင်းတိုးလာရင်း အနည်းငယ်အလှမ်းကွာခန့်တွင်ရပ်သွားသည်။ဘတ်ဟျွန်းဝတ်ထားသည့် အညိုရောင်ခေါင်းစွပ်လက် ရှည်လေးက ပိုမိုညိုညစ်နေသလို ချည်သားဘောင်းဘီစင်းလေးကလည်း မည်းညစ်ညစ်ဖြစ်လျက်နေသည်။ ထို့ပြင် ပါးမို့မို့လေးထက်တွင်လည်း ပေတူးတူး။

“တောင်း--တောင်းပန်ပါတယ်။ကိုကို ပြောတဲ့ စ-တက် ကို ကျွန်တော် ရှာမတွေ့ဘူး။သေချာရှာပေမယ့် လုံးဝမတွေ့ဘူးဖြစ်နေတယ်။အမှိုက်ကားလာတော့ ကျွန်တော်ရှာပြီးတဲ့ပုံးတွေပဲတင်သွားခဲ့တာပါ။ ဒါတွေ ကို သူတို့က မနက်ဖြန်မှလာတင်ပေးမယ်တဲ့။အဲ့ဒီတော့ ကျန်တဲ့သုံးပုံးကိုကျွန်တော်ဆက်ရှာ-”

ဘတ်ဟျွန်း စကားသံမထွက်တော့ပါ။ခြေတံရှည်ကြီးတလွှားလွှားဖြင့် ရောက်လာသည့် ချန်းယောလ်က အင့်ခနဲနေအောင် ဘတ်ဟျွန်းကိုဆွဲဖက်လိုက်သည်ကြောင့်.ဘတ်ဟျွန်း မျက်လုံးလေးတွေပြူးသွားရသည်။

“ဘာ--ဘာလို့.. စိတ်မဆိုးတော့ဘူးလား”

“တောင်းပန်ပါတယ်။”

တောင်းပန်ပါတယ်ဆိုကာထပ်တိုးဖက်တော့ ဘတ်ဟျွန်းကျောပြင်လေးတောင် ကော့တက်သွားရသည်။ဝတ်ထားသည်က ပေပွနေသည့်ရာဘာလက်အိတ်မို့ သန့်ပြန့်နေဆဲချန်းယောလ်ကိုလည်းပြန်မဖက်ရဲဘဲ လက်က ဘေးဘက်မှာ ကားကားလေး ဖြစ်နေရသည်။ပြီးတော့ ဘတ်ဟျွန်း။ ဘတ်ဟျွန်းတစ်ကိုယ်လုံးလည်း ခေါင်းအစခြေအဆုံး နံစော်ညစ်ပတ်နေမှာကို။

“ကိုကိုချန်းယောလ် လွှတ်ပါဦး။ကျွန်တော်က တစ်ကိုယ်လုံးညစ်ပတ်နေတာ။ကိုကို့အဝတ်တွေ.”

“ဂရုမစိုက်ဘူး။ ”

ဒီတော့ ဘတ်ဟျွန်း ပါးစပ်လေးပိတ်ထားလိုက်ရသည်။ချန်းယောလ်က အားရအောင် ဖက်တွယ်ပြီးမှ ဘတ်ဟျွန်းပုခုံးလေးနှစ်ဖက်ကနေ ထုံးစံအတိုင်းကိုင်ရင်းမျက်နှာချင်းဆိုင်လာသည်။ချန်းယောလ်မျက်ဝန်းထဲက လေးလေးနက်နက်ရှိခြင်းတွေကိုမြင်တော့ ဘတ်ဟျွန်း အကြည့်မလွှဲနိုင်တော့။

“ငါထပ်မှားခဲ့တာမို့ တောင်းပန်ပါတယ်။စိတ်ရင်းနဲ့ တကယ်တောင်းပန်ပါတယ်။အဲ့ဒီပစ္စည်းက ငါ့အိတ်ထဲမှာပဲပြန်တွေ့တယ်။”

“ဘယ်လို.”

မျက်လုံးလေးတွေပြူးကျယ်မိရင်းက ဘတ်ဟျွန်း အဖြစ်မှန်ကိုနားလည်သွားရသည်။ဟက်ခနဲရယ်မိရင်းဝတ်ထားသည့် လက်အိတ်တွေကိုချွတ်ကာ ပစ်ချပစ်လိုက်သည်။

“ကျွန်တော် မတွေ့ခဲ့မိတာ မှန်နေတာပဲ။ကျွန်တော်က ကျွန်တော်ကြောင့် ကိုကို ဒုက္ခရောက်မှာစိုးပြီး တစ်နေ့လုံး ဒီမှာလာရှာနေရတာ။ ကိုကို တွေ့ပြီဆိုလည်း အကြောင်းကြားလို့ရတာပဲ။အဒေါ်ကြီးကိုလာပြောခိုင်းလည်းရတာပဲ။ကိုကိုချန်းယောလ်က တကယ်ရက်စက်တယ်။ကျွန်တော့်ကိုနည်းနည်းလေးမှ စိတ်ထဲတောင်မထားဘူး။”

“မဟုတ်ဘူး ဘတ်ဟျွန်း. မင်း ဒီမှာရှိနေတာ ငါအိမ်ပြန်ရောက်မှာသိတာ။သိသိချင်း ပြေးလာတာပါ။”

“ထားလိုက်ပါတော့.။ကျွန်တော်က အရေးမှမပါဘဲ.”

ချန်းယောလ်ကိုကျော်ကာထွက်သွားမည်ပြုသည့် လက်ကောက်ဝတ်လေးကိုလှမ်းကာငုံ့ဆွဲလိုက်စဉ် ဘတ်ဟျွန်း ချက်ချင်း ရုန်းတာမို့ သူတို့နှစ်ယောက်၏ လက်စွပ်ကိုယ်ထည်အချင်းချင်းပွတ်တိုက်မိသွားတော့သည်။ရုတ်တရက်နှစ်ယောက်လုံး ကျဉ်ခနဲဖြစ်သကဲ့သို့ခံစားလိုက်ရခြင်းနှင့်အတူ ချန်းယောလ်ကိုပြန်ကြည့်လာသည့် ဘတ်ဟျွန်းမျက်ဝန်းလေးတွေ တဖြည်းဖြည်း ပိတ်ကျကာ ခန္ဓာကိုယ်လေးက ပြိုလဲကျသွားလေတော့သည်။

“ဟာ--ဘတ်ဟျွန်း- ”

ချန်းယောလ် မိမိရရ ဆွဲပွေ့လိုက်သည့်ကိုယ်လေး က အေးစက်စက်ဖြစ်သည်။ တစ်နေ့လုံးပင်ပင်ပန်းပန်းစိတ်နှစ်လုပ်ခဲ့ သည့် ဘတ်ဟျွန်းကို မြင်ယောင်လာမိသည့်အခါ ချန်းယောလ်ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်တောင်လုပ်ပစ်ချင်မိသွားရသည်။ ဘတ်ဟျွန်းကို ကျောပေါ်တင်ရင်း အိမ်ဘက်ခပ်သွက်သွက်ပြန်လျှောက်လာခဲ့တော့သည်။

ဘတ်ဟျွန်းသည် ချန်းယောလ် ကျောပေါ်တွင် ငြိမ်ငြိမ်သက်သက်။

စောင်းငဲ့ကြည့်လိုက်တော့ ချန်းယောလ်ပုခုံးနားမှီတင်နေသည့် ပါးပြင်လေးနှင့် နှုတ်ခမ်းသေးသေးလေးကိုတွေ့ရသည်။ ပေတူးတူးမျက်နှာလေးကိုကြည့်ကာနောင်တကြီးစွာသက်ပြင်းရှိုက်ရင်း ခြေလှမ်းရှိန်ကိုမြှင့်တင်လိုက်သည်။

ကိုကို မှားတာမို့ ကိုကို့ဘတ်ဟျွန်း ကျေနပ်မှုမရှိမခြင်း တောင်းပန်ပါ့မယ်။

ဒီ ကိုကိုက ကလေးအပေါ် အပြစ်ပြုမိတာမို့.။

************
#With Heart
Just A Dreamer.

( Long time  no see na~~ plz love this a lot)

Zawgyi

Episode-15

အခန္းထဲက အံဆြဲေတြလွန္ေလွာရွာရင္း ခ်န္းေယာလ္ မ်က္ေမွာင္ေတြပါႀကံဳ႔လာမိေတာ့သည္။မေန့ညက သူ အလုပ္ လုပ္ၿပီး လိုအပ္သၫ့္အခ်က္အလက္ေတြကို Stick ထဲထၫ့္ကာ ဒီစားပြဲေပၚမွာေသခ်ာေပါက္တင္ခဲ့သည္ကို ခုေတာ့ မေတြ့ေတာ့။ ကုမၸဏီကိုေရာက္ၿပီးကာမွ ခ်န္းေယာလ္ အိမ္ထဲျပန္လာကာ အသည္းအသန္ရွာေနရျခင္းျဖစ္သည္။ ေနာက္ဆံုးအံဆြဲကို ဖြင့္ၾကၫ့္လိုက္ေတာ့ ရွာတာကမေတြ့။တျခားတစ္ခုကိုေတြ့သည္။စိတ္ဝင္စားသြားရရင္း ေသခ်ာၾကၫ့္လိုက္မိေတာ့ လက္စြပ္ေလး တစ္ကြင္း.။ မ်က္ခံုးတို႔ပင့္တက္သြားရသည္။ဒါ ေသခ်ာေပါက္ ဘတ္ဟြၽန္း လက္က လက္စြပ္နဲ႔ေတာ္ေတာ္ တူတာ ပဲ။ မဟုတ္ေသး။တစ္ထပ္တည္းနီးပါးတူေနသည္။သူ အဘယ္မို႔ေသခ်ာသိေနရသလဲဆိုလ်ွင္ ဘတ္ဟြၽန္း ၏ လက္သြယ္ သြယ္ေလးေတြကို ဒီရက္ပိုင္း သူအၿမဲတေစ ကိုင္တြယ္ေနက်မလား။ တဖန္ျပန္ခြၽတ္ၾကၫ့္ျပန္ကာ လက္စြပ္အတြင္းပိုင္းက စာသားအခ်ိူ႔ကိုသတိထားမိသြားရသည္။
I Love You ဟု ထြင္းထားသည္က လွလွပပ။
တစ္စံုတစ္ရာကိုေတြးမိကာ ႏႈတ္ခမ္းစြန္းေတြေကာ့တက္သြားရရင္း ဘာရယ္မဟုတ္ ထိုလက္စြပ္ကို ခ်န္းေယာလ္၏ လက္သူႂကြယ္ တြင္ ဝတ္ၾကၫ့္လိုက္ ေတာ့ ကြက္တိပင္ျဖစ္၏။

“အဟြန္း--ဘတ္ဟြၽန္းက ဒီစကားကိုေျပာခ်င္တာလား။”

“ဘယ္စကားလဲ ကိုကိုခ်န္းေယာလ္.”

“Yah! ရုတ္တရက္ႀကီး”

ခ်န္းေယာလ္အခန္းထဲက ေရခ်ိူးခန္းကေန ထြက္လာသၫ့္ ဘတ္ဟြၽန္းကိုျမင္သၫ့္အခါ ခ်န္းေယာလ္ လန႔္သြားေတာ့သည္။ ဘတ္ဟြၽန္းက ခ်န္းေယာလ္၏ bathrobe ပြပြႀကီးကိုဝတ္ထားက ေခါင္းတြင္လည္းေရစက္လက္ျဖင့္။

“ဘယ္လိုလုပ္အခန္းထဲေရာက္ေနတာလဲ။”

“ကြၽန္ေတာ့္အခန္းထဲက ေရအပူက မရေတာ့ဘူး။ဘာျဖစ္လို႔လဲမသိတာမို႔ ကိုကိုခ်န္းေယာလ္အခန္းထဲပဲလာလိုက္တာ။ေၾသာ္--မနက္က ကြၽန္ေတာ္က ကိုကို႔အခန္းထဲ သန႔္ရွင္းေရးေသခ်ာလုပ္ေပးထားတယ္ေနာ္.”

မ်က္ႏွာခ်ိူေသြးလ်က္ ဆိုလာသၫ့္ ဘတ္ဟြၽန္းက ခ်စ္စဖြယ္ေလးျဖစ္သည္။လက္တစ္ဖက္ျဖင့္လည္းတဘက္ကိုင္ကာ ျဖစ္သလို သုတ္ေနသၫ့္ ေကာင္ေလးကိုၾကၫ့္ရင္း ခ်န္းေယာလ္ ၿပံဳးမိရသည္ႏွင့္တစ္ဆက္တည္း တစ္ခုကိုသတိရသြားရေတာ့သည္။

“သန႔္ရွင္းေရးလုပ္တယ္။”

“အင္း--ၾကမ္းခင္းေတြေရာတိုက္ေပးထားတယ္။ၿပီးေတာ့ စားပြဲလည္း ေသခ်ာစီရွင္းေပးထားတယ္။အေဒၚႀကီးကလုပ္ေပးမယ္ေျပာေပမယ့္ ကြၽန္ေတာ္က ကိုကိုခ်န္းေယာလ္ရဲ့အခန္းကိုတစ္ခါေလာက္ျဖစ္ျဖစ္ ကိုယ္တိုင္လုပ္ေပးခ်င္လို႔။”

“ဒါဆို ဒီစားပြဲေပၚက Stick ေရာ.”

“ဗ်ာ.”

“Stick လို႔ ဘယ္နားထားလိုက္လဲ”

ညလံုးေပါက္ေသခ်ာျပင္ဆင္ထားခဲ့ရသၫ့္ Project မို႔ ခ်န္းေယာလ္ အသံေတြမာလာသည္။ဒီညေနပဲ Meeting လုပ္ကာ ရွင္းလင္းျပရမၫ့္ ကိစၥမို႔ ပိုလို႔ ဂရုတစိုက္ျဖစ္ရ၏။သူ႔ပံုစံကိုၾကၫ့္ကာ ဘတ္ဟြၽန္းက အနည္းငယ္ေတာ့ေၾကာင္သြားပံုရသည္။

“စ-တက္-က ဘာလဲ။”

“Stick ေလ. ဒါကိုမသိဘူးလား ဘတ္ဟြၽန္းရဲ့။အနီေရာင္ အေခ်ာင္းေလး..ဒီစားပြဲေပၚမွာ ငါမနက္က ေမ့က်န္ခဲ့တာ။ဘယ္နားမွာလဲ။”

“မ-မေတြ့မိဘူး။မနက္က ကြၽန္ေတာ္က ဒီေပၚမွာ လံုးေခ်ထားတဲ့စာရြက္ေတြလည္းမ်ားေနေတာ့ ဒီတိုင္းစုပံုၿပီး အမိႈက္အိတ္ထဲထၫ့္-”

“Yah ဘတ္ဟြၽန္း !! ဒါက ဘယ္ေလာက္ေတာင္အေရးႀကီးလဲသိလား ဟမ္.. ခု ဘယ္လိုလုပ္မလဲ။ဘယ္လိုလုပ္မလဲလို႔.”

ခ်န္းေယာလ္ စိတ္ဆိုးကာေအာ္ဟစ္မိေတာ့သည္။ ေခါင္းထဲ လက္ထဲကာ ဆံစတို႔ကိုဆြဲဖြပစ္ရင္း ခ်န္းေယာလ္ စိတ္ရႈပ္ေထြးကာ သုန္မႈန္ေနေတာ့သည္။

“အမိႈက္အိတ္ေရာ”

“အိမ္ျပင္--မွာ အေဒၚႀကီးက အမိႈက္ကားလာရင္ ပစ္ဖို႔ဆို--”

“ဘာ- ”

ခ်န္းေယာလ္ အိမ္ေအာက္ထပ္ကိုဝုန္းဒိုင္းႀကဲေျပးဆင္းလာေတာ့ ဘတ္ဟြၽန္းလည္း တဘက္ေလးပစ္ခ်လ်က္ ေနာက္ကထပ္ခ်ပ္ မကြာေျပးလိုက္လာသည္။ အိမ္ျပင္ဘက္ထိ ထြက္လာေတာ့ ခါတိုင္းအမိႈက္ထားေနက် အမိႈက္ပံုးႀကီးထဲတြင္ အမိႈက္ေတြက မရိွေတာ့။ဒါဆိုလ်ွင္ ေမးစရာမလိုေတာ့ေအာင္ပင္ အေဒၚႀကီး က မနက္ပိုင္းအမိႈက္ပစ္ထြက္ၿပီးၿပီ။

“ကြၽတ္--ဘယ္လိုလုပ္မလဲ ဘတ္ဟြၽန္းရဲ့။ မင္း ဘာလို႔ ဒီေလာက္ေတာင္နေမာ္နမဲ့ႏိုင္ရတာလဲ ။ဘာလို႔ ငါ့အခန္းထဲ ခြင့္ျပဳခ်က္မရိွဘဲဝင္ၿပီးစိတ္တိုင္းက်လုပ္ရတာလဲ ။ဟင္--မင္းကိုဘယ္သူက အခန္းရွင္းပါလို႔ေတာင္းဆိုေနလို႔လဲ။”

“ေတာင္းပန္ပါတယ္။ကြၽန္ေတာ္က အကိုေတာ့္အခန္းကိုလည္းကိုယ္တိုင္လုပ္ေပးေနက်မို႔ ကိုကိုခ်န္းေယာလ္ရဲ့အခန္းကို-”

“ေတာ္စမ္းပါ.။ဘယ္သူက မင္း အကိုေတာ္လဲ။မဟုတ္ပါဘူးလို႔ ငါဘယ္ႏွစ္ခါေျပာရမလဲ။ငါတို႔ဘာမွမဆိုင္ဘူး ဘတ္ဟြၽန္းရဲ့.။ခု ဘယ္လိုလုပ္ၾကမလဲ ကြၽတ္ စိတ္ပ်က္ဖို႔တကယ္ေကာင္းတယ္။ အဲ့ဒါ တကယ္အေရးႀကီး--ကြၽတ္--ဟား”

ခ်န္းေယာလ္ တစ္ေယာက္ဝရုန္းသုန္းကားျဖင့္စိတ္ဆိုးေဒါသထြက္ကာ ၿခံထဲျပန္ဝင္လ်က္ ကားကိုအေလာတႀကီးေမာင္းထြက္ သြားသၫ့္အထိ ဘတ္ဟြၽန္း ၿခံေရ႔ွက အမိႈက္ပံုးနားတြင္ ေတာင့္ေတာင့္ေလးရပ္ေနမိဆဲ။ေရေျပာင္ေအာင္မသုတ္ရေသးသည္ မို႔ ေရစက္တခ်ိူ႔က မ်က္ႏွာေလးေပၚစီးက်ေနသည္။ ရင္ကြဲေနသၫ့္ Bathrobe ေလးျဖင့္ ရင္ဘတ္ကို ေလတိုးကာ ခ်မ္းစိမ့္ေနသည္ေတာင္ ဘတ္ဟြၽန္း ဂရုမစိုက္ႏိုင္။မေအးႏိုင္။ ထြက္သြားသၫ့္ ခ်န္းေယာလ္ ကားေနာက္ကိုသာ မမိွတ္မသုန္ ၾကၫ့္ေနမိသည္။ေျပာေတာ့ ဘတ္ဟြၽန္းကို အၿမဲတမ္းစိတ္မဆိုးေတာ့ဘူးတဲ့။ခုေတာ့ ေအာ္ဟစ္သြားတာ စိတ္လိုလက္ရပင္။ သူေျပာသၫ့္ အနီေရာင္အေခ်ာင္းေလးကို ဘတ္ဟြၽန္းမေတြ့မိပါဘူး။သို႔ေပမယ့္ ပစ္လိုက္မိသလား သတိလည္းမထား မိခဲ့။ သိထားခဲ့ရင္ အမိႈက္မဟုတ္သၫ့္ အဲ့ဒီလိုအရာကို လက္လြတ္စပယ္ပစ္ရေလာက္ေအာင္ထိ ဘတ္ဟြၽန္း မတံုးအေသးပါ။

ခုေတာ့ ဘတ္ဟြၽန္းကိုယ္တိုင္လည္းမေသခ်ာတာမို႔ ကိုကို စိတ္ဆိုးသြားတာကိုလက္ခံႏိုင္သည္။အေတြးလွစ္ခနဲရတာႏွင့္အတူ Bathrobe ေလးဆြဲတင္းလ်က္ၿခံထဲ အေျပးတစ္ပိုင္းျပန္ဝင္လာခဲ့ေတာ့သည္။

ကိုကိုစိတ္ဆိုးေျပဖို႔ေပါ့.။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တစ္မနက္ခင္းလံုးလည္း ခ်န္းေယာလ္ စိတ္ဆတ္ေနတာေၾကာင့္ဘာတစ္ခုမွအဆင္မေျပ။ ဌာနမွဴးရံုးခန္းထဲ ထိုင္ရင္း တင္ျပ လာသမ်ွ စာရြက္စာတမ္းေတြက ခ်န္းေယာလ္ မ်က္လံုးထဲ တစ္ခုမွအဆင္မေျပ။အိမ္ကထြက္လာေတာ့ ေနာက္ၾကၫ့္မွန္ကေန ျမင္ေနရသၫ့္ ဘတ္ဟြၽန္းက ခပ္ငိုင္ငိုင္ေလးရပ္လ်က္ ခ်န္းေယာလ္ ကားေနာက္ပိုင္းကိုေငးၾကၫ့္ေနတာကို မ်က္လံုးထဲ ကမ ထြက္။ ဆူပူေအာ္ဟစ္လိုက္မိတုန္းကခ်န္းေယာလ္ကိုေမာ့ၾကၫ့္ေနသၫ့္ မ်က္လံုးထဲ အရည္ၾကည္တို႔တလဲ့လဲ့ျဖင့္ မ်က္လံုး ၾကည္ၾကည္ စင္စင္ေလးကို ျပန္ျမင္မိတိုင္း စိတ္က ေနလို႔မေကာင္း။
စိတ္က လြင့္ပါးေနစဉ္ စားပြဲေပၚကထျမည္လာသၫ့္ ဖုန္းသံေၾကာင့္သာ အာရံုျပန္ကပ္သည္။

# ခ်န္းေယာလ္- တို႔ပါ

^ဟုတ္ကဲ့ ဟန္ဘီ ေျပာပါ။

#ခုထိ ေန့လည္စာ မစားရေသးဘူးမလား။ဟိုတစ္ခါကတည္းတို႔ ေကြၽးမယ္ေျပာေနတာ.။တို႔ ခု ခ်န္းေယာလ္တို႔ရံုးေရ႔ွနား ေရာက္ေနတယ္။ဆင္းလာခဲ့ပါလား။ထမင္းတူတူစားရေအာင္

ျငင္းမည္ႀကံျပီးမွ စိတ္ရႈပ္ေထြးေနျခင္းက ဟန္ဘီကိုျမင္လ်ွင္ ေျပလိုေျပျငား ခ်န္းေယာလ္ သေဘာတူကာ ရံုးခန္းထဲက ထြက္လာ ခဲ့သည္။ေန့လည္ထမင္းစားခ်ိန္မို႔ ဌာနထဲတြင္ လူနည္းနည္းကလြဲၿပီးမရိွ။ခ်န္းေယာလ္ ထြက္လာေတာ့ ျမင္ေတာ့ ေခါင္းၫႊတ္ ႏႈတ္ဆက္ၾက၍ ျပန္ေခါင္းညိတ္ျပလိုက္သည္။ ကုမၸဏီက Lobby ရိွ ထိုင္ခံုတစ္ေနရာတြင္ေတာ့ ဟန္ဘီက ထိုင္ေစာင့္ေနသည္။ ခ်န္းေယာလ္ကိုျမင္ေတာ့ ၿပံဳးလ်က္ လက္လွမ္းျပလာသၫ့္ ဟန္ဘီသည္ မိုးျပာေရာင္ဝတ္စံုျဖင့္ ခပ္လြင္လြင္လွပေနခဲ့သည္။ အံ့ၾသစရာေကာင္းသည္က ခ်န္းေယာလ္ စိတ္ေတြၿငိမ္းခ်မ္းမသြား။ ခါတိုင္းဆိုပါလ်ွင္ ဟန္ဘီ့အနားတစ္ခ်ိန္လံုးေရာက္ေအာင္ ႀကိဳးပမ္းခ်င္ေနခဲ့သူက ပတ္ခ်န္းေယာလ္ မဟုတ္သၫ့္အတိုင္းပင္။

“ခ်က္ခ်င္းဆင္းလာခဲ့တာပဲ။မၾကာပါဘူးေနာ့္”

“ဟင့္အင္း။ ခ်န္းေယာလ္ ဘာစားခ်င္လဲ”

“ကိုယ္က ဘာပဲျဖစ္ျဖစ္ရပါတယ္။ဒီနားကဆိုင္မွာပဲ စားၾကမလား။ညေန အလုပ္ေလးေတြရိွေတာ့ အခ်ိန္သိပ္မရလို႔”

ဟန္ဘီက ၿပံဳးလ်က္ေခါင္းညိတ္ျပသည္။ဟန္ဘီ့ ကားကိုခ်န္းေယာလ္ကပဲ ယူေမာင္းေပးကာ အနီးဆံုးစားေသာက္ဆိုင္ ကိုသာေမာင္းလာခဲ့လိုက္သည္။စားေသာက္ေနတုန္း ဟန္ဘီက ခ်န္းေယာလ္ ၏လတ္တေလာအေၾကာင္းေတြ ေမးျမန္းစကား ေျပာသလို ဟိုတစ္ေန့က ဘတ္ဟြၽန္းထိခိုက္သြားသၫ့္ကိစၥကိုလည္းေတာင္းပန္စကားဆိုသည္။ ခ်န္းေယာလ္ နားေထာင္ ေနရင္း တံု႔ျပန္စကားဆိုေနရင္းမွ ဘတ္ဟြၽန္း ေန့လည္စာအတြက္စိတ္ပူသြားမိသည္။ သူ ေအာ္ဟစ္ခဲ့မိတာ ဒီေကာင္ေလး စိတ္မေကာင္းျဖစ္ၿပီး ေန့လည္စာေရာ စားပါ့မလား။ဘတ္ဟြၽန္းက တျခားသူအေပၚေတာ့ ဇတ္ဇတ္ႀကဲေပမယ့္ ခ်န္းေယာလ္ႏွင့္ ဆို သည္းခံတတ္သလိုစိတ္မေကာင္းလည္းျဖစ္တတ္သည္။ စိတ္ထက္လက္ကျမန္သည္။ အိမ္ကအေဒၚႀကီးဖုန္းကိုအရင္ဆက္လိုက္မိေတာ့၏။

#ဘတ္ဟြၽန္း ေန့လည္စာ စားသလား အေဒၚႀကီး

^ဟုတ္ကဲ့ စားပါတယ္ အကိုေလး။ စားၿပီးတာနဲ႔ျပန္ထြက္သြားျပန္ေရာ.။ဘာေတြေလာေနလဲမသိဘူး ဒီမင္းသားေလးက။ လမ္းထိပ္တင္ပဲလို႔ေတာ့ ေျပာပါတယ္။

#စားတယ္ဆိုၿပီးတာပါပဲ။ဒါပဲေနာ္ ကြၽန္ေတာ္ေမးတဲ့အေၾကာင္းမေျပာပါနဲ႔.

ဖုန္းခ်ၿပီး ခ်န္းေယာလ္ ထပ္ေတြးရျပန္သည္။အိမ္ကလူေတြႏွင့္လြဲ ဘယ္မွမသြားတတ္သည္မို႔အေတြးပိုရ၏။

“ခ်န္းေယာလ္က ညီေလးကို သိပ္စိတ္ပူတတ္တာပဲ။ဟိုေန့ကတည္းကသတိထားမိေနတာ။”

“ဟင္--ဟုတ္တယ္။သူက တအားရိုးသားေတာ့ စိတ္ပူရလို႔။”

“အင္း အဲ့ဒါေတာ့ အဲ့ေန့ကတည္းကသိသာပါတယ္။အယ္-ခ်န္းေယာလ္ ဘယ္တုန္းကေစ့စပ္လိုက္တာလဲ”

“ဟမ္.”

ဟန္ဘီေျပာမွပင္ မနက္က သူ မခြၽတ္ခဲ့မိသၫ့္ လက္စြပ္ကိုသတိရသည္။ သူ ခပ္ပါးပါးၿပံဳးျဖစ္ရင္းက လက္စြပ္ေလးကို ဖြဖြ ပြတ္မိ ေသးသည္။

“ေသခ်ာျပန္စဉ္းစားၾကၫ့္ေတာ့ လြန္ခဲ့တဲ့တစ္ႏွစ္ေလာက္က ကိုယ္တို႔သူငယ္ခ်င္းေတြ ဂန္းဝန္းဒိုကို ခရီးထြက္ၾကေသးတယ္။ ေတာစပ္နားလည္ပတ္ၾကရင္းနဲ႔ ေကာက္ရလာခဲ့တာ”

“အဲ့လိုလား။ဒါေပမဲ့ ခ်န္းေယာလ္ လက္မွာကြက္တိေတာ္ေနတာ ေရစက္ထင္တယ္ေနာ္ အဟင္း”

ဟန္ဘီက ရယ္ေမာလ်က္စေနာက္ေနေသးသည္။ ခ်န္းေယာလ္ ၿပံဳးရံုသာၿပံဳးျပလိုက္သည္။ စားေသာက္ၿပီးေတာ့ ဟန္ဘီက ခ်န္းေယာလ္ကို ကုမၸဏီကိုျပန္လိုက္ပို႔ေပးခဲ့သည္။ ႏႈတ္ဆက္ျပန္သြားသၫ့္ ဟန္ဘီကေတာ့ စားေသာက္ဆိုင္မွာကတည္းက သူ႔ကိုခ်န္းေယာလ္ အာရံုရိွမေနခဲ့တာကိုလည္း သတိထားမိေပမယ့္ စိတ္ဆိုးပံုမရဘဲ ၿပံဳးၿပံဳးရႊင္ရႊင္မို႔ ခ်န္းေယာလ္ကေတာင္ အားနာရမိေသးသည္။

ေကာ္ဖီစက္ထဲက ေကာ္ဖီတစ္ခြက္ငွဲ႔ယူလာလ်က္ အေပၚထပ္သို႔တက္ခဲ့သၫ့္အခါ ခ်န္းေယာလ္၏ လက္ေထာက္ဌာနမွဴးက အူလ်ားဖားလ်ားေျပးလာတာႏွင့္ ဌာနအဝင္ဝတြင္ဆံုသည္။

“ဌာနမွဴး-- မဟုတ္ေတာင္ခုပဲဖုန္းဆက္ေနတာ”

“လက္ေထာက္ကင္- ဘာလို႔ ဒီေလာက္ေလာေနတာလဲ”

“မနက္က ဌာနမွဴးရွာေနတဲ့ Stick ေလ.ရွာေတြ့ၿပီ။ဌာနမွဴး ယူလာတဲ့လက္ဆြဲအိတ္ေအာက္ေျခထဲထိေရာက္ေနတာဗ်.။မနက္က ေသခ်ာရွာတာေတာင္မေတြ့ဘူးဆိုတာေလ.။ကြၽန္ေတာ္ တစ္ခါျပန္ရွာၾကၫ့္ေတာ့. ဟိုးေထာင့္ဆံုးထဲ ၫွပ္ေနတာဗ်ာ။”

“ဘာ!!”

“ဟုတ္ကဲ့။ညေနအစည္းအေဝးအတြက္စိတ္မပူလည္းရပါၿပီ။”

ခုမွ အမွန္တကယ္ ခ်န္းေယာလ္ စိတ္ပူသြားရေခ်ၿပီ။ ေျပာရက္လိုက္မိေလျခင္းဆိုသၫ့္ စိတ္ျဖင့္ အျပစ္တင္စိတ္ႀကီးစြာျဖစ္ရ ေတာ့ သည္။သူ ဆူေဟာက္ေနတုန္း ဒီတိုင္းေမာ့ၾကၫ့္ေနခဲ့သၫ့္ ေကာင္ေလး.။ ဒါေလးေတာင္ နားမလည္ဘူးလားလို႔ အစဉ္းအစားမရိွေတာင္ေျပာပစ္ခဲ့မိတာ။

Meeting မွာေတာ့ အေသးစိတ္ျပင္ဆင္ထားခဲ့သၫ့္ အခ်က္အလက္ေတြေၾကာင့္ ခ်န္းေယာလ္ မ်က္ႏွာပြင့္ခဲ့သည္။ဥကၠဌပတ္ ကလည္းသေဘာက်စြာ ၿပံဳးၾကၫ့္ေနခဲ့သည္။အားလံုးကို ေခါင္းၫႊတ္ၿပံဳးျပရံုသာ တတ္ႏိုင္ၿပီး အစည္းအေဝးၿပီးသည္ႏွင့္ ခန္းမထဲက အရင္ဦးစြာထြက္ခဲ့သူသည္ ခ်န္းေယာလ္သာလ်ွင္ျဖစ္သည္။

ဒီကေလးကို သူေတာင္းပန္ခ်င္လွၿပီ။

ကားကို အလာတုန္းကလိုပဲ ခပ္ျမန္ျမန္ေမာင္းထြက္လာရင္း ခ်န္းေယာလ္ အိမ္ေရာက္လာခဲ့သည္။ သို႔ေသာ္ တံခါးလာဖြင့္သူက ေမ်ွာ္လင့္ထားသူမဟုတ္။ အေဒၚႀကီးသာျဖစ္ေနသည္။

“အကိုေလး ျပန္လာပါၿပီလား။”

“ဘတ္ဟြၽန္းေရာ.”

“ျပန္မလာေသးပါဘူး။အဲ့ဒါေျပာမလို႔ပဲ အကိုေလးေရ.ေန့လည္က ဖုန္းတန္းခ်သြားလို႔။ မင္းသားေလးက တစ္ကိုယ္လံုးလည္းေပတူးလိို႔။ဘာလုပ္တာလဲမသိဘူး။မနက္က အကိုေလးထြက္သြားၿပီးေတာ့ ဒီက အမိႈက္ေတြက ဘယ္မွာပစ္တာလဲ လာေမးေသးတယ္။ကြၽန္မလည္း ဘာလို႔ေမးတာမွန္းမသိေတာ့ လမ္းထ္ိပ္က အမိႈက္ပံုးေတြထဲမွာထၫ့္တယ္လို႔။ၿပီးမွ အမိႈက္ကားက လာသယ္တာဆိုၿပီး-”

အေဒၚႀကီး စကားမဆံုးခင္မွာ ခ်န္းေယာလ္ ေျပးထြက္ခဲ့သည္။လမ္းထိပ္က အမိႈက္ပံုးေတြထားသၫ့္ေနရာဆီ အားသြန္ခြန္စိုက္ ေျပးလာခဲ့မိေတာ့သည္။ မိုးက ေမွာင္စျပဳသၫ့္အခ်ိန္။ အသက္ရႈရပ္မတတ္ေမာပန္းေနၿပီးမွ ခဏအေမာေျဖရပ္လိုက္ေပမယ့္ ခ်န္းေယာလ္ ပိုလို႔အေမာဆို႔သြားခဲ့သည္။ အမိႈက္ပံုးတစ္ခုကိုလွန္ခ်ထားပံုရသၫ့္ ဘတ္ဟြၽန္းသည္ ငုတ္တုတ္ေလးထိုင္လ်က္ ရာဘာလက္အိတ္စြပ္ထားသၫ့္လက္တို႔ျဖင့္ ရွာေဖြေမႊေနွာက္ေနေလသည္။ဒီလိုအသြင္က ခ်န္းေယာလ္ ရင္ကိုထိုးႏွက္၏။

“ဘတ္ဟြၽန္း-”

“ဟင္--ကိုကိုခ်န္းေယာလ္--”

ခ်န္းေယာလ္ကိုျမင္ေတာ့ မတ္တပ္ရပ္လာသၫ့္ ဘတ္ဟြၽန္းက မ်က္ႏွာေလးမဲ့တဲ့တဲ့။ ခ်န္းေယာလ္ နားကိုမဝံ့မရဲျဖင့္ တစ္လွမ္းခ်င္းတိုးလာရင္း အနည္းငယ္အလွမ္းကြာခန႔္တြင္ရပ္သြားသည္။ဘတ္ဟြၽန္းဝတ္ထားသၫ့္ အညိုေရာင္ေခါင္းစြပ္လက္ ရွည္ေလးက ပိုမိုညိုညစ္ေနသလို ခ်ည္သားေဘာင္းဘီစင္းေလးကလည္း မည္းညစ္ညစ္ျဖစ္လ်က္ေနသည္။ ထို႔ျပင္ ပါးမို႔မို႔ေလးထက္တြင္လည္း ေပတူးတူး။

“ေတာင္း--ေတာင္းပန္ပါတယ္။ကိုကို ေျပာတဲ့ စ-တက္ ကို ကြၽန္ေတာ္ ရွာမေတြ့ဘူး။ေသခ်ာရွာေပမယ့္ လံုးဝမေတြ့ဘူးျဖစ္ေနတယ္။အမိႈက္ကားလာေတာ့ ကြၽန္ေတာ္ရွာၿပီးတဲ့ပံုးေတြပဲတင္သြားခဲ့တာပါ။ ဒါေတြ ကို သူတို႔က မနက္ျဖန္မွလာတင္ေပးမယ္တဲ့။အဲ့ဒီေတာ့ က်န္တဲ့သံုးပံုးကိုကြၽန္ေတာ္ဆက္ရွာ-”

ဘတ္ဟြၽန္း စကားသံမထြက္ေတာ့ပါ။ေျခတံရွည္ႀကီးတလႊားလႊားျဖင့္ ေရာက္လာသၫ့္ ခ်န္းေယာလ္က အင့္ခနဲေနေအာင္ ဘတ္ဟြၽန္းကိုဆြဲဖက္လိုက္သည္ေၾကာင့္.ဘတ္ဟြၽန္း မ်က္လံုးေလးေတျြပဴးသြားရသည္။

“ဘာ--ဘာလို႔.. စိတ္မဆိုးေတာ့ဘူးလား”

“ေတာင္းပန္ပါတယ္။”

ေတာင္းပန္ပါတယ္ဆိုကာထပ္တိုးဖက္ေတာ့ ဘတ္ဟြၽန္းေက်ာျပင္ေလးေတာင္ ေကာ့တက္သြားရသည္။ဝတ္ထားသည္က ေပပြေနသၫ့္ရာဘာလက္အိတ္မို႔ သန႔္ျပန႔္ေနဆဲခ်န္းေယာလ္ကိုလည္းျပန္မဖက္ရဲဘဲ လက္က ေဘးဘက္မွာ ကားကားေလး ျဖစ္ေနရသည္။ၿပီးေတာ့ ဘတ္ဟြၽန္း။ ဘတ္ဟြၽန္းတစ္ကိုယ္လံုးလည္း ေခါင္းအစေျခအဆံုး နံေစာ္ညစ္ပတ္ေနမွာကို။

“ကိုကိုခ်န္းေယာလ္ လႊတ္ပါဦး။ကြၽန္ေတာ္က တစ္ကိုယ္လံုးညစ္ပတ္ေနတာ။ကိုကို႔အဝတ္ေတြ.”

“ဂရုမစိုက္ဘူး။ ”

ဒီေတာ့ ဘတ္ဟြၽန္း ပါးစပ္ေလးပိတ္ထားလိုက္ရသည္။ခ်န္းေယာလ္က အားရေအာင္ ဖက္တြယ္ၿပီးမွ ဘတ္ဟြၽန္းပုခံုးေလးႏွစ္ဖက္ကေန ထံုးစံအတိုင္းကိုင္ရင္းမ်က္ႏွာခ်င္းဆိုင္လာသည္။ခ်န္းေယာလ္မ်က္ဝန္းထဲက ေလးေလးနက္နက္ရိျွခင္းေတြကိုျမင္ေတာ့ ဘတ္ဟြၽန္း အၾကၫ့္မလႊဲႏိုင္ေတာ့။

“ငါထပ္မွားခဲ့တာမို႔ ေတာင္းပန္ပါတယ္။စိတ္ရင္းနဲ႔ တကယ္ေတာင္းပန္ပါတယ္။အဲ့ဒီပစၥည္းက ငါ့အိတ္ထဲမွာပဲျပန္ေတြ့တယ္။”

“ဘယ္လို.”

မ်က္လံုးေလးေတျြပဴးက်ယ္မိရင္းက ဘတ္ဟြၽန္း အျဖစ္မွန္ကိုနားလည္သြားရသည္။ဟက္ခနဲရယ္မိရင္းဝတ္ထားသၫ့္ လက္အိတ္ေတြကိုခြၽတ္ကာ ပစ္ခ်ပစ္လိုက္သည္။

“ကြၽန္ေတာ္ မေတြ့ခဲ့မိတာ မွန္ေနတာပဲ။ကြၽန္ေတာ္က ကြၽန္ေတာ္ေၾကာင့္ ကိုကို ဒုကၡေရာက္မွာစိုးၿပီး တစ္ေန့လံုး ဒီမွာလာရွာေနရတာ။ ကိုကို ေတြ့ၿပီဆိုလည္း အေၾကာင္းၾကားလို႔ရတာပဲ။အေဒၚႀကီးကိုလာေျပာခိုင္းလည္းရတာပဲ။ကိုကိုခ်န္းေယာလ္က တကယ္ရက္စက္တယ္။ကြၽန္ေတာ့္ကိုနည္းနည္းေလးမွ စိတ္ထဲေတာင္မထားဘူး။”

“မဟုတ္ဘူး ဘတ္ဟြၽန္း. မင္း ဒီမွာရိွေနတာ ငါအိမ္ျပန္ေရာက္မွာသိတာ။သိသိခ်င္း ေျပးလာတာပါ။”

“ထားလိုက္ပါေတာ့.။ကြၽန္ေတာ္က အေရးမွမပါဘဲ.”

ခ်န္းေယာလ္ကိုေက်ာ္ကာထြက္သြားမည္ျပဳသၫ့္ လက္ေကာက္ဝတ္ေလးကိုလွမ္းကာငံု႔ဆြဲလိုက္စဉ္ ဘတ္ဟြၽန္း ခ်က္ခ်င္း ရုန္းတာမို႔ သူတို႔ႏွစ္ေယာက္၏ လက္စြပ္ကိုယ္ထည္အခ်င္းခ်င္းပြတ္တိုက္မိသြားေတာ့သည္။ရုတ္တရက္ႏွစ္ေယာက္လံုး က်ဉ္ခနဲျဖစ္သကဲ့သို႔ခံစားလိုက္ရျခင္းႏွင့္အတူ ခ်န္းေယာလ္ကိုျပန္ၾကၫ့္လာသၫ့္ ဘတ္ဟြၽန္းမ်က္ဝန္းေလးေတြ တျဖည္းျဖည္း ပိတ္က်ကာ ခႏၶာကိုယ္ေလးက ၿပိဳလဲက်သြားေလေတာ့သည္။

“ဟာ--ဘတ္ဟြၽန္း- ”

ခ်န္းေယာလ္ မိမိရရ ဆြဲေပြ့လိုက္သၫ့္ကိုယ္ေလး က ေအးစက္စက္ျဖစ္သည္။ တစ္ေန့လံုးပင္ပင္ပန္းပန္းစိတ္ႏွစ္လုပ္ခဲ့ သၫ့္ ဘတ္ဟြၽန္းကို ျမင္ေယာင္လာမိသၫ့္အခါ ခ်န္းေယာလ္ကိုယ့္ကိုယ္ကိုယ္ နာက်င္ေအာင္ေတာင္လုပ္ပစ္ခ်င္မိသြားရသည္။ ဘတ္ဟြၽန္းကို ေက်ာေပၚတင္ရင္း အိမ္ဘက္ခပ္သြက္သြက္ျပန္ေလ်ွာက္လာခဲ့ေတာ့သည္။

ဘတ္ဟြၽန္းသည္ ခ်န္းေယာလ္ ေက်ာေပၚတြင္ ၿငိမ္ၿငိမ္သက္သက္။

ေစာင္းငဲ့ၾကၫ့္လိုက္ေတာ့ ခ်န္းေယာလ္ပုခံုးနားမွီတင္ေနသၫ့္ ပါးျပင္ေလးႏွင့္ ႏႈတ္ခမ္းေသးေသးေလးကိုေတြ့ရသည္။ ေပတူးတူးမ်က္ႏွာေလးကိုၾကၫ့္ကာေနာင္တႀကီးစြာသက္ျပင္းရိႈက္ရင္း ေျခလွမ္းရိွန္ကိုျမႇင့္တင္လိုက္သည္။

ကိုကို မွားတာမို႔ ကိုကို႔ဘတ္ဟြၽန္း ေက်နပ္မႈမရိွမျခင္း ေတာင္းပန္ပါ့မယ္။

ဒီ ကိုကိုက ကေလးအေပၚ အျပစ္ျပဳမိတာမို႔.။

************
#With Heart
Just A Dreamer.

( Long time  no see na~~ plz love this a lot)

Continuă lectura

O să-ți placă și

38.4K 5.7K 38
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
292K 50.2K 62
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
62.1K 4.7K 63
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...
178K 26.6K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."