{Zawgyi}
Edenမ်က္လုံးတို႔ ျဖည္းညင္းစြာ ပြင့္လာၿပီးေနာက္ ပထမဆုံးသတိရလိုက္တာက......
"Pooh!!!ငါ့ကိုဘာလို႔အတင္းဒီကိုျပန္ပို႔တာလဲ....."
[Ho....Host...စိတ္ေလ်ွာ႔ပါဦး.....ဇာတ္ေၾကာင္းေျပာင္းသြားေပမဲ့....မူလပိုင္ရွင္ရဲ႕သက္တမ္းကိုက ၅၅နွစ္အထိပဲကန္႔သတ္ထားလို႔.....]
"ဟ....အဲ့တာဆိုႀကိဳေျပာေလ.....ဘာမေျပာညာမေျပာနဲ႔....ေသခိုင္းရလား.....မရဘူး....ငါ့ကိုျပန္ပို႔ေပး.....ကေလးငယ္.....ကို မနႈတ္ဆက္ခဲ့ရေသးဘူး....."
[ေတာင္းပန္ပါတယ္....Host.....ျပန္သြားလို႔မရနိုင္ေတာ့ပါဘူး......]
"အဲ့လို....အဲ့လိုျဖစ္လို႔မရဘူးေလ.....ကေလးငယ္....."
[စိတ္ထိန္းပါHost.....ဒါေတြကပုံရိပ္ေယာင္ေတြပါ...]
"မဟုတ္ဘူး......ငါ..."
[Host....အနည္းဆုံးေတာ့...Hostခ်စ္တဲ့သူရဲ႕ဝိဉာဥ္အပိုင္းစကိုရလိုက္တယ္ေလ...]
Poohရဲ႕စကားအဆုံးမွာEdenသူ႔ရင္ဘတ္ကိုျပန္စမ္းၾကည့္လိုက္သည္...
"ရခဲ့တယ္....ဒါက....ကေလးငယ္ေသၿပီးမွ......မဟုတ္ဘူးမလား....ကေလးငယ္......သူ..သူ"
Poohသူ႔Hostကိုၾကည့္ၿပီး စိတ္မေကာင္း....
ဒါေၾကာင့္အရမ္းႀကီးမခင္တြယ္မိပါေစနဲ႔လို႔ေျပာထားတာကို....
Poohလည္းသူလုပ္ေပးနိုင္သည့္အရာက တစ္ခုပဲရွိေတာ့သည္မို႔....
[Host....ရွဲ႔စစ္ရန္ကမၻာမွာHostထြက္ခြာခဲ့ၿပီးေနာက္ ဘာျဖစ္သြားလဲ ဆိုတာၾကည့္ခ်င္ပါသလား....]
Eden ေခါင္းသာတြင္တြင္ၿငိမ့္သည္....
စိတ္ထဲတြင္ေတာ့ သူထင္တာအမွန္မျဖစ္ဖို႔ဆုေတာင္းရင္းနဲ႔ေပါ့.....
____________
ခမည္းေတာ္နွင့္ ေအးေအးခ်မ္းခ်မ္းေနလာတာ...၁၈နွစ္ေတာင္ေက်ာ္ခဲ့ၿပီ......
ခမည္းေတာ္ကအခုတေလာ က်န္းမာေရးအနည္းငယ္ခ်ိဳ႕ယြင္းလာသည္.....
ဒါေၾကာင့္လည္း ဒီေန႔မနက္ခမည္းေတာ္မနိုးခင္ထကာ ေစ်းတြင္ကိုယ္တိုင္ အသားသြားဝယ္ၿပီး...အားရွိေစမဲ့အစားစာခ်က္ေကြၽးရမယ္....
ထ်န္းရွနဲ႔ယဲ့လင္က်ိဳးကေတာ့....တစ္ဖက္နိုင္ငံနွင့္ကုန္သြယ္မည့္ကိစၥနွင့္ အိမ္ေတာ္တြင္မရွိ...ခရီးထြက္္သြားေလသည္....
ရွဲ႔ရန္ခန္း ျပင္ဆင္ၿပီးသည္နွင့္ စြတ္ျပဳတ္ပန္းကန္ကိုင္ကာ ခမည္းေတာ္အခန္းထဲဝင္ခဲ့ေတာ့...ခုထိနိုးပုံမရေသးဘဲ...အိပ္ေနေသးသည့္ခမည္းေတာ္......
အခုတေလာ အရမ္းအိပ္လာတာပဲ......
"ခမည္းေတာ္.....ထပါဦး....ကြၽန္ေတာ္စြတ္ျပဳတ္လုပ္လာတယ္...နည္းနည္းေလာက္စား...."
ရွဲ႔ရန္ခန္း သူ႔ခမည္းေတာ္ျပဳံးလ်က္ ေခ်ာ့ကာေျပာေနရင္းမွ ခမည္းေတာ္လက္ကိုကိုင္လိုက္ေတာ့ ေအးစက္လ်က္...
သူ႔လက္ကိုပင္ ျပန္မကိုင္နိုင္ေလာက္ေအာင္ကို ေအာက္ကိုေလ်ွာက်လ်က္....
ရွဲ႔ရန္ခန္း ခမည္းေတာ္၏ ရင္ဘတ္နားကပ္ကာ နွလုံးခုန္္သံကိုနားေထာင္ၾကည့္ေတာ့ ၿငိမ္သက္ေနသည္.....သူ႔အသက္၁၆နွစ္ ခမည္းေတာ္အဆိပ္မိတုန္းကေတာင္ နွလုံးခုန္သံကယဲ့ယဲ့ေလးၾကားေနရေသးသည္...
"ခမည္းေတာ္...ကြၽန္ေတာ့္္ကို...မေျခာက္နဲ႔ေတာ့...ဒီအ႐ြယ္ႀကီးေရာက္ေနၿပီ...ထပ္ၿပီးစလို႔မေကာင္းေတာ့ဘူး....."
ရွဲ႔ရန္ခန္းေျပာေနေပမဲ့ နားေထာင္သူမဲ့ေနသည့္သူ႔စကားေတြက ေတာင္ေရာက္လိုက္ေျမာက္ေရာက္လိုက္နွင့္...
"ဟင့္အင္း.....ကြၽန္ေတာ္နဲ႔ အၾကာႀကီးေနရဦးမွာေလ...အခုကြၽန္ေတာ္ေတာင္ အသက္၃၆ပဲရွိေသးတယ္...."
ရွဲ႔ရန္ခန္း သူ႔ခမည္းေတာ္၏ နွလုံးတည့္တည့္ကို လက္ျဖင့္ဖိကာ နွလုံးျပန္ခုန္လာမည္ယုံၾကည္ေနပုံရသည္....
ခဏၾကာမွရပ္လိုက္ကာ.
"သမားေတာ္...ဟုတ္တယ္..သမားေတာ္သြားေခၚရမယ္..."
ရွဲ႔ရန္ခန္း စိတ္နဲ႔လူနဲ႔မကပ္ေတာ့ဘဲ...သမားေတာ္၏ အိမ္သို႔သာ တန္းတန္းလာခဲ့သည္...
ထို႔ေနာက္ ဘာမေျပာညာမေျပာနွင့္ သမားေတာ္ကိုဆြဲေခၚလာသည္က အိမ္ထဲေရာက္မွလႊတ္ေလသည္..
"လူၿကီးမင္း...စိတ္ေအးေအး...ထားပါ ဘယ္သူဘာျဖစ္တယ္ဆိုတာေျပာမွ.."
"ခမည္းေတာ္....."
ဒီအသုံးအနႈန္း.....မဟုတ္မွ.....သူက
"အရွင့္သား....?"
"ခမည္းေတာ္ကို ၾကည့္ေပး...သူတစ္ခုခုျဖစ္ေနၿပီ.....ကယ္ေပးပါေက်းဇူးျပဳၿပီး..."
သမားေတာ္ေလးခဗ်ာမွာေတာ့ စမ္းသပ္ၾကည့္ရမွာ ရင္တထိတ္ထိတ္.....
အိပ္ရာထက္က လူကိုစမ္းသပ္ၿပီးေတာ့.....ေခါင္းပင္ႀကိမ္းရသည္..
သူဘယ္လိုေျပာရမလဲ.....
"အရွင႔္သား...အာ....ဒီလူႀကီးမင္းက.....အသက္မဲ့သြားပါၿပီ.....ခြင့္လႊတ္ေပးပါ....ကယ္ဖို႔ကအရမ္းကိုေနာက္က်သြားပါၿပီ...."
"မျဖစ္နိုင္...."
"ကြၽန္ေတာ္လည္း စိတ္မေကာင္းပါဘူး...."
ထို႔ေနာက္တြင္ေတာ့ သမားေတာ္ေလးကလာရာလမ္းအတိုင္း ျပန္သြားသည္မွာ တစ္ခ်ိဳးထဲ....
အိမ္ေတာ္တစ္ခုလုံးတြင္ ရွဲ႔ရန္ခန္းနွင့္ အသက္မဲ့ေနေသာရွဲ႔စစ္ရန္သာက်န္ခဲ့လ်က္.....
ရွဲ႔ရန္ခန္း သူ႔ခမည္းေတာ္ကိုကိုယ္လက္သန္႔စင္ေစကာ...အဝတ္စားလဲေပးၿပီး....
"ခမည္းေတာ္....ကြၽန္ေတာ္တို႔....မသြားျဖစ္တာၾကာတဲ့ေနရာေလးကိုျပန္သြားၾကမလား.....ေတာင္ကုန္းေလးေလ မေရာက္္ျဖစ္တာ ၾကာၿပီမလား"
"ကြၽန္ေတာ္တို႔ျပန္သြားၾကည့္ရေအာင္...."
ထို႔ေနာက္တြင္ေတာ့ ရွဲ႔ရန္ခန္း သူ႔ခမည္းေတာ္နွင့္ ျမင္္းစီးလ်က္ ေတာင္ကုန္းေပၚသို႔ဦးတည္လိုက္သည္....
ေတာင္ကုန္းေပၚမွာေလကတျဖဴးျဖဴးနွင့္....ျမက္ခင္းျပင္ေပၚမွာထိုင္ၿပီး ၾကည့္မယ္ဆိုလ်ွင္ျမင္ကြင္းက ေတာ္ေတာ္လွတယ္လို႔ဆိုရမယ္....
ေကာင္းကင္ႀကီးရယ္....တိမ္ေရာင္စုံရယ္...သစ္ပင္ေတြစိမ္းေနတဲ့ ေတာင္ေတြရယ္....
လွလိုက္တာ...ဒီကိုမၾကာမၾကာလာခဲ့သင့္တာကို....
"ခမည္းေတာ္...ေအးေနၿပီလား....."
ရွဲ႔ရန္ခန္း သူ႔ကိုယ္ေပၚက အေပၚဝတ္ကို ရင္ခြင္ထဲကခမည္းေတာ္အားေျပာင္းျခဳံေပးလ်က္....
သူ႔ကိုယ္ေပၚက အမည္းေရာင္ ဒုတိယအထပ္ကေတာ့ အနီးကပ္ၾကည့္မယ္ဆိုလ်ွင္္ အနီေရာင္အျဖစ္ေျပာင္းလုနီးပါး.....
"ခမည္းေတာ္ရဲ႕ အဝတ္ေတြကိုညစ္ပတ္ေစမိၿပီ...ၿပီးေတာ့ လက္ေဆာင္ေပးထားတဲ့ ဓားေျမႇာင္ကိုေရာပဲ.....ေတာင္းပန္ပါတယ္....."
ရွဲ႔ရန္ခန္း ထိုစကားကိုေနာက္ဆုံးအေနနဲ႔ဆိုၿပီး....ဘယ္ဖက္ရင္အုံက နွလုံးတည့္တည့္မွာ သူခုန ကထိုးစိုက္ခဲ့တဲ့ ဓားေျမာင္ကိုအားျဖင့္ျပန္ဆြဲနႈတ္ယူၿပီး.....
"ခမည္းေတာ္က အရမ္းတုံးလြန္းတယ္......ကြၽန္ေတာ္မရွိရင္....ခမည္းေတာ္ ဘယ္လိုမ်ားေနမလဲ...."
ေနာက္ဆုံးလက္က်န္အားေလးျဖင့္သာ ခမည္းေတာ္ကိုေျမျပင္ေပၚလွဲခ်ကာ သူ႔ရင္ခြင္ထဲထည့္လ်က္.....
ထာဝရအိပ္စက္ျခင္းဆီသို႔..........
ေတာင္ကုန္းေပၚမွာ တစ္ေယာက္ကိုတစ္ေယာက္တင္းၾကပ္စြာဖက္လ်က္ လွဲေနၾကသည့္ လူနွစ္ေယာက္က အနီးကပ္သာမၾကည့္လ်ွင္ အိပ္ေပ်ာ္ေနသကဲ့သို႔.....
ကြၽန္ေတာ့္ကိုအျပစ္ေပးခ်င္တယ္ဆို ေနာက္ဘဝမွေပးပါေတာ့......
ကြၽန္ေတာ္ အျပစ္ခံယူဖို႔အတြက္ေစာင့္ေနပါ့မယ္.....
___________________
Eden ထိုအထိၾကည့္ၿပီးသည့္ေနာက္္ လုံးဝၿငိမ္သက္သြားသည္မွာ ဘာအသံမွမထြက္လာ....
[Host......]
"ေနာက္ကမၻာကိုသြားဖို႔ အဆင္သင့္လုပ္လိုက္ေတာ့...."
[Host....နားသင့္တယ္လို႔...]
"ငါေျပာေနတယ္.....အဆင္သင့္လုပ္လိုက္ေတာ့လို႔..."
Pooh သူ႔Hostကိုၾကည့္ၿပီး ၾကက္ေသေသသြားရသည္....ဒီလိုအရွိန္အဝါမ်ိဳးက ေကာင္းကင္အရွင္နဲ႔အတူတူပဲ....မဟုတ္ဘူး....ဒီထက္ေတာင္ႀကီးေသးတယ္......
ဘာပဲျဖစ္ျဖစ္....
[Host....စိတ္ေလ်ွာ႔ထားပါ.....hostသာစိတ္လြတ္သြားရင္ Hostခ်စ္တဲ့သူကိုဆုံးရႈံးရပါလိမ့္မယ္..ကြၽန္ေတာ္ေျပာတာနားေထာင္ပါ....]
"အဲ့တာေၾကာင့္....ေနာက္ကမၻာကိုသြားမယ္လို႔ေျပာေနတာေလ....သူေစာင့္ေနတယ္လို႔.....ငါ့ကိုသူေစာင့္ေနတယ္...."
"ၿပီးေတာ့....ငါေသမွာကိုႀကိဳမေျပာထားတဲ့အတြက္ မင္းကိုငါခြင့္မလႊတ္နိုင္ဘူး....."
[ကြၽန္ေတာ္လုပ္သမ်ွက Hostအတြက္ဆိုတာသိထားေစခ်င္ပါတယ္......]
[အခုPointေတြတြက္ေပးပါ့မယ္...
Mission point-1000
Side and hidden mission-500
Original point-1060
used point-500
Total-2060 pointပါ
ပိုင္ဆိုင္သည့္ပစၥည္း-မေသေဆးရည္ 1/3,ေကာင္းကင္ဓားေျမႇာင္ 1ေခ်ာင္း
တတ္ေျမာက္သည့္ပညာ-အတိုက္အခိုက္]
"ေကာင္းကင္ဓားေျမႇာင္ဆိုတာက....?"
[Host ရွဲ႔ရန္ခန္းကိုေပးခဲ့တဲ့ ဓားေျမႇာင္ပါ....ဒါကိုHostကထာဝရပိုင္ဆိုင္သူအျဖစ္သတ္မွတ္ခံထားရပါတယ္....Hostဘယ္သူ႔ကိုေပးေပး........ကမၻာေတြကူးတိုင္း ဒီဓားေျမႇာင္က Hostဆီျပန္ေရာက္မွာပါ]
"သိၿပီ...."
[သင္ယူခြင့္ရွိေသာ ပညာရပ္မ်ား....-မာဂဓစကား,အတီးအမႈတ္,လူမ်ိဳးျခားတို႔၏ဘာသာစကား...]
"ေနာက္ဆုံးတစ္ခုက??"
[ကမၻာေတြကအမ်ိဳးမ်ိဳးရွိနိုင္တဲ့အတြက္ Hostေရာက္သြားတဲ့ေနရာကလည္း Hostတျခားလူမ်ိဳးျခားေတြရွိနိုင္ပါတယ္....Hostသာအဲ့ပညာကိုေ႐ြးခ်ယ္လိုက္ရင္ ေရာက္သြားတဲ့ကမၻာတိုင္းဆီက လူအမ်ိဳးမ်ိဳးရဲ႕ ဘာသာစကားေတြကိုမသင္ပဲနားလည္မွာပါ...]
"ေကာင္းၿပီ....အဲ့တာေ႐ြးတယ္..ဘာပဲျဖစ္ျဖစ္ အသုံးဝင္မယ္လို႔ေတာ့ထင္ရတာပဲ..."
[ဟုတ္ကဲ့....လူမ်ိဳးျခားဘာသာစကားကိုေ႐ြးတဲ့အတြက္ spaceမွာ သပ္သပ္ႀကီးသင္စရာမလိုပါဘူး....ေရာက္သြားတဲ့ ကမၻာေတြေပၚမူတည္ၿပီးဘာသာစကားေတြအလိုလိုတတ္ေျမာက္ေအာင္ systemကထည့္သြင္းေပးပါလိမ့္မယ္....အခု ေနာက္ကမၻာကို သြားဖို႔ဆႏၵရွိပါသလား...]
"သြားမယ္...."
[ေနာက္ကမၻာသို႔ကူးေျပာင္းေနပါၿပီ......
10 9 8.........3 2 1]
Poohရဲ႕စကားအဆုံး Edenရဲ႕ဝိဉာဥ္ကို တစ္ေနရာရာက စုပ္ယူလိုက္သကဲ့သို႔ပင္
ထို႔ေနာက္အေမွာင္ထုသာႀကီးစိုးသြားလ်က္....
ကိုယ္ကိုေစာင့္ေနေပးပါ....မင္းကိုရေအာင္လာရွာမယ္....
____________
Updateၾကာသြားတာsryပါ....
အပ်င္းတစ္ေနတာမဟုတ္ရပါဘူး...
ကြၽန္ေတာ္စိတ္ဓာတ္ေတြက်ေနလို႔....ေနာက္arcအတြက္ ဇာတ္လမ္းစဥ္းစားလို႔မရျဖစ္ၿပီး ဒီေလာက္ၾကာသြားတာ.....
အခုကစၿပီး ျပန္ေရးေတာ့မယ္ေနာ္.....
ဒီအပိုင္းေရးေနတုန္းကဆိုကြၽန္ေတာ္ငိုေနတာ...
ခင္ဗ်ားေလးတို႔ကိုလည္းနည္းနည္းငိုခိုင္းခ်င္လို႔😜
ဖတ္ေပးတဲ့သူတစ္ဦးခ်င္းစီကိုေက်းဇူးတင္ပါတယ္❣️❣️
............................................
{Unicode}
Edenမျက်လုံးတို့ ဖြည်းညင်းစွာ ပွင့်လာပြီးနောက် ပထမဆုံးသတိရလိုက်တာက......
"Pooh!!!ငါ့ကိုဘာလို့အတင်းဒီကိုပြန်ပို့တာလဲ....."
[Ho....Host...စိတ်လျှော့ပါဦး.....ဇာတ်ကြောင်းပြောင်းသွားပေမဲ့....မူလပိုင်ရှင်ရဲ့သက်တမ်းကိုက ၅၅နှစ်အထိပဲကန့်သတ်ထားလို့.....]
"ဟ....အဲ့တာဆိုကြိုပြောလေ.....ဘာမပြောညာမပြောနဲ့....သေခိုင်းရလား.....မရဘူး....ငါ့ကိုပြန်ပို့ပေး.....ကလေးငယ်.....ကို မနှုတ်ဆက်ခဲ့ရသေးဘူး....."
[တောင်းပန်ပါတယ်....Host.....ပြန်သွားလို့မရနိုင်တော့ပါဘူး......]
"အဲ့လို....အဲ့လိုဖြစ်လို့မရဘူးလေ.....ကလေးငယ်....."
[စိတ်ထိန်းပါHost.....ဒါတွေကပုံရိပ်ယောင်တွေပါ...]
"မဟုတ်ဘူး......ငါ..."
[Host....အနည်းဆုံးတော့...Hostချစ်တဲ့သူရဲ့ဝိဉာဉ်အပိုင်းစကိုရလိုက်တယ်လေ...]
Poohရဲ့စကားအဆုံးမှာEdenသူ့ရင်ဘတ်ကိုပြန်စမ်းကြည့်လိုက်သည်...
"ရခဲ့တယ်....ဒါက....ကလေးငယ်သေပြီးမှ......မဟုတ်ဘူးမလား....ကလေးငယ်......သူ..သူ"
Poohသူ့Hostကိုကြည့်ပြီး စိတ်မကောင်း....
ဒါကြောင့်အရမ်းကြီးမခင်တွယ်မိပါစေနဲ့လို့ပြောထားတာကို....
Poohလည်းသူလုပ်ပေးနိုင်သည့်အရာက တစ်ခုပဲရှိတော့သည်မို့....
[Host....ရှဲ့စစ်ရန်ကမ္ဘာမှာHostထွက်ခွာခဲ့ပြီးနောက် ဘာဖြစ်သွားလဲ ဆိုတာကြည့်ချင်ပါသလား....]
Eden ခေါင်းသာတွင်တွင်ငြိမ့်သည်....
စိတ်ထဲတွင်တော့ သူထင်တာအမှန်မဖြစ်ဖို့ဆုတောင်းရင်းနဲ့ပေါ့.....
____________
ခမည်းတော်နှင့် အေးအေးချမ်းချမ်းနေလာတာ...၁၈နှစ်တောင်ကျော်ခဲ့ပြီ......
ခမည်းတော်ကအခုတလော ကျန်းမာရေးအနည်းငယ်ချို့ယွင်းလာသည်.....
ဒါကြောင့်လည်း ဒီနေ့မနက်ခမည်းတော်မနိုးခင်ထကာ ဈေးတွင်ကိုယ်တိုင် အသားသွားဝယ်ပြီး...အားရှိစေမဲ့အစားစာချက်ကျွေးရမယ်....
ထျန်းရှနဲ့ယဲ့လင်ကျိုးကတော့....တစ်ဖက်နိုင်ငံနှင့်ကုန်သွယ်မည့်ကိစ္စနှင့် အိမ်တော်တွင်မရှိ...ခရီးထွက်သွားလေသည်....
ရှဲ့ရန်ခန်း ပြင်ဆင်ပြီးသည်နှင့် စွတ်ပြုတ်ပန်းကန်ကိုင်ကာ ခမည်းတော်အခန်းထဲဝင်ခဲ့တော့...ခုထိနိုးပုံမရသေးဘဲ...အိပ်နေသေးသည့်ခမည်းတော်......
အခုတလော အရမ်းအိပ်လာတာပဲ......
"ခမည်းတော်.....ထပါဦး....ကျွန်တော်စွတ်ပြုတ်လုပ်လာတယ်...နည်းနည်းလောက်စား...."
ရှဲ့ရန်ခန်း သူ့ခမည်းတော်ပြုံးလျက် ချော့ကာပြောနေရင်းမှ ခမည်းတော်လက်ကိုကိုင်လိုက်တော့ အေးစက်လျက်...
သူ့လက်ကိုပင် ပြန်မကိုင်နိုင်လောက်အောင်ကို အောက်ကိုလျှောကျလျက်....
ရှဲ့ရန်ခန်း ခမည်းတော်၏ ရင်ဘတ်နားကပ်ကာ နှလုံးခုန်သံကိုနားထောင်ကြည့်တော့ ငြိမ်သက်နေသည်.....သူ့အသက်၁၆နှစ် ခမည်းတော်အဆိပ်မိတုန်းကတောင် နှလုံးခုန်သံကယဲ့ယဲ့လေးကြားနေရသေးသည်...
"ခမည်းတော်...ကျွန်တော့််ကို...မခြောက်နဲ့တော့...ဒီအရွယ်ကြီးရောက်နေပြီ...ထပ်ပြီးစလို့မကောင်းတော့ဘူး....."
ရှဲ့ရန်ခန်းပြောနေပေမဲ့ နားထောင်သူမဲ့နေသည့်သူ့စကားတွေက တောင်ရောက်လိုက်မြောက်ရောက်လိုက်နှင့်...
"ဟင့်အင်း.....ကျွန်တော်နဲ့ အကြာကြီးနေရဦးမှာလေ...အခုကျွန်တော်တောင် အသက်၃၆ပဲရှိသေးတယ်...."
ရှဲ့ရန်ခန်း သူ့ခမည်းတော်၏ နှလုံးတည့်တည့်ကို လက်ဖြင့်ဖိကာ နှလုံးပြန်ခုန်လာမည်ယုံကြည်နေပုံရသည်....
ခဏကြာမှရပ်လိုက်ကာ.
"သမားတော်...ဟုတ်တယ်..သမားတော်သွားခေါ်ရမယ်..."
ရှဲ့ရန်ခန်း စိတ်နဲ့လူနဲ့မကပ်တော့ဘဲ...သမားတော်၏ အိမ်သို့သာ တန်းတန်းလာခဲ့သည်...
ထို့နောက် ဘာမပြောညာမပြောနှင့် သမားတော်ကိုဆွဲခေါ်လာသည်က အိမ်ထဲရောက်မှလွှတ်လေသည်..
"လူကြီးမင်း...စိတ်အေးအေး...ထားပါ ဘယ်သူဘာဖြစ်တယ်ဆိုတာပြောမှ.."
"ခမည်းတော်....."
ဒီအသုံးအနှုန်း.....မဟုတ်မှ.....သူက
"အရှင့်သား....?"
"ခမည်းတော်ကို ကြည့်ပေး...သူတစ်ခုခုဖြစ်နေပြီ.....ကယ်ပေးပါကျေးဇူးပြုပြီး..."
သမားတော်လေးခဗျာမှာတော့ စမ်းသပ်ကြည့်ရမှာ ရင်တထိတ်ထိတ်.....
အိပ်ရာထက်က လူကိုစမ်းသပ်ပြီးတော့.....ခေါင်းပင်ကြိမ်းရသည်..
သူဘယ်လိုပြောရမလဲ.....
"အရှင့်သား...အာ....ဒီလူကြီးမင်းက.....အသက်မဲ့သွားပါပြီ.....ခွင့်လွှတ်ပေးပါ....ကယ်ဖို့ကအရမ်းကိုနောက်ကျသွားပါပြီ...."
"မဖြစ်နိုင်...."
"ကျွန်တော်လည်း စိတ်မကောင်းပါဘူး...."
ထို့နောက်တွင်တော့ သမားတော်လေးကလာရာလမ်းအတိုင်း ပြန်သွားသည်မှာ တစ်ချိုးထဲ....
အိမ်တော်တစ်ခုလုံးတွင် ရှဲ့ရန်ခန်းနှင့် အသက်မဲ့နေသောရှဲ့စစ်ရန်သာကျန်ခဲ့လျက်.....
ရှဲ့ရန်ခန်း သူ့ခမည်းတော်ကိုကိုယ်လက်သန့်စင်စေကာ...အဝတ်စားလဲပေးပြီး....
"ခမည်းတော်....ကျွန်တော်တို့....မသွားဖြစ်တာကြာတဲ့နေရာလေးကိုပြန်သွားကြမလား.....တောင်ကုန်းလေးလေ မရောက်ဖြစ်တာ ကြာပြီမလား"
"ကျွန်တော်တို့ပြန်သွားကြည့်ရအောင်...."
ထို့နောက်တွင်တော့ ရှဲ့ရန်ခန်း သူ့ခမည်းတော်နှင့် မြင်းစီးလျက် တောင်ကုန်းပေါ်သို့ဦးတည်လိုက်သည်....
တောင်ကုန်းပေါ်မှာလေကတဖြူးဖြူးနှင့်....မြက်ခင်းပြင်ပေါ်မှာထိုင်ပြီး ကြည့်မယ်ဆိုလျှင်မြင်ကွင်းက တော်တော်လှတယ်လို့ဆိုရမယ်....
ကောင်းကင်ကြီးရယ်....တိမ်ရောင်စုံရယ်...သစ်ပင်တွေစိမ်းနေတဲ့ တောင်တွေရယ်....
လှလိုက်တာ...ဒီကိုမကြာမကြာလာခဲ့သင့်တာကို....
"ခမည်းတော်...အေးနေပြီလား....."
ရှဲ့ရန်ခန်း သူ့ကိုယ်ပေါ်က အပေါ်ဝတ်ကို ရင်ခွင်ထဲကခမည်းတော်အားပြောင်းခြုံပေးလျက်....
သူ့ကိုယ်ပေါ်က အမည်းရောင် ဒုတိယအထပ်ကတော့ အနီးကပ်ကြည့်မယ်ဆိုလျှင် အနီရောင်အဖြစ်ပြောင်းလုနီးပါး.....
"ခမည်းတော်ရဲ့ အဝတ်တွေကိုညစ်ပတ်စေမိပြီ...ပြီးတော့ လက်ဆောင်ပေးထားတဲ့ ဓားမြှောင်ကိုရောပဲ.....တောင်းပန်ပါတယ်....."
ရှဲ့ရန်ခန်း ထိုစကားကိုနောက်ဆုံးအနေနဲ့ဆိုပြီး....ဘယ်ဖက်ရင်အုံက နှလုံးတည့်တည့်မှာ သူခုန ကထိုးစိုက်ခဲ့တဲ့ ဓားမြောင်ကိုအားဖြင့်ပြန်ဆွဲနှုတ်ယူပြီး.....
"ခမည်းတော်က အရမ်းတုံးလွန်းတယ်......ကျွန်တော်မရှိရင်....ခမည်းတော် ဘယ်လိုများနေမလဲ...."
နောက်ဆုံးလက်ကျန်အားလေးဖြင့်သာ ခမည်းတော်ကိုမြေပြင်ပေါ်လှဲချကာ သူ့ရင်ခွင်ထဲထည့်လျက်.....
ထာဝရအိပ်စက်ခြင်းဆီသို့..........
တောင်ကုန်းပေါ်မှာ တစ်ယောက်ကိုတစ်ယောက်တင်းကြပ်စွာဖက်လျက် လှဲနေကြသည့် လူနှစ်ယောက်က အနီးကပ်သာမကြည့်လျှင် အိပ်ပျော်နေသကဲ့သို့.....
ကျွန်တော့်ကိုအပြစ်ပေးချင်တယ်ဆို နောက်ဘဝမှပေးပါတော့......
ကျွန်တော် အပြစ်ခံယူဖို့အတွက်စောင့်နေပါ့မယ်.....
___________________
Eden ထိုအထိကြည့်ပြီးသည့်နောက် လုံးဝငြိမ်သက်သွားသည်မှာ ဘာအသံမှမထွက်လာ....
[Host......]
"နောက်ကမ္ဘာကိုသွားဖို့ အဆင်သင့်လုပ်လိုက်တော့...."
[Host....နားသင့်တယ်လို့...]
"ငါပြောနေတယ်.....အဆင်သင့်လုပ်လိုက်တော့လို့..."
Pooh သူ့Hostကိုကြည့်ပြီး ကြက်သေသေသွားရသည်....ဒီလိုအရှိန်အဝါမျိုးက ကောင်းကင်အရှင်နဲ့အတူတူပဲ....မဟုတ်ဘူး....ဒီထက်တောင်ကြီးသေးတယ်......
ဘာပဲဖြစ်ဖြစ်....
[Host....စိတ်လျှော့ထားပါ.....hostသာစိတ်လွတ်သွားရင် Hostချစ်တဲ့သူကိုဆုံးရှုံးရပါလိမ့်မယ်..ကျွန်တော်ပြောတာနားထောင်ပါ....]
"အဲ့တာကြောင့်....နောက်ကမ္ဘာကိုသွားမယ်လို့ပြောနေတာလေ....သူစောင့်နေတယ်လို့.....ငါ့ကိုသူစောင့်နေတယ်...."
"ပြီးတော့....ငါသေမှာကိုကြိုမပြောထားတဲ့အတွက် မင်းကိုငါခွင့်မလွှတ်နိုင်ဘူး....."
[ကျွန်တော်လုပ်သမျှက Hostအတွက်ဆိုတာသိထားစေချင်ပါတယ်......]
[အခုPointတွေတွက်ပေးပါ့မယ်...
Mission point-1000
Side and hidden mission-500
Original point-1060
used point-500
Total-2060 pointပါ
ပိုင်ဆိုင်သည့်ပစ္စည်း-မသေဆေးရည် 1/3,ကောင်းကင်ဓားမြှောင် 1ချောင်း
တတ်မြောက်သည့်ပညာ-အတိုက်အခိုက်]
"ကောင်းကင်ဓားမြှောင်ဆိုတာက....?"
[Host ရှဲ့ရန်ခန်းကိုပေးခဲ့တဲ့ ဓားမြှောင်ပါ....ဒါကိုHostကထာဝရပိုင်ဆိုင်သူအဖြစ်သတ်မှတ်ခံထားရပါတယ်....Hostဘယ်သူ့ကိုပေးပေး........ကမ္ဘာတွေကူးတိုင်း ဒီဓားမြှောင်က Hostဆီပြန်ရောက်မှာပါ]
"သိပြီ...."
[သင်ယူခွင့်ရှိသော ပညာရပ်များ....-မာဂဓစကား,အတီးအမှုတ်,လူမျိုးခြားတို့၏ဘာသာစကား...]
"နောက်ဆုံးတစ်ခုက??"
[ကမ္ဘာတွေကအမျိုးမျိုးရှိနိုင်တဲ့အတွက် Hostရောက်သွားတဲ့နေရာကလည်း Hostတခြားလူမျိုးခြားတွေရှိနိုင်ပါတယ်....Hostသာအဲ့ပညာကိုရွေးချယ်လိုက်ရင် ရောက်သွားတဲ့ကမ္ဘာတိုင်းဆီက လူအမျိုးမျိုးရဲ့ ဘာသာစကားတွေကိုမသင်ပဲနားလည်မှာပါ...]
"ကောင်းပြီ....အဲ့တာရွေးတယ်..ဘာပဲဖြစ်ဖြစ် အသုံးဝင်မယ်လို့တော့ထင်ရတာပဲ..."
[ဟုတ်ကဲ့....လူမျိုးခြားဘာသာစကားကိုရွေးတဲ့အတွက် spaceမှာ သပ်သပ်ကြီးသင်စရာမလိုပါဘူး....ရောက်သွားတဲ့ ကမ္ဘာတွေပေါ်မူတည်ပြီးဘာသာစကားတွေအလိုလိုတတ်မြောက်အောင် systemကထည့်သွင်းပေးပါလိမ့်မယ်....အခု နောက်ကမ္ဘာကို သွားဖို့ဆန္ဒရှိပါသလား...]
"သွားမယ်...."
[နောက်ကမ္ဘာသို့ကူးပြောင်းနေပါပြီ......
10 9 8.........3 2 1]
Poohရဲ့စကားအဆုံး Edenရဲ့ဝိဉာဉ်ကို တစ်နေရာရာက စုပ်ယူလိုက်သကဲ့သို့ပင်
ထို့နောက်အမှောင်ထုသာကြီးစိုးသွားလျက်....
ကိုယ်ကိုစောင့်နေပေးပါ....မင်းကိုရအောင်လာရှာမယ်....
____________
Updateကြာသွားတာsryပါ....
အပျင်းတစ်နေတာမဟုတ်ရပါဘူး...
ကျွန်တော်စိတ်ဓာတ်တွေကျနေလို့....နောက်arcအတွက် ဇာတ်လမ်းစဉ်းစားလို့မရဖြစ်ပြီး ဒီလောက်ကြာသွားတာ.....
အခုကစပြီး ပြန်ရေးတော့မယ်နော်.....
ဒီအပိုင်းရေးနေတုန်းကဆိုကျွန်တော်ငိုနေတာ...
ခင်ဗျားလေးတို့ကိုလည်းနည်းနည်းငိုခိုင်းချင်လို့😜
ဖတ်ပေးတဲ့သူတစ်ဦးချင်းစီကိုကျေးဇူးတင်ပါတယ်❣️❣️
............................................