KristSingto Memo Story๐Ÿ’• [Z/U]

By SingKit_Phoo

8.7K 576 19

U can read Krist Singto fan fic story enjoy my fic๐Ÿ’š More

[All about Storys]
แ€™โ€‹แ€•แ€ผแ€ฑแ€ฌแ€„แ€บแ€ธแ€œแ€ฒโ€‹แ€žแ€ฑแ€ฌ.. Part_1
แ€™โ€‹แ€•แ€ผแ€ฑแ€ฌแ€„แ€บแ€ธแ€œแ€ฒโ€‹แ€žแ€ฑแ€ฌ.. Part_2
แ€™โ€‹แ€•แ€ผแ€ฑแ€ฌแ€„แ€บแ€ธแ€œแ€ฒโ€‹แ€žแ€ฑแ€ฌ..Part_4
แ€™โ€‹แ€•แ€ผแ€ฑแ€ฌแ€„แ€บแ€ธแ€œแ€ฒโ€‹แ€žแ€ฑแ€ฌ..Part_5 Final
แ€”แ€พแ€ฑแ€ฌแ€„แ€บโ€‹แ€€แ€ผแ€ญแ€ฏแ€ธแ€–แ€ฝแ€ฒแ€ทแ€žแ€ถโ€‹แ€šแ€ฑแ€ฌแ€‡แ€‰แ€บโ€‹...Part_1
แ€”แ€พแ€ฑแ€ฌแ€„แ€บโ€‹แ€€แ€ผแ€ญแ€ฏแ€ธแ€–แ€ฝแ€ฒแ€ทแ€žแ€ถโ€‹แ€šแ€ฑแ€ฌแ€‡แ€‰แ€บโ€‹...Part_2
แ€”แ€พแ€ฑแ€ฌแ€„แ€บโ€‹แ€€แ€ผแ€ญแ€ฏแ€ธแ€–แ€ฝแ€ฒแ€ทแ€žแ€ถโ€‹แ€šแ€ฑแ€ฌแ€‡แ€‰แ€บโ€‹...Part_3
แ€”แ€พแ€ฑแ€ฌแ€„แ€บโ€‹แ€€แ€ผแ€ญแ€ฏแ€ธแ€–แ€ฝแ€ฒแ€ทแ€žแ€ถโ€‹แ€šแ€ฑแ€ฌแ€‡แ€‰แ€บโ€‹...Part_4
แ€”แ€พแ€ฑแ€ฌแ€„แ€บแ€€แ€ผแ€ญแ€ฏแ€ธแ€–แ€ฝแ€ฒแ€ทแ€žแ€ถแ€šแ€ฑแ€ฌแ€‡แ€‰แ€บ...Extra_1
แ€”แ€พแ€ฑแ€ฌแ€„แ€บแ€€แ€ผแ€ญแ€ฏแ€ธแ€–แ€ฝแ€ฒแ€ทแ€žแ€ถแ€šแ€ฑแ€ฌแ€‡แ€‰แ€บ...Extra_2 End
First Love Part_1
First Love Part_2
First Love Part_3
First Love Part_4 Final

แ€™โ€‹แ€•แ€ผแ€ฑแ€ฌแ€„แ€บแ€ธแ€œแ€ฒโ€‹แ€žแ€ฑแ€ฌ.. Part_3

394 40 1
By SingKit_Phoo

မ​ပြောင်းလဲ​သော.. Part_3

(Zawgyi)










"​ဒေါက်​ဒေါက်​.."





























~
~
~
~

bar​တြွေပန်​သွားတာ..အရက်​ပြန်​သောက်​တာ..​နောက်​ဆုံး​ကောင်​မ​လေးနဲ့တွဲခဲ့တဲ့အထိလုပ်​ပြခဲ့တယ်..ဒါ​ပေမဲ့ Kitက သူ့ကို ဂရုကိုမစိုက်​တာ..သူဘာလုပ်​လုပ်​လွှတ်​ထားတယ်​..ဂရုစိုက်​တယ်​ဆိုတာ တစ်​ခါမှ မရှိခဲ့ဘူး..တစ်ခါတစ်လေမှားပြီလားလို့​တွေးမိ​လောက်​တဲ့အထိ Kitက တည်​ငြိမ်​လွန်းတယ်​...။


"တီတီ တီတီ.."


"ဟဲလို.."





"ဟင်​.."





သူအဝတ်​စားလဲပြီး အိမ်​အပြင်​ကိုထွက်​ခဲ့လိုက်​တော့..တွေ့တြွေခင်းသူ့ကို တ​မေ့တ​မောကြည့်​နေတဲ့P'Sing..ကြောင့် စိတ်က ပိုတိုလာတယ်..။






"ဘယ်​သွားမှာလဲ.."

"ရောက်ရင်သိလိမ့်မယ်.."

"​ရောက်​ပြီ.."


"ဟင်​..ဖိုးဖိုးခြံ.."






"ဖိုးဖိုး..ကျ​တော်​လာတယ်​.."










(ဆက်​ရန်​)





မ​ပြောင်းလဲ​သော.. Part_3

(Uni)

သူP'Singနားကပြေးထွက်လာခဲ့တယ်..ဒီအခြေနေကိုသူနားမလည်တော့ဘူး...P'Sinngဘာလို့အဲ့လိုလုပ်ရတာလဲ..သူ့အတွက်ကတော့P'Singက အစ်ကို တစ်ယောက်ထက်ပိုတယ်ဆိုတာဝန်ခံပေမဲ့P'Singအတွက်ကျတော့ သူက ဘာလဲ...ဘာပဲဖြစ်ဖြစ်ပါP'Singအတွက်သူက P'အတွက်တော့ညီတစ်ယောက်တဲ့ပိုလို့ မရတဲ့လူတစ်ယောက်ပဲ..။

P'Singကိုစိတ်ဝင်စားတဲ့အချိန်ကစပြီး ကိုယ့်ကိုကိုယ်လက်ခံနိုင်ပေမဲ့သူ့ကိုတော့ယောကျာ်းချင်းသဘောကျတဲ့လူတစ်ယောက်အဖြစ်မခံနိုင်ဘူး...P'Singလိုအရာရာပြည့်စုံတဲ့လူကို ရွေးချယ်မဲ့ ကောင်မလေးတွေတစ်ပုံကြီးပဲလေ..။

သူကား​မောင်း​နေရင်း မျက်​ရည်​စီးကျ​နေခဲ့တယ်​..စာချုပ်​ကိစ္စရှိ​သေးတာ​ကြောင့်​အတတ်​နိုင်​ဆုံး​ရှောင်​မယ်​လို့သာဆုံးဖြတ်​ခဲ့တယ်​..။

"ကျ​တော့်​ကိုစိတ်​ယိုင်​အောင်​ထပ်​မလုပ်​ပါနဲ့​တော့P'Sing.."

သူ​P'Singကိုအတတ်​နိုင်​ဆုံး​ရှောင်​ခဲ့တယ်​..ပါတီပွဲပြီးတည်းက​ပေါ့..ဒါ​ပေမယ့်​အလုပ်​ကိစ္စကို​တော့ အလစ်​ဟင်းမခံဘူး..အလုပ်​ကသူ့ဘဝ​လေ..ကျောင်းမပြီးခင်​တည်းက parကိုဝင်​ကူရင်းနဲ့..လုပ်​ခဲ့ရတဲ့အလုပ်​..သူ့ဘဝတစ်​ခုလုံးအလုပ်​အတွက်​ပဲနှစ်​ထားခဲ့တာ..P'Singအ​ပေါ်ထားခဲ့စိတ်​ကို​တောင်​ချိုးနှိမ်​ပြီးအလုပ်​ပေါ် သူ့ဘဝတစ်ခုလုံးပုံ​အောခဲ့ရတာ..။

စီးပွား​ရေး​လောက ဆိုတာ တကယ်​တော့ လည်​သူစား​ကြေးပါ..ကိုယ်ကြိုးစားရင်​ကြိုးစားသ​လောက်​ဖြစ်​နိုင်​ပေမဲ့ တစ်​ခါတ​လေ ဥာဏ်​ကစားရတဲ့အခါ​တွေလည်းရှိတယ်​..။

သူတို့ကုမ္မဏီ..အခုလို နာမည်​ရလာတာလဲpar ရဲ့မိတ်​ဆွေ​တွေကောင်းမှု..သူ့ရဲ့ကြိုးစားမှု ဝန်​ထမ်း​တွေရဲ့ကြိုးစားမှု​တွေ​ကြောင့်​..ခုဆို P'Singနဲ့စာချုပ်​ကလည်းပြည့်​တော့မယ်​..။

P'Singကလည်း အရင်​ကထက်​စာရင်​ပိုပြီးနာမည်​ရလာပြီ​..ဒါ​ကြောင့်​စာချုပ်​ကို ထပ်​မချုပ်​ဖို့ဆုံးဖြတ်​ထားတယ်​..စာချုပ်​ပြည့်​ဖို့ကလည်း မလို​တော့တာ​ကြောင့်​နည်းနည်း​လောက်​ရှောင်​ရင်​ရပါပြီ..လို့သာ သူစဥ်းစားထားခဲ့သည်..။

"ဟူး P'Sing..ကျ​တော်​ပင်​ပန်း​နေပြီဗျာ..ကျ​တော်​အရင်​အချိန်တွေပဲပြန်​လိုချင်​မိတယ်​..ခဗျား​ကျောင်းလာတာကိုကြည့်​နေရတဲ့အချိန်​တွေ..ခဗျားရယ်​ရင်​ကျ​တော်​ပါ​ရောပြီး ရယ်​မိတဲ့အချိန်​တွေ..ခဗျား ဝမ်းနည်း​နေရင်​ကျ​တော်​ပါလိုက်​ပြီး ငိုခဲ့ရတဲ့အချိန်​တွေကို..ကျ​တော်​လွမ်းတယ်​.."

"​ဒေါက်​ဒေါက်​.."

"ဝင်​ခဲ့​လေ..တံခါးဖွင့်​ထားတယ်​.."

သူပြောလိုက်​တော့..တံခါးကိုဖွင့်​ပြီးဝင်​လာတဲ့သူ..P'Sing..။

"P'Sing ဘာကိစ္စရှိလို့လဲ.."

"ကိုယ်က ကိစ္စရှိမှ လာရမှာလားKit.."

P'Singအကြည့်​က တစ်​ခုခုကို​ပြောချင်​နေမှန်းသိသာ​နေခဲ့တယ်..။

"P'Sing..​ပြောစရာရှိရင်​..​ပြောပါ..ကျ​တော်​အပြင်​သွားစရာရှိတယ်​.."

"ဟုတ်​လား..အ​တော်​ပဲ..ကိုယ်လည်းအလုပ်​အား​နေတာနဲ့..ကိုယ်ပါလိုက်​ခဲ့မယ်​.."

သူ့ကို​ရှောင်​ချင်​လို့​ပြောလိုက်​ပါတယ်​ဆိုမှ..။

"ကျစ်​စ်​..ခဗျား​တော်​တော်​အား​နေရင်​လည်း..ဒီမှာဝိုင်းလုပ်​ပြီး​နေခဲ့.."

စိတ်​တိုတိုနဲ့ အင်္ကျီ ဆွဲကာ ထလိုက်​သည်..။

"​နေအုန်း Kit..မင်းဘယ်​လောက်​ရှောင်​ရှောင်​..မင်းက Kiဆိုတာကိုသိပြီးပြီ..မင်းလွန်​ခဲ့တဲ့သုံးနှစ်​က မသွားချင်​ပဲသွားဖို့ဆုံးဖြတ်​ခဲ့တဲ့​ကျောင်းသွားတတ်​တဲ့ကိစ္စ..ပြီး​တော့ ကိုယ့်ကို​နောက်​ဆုံးအ​နေနဲ့ မင်း လာနှုတ်​ဆက်​ဖို့ကြိုးစားခဲ့တယ်​ဆိုတာ..မင်းPar​ပြောပြလို့ ကိုအားလုံးသိပြီးပြီ..မင်း ဒီထက်​ဟန်​ဆောင်​ဖို့မလိုဘူးဆိုတာ ကိုယ်လာ​ပြောတာ..ကိုယ်သွားပြီ.."

ပြောချင်ရာပြောပြီးပြီး ထွက်​သွားတဲ့ P'Singကိုကြည့်ပြီး သက်ပြင်းချလိုက်သည်...။

တံခါးနား​ရောက်​မှ သူ့ကိုပြန်​လှည့်​ကြည့်​လိုက်သည့် P'Singကြောင့် သူအသက်အောင့်လိုက်သည်..။

"​အော်​..ကို​ယ်ပြောဖို့​မေ့​နေတယ်​..ကိုယ်မင်းကို ပါတီမှာ နမ်းခဲ့တယ်​ဆိုတာ မူး​နေလို့မဟုတ်​ဘူး​နော်​..မင်းအ​ပေါ်ထူးခြားတဲ့ ခံစားချက်​ရှိ​နေလို့..ဒါ​ကြောင့်​မင်းဒီထက်​ပိုပြီး​ရှောင်​ဖို့မကြိုးစားနဲ့..ကြိုးစားရင်​နမ်းတာထက်​ပိုဆိုးသွားမယ်​..မင်းအသိဆုံးမဟုတ်​လား..ကို​ယ်ကျောင်းတုန်းက ဘယ်​လောက်​ဆိုးတယ်​ဆိုတာ.."

မျက်​လုံးမှိတ်​ပြကာ ပြုံးပြီးထွက်​သွားတဲ့P'Singကြောင့်ခုံမှာပြန်​ထိုင်​ကာ..သက်​ပြင်းအရှည်​ကြီးသာ ချလိုက်​မိတယ်​..။

အခန်းပြင်​ကထွက်​ပြီး ကားထဲ​ရောက်​သွားတဲ့လူတစ်​ယောက်​က​တော့..

"Krist..ကိုယ်မင်းကိုလက်​မလွှတ်​နိုင်​တော့ဘူး.."

သူတိုးတိုး​လေး​ရေရွတ်​ရင်း Kit အိမ်​ကိုသွားခဲ့တဲ့အချိန်​ကိုပြန်​စဉ်းစားလိုက်​တယ်​..

Krist သူ့ကို​ရှောင်​နေခဲ့တယ်​ဆိုတာ သူသိတယ်​..
သူကိုယ်တိုင်လည်း သူ့ခံစားချက်အမှန်ကိုမသိ​ဘူး...အသံတိတ်​ဖို့ သူ့နှတ်​ခမ်းကိုထိရုံသာထိလိုက်​ပေမဲ့..ဘာလို့ အချိန်​ကြာသွားလည်းမသိလိုက်​ဘူး..နူးညံတယ်​..သူ့နှုတ်​ခမ်း​လေးက..
ကိုယ်​တိုင်​လည်းထိုကောင်လေးတွန်းထုတ်​မှ သတိဝင်​ခဲ့တာ..။

အဲ့​နောက်​ပိုင်း သူ့ကိုရှင်းပြဖို့ကြိုးစား​ပေမဲ့ အ​ရှောင်​ကောင်းတဲ့ကောင်လေးကြောင့်​သူအခွင့်​မသာခဲ့ဘူး..ဒါ​ကြောင့်​Krist အချိန်​ဇယား သိရ​အောင်​လို့ သူ့ par ဆီ​ရောက်​လာခဲ့တယ်​..
သူ​ပြောဖူးတယ်​..သူ့ရဲ့အချိန်​ဇယားကို သူ့parကိုအမြဲတမ်း​ပေးထားတယ်​တဲ့..အ​ကြောင်းတစ်​ခုခုဆို သူရှိမဲ့​နေရာကို သိရ​အောင်​တဲ့​လေ..ဒါကြောင့်သူ နောက်ဆုံး အန်ကယ့်ဆီသွားခဲ့တယ်..။

"ဟော Singto.. ဘာကိစ္စရှိလို့လဲ..သားက ခုချိန်​အလုပ်​မှာ​လေ.."

"ဟုတ်​ကဲ့ အန်​ကယ်​..ကျ​တော်​အန်​ကယ့်​ကို​မေးစရာရှိလို့.."

ခုံမှာဝင်​ထိုင်​လိုက်​ပြီး..kristအ​ကြောင်း​တွေကို​မေး​တော့ အန်​ကယ်​က အကုန်​ပြောပြတယ်​..။

သူဟာ ကျောင်းတုန်းက junior ဆိုတာ​ကော..
သူ့ကိုသိနေတယ်​ဆိုတာ​ကော..​
နောက်​ဆုံးသူ့ကိုလာနှုတ်​ဆက်​တယ်​ဆိုတာက​တော့ အံ့သြ ရဆုံး အချက်​တစ်ခုပဲ..။

ဒါဆို Kitနဲ့သူက တိုက်​ဆိုင်​တာမဟုတ်​ဘူး​ပေါ့..
Kit က သူ့နောက်​ကိုတစ်​ချိန်​လုံးလိုက်​ကြည့်​နေခဲ့တာ​ပေါ့..အဲ့တာ​ကြောင့်​ထင်​တယ်​..​ရေချိုးကာနီး သူ​အေးလွန်းလို့ တုန်​တောင်​တုန်​နေတာ..
အဲ့ထဲက သူရိပ်​မိခဲ့ရမှာ..တကယ်​တော့ ဒါ​တွေအားလုံးက သူ့ကြောင့်​အကုန်ဖြစ်​လာခဲ့တာ​ပေါ့..အကြောင်းစုံသိသွားတော့မှအန်​ကယ့်​ကိုနှုတ်​ဆက်​ပြီ ပြန်​လာခဲ့တယ်​..။

"Krist..အရာရာ အားလုံးအတွက်​ကို​ယ်တောင်းပန်​ပါတယ်​ကွာ..Kit ကသာ ကိုယ့်ကို P'တစ်​ယောက်​လိုသ​ဘောထားနိုင်​ပေမဲ့ ကိုယ်က​တော့Kitကို ညီတစ်​ယောက်​လို သ​ဘောမထားနိုင်​တော့ဘူး..ပါတီကပြန်​ပြီတဲ့အချိန်​ကစပြီးမင်းနဲ့နီးစပ်​ချင်​လာတယ်​Kit..မင်းကိုချစ်​တယ်​..မင်းရဲ့အချစ်​ကို ကိုယ်ရ​အောင်းကြိုးစား​တော့မယ်​..."

ကားကို Kit အလုပ်​နေရာဆီ ဦးတည်​ခဲ့လိုက်​တယ်​..ပြီးတော့ အကုန်လုကို သူသိကြောင်းပြောပြီးထွက်လာခဲ့လိုက်တယ်..။

"ကိုယ့်မှာ နည်းလမ်း​တွေအများကြီးပါ Kit.."

~
~
~
~

သူKitနဲ့နီးနိုင်​မဲ့ နည်း​တွေအကုန်​လုပ်​ခဲ့တယ်​..သူ့ကိုမ​ခေါ်​တော့ဘဲ​ခပ်​တည်​တည်​နေတာ..
bar​တွေပြန်​သွားတာ..အရက်​ပြန်​သောက်​တာ..​နောက်​ဆုံး​ကောင်​မ​လေးနဲ့တွဲခဲ့တဲ့အထိလုပ်​ပြခဲ့တယ်..ဒါ​ပေမဲ့ Kitက သူ့ကို ဂရုကိုမစိုက်​တာ..သူဘာလုပ်​လုပ်​လွှတ်​ထားတယ်​..ဂရုစိုက်​တယ်​ဆိုတာ တစ်​ခါမှ မရှိခဲ့ဘူး..တစ်ခါတစ်လေမှားပြီလားလို့​တွေးမိ​လောက်​တဲ့အထိ Kitက တည်​ငြိမ်​လွန်းတယ်​...။

​နောက်​ဆုံးတစ်​ခုပဲကျန်​တော့တယ်​..အဲ့တာမှ အဆင်​မ​ပြေရင်​သူဘာဆက်​လုပ်​ရမလဲမသိ​တော့ဘူး...။

"တီတီ တီတီ.."

ရုတ်​တရပ်​မြည်​လာတဲ့ဖုန်းကြောင့် သူကိုင်လိုက်သည်..။

"ဟဲလို.."

"Kit..ဒီ​နေ့..အပြင်​သွားမယ်​လိုက်​ခဲ့​ပေး.."

အသံကြားတာနဲ့ တရစပ်​ပြော​နေတဲ့P'Sing..ကို စိတ်ဆိုးချင်လာတယ်..။

"ခဗျား​ကောင်​မ​လေးကို​ခေါ်ပါလား.."

"အင်း​လေ သူ့ကိုပဲလာ​ခေါ်တာ​လေ..ကိုယ်အိမ်​ရှေ့​ရောက်​ပြီ..ထွက်​လာခဲ့.."

"ဟင်​.."

ခြံအပြင်​ကိုထွက်​ကြည့်​လိုက်​တော့..လက်​ရမ်းပြ​နေတဲ့P'Sing..။

"P'Sing..ခဗျား ဘာ​တွေလာ​ပြော​နေတာလဲ..ကျ​တော်​လိုက်​လို့မရဘူး..အိမ်​မှာဘယ်​သူမှမရှိဘူး.."

"သိတယ်​..Kit parနဲ့​ပြောပြီးပြီ..​ခေါ်သွားတဲ့..မယုံရင်​ဖုန်းဆက်​ကြည့်​လိုက်​.."

သူဖုန်းချပြီး Par ကို​ခေါ်လိုက်​တော့ .."လိုက်​သွားလိုက်​ပါတဲ့.."

သူအဝတ်​စားလဲပြီး အိမ်​အပြင်​ကိုထွက်​ခဲ့လိုက်​တော့..တွေ့တွေခြင်းသူ့ကို တ​မေ့တ​မောကြည့်​နေတဲ့P'Sing..ကြောင့် စိတ်က ပိုတိုလာတယ်..။

"ဘာ​တွေကြည့်​နေတာလဲ..မမြင်​ဖူးဘူးလား..."

"အင်း..အရင်​က Kit​လေးကို ထပ်​မြင်​လိုက်​ရလို့.."

အပြင်ဆိုလို့ပေါ့​ပေါ့ပါးပါး ရွေးဝတ်​လာခဲ့တာ..P'Singနဲ့ဆိုတာကို​မေ့သွားတယ်​..။

"​နေအုန်း..ကျ​တော်​သွားပြန်​လဲလိုက်​မယ်​.."

"ဘာလို့လဲမှာလဲ..ဒီတိုင်း​လေးလည်းချစ်​ဖို့​ကောင်းတာကို..လာ.."

"ဘယ်​သွားမှာလဲ.."

"ရောက်ရင်သိလိမ့်မယ်.."

"​ရောက်​ပြီ.."

တော်တော်ကြာမောင်းပြီးတော့P'Singအသံ​ကြောင့်​ ပတ်၀န်းကျင်ကိုကြည့်လိုက်သည်..။

"ဟင်​..ဖိုးဖိုးခြံ.."

"ဟုတ်​တယ်​..ဖိုးဖိုးခြံ..မင်းမရှိတုန်းကို ဖိုးဖိုးဆီအမြဲလာဖြစ်​တယ်​..လာတိုင်းလည်းမင်းအ​ကြောင်းကိုအမြဲ​မေး​ပေမဲ့..ဖိုးဖိုး မ​ပြောပြခဲ့ဘူး..ကိုယ်မင်းကိုသတိရတိုင်းဖိုးဖိုးဆီလာလည်​တယ်​လေ.."

ဖိုးဖိုးခြံက ဘန်​ကောက်​က​နေ တစ်​နာရီခွဲ​လောက်​သွားရတဲ့​နေရာ​လေး မြို့အစွန်​တော့မဟုတ်​ပေမဲ့လည်း တိတ်​ဆိတ်​တဲ့ ရပ်​ကွက်​လေး..။

ဖိုးဖိုးက သူ့ရဲ့တစ်​ဦးတည်း​သောဖိုးဖိုး..ဖိုးဖိုးကို​နောက်​ဆုံး​တွေ့ခဲ့တာက လွန်​ခဲ့တဲ့ သုံးနှစ်​က ဖိုးဖိုး သူ့ကိုအရမ်းချစ်​တယ်​..သူ့မှာဘာအခက်​ခဲပဲရှိရှိ ဖိုးဖိုးဆီလာပြီးရင်​ဖွင့်​လိုက်​တာနဲ့​ပေါ့ပါးသွားတယ်​..။

ဖိုးဖိုးကို P'Sing အ​ကြောင်း​တွေ​ပြောပြထားတာမို့ သူရှိတဲ့​နေရာကို ဖိုးဖိုးက P'Singကို မ​ပြောပြမှန်း သူသိတယ်​..။

ခြံထဲဝင်​လိုက်​တော့..ဖိုးဖိုးလုပ်​နေကြအတိုင်းမြက်​ပင်​လေး​တွေထိုင်​နှုတ်​နေတယ်​..သူဖိုးဖိုးနား​ပြေးသွားပြီး ဖိုးဖိုးကို​နောက်​က​နေဖက်​လိုက်​သည်..။

"ဖိုးဖိုး..ကျ​တော်​လာတယ်​.."

ပြော​နေရင်းဖိုးဖိုးပါးကိုနမ်းလိုက်​တော့ ဖိုးဖိုးကပြုံးပြသည်..။

"အမ​လေး..အချွဲ​လေး..​မြေး​လေးလာမယ်​လို့​မြေးSingဖုန်းဆက်​ထားတယ်​..​မြေးSing​ကောပါလား.."

"ကျ​တော်​ပါတယ်​ဖိုးဖိုး..Kitကိုတစ်​ယောက်​တည်းစိတ်​မချလိုက်​လိုက်​ပို့တာ.."

"ခဗျား​နော်​..စိတ်​မချရ​အောင်​..ကျ​တော်​က ခ​လေးလား.."

"ခ​လေးမဟုတ်​လိုစိုးရိမ်​တာ​ပေါ့..Kit..အဲ့လိုဝတ်​ထားတာ..ဘယ်​သူမဆိုစိတ်​မချဖြစ်​မှာပဲ.."

"ကျ​တော်​ပြန်​လဲမယ်​လို့​ပြော​နေတုန်းက​ပေးလဲလို့လား..ခုမှ အပို​တွေလာ​ပြောမ​နေနဲ့..လာ..ဖိုးဖိုး..ကျ​တော်​ပြောစရာ​တွေအများကြီးရှိတယ်​.."

ဖိုးဖိုးကိုလက်​တွဲပြီးဝင်​သွားတဲ့Kitကိုကြည့်​ကာသူရယ်​လိုက်​မိသည်..။

သူသိနေတယ်​..Kitကဒီမှာဆို..က​လေးတစ်​ယောက်​လိုပဲလေ..။

"ကိုယ်..မင်းကိုအမြဲတမ်းဒီလို​လေးပဲမြင်​ချင်​တယ်​Kit.."

(ဆက်​ရန်​)

Continue Reading

You'll Also Like

8.9K 617 34
My name is build jakapan putta ,I'm 28 years old and graphic designer. I don't believe Love that it isn't needed for me . I'm a simple person becaus...
2.3M 118K 65
โ†ณ โ [ INSANITY ] โž โ” yandere alastor x fem! reader โ”• ๐ˆ๐ง ๐ฐ๐ก๐ข๐œ๐ก, (y/n) dies and for some strange reason, reincarnates as a ...
1.2M 48.2K 53
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...