မောင်အရိုင်း ပန်း(ေမာင္ အရိုင...

由 OwantSung

572K 50.8K 1.8K

အရိုင်းတုံးလေးနှယ် ခက်ပါဘိ။ အရိုင္းတံုးေလးႏွယ္ ခက္ပါဘိ။ 更多

အပိုင်း ၁/အပိုင္း ၁
အပိုင်း၂/အပိုင္း၂
အပိုင္း၃/အပိုင်း ၃
အပိုင်း ၄/အပိုင္း၄
အပိုင္း၅/အပိုင်း၅
အပိုင္း၆/အပိုင်း၆
အပိုင္း၇/အပိုင်း ၇
အပိုင္း၈/အပိုင်း ၈
အပိုင္း၉/အပိုင်း၉
အပိုင္း၁၀/အပိုင်း ၁၀
အပိုင္း၁၁/အပိုင်း ၁၁
အပိုင္း ၁၂/အပိုင်း ၁၂
အပိုင္း၁၃/အပိုင်း ၁၃
အပိုင္း၁၄/အပိုင်း ၁၄
အပိုင္း၁၅/အပိုင်း ၁၅
အပိုင္း ၁၆/အပိုင်း ၁၆
အပိုင္း ၁၇/အပိုင်း ၁၇
အပိုင္း ၁၈/အပိုင်း ၁၈
အပိုင္း ၁၉/အပိုင်း ၁၉
အပိုင္း ၂၀/အပိုင်း ၂၀
အပိုင္း ၂၁/အပိုင်း ၂၁
အပိုင္း ၂၂/အပိုင်း ၂၂
အပိုင္း ၂၃/အပိုင်း ၂၃
အပိုင္း ၂၄/အပိုင်း ၂၄
အပိုင္း ၂၅/အပိုင်း ၂၅
အပိုင္း၂၆/အပိုင်း ၂၆
အပိုင္း ၂၇/အပိုင်း ၂၇
အပိုင္း ၂၈/အပိုင်း ၂၈
အပိုင်း ၂၉/အပိုင္း ၂၉
No update
အပိုင္း ၃၀/အပိုင်း ၃၀
အပိုင္း ၃၁/အပိုင်း ၃‌၁
အပိုင္း ၃၂/အပိုင်း ၃ ၂
အပိုင္း ၃၃/အပိုင်း ၃၃
အပိုင္း ၃၄/အပိုင်း ၃၄
အပိုင္း ၃၆/အပိုင်း ၃၆
အပိုင္း ၃၇/အပိုင်း ၃၇
အပိုင္း ၃၈/အပိုင်း ၃၈
အပိုင္း ၃၉/အပိုင်း ၃၉
အပိုင်း ၄၀/အပိုင္း ၄၀

အပိုင္း ၃၅/အပိုင်း ၃၅

10.5K 944 53
由 OwantSung

Unicode

လေးနှစ် လေးနှစ်ရှိပြီမောင်။စောင့်နေပါလို့ အသေအချာပြောထားရဲ့ မင်းဘယ်တော့မှ ငါ့စကားကို
နားမထောင်ဘူး။မချစ်တာလည်းမဟုတ်ပဲနဲ့မောင်ရာ။အရိုင်းတုန်းလေးက မောင်လို့တော့ အခေါ်ခံချင်ခဲ့ရှာတယ်။အဟင်း ဒီလိုတွေ ဖြစ်မယ်ဆိုတာ ကြိုသိရင် ငါမင်းနဲ့ အတူ ထွက်ပြေးဖို့ကို ရွေးချယ်ခဲ့တာပေါ့ မောင်။အခုတော့
မင်းလည်းငါ့ကို အမုန်းကြီးမုန်းပြီး စိတ်အနာကြီး
နာလောက်ပြီထင်တယ်နော်။

ငြိမ်းအေးပါစေ မောင်။မောင့်နောက်ကို မလိုက်ခဲ့နိုင်သေးတဲ့ အတွက်လည်း တောင်းပန်ပါတယ်။စကားတွေ အများကြီးစုထား
ကိုယ်ရောက်လာတဲ့ အခါကျရင် ကိုယ့်ကို ထုရိုက် ကန်ကျောက်လုပ်ပြီးပြောကွာ။ပြီး‌ေတာ့ မင်းက ဘောလုံးကန်တာ သိပ်ကိုဝါသနာပါတာ ကိုယ်လာရင် အဲ့တာကိုပါအောင်ယူလာလို့ရရင် သိပ်ကောင်းမှာပဲ။

ပြီးတော့ကိုယ်ရေးတဲ့စာတွေ မင်းကို ဖတ်စေချင်လိုက်တာ။ကိုယ်က
အကျင့်မကောင်းဘူးသိလား ဇာတ်သိမ်းမှာ ဝေးရတဲ့ဇာတ်လမ်းတွေပဲရေးတယ်။ဘာလို့လဲဆိုတော့
ကိုယ်တို့မှ မပေါင်းရတာ မောင်။အရူးလေးမင်းကတော့ အရူးလိုလုပ်ရက်ကို
‌လုပ်တယ် မင်းကိုစိတ်ဆိုးချင်လိုက်တာ။

အဲ့နေ့က ကိုယ့်သာ
မင်းကို ဖုန်းမဆက်ခဲ့ရင် မင်းသိမှာ မဟုတ်သလို
အခုလိုလည်း ဖြစ်မှာမဟုတ်ဘူး။ဒါတွေ အားလုံးက
ကိုယ့်အပြစ်တွေ။

ကိုယ်ရန်ကုန်ကို ပြန်ရောက်တဲ့နေ့တုန်းက မင်းကို
ဖုန်းတွေ အသည်းအသန်ခေါ်တယ်။ဒါပေမဲ့ မင်းမကိုင်ဘူး နောက်တစ်နေ့ နေလည်ခင်းကြီး
မင်းဆီက ဖုန်း၀င်လာလို့ ကိုယ်ပျော်နေတုန်းပဲရှိသေးတယ်။မင်းအစ်မက
မင်း ဆိုင်ကယ်မတော်တဆမှုကြောင့် ဒီနေ့ပဲ
ဆုံးပြီတဲ့။ငါမယုံနိုင်ဘူးမောင် ငါ့ရဲ့မောင်က ဒီလောက်
လေးနဲ့ ငါ့ကို ထားခဲ့မှာမှ မဟုတ်တာ။

နောက်ထပ် ပိုပြီး ရင်နင့်စရာကောင်းတာက မောင်က
ငါ့ကို နောက်ဆုံးအချိန်မှာတောင် မုန်းတယ်လို့ပြောခဲ့တယ်တဲ့။အင်း ငါယုံပါတယ်မောင်
အတူရှိစဉ် အချိန်ကာလထဲက ချစ်တယ်ဆိုတဲ့ စကားကို
ငါပဲ မကြာခဏပြောခဲ့ရတာလေ။ဒါ‌ပေမဲ့ မင်းမချစ်ဘူးရယ်လို့လည်းမယိုစွပ်ရဲဘူး။ မောင်က မချစ်ပဲနဲ့ ငါနဲ့အဝေးကြီးကို ထွက်သွားဖို့ ပြောလာပါ့မလား။

မင်းတောင်းဆိုတာကို
ကိုယ်လိုက်လျောပေးတယ် သိလားမောင်။ငါ မင်းနေတဲ့
မြို့ကို ငါဘယ်တော့မှ မလာတော့ဘူး။မင်းတို့မြို့ရဲ့မြေကို နင်းတာနဲ့
မင်းရဲ့ဝိဉာဉ်က ကျိန်းသေပေါက် နာကျင်နေမှာလေ။

ငါ့ကိုမစောင့်ဘူး မိန်းမယူပြီး ကလေးတွေ ဘောလုံးတစ်သင်းစာ မွေးပစ်မယ်လို့ ချိန်းခြောက်ခဲ့
တဲ့ကောင်လေးက ငါ့ကို အပြီးထားသွားပြီတဲ့လား။
ငါဘယ်လို အင်အားနဲ့ လက်ခံရမှာလဲမောင် ငါတို့
သေကွဲကွဲလိမ့်မယ်လို့ ငါဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။

မင်းဆန္ဒတွေကို မလိုက်လျောပေးနိုင်တဲ့ ဒီကောင်က
ဒီတစ်ခုတော့ လိုက်လျောပေးပါ့မယ်မောင်။ငါမင်းကို
ချစ်တယ်ဆိုတာ မင်းယုံတယ်မလား။ဒါပေမဲ့ မင်းပေးတဲ့ အပြစ်ကို ငါခံယူမှာပါမောင် ။ ငါ တစ်သက်လုံး
နောင်တတွေပိုက်ပြီး အသက်ရှင်နေထိုင်သွားမှာပါ။

ဒါပေမဲ့ ငါ‌မသေခင်တော့ မင်းအိပ်စက်ရာ မင်းကိုယ်ပိုင်
နေရာလေးမှာ ပန်းကြိုက်တတ်တဲ့ မင်းအတွက်
နေ့တိုင်း ပန်းဆက်သချင်တယ်။လွမ်းလိုက်တာ
မောင်ရာ ငါတို့က အချိန်မတန်သေးပဲ သေကွဲကွဲရပြီ ။

မမကလည်း အိမ်ထောင်ကျလို့ သားလေးတစ်ယောက်ရနေပြီမောင်ရဲ့။မမအကြောင်း
ပြောလို့စိတ်များဆိုးသွားလားမောင်။မင်းစိတ်ဆိုးချင်
လည်း ဆိုးပါမောင်ရာ ရပါတယ်။ဖေဖေကလည်း
မရှိတော့ဘူး တကယ်လို့ဖေဖေ့ကိုများ တွေ့ရင်
ကိုယ့်အကြောင်းတွေကို မင်းမေးကြည့်ပါလား။
အာာာ မေ့တတ်လိုက်တာ မောင်ရာ မင်းမှ ကိုယ့်ဖေဖေကို မတွေ့ဘူးတာ။မေမေကတော့
ရာသက်ပန် သီလရှင် ၀တ်သွားပြီ။

မမကတော့ ကိုယ့်ကို အားနာနေတယ် မင်းနဲ့
သေကွဲကွဲရလို့တဲ့။ဟားဟား ရယ်ရတယ်မောင်ရဲ့
ငါမမကို ခုထိစကားမပြောဘူး။ သူ့ကိုပြောချင်တဲ့စကားရှိရင် ငါ့တူလေးနဲ့ ဒါမှမဟုတ်
ငါ့ယောက်ဖနဲ့ပဲ တစ်ဆင့်ခံပြောတယ်။သူ့စေတနာ‌အမှားတွေကို ငါနားလည်ပေမဲ့ လက်မခံနိုင်ဘူးမောင်။

သူမောင့်ဆီကနေ ငါ့ကို ဆွဲထုတ်သွားပေမဲ့
မောင်ရှိတဲ့နေရာကို ငါ့ကိုပြန်မပို့ပေးနိုင်ဘူး။ငါစိတ်ဆိုးတာ လွန်လားမောင်
ငါမင်းကို ချစ်တယ်မောင် မင်းဆဲသံလေးလည်း ကြားချင်တယ် ဒါပေမဲ့ ဒါတွေကို ငါပြန်မရနိုင်တော့ဘူး။မေမေက ဖေဖေမရှိတော့တဲ့နောက်မှ ငါ့ကို ကိုယ်ချင်းစာတယ်။

အတွေးတွေက ဟိုရောက်သည်ရောက်နဲ့ ပြန့်နှံ့နေပေမဲ့
မင်းကို သတိရတဲ့ အကြောင်းအရင်းကတော့
တစ်ခုတည်းမောင်။

"ဦးဦး တားကို ချီ"

အခန်းတံခါးဖွင့်ပြီး ပြေး၀င်လာတဲ့ မြတ်မင်းလေးကို
ပွေ့ချီလိုက်သည်။နှစ်နှစ်ကျော်ကျော်ပဲ ရှိသေးပေမဲ့
သူ့ကို အင်မတန် ခင်လွန်းလှသည်။

"ဦးဦး တားတားကို ဆိုင်ကယ်ရုပ်လေး မေမေက ၀ယ်ပေးဘူးယဲ့ တားကို ၀ယ်ပေးနော်"

မောင် ကိုယ့်တူက ဆိုင်ကယ်စီးချင်လို့ ကိုယ့်ကိုလာပူဆာနေတယ်။ပထမဆုံး ကိုယ့်ကို ဆိုင်ကယ်စီးသင်ပေးတုန်းက ‌ကျုံးထဲကျပြီး ရေနစ်တာလေ။အဲ့တုန်းက မင်းကို သေမတတ် စိတ်ပူ
သွားရတာကွ။မင်းထိုးလိုက်တုန်းကဆိုရင် ကိုယ့်မှာ ရှက်လည်းရှက် ၀မ်းလည်းနည်းနဲ့ အိမ်ကို လမ်းလျှောက်ပြီး ပြန်ခဲ့ရတာ။ဒါပေမဲ့ မင်းနှုတ်ခမ်းလေးကို စားသုံးခွင့်ရခဲ့တယ်။

"ဦးဦး တားပြောရာကြားလားလို့"

"ဘာလို့သားက ဆိုင်ကယ်စီးမှာလဲ မကြောက်ဖူးလား
ဆိုင်ကယ်မှောက်ရင် သေတတ်တယ်သားရဲ့ သေတယ်ဆိုတာကလေ ဘယ်တော့မှ ကိုယ်ချစ်ရသူ
တွေကို တွေ့ခွင့်၊ မြင်ခွင့်မရတော့တာမျိုးသား
ပြီးတော့ သေဆုံးသွားတဲ့ အခါမှာ ကိုယ့်ကိုချစ်တဲ့သူတွေက နောင်တတွေ၊သတိရခြင်း
တွေ တပွေ့တပိုက်နဲ့ ကျန်ခဲ့ရတယ်သား"

မြတ်မင်းလေးက ပြူးကျယ်တဲ့ မျက်လုံးဝိုင်းလေးတွေနဲ့
အာကာကို မော့ကြည့်ရှာသည်။အင်းလေ ကလေးက
ဘယ်နားလည်မှာလဲ။

"သား သားဖေဖေက လာပါအုံးတဲ့"

ပေါင်ပေါ်ပွေ့ချီထားတဲ့ကလေးကို ချပေးပြီး မမကို
မမြင်ချင်ယောင်ဆောင်ပြီး အကြည့်လွဲလိုက်သည် ။
မြတ်မင်းလေး အပြင်ထွက်သွားတော့မှ မမသူ့အခန်းထဲ ၀င်လာပြီး သူ့ကုတင်ပေါ်လာထိုင်သည်။

"မောင်လေး မမကို စိတ်ဆိုးမပြေသေးဘူးလား"

ဘာမှပြန်မပြောတဲ့ မောင်ဖြစ်သူကြောင့် မြနှင်း
သက်ပြင်းချမိသည်။အသက်အရွယ်တစ်ခု ရလာတော့လည်း အရင်လို အတ္တကို ရှေ့တန်းမတင်ဖြစ်တော့ပေမဲ့ မိမိမောင်ဖြစ်သူက
အမုန်းကြီး မုန်းနေပေပြီ။

ဘာစကားမှပြန်မလာတော့‌တဲ့ မောင်ငယ်ကို ကြည့်ပြီး
အပြင်ကို ပြန်ထွက်လာခဲ့သည်။ထိုက်သင့်တဲ့ ပြစ်ဒဏ်ကိုတော့ ခံရမှာပေါ့ တောင်းပန်ပါတယ်
အာကာ အရာအားလုံး အတွက်ပါ။

မမထွက်သွားပြီးမှ စိတ်ပြန်ကြည်အောင်လုပ်နေတုန်း
အဆက်မပြတ်၀င်လာတဲ့ဖုန်းက စိတ်အနှောင့်အယှက်
ဖြစ်စေပြန်သည်။

"ဟယ်လို ကျွန်တော်အာကာပါ ဘာပြောလိုက်တယ်......."

(ဟယ်လို သဲငယ်လေးတို့ရေ အာကာကို မမုန်းဖို့နဲ့
အစ်မမြနှင်းရယ် နောက်ထပ် တစ်စုံတစ်ယောက်ရယ်ကို မမုန်းဖို့ အစ်မ မေတ္တာရပ်ခံပါတယ် ကိုယ့်ကလေးလေးတွေကို
မုန်းနေတာမျိုး ကြည့်မရတာမျိုးကို ဘယ်မိဘက
ကျေနပ်တယ်ဆိုတာ ရှိပါ့မလဲ ဒါပေမဲ့ သဲငယ်လေးတို့
မမုန်းပဲ အားမလိုအားမရဖြစ်တယ်ဆိုတာ အစ်မသိပါတယ် အစ်မကလေးတွေက အပြစ်ကင်းသလို ငယ်လေးတို့ကလည်း ချစ်တယ်ဆိုတာ အစ်မ ခံစားမိပါတယ်
နောက်တစ်ခု အစ်မပြောချင်တာကလည်းလေ
အစ်မမှ မဟုတ်ပါဘူး တခြားစာရေးသူတွေ
ဖန်တီးထားတဲ့ ကလေးတွေကိုလည်းလေ ဆဲဆိုခြင်း
ကြမ်းတမ်းစွာ ပြောဆိုခြင်းမပြုပါနဲ့နော် ငယ်လေးတို့က ဒီလိုမပြောမဆိုတတ်ဘူးဆိုတာ
အစ်မ သိပါတယ် ဒါပေမဲ့ တစ်ချို့ဒီလိုပြောဆိုနေတာမျိုးတွေ မြင်ရတော့
သူ့တို့လေးတွေကို ဖန်တီးသူအစား စိတ်မကောင်း
ဖြစ်မိလို့ပါ အစ်မပြောတာကို အားလုံး နားလည်မယ်ထင်ပါတယ် အစ်မ ငယ်လေးတို့ကို
အပြစ်ပြောနေတာမဟုတ်ဘူးနော် အစ်မက အားလုံးကို သတိပေးချင်တာပါ အားလုံးကို ချစ်ပါတယ်
Cmtလေးတွေ replyမပြန်နိုင်သေးတာလည်း ခွင့်လွှတ်ပါနော် ဆာရာငဲ 😘)


Zawgyi



ေလးႏွစ္ ေလးႏွစ္ရွိၿပီေမာင္။ေစာင့္ေနပါလို႔ အေသအခ်ာေျပာထားရဲ႕ မင္းဘယ္ေတာ့မွ ငါ့စကားကို
နားမေထာင္ဘူး။မခ်စ္တာလည္းမဟုတ္ပဲနဲ႕ေမာင္ရာ။အရိုင္းတုန္းေလးက ေမာင္လို႔ေတာ့ အေခၚခံခ်င္ခဲ့ရွာတယ္။အဟင္း ဒီလိုေတြ ျဖစ္မယ္ဆိုတာ ႀကိဳသိရင္ ငါမင္းနဲ႕ အတူ ထြက္ေျပးဖို႔ကို ေ႐ြးခ်ယ္ခဲ့တာေပါ့ ေမာင္။အခုေတာ့
မင္းလည္းငါ့ကို အမုန္းႀကီးမုန္းၿပီး စိတ္အနာႀကီး
နာေလာက္ၿပီထင္တယ္ေနာ္။

ၿငိမ္းေအးပါေစ ေမာင္။ေမာင့္ေနာက္ကို မလိုက္ခဲ့နိုင္ေသးတဲ့ အတြက္လည္း ေတာင္းပန္ပါတယ္။စကားေတြ အမ်ားႀကီးစုထား
ကိုယ္ေရာက္လာတဲ့ အခါက်ရင္ ကိုယ့္ကို ထုရိုက္ ကန္ေက်ာက္လုပ္ၿပီးေျပာကြာ။ၿပီး‌ေတာ့ မင္းက ေဘာလုံးကန္တာ သိပ္ကိုဝါသနာပါတာ ကိုယ္လာရင္ အဲ့တာကိုပါေအာင္ယူလာလို႔ရရင္ သိပ္ေကာင္းမွာပဲ။

ၿပီးေတာ့ကိုယ္ေရးတဲ့စာေတြ မင္းကို ဖတ္ေစခ်င္လိုက္တာ။ကိုယ္က
အက်င့္မေကာင္းဘူးသိလား ဇာတ္သိမ္းမွာ ေဝးရတဲ့ဇာတ္လမ္းေတြပဲေရးတယ္။ဘာလို႔လဲဆိုေတာ့
ကိုယ္တို႔မွ မေပါင္းရတာ ေမာင္။အ႐ူးေလးမင္းကေတာ့ အ႐ူးလိုလုပ္ရက္ကို
‌လုပ္တယ္ မင္းကိုစိတ္ဆိုးခ်င္လိုက္တာ။

အဲ့ေန႕က ကိုယ့္သာ
မင္းကို ဖုန္းမဆက္ခဲ့ရင္ မင္းသိမွာ မဟုတ္သလို
အခုလိုလည္း ျဖစ္မွာမဟုတ္ဘူး။ဒါေတြ အားလုံးက
ကိုယ့္အျပစ္ေတြ။

ကိုယ္ရန္ကုန္ကို ျပန္ေရာက္တဲ့ေန႕တုန္းက မင္းကို
ဖုန္းေတြ အသည္းအသန္ေခၚတယ္။ဒါေပမဲ့ မင္းမကိုင္ဘူး ေနာက္တစ္ေန႕ ေနလည္ခင္းႀကီး
မင္းဆီက ဖုန္း၀င္လာလို႔ ကိုယ္ေပ်ာ္ေနတုန္းပဲရွိေသးတယ္။မင္းအစ္မက
မင္း ဆိုင္ကယ္မေတာ္တဆမႈေၾကာင့္ ဒီေန႕ပဲ
ဆုံးၿပီတဲ့။ငါမယုံနိုင္ဘူးေမာင္ ငါ့ရဲ႕ေမာင္က ဒီေလာက္
ေလးနဲ႕ ငါ့ကို ထားခဲ့မွာမွ မဟုတ္တာ။

ေနာက္ထပ္ ပိုၿပီး ရင္နင့္စရာေကာင္းတာက ေမာင္က
ငါ့ကို ေနာက္ဆုံးအခ်ိန္မွာေတာင္ မုန္းတယ္လို႔ေျပာခဲ့တယ္တဲ့။အင္း ငါယုံပါတယ္ေမာင္
အတူရွိစဥ္ အခ်ိန္ကာလထဲက ခ်စ္တယ္ဆိုတဲ့ စကားကို
ငါပဲ မၾကာခဏေျပာခဲ့ရတာေလ။ဒါ‌ေပမဲ့ မင္းမခ်စ္ဘူးရယ္လို႔လည္းမယိုစြပ္ရဲဘူး။ ေမာင္က မခ်စ္ပဲနဲ႕ ငါနဲ႕အေဝးႀကီးကို ထြက္သြားဖို႔ ေျပာလာပါ့မလား။

မင္းေတာင္းဆိုတာကို
ကိုယ္လိုက္ေလ်ာေပးတယ္ သိလားေမာင္။ငါ မင္းေနတဲ့
ၿမိဳ႕ကို ငါဘယ္ေတာ့မွ မလာေတာ့ဘူး။မင္းတို႔ၿမိဳ႕ရဲ႕ေျမကို နင္းတာနဲ႕
မင္းရဲ႕ဝိဉာဥ္က က်ိန္းေသေပါက္ နာက်င္ေနမွာေလ။

ငါ့ကိုမေစာင့္ဘူး မိန္းမယူၿပီး ကေလးေတြ ေဘာလုံးတစ္သင္းစာ ေမြးပစ္မယ္လို႔ ခ်ိန္းေျခာက္ခဲ့
တဲ့ေကာင္ေလးက ငါ့ကို အၿပီးထားသြားၿပီတဲ့လား။
ငါဘယ္လို အင္အားနဲ႕ လက္ခံရမွာလဲေမာင္ ငါတို႔
ေသကြဲကြဲလိမ့္မယ္လို႔ ငါဘယ္တုန္းကမွ မေတြးခဲ့ဖူးဘူး။

မင္းဆႏၵေတြကို မလိုက္ေလ်ာေပးနိုင္တဲ့ ဒီေကာင္က
ဒီတစ္ခုေတာ့ လိုက္ေလ်ာေပးပါ့မယ္ေမာင္။ငါမင္းကို
ခ်စ္တယ္ဆိုတာ မင္းယုံတယ္မလား။ဒါေပမဲ့ မင္းေပးတဲ့ အျပစ္ကို ငါခံယူမွာပါေမာင္ ။ ငါ တစ္သက္လုံး
ေနာင္တေတြပိုက္ၿပီး အသက္ရွင္ေနထိုင္သြားမွာပါ။

ဒါေပမဲ့ ငါ‌မေသခင္ေတာ့ မင္းအိပ္စက္ရာ မင္းကိုယ္ပိုင္
ေနရာေလးမွာ ပန္းႀကိဳက္တတ္တဲ့ မင္းအတြက္
ေန႕တိုင္း ပန္းဆက္သခ်င္တယ္။လြမ္းလိုက္တာ
ေမာင္ရာ ငါတို႔က အခ်ိန္မတန္ေသးပဲ ေသကြဲကြဲရၿပီ ။

မမကလည္း အိမ္ေထာင္က်လိဳ႕ သားေလးတစ္ေယာက္ရေနၿပီေမာင္ရဲ႕။မမအေၾကာင္း
ေျပာလို႔စိတ္မ်ားဆိုးသြားလားေမာင္။မင္းစိတ္ဆိုးခ်င္
လည္း ဆိုးပါေမာင္ရာ ရပါတယ္။ေဖေဖကလည္း
မရွိေတာ့ဘူး တကယ္လို႔ေဖေဖ့ကိုမ်ား ေတြ႕ရင္
ကိုယ့္အေၾကာင္းေတြကို မင္းေမးၾကည့္ပါလား။
အာာာ ေမ့တတ္လိုက္တာ ေမာင္ရာ မင္းမွ ကိုယ့္ေဖေဖကို မေတြ႕ဘူးတာ။ေမေမကေတာ့
ရာသက္ပန္ သီလရွင္ ၀တ္သြားၿပီ။

မမကေတာ့ ကိုယ့္ကို အားနာေနတယ္ မင္းနဲ႕
ေသကြဲကြဲရလို႔တဲ့။ဟားဟား ရယ္ရတယ္ေမာင္ရဲ႕
ငါမမကို ခုထိစကားမေျပာဘူး။ သူ႕ကိုေျပာခ်င္တဲ့စကားရွိရင္ ငါ့တူေလးနဲ႕ ဒါမွမဟုတ္
ငါ့ေယာက္ဖနဲ႕ပဲ တစ္ဆင့္ခံေျပာတယ္။သူ႕ေစတနာ‌အမွားေတြကို ငါနားလည္ေပမဲ့ လက္မခံနိုင္ဘူးေမာင္။

သူေမာင့္ဆီကေန ငါ့ကို ဆြဲထုတ္သြားေပမဲ့
ေမာင္ရွိတဲ့ေနရာကို ငါ့ကိုျပန္မပို႔ေပးနိုင္ဘူး။ငါစိတ္ဆိုးတာ လြန္လားေမာင္
ငါမင္းကို ခ်စ္တယ္ေမာင္ မင္းဆဲသံေလးလည္း ၾကားခ်င္တယ္ ဒါေပမဲ့ ဒါေတြကို ငါျပန္မရနိုင္ေတာ့ဘူး။ေမေမက ေဖေဖမရွိေတာ့တဲ့ေနာက္မွ ငါ့ကို ကိုယ္ခ်င္းစာတယ္။

အေတြးေတြက ဟိုေရာက္သည္ေရာက္နဲ႕ ျပန႔္ႏွံ႕ေနေပမဲ့
မင္းကို သတိရတဲ့ အေၾကာင္းအရင္းကေတာ့
တစ္ခုတည္းေမာင္။

"ဦးဦး တားကို ခ်ီ"

အခန္းတံခါးဖြင့္ၿပီး ေျပး၀င္လာတဲ့ ျမတ္မင္းေလးကို
ေပြ႕ခ်ီလိုက္သည္။ႏွစ္ႏွစ္ေက်ာ္ေက်ာ္ပဲ ရွိေသးေပမဲ့
သူ႕ကို အင္မတန္ ခင္လြန္းလွသည္။

"ဦးဦး တားတားကို ဆိုင္ကယ္႐ုပ္ေလး ေမေမက ၀ယ္ေပးဘူးယဲ့ တားကို ၀ယ္ေပးေနာ္"

ေမာင္ ကိုယ့္တူက ဆိုင္ကယ္စီးခ်င္လို႔ ကိုယ့္ကိုလာပူဆာေနတယ္။ပထမဆုံး ကိုယ့္ကို ဆိုင္ကယ္စီးသင္ေပးတုန္းက ‌က်ဳံးထဲက်ၿပီး ေရနစ္တာေလ။အဲ့တုန္းက မင္းကို ေသမတတ္ စိတ္ပူ
သြားရတာကြ။မင္းထိုးလိုက္တုန္းကဆိုရင္ ကိုယ့္မွာ ရွက္လည္းရွက္ ၀မ္းလည္းနည္းနဲ႕ အိမ္ကို လမ္းေလွ်ာက္ၿပီး ျပန္ခဲ့ရတာ။ဒါေပမဲ့ မင္းႏႈတ္ခမ္းေလးကို စားသုံးခြင့္ရခဲ့တယ္။

"ဦးဦး တားေျပာရာၾကားလားလို႔"

"ဘာလို႔သားက ဆိုင္ကယ္စီးမွာလဲ မေၾကာက္ဖူးလား
ဆိုင္ကယ္ေမွာက္ရင္ ေသတတ္တယ္သားရဲ႕ ေသတယ္ဆိုတာကေလ ဘယ္ေတာ့မွ ကိုယ္ခ်စ္ရသူ
ေတြကို ေတြ႕ခြင့္၊ ျမင္ခြင့္မရေတာ့တာမ်ိဳးသား
ၿပီးေတာ့ ေသဆုံးသြားတဲ့ အခါမွာ ကိုယ့္ကိုခ်စ္တဲ့သူေတြက ေနာင္တေတြ၊သတိရျခင္း
ေတြ တေပြ႕တပိုက္နဲ႕ က်န္ခဲ့ရတယ္သား"

ျမတ္မင္းေလးက ျပဴးက်ယ္တဲ့ မ်က္လုံးဝိုင္းေလးေတြနဲ႕
အာကာကို ေမာ့ၾကည့္ရွာသည္။အင္းေလ ကေလးက
ဘယ္နားလည္မွာလဲ။

"သား သားေဖေဖက လာပါအုံးတဲ့"

ေပါင္ေပၚေပြ႕ခ်ီထားတဲ့ကေလးကို ခ်ေပးၿပီး မမကို
မျမင္ခ်င္ေယာင္ေဆာင္ၿပီး အၾကည့္လြဲလိုက္သည္ ။
ျမတ္မင္းေလး အျပင္ထြက္သြားေတာ့မွ မမသူ႕အခန္းထဲ ၀င္လာၿပီး သူ႕ကုတင္ေပၚလာထိုင္သည္။

"ေမာင္ေလး မမကို စိတ္ဆိုးမေျပေသးဘူးလား"

ဘာမွျပန္မေျပာတဲ့ ေမာင္ျဖစ္သူေၾကာင့္ ျမႏွင္း
သက္ျပင္းခ်မိသည္။အသက္အ႐ြယ္တစ္ခု ရလာေတာ့လည္း အရင္လို အတၱကို ေရွ႕တန္းမတင္ျဖစ္ေတာ့ေပမဲ့ မိမိေမာင္ျဖစ္သူက
အမုန္းႀကီး မုန္းေနေပၿပီ။

ဘာစကားမွျပန္မလာေတာ့‌တဲ့ ေမာင္ငယ္ကို ၾကည့္ၿပီး
အျပင္ကို ျပန္ထြက္လာခဲ့သည္။ထိုက္သင့္တဲ့ ျပစ္ဒဏ္ကိုေတာ့ ခံရမွာေပါ့ ေတာင္းပန္ပါတယ္
အာကာ အရာအားလုံး အတြက္ပါ။

မမထြက္သြားၿပီးမွ စိတ္ျပန္ၾကည္ေအာင္လုပ္ေနတုန္း
အဆက္မျပတ္၀င္လာတဲ့ဖုန္းက စိတ္အေႏွာင့္အယွက္
ျဖစ္ေစျပန္သည္။

"ဟယ္လို ကြၽန္ေတာ္အာကာပါ ဘာေျပာလိုက္တယ္......."

(ဟယ္လို သဲငယ္ေလးတို႔ေရ အာကာကို မမုန္းဖို႔နဲ႕
အစ္မျမႏွင္းရယ္ ေနာက္ထပ္ တစ္စုံတစ္ေယာက္ရယ္ကို မမုန္းဖို႔ အစ္မ ေမတၱာရပ္ခံပါတယ္ ကိုယ့္ကေလးေလးေတြကို
မုန္းေနတာမ်ိဳး ၾကည့္မရတာမ်ိဳးကို ဘယ္မိဘက
ေက်နပ္တယ္ဆိုတာ ရွိပါ့မလဲ ဒါေပမဲ့ သဲငယ္ေလးတို႔
မမုန္းပဲ အားမလိုအားမရျဖစ္တယ္ဆိုတာ အစ္မသိပါတယ္ အစ္မကေလးေတြက အျပစ္ကင္းသလို ငယ္ေလးတို႔ကလည္း ခ်စ္တယ္ဆိုတာ အစ္မ ခံစားမိပါတယ္
ေနာက္တစ္ခု အစ္မေျပာခ်င္တာကလည္းေလ
အစ္မမွ မဟုတ္ပါဘူး တျခားစာေရးသူေတြ
ဖန္တီးထားတဲ့ ကေလးေတြကိုလည္းေလ ဆဲဆိုျခင္း
ၾကမ္းတမ္းစြာ ေျပာဆိုျခင္းမျပဳပါနဲ႕ေနာ္ ငယ္ေလးတို႔က ဒီလိုမေျပာမဆိုတတ္ဘူးဆိုတာ
အစ္မ သိပါတယ္ ဒါေပမဲ့ တစ္ခ်ိဳ႕ဒီလိုေျပာဆိုေနတာမ်ိဳးေတြ ျမင္ရေတာ့
သူ႕တို႔ေလးေတြကို ဖန္တီးသူအစား စိတ္မေကာင္း
ျဖစ္မိလို႔ပါ အစ္မေျပာတာကို အားလုံး နားလည္မယ္ထင္ပါတယ္ အစ္မ ငယ္ေလးတို႔ကို
အျပစ္ေျပာေနတာမဟုတ္ဘူးေနာ္ အစ္မက အားလုံးကို သတိေပးခ်င္တာပါ အားလုံးကို ခ်စ္ပါတယ္
Cmtေလးေတြ replyမျပန္နိုင္ေသးတာလည္း ခြင့္လႊတ္ပါေနာ္ ဆာရာငဲ 😘)

继续阅读

You'll Also Like

1.1M 58.3K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
4.7M 525K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
1.7M 70K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
369K 9K 82
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."