The Stranger I love (System)
Av khunsin
402K 43.4K 1.3K
လမ်းမကြီးပေါ်မှာ ကောင်လေးတယောက်က သွေအိုင်ထဲလဲနေသော အသက်မဲ့နေသောခန္ဓာကိုယ်ကို ထွေးပိုက်လျှက် သွေးရူးသွေးတန်းအေ... Mer
မိတ်ဆက်
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 1.12
Arc 1.13
Arc 1.14
Arc 1.15
Arc 1.16
Arc 1.17
Arc 1.18 🔞
End of Arc 1 - (1.19) Back to System Space
Arc 2.1 (Ting Bai Ling ) Gér
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Musical Instruments
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 2.14
Arc 2.15
Arc 2.16
Arc 2.17
Arc 2.18
Arc 2.19
Arc 2.20
Arc 3.1 Game World - Hikari Shou
Arc 3.2
Arc 3.2 Extension
Arc 3.3
Arc3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11
Arc 3.12
Arc 3.13
Arc 3.14
Arc 3.15
Arc 4.1 (Nathan Clark - Apocalypse)
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.9
Arc 4.10
Arc 4.11
Arc 4.12
Arc 4.14
Arc 1.1 Modern World (Hong Lei)
10.8K 907 7
Av khunsin
ဝိဥာဉ်ကူးပြောင်းနေပါတယ် ....
အားးး .. ကျွတ်ကျွတ် .. ခေါင်းထဲက .. နာလိုက်တာ ..
Xing မျက်နှာမှာ ကျေနပ်နေသော အရိပ်အရောင် ဖြတ်ခနဲ ပေါ်လာပြီး ချက်ချင်းပျောက်သွားသည်။
ဘာလဲဟ ငါ့ System က Sadist လား
ရှင်းအနားမှာ ရှိပြီး ပြုံးလိုက်သည်ကို သူ၏စိတ်အာရုံထဲတွင်  မြင်နေရသည်။ သို့သော် သူ၏ အနားပတ်ဝန်းကျင်မှာ ရှင်းမရှိ။ မျက်စိဖွင့်လိုက်သော် ကော်ရစ်တာ တခုကို မြင်နေရပြီး ကျောင်းစာသင်ခန်း ဖြစ်မည်ဟု တွေးလိုက်သည်။ မိန်းကလေးတယောက်က အော်ကြီးဟစ်ကျယ် စကားပြောနေတာကိုလည်း ဝိုးတဝါးကြားနေရသည်။
မှတ်ဥာဏ် ကူးပြောင်းနေပါတယ် . . .
ထိုအသံနှင့် အတူ အပ်ပေါင်းများစွာ ခေါင်းကို လာထိုးနေသကဲ့သို့ ခံစားရပြီး မျက်စိကို စုံမှိတ်၍ အော်ဟစ်လိုက်မိသည်။ ထိုအချိန်မှာ သူ တစုံတခုကို အလိုလို သိလာရသည်။
ဒီကမ္ဘာရဲ့ဇာတ်လိုက် (Guo Ming) ကောမင်က နောက်ဆုံးနှစ် ကျောင်းသားဥက္ကဌ .. ကျောင်းမှာ ရုပ်လေးချောသည့်အပြင် အားကစားရော စာမှာပါ ထူးချွန်တာကြောင့် ကောမင်ကို ကောင်မလေးတွေ သည်းသည်းလှုပ်ကြိုက်ကြသည်။
ဇာတ်လိုက်မ (Yun Feng) ယွင်ဖန်က မူလခန္ဓာကိုယ်ပိုင်ရှင်နှင့် တခန်းတည်း ဒုတိယနှစ်က ဖြစ်သည်။ အတန်းခေါင်းဆောင် ဖြစ်သည့်အပြင် .. တစ်ကျောင်းလုံးရဲ့ the whole Queen ကို ရထားသူလည်း ဖြစ်သည်..
ကျောင်းမှာ Activityတွေ ရှိတိုင်း ကျောင်းသားဥက္ကဌ ကောမင်၏ လမ်းညွှန်မှုအောက်မှာ အတန်းခေါင်းဆောင်များ၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရသဖြင့် သူတို့ခဏခဏတွေ့ဖြစ်ရင်း ချစ်ကြိုက်သွားကာ ကျောင်းပြီးတော့ လက်ထပ်လိုက်ကြသည်
ဒါဖြင့် သူကရော ???
သူရောက်နေတဲ့ ခန္ဓာကိုယ်ပိုင်ရှင်က (Hong Lei) ဟုန်လေ့ ကျောင်းသားရေးရာ အဖွဲ့ဝင် ဖြစ်သည်။ ကျောင်းသားရေးရာအဖွဲ့ဝင်ဖြစ်ပြီး အာဏာမရှိဆုံးသူကို ပြပါဆို ဟုန်လေ့သာ ဖြစ်မည်။ ဟုန်လေ့က အမှန်တော့ ကောမင်ကြောင့် ကျောင်းသားရေးရာကို ဝင်လာခြင်း ဖြစ်သည်။
ကျောင်းမှ Activities များအတွက် Club အသီးသီးမှ အဖွဲ့ဝင်သစ် ခေါ်ယူသည့်နေ့ မှာ ဟုန်လေ့က ကောမင်ကို စတွေ့ခဲ့သည်။ ကောမင်က ကျောင်းသားရေးရာအတွက် အဖွဲ့ဝင်ခေါ်ယူဖို့ ဖောင်ဝေနေတာကို ဟုန်လေ့ရဲ့ စိတ်ထဲမှာ မိုက်သည်ဟု ဆွဲဆောင်မှု တမျိုး ခံစားရတာကြောင့် စိတ်လွတ်နေချိန် သူ့ရှေ့ကို ထိုးပေးလာသော စာရွက်ကို ဒီလိုပဲ ကောက်ဖြည့်ပြီးပေးခဲ့လိုက်ရာမှ ကျောင်းသားရေးရာ အဖွဲ့ဝင် ဖြစ်လာခဲ့သည်။
သို့ပေမယ့် လက်တွေ့မှာ ကောမင်အနားကပ်ဖို့ နေနေသာသာ ဇာတ်လိုက်မ ယွင်ဖန်၏အလုပ်များကို လုပ်ပေး ၊ သူမ တလွဲလုပ်ခဲ့တာတွေကိုချည်း လိုက်ဖြေရှင်းပေးဖို့ ဖြစ်လာလေသည်။ ဟုန်လေ့က ယွင်ဖန်ခိုင်းသမျှကို မငြင်းနိုင်တဲ့ အကြောင်းတရားရှိသည်။ ယွင်ဖန်က ဟုန်လေ့၏ ညီမ တဝမ်းကွဲ ဖြစ်ပြီး ဟုန်လေ့က ကောမင်ကို စိတ်ဝင်စားနေသည့်အကြောင်းကို သိထားသည်။
ဟုန်လေ့က မိဘမဲ့ဖြစ်ပြီး အဖေ့၏အမဖြစ်သူ (ယွင်ဖန်၏ အမေ)အိမ်မှာ ကပ်နေရတာဖြစ်သည်။ ထို့ပြင် ဟုန်လေ့ကို လိင်တူနှစါသက်သူဖြစ်တာကြောင့် ထိုသားအမိက မနှစ်မြို့ပဲ အခိုင်းအစေသာသာ ထားလေသည်။ ထို့ပြင် မကြာခဏဆိုသလို ဘာမဟုတ်တဲ့ကိစ္စလေးနှင့် အပြစ်ပေးသည်ဟုဆိုကာ ဆွဲလိမ်ခြင်း ရိုက်နှက်ခြင်း ထမင်းမကျွေးခြင်းတို့ကိုလည်း လုပ်တတ်သေးသည်။
ဟုန်လေ့မှာ ကိုယ်ပိုင်အချိန်၊ နားချိန်ဆိုတာမရှိ။ တချိန်လုံး ကျောင်းတွင် သူမအလုပ်၊ အိမ်တွင် အိမ်အလုပ်များကို လုပ်ပေးနေရသည်။  ကောမင်ကလည်း ယွင်ဖန်ကို သဘောကျနေသောကြောင့် ဟုန်လေ့အတွက် မတရားမှန်း သိသိကြီးနှင့်ကို လျစ်လျှူရှုထားသည်။
ယွင်ဖန်က အမြဲဆိုသလို 'ငါဖြစ်ချင်တဲ့အတိုင်း နင်လုပ်မပေးရင် ကောမင်ကို နင့်အကြောင်းတွေ ပြောပစ်လိုက်မယ်။ ကောမင်က နင့်ကို အရမ်းရွံသွားမှာပဲ။ အနားတောင် ကပ်ခံတော့မှာ မဟုတ်ဘူး' စသဖြင့် ပြောဆိုချိန်းခြောက်လေ့ရှိသည်။
တဖြည်းဖြည်းနဲ့ အရမ်းလွန်လာတဲ့ တနေ့မှာ ဟုန်လေ့က သည်းမခံနိုင်တော့ဘဲ ပေါက်ကွဲလာတော့သည်။ အဆုံးမှာ ယွင်ဖန်နဲ့ စကားများပြီး လှည့်ထွက်အလာတွင် မကျေမနပ် ရန်လိုက်ရှာသော ယွင်ဖန်ရဲ့ နောက်လိုက်ခွေးများကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ကာ ကျောင်း၏ဝရံတာသုံးလွှာပေါ်မှ  ပြုတ်ကျပြီး သေဆုံးခဲ့လေသည်။
ဟုန်လေ့ နှမြောတာက
-သူလုပ်ချင်တာတွေ မလုပ်ခဲ့ရဘူး
- ဇာတ်လိုက်မရဲ့ အရိပ်အောက်က လွတ်ချင်တယ်
- ဇာတ်လိုက်မတို့ တမိသားစုလုံးကို နာကျင်ခံစားစေချင်တယ်
- ကောမင်မဟုတ်ပဲ သူ့ကိုတကယ် စိတ်ရင်းမှန်နဲ့ ချစ်ပေးတဲ့သူနဲ့ ချစ်သူဖြစ်ချင်တယ် ဟူ၍။
'ဟူး တော်တော် သနားစရာကောင်းတာပဲ'
'Host ဒါက ပထမဆုံး Mission မို့ အလွယ်ဆုံးပါ
Good Luck ပါ Host'
ဖေးရဲ့ မျက်လုံးဖွင့်လိုက်တော့
'ဖြန်း'
အားးး Fuck .. ငါခုမှ ရောက်တာလေ
လက်ဝါးတချက် သူ့ပါးပေါ်ကျလာတာကြောင့် ကျွဲမြီးတိုသွားသည် .. ဘယ်ကောင်လဲကွ ... ဩော ... ဇာတ်လိုက်မကိုး
'ရှင်း .. မင်းရဲ့ကြိုဆိုပုံလေး သင်းတယ်နော် .. ဒါပြီးရင် မင်းနဲ့ငါ တွေ့မယ် .. ဟွန်း '
ရှင်း ကတော့ ခိုးရယ်နေသည်။ 
'ဇာတ်ကြောင်းအရပါ Host .. အဲ့တာ ရှင်းနဲ့ မဆိုင်ပါဘူး '
'ခု ငါ ဘယ်အချိန်ကို ရောက်နေတာလဲ'
'ခုက ဇာတ်လိုက်မအလုပ်တွေ ငြင်းပြီး ကတောက်ကဆ ဖြစ်နေတဲ့အချိန်ပါ'
ဩော အဲ့တာကြောင့် ခုနက ဒီမိန်းမရဲ့ အသံတွေ ကြားနေရတာပေါ့။
'အာ့ဆို ခဏနေ ငါသေတော့မှာပေါ့ '
'ဟုတ်ပါတယ် Host'
'စောစောပို့လိုက်တော့ မင်းအမေလင်ဖြစ်မှာမို့လား System စုတ် #^*+>#~ ' ..
'ရှင်းမှာ အမေရော အမေလင်ရော မရှိပါ'
'ဒီဖေ..' ငါလေ ငါဟဲ့ ... မင်းအမေလင်က'
'......' -_-
'Host က အရမ်းရိုင်းတာပဲ'
'မရိုင်းပဲ နေမလား။ ခုဘေးတင် သေလာတာ။ ခု ပြန်သေခါနီးနေပြီ'
လောလောဆယ် ငါ မသေအောင် ဘယ်လိုလုပ်ရမလဲ။
ဖေးရဲ့က အသားနာတာ မကြိုက်တာကြောင့် ဒေါသအတော်ထွက်သွားမိပြီး စိတ်လွတ်ကာ system ကိုပဲ ဆဲရေးပစ်လိုက်သည်။ ရှေ့က ပွစိပွစိ လုပ်နေတဲ့ မိမဆုံးမ လေးကိုလည်း ဒေါသနဲ့ ကြည့်လိုက်သည်။
"ဟုန်အမှိုက် နင်ကများ ရာရာစစ ငါ့ကို ဒီလိုမျက်လုံးမျိုးနဲ့ လှန်ကြည့်ဝံ့တယ်ပေါ့.. ဒီအလုပ်တွေ ပြီးအောင်လုပ်။ မပြီးရင် ဒီနေ့ နေ့လည်စာ စားစရာမလိုတော့ဘူး "
ပြောပြောဆိုဆို ခုနက ပါးရိုက်ချက်ကြောင့် သတိလွတ်ကာ အောက်သို့လွတ်ကျနေသော ဟုန်လေ့ထမင်းဘူးကို ကန်ထည့်လိုက်သည်။ ထမင်းများ ပွစာကျဲ၍ ရစရာမရှိတော့။
ဖေရဲ့ တဖြစ်လည်း ဟုန်လေ့က ယွင်ဖန်ကို
"ဟက် နင်မလုပ်တတ်ရင် မလုပ်တတ်ကြောင်း ကောမင်ကို သွာပြောလိုက်လေ။ ဟိုကလည်း နင့်ဆို အပြစ်ပြောမှမဟုတ်ပါဘူး။ အမြီးလေးနံ့ပြီး ခေါင်းလေးညိတ်ပြီး ပြီးသွားမှာ။ နင့်အရှုပ်တွေ လိုက်ရှင်းပေးနေရအောင် ငါက နင့်ကျွန်မဟုတ်ဖူး။ ပြီးတော့ နင်လုပ်ထားတဲ့ ကိစ္စ နင့်ဘာသာ ရှင်း"  ထမင်းဘူးကို ညွှန်ပြပြီး ပြောလိုက်သည်။
ရုတ်တရက် ယွင်ဖန် ကြောင်သွားသည် .. ဟုန်လေ့က နဂိုက စကားပြန်ခံပြောဖို့ မပြောနဲ့ သူမကို မျက်လုံးလေးနဲ့တောင် လှန်ကြည့်ဝံ့သူ မဟုတ်။
ဤအခြေအနေကို အခွင့်ကောင်းယူ၍ ဟုန်လေ့ ခပ်မြန်မြန်လစ်တော့သည်။
ဇာတ်လိုက်မရဲ့ နောက်လိုက်ခွေးတွေနဲ့ သူမတွေ့ချင်ဘူးလေ။ မသေချင်သေးဘူး။ သေထားတာမှ မကြာသေးတာ ။ သေတယ်ဆိုတာကြီးက နေလို့ထိုင်လို့ကောင်းတဲ့ကိစ္စ မှ မဟုတ်တာ။
ဟုန်လေ့က နဂိုသွားရမည့် သုံးလွှာအပေါ်ထပ်ကိုမတက်ပဲ အောက်လွှာသို့ ဆင်းခဲ့သည်။ ဇာတ်ကြောင်းအရ ပြုတ်ကျရင်တောင် တလွှာလျော့လျှင် တလွှာစာ အကျသက်သာသည်ဟု တွေးလေသည်။ ဟုန်လေ့က ဇောနဲ့ မြန်မြန်လျှောက်နေတာမို့ ရုတ်တရက် လှေကားကွေ့မှာ တက်လာတဲ့လူနဲ့ မရှောင်နိုင်တော့ပဲ ..
အားးး .... ပြုတ်ကျမှာပဲလားဟ။
သေတော့မှာလား ... ။
ဟင် မနာဘူးဟ။
သူ့ခါးကို ထိန်းကိုင်ပေးထားသော လက်တဖက် ။
ကြောက်ပြီး ဇွတ်မှိတ်ထားသောမျက်စိကို ဖြေးဖြေးချင်းဖွင့်ကြည့်မိသည်။
ကြယ်သီးနှစ်လုံးဖြုတ်ထားသော ရှပ်အဖြူရောင်။
ပြီးတော့ ရင်ခွင်ကျယ်ကြီးတခု။
တဖြည်းဖြည်းမော့ကြည့်မိတော့
ဝဲကျနေတဲ့ ဆံပင်များနဲ့ လိုက်ဖက်ညီလှစွာ မေးချွန်ချွန်နဲ့ နှုတ်ခမ်းရဲရဲလေး။
ဒုတ် ဒုတ် ဒုတ် ..
ရင်တွေအရမ်းခုန်နေပါလား ...
ငါလေး အရမ်းများ လန့်သွားလို့များလား .. ။
တံတွေးကို အသံမြည်သည်အထိ မျိုချမိလိုက်သည်။
🟥🟥🟥🟥🟥🟥🟥🟥🟥🟥
ဒါဖြင့် သူကရော ???
ဟုန်လေ့ နှမြောတာက
Good Luck ပါ Host'
'ဖြန်း'
'ဟုတ်ပါတယ် Host'
'......' -_-
'မရိုင်းပဲ နေမလား။ ခုဘေးတင် သေလာတာ။ ခု ပြန်သေခါနီးနေပြီ'
သေတော့မှာလား ... ။
ဟင် မနာဘူးဟ။
ဒုတ် ဒုတ် ဒုတ် ..
Fortsett å les
You'll Also Like
87K 14.2K 148
💥New BL Coming Soon Title- Don't Discriminate Against Species Description ဖူလီက လောကကြီးကို မမြင်တွေ့ဖူးသော ကျေးလက်ဒေသမှ မိစ္ဆာလေးတစ်ယောက်ဖြစ်ခဲ့သ...
625K 21.7K 52
Story ကလောင်ရမယ် toxic family case ပါတာကြောင့် အရင်ဆုံးကြိုသတိပေးတာပါ၊ဒါကိုလက်ခံနိုင်မှ ဖတ်ပါနော် ,mature on ထားသေးပါတယ်ရှငိ့၊ female lead က strong ဖ...
329K 15.1K 39
ချစ်ခြင်းမေတ္တာဆိုတာ ဘာလဲလို့ မေးရင် ​​​​မြတ်နိုးရသူရဲ့ လက်လေးကို ဆုပ်ကိုင်ထားခြင်းလို့ ကျွန်တော် ဖြေမယ် ဒါပေမယ့် ထိုလူသားရဲ့ လက်ထဲမှာ ဓားတစ်လက်ရှိန...
1.3M 35.7K 60
ယော.. ကျွန်တော်ကလူတော်..ဒါပေမယ့် လူကောင်းမဟုတ်ဘူး။ စာရေးသူ၏ စိတ်ကူးယဥ်မှုဖြင့် ရေးသောကြောင့် အပြင်လောကနှင့်ကွဲပြားနိုင်သည်ကို သတိချပ်ပေးစေလိုပါသည်။ လ...