Rebounding System(OC)

By Thone_Thoon_Yar

1M 135K 13.6K

(Myanmar*system fic) When MC and the Final Boss was the same person...... What about the boy who gave his sou... More

ေဝးကြာျခင္းမွအစျပဳ၍(Z+U)
Arc.1.1
Arc.1 Characters
Arc.1.2
Arc.1.3
Arc.1.4
Arc.1.5
Heaven Society
Arc 1.6
System space between life✨✨
Arc 2.1
Arc 2{Characters}
Arc 2.2
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10 (part-1)
Arc 2.10 (part-2)
Arc 2.11
Arc 2.12(Part-1)
Arc 2.12{Part 2}
Arc 2.13
Arc 2.14
Arc 2.15
Arc 2.16
Arc 2.17
System Space✨✨
Arc 2.18
Arc 2.19
Arc 2.20
Arc 2.21
Arc 2.22
Arc 2.23(🔞🚨)
Arc 2.24(Final)
System Space Between lives✨✨
Arc 3.1
Arc 3 characters
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5(part 1)
Arc 3.5(part 2)
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11(final)+*system space*
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4{Introducing the Characters💥💥}
Arc 4.5😜wo aii ni❣️
Arc 4.6
Arc 4.7💋
Arc 4.8{part 1}
Arc 4.8(part 2)
Arc 4.9
Not Update
Arc 4.10
Arc 4.11
Arc 4.12
Arc 4.13
Arc 4.14 (final)⚠️🔞
System space ✨✨
Arc 5 Intro
Arc 5.1
Arc 5.2(part 1)
Arc 5.2(part 2)
Arc 5.3
Arc 5{Introducing the Characters}💥
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
System space💫
Arc 5.11
Arc 5.12
Arc 5.13
Arc 5.14
Arc 5.15
Arc 5.16
Arc 5.17(final)
System space💫💫
Arc 6 Intro
Arc 6.1
Arc 6{Introducing the characters}💥💥
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 6.11
Arc 6.12(⚠️🔞‼️)
Arc 6.13(final)
System space🌟🌟
Arc 7 Intro
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7{Introducing The Characters💥}
Arc 7.8⚠️‼️
Arc 7.9
Arc 7.10
Please Everyone‼️Attention‼️
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 7.16
Arc 7.17
Arc 7.18
Arc 7.19
Arc 7.20
Arc 7.21
Arc 7.22⚠️🔞‼️
Arc 7.23
Arc 7.24
Arc 7.25
Arc 7.26 (Final)
Step to the original life 🌍
Arc 8 Intro
Arc 8.1
Arc 8.2
Arc 8.3 (Forming the SYSTEM🌏)
Arc 8{Introducing the Characters}💥
Arc 8.4
Arc 8.5
Arc 8.6
Who was the "Villain"?🖤
Arc 8.7
Arc 8.8
Something Special For You🍀
Answers🍀
Arc 8.9
Arc 8.10
Arc 8.11
Arc 8.12
Arc 8.13
Arc 8.14
Arc 8.15
Arc 8.16
Arc 8.17🔞🔞
Arc 8.18
Arc 8.19 (Final)
System Space
Arc 9 Intro
Arc 9.1
Arc 9.2
Arc 9.3
Arc 9.4
Arc 9 {Introducing the Characters}
Arc 9.5
Arc 9.6
Arc 9.7
Arc 9.8
Arc 9.9

Arc 2.3

11.4K 1.4K 52
By Thone_Thoon_Yar

{Zawgyi}

"ခမည္းေတာ္......"

"ခန္းေအာ္....."

တိတ္ဆိတ္ေနရင္းနဲ႔မွ ၿပိဳင္တူနာမည္ေခၚမိေတာ့ အခ်င္းခ်င္းဆုံသြားသည့္ မ်က္လုံးနွစ္စုံ.....

"ခန္းေအာ္ ခမည္းေတာ္ကိုေျပာစရာရွိလို႔လား "

"မရွိ......မရွိပါဘူး ခမည္းေတာ္"

စကားျပန္ေျပာသည္ကိုပင္ေၾကာက္႐ြံ႕ေနဟန္ ထစ္ေနေသာေၾကာင့္ ထိုကေလး ရွဲ႔စစ္ရန္ေပၚထားတဲ့ အေၾကာက္တရားမွာ နွလုံးသားထဲကိုပါ အျမစ္တြယ္နွင့္ေလၿပီ။

ဘယ္လိုလုပ္မ်က္နွာေျပာင္တိုက္ၿပီး ထိုကေလးဆီက ခြင့္လႊတ္မႈကို ေတာင္းခံရဲပါ့မည္နည္း။

သူကိုယ္္တိုင္အျပစ္လုပ္ထားတာမဟုတ္ေသာ္ျငား မူလပိုင္ရွင္ရွဲ႔စစ္ရန္ လုပ္ထားသည့္အျပစ္ေတြ ေပမို႔ မ်က္နွာပူလွသည္။

"ခန္းေအာ္......ခမည္းေတာ္ေတာင္းပန္တယ္ေနာ္......ခမည္းေတာ္က တကယ္မေကာင္းခဲ့တဲ့ ဖခင္ပဲ......ေတာင္းပန္ပါတယ္ ခန္းေအာ္"

ကေလးငယ္ရဲ႕မ်က္ဝန္းတို႔ကိုရင္မဆိုင္ရဲသည္မို႔ ေျပာၿပီးသည္နွင့္ ကေလးငယ္၏ပခုံးထက္မ်က္နွာအပ္ကာ လႈိက္တက္လာေသာ ခံစားခ်က္တို႔ေၾကာင့္ မ်က္ရည္က်မိေတာ့ ကိုယ္ေလးတြန္္႔သြားသည့္ ကေလးငယ္။

ဒီကေလးေလးကို အားနာလြန္းလို႔ ဘယ္လိုလုပ္ရမလဲ။

စိတ္ခ် ငါမင္းကိုကာကြယ္ေပးမယ္။

ရွဲ႔ရန္ခန္း တစ္ေန႔ထဲတြင္ၾကဳဲရသည့္ အေျပာင္းအလဲမ်ားေၾကာင့္ ခမည္းေတာ္က သူ႔အားအျပစ္ေပးရန္ ထပ္ႀကံစည္ေနေသာ နည္းေပလားဟု ထင္မွတ္မိေသာေၾကာင့္ အသနားခံရန္ စကားဟလိုက္သည္တြင္

ဦးေအာင္ေျပာကာ သူ႔အားေတာင္းပန္လာေသာ ခမည္းေတာ္ေၾကာင့္ အံ့ၾသေနတုန္း မိမိပခုံးေပၚမ်က္နွာအပ္ကာ ငိုေနေသာ ခမည္းေတာ္ေၾကာင့္ လူကေတာင့္ေတာင့္ႀကီးျဖစ္သြားရသည္။

ဒါ ဒါ ဒီလူက သူ႔ခမည္းေတာ္မဟုတ္ဘူး။!!

ခမည္းေတာ္နဲ႔တူေပမဲ့ သူက ခမည္းေတာ္မဟုတ္နိုင္ဘူး။

ဒါေပမဲ့ ဒီလူ႔ရင္ခြင္က ေႏြးေထြးမႈက သူတစ္ခါမွမရနိုင္ေပမဲ့ ေသမတတ္လိုခ်င္ခဲ့သည့္ ေႏြးေထြးမႈပဲ။

သူဒီေန႔မက္ေနတဲ့ အိပ္မက္ေလးက တကယ္လွပသည္ထင္။
ခမည္းေတာ္က သူ႔အားၿပံဳးလည္းၿပံဳးျပသည္။
ေတာင္းပန္စကားဆိုကာ ၾကင္ၾကင္နာနာလည္းဆက္ဆံေပးသည္။

ဒီအိပ္မက္ေလးထဲက သူတကယ္မနိုးထခ်င္ေတာ့။

ရွဲ႔ရန္ခန္းတစ္ေယာက္ ေပ်ာ္လြန္းလို႔ မ်က္ရည္က်မိသည္။

ဒီခမည္းေတာ္ ကိုသူ႔ဆီက ျပန္မယူသြားဘူးမလား။

မိမိမွာကေလးငယ္အတြက္ ဝမ္းနည္းလြန္းလို႔ သူ႔ပခုံးထက္အပ္ကာ ငိုမိေသာ္လည္း တသိမ့္သိမ့္တုန္တက္သြားေသာ ကိုယ္လုံးေသးေသးေလးေၾကာင့့္ ရင္ခြင္ထဲက မ်က္နွာေလးကို ငုံ႔ၾကည့္မိေတာ့ မ်က္ရည္ဥေလးေတြက တြဲခိုကာ တအင့္အင့္နွင့္ ပင္ရွိုက္ငိုေနသည့္ ကေလးငယ္။

'ေခ်ာ့ကာမွ ေျခာက္သလိုျဖစ္သြားတာလား???ငါ့ကိုပိုေၾကာက္သြားၿပီး အနားအကပ္မခံေတာ့ရင္ဒုကၡ'

"သားေတာ္ ဘာျဖစ္လို႔လဲ ခမည္းေတာ္ကိုခြင့္မလႊတ္္ေပးနိုင္လို႔လား   ခမည္းေတာ္ေတာင္းပန္တယ္ေနာ္ အရင္ကခမည္းေတာ္အရမ္းဆိုးခဲ့တာ သားေတာ္ေက်နပ္တဲ့အထိ ခမည္းေတာ္ ေတာင္းပန္မယ္ေနာ္ တိတ္ေတာ့ မငိုနဲ႔ေတာ့ေနာ္ သားေတာ္ဘာျဖစ္ခ်င္လဲ ခမည္းေတာ္ကို ေျပာ"

စကားတစ္တြတ္တြတ္ေျပာရင္း ကေလးငယ္၏ ပါးကိုအသာအယာကိုင္ကာ မ်က္ရည္သုတ္ေပးေနေသာ ရွဲ႔စစ္ရန္ ၏အျပဳအမူတိုင္းမွာ ႏူးညံ့ျငင္သာမႈအျပည့္ႏွင့္။

ကေလးငယ္၏အသားမ်ားပဲ့သြားမည္ဆိုးသည့္အလား တယုတယနွင့္ မ်က္ရည္သုတ္ေပးေနပုံမွာ တကယ္ကို ခ်စ္ခင္မႈအျပည့္။

"ခမည္းေတာ္......ဒီပုံစံအတိုင္းပဲသားေတာ္ကို အၿမဲဆက္ဆံေပးမယ္မလား........အရင္ခမည္းေတာ္ျပန္မျဖစ္သြားဘူးမလား  ဟင္"

ေအာ္ ဒီကေလးက ဒါကို စိုးရိမ္ေနသည္လား။

"စိတ္ခ် ဒီခမည္းေတာ္က ေျပာင္းလဲသြားၿပီ
သားေတာ္ကို အရင္လို ပစ္မထားေတာ့ဘူးေနာ္"

ထိုအခါမွ မ်က္ရည္ေတြကို လက္ေသးေသးေလးနွင့္သုတ္ကာ ေမးလိုက္ေသာ စကားေၾကာင့္ ေျဖရမွာေတာင္ ခပ္ေၾကာင္ေၾကာင္ပင္

"ဒါဆို......ခမည္းေတာ္က သားေတာ္ကို ခ်စ္တယ္ေပါ့ေနာ္ "

ေမ်ွာ္လင့္ခ်က္အျပည့္ျဖင့္ေမးေနေသာ ကေလးငယ္၏ မ်က္ဝန္းတို႔ကို အဘယ္ခြန္အားနွင့္ ျငင္းရက္ပါ့မည္နည္း။

"ခ်စ္တာေပါ့ ဒီကမၻာေပၚမွာ သားေတာ္က ခမည္းေတာ္ခ်စ္တဲ့ တစ္ဦးတည္းေသာလူပဲ"

ထိုအခါမွ ျပန္ျပဳံးျပကာ ရင္ခြင္္ထဲ တိုးဝင္လာေသာ ကေလးငယ္ေၾကာင့္ ခပ္ဖြဖြျပဳံးမိသည္။

အျပင္မွ ဝင္ခြင့္ေတာင္းေသာအသံေၾကာင့္ ခြင့္ျပဳလိုက္ေတာ့ စားပြဲအေသးေလးေပၚတြင္တင္ကာယူလာသည့္ ဆန္ျပဳတ္ပန္းကန္ ေဘးမွအရံဟင္းအနည္းငယ္နွင့္။

ေနာက္တြင္ေဆးရည္ထည့္ထားေသာခြက္ ။

ပန္းကန္အသီးသီးကိုင္ရင္း အေဆာင္ထဲဝင္လာေသာအထိန္းေတာ္နွင့္ အပ်ိဳေတာ္တို႔သည္ မင္းသားငယ္တည္ခင္းရန္အသင့္ျဖစ္ေအာင္ျပင္ေပးၾကသည္။

ခဏအၾကာအားလုံးၿပီးစီးသြားေတာ့ ေဘးတြင္အစီအရီရပ္ေနၾကသည့္ အပ်ိဳေတာ္နွင့္ အထိန္းေတာ္တို႔။

သူတို႔ အိမ္ေရွ႕စံကိုေစ့ေစ့မၾကည့္ရဲေသာ္လည္း ေခါင္းငုံလ်က္ပင္ ရံဖန္ရံခါ ခိုးၾကည့္ၾကသည္။
သူတို႔အိမ္ေရွ႕စံက ထူးထူးဆန္းဆန္း  မင္းသားငယ္ကို ဂရုစိုက္ေနသည္ေလ။

အတန္ၾကာတဲ့အထိ ထိုစားပြဲရွိ အစားအေသာက္နွင့္ ေဆးတို႔ကို မတို႔မထိေသာေၾကာင့္ အထိန္းေတာ္ႀကီးက မဝံ့မရဲပင္ေမးလိုက္သည္။

"ဘာျဖစ္လို႔ပါလဲ အရွင့္သား တစ္ခုခုအလိုမက်တာမ်ားရွိလို႔လား"

"ေအာ္ ေတာ္ဝင္ေသြးတစ္ေယာက္သုံးေဆာင္မဲ့ စားေတာ္ပြဲကို အဆိပ္ခပ္ထားလားလို႔စဥ္းစားေနတာ "

"ရာရာစစ ကြၽန္ေတာ္မ်ိဳးမတို႔က အတင့္ရဲလို႔ မလုပ္ရဲပါဘူး အရွင့္သား နားလည္မႈလြဲတာမို႔ ခြင့္လႊတ္ေတာ္မူပါ"

"ခြင့္လႊတ္ေတာ္မူပါ အရွင့္သား"

အထိန္းေတာ္ႀကီးဒူးေထာက္ကာ ခြင့္နဖူးၾကမ္းျပင္ထိလ်က္ ေတာင္းပန္သည္နွင့္ အပ်ိဳေတာ္မ်ားကပါ ထိုအတိုင္းေတာင္းပန္ၾကသည္။

ရွဲ႔စစ္ရန္ကေတာ့ သူတို႔ကိုလ်စ္လ်ဴရႈလ်က္ ရင္ခြင္ထဲပိုက္ထားေသာကေလးငယ္အားၾကည့္ကာ

"ခန္းေအာ္.......ဆာၿပီလား   ဒီေန႔တစ္ေန႔လုံးဘာမွမစားရေသးဘူးမလား"

ကေလးငယ္ကိုေမးလိုက္ေတာ့ ေခါင္းေလးေမာ့ ၾကည့္လာေသာ မ်က္ဝန္းတို႔မွာ တစ္ခုခုကိုမဝံ့ရဲဟန္။

သူလဲ ဘာမွမစားရေသးေတာ့ ဆာေနေရာေပါ့။

ထိုစဥ္အခန္းထဲ ဝင္ခြင့္ေတာင္းကာဝင္လာေသာ ထ်န္းရွလက္ထဲ၌ စြတ္ျပဳတ္တစ္ခြက္သာသယ္လာသည္။

"ေစာင့္ရတာၾကာသြားရင္ခြင့္လႊတ္ပါ အရွင့္သား"

"ရတယ္ ရတယ္ စြတ္ျပဳတ္ပန္းကန္သာ ငါ့ကိုေပး"

လက္ထဲေရာက္လာေသာ စြတ္ျပဳတ္ပန္းကန္မွာ အေငြ႕တေထာင္းေထာင္းနွင့္မို႔ ဇြန္းျဖင့္ ခပ္လ်က္ အသာမႈတ္ကာ မိမိ အရင္ျမည္းၾကည့္ေတာ့ တကယ္ကို ေကာင္းသည့္လက္ရာပင္။

ထ်န္းရွကိုေတာင္စိတ္ထဲမွအထင္ႀကီးမိသြားသည္။

သို႔နွင့္ ေနာက္တစ္ဇြန္းခပ္သာ ေအးေအာင္မႈတ္ေပးလ်က္ ကေလးငယ္၏ နႈတ္ခမ္းနား ဇြန္းေတ့ေပးေတာ့ မေသာက္ေသးဘဲ ေမာ့ၾကည့္လာျပန္သည့္ ကေလးငယ္။

ေသာက္ရန္ ေခါင္းဆတ္ျပလိုက္ကာမွ နႈတ္ခမ္းအသာဟ ကာေသာက္ေလသည္။

အရသာသိသြားသည့္ ကေလးငယ္၏ မ်က္လုံးမ်ားမွာ ၾကယ္ေလးမ်ားလက္ေနသလို တလက္လက္နွင့္ ထပ္ေသာက္ခ်င္ေနသည္မွာ အေသခ်ာပင္။

ရွဲ႔စစ္ရန္ခပ္ဖြဖြရီကာ တစ္ဇြန္းခ်င္းစီ အသာအေအးခံေပးလ်က္ ခြံ႕တိုက္သည္မွာ စြပ္ျပဳတ္ တစ္ပန္းကန္လုံးကုန္သည္အထိ။

ဒီကေလးေကာင္းေကာင္းစားနိုင္သားပဲ။

စြတ္ျပဳတ္ပန္းကန္ျပန္ထားလ်က္ ကေလးငယ္ကိုၾကည့္မိေတာ့ နႈတ္ခမ္းေထာင့္နားေလးက အနည္းငယ္ေပပြေနသည္။

ထိုသည္ကို ရွဲ႔စစ္ရန္လက္မနွင့္အသာသုတ္ေပးေတာ့ ထိုခ်စ္စရာအျပာေရာင္မ်က္လုံးေလးမ်ားျဖင့္ ၾကည့္လာသည့္ကေလးငယ္။

ရွဲ႔စစ္ရန္တစ္ေယာက္ကေလးငယ္ကို အူယားေနသည္မွာ ေတြ႕ထဲကပင္။

ကေလးငယ္၏ခ်စ္စရာေကာင္းေနမႈကိုမခံနိုင္သည့္အဆုံး ရွဲ႔ရန္ခန္း၏ ဘယ္ဖက္ ပါးျပင္ႏုႏုအေပၚ ရွဲ႔စစ္ရန္ နွာေခါင္းနစ္ဝင္သည္ နမ္းမိသည္။

"ခမည္းေတာ္ရဲ႕ကေလးေလးက အရမ္းခ်စ္ဖို႔ေကာင္းတာပဲ"

မိမိေပါင္ေပၚတြင္မိမိကိုေက်ာေပးထိုင္ထားေသာ ကေလးငယ္ကေတာ့ အံံ့ၾသေနသည့္ မ်က္ဝန္းျပာမ်ားျဖင့္ သူ႔အားထပ္ၾကည့္ျပန္သည္။

ထိုမ်က္ဝန္းျပာေတြကိုခ်စ္လြန္းလို႔ ဘယ္လိုလုပ္ရမလဲ။

ရွဲ႔စစ္ရန္ တစ္ေယာက္ ကေလးငယ္ကိုရီျပ လ်က္ ပါးေလးကိုလိမ္ဆြဲကာ နဖူးထက္သို႔ မိမိ၏နႈတ္ခမ္းတို႔ကို ဖိကပ္လ်က္ အနမ္းေႁခြသည္။

"အရွင့္သား"

ကေလးငယ္နွင့္ နွစ္ေယာက္ကမၻာျဖစ္ေနသည္မွာ မည္မ်ွၾကာသြားမွန္းမသိ။

ထ်န္းရွ၏ေခၚသံၾကားမွ အသိဝင္ကာ ၾကည့္မိေလေတာ့ ထ်န္းရွက မ်က္လုံးတို႔က ဒူးေထာက္ဝပ္္တြားေနသည့္ အပ်ိဳေတာ္တစ္စုစီသုိ႔။

"အာ ဟုတ္သားပဲ ကိုယ္ေတာ္ေျပာလက္စ ေမ့သြားတယ္"

'Pooh မုေဖးယြဲ႕ရဲ႕အပ်ိဳေတာ္က ဘယ္တစ္ေယာက္လဲ"

[ဒုတိယ အတန္းက ဘယ္ဖက္တစ္ေယာက္ပါ Host]

"ဟိုး ဒုတိယေျမာက္အတန္းက ဘယ္ဖက္က အပ်ိဳေတာ္ ကိုယ္ေတာ့္ေရွ႕ထြက္ခဲ့"

ရွဲ႔စစ္ရန္၏ စကားသံဆုံးသည္နွင့္ ထြက္လာေသာ အပ်ိဳေတာ္၏ မ်က္နွာမွာ ရွက္ရိပ္သန္းေနသည္။

တဆိတ္ သူကဘာကိုေတြးထင္ေနတာလဲ??။

ရွဲ႔စစ္ရန္ ရွဲ႔စစ္ရန္ မင္းေတာ္ေတာ္ေပြတဲ့ေကာင္ပါလား။

"ေရာ႕"

အပ်ိဳေတာ္ေရွ႕ကို လက္တစ္ဖက္နွင့္ ေစာန ဆန္ျပဳတ္ပန္းကန္ တင္ထားသည့္ စားပြဲ တိုးေပးလိုက္သည္။

အပ်ိဳေတာ္က နားမလည္သည့္ မ်က္နွာေဘးနွင့္ၾကည့္ေလေတာ့ ဒဲ့သာေျပာရသည္။

"ဘာၾကည့္ေနတာလဲ အဆိပ္ရွိ္မရွိ စမ္းေသာက္ခိုင္းတာေလ"

ထိုသို႔ေျပာလိုက္ေသာစကားေၾကာင့္ ေရွ႕မွ အပ်ိဳေတာ္၏မ်က္နွာမွာ ျဖဴဆုတ္ကာ ေသြးမရွိသည့္ႏွယ္ျဖစ္လာရသည္။

"ကြၽန္ေတာ္မ်ိဳးမလို ဇာတ္နိမ့္တစ္ေယာက္က ဘယ္.....ဘယ္လိုလုပ္ၿပီး မင္းသားငယ္မစားခင္ အရင္ျမည္းရဲပါ့မလဲ"

"အဲ့ေတာ့ မင္းေျပာခ်င္တာက ဒီထဲမွာအဆိပ္ပါရင္ေတာင္ မင္းသားငယ္တစ္ေယာက္ပဲ စားခြင့္ရွိတယ္ေပါ့   ကုိယ္ေတာ့္စကားကို လြန္ဆန္ခ်င္တာလား"

ျပဳံးျပဳံးေလးနွင့္ေျပာေနေသာ ရွဲ႔စစ္ရန္ပုံစံမွာ မေကာင္းဆိုးဝါးတစ္ေကာင္နွယ္။

အခန္းထဲေအးေနေသာ္ျငား အခန္းတြင္းရွိအပ်ိဳေတာ္တို႔မွာ ေခြၽးမ်ားပင္ျပန္လ်က္ ပူစပ္စပ္ျဖစ္သည္အထိ။

ရွဲ႔စစ္ရန္ ရင္ခြင္ထဲက ကေလးငယ္ကို ထ်န္းရွဆီအသာေပးကာ မ်က္လုံးမ်ားအားအဝတ္ျဖင့္စည္းေနွာင္ေပးလိုက္သည္။

သူ႔ရဲ႕ထိုပုံစံကို ကေလးငယ္ျမင္ၿပီး ေၾကာက္႐ြံ႕သြားတာမ်ိဳးမျဖစ္ေစခ်င္။

ရွဲ႔စစ္ရန္ အေဆာင္ညာဖက္ေထာင့္တြင္ ေသခ်ာ ခ်ိတ္ထားေသာ လက္စြဲေတာ္ဓားကို ထုတ္ကာ တ႐ြက္တိုက္ဆြဲလာလ်က္ ထိုအပ်ိဳေတာ္၏လည္ပင္းအား႐ြယ္လိုက္သည္။

"ဘယ္ကသတၲိေတြနဲ႔ ကိုယ္ေတာ့္သားေတာ္ကို လုပ္ႀကံရဲတာလဲ 
သက္တမ္းေစ့မေနခ်င္ေတာ့တဲ့ မင္းဆႏၵကို ကိုယ္ေတာ္ကျဖည့္ဆည္းေပးရမွာေပါ့"

ေနာက္ဆုံးတစ္ခ်က္ျပဳံးျပကာ ဓားကိုလႊဲလိုက္ေတာ့ လည္ပင္းထက္မွေသြးမ်ားပန္းထြက္လာသည္မွာ ၾကမ္းျပင္ေပၚတြင္ျမင္မေကာင္း။

အခန္းထဲရွိ က်န္အပ်ိဳေတာ္တို႔မွာလည္း ေအာ္သည့္သူကေအာ္ အသက္ခ်မ္းသာဖို႔ေတာင္းဆိုတဲ့ သူကေတာင္းနွင့္ ရုတ္ရုတ္သဲသဲျဖစ္ကုန္သည္။

"တိတ္ၾကစမ္း.......ဒီအမွိုက္ေတြကို ရွင္းၿပီး အခန္းထဲက ထြက္သြားေတာ့ ခန္းေအာ္ ေနမေကာင္းတာကို စိတ္အေနွာင့္ယွက္မေပးမိေစနဲ႔"

အိမ္ေရွ႕စံ၏တစ္ခ်က္လြတ္အမိန္႔ေၾကာင့္ ခ်က္ခ်င္းပင္အခန္းရွင္းလ်က္ အေလာင္းကိုေတာ့ အျပင္မွအေစာင့္မ်ားကသယ္ကာ ယူသြားလိုက္သည္။

အေဆာင္တြင္းအကုန္ရွင္းၿပီဆိုသည့္အခ်ိန္ၾကမွ ထ်န္းရွလက္ထဲမွ ကေလးငယ္အားခ်ီကာ ကုတင္ေပၚခ်ေပးလ်က္ မ်က္လုံးတြင္စည္းေနွာင္ထားေသာ အဝတ္တို႔ကို ျဖည္ေပးေလသည္။

ကေလးငယ္ကေတာ့ သူ႔ကိုစူးစမ္းသလိုမ်က္ဝန္းမ်ားျဖင့္ၾကည့္လာသည္။

အာ ေစာနကအသံေတြအကုန္ၾကားလိုက္တာပဲ။

"ခန္းေအာ္ မေၾကာက္နဲ႔ေတာ့ေနာ္ သားေတာ္ကို အႏၲရာယ္ျပဳမဲ့ သူမွန္သမွ် ခမည္းေတာ္က ရွင္းပစ္ေပးမယ္ သားေတာ္္ ကို ဒီခမည္းေတာ္က အဆုံးထိကာကြယ္ေပးမယ္ ဒါေပမဲ့ သားေတာ္က ခမည္းေတာ္ကို ေၾကာက္မသြားရဘူးေနာ္"

ရီရင္း ရွင္းျပေနေသာ ရွဲ႔စစ္ရန္ လည္ပင္းသို႔ သိုင္းဖက္ကာ ေခါင္းနွင့္ပခုံးၾကားမ်က္နွာအပ္လာေသာ ရွဲ႔ရန္ခန္းေၾကာင့္ ေက်ာျပင္ေသးေသးေလးကို အထက္ေအာက္အသာပြတ္သပ္ကာ နွစ္သိမ့္ေပးလိုက္သည္။

"ခမည္းေတာ္ သားေတာ္ကို မစြန္႔ပစ္ရင္ သားေတာ္အတြက္ လုံေလာက္ၿပီ  ခမည္းေတာ္ သားေတာ္အနားမွာ အၿမဲရွိေနေပးမယ္မလား ဒီပုံစံနဲ႔ပဲ သားေတာ္ကို ခ်စ္ေပးမယ္မလား"

"ဒါေပါ့ ေမးေနစရာမလိုပါဘူး ခန္းေအာ္  ခမည္းေတာ္က သားေတာ္ကိုအၿမဲခ်စ္ေနမွာ"

ထိုညကေတာ့ လူတစ္ေယာက္နွင့္ကေလးတစ္ေယာက္ တစ္ေယာက္ကိုတစ္ေယာက္တင္းတင္းၾကပ္ၾကပ္ဖက္ကာ မနက္ေဝလီေဝလင္းအခ်ိန္မွ အိပ္ေပ်ာ္သြားသည္။ နွစ္ေယာက္လုံးရဲ႕အိပ္မက္ေတြကေတာ့ လွပေနသည္ထင္။
________________________________

Updateစိတ္ေနတယ္ေနာ္😁

ဒီArcေလးက အခ်ိဳေလးေတြအမ်ားႀကီးေရးသြားမွာပါ အတိုက္အခိုက္နဲ႔ အရႈပ္အေထြးသိပ္မပါပါဘူး နန္းတြင္းဆိုလို႔ အတိုက္အခိုက္နဲ႔အရႈပ္အေထြးၿကီးလို႔ထင္ေနမွာစုိးလို႔

ဒီarcတစ္ခုလုံးနီးပါး Edenနဲ႔ကေလးငယ္ အေၾကာင္းကိုပဲ ေစ့ေစ့ေပါက္ေပါက္ အခ်ိဳသပ္ေရးသြားမွာပါ😂

ဖတ္ေပးတဲ့သူတစ္ဦးစီတိုင္းကိုေက်းဇူးတင္ပါတယ္❣️❣️
.........................................................................

{Unicode}

"ခမည်းတော်......"

"ခန်းအော်....."

တိတ်ဆိတ်နေရင်းနဲ့မှ ပြိုင်တူနာမည်ခေါ်မိတော့ အချင်းချင်းဆုံသွားသည့် မျက်လုံးနှစ်စုံ.....

"ခန်းအော် ခမည်းတော်ကိုပြောစရာရှိလို့လား "

"မရှိ......မရှိပါဘူး ခမည်းတော်"

စကားပြန်ပြောသည်ကိုပင်ကြောက်ရွံ့နေဟန် ထစ်နေသောကြောင့် ထိုကလေး ရှဲ့စစ်ရန်ပေါ်ထားတဲ့ အကြောက်တရားမှာ နှလုံးသားထဲကိုပါ အမြစ်တွယ်နှင့်လေပြီ။

ဘယ်လိုလုပ်မျက်နှာပြောင်တိုက်ပြီး ထိုကလေးဆီက ခွင့်လွှတ်မှုကို တောင်းခံရဲပါ့မည်နည်း။

သူကိုယ်တိုင်အပြစ်လုပ်ထားတာမဟုတ်သော်ငြား မူလပိုင်ရှင်ရှဲ့စစ်ရန် လုပ်ထားသည့်အပြစ်တွေ ပေမို့ မျက်နှာပူလှသည်။

"ခန်းအော်......ခမည်းတော်တောင်းပန်တယ်နော်......ခမည်းတော်က တကယ်မကောင်းခဲ့တဲ့ ဖခင်ပဲ......တောင်းပန်ပါတယ် ခန်းအော်"

ကလေးငယ်ရဲ့မျက်ဝန်းတို့ကိုရင်မဆိုင်ရဲသည်မို့ ပြောပြီးသည်နှင့် ကလေးငယ်၏ပခုံးထက်မျက်နှာအပ်ကာ လှိုက်တက်လာသော ခံစားချက်တို့ကြောင့် မျက်ရည်ကျမိတော့ ကိုယ်လေးတွန့််သွားသည့် ကလေးငယ်။

ဒီကလေးလေးကို အားနာလွန်းလို့ ဘယ်လိုလုပ်ရမလဲ။

စိတ်ချ ငါမင်းကိုကာကွယ်ပေးမယ်။

ရှဲ့ရန်ခန်း တစ်နေ့ထဲတွင်ကြဲုရသည့် အပြောင်းအလဲများကြောင့် ခမည်းတော်က သူ့အားအပြစ်ပေးရန် ထပ်ကြံစည်နေသော နည်းပေလားဟု ထင်မှတ်မိသောကြောင့် အသနားခံရန် စကားဟလိုက်သည်တွင်

ဦးအောင်ပြောကာ သူ့အားတောင်းပန်လာသော ခမည်းတော်ကြောင့် အံ့သြနေတုန်း မိမိပခုံးပေါ်မျက်နှာအပ်ကာ ငိုနေသော ခမည်းတော်ကြောင့် လူကတောင့်တောင့်ကြီးဖြစ်သွားရသည်။

ဒါ ဒါ ဒီလူက သူ့ခမည်းတော်မဟုတ်ဘူး။!!

ခမည်းတော်နဲ့တူပေမဲ့ သူက ခမည်းတော်မဟုတ်နိုင်ဘူး။

ဒါပေမဲ့ ဒီလူ့ရင်ခွင်က နွေးထွေးမှုက သူတစ်ခါမှမရနိုင်ပေမဲ့ သေမတတ်လိုချင်ခဲ့သည့် နွေးထွေးမှုပဲ။

သူဒီနေ့မက်နေတဲ့ အိပ်မက်လေးက တကယ်လှပသည်ထင်။
ခမည်းတော်က သူ့အားပြုံးလည်းပြုံးပြသည်။
တောင်းပန်စကားဆိုကာ ကြင်ကြင်နာနာလည်းဆက်ဆံပေးသည်။

ဒီအိပ်မက်လေးထဲက သူတကယ်မနိုးထချင်တော့။

ရှဲ့ရန်ခန်းတစ်ယောက် ပျော်လွန်းလို့ မျက်ရည်ကျမိသည်။

ဒီခမည်းတော် ကိုသူ့ဆီက ပြန်မယူသွားဘူးမလား။

မိမိမှာကလေးငယ်အတွက် ဝမ်းနည်းလွန်းလို့ သူ့ပခုံးထက်အပ်ကာ ငိုမိသော်လည်း တသိမ့်သိမ့်တုန်တက်သွားသော ကိုယ်လုံးသေးသေးလေးကြောင့် ရင်ခွင်ထဲက မျက်နှာလေးကို ငုံ့ကြည့်မိတော့ မျက်ရည်ဥလေးတွေက တွဲခိုကာ တအင့်အင့်နှင့် ပင်ရှိုက်ငိုနေသည့် ကလေးငယ်။

'ချော့ကာမှ ခြောက်သလိုဖြစ်သွားတာလား???ငါ့ကိုပိုကြောက်သွားပြီး အနားအကပ်မခံတော့ရင်ဒုက္ခ'

"သားတော် ဘာဖြစ်လို့လဲ ခမည်းတော်ကိုခွင့်မလွှတ်ပေးနိုင်လို့လား   ခမည်းတော်တောင်းပန်တယ်နော် အရင်ကခမည်းတော်အရမ်းဆိုးခဲ့တာ သားတော်ကျေနပ်တဲ့အထိ ခမည်းတော် တောင်းပန်မယ်နော် တိတ်တော့ မငိုနဲ့တော့နော် သားတော်ဘာဖြစ်ချင်လဲ ခမည်းတော်ကို ပြော"

စကားတစ်တွတ်တွတ်ပြောရင်း ကလေးငယ်၏ ပါးကိုအသာအယာကိုင်ကာ မျက်ရည်သုတ်ပေးနေသော ရှဲ့စစ်ရန် ၏အပြုအမူတိုင်းမှာ နူးညံ့ငြင်သာမှုအပြည့်နှင့်။

ကလေးငယ်၏အသားများပဲ့သွားမည်ဆိုးသည့်အလား တယုတယနှင့် မျက်ရည်သုတ်ပေးနေပုံမှာ တကယ်ကို ချစ်ခင်မှုအပြည့်။

"ခမည်းတော်......ဒီပုံစံအတိုင်းပဲသားတော်ကို အမြဲဆက်ဆံပေးမယ်မလား........အရင်ခမည်းတော်ပြန်မဖြစ်သွားဘူးမလား  ဟင်"

အော် ဒီကလေးက ဒါကို စိုးရိမ်နေသည်လား။

"စိတ်ချ ဒီခမည်းတော်က ပြောင်းလဲသွားပြီ
သားတော်ကို အရင်လို ပစ်မထားတော့ဘူးနော်"

ထိုအခါမှ မျက်ရည်တွေကို လက်သေးသေးလေးနှင့်သုတ်ကာ မေးလိုက်သော စကားကြောင့် ဖြေရမှာတောင် ခပ်ကြောင်ကြောင်ပင်

"ဒါဆို......ခမည်းတော်က သားတော်ကို ချစ်တယ်ပေါ့နော် "

မျှော်လင့်ချက်အပြည့်ဖြင့်မေးနေသော ကလေးငယ်၏ မျက်ဝန်းတို့ကို အဘယ်ခွန်အားနှင့် ငြင်းရက်ပါ့မည်နည်း။

"ချစ်တာပေါ့ ဒီကမ္ဘာပေါ်မှာ သားတော်က ခမည်းတော်ချစ်တဲ့ တစ်ဦးတည်းသောလူပဲ"

ထိုအခါမှ ပြန်ပြုံးပြကာ ရင်ခွင်ထဲ တိုးဝင်လာသော ကလေးငယ်ကြောင့် ခပ်ဖွဖွပြုံးမိသည်။

အပြင်မှ ဝင်ခွင့်တောင်းသောအသံကြောင့် ခွင့်ပြုလိုက်တော့ စားပွဲအသေးလေးပေါ်တွင်တင်ကာယူလာသည့် ဆန်ပြုတ်ပန်းကန် ဘေးမှအရံဟင်းအနည်းငယ်နှင့်။

နောက်တွင်ဆေးရည်ထည့်ထားသောခွက် ။

ပန်းကန်အသီးသီးကိုင်ရင်း အဆောင်ထဲဝင်လာသောအထိန်းတော်နှင့် အပျိုတော်တို့သည် မင်းသားငယ်တည်ခင်းရန်အသင့်ဖြစ်အောင်ပြင်ပေးကြသည်။

ခဏအကြာအားလုံးပြီးစီးသွားတော့ ဘေးတွင်အစီအရီရပ်နေကြသည့် အပျိုတော်နှင့် အထိန်းတော်တို့။

သူတို့ အိမ်ရှေ့စံကိုစေ့စေ့မကြည့်ရဲသော်လည်း ခေါင်းငုံလျက်ပင် ရံဖန်ရံခါ ခိုးကြည့်ကြသည်။
သူတို့အိမ်ရှေ့စံက ထူးထူးဆန်းဆန်း  မင်းသားငယ်ကို ဂရုစိုက်နေသည်လေ။

အတန်ကြာတဲ့အထိ ထိုစားပွဲရှိ အစားအသောက်နှင့် ဆေးတို့ကို မတို့မထိသောကြောင့် အထိန်းတော်ကြီးက မဝံ့မရဲပင်မေးလိုက်သည်။

"ဘာဖြစ်လို့ပါလဲ အရှင့်သား တစ်ခုခုအလိုမကျတာများရှိလို့လား"

"အော် တော်ဝင်သွေးတစ်ယောက်သုံးဆောင်မဲ့ စားတော်ပွဲကို အဆိပ်ခပ်ထားလားလို့စဉ်းစားနေတာ "

"ရာရာစစ ကျွန်တော်မျိုးမတို့က အတင့်ရဲလို့ မလုပ်ရဲပါဘူး အရှင့်သား နားလည်မှုလွဲတာမို့ ခွင့်လွှတ်တော်မူပါ"

"ခွင့်လွှတ်တော်မူပါ အရှင့်သား"

အထိန်းတော်ကြီးဒူးထောက်ကာ ခွင့်နဖူးကြမ်းပြင်ထိလျက် တောင်းပန်သည်နှင့် အပျိုတော်များကပါ ထိုအတိုင်းတောင်းပန်ကြသည်။

ရှဲ့စစ်ရန်ကတော့ သူတို့ကိုလျစ်လျူရှုလျက် ရင်ခွင်ထဲပိုက်ထားသောကလေးငယ်အားကြည့်ကာ

"ခန်းအော်.......ဆာပြီလား   ဒီနေ့တစ်နေ့လုံးဘာမှမစားရသေးဘူးမလား"

ကလေးငယ်ကိုမေးလိုက်တော့ ခေါင်းလေးမော့ ကြည့်လာသော မျက်ဝန်းတို့မှာ တစ်ခုခုကိုမဝံ့ရဲဟန်။

သူလဲ ဘာမှမစားရသေးတော့ ဆာနေရောပေါ့။

ထိုစဉ်အခန်းထဲ ဝင်ခွင့်တောင်းကာဝင်လာသော ထျန်းရှလက်ထဲ၌ စွတ်ပြုတ်တစ်ခွက်သာသယ်လာသည်။

"စောင့်ရတာကြာသွားရင်ခွင့်လွှတ်ပါ အရှင့်သား"

"ရတယ် ရတယ် စွတ်ပြုတ်ပန်းကန်သာ ငါ့ကိုပေး"

လက်ထဲရောက်လာသော စွတ်ပြုတ်ပန်းကန်မှာ အငွေ့တထောင်းထောင်းနှင့်မို့ ဇွန်းဖြင့် ခပ်လျက် အသာမှုတ်ကာ မိမိ အရင်မြည်းကြည့်တော့ တကယ်ကို ကောင်းသည့်လက်ရာပင်။

ထျန်းရှကိုတောင်စိတ်ထဲမှအထင်ကြီးမိသွားသည်။

သို့နှင့် နောက်တစ်ဇွန်းခပ်သာ အေးအောင်မှုတ်ပေးလျက် ကလေးငယ်၏ နှုတ်ခမ်းနား ဇွန်းတေ့ပေးတော့ မသောက်သေးဘဲ မော့ကြည့်လာပြန်သည့် ကလေးငယ်။

သောက်ရန် ခေါင်းဆတ်ပြလိုက်ကာမှ နှုတ်ခမ်းအသာဟ ကာသောက်လေသည်။

အရသာသိသွားသည့် ကလေးငယ်၏ မျက်လုံးများမှာ ကြယ်လေးများလက်နေသလို တလက်လက်နှင့် ထပ်သောက်ချင်နေသည်မှာ အသေချာပင်။

ရှဲ့စစ်ရန်ခပ်ဖွဖွရီကာ တစ်ဇွန်းချင်းစီ အသာအအေးခံပေးလျက် ခွံ့တိုက်သည်မှာ စွပ်ပြုတ် တစ်ပန်းကန်လုံးကုန်သည်အထိ။

ဒီကလေးကောင်းကောင်းစားနိုင်သားပဲ။

စွတ်ပြုတ်ပန်းကန်ပြန်ထားလျက် ကလေးငယ်ကိုကြည့်မိတော့ နှုတ်ခမ်းထောင့်နားလေးက အနည်းငယ်ပေပွနေသည်။

ထိုသည်ကို ရှဲ့စစ်ရန်လက်မနှင့်အသာသုတ်ပေးတော့ ထိုချစ်စရာအပြာရောင်မျက်လုံးလေးများဖြင့် ကြည့်လာသည့်ကလေးငယ်။

ရှဲ့စစ်ရန်တစ်ယောက်ကလေးငယ်ကို အူယားနေသည်မှာ တွေ့ထဲကပင်။

ကလေးငယ်၏ချစ်စရာကောင်းနေမှုကိုမခံနိုင်သည့်အဆုံး ရှဲ့ရန်ခန်း၏ ဘယ်ဖက် ပါးပြင်နုနုအပေါ် ရှဲ့စစ်ရန် နှာခေါင်းနစ်ဝင်သည် နမ်းမိသည်။

"ခမည်းတော်ရဲ့ကလေးလေးက အရမ်းချစ်ဖို့ကောင်းတာပဲ"

မိမိပေါင်ပေါ်တွင်မိမိကိုကျောပေးထိုင်ထားသော ကလေးငယ်ကတော့ အံ့သြနေသည့် မျက်ဝန်းပြာများဖြင့် သူ့အားထပ်ကြည့်ပြန်သည်။

ထိုမျက်ဝန်းပြာတွေကိုချစ်လွန်းလို့ ဘယ်လိုလုပ်ရမလဲ။

ရှဲ့စစ်ရန် တစ်ယောက် ကလေးငယ်ကိုရီပြ လျက် ပါးလေးကိုလိမ်ဆွဲကာ နဖူးထက်သို့ မိမိ၏နှုတ်ခမ်းတို့ကို ဖိကပ်လျက် အနမ်းခြွေသည်။

"အရှင့်သား"

ကလေးငယ်နှင့် နှစ်ယောက်ကမ္ဘာဖြစ်နေသည်မှာ မည်မျှကြာသွားမှန်းမသိ။

ထျန်းရှ၏ခေါ်သံကြားမှ အသိဝင်ကာ ကြည့်မိလေတော့ ထျန်းရှက မျက်လုံးတို့က ဒူးထောက်ဝပ်တွားနေသည့် အပျိုတော်တစ်စုစီသို့။

"အာ ဟုတ်သားပဲ ကိုယ်တော်ပြောလက်စ မေ့သွားတယ်"

'Pooh မုဖေးယွဲ့ရဲ့အပျိုတော်က ဘယ်တစ်ယောက်လဲ"

[ဒုတိယ အတန်းက ဘယ်ဖက်တစ်ယောက်ပါ Host]

"ဟိုး ဒုတိယမြောက်အတန်းက ဘယ်ဖက်က အပျိုတော် ကိုယ်တော့်ရှေ့ထွက်ခဲ့"

ရှဲ့စစ်ရန်၏ စကားသံဆုံးသည်နှင့် ထွက်လာသော အပျိုတော်၏ မျက်နှာမှာ ရှက်ရိပ်သန်းနေသည်။

တဆိတ် သူကဘာကိုတွေးထင်နေတာလဲ??။

ရှဲ့စစ်ရန် ရှဲ့စစ်ရန် မင်းတော်တော်ပွေတဲ့ကောင်ပါလား။

"ရော့"

အပျိုတော်ရှေ့ကို လက်တစ်ဖက်နှင့် စောန ဆန်ပြုတ်ပန်းကန် တင်ထားသည့် စားပွဲ တိုးပေးလိုက်သည်။

အပျိုတော်က နားမလည်သည့် မျက်နှာဘေးနှင့်ကြည့်လေတော့ ဒဲ့သာပြောရသည်။

"ဘာကြည့်နေတာလဲ အဆိပ်ရှိ်မရှိ စမ်းသောက်ခိုင်းတာလေ"

ထိုသို့ပြောလိုက်သောစကားကြောင့် ရှေ့မှ အပျိုတော်၏မျက်နှာမှာ ဖြူဆုတ်ကာ သွေးမရှိသည့်နှယ်ဖြစ်လာရသည်။

"ကျွန်တော်မျိုးမလို ဇာတ်နိမ့်တစ်ယောက်က ဘယ်.....ဘယ်လိုလုပ်ပြီး မင်းသားငယ်မစားခင် အရင်မြည်းရဲပါ့မလဲ"

"အဲ့တော့ မင်းပြောချင်တာက ဒီထဲမှာအဆိပ်ပါရင်တောင် မင်းသားငယ်တစ်ယောက်ပဲ စားခွင့်ရှိတယ်ပေါ့   ကိုယ်တော့်စကားကို လွန်ဆန်ချင်တာလား"

ပြုံးပြုံးလေးနှင့်ပြောနေသော ရှဲ့စစ်ရန်ပုံစံမှာ မကောင်းဆိုးဝါးတစ်ကောင်နှယ်။

အခန်းထဲအေးနေသော်ငြား အခန်းတွင်းရှိအပျိုတော်တို့မှာ ချွေးများပင်ပြန်လျက် ပူစပ်စပ်ဖြစ်သည်အထိ။

ရှဲ့စစ်ရန် ရင်ခွင်ထဲက ကလေးငယ်ကို ထျန်းရှဆီအသာပေးကာ မျက်လုံးများအားအဝတ်ဖြင့်စည်းနှောင်ပေးလိုက်သည်။

သူ့ရဲ့ထိုပုံစံကို ကလေးငယ်မြင်ပြီး ကြောက်ရွံ့သွားတာမျိုးမဖြစ်စေချင်။

ရှဲ့စစ်ရန် အဆောင်ညာဖက်ထောင့်တွင် သေချာ ချိတ်ထားသော လက်စွဲတော်ဓားကို ထုတ်ကာ တရွက်တိုက်ဆွဲလာလျက် ထိုအပျိုတော်၏လည်ပင်းအားရွယ်လိုက်သည်။

"ဘယ်ကသတ္တိတွေနဲ့ ကိုယ်တော့်သားတော်ကို လုပ်ကြံရဲတာလဲ 
သက်တမ်းစေ့မနေချင်တော့တဲ့ မင်းဆန္ဒကို ကိုယ်တော်ကဖြည့်ဆည်းပေးရမှာပေါ့"

နောက်ဆုံးတစ်ချက်ပြုံးပြကာ ဓားကိုလွှဲလိုက်တော့ လည်ပင်းထက်မှသွေးများပန်းထွက်လာသည်မှာ ကြမ်းပြင်ပေါ်တွင်မြင်မကောင်း။

အခန်းထဲရှိ ကျန်အပျိုတော်တို့မှာလည်း အော်သည့်သူကအော် အသက်ချမ်းသာဖို့တောင်းဆိုတဲ့ သူကတောင်းနှင့် ရုတ်ရုတ်သဲသဲဖြစ်ကုန်သည်။

"တိတ်ကြစမ်း.......ဒီအမှိုက်တွေကို ရှင်းပြီး အခန်းထဲက ထွက်သွားတော့ ခန်းအော် နေမကောင်းတာကို စိတ်အနှောင့်ယှက်မပေးမိစေနဲ့"

အိမ်ရှေ့စံ၏တစ်ချက်လွတ်အမိန့်ကြောင့် ချက်ချင်းပင်အခန်းရှင်းလျက် အလောင်းကိုတော့ အပြင်မှအစောင့်များကသယ်ကာ ယူသွားလိုက်သည်။

အဆောင်တွင်းအကုန်ရှင်းပြီဆိုသည့်အချိန်ကြမှ ထျန်းရှလက်ထဲမှ ကလေးငယ်အားချီကာ ကုတင်ပေါ်ချပေးလျက် မျက်လုံးတွင်စည်းနှောင်ထားသော အဝတ်တို့ကို ဖြည်ပေးလေသည်။

ကလေးငယ်ကတော့ သူ့ကိုစူးစမ်းသလိုမျက်ဝန်းများဖြင့်ကြည့်လာသည်။

အာ စောနကအသံတွေအကုန်ကြားလိုက်တာပဲ။

"ခန်းအော် မကြောက်နဲ့တော့နော် သားတော်ကို အန္တရာယ်ပြုမဲ့ သူမှန်သမျှ ခမည်းတော်က ရှင်းပစ်ပေးမယ် သားတော် ကို ဒီခမည်းတော်က အဆုံးထိကာကွယ်ပေးမယ် ဒါပေမဲ့ သားတော်က ခမည်းတော်ကို ကြောက်မသွားရဘူးနော်"

ရီရင်း ရှင်းပြနေသော ရှဲ့စစ်ရန် လည်ပင်းသို့ သိုင်းဖက်ကာ ခေါင်းနှင့်ပခုံးကြားမျက်နှာအပ်လာသော ရှဲ့ရန်ခန်းကြောင့် ကျောပြင်သေးသေးလေးကို အထက်အောက်အသာပွတ်သပ်ကာ နှစ်သိမ့်ပေးလိုက်သည်။

"ခမည်းတော် သားတော်ကို မစွန့်ပစ်ရင် သားတော်အတွက် လုံလောက်ပြီ  ခမည်းတော် သားတော်အနားမှာ အမြဲရှိနေပေးမယ်မလား ဒီပုံစံနဲ့ပဲ သားတော်ကို ချစ်ပေးမယ်မလား"

"ဒါပေါ့ မေးနေစရာမလိုပါဘူး ခန်းအော်  ခမည်းတော်က သားတော်ကိုအမြဲချစ်နေမှာ"

ထိုညကတော့ လူတစ်ယောက်နှင့်ကလေးတစ်ယောက် တစ်ယောက်ကိုတစ်ယောက်တင်းတင်းကြပ်ကြပ်ဖက်ကာ မနက်ဝေလီဝေလင်းအချိန်မှ အိပ်ပျော်သွားသည်။ နှစ်ယောက်လုံးရဲ့အိပ်မက်တွေကတော့ လှပနေသည်ထင်။
________________________________

Updateစိတ်နေတယ်နော်😁

ဒီArcလေးက အချိုလေးတွေအများကြီးရေးသွားမှာပါ အတိုက်အခိုက်နဲ့ အရှုပ်အထွေးသိပ်မပါပါဘူး နန်းတွင်းဆိုလို့ အတိုက်အခိုက်နဲ့အရှုပ်အထွေးကြီးလို့ထင်နေမှာစိုးလို့

ဒီarcတစ်ခုလုံးနီးပါး Edenနဲ့ကလေးငယ် အကြောင်းကိုပဲ စေ့စေ့ပေါက်ပေါက် အချိုသပ်ရေးသွားမှာပါ😂

ဖတ်ပေးတဲ့သူတစ်ဦးစီတိုင်းကိုကျေးဇူးတင်ပါတယ်❣️❣️
.........................................................................

Continue Reading

You'll Also Like

495K 11.9K 89
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
219K 21.8K 81
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)
851K 55K 35
Crayon ~ ကျွန်တော့်ရဲ့ Crayon. Own characters* Unicode/ZAWGYI Completed. April 16 2023 - August 25 2023
93.3K 2.5K 24
ရိုးသားကြိုးစားသည့် ကျေးတောသူမလေး"စံပယ်မွှေး"နှင့် မြန်မာ့TopTenစာရင်း၀င် CEOလေး"နေဂုဏ်မာန်"တို့တွေ့ဆုံကြတဲ့အခါမှာ.. 🌼အသက်၉နှစ်ကွာတဲ့သူတို့နှစ်ယောက်...