KristSingto Memo Story💕 [Z/U]

By SingKit_Phoo

8.7K 576 19

U can read Krist Singto fan fic story enjoy my fic💚 More

[All about Storys]
မ​ပြောင်းလဲ​သော.. Part_1
မ​ပြောင်းလဲ​သော.. Part_2
မ​ပြောင်းလဲ​သော.. Part_3
မ​ပြောင်းလဲ​သော..Part_4
မ​ပြောင်းလဲ​သော..Part_5 Final
နှောင်​ကြိုးဖွဲ့သံ​ယောဇဉ်​...Part_1
နှောင်​ကြိုးဖွဲ့သံ​ယောဇဉ်​...Part_2
နှောင်​ကြိုးဖွဲ့သံ​ယောဇဉ်​...Part_3
နှောင်​ကြိုးဖွဲ့သံ​ယောဇဉ်​...Part_4
နှောင်ကြိုးဖွဲ့သံယောဇဉ်...Extra_1
နှောင်ကြိုးဖွဲ့သံယောဇဉ်...Extra_2 End
First Love Part_2
First Love Part_3
First Love Part_4 Final

First Love Part_1

538 24 0
By SingKit_Phoo

First Love  Part_1

(Zawgyi)

ဆောင်းဉီးနေ့အစပိုင်းကစပြီး သူ့ရင်ထဲအချစ်ဆိုတာရောက်လာခဲ့၏..အချစ်ဉီး..အချစ်ဉီးလို့ဆိုလို့ရပေမဲ့ သူ့ရဲ့အချစ်ဉီးကတော့ သူများတွေလို လွမ်းတမောမောပြောပြနေစရာမလို..အင်း သူ့အချစ်တွေက သူ့အတွက်သာမက သူ့ပတ်ဝန်းကျင်အတွက်ပါ ဖြစ်နိုင်ဖွယ်မရှိ..သူချစ်မိခဲ့သည့် အချစ်ဉီးက...။

"Kit..Kit.."












"နေ..နေအုန်းလေ..Kit..Kit.."





❤️❤️❤️❤️❤️❤️

"P'sing..P'sing..P'sing.."





"Krup.."


တက္ကသိုလ်ပထမနှစ်အစ....


"Krup.."






"Hello.."

"Hello..Kit..ကိုယ်..လာ.."


"Hello..Kit..Kit.."





❤️❤️❤️❤️❤️❤️❤️

"Kit..Kit.."




"Kit..ကိုယ်လာအိပ်မလို့.."



"ဒါပေမဲ့.."






"အိမ်ပေါ်လေ..Kit.."

"အိမ်ပေါ်..ဘာလို့လဲ.."



"ဗျာ..Maeက.."



"ဒါပေမဲ့အန်တီက.."


"Kit.."








"P'singပြန်တော့ဆို.."


"P'sing..P'sing..."



"P'sing..မရ.."






"Kit.."

သူ့ကိုကြည့်ကာပြောနေသည့်Kitရဲ့စကားတွေကဘာတွေလဲ..သိသိသာသာပြောင်းလဲခဲ့သည့်အရင်ကအကြောင်းတွေကဘာတြွေဖစ်မလဲ..အခုKitကဘာလို့မကြောက်တတ်တော့တာလဲ..။













First Love  Part_1

(Uni)

ဆောင်းဦးနေ့အစပိုင်းကစပြီး သူ့ရင်ထဲအချစ်ဆိုတာရောက်လာခဲ့၏..အချစ်ဦး..အချစ်ဦးလို့ဆိုလို့ရပေမဲ့ သူ့ရဲ့အချစ်ဦးကတော့ သူများတွေလို လွမ်းတမောမောပြောပြနေစရာမလို..အင်း သူ့အချစ်တွေက သူ့အတွက်သာမက သူ့ပတ်၀န်းကျင်အတွက်ပါ ဖြစ်နိုင်ဖွယ်မရှိ..သူချစ်မိခဲ့သည့် အချစ်ဦးက...။

"Kit..Kit.."

ခြံရှေ့ကနေအော်ခေါ်နေသည့် P'Singကြောင့် သူ ချက်ခြင်းအိပ်ခန်းထဲကထကာခြံရှေ့ကိုထွက်လာလိုက်သည်...။

"P'sing..ဘာကိစ္စရှိလို့လဲ.."

"Kit..အန်တီတို့နယ်ဘက်ခရီးထွက်သွားတယ်ဆို.."

"အင်းလေ..ဒီမနက်ကပဲ..ဘာဖြစ်လို့လဲ.."

"ဘာလို့ကိုယ့်ကိုမပြောတာလဲ.."

"ဘာလို့ကျတော်ကပြောရမှာလဲ..Maeတို့Porတို့နယ်ဘက်သွားတယ်ဆိုတာပုံမှန်ပဲလေ.."

"Kit..အဲ့တာဆိုအခုတစ်ယောက်တည်းပေါ့..ဟုတ်လား.."

"အင်းလေ..ကျတော်တစ်ယောက်တစ်ယောက်တည်းပေါ့..P'singဘာတွေလာပြောနေတာလဲ..."

ထူးဆန်းသည့်စကားတွေမို့..သူ့စိတ်တွေညစ်ချင်လာသည်..Maeနဲ့Porကအရင်လည်းဒီလိုသွားနေကြ..ပြီးတော့သူလည်းအမြဲတစ်ယောက်တည်းနေနေကျ..ဒါကိုအထူးအဆန်းလိုလာပြောနေသည့်P'sing..ပြီးတော့ P'singပုံစံကတစ်မျိုး..။

"Kit..ကိုယ့်ကိုအိမ်ထဲပေးမ၀င်တော့ဘူးလား.."

"ပြောစရာမှမရှိတော့တာကို..၀င်အုန်းမလို့လား..ကျတော်စာလုပ်ရအုန်းမယ်..ကျတော်သွားတော့မယ်.."

"နေ..နေအုန်းလေ..Kit..Kit.."

သူ့ရှေ့ကထွက်သွားသည့်Kitကိုကြည့်ပြီးသက်ပြင်းချလိုက်သည်...။

တစ်ဖြေးဖြေးစိမ်းသက်လာသည့်စကားတွေ..အပြုအမူတွေက သူသိခဲ့သည့်Kitနှင့်လားလားမှမတူ..သူသိသည့်Kitဆိုတာ..အပြုံးချိုလေးနဲ့သူ့ကိုအမြဲဆိုးချင်နေသည့် ကောင်လေးတစ်ယောက်..သူ့နားအမြဲတမ်းကပ်ချင်နေသည့်ကောင်လေးတစ်ယောက်..။

အခုKitက..လူကြီးဆန်ကာ သူ့ကို အမြဲသူစိမ်းဆန်သည့်စကားတွေချည်းရွေးပြောသည်..သူစိမ်းဆန်သည့်အပြုအမူတွေကိုသာရွေးလုပ်နေသလို..အခုလည်း သူ့ကို ခြံထဲတောင်ပေးမ၀င်သည့်ကောင်လေးက သူစိမ်းဆန်စွာပင် သူ့ကိုထားသွားခဲ့ပြန်ပြီ...။

သူ အရင်ကကောင်လေးကိုသတိရသည်...။

❤️❤️❤️❤️❤️❤️

"P'sing..P'sing..P'sing.."

တစ်မနက်လုံးတတ်ကြွနေသည့်Kitကနောက်နေ့ကစပြီး တက္ကသိုလ်မြည်သည့် ကျောင်းကိုစတတ်ရတော့မည်မို့ ဒီနေ့ကတည်းကတတ်ကြွနေသည်..။

"P'sing..ကျတော်သူငယ်ချင်းတွေအများကြီးထားမယ်သိလား.."

အတွေးနဲ့တင်ပျော်နေသည့်ကောင်လေးကသူငယ်ချင်းတွေကိုခင်တွယ်သည်..လူချစ်လူခင်ပေါသည့်ကောင်လေးမို့ ကျောင်း၀န်းထဲလည်း သူငယ်ချင်းများမှာအမှန်ပင်...သူ့ရှေ့ကကောင်လေးကိုကြည့်ရင်း သူပါလိုက်ပြုံးလိုက်သည်...။

"Kit..မနက်ဖြန်ကိုယ်လိုက်ပို့မယ်နော်.."

"Krup.."

ပြုံးပျော်နေသည့်ကောင်လေးကတတ်ကြွကာပျော်နေသည်..သူလည်း..သူလည်းKitကိုကြည့်ပြီးပျော်ရသည်..Kitရဲ့အပျော်တွေကသူ့ဆီတစ်စတစ်စနဲ့ရောက်လာခဲ့သလို..ဒီကောင်လေးပျော်နေရင်ကိုသူ အလိုလိုစိတ်ချမ်းသာနေခဲ့တာ..။

တက္ကသိုလ်ပထမနှစ်အစ....

"Kit..ကိုယ်ညနေလာကြိုမယ်နော်.."

"Krup.."

သူ့ကိုနှုတ်ဆက်ကာပြေးဆင်းသွားသည့်Kitကိုကြည့်ရင်းသူပြုံးလိုက်သည်..။

"အင်း..ညနေရောက်မှ ပထမနှစ်အတွေ့ကြုံကိုမေးရမယ်.."

ညနေကျောင်းဆင်းမည့်အချိန်ကိုဖုန်းဆက်လိုက်တော့ ကိုင်သူမရှိသည့်ဖုန်းကတတီတီ..။

"ဒီကောင်လေးဘာလို့ဖုန်းမကိုင်တာလဲ.."

သူကလာကြိုဖို့အဆင်သင့်ဖြစ်နေပေမဲ့ ကိုင်သူမရှိသည့်ဖုန်းကြောင့် ဘာဆက်လုပ်ရမလဲမသိ..။

"Hello.."

"Hello..Kit..ကိုယ်..လာ.."

"အာ..P'singလာမကြိုနဲ့တော့ ကျတော်သူငယ်ချင်းတွေနဲ့အပြင်လိုက်သွားမလို့..ဒါပဲနော်.."

"Hello..Kit..Kit.."

ချသွားသည့်ဖုန်းကိုမှီအောင်ခေါ်လိုက်ပေမဲ့ မရလိုက်..စိတ်ထဲဖြစ်သွားသည့် ခံစားချက်က သူ့စိတ်ကို ညည်းညူသွားသလို..။

ကျောင်းတတ်တာတစ်ရက်လောက်ပဲရှိသေးသည့်ကောင်လေးက သူငယ်ချင်းတွေတောင်ရနေပြီလား..။

ပထမတော့ ချစ်မွှေးပါသည့်ကောင်လေးမို့..သူငယ်ချင်းတွေရမှာအမှန်သိပေမဲ့..အခုလိုသူငယ်ချင်းတွေကြောင့်သူ့ကိုအလေးမထားတော့မှာတော့...။

Kit..တကယ်ပဲအဲ့နေ့ကစပြီး..သူ့ကိုစပြီးစိမ်းကားလာခဲ့သည်ဟုသူထင်သည်...။

❤️❤️❤️❤️❤️❤️❤️

"Kit..Kit.."

ညက၁၀နာရီတိတိ..စာလုပ်နေရင်းကြားလိုက်ရသည့်P'singအသံကြောင့်သူသက်ပြင်းချလိုက်သည်..မိုးချုပ်နေပြီလေ..သူကဘာလာလုပ်ပြန်ပြီလဲ...။

"P'sing..မိုးချုပ်နေပြီလေ..ဘာလာလုပ်တာလဲ.."

ခြံတံခါးရှေ့ရပ်ကာသူ့ကိုကြည့်နေသည့်P'singကိုကြည့်ကာမေးလိုက်သည်..တကယ်အခုတလောP'singဘာဖြစ်နေတာလဲ..။

"Kit..ကိုယ်လာအိပ်မလို့.."

"ဗျာ..လာအိပ်မယ်..ဘာလို့လဲ.."

"စကားနောက်မှပြော..တံခါးအရင်ဖွင့်.."

"ဒါပေမဲ့.."

"ဒါပေမဲ့လုပ်မနေနဲ့..အရင်ဖွင့်.."

Kitတံခါးကိုဖွင့်ပေးလိုက်သည်..မြန်မြန်စကားပြောပြီးပြန်လွှတ်ရမည်..ခြံချင်းကပ်ရပ်ဆိုပေမဲ့..အခုလိုမိုးချုပ်စကားပြောနေတာတော့မသင့်တော်လောက်ဘူး..ဇီဇာကြောင်တယ်လို့ထင်ချင်ထင်ပါစေ..သူအဲ့လိုအမြင်မခံနိုင်ဘူး..။

"ကဲ..ပြောP'sing..မိုးလည်းချုပ်နေပြီကို.."

တံခါးဖွင့်ပေးလိုက်တော့..အထဲထဲ၀င်ကာအိမ်ပေါ်လှမ်းရန်ပြင်လိုက်သည့်P'singကြောင့် သူလန့်သွားသည်..။

"P'sing..အဲ့တာဘယ်သွားမလို့လဲ.."

"အိမ်ပေါ်လေ..Kit.."

"အိမ်ပေါ်..ဘာလို့လဲ.."

သူ့ရှေ့လာရပ်သည့်Kitကိုကြည့်ရင်းပြုံးလိုက်သည်..။

"အန်တီကKitနဲ့သွားအိပ်ပေးလိုက်ပါဆိုလို့လေ.."

"ဗျာ..Maeက.."

"အင်း..ကိုယ်အပေါ်တတ်တော့မယ်.."

"နေအုန်းP'sing..ကျတော်တစ်ယောက်တည်းဖြစ်တယ်..အဲ့တာကြောင့်P'singလာအိပ်ပေးဖို့မလိုဘူး.."

"ဒါပေမဲ့အန်တီက.."

"ကျတော်Maeကိုဖုန်းဆက်လိုက်မယ်..P'singပြန်လိုက်နော်.."

"Kit.."

သူ့ရှေ့ကထွက်သွားသည့်Kitလက်ကိုလှမ်းဆွဲလိုက်သည်..ဘာတွေရဲ့တွန်းအားကြောင့်လဲမသိပေမဲ့..သူမပြန်ချင်..။

"Kit..ဘာဖြစ်နေတာလဲ..ကိုယ့်ကိုရှောင်နေတာလား.."

"P'singဘာတွေလာပြောနေတာလဲ..ရှောင်တယ်..ဘာကိုရှောင်တာလဲ.."

Kitလှမ်းလက်စ​ခြေလှမ်းကိုရပ်လိုက်ပြီးP'singကိုကြည့်လိုက်သည်..။

"Kit..ကိုယ်မသိဘူးထင်နေလား..လွန်ခဲ့တဲ့နှစ်တွေကစပြီးမင်းကိုယ့်ကိုရှောင်နေခဲ့တာ.."

"ဘာတွေလာပြောနေတာလဲP'sing..ကျတော်စာလုပ်ရအုန်းမှာမို့လို့..အထဲ၀င်တော့မယ်.."

အိမ်ထဲ၀င်ရန်လှမ်းလိုက်သည့်Kitကိုကျော်ပြီးသူအခန်းထဲခပ်သွက်သွက်၀င်လိုက်သည်..။

"P'singပြန်တော့ဆို.."

သူ့နောက်ကလိုက်လာသည့်Kitကိုမသိချင်ယောင်ဆောင်ပြီး Kitအိပ်ခန်းထဲ၀င်လာလိုက်သည်..။

"P'sing..P'sing..."

"Kit..ကိုယ်ဒီမှာပဲအိပ်မယ်နော်.."

သူကုတင်ဘေးနေရာကိုထိုင်လိုက်ရင်းပြောလိုက်သည်..။

"P'sing..မရ.."

"အန်တီကဖုန်းဆက်တယ်..သူ့သားလေးနဲ့အတူအိပ်ပေးပါတဲ့..သူ့သားလေးကညဘက်ကြောက်တတ်တယ်တဲ့..အဲ့တာကြောင့်ကိုယ်လာခဲ့တာ..မယုံရင်အန်တီကိုဖုန်းဆက်ကြည့်.."

"ဆက်စရာမလိုပါဘူး..ကျတော်တစ်ယောက်တည်းနေရဲပါတယ်..P'singပြန်ချင်ပြန်လို့ရပါတယ်.."

"ဟုတ်လား..အရင်ကညဘက်ကြောက်တတ်တာဘယ်ကောင်လေးပါလိမ့်..Kit..ဘယ်ကောင်လေးပါလိမ့်နော်.."

သူ့ကိုစောင်းပြောကာပြုံးစိစိဖြစ်နေသည့်P'singကိုကြည့်လိုက်ပြီးပြုံးလိုက်သည်..။

"အရင်က..အရင်ကတော့ Kitဆိုတဲ့ကောင်လေးက ကြောက်တတ်ရင်ကြောက်မယ်..အခုKitကမကြောက်တတ်တော့ဘူးP'sing..အဟား..P'singပြောသလိုလွန်ခဲ့တဲ့နှစ်တွေကစပြီးလို့ပေါ့.."

"Kit.."

သူ့ကိုကြည့်ကာပြောနေသည့်Kitရဲ့စကားတွေကဘာတွေလဲ..သိသိသာသာပြောင်းလဲခဲ့သည့်အရင်ကအကြောင်းတွေကဘာတွေဖြစ်မလဲ..အခုKitကဘာလို့မကြောက်တတ်တော့တာလဲ..။

"P'sing..အိပ်မယ်ဆိုအိပ်ပေါ့..ကျတော်အိပ်တော့မယ်..မနက်အစောအတန်းရှိလို့ ကျတော်စောစောထရမယ်..ကျတော်အိပ်တော့မယ်နော်.."

သူ့ကိုမကြည့်ဘဲကုတင်ပေါ်တတ်ကာတစ်ဖက်လှည့်သွားသည့်Kitကိုကြည့်ပြီး..သူ သက်ပြင်းချလိုက်သည်..။

တကယ်ပဲ ဘာတွေကKitကိုပြောင်းလဲစေတာလဲ..။




Continue Reading

You'll Also Like

1.3M 51.4K 55
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
1.1M 19K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
11.2K 585 13
B³ Fan Fiction Start - July 12th 2020 End -
434 55 9
2023.4.21တွင်စတင်ရေးသားသည် Supernatural seriesထဲကအချက်အလတ်အချို့အားလေ့လာရေးသားသည်။